cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Thanlyin Media(Thanlyin Scout Channel)

Thanlyin Media မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။

إظهار المزيد
مشاركات الإعلانات
1 381
المشتركون
+124 ساعات
-17 أيام
+130 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

🔴 သတိပြုရန် အစစ်ဆေး🔴 ++++++++++++++++++++++++++ 15.6.2024(10:10PM) ယနေ့ည၌ အကြမ်းဖက်စခများသည် အောင်ချမ်းသာ၊ဘုရားကုန်းတို့၌ စောက်သုံးမကျတဲ့ခွေးဦးနှောက်တွေနဲ့ ပြည်သူ့များကို VPN အသုံးပြုခြင်းရှိ မရှိ လိုက်လံစစ်ဆေးသွားကြောင်းသိရသည်။ #scout #ThanlyinMedia
إظهار الكل...
👍 7🤬 3👏 2 1😱 1
Photo unavailableShow in Telegram
🔴 သတိပြုရန် အစစ်ဆေး🔴 ++++++++++++++++++++++++++ 14.6.2024(10:10PM) ယနေ့ည၌ အကြမ်းဖက်စခများသည် ဗိုလ်ချုပ်ကျေးရွာ၊အောင်ချမ်းသာ၊အမူထမ်းရပ်ကွက်များ၌ စောက်သုံးမကျတဲ့ခွေးဦးနှောက်တွေနဲ့ ပြည်သူ့များကို VPN အသုံးပြုခြင်းရှိ မရှိ လိုက်လံစစ်ဆေးသွားကြောင်းသိရသည်။ #scout #ThanlyinMedia
إظهار الكل...
😱 9👍 5👏 1
Photo unavailableShow in Telegram
🚨Attention Plz🚨 ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် အလွမ်းဆွတ် ကျေးရွာ တွင် ထိန်လင်း၊ဝင်းနိုင်ဌေး ခေါ် နှုတ်ခမ်းမွှေး ၊ ကြိုင်ဘို၊စန်းမောင် ဆိုသူတို့သည် ညအချိန် ဧည့်စာရင်းစစ်ဆေးမည်ဆိုပြီး အိမ်ထဲထိဝင်ကာ စစ်မူထမ်းရန် လူငယ်များကို အတင်းဖမ်းဆီးနေကြောင့် သိရသည်။ ယခုလထဲတွင် ၎င်းတို့ကြောင့် ​ကျေးရွာနေ လူငယ်၃ဦးထက်မနည်း ပေါ်တာဆွဲထား​ခြင်းခံထားရပြီး မိသားစုနဲ့လည်းအဆက်သွယ်ပြတ်နေကြောင်းသိရသည်။ ကျေးရွာအတွင်းရှိလူငယ်တွေလည်း မတရားစစ်မူထမ်းဖို့ပေါ်တာဆွဲခံရမှာကြောက်ပြီးရှောင်တိမ်းနေရကြောင်း သိရှိရသည်။ ပုံစာ / ဝင်းနိုင်ဌေး ခေါ် နှုတ်ခမ်းမွှေးပုံ #ThanlyinMedia
إظهار الكل...
🤬 10👍 3😱 2
Photo unavailableShow in Telegram
18💩 1
❝ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ ❞ #၁၉ဇွန်_ပန်းသပိတ် အခုလာမယ့် (ဇွန်လ ၁၉ ရက် ၂၀၂၄ ခု) ဟာ မြန်မာပြည်သူအများ လေးစားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၉) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာရှင်အဆက်ဆက်ရဲ့ အဓမ္မ ဖိနှိပ်၊ အကျဉ်းချမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်။ ယခုအချိန်မှာလည်း အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချမှု ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားများအနက် တစ်ဦးဖြစ်ပါလိမ့်မယ်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “ပန်းသပိတ် လှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။ ပန်းသပိတ်လို့ ဆိုလိုက်တာနဲ့ အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိတဲ့ ဖက်ဆစ်တပ်ကြောင့် အခုဆိုရင် မြန်မာပြည်ဟာ လူမှုစီးပွါး အစစ အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းကို ပို့မယ့် အဓမ္မ စစ်သားကောက်နေတာ အလယ်၊ မီးမလာ ရေပျက်တာ အဆုံး၊ တိုင်းပြည်မှာ ဘာဆိုဘာမှ ရစရာ မရှိတော့ပါဘူး။ ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။ ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် ပန်းသပိတ် လူထုလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြမယ်။ ဒီစာကို ဦးပေါ် (မင်းကိုနိုင်) ရဲ့ “နှင်းဆီနီဥဒါန်း” ကဗျာတပိုဒ်နဲ့ အဆုံးသတ်ပါရစေ။ . . . ဟေ့ . . . နင်းချေမယ့်သူတွေ ခရေပွင့်တွေလို ငါမကြွေ မြေတလက်မ ပိုင်ဆိုင်ခွင့်ရသရွေ့ နေ့သစ်ရဲ့ အရုဏ်ဦးမှာ ယုံကြည်ချက် ဆူးတွေဖွင့် ခေါင်းထောင်လို့ ၀င့်လိုက်မယ် ငါဟာ . . . နီရဲတဲ့ နှင်းဆီပွင့်။ ————— #ငုံ့မခံဘဲတုန့်ပြန်မယ့်သံမဏိနှင်းဆီတွေ #June19_FlowerCampaign #ကြောက်ခေတ်ကို_မှောက်ပစ် #Freedom_from_Fear #တက်စုံဖွင့်ရွက်ကုန်လွှင့် အရေးတော်ပုံ အောင်ရမည်။
إظهار الكل...
12
🔴 ဧည့်စာရင်း စစ်ဆေး 🔴 ++++++++++++++++++++++++++ 26.5.2024(9:31PM) သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အနောက်ပိုင်း၌ အကြမ်းဖက်စခများ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေကြောင်းသိရသည်။ #scout #ThanlyinMedia
إظهار الكل...
👍 6
🔴 သတိပြုရန် အစစ်ဆေး🔴 ++++++++++++++++++++++++++ 17.5.2024(05:10PM) သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းမ အောင်ချမ်းသာ မီးသတ်အရှေ့ လမ်းဘယ်ညာ၌ အကြမ်းဖက်စခ DC ၂စီး ရပ်ထားပြီး အစစ်ဆေးပြုလုပ်မယ်ပုံရှိ #scout #ThanlyinMedia
إظهار الكل...
👍 4
Photo unavailableShow in Telegram
Attention Plz... ++++++++++++++++++++++++++ 16.5.2024(12:40PM) သန်လျင်မြို့အောင်ချမ်းသာ ရပ်ကွက်၌ အကြမ်းဖက်စကစလက်အောက်ခံ အုပ်ကြီး ရီရီမေ(ခ)ဖင်ကြီးမနဲ့အကြမ်းဖက် စခ၊ရခများကနေ ကားတွေနဲ့ရောက်လာပြီး နိုင်ငံရေးလုပ်ဆောင်သည်ဟုသတ်မှတ်ပြီးဖမ်းဆီးထောင်ချထားသော ကိုအောင်မိုး၊ဦးတင်လှိုင်၊ဦးကျော်ဌေး၊ဦအောင်ပိုင်စိုးတို၏နေအိမ်များအား မတရားပြုလုပ် ချိတ်ပိတ်သွားကြောင်းသတင်းရရှိပါသည်။ #scout #ThanlyinMedia
إظهار الكل...
🤬 7👍 1😢 1
Attention Plz... ++++++++++++++++++++++++++ 16.5.2024(12:10PM) သန်လျင်မြို့အောင်ချမ်းသာ 1 ရပ်ကွက်ဘုရင့်နောင်လမ်း နိုင်ငံရေးလုပ်ဆောင်သည်ဟုသတ်မှတ်ပြီးဖမ်းဆီးထောင်ချထားသော ကိုအောင်မိုး ၏နေအိမ်အား စခများမှ ချိတ်ပိတ်သွားကြောင်းသတင်းရရှိပါသည်။ #scout #ThanlyinMedia
إظهار الكل...
😢 4
👍 2
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.