ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ATN - PHYSICS

ATN - PHYSICS

الذهاب إلى القناة على Telegram

إظهار المزيد
294
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
photo content

Galilean Transformation ***** Physical events တွေကိုလေ့လာတဲ့အခါမှာ ရှုထောင့်မျိုးစုံကနေကြည့်တတ်ဖို့ မဖြစ်မနေလိုအပ်တယ်ဗျ။ ဘာ့ကြောင့်လဲ။ ‌ရွေ့လျားမှုတစ်ခုဟာ Absolute သဘောတရားမရှိပဲ Relative ဖြစ်နေလို့ပဲဗျ။ Absolute ဆိုတာ ပကတိသဘောတရားကို ပြောတာ။ ရွေ့ခြင်းကို မလေ့လာခင် ကျွန်တော်တို့က ရပ်တန့်နေခြင်းကို မူလပထမ နားလည်ဖို့လိုအပ်ပါလိမ့်မယ်။ ဝ မရှိပဲ ဝိမလုပ်နှင့် ဆိုသလိုပေါ့။ အခုကျွန်တော် ဒီစာကို ငုတ်တုတ်ထိုင်ပြီးရေးနေတာဗျာ။ ဆိုတော့ အောင်သူနိုင်ဆိုတဲ့ လူချောလူလှတစ်ယောက်ဟာ ရပ်တန့်နေတဲ့ အနေအထားမှာရှိနေတယ်လို့ပြောလို့ရသပေါ့။ ဒါဆို ကျွန်တော့်ရဲ့ ရပ်တန့်နေခြင်းဟာ ပကတိရပ်တန့်နေခြင်းလား။ ပကတိရပ်တန့်နေခြင်းကို ရှင်းပြဖို့အတွက် နယူတန်ဆိုတဲ့ ခပ်မိုက်မိုက်ဘဲကြီးတစ်ယောက်က Absolute space ကိုပုံဖော်ခဲ့သဗျ။ ကျွန်တော်တကယ်ပဲ ရပ်တန့်နေတာလား။ ကမ္ဘာကို Frame တစ်ခုအနေနှင့် ယူဆလိုက်မယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ကျွန်တော်တကယ် ရပ်တန့်နေတာပဲ။ သို့သော် ကျွန်တော်တည်ရှိနေတဲ့ ဂြိုလ်ပြာကြီး ကိုယ်၌က တည်ငြိမ်နေတာရောဟုတ်လို့လား။ မဟုတ်ဘူးဗျ။ လည်ပတ်နေတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဝန်ရိုးပေါ်မှာရော နေကိုလှည့်ပတ်နေတဲ့ ပတ်လမ်းကြောင်းပေါ်မှာရောဗျ။ ဒီတော့ နေအဖွဲ့အစည်းကို reference frame ထားကြည့်မယ်ဆိုရင် ကျွန်တော်ဟာ ရွေ့နေလိမ့်မယ်ဗျ။ Galaxy ကြီးကို reference frame ယူကြည့်ရင် ပိုတောင်ရွေ့ပေါ့။ ဒါဟာရိုးရှင်းပါတယ် Bus ကားပေါ်မှာထိုင်နေတဲ့ လူတစ်ယောက်လိုပေါ့။ သူဟာ သူ့ကိုယ်သူ ရပ်နေတာပဲလို့ ထင်ကောင်းထင်နိုင်ပေမယ့် လမ်းပေါ်ကနေသူ့ကို ကြည့်လိုက်တဲ့ observer အနေနဲ့ကြည့်မယ် ဆိုရင်တော့ သူဟာရွေ့နေလိမ့်မယ်။ ဒါ့ကြောင့် ရွေ့လျားမှုဟာ Absolute သဘောမဆောင်ပဲ Relative သဘောဆောင်တာပဲဖြစ်ပါတယ်။ Reference frame တွေဟာ ရွေ့လျားမှုကို လေ့လာရာမှာတော့ မရှိမဖြစ်လိုအပ်တဲ့ သင်္ချာပစ္စည်းတွေပါပဲ။ Frame တစ်ခုကနေ တိုင်းတာလို့ရတဲ့ Position vectors တွေ velocity vectors တွေဟာ တစ်ခြား Frame ကနေတိုင်းတာကြည့်မယ်ဆိုရင်တော့ မတူပါဘူး။ တစ်ချို့တူတာတွေရှိရင်လည်း အဲ့ဒီ Physical quantities တွေကို Invariant Under transformation လို့ပြောနိုင်ပါတယ်။ တစ်ချို့သော Physical quantity တွေဟာ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် တူနိုင်တာမျိုးတွေရှိပါတယ်။ ဥပမာ Galilean Transformation မှာဆိုရင် Time , Acceleration နှင့် Force တို့ဟာ ဘယ် Frame ကနေပဲ တန်ဖိုးတွက်တွက် တူညီတဲ့တန်ဖိုးကို ရကြောင်းပါ။ ဒါပေမယ့် Time ဟာ Lorentz transformation အောက်မှာတော့ Invariant မဖြစ်ဘူးဗျ။ ထားတော့၊ အခုရှင်းပြမယ့်အထဲမှာ Lorentz transformation တော့မပါသေးဘူးဗျ။ Galilean Transformation ဆိုတာ Newtonian Mechanics မှာသုံးတဲ့ Transformation ပါ။ သူ့ရဲ့ Axis translation အတွက် transformation equation တွေကတော့ x' = x - vt (motion along the x axis) y' = y z' = z t' = t Frame နှစ်ခု သတ်မှတ်လိုက်မယ်။ S frame နဲ့ S' frame ဆိုပါစို့။ S frame မှာ x, y, z axis သုံးခုရှိပြိးတော့ S' frame က x', y', z' axis တွေရှိတာပေါ့။ S frame က ရပ်နေတယ်လို့ ယူဆမယ်၊ S' frame ကတော့ ရွေ့နေတယ်လို့ယူဆမယ်။ S' frame ဟာ velocity v နှင့် S ရဲ့ x axis တစ်လျှောက်ရွေ့နေပါမယ်။ ဟုတ်ပြီ ကျွန်တော်တို့ အရာဝတ္တုတစ်ခုရဲ့ position vector ကို r လို့သတ်မှတ်လိုက်မယ်ဗျ။ အဲ့ဒီ r ဟာ S frame ကနေကြည့်ရင် r = r(x, y, z) လို့ရေးလို့ရတယ်ဗျ။ S' frame ကနေကြည့်ရင်တော့ r = r(x', y', z') လို့ရှိမယ်။ ဒီတော့ Position vectors ရဲ့ တန်ဖိုးဟာ x' တန်ဖိုးနှင့် x တန်ဖိုး မတူကတည်းက တူစရာ အကြောင်းမရှိပါဘူး။ Frame နှစ်ခု ခွဲကြည့်ရင်ပေါ့။ ဒါပေမယ့် ဒီမတူညီမှုဟာ ပကတိအနှစ်သာရ ဘယ်လိုရှိသလဲဆိုတာကို လှစ်ဟပေးဖိုး အတွက့် Transformation equation က ကူညီပေးတာဗျ။ Frame မတူပေမယ့် ဒီကြားထဲမှာ ကျွန်တော်တို့ ဖြေရှင်းရလွယ်ကူအောင် ဆက်စပ်ပေးတာ။ r(x', y', z') = r(x-vt, y, z) ဒီ equation လေးက position vector ကို Frame နှစ်ခုစလုံး မြင်သာအောင် လှစ်ဟပေးတာဗျ။ velocity transformation လုပ်ရင် dx'/dt = d/dt (x-vt) u' = u -v acceleration transformation လုပ်ရင်တော့ du'/dt = d/dt(u-v) a' = a ကဲ ဘယ်လောက်လှတဲ့ အတွေးလဲ။ ဟုတ်လား။ Acceleration မှာလာတူတယ်။ Newton's Law တွေက Galilean Transformation အောက်က Frame တိုင်းမှာ မှန်ကန်မှုရှိတယ်ဗျ။ ကျွန်တော်တို့ရဲ့ သိပ္ပံပညာဆိုတာ မတူညီတဲ့ Frame ကြားမှာတောင် မှန်ကန်မှုရှိတဲ့ အရာတွေကို ဆက်စပ်ပေးနိုင်တဲ့ ဂုဏ်ရည်ရှိတယ်ဗျ။ ဒါတွေကို Transformation equation တွေက ဖြည့်ဆည်းပေးတာပေါ့။ အလင်းအလျင်လောက်နဲ့ရွေ့နေရင်တော့ ဒါနဲ့တင်မပြေလည်တော့ဘူးဗျ။ အဲ့ဒီမှာ Newtonian ဟာတစ်ခန်းရပ်ပါတယ်။ ရွှေပြည်မှာတော့ P = 1/f နှင့် P = 100/f ဆိုတာကို၊ unit conversion ပြသနာလောက်ကို နေ့ခင်းကြောင်တောင် ဖုန်းဖလပ်ရှ် မီးဖွင့်ပြီး အပ်ပျောက်ရှာကြတာမျိုး တွေ့ဖူးလေရဲ့။ #atn_physics

photo content

Red shift and Blue shift Universe က တစ်ဖြည်းဖြည်း ပျံ့ကားလို့နေပါတယ်။ ဒါက BigBang Theory ရဲ့ဖွင့်ဆိုချက်ဗျ။ Space ဟာ တစ်ချိန်က သူကိုယ်တိုင် Point တစ်ခုအနေနှင့်ရှိနေခဲ့တယ်။ အဖြေရှာမရသေးတဲ့ အကြောင်းတရားတစ်ချို့ကြောင့် အမှတ်တစ်ခုဟာ Dimensions မြင့်လာပြီး Space တစ်ခုအသွင်ဖြစ်လာခဲ့တာဗျ။ လက်ရှိအခြေအနေမှာ ရှိနေတဲ့ Universe ရဲ့ အနေအထားမျိုးရောက်လာတဲ့အထိ ဆိုပါတော့။ မိတ်ဆွေ ဒီစာကို ဖတ်နေချိန်မှာလည်း Space ဟာ ပိုပြီး ဆက်လက်ကျယ်ပျံ့နေသတဲ့။ ကြယ်စုတွေဟာ တစ်ခုနှင့်တစ်ခု ဝေးရာဘက်ကို ခွဲခွာနေကြတာပေါ့ဗျာ။ ခွဲခွာသွားကြတဲ့ ကြင်ဖော်နှစ်ဦးဟာ တစ်ချိန်က နီးစပ်ခဲ့ကြသလိုမျိုးပဲ။ ကြယ်စုတွေဟာ တစ်ချိန်တုန်းကတော့ နီးစပ်ခဲ့ကြတာပေါ့။ ဒါပေမယ့် Big Bang ရဲ့ အရှိန်ကြောင့် သူတို့တွေဟာ ဝေးခဲ့ကြရတယ်။ ဝေးနေဆဲပါပဲ။ Hubble's law ဝေးလေလေ၊ သူတို့ခွဲခွာကြတဲ့ အမြန်နှုန်းပိုများလေလေပါပဲ။ ပိုဝေးတဲ့ ကြယ်စုရဲ့ ခွဲခွာသွားတဲ့ အမြန်နှုန်းဟာ နီးနီးနားနားက ကြယ်စုထက်ပိုပြီးတော့မြန်ပါလိမ့်မယ်။ v = H0 d ပေါ့ဗျာ။ ကြယ်စုတွေကထုတ်လွှတ်တာ ကြယ်တွေက ထုတ်လွှတ်တာဟာ Light wave နှင့် တစ်ခြားသော Electromagnetic wave တွေပေါ့။ ဒါပေမယ့် လူတွဟာ ကြယ်တွေကိုလေ့လာတဲ့အခါမှာ သူတို့ထုတ်တဲ့ အလင်းကိုပဲ အားကိုးအားထားပြုပြီးတော့လေ့လာကြရတယ်။ အပေါ်ကပြောခဲ့တဲ့ Big Bang ကို အဓိက ထောက်ခံနေတဲ့ အချက်ကတော့ ကြယ်တွေ၊ ကြယ်စုတွေက ထုတ်လွှတ်လိုက်တဲ့ light wave ရဲ့ Doppler effect ပါပဲ။ Light မှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း ဆိုတဲ့ သက်တံ့ရောင်စဉ် 7 မျိုးအနက် အနီရောင်ဟာ frequency အနည်းဆုံးဗျ။ ကြယ်တွေက ထုတ်တဲ့အလင်းဟာ ကြာလေ‌ Frequency နည်းလေပဲ။ ဘာလို့လဲ သူတို့ ပိုပြီး ဝေးကွာနေကြလို့။ ဒါကို အမှန်တကယ် လေ့လာတွေ့ရှိခဲ့တာပါ။ ပိုဝေးလေ ပိုမြန်မယ် ပိုမြန်လေ Shif down ဖြစ်လေပဲဗျ။ Red shift ဖြစ်မယ်လေ ဟုတ်တယ်မလား။ ဆန့်ကျင်ဘက် အနေအထားဆိုရင်တော့ Blue shift ဖြစ်မှာပေါ့။ ဒါပေမယ့် လက်တွေ့မှာ Blue shift မှ မဖြစ်ပဲ။ ဒါ့ကြောင့် ကြယ်စုတွေက ပိုဝေးနေတယ်လို့ပြောတာပေါ့။ ဒါနှင့် စကားမစပ် မိတ်ဆွေတို့ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကရော။ Red shift ဖြစ်နေသလား Blue shift ဖြစ်နေသလား။

photo content

The Doppler effect ဝတ္တုတစ်ခုတုန်ခါမှုကနေ အသံလှိုင်းတွေဖြစ်လာနိုင်တယ်။ ဒြပ်သားတစ်ခုခုတုန်ခါမှုကနေ အဲ့ဒီဒြပ်သားပေါ်မှာ Mechanical waves တွေဖြစ်လာနိုင်တယ်။ Charged particles တစ်ခုခုတုန်ခါမှုကနေ Electromagnetic wave တွေဖြစ်ပေါ်လာနိုင်သတဲ့။ ဟုတ်ပြီ။ အဲ့လိုမျိုး လှိုင်းတစ်ခုခုကို ဖြစ်ပေါ်စေတဲ့အရာကို Source လို့ခေါ်တယ်။ အဲ့ဒီ Source ကနေထွက်လာတဲ့ Wave တွေကို Detect လုပ်နေမယ့် လူကိုတော့ observer လို့ခေါ်တာပေါ့။ အဲ့ဒီ wave ကိုထုတ်ပေးနေတဲ့ Source ရော၊ Observer ရောဟာ အမြဲရပ်တန့်နေတဲ့ အနေအထားမျိုး မဖြစ်နိုင်ဘူးဗျ။ wave ဖြတ်သန်းသွားလာနေတဲ့ လေထုကို Reference ယူပြီးကြည့်ရင် သူဟာ ရွေ့လားနေတဲ့ အနေအထားမျိုးဖြစ်နိုင်တယ်။ ဟုတ်လား။ ဘူတာရုံမှာ ရပ်နေတဲ့လူတစ်ရောက်ရှိမယ်။ အဲ့ဘူတာရုံကိုပဲ ရထားတစ်စင်းဆိုက်လာမယ်။ ရထားတွေရဲ့ သဘောအရ ဘူတာရောက်ခါနီးရင် ဥဩသံအရှည်ကြီးဆွဲလေ့ရှိတယ်ဗျ။ ဒါဆိုသူက ရွေ့လျားရင်း အသံထုတ်နေတာဗျ။ ရွေ့လျားပြီးတော့ wave တွေထုတ်နေတာ။ ရပ်နေတဲ့ လူဆီကို တစ်ဖြည်းဖြည်းချဉ်းကပ်လာတာလေ။ အဲ့လိုအနေအထားမျိုးမှာ ရထားဥဩသံဟာ ပိုပြီးတော့ မြင့်သည်ထက်မြင့်လာမယ်။ ဒီလိုမျိုး အသံ အနိမ့်အမြင့် ပြောင်းလဲမှုကိုပဲ Doppler effect လို့ခေါ်တာဗျ။ အတိအကျပြောမယ်ဆို frequency မတူညီမှုပေါ့။ ရထားက ထုတ်လိုက်တဲ့ frequency ကတစ်မျိုး၊ observer ဆီရောက်တဲ့ frequency တန်ဖိုးကတစ်မျိုး ။ ဒါကိုပဲ Doppler effect လို့ခေါ်တာဗျ။ Relative motion ကြောင့် emitted frequency နှင့် observed frequency တန်ဖိုး မတူညီမှုပါ။ ဒီနေရာမှာတစ်ခုသတိချပ်စေချင်ပါတယ်။ ရထားကကပ်လာလို့ အသံပိုပြီးတော့ ကျယ်လာတာကိုတော့ Doppler effect လို့မပြောနိုင်ပါဘူး။ အသံပိုကျယ်လာတယ်ဆိုတာက Amplitude တိုးလာလို့ပါ။ Doppler effect က Amplitude နှင့်မဆိုင်ပါဘူး။ အဲ့လိုမျိုးပြောလာရင်လည်း ဒါဟာ လုံးဝအမှားပါ။ အသံမြင့်လာခြင်း၊ နိမ့်လာခြင်း သည်သာလျှင် Doppler effect ပါ။ Pitch အနိမ့်အမြင့်လို့ခေါ်ကြောင်းပါ။ ဂီတသံစဉ်မှာ မီ ဆိုတဲ့အသံက ရေ ဆိုတဲ့အသံထက် Frequency ပိုများပါတယ်။ အောက်ဖော်ပြပါပုံကတော့ Doppler effect ရဲ့ General equation ဖြစ်ပါတယ်။ အဲ့ဒီ equation မှာ အဓိကထားပြီး ရွေးခြယ်ရမယ့်ဟာကတော့ Sign convention တွေပါ။ လုံးဝ အလွတ်ကျက်စရာမလိုဘူးဗျ။ ထပ်ပြောပါမယ် လုံးဝအလွတ်ကျက်ဖို့မလိုပါဘူးဗျာ။ Shift up နှင့် Shift down သဘောတရားကို နားလည်ရင် အဆင်ပြေကြောင်းပါ။ Derivation နှင့် Explanation video ကိုဝင်ကြည့်လိုက်ရင် ပိုပြီးတော့ နားလည်ပါလိမ့်မယ်။ Page မှာတင်ထားပါတယ်ဗျ။ #atn_physics Telegram (@ATNphysics) www.t.me/atnphys

The Doppler Effect Formula Derivation
+9
The Doppler Effect Formula Derivation

The Doppler Effect (General Equation & Formula Derivation)

Telegram User name t.me/ATNphysics

photo content

ဟုတ်ပြီ။ အချုပ်ပြန်ဆက်ရရင် Electromagnetic force ကြောင့်သာ Atom ဆိုတာရှိနေသလို ၊ Electromagnetic force ကြောင့်သာ Molecules ပေါင်းစည်းမှုနှင့် Lattice structure ဆိုတာရှိနေကြောင်းပါ။ သည်လို အရေးပါအရာရောက်လို့လည်း Fundamental force လို့ခေါ်ရခြင်းဖြစ်ပါတယ်။ သူ့ကို ဖလှယ်ပေးတဲ့ ဖလှယ်မှုန်ကတော့ photon ပေါ့ဗျာ။ နောက်တစ်ခုထပ်ရှင်းချင်တာက Strong interaction ပါ။ သူဟာ Atom တစ်ခုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း ဗဟိုဝတ်ဆံဖြစ်တဲ့ Nucleus ဖြစ်လာအောင် ပေါင်းစည်းပေးတဲ့အားဗျ။ သူ့ရဲ့ သက်ရောက်မှုကတော့ သတ်မှတ် range အတွင်းမှာ အပြင်းထန်ဆုံး အားဖြစ်တယ်လို့ ပြောရမယ်။ သူက Strongest force ပဲ။ အထက်ကပြောခဲ့တဲ့Electromagnetic force က Second strongest ။  Nucleus ဆိုတာဟာ Proton တွေနဲ့ Neutron တွေပေါင်းစည်းပြီး ဖြစ်ပေါ်တည်ရှိနေတဲ့ particle တစ်ခုဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ Nucleus ရဲ့ ဖွဲ့စည်းမှုမှာပါဝင်တဲ့ proton ဟာ positive ဖြစ်ပြီး neutron ကတော့ neutral ဖြစ်ပါတယ်။ proton - proton ချင်းဆိုတွန်းကန်အား သက်ရောက်မှာဗျ။ ဒါ့ကြောင့် Nucleus ထဲက proton တွေဟာ အချင်းချင်းတွန်းကန်ပြီးတော့ Nucleus ကြီး ကွဲထွက်သွားလိမ့်မယ်လို့ ထင်ကောင်းထင်စရာပါ။ ဒါပေမယ့် လက်တွေ့ကတော့ ထင်သလိုမဟုတ်ပါဘူး။ Nucleus ထဲမှာရှိတဲ့ proton တွေဟာ အချင်းချင်းတွန်းကန်ပြီး Nucleus ကြီးကွဲမထွက်ပါဘူး။ သူတို့ကို တုတ်နှောင်ပေးတဲ့ အရာတစ်ခုရှိလို့ပါ။ အဲ့ဒါကတော့ Strong interaction ပဲဖြစ်ပါတယ်။ သူဟာ Nucleus အတွင်းထဲမှာပဲ သက်ရောက်တဲ့အားဖြစ်တယ်။ သူဟာ အားအပြင်းဆုံး အခြေခံအားဖြစ်တယ်။ သူဟာ short range force ဖြစ်တယ်။ Strong interaction သာမရှိလျှင် Nucleus ဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ Nucleus မရှိလျှင် Atom ဆိုတာ ဝေးပါသေးတယ်။ proton - proton အချင်းချင်း၊ neutron - neutron အချင်းချင်း၊ proton - neutron စသည်ဖြင့် အပြန်ပြန်အလှန်လှန်သက်ရောက်ကြပါတယ်။ ဒီအားကို ဖလှယ်ပေးတဲ့ Force carrier ကတော့ Gluon ပဲဖြစ်တယ်။ Electric force ထက်အားပိုပြင်းလို့ Proton အချင်းချင်းတုတ်နှောင်အားကို လွန်ဆန်ပြီး ဆွဲကပ်ထားနိုင်ပါတယ်။ ဟုတ်ကဲ့။ သူကတော့ Strong interaction ပါ။ နောက်ထပ်သတိချပ်ရမယ့် အချက်က Particles တို့မည်သည်မှာ Energy level က Ground state မှာရှိရင် အတည်ငြိမ်ဆုံး Stable အဖြစ်ဆုံးပါပဲ။ Nucleus တို့မည်သည်မှာလည်း Proton Number နှင့် Neutron Number အချိုးဟာ Stability line ပေါ်မှာ ရှိသင့်ပါတယ်။ တကယ်လို့ Stability line ပေါ်မှာမရှိရင် သူက ပြိုကွဲထွက်ဖို့ပဲ အလားအလာများပါတယ်။ ဒါပေမယ့် ဒါကိုပြန်ထိန်းဖို့အတွက် အားတစ်ခုပေါ်လာပါ‌‌တော့တယ်။ သူက ရုတ်ချည်းပြိုကွဲမယ့် အမှုန်တွေကို ထိန်းထိန်းချုပ်ချုပ်နဲ့ အကန့်အသတ်ရှိရှိ Nucleus အပြင်ဘက်ကို ဖယ်ထုတ်ပေးတဲ့ အားပါပဲ။ အဲ့လို Nucleus ရဲ့အပြင်ဘက်ကို အမှုန်တွေ၊ rays တွေထုတ်ပေးတဲ့ဖြစ်ရပ်ကို ‌Radioactivity လို့ ခေါ်တာပေါ့ဗျာ။ α, β, γ ဆိုပြီး အခြေခံအားဖြင့် သုံးမျိုးရှိတာပေါ့။ ဒီ force အတွက် exchange particles ကတော W and Z Bosons ပါ။ ဖလှယ်မှုန်ပေါ့ဗျာ။ Radioactivity အကြောင်းကိုတော့ အခြေခံအဆင့်ရူပဗေဒ စာအုပ်တော်တော်များများမှာ အခြေခံအသိတစ်ခုအတွက် လေ့လာလို့ရတယ်ဗျ။ ဘောင်ကျယ်ချင်တယ်ဆိုရင်တော့ Nuclear Physics စာအုပ်တွေကိုကြည့်ပါဗျ။ ဒီ Force မရှိရင်လည်း Nucleus ရဲ့ Stability ကို ထိန်းဖို့ခက်ခဲပါလိမ့်မယ်။ Unstable ဖြစ်လို့ ရေဒီယိုသတ္တိကြွတယ် ၊ ရေဒီယိုသတ္တိကြွလိုက်လို့လည်း နောက်ဆုံးမှာ Stable ဆိုတဲ့ အဆင့်ကို ရောက်သွားရတာဗျ။ သဘောက Unstable ဖြစ်နေတဲ့ Nucleus ရဲ့ Radioactivity ဆိုတဲ့ဖြစ်စဉ်မှာ weak interaction ပါလာတာ။  Strong interaction နှင့် Weak Interaction တို့ဟာ Nucleus ရဲ့ အတွင်းဘက်ဆိုတဲ့ Range အတွင်းမှာသာ သက်ရောက်နိုင်တာဖြစ်လို့ Short range force တွေလို့ သတ်မှတ်ကြောင်းပါ။ ဟုတ်ပြီ။ နောက်တစ်ခုက အားလုံးသိတဲ့ Gravity ကျွန်တော်တို့ နားလည်ရ အခက်ဆုံး Force လို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Exchange particle ဖြစ်တဲ့ Graviton ကို ယခုအချိန်ထိ ရှာဖွေမတွေ့ရှိသေးလို့ပါ။ ဟင်းလင်းပြင် အချိန်ရဲ့ ကွေးညွှတ်မှုကြောင့် Gravity ဖြစ်ပေါ်လာတယ်ဆိုတဲ့ Einstein ရဲ့ GR ဆိုတဲ့ Theory လည်းရှိနေပါသေးတယ်။ တကယ်လို့ နောင်တစ်ချိန်မှာ Graviton ကို ရှာဖွေတွေ့ရှိနိုင်မယ့် Physicist ဟာ ဒီ post ကိုဖတ်မိသွားတဲ့ သင်များဖြစ်နေမလား...။

Four Fundamental forces  ******* 1) Gravitational force  ဒြပ်ဆွဲအား 2) Electromagnetic force  လျှပ်စစ်သံလိုက်အား 3) Weak Interaction  နယူးကလိယပ် အားပျော့ 4) Strong interaction  နယူးကလိယပ် အားပြင်း အခြေခံအား လေးမျိုးတဲ့။ အခြေခံလို့ ပြေရတာက အကြောင်းမဲ့တော့မဟုတ်ပါဘူး။ လောကလူတို့ရဲ့ သဘာဝက လောကဖြစ်တည်မှု အကြောင်းတရားတွေကို ရှာဖွေလိုတဲ့၊ သိလိုတဲ့ အာသီသရှိကြပါတယ်။ အထူးသဖြင့် ဆံပင်ဖြူဖြူ နှုတ်ခမ်းမွေးကားကားနှင့် ဘဲကြီးတွေပေါ့။ လူသာမာန်တို့ရဲ့ အမြင်မှာ သည်ဘဲကြီးတွေက လူ့ဂွစာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေက သည်ပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးတရားနှင့် ကင်းကွာနေတာမျိုးမရှိပါဘူး။  ဟုတ်ပြီ။ ဆိုလိုရင်းကို ပြန်ဆက်ရအောင်။ အခြေခံအားတွေလို့ခေါ်ရတဲ့အချက်က သည်အားတွေသာ သက်ရောက်မှု မရှိဘူးဆိုလျှင် ဒီပိုစ့်ကိုတင်လိုက်တဲ့ မောင်အောင်သူနိုင်လည်း မရှိနိုင်ပါဘူး။ ကျွန်တော်တို့ နေထိုင်ရာ ဂြိုလ်ပြာကြီးလည်း ရှိနေမှာ မဟုတ်ပါဘူး။ ကြီးကျယ်ခမ်းနားလှပါတယ်လို့ အဆိုရှိတဲ့ universe ကြီးရော ရှိနိုင်ပါ့မလား။ အရာရာဟာ mass and energy အပေါ်မှာပဲ အမှီသဟဲပြုကြပါတယ်။ ရုပ်ချောသူ၊ ရုပ်ဆိုးသူ၊ ငွေရှိသူ၊ ငွေမရှိသူ၊ အောက်ဆီဂျင် ၊ ဟိုက်ဒရိုဂျင် အစရှိတဲ့ အမည်နာမတွေဟာလည်း ရိုးရိုးရှုမြင်လျှင်တော့ Mass and energy ပါပဲ။ ဖွဲ့စည်းတည်ဆောက်ပုံကွာခြားသွား၍သာ ပြေပျစ်ခြင်း၊ မပြေပျစ်ခြင်း၊ ချိုခြင်း၊ ခါးခြင်းကွာသွားတာပေါ့။  mass တွေကို ပေါင်းစည်းမှု ခွဲထုတ်မှု လုပ်ပေးတာကတော့ အခုပြောတဲ့ Interaction တွေပါပဲ။  Matter တွေမှာ Mass ရှိရတာက Higg စက်ကွင်းကြောင့်တဲ့။  ရူပဗေဒမှာ အရာရာဟာ အလွန်ကို သေးငယ်လှပါတယ်ဆိုတဲ့ Elementary Particles တွေနှင့် ဖွဲ့စည်းထားတယ်လို့ အဆိုရှိတယ် မဟုတ်လား။ ဒီနေရာမှာ Particles တွေကို Standard Model အရ အုပ်စုနှစ်ခုခွဲယူလို့ရပါတယ်။ Fermions နှင့် Bosons ပါ။ Fermions တွေက Fermi-Dirac's Statistics ကိုလိုက်နာပြီးတော့ Bosons တွေကတော့ Bose-Einstein's Statistics ကိုလိုက်နာပါတယ်။ Statistics နှစ်မျိုးနဲ့ ပတ်သက်တာတော့ နောက်ကြုံမှပဲရေးတော့မယ်ဗျ။ ဆိုတော့ Fermions တွေဟာ Matter တွေရဲ့ အခြေခံယူနစ် Particles တွေဖြစ်ပြီး Bosons တွေကတော့ Force carrier တွေလို့ ယေဘူယျ ယူဆလို့ရပါတယ်။  ဆိုလိုတဲ့သဘောက Interaction တွေကို ဖလှယ်ပေးတဲ့ ဖလှယ်အမှုန်ပါပဲ။ ဥပမာ ဘောလီဘောပုတ်နေတဲ့ လူနှစ်ယောက်ကို မျက်လုံးထဲမြင်ကြည့်လိုက်ပါ။ လူနှစ်‌ယောက်က Fermions နှစ်ခုပေါ့ဗျာ။ ဘောလီဘောကတော့ သူတို့နှစ်ယောက်ကြားက သက်ရောက်အားကို ဖလှယ်ပေးတဲ့ Exchange particle ပါပဲ။ နံပါတ်2 ဖြစ်တဲ့ Electromagnetic force ကနေ စပြီးဆွေးနွေးကြည့်မယ်ဗျာ။ အရာရာကို Atom လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ Atom ရဲ့ Model အမျိုးမျိုးကိုတော့ JJ Thomson, Rutherford, Bohr တို့ရဲ့ ကောင်းမှုကြောင့် သိခွင့်ရခဲ့ကြတာပေါ့ဗျ။ ဆိုတော့ Atom တစ်လုံးရဲ့ အလယ်ခေါင်မှာ Nucleus ရှိတယ်။ Nucleus ကို Electron ကဝန်းရံလှည့်ပတ်နေတယ်။ တကယ်လို့များ Nucleus ကိုသာ Electron ကဝန်းရံလှည့်ပတ်မှု မရှိလျှင် Atom ဆိုတာ ဖြစ်တည်လာမှာ မဟုတ်ပါဘူး။ Atomဆိုတာကြီး မရှိလျှင် Atom များနှင့်ဖွဲ့စည်းထားပါတယ်ဆိုတဲ့ ရုပ်လောကကြီးရော ရှိနိုင်ပါ့မလာပေါ့နော်။ ဟုတ်ကဲ့၊ မရှိနိုင်ပါဘူး။ Universe ဟာ တိတ်ဆိပ်လို့နေပါမယ်။ အခုလို Atom တစ်ခုဖြစ်တည်လာစေဖို့ Nucleus ကို Electron ကလှည့်ပတ်စေတဲ့ အရင်းခံ အကြောင်းတရားကတော့ Electric force ပါပဲ။ လျှပ်စစ်အားပေါ့။ ကျွန်တော်တို့ နင်းထားတဲ့ကြမ်းပြင်ကြီး ကျွံကျမသွားတာက ဒီအားရှိနေလို့ဗျ။ ကျွန်တော်တို့ အရိုးတွေနဲ့ ရပ်တည်နိုင်တာလည်း သည်အားကြောင့်ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်က သက်ရှိကလပ်စီးတွေရှိနေနိုင်တယလည်း သည်အားကြောင့်ပဲ။ Nucleus က Positive charge ။ Electron က Negative change ။ အချင်းချင်း ဆွဲငင်မှုကြောင့်သာ Atom တစ်ခုအဖြစ်တည်ရှိနေတာပါ။ ဒီနေရှာမှာ ဆွဲအားကြောင့်သာ Rigidity ဆိုတဲ့ မာကြောမှုကို ရစေတယ်လို့ယူဆလျှင်တော့ အမှတ်မှားပါလိမ့်မယ်။ Negative to Negative ဒါမှမဟုတ် Positive to Positive တွန်းကန်မှုကြောင့်လည်း ပါပါသေးတယ်။ Atom တွေတစ်ခုနှင့် တစ်ခု ပေါင်းစည်းပြီး Crystal တွေဖြစ်လာဖို့ဆိုတာက တွန်းကန်အားသည်လည်း ဆွဲငင်အားလိုပဲ အခရာကျပါတယ်။ Nucleus က Electron ကိုဆွဲငင်တဲ့အားနဲ့ ပတ်လမ်းကို Share လုပ်ရာမှာ Electron - Electron ချင်းတွန်းတဲ့ အားတို့ ရှိနေလို့သာ Crystal တစ်ခုက rigid ဖြစ်နေတာဗျ။ ဒီအချိတ်အဆက်နဲ့ သက်ရောက်တဲ့အားတွေကို Condensed matter Physics မှာ Lattice လို့ခေါ်တာပေါ့။ ဒီအားတွေဟာ Charged particles အချင်းချင်းကြားမှာ သက်ရောက်တာဗျ။ Charge ကို မင်းဘယ်လိုနားလည်ထားလဲလို့မေးလျှင်တော့ Fundamental property of matter လို့ပဲနားလည်ထားပါတယ်။ လောက သဘာဝအရ အရာရာဟာ Symmetry property ရှိလေတာကြောင့် Charge မှာ positive ရှိသလို negative ဆိုတာလည်းရှိနေတယ်။

နောက်ဆို You Tube မှာ တစ်ဆင့်ဝင်ကြည့်စရာမလိုအောင် ဒီမှာပဲ တင်ပေးပါ့မယ်။ Download ဆွဲ၍ အင်တာနက် ဖြတ်တောက်ထားသော ဒေသများသို့ဖြန့်ဝေခြင်းကို ခွင့်ပြုပါတယ်။ A Level သင်ရိုးထဲကနေ မြန်မာသင်ရိုးအတွက် လိုအပ်တာတွေ ယူတတ်လျှင် ယူလို့ရပါတယ်။ စီးပွားဖြစ်ရောင်းစားခွင့်မရှိပါ။ ဆရာ၊ ဆရာမ မွန်းမံသင်တန်းဖွင့်ဖို့ အစီအစဉ်မရှိသေးပါ။

As & A Level Physics - Lecture 10 (Gradient of displacement - time graph)