တောင်ပေါ်သား ရှမ်းကိုးမီး
الذهاب إلى القناة على Telegram
📈 نظرة تحليلية على قناة تيليجرام တောင်ပေါ်သား ရှမ်းကိုးမီး
تُعد قناة တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 25 227 مشتركاً، محتلاً المرتبة 12 759 في فئة أفلام والمرتبة 5 743 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 25 227 مشتركاً.
بحسب آخر البيانات بتاريخ 01 مارس, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -1 144، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 02 مارس, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.
25 227
المشتركون
لا توجد بيانات24 ساعات
-3887 أيام
-1 14430 أيام
أرشيف المشاركات
သီချင်းမဆိုတဲ့ကုလားကား မကတဲ့ကုလားကားဆိုပြီး မေးတတ်ခဲ့တဲ့လူတွေအတွက် Hit: The First Case (2020)
ကားလေးလာပါပြီ။ ဒီကားလေးက IMDb 7.8 တောင်ရထားပြီး လူတစ်ရာမှာ ၉၄ ယောက်ကြိုက်နှစ်သက်တဲ့
မှုခင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အတိတ်ကကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် Panic Attack
ခံစားနေရတဲ့ ရဲအရာရှိ ဗစ်ခရန် တစ်ယောက် ဆေးခွင့်နဲ့ ခြောက်လလောက် အနားယူနေစဥ် သူ့ချစ်သူမိန်းကလေး
သဲလွန်စမရှိပျောက်ဆုံးသွားပါတယ်။ သူ့ချစ်သူက မှုခင်းဆေးဘက်ဆိုင်ရာဌာနမှဖြစ်ပြီး သူမ မပျောက်ဆုံးခင်
အဝေးပြေးလမ်းပေါ်မှာ ၁၈ နှစ်အရွယ်မိန်းကလေး ပရီတီ ပြန်ပေးဆွဲခံရတဲ့အမှုကို စစ်ဆေးနေတာပါ။ ချစ်သူ
အမှုကို ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုင်တွယ်ခွင့်မရတဲ့ ဗစ်ခရန်ဟာ ဆက်စပ်နေတဲ့ ပရီတီ့အမှုကို လိုက်လံစစ်ဆေး
ဖော်ထုတ်နေရင်း ဇာတ်ရှိန်မကျဘဲ ဆက်တိုက် စိတ်ဝင်စားဖွယ်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်
ကြောင်း အာမခံပါတယ်။ စုံထောက်ကားကြိုက်တဲ့လူတွေ ဗစ်ခရန်နဲ့အတူ တရားခံဘယ်သူလဲဆိုတာ တူတူမှန်း
ဆကြည့်ရအောင်နော် . နှစ်သက်သွားတဲ့လူတွေ ဆက်စောင့်ကြည့်ဖို့ Hit: The Second Case ကို 2021 မှာ
ထွက်ပါမယ်ဆိုတာလည်း ကြိုတင်သတင်းကောင်းပါးပါရစေ။
ဇာတ်အိမ်ကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် 2025 ထွက် မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေး
https://t.me/cmappoffical/189
Genre – Action, Drama, Thriller
IMDB – 8.6/10
အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက်
လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း
ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်
ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို
ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။
မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက
ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက
ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ
နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။
သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။
ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊
သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့
သံအမှိုက်ပုံးကြီးတစ်ခုပါ။
ဒါကြီးကို တစ်ပတ်တစ်ခါ ရေမိုးချိုးပေးရသလို အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး သားအဖ ၂ ယောက်
ဖူးဖူးမှုတ်ထားကြတာပေါ့။ ဒါလည်း အကြောင်းရှိပါတယ် ငယ်စဉ်က အိမ်မတော်မဆ ဖြစ်ပြီး
အိမ်ပြိုမလို ဖြစ်တဲ့အချိန် ဒီအမှိုက်ပုံးကြောင့် သမီးဖြစ်သူ အသက်ချမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ နေလာရင်းကနေ တစ်ရက်ကျ ဒီ “လက်ရှ်မီး” ကြီး အခိုးခံလိုက်ရပါတယ်၊ အဲဒီမှာ “မဟာရာဇာ” တစ်ယောက်
ရဲတွေကို သွားတိုင်ချက်ဖွင့်တော့ ရဲတွေက လူလား ပစ္စည်းဥစ္စာလားမေးတဲ့အချိန် သူကတော့ “လက်ရှ်မီး” ပျောက်တာဆိုပြီး
ရဲတွေကိုရှာပေးဖို့နဲ့ ကုန်ကျသလောက်သူရှင်းပါမယ်ဆိုပြီး ဒူပေပေနဲ့ ရဲစခန်းကနေ အိမ်ကိုမပြန်တော့ပါဘူး….
ဒါပေမယ့် ရဲစခန်းကနေ သူဘာလို့အိမ်မပြန်တာလဲ
“လက်ရှ်မီး” ကရော တကယ်ပျောက်သွားတာဟုတ်ရဲ့လား
“မဟာရာဇာ” ဆိုတဲ့ ဒူပေပေ သူ့ဘဝကရော ရိုးရှင်းခဲ့ရဲ့လားဆိုတာ
ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်လို့ဆိုရမယ့် လူကြမ်းမင်းသားစပေါ်ကတည်းကနေ
လုံးဝထိုင်ရာမထ စိတ်ဝင်စားဖွယ်ရာ လိုက်ပါကြည့်ရှုရမှာပါ။
ဇာတ်လမ်းကို ဒါရိုက်တာက အတိတ်ကိုပြလိုက် ပစ္စုပ္ပန်ကိုပြလိုက်နဲ့ ကြည့်ရှုသူကိုယ်တိုင်လိုက်ပါစီးမျောဖို့ တင်ဆက်ထားတာမလို့ လုံးဝကျော်ကြည့်လို့မရပါဘူး…
လှည့်ကွက်ပေါင်းများစွာကို ဇာတ်ကောင်တွေရဲ့လက်ရှိအခြေအနေနဲ့ ပြရင်းပြရင်း ဖြည်ချသွားတာမလို့
ဇာတ်သိမ်းရောက်မှ ဟာခနဲ ဖြစ်ကျန်တဲ့နေရာရောက်မှ ရှင်းထွက်သွားမှာပါ။
၂၀၂၄ ရဲ့ အကောင်းဆုံး တမီးလ်ရုပ်ရှင်ကားအဖြစ် သတ်မှတ်ထားကြတာမလို့ အေးအေးဆေးဆေးလိုက်ပါကြည့်ရှုကြပါ။
မင်းသားချော ဆူရီယာရဲ့ ၂၀၂၅ ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/182
အော်စကာဆု ရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင် ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/174
ယင်ကောင်မင်းသား နာနီရဲ့ ၂၀၂၅ သွေးသံရဲရဲ ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/172
ဘောလိဝုတ်မင်းသားကြီး အက်ဂျေးရဲ့ ၂၀၂၅ ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/165
လူပျိုကြီးစလူးဘိုင်နဲ့ ပွတ်ရ်ပါမင်းသမီးတို့ရဲ့ ၂၀၂၅ အသစ်
တရားဝင်အကြည်မဟုတ်သေးလို့ ကြော်ငြာလေးတွေပါတာကို သည်းခံပေးပါနော်
https://t.me/cmappoffical/155
IMDb Rating (6.2)
ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်...
မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။
ဒီဇာတ်ကားက 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။
ဇာတ်လမ်းအစောပိုင်းမှာ
စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။
ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။
ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့
အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။
ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့
Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို
ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။
Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက
ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်းတွေ့ရပြီး .
သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
စနှိုးဝှိုက်ပုံပြင်ကျောရိုးကို အက်ရှင်စွန့်စားခန်းတွေနဲ့ဆိုတော့ Fantasy ကြိုက်တတ်သူတွေလုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။
Extended Version နဲ့တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ Scene တချို့နဲ့ ပိုမိုပြည့်စုံတဲ့ Version ဖြစ်ပါတယ်။
ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်မကမွေးဖွားတဲ့
သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့်
ကျော်ကြားပါတယ်။
တစ်ရက်မှာတော့ စနိုးဝှိုက်ရဲ့မယ်တော် ဘုရင်မဆုံးပါးသွားပြီးတဲ့နောက်
ပူဆွေးသောကရောက်နေတဲ့ဘုရင်ကြီးကို စုန်းမရာဗန်းနားက
မြူဆွယ်နိုင်ခဲ့ပြီး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရာဗန်းနားက
ဘုရင်ကြီးကိုသတ်၊ သမီးတော်လေးစနိုးဝှိုက်ကို ရဲတိုက်ကြီးထဲမှာ
ဖမ်းဆီးချုပ်နှောင်ပြီး တိုင်းပြည်ကိုသိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ ရာဗန်းနားရဲ့စွမ်းအားတွေယုတ်လျော့
လာပြီး ရာဗန်းနားရဲ့မှော်မှန်ချပ်က စနိုးဝှိုက်ရဲ့နှလုံးသားကိုစားမှသာ
ထာဝရရှင်သန်နိုင်မယ်လို့ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ
စနိုးဝှိုက်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရာဗန်းနားက
မုဆိုးတစ်ယောက်ငှားရမ်းပြီး စနိုးဝှိုက်ကိုလိုက်လံဖမ်းဆီးပါတော့တယ်။
IMDb Rating (7)
Rotten Tomatoes (94%)
တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့ ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။
ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။
အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။
အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက
ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။
ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။
ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကို
ကျန်းရိမူစတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား တင်ဆက်ပုံအမိုက်စားနဲ့ကြည့်ရှုခံစားရမှာပါ။
Golden Horse Awards ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာ Best Director ,Best Visual Effects ,Best Art Direction,Best Makeup & Costume Design ဆုတွေရရှိခဲ့သလို
ရုံတင်ဝင်ငွေလဲ $91.7 million ထိ ရရှိအောင်မြင်ခဲ့ပါတယ်။
