ar
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

الذهاب إلى القناة على Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام တောင်ပေါ်သား ရှမ်းကိုးမီး

تُعد قناة တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 25 227 مشتركاً، محتلاً المرتبة 12 759 في فئة أفلام والمرتبة 5 743 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 25 227 مشتركاً.

بحسب آخر البيانات بتاريخ 01 مارس, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 144، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 02 مارس, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.

25 227
المشتركون
لا توجد بيانات24 ساعات
-3887 أيام
-1 14430 أيام
أرشيف المشاركات
Beast (2022) "သားရဲ"
Beast (2022) "သားရဲ"

IMDb…7.5 အနည်းငယ်နောက်ကျသွားပေမဲ့လို့ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်…. အများသိဗီဂျေးနဲ့ 96ရဲ့မင်းသားဗီဂျေးစည်သူပသီတို့နှစ်ဦး အားပြိုင်ထားတဲ့ Master ရုံတင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာ ကျောင်းသားတွေရဲ့ အချစ်တော်ပဲ။ ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့ တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။ ကျောင်းသားတွေအတွက်ဆို အသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ။ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။ ဗီဂျေးစည်သူပသီကတော့ လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါ။ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ငွေရှာ နေသူပေါ့။ သူ့အတွက် မှောင်ခိုလောကမှာ ခက်ခဲတာ မရှိသလောက် ရှားတယ်။ တပည့်လက်သား များတယ်။ ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။ ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ပါဦး။

IMDb – 7.5/10 တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။ တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။ မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့….. ————————————- ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။ အဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့… လွဲချော်ခဲ့ရတယ်။ ဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။ သို့ပေမဲ့…. ‘တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ’ ‘ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား’

Sarkar (2018) မြန်မာစာတန်းထိုး

“မင်္ဂလာပါ ကိုယ့်လူတို့ မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ ဘယ်နှယောက် ရှိလဲ “ “သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ” “သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ” “သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ” “ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ် သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်” ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ? အရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား? “ယုံတောင်မယုံနိုင်ပါဘူးဗျာ သူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။ သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ ပြီးရင် အမေရိကကို ပြန်မှာပါတဲ့” ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင် မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့ သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။ သူတပါးကြောတာကို မခံချင်တဲ့ ဆွန်ဒါရာမဆွာမီဟာ ငွေကုန်ကြေးကျ ခံပြီး မဲပေးဖို့ အဝေးကြီးက လာခဲ့ရတော့ သူ့မဲပေးခွင့်ကို ပြန်လည်တောင်းခံပါတော့မယ်။ မဲပေးချိန်ကုန်လို့ မဲရုံသိမ်းသွားရင် သူ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတဲ့သူတွေကို သူ ပညာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ မဲပေးခွင့် ပြန်လည်တောင်းခံခဲ့ရာမှာတော့ ….. သူနဲ့အတူ မဲပေးခွင့်မရလိုက်တာ ဘယ်သူတွေ ရှိဦးမလဲ၊ မဲပေးခွင့်ကို ဘယ်လိုတောင်းခံမလဲ၊ ရွေးကောက်ပွဲဥပဒေကို ဘယ်လို ကျွမ်းကျင်စွာသုံးမလဲ စတဲ့ စိတ်ဝင်းစားစရာတွေနဲ့အတူ ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတဲ့ ပါတီတွေက ဒီမိုကရေစီကို မှေးမှိန်အောင် လုပ်နေကြတဲ့လူတွေ၊ မဲတစ်ပြားကို အလွဲသုံးစား တန်ဖိုးမထားတတ်တဲ့ အထက်လူကြီးတွေ၊ သူတို့တွေနဲ့ ရင်ဆိုင်ရာမှာတော့……

IMDb – 7.5 ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။ မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့…။

Mersal (2017) "၅ ရူပီ ဒေါက်တာ နှင့် ကြောက်စရာဆေးရုံများ"
Mersal (2017) "၅ ရူပီ ဒေါက်တာ နှင့် ကြောက်စရာဆေးရုံများ"

IMDb 7.3 မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်… ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်… လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါ ဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်… နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်… ရဲစခန်းမှာ ဆရာမက တိုင်ချက်ဖွင့်တော့ ရဲစခန်းမှာ လက်မှတ်ထိုးဖို့ လိုလာတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် မလုံမလဲတွေဖြစ်နေပါတော့တယ်… ဒါကို ရိပ်မိသွားတဲ့ အန်နီက ဂျိုးဆပ်တစ်ယောက် အတိတ်မှာ ရဲမှူးတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို သိသွားခဲ့ပြီး အန်နီ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြရပါတော့တယ် တချိန်က သောက်ကြမ်းကြီးတစ်ယောက် ဘာဖြစ်လို့ လူမသိသူမသိ ဇာတ်မြှုပ်ပေါင်မုန့်ဖုတ်နေရသလဲ နိုင်ငံရေးသမားတွေနဲ့ အထိ ပတ်သက်နေခဲ့ပြီး ရန်ငြိုးတစ်ချို့ရဲ့ ရိုက်ခတ်မှုက အန်နီလေးရဲ့ အမေ့ကိုပါ ထိခိုက်ရတဲ့အထိ ဘယ်လိုများ ရှုပ်ထွေးခဲ့သလဲ ကိုယ်က ဘယ်လောက်ပဲ ကင်းအောင်နေနေ တချိန်က ရန်ငြှိုးတွေက မီးခိုးကြွက်လျှောက်သလို ပါလာနေသေးတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် သူ့သမီးကို အန္တရာယ်တွေကြားက ဘယ်လိုကာကွယ်မလဲ ချစ်ခြင်းတရား ဒေါသ နဲ့ ကလဲ့စားချေခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘယ်လို အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြမှာလဲ ဆိုတာကတော့… အက်ရှင်ပြကွက် ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ရှုစားပေးကြပါဦး

Theri (2016) “အတိတ်က မီးခိုးငွေ့အမျှင်တန်း”
Theri (2016) “အတိတ်က မီးခိုးငွေ့အမျှင်တန်း”

"ကျားရဲ"(2015)

ဒီတစ်ခေါက်မှာတော့ဗီဂျေးနဲ့ ရှရူသီဟာဆန်တို့လို နာမည်ကြီးမင်းသား မင်းသမီးဒိတ်ဒိတ်ကြဲတွေပါဝင်တဲ့ကားဟောင်းလေးကို CM Bollywood fan တွေအတွက်တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မာရူဒီရာဟာ‌မွေးကင်းစမှာ မြစ်ထဲကနေမြောလာလို့လူမျိုးစုတစ်ခုကနေ ကယ်တင်ခြင်းခံထားရတဲ့ကောင်လေးတစ်ယောက်ပါ ထူးဆန်းတာကသူနဲ့အတူ ဥလေးတစ်လူံးပါလာပြီး အဲဒီဥကပေါက်တဲ့ငှက်ကလေးဟာလည်းလူစကားပြောတတ်နေပါတယ် ဒီလိုမွေးကတည်းကဆန်းကြယ်တဲ့ကံကြမ္မာနဲ့ကောင်လေးဟာ ထူးခြားတဲ့စွမ်းရည်တစ်ခုကိုလည်းပိုင်ဆိုင်နေပါသေးတယ် သူဟာကျားတစ်ကောင်လိုခွန်အားရှိပါတယ် တစ်နေ့မှာသူတို့ရွာကိုအနိုင်ကျင့်အုပ်ချုပ်နေတဲ့ဗီသယ်မျိုးနွယ်စုဟာ သူရဲ့အချစ်သည်းငြှာဖြစ်တဲ့ကောင်မလေး ပါဗလာမာလီကို ပြန်ပေးဆွဲသွားခဲ့ပါတော့တယ် မာရူဒီရာတစ်ယောက် မှော်ဘုရင်မ ယာဗာနာ နဲ့သူ့ရဲ့ စွမ်းအားကြီးမားလှတဲ့ စစ်သူကြီးဂျာလာဒါရန်ဂါကို ပြန်ခံတိုက်ခိုက်ပြီးသူ့ရဲ့ချစ်သူကောင်မလေးကိုပြန်ပြီးကယ်ဆယ်နိုင်ပါ့မလားဆိုတာကတော့….

Puli (2015) "ကျားရဲ"
Puli (2015) "ကျားရဲ"