တောင်ပေါ်သား ရှမ်းကိုးမီး
الذهاب إلى القناة على Telegram
📈 نظرة تحليلية على قناة تيليجرام တောင်ပေါ်သား ရှမ်းကိုးမီး
تُعد قناة တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 25 227 مشتركاً، محتلاً المرتبة 12 759 في فئة أفلام والمرتبة 5 743 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 25 227 مشتركاً.
بحسب آخر البيانات بتاريخ 01 مارس, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 144، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 02 مارس, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.
25 227
المشتركون
لا توجد بيانات24 ساعات
-3887 أيام
-1 14430 أيام
أرشيف المشاركات
နန်းတွင်းကားဆိုလည်း ကြိုက်၊ သရဲကားဆိုလည်း လက်မလွတ်တမ်း ကြည့်ဖြစ်တယ်ဆိုရင်တော့ ဒီကားက ပရိသတ်ကြီးအတွက်ပါပဲ။ နန်းတွင်းနဲ့ သရဲကား ပေါင်းစပ်တာက ရှားပါးလှတဲ့ ကိုရီးယားစီးရီးတွေထဲ ဒီလိုအမျိုးအစား ၂ ခုအပြင် Rom-com ပါထပ်ပေါင်းထားတဲ့ Drama ကောင်းလေးတစ်ခု ထွက်ရှိလာပါပြီ။
Yun Gap ဆိုတဲ့ အစိုးရမင်းမှုထမ်းအရာရှိလေးက ရုပ်ချောသလို နာမည်ကောင်းတွေလည်း ရရှိထားပြီး နန်းတော်ထဲမှာ အလုပ်လုပ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Imoogi လို့ခေါ်တဲ့ မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ပူးကပ်လိုက်တဲ့အခါမှာတော့ Yun Gap ရဲ့ဘဝမှာ မထင်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတော့တယ်။ ပူးကပ်ခံရမှုကြောင့် ပုံမှန်နဲ့မတူတဲ့သူ့ကို ရူးသွားပြီလို့ ပြောတဲ့သူက ပြောကြပြီး တကယ်တမ်း သူ့ဆီကို ပူးကပ်လာတဲ့ Imoogi ရဲ့ ရည်ရွယ်ချက်ကတော့ တခြားတစ်ယောက်ဖြစ်နေခဲ့တာပါ။
Yeo-Ri က နာမည်ကျော် နတ်ဆရာအိမ်က မြေးမလေးဖြစ်ပြီး သူ့ကိုယ်တိုင်ကလည်း နတ်ဆရာမအစွမ်းတွေ ရရှိထားပေမဲ့ အဲဒါတွေကို အသိအမှတ် မပြုသူပါ။ ဒါပေမဲ့ သူ့ရဲ့အချစ်ဦးဖြစ်သူ Yun Gap ရဲ့ခန္ဓာကိုယ်ထဲဝင်နေတဲ့ Imoogi က သူ့အချစ်ဦးကို အသုံးချဖို့ ကြံနေတာ သိလိုက်ရချိန်မှာတော့ Yeo-Ri က Yun Gap နောက်ကို လိုက်ဖို့ နန်းတွင်းထဲကို ဝင်ရောက်ခဲ့ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ဘုရင် Lee Sung က ခိုင်မာတောင့်တင်းတဲ့ ဂျိုဆွန်းကို တည်ထောင်တည့်မတ်ဖို့ စိတ်ကူးနေတာဖြစ်ပေမဲ့ နန်းတွင်းထဲမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်နေလို့ အဖြေရှာမရဖြစ်နေရတာပါ။ တဖြည်းဖြည်းနဲ့ အရင်းအမြစ်က တော်ဝင်မိသားစုရဲ့သွေးကိုဆာလောင်နေတဲ့ ဝိညာဉ်တွေကြောင့်ဆိုတာ သိလိုက်ရချိန်မှာတော့ အဲဒီ ဝိညာဉ်တွေကို ရှင်းထုတ်ဖို့ Yoon Gab, Yeo-Ri နဲ့ ဘုရင် Lee Sung တို့က ဝိညာဉ်တွေရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားကြရာမှာတော့...
စိတ်ဝင်စားဖွယ် ဆန်းပြားရှုပ်ထွေးပြီး ခိုင်မာတောင့်တင်း ဇာတ်အိမ်နဲ့ အဆုံးထိဆွဲခေါ်သွားနိုင်မယ့် ဒီ Historical/Fantasy စီးရီးလေးကိုတော့ BTOB အဖွဲ့က မင်းသား Yook Sung-Jae နဲ့ WJSN အဖွဲ့က မင်းသမီးချောလေး Bona က အဓိက ပါဝင်သရုပ်ဆောင်ထားဖြစ်ပြီး ပအပတ်စဉ် သောကြာ၊, စနေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ ၁၆ ပိုင်းစာ တစ်ဝကြီး စောင့်မျှော်ကြည့်ရှုလိုက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Amelia ဖြစ်ပါတယ်။
Rating 7.6/10 အထိရရှိထားတဲ့ အိန္ဒိယသမိုင်းကြောင်းနောက်ခံ ရာဇဝင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့အစိတ်စိတ်အမွှာမွှာနယ်မြေများကွဲနေစဉ် အချိန်ကာလ ၁၆ ရာစုခန့်က ဟိန္ဒူမျိုးနွယ်တွေရဲ့တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ မဂိုနွယ်ဝင်တွေနဲ့ ၎င်းတို့ကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့တဲ့ ဘုရင်ရှန်ဘူတို့အကြောင်းကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဘုရင်ရှီဗာဂျီနတ်ရွာစံပြီးနောက် သားဖြစ်သူရှန်ဘူက နန်းတက်လာပြီးဟိန္ဒူတို့ရဲ့နယ်မြေများကို ဘယ်လိုကာကွယ်သွားမလဲ။ မဂိုလူမျိုးများရဲ့ ဘုရင် အာရမ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ ဟိန္ဒူပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက်မှုများစတာတွေကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ခမ်းနားကြီးကျယ်စွာဖြင့် သမိုင်းကို အပြည့်အဝပုံဖော်ထားတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ပြိုကွဲသွားတဲ့ဘာသာတရားလူမျိုးရေးများအကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
Kun-chan ဆိုတဲ့ လေးနှစ်အရွယ်ကောင်လေးဟာ သူ့ညီမလေး Mirai မွေးလာပြီးတဲ့နောက် မိဘတွေက
သူ့ကို အရင်လို အရေးမစိုက်တာကြောင့် သူ့ညီမလေးကို မနာလို ဖြစ်လာပါတယ်။
သူစိတ်ဆိုး၊ဝမ်းနည်းသွားတဲ့အခါတိုင်း သူ့ခြံနောက်ကို ပြေးဝင်သွားတဲ့အခါ သူ့ဥယျာဉ်က ပုံမှန်နဲ့မတူ
ထူးခြားဆန်းကြယ်နေတာကို သူတွေ့လိုက်ရပါတယ်။ အဲဒီထဲမှာ သူဟာ အနာဂတ်ကနေ ရောက်လာတဲ့
သူ့ညီမလေး Mirai နဲ့တွေ့ဆုံမိပါတယ်။ ဒါ့အပြင် အဲဒီဥယျာဉ်လေးက သူ့ကို
နှောင်းတုန်းကအချိန်တွေဆီလည်း ခေါ်ဆောင်သွားပေးခဲ့ပါသေးတယ်။
အဲဒီအဖြစ်အပျက်တွေကနေတစ်ဆင့် Kun-chan ဟာ ဘဝသင်ခန်းစာတွေကို တစ်ခုပြီးတစ်ခု
သင်ယူလာခဲ့ရပါတော့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Pan ဖြစ်ပါတယ်
The Alto Knights ဆိုတဲ့ဇာတ်ကားမှာတော့ မင်းသားကြီး Robert De Niro ကိုနှစ်ကိုယ်ခွဲအနေနဲ့ မြင်ရမှာဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်အနေနဲ့ မြင်ရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားက ၁၉၅၀ ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အခြေအနေကို ပြန်လည်ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဖရန့်ခ်နဲ့ ဗီတိုက ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး လုပ်ချင်တာဇွတ်လုပ်တတ်တဲ့ လူမိုက်လေးတွေပေါ့ အဲဒီလိုနဲ့သူငယ်ချင်းတွေပေါင်းမိပြီး စီးပွားရေးတူတူလုပ်ခဲ့ကြပါတယ် အယ်တိုနိုက်စ်ဆိုတာ သူတို့စုဝေးတဲ့နေရာဖြစ်ပြီး ဂန်းစတားလိုမျိုး စီးပွားဖက်အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ် သူတို့ရဲ့စီးပွားရေးအတွက် နိုင်ငံရေးသမားတွေ ရဲတွေနဲ့ပေါင်းထားပြီး သူတို့ကိုတားနိုင်တဲ့သူမရှိလောက်အောင်ပါပဲ တစ်နေ့မှာ ဗီတိုက လူသတ်မှုကြောင့် အီတလီကိုရှောင်ပြေးသွားရပြီး သူ့လုပ်ငန်းအားလုံးကို ဖရန့်ခ်ဆီလွှဲခဲ့ပါတယ် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဗီတိုပြန်လာတဲ့အချိန်မှာ အခြေအနေအချိန်အခါတွေပြောင်းလဲသွားတာကြောင့် သူတို့ရဲ့အမြင်တွေပြောင်းလဲသွားပြီး အချင်းချင်းယုံကြည်မှုတွေမရှိတော့တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခြယ်လှယ်ကြလဲဆိုတာကိုကြည့်ရှုရမယ့် စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်
Dominique ဆိုတဲ့ action movie ဟာ 2024 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး IMDB rating 5.5 ရထားတဲ့အတွက် ကြည့်လို့အတော်အတန်ကောင်းတဲ့အက်ရှင်ကားတစ်ကားပါပဲ
ဇာတ်လမ်းအစတွင် Dominique ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ကိုလံဘီယာနိုင်ငံရဲ့မြို့ငယ်လေးထဲကိုလေယာဉ်ပျက်ကျရာကတဆင့်ရောက်ရှိလာပါတယ်။ ထို့နောက် လူမိုက်အချို့ကိုသတ်မိခဲ့ပြီး ထိုလူမိုက်များမှာရဲများနှင့်ဆက်စပ်နေသည့်အတွက် ရဲများလိုက်လံဖမ်းခြင်းတာကိုရှောင်ရှားရင်း မြို့ခံမိသားစုတစ်စုအားကာကွယ်ပေးရမည့်အခြေအနေသို့ရောက်လာသောအခါ....
လိုက်လံဖမ်းဆီးကြတဲ့လူတွေထံမှလွတ်မလား ထိုမိသားစုကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲရင်ခုန်စွာကြည့်ရှုလိုက်ပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kitto ဖြစ်ပါတယ်
ဆံပင်နီကောက်ကောက်လေးတွေ ပိုင်ဆိုင်တဲ့ မေရီဟာ သူ့အန်တီဘွားဘွားအိမ် ပြောင်းလာရင်း တောအုပ်ထဲမှာ ကြောင်လေးတစ်ကောင်ကို အစာကျွေးမိရာကနေ "ညပွင့်ပန်း"လို့ခေါ်တဲ့ မှော်ပန်းလေးကို ရခဲ့ပါတယ်။ဒီလိုနဲ့ မြူထူတဲ့တစ်နေ့ တောအုပ်ထဲမှာ လမ်းပျောက်ရင်း အန်ဒေါ်မှော်ကောလိပ်ကို ရောက်ခဲ့ပါတယ်။ဒီလိုနဲ့ မေရီတစ်ယောက် ဘယ်လို ဆန်းကြယ်တဲ့အရာတွေနဲ့ ကြုံရမလဲ။ မေရီ့ကို စနောက်နေကျ ပီတာလို့ခေါ်တဲ့ကောင်လေးရော ဒီကိစ္စထဲ ပါလာပြီး ဆန်းကြယ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေး ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်
တိုက်ကွက် အလန်းစားတွေ ထုတ်သုံးတတ်တဲ့ အက်ရှင်မင်းသားကြီး ဗန်ဒန်းရဲ့ ဇာတ်ကားတွေကို
မျှော်နေသူအတွက် စွန့်စားခန်း ရုပ်ရှင်ကားကောင်း လာပါပြီ။ မှောင်ခို ရောင်းဝယ်ရေးသမား ရူဒီက
ရတနာဥတစ်လုံးကို ခိုးယူလာပြီး အရောင်းအဝယ် သွားလုပ်နေချိန် အဖေဖြစ်သူက သူ့ဆီ ဆက်သွယ်လာပြီး
အစ္စရေးမှာ သူ ဒုက္ခတွေ့နေကြောင်း ပြောပါတော့တယ်။
ဒါကြောင့် ရူဒီက အစ္စရေးကို သွားရောက်တဲ့အခါ
သူ့အဖေ ပျောက်ဆုံးနေတာ သိလိုက်ရပြီး လိုက်ရှာဖို့ လုပ်တဲ့အခါ အစ္စရေးရဲတွေက သူ့ကို ဖမ်းပြီး
ရှေးဟောင်းပစ္စည်း မှောင်ခိုမှုနဲ့ နေရပ်ပြန်ပို့ဖို့ လုပ်ပါတော့တယ်။ သူ့အဖေကို တွေ့အောင် ပြန်ရှာမှဖြစ်မှာမို့
ရဲလက်ထဲကနေ လွတ်အောင် ပြေးပြီး သူ့အဖေ ပြန်ပေးဆွဲခံရတဲ့ နောက်ကွယ်က အကြောင်းရင်းကို ဘယ်လို
ဖော်ထုတ်သွားမလဲ။ ဘယ်လောက်ပဲ ဆိုးသွမ်းနေသူ ဖြစ်ပါစေ မိသားစု အရေးနဲ့ ပတ်သက်လာရင်
အလေးထားတတ်တဲ့ ရူဒီတစ်ယောက် အဖေ့ကို ဘယ်လို ပြန်ကယ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ
ကြည့်ရှုကြရမှာပါ။
ဒီဇာတ်ကားအတွက် အညွှန်းရေးသားသူနဲ့ ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ၁၇ရာစု အတွင်း လူတွေဒုက္ခပြင်းထန်နေတဲ့အချိန်မှာ King Louis XIV ဟာ ငွေကြေး၊ စစ်ရေးနဲ့အာဏာအတွက် မိမိပြည်သူတွေအပေါ် မာနကြီးပြီး ဆိုးဝါးတဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်
အရင်ဘုရင်တုန်းက သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မိတ်ဆွေလေးဦး Athos, Porthos, Aramis, D’Artagnan တို့ဟာ ဘုရင်လေးလုပ်ရပ်ကြောင့် ဘုရင်ကိုစိတ်ခုနေသူတွေပေါ့
Aramis ကတော့ ဘုရင်လျှိူ့ဝှက်ထားတဲ့ Philippe ဆိုတဲ့ သံမျက်နှာဖုံးထားတဲ့အကျဉ်းသားကိုသွားတွေ့တဲ့အခါ ဘယ်သူဖြစ်နေမလဲ ဆိုးဝါးတဲ့ဘုရင်ကဘာတွေဖုံးကွယ်ထားတာဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးကို လျှို့ဝှက်ဆန်စွာကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်
Movie Taste တွေထဲမှာ ထူးထူးခြားခြားကြိုက်မိတာဆိုရင် Crime - Comedy ကားတွေပါ
မတူညီတဲ့ရသနှစ်ခုက သေချာပေါင်းစပ်နိုင်လေလေ အရသာရှိလေလေပါပဲ
ဒီနေ့အတွက်တော့ 2025ရဲ့ " Pravinkoodu Shappu " ဆိုတဲ့ Crime comedy တစ်ကားနဲ့မိတ်ဆက်ပေးပါမယ်
ထန်းရည်ဆိုင်မှာဖြစ်ပွားခဲ့တဲ့ ဆိုင်ပိုင်ရှင်ရဲ့ Suicide case ကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ
Suicide case လို့အားလုံးနားလည်ထားပေမဲ့ စုံစမ်းစစ်ဆေးချက်တွေကနေ လူသတ်မှုဆိုတာကိုသိလိုက်ရပါတယ်
ရှုပ်ထွေးပွေလီတဲ့ လူသတ်မှုခင်းရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူကဘယ်သူလဲ ?
အမှုမှန်ကိုဖော်ထုတ်နိုင်မှာလား?
ရာဇဝတ်မှုရဲ့ Thrill vibe ကနေ ဟာသရသကိုဘယ်လိုထည့်သွင်းထားနိုင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့ အပန်းလည်းဖြေရင်း စိတ်ဝင်တစားကြည့်ရှုလိုက်ကြပါ
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဆမ်က ထောင်ကားကနေ ထွက်ပြေးလာတဲ့ထောင်သားတစ်ဦးပါ ။ မူလအစီအစဥ်အတိုင်း လူသူအနေကျဲတဲ့တောင်ပေါ်ဒေသတစ်ခုကိုသွားရောက်ပြီး ပုန်းကွယ်နေထိုင်ခဲ့တယ် ။ ဒီလိုနဲ့ မထင်မှတ်ပဲ ကလိုင်ဒီအန်ဒါဆန်တို့မိသားစုနေအိမ်ကို ခိုးဝင်မိရာက ဖခင်မေတ္တာငတ်နေတဲ့ ကလိုင်ဒီရဲ့သားလေးမူကီက ဆမ်ကိုခင်သွားခဲ့တယ် ။
မကြာခင်မှာပဲ ဆမ်က ကလိုင်ဒီတို့ရဲ့မိသားစုဝင်တစ်ဦးလိုဖြစ်လာပါတယ် ။
ကလိုင်ဒီတို့ အိမ်မြေကွက်ကိုမတော်လောဘနဲ့ အပိုင်သိမ်းချင်တဲ့လူတချို့ရှိနေပြီး ဆမ်က ထိုလူတွေရန်ကနေ ကာကွယ်စောင့်ရှောက်ပေးတဲ့သူဖြစ်လာတဲ့အခါ.. ..ထောင်သားတစ်ယောက်ဖြစ်ပေမဲ့ ဆမ်ရဲ့သူရဲကောင်းဆန်တဲ့စိတ်ထားနဲ့ ဒုက္ခရောက်သူတွေကိုကူညီကယ်ဆယ်ပေးတတ်တဲ့အပြုအမူတွေကို မှုခင်းအက်ရှင်အမျိုးအစား ဇာတ်ကားတစ်ကားအနေနဲ့မြင်တွေ့ရမှာပါ ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su Eaindra Zaw ဖြစ်ပါတယ်
