cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Burmese Vigor Sports

🚩 Channel was restricted by Telegram

إظهار المزيد
مشاركات الإعلانات
11 453
المشتركون
-1224 ساعات
-987 أيام
-47830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ဖောင်ဖျက်မယ့် ခရိုအက် ဒီညမှာ ယူရို ၂၀၂၄ Group B ရဲ့အုပ်စုနောက် ဆုံးပွဲတွေ ပြိုင်မှာပါ။ ခရိုအေးရှားနဲ့ အီတလီ၊ အယ်လ်ဘေးနီးယားနဲ့ စပိန်တို့ကစားမှာဖြစ်ပြီး ပွဲကောင်းတယ်။ အုပ်စု B ကစပိန်အသင်းရှုံးထွက်တက်ထားပါတယ်။ ၂ ပွဲနိုင်၊ ၆ မှတ်။အီတလီက ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၃ မှတ်၊ တတိယနေရာမှာ ရပ်တည်နေတာက ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားတဲ့ အယလ်ဘေးနီးယား ဖြစ်ပါတယ်။ခရိုအေးရှားကတော့ အုပ်စုအောက်ဆုံးမှာ ရှိနေပြီး အကြောင်းဆိုးနေပါတယ်။လူကောင်းတွေရှိရက်သားနဲ့ ဘယ်လိုများဖြစ်ပါလိမ့်။ အကြောင်းရင်းများစွာထဲက တစ်ခုကတော့ ခရိုအေးရှားရဲ့မျိုးဆက်တစ်ခု ပျက်သုဥ်းတာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ခရိုအေးရှား ဒုတိယရတယ်။၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း တတိယပြန်တယ်။ အဲ့ဒီအစုအဖွဲ့နဲ့ Run လာတာက အခု ယူရို ၂၀၂၄ ကြ အဆင်မပြေဘူး။ နိုင်ပွဲလည်းမရသေးပါဘူး။ရဂိုးက ၂ ဂိုးတဲ့။ ပေးဂိုးက ၅ ဂိုးရယ်ပါ။စွမ်းဆောင်ရည်ကျလာတာက ကစားသမားတွေ အသက်ကြီးကုန်လို့ပါ။ လုပ်အားနှုန်းတွေက ကုန်သလောက်ဖြစ်သွားတာ။အသင်းခေါင်း ဆောင်မိုဒရစ်ကအစ ၃၈ နှစ်တောင်ရှိနေပြီ။ ခရိုအက်တွေအဖို့ ဒီည အီတလီနဲ့ပွဲမှာ ဖောင်ဖျက်ရတော့မယ်။ မနိုင်ရင် အိမ်ပြန်ရမယ်။ " ကျွန်တော်တို့ အကောင်းမြင်ရမယ်။ တာဝန်ယူရမယ်။ အမှားတွေကို ပြင်ဖို့လိုအပ်တယ်။ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ အုပ်စုတွင်းပေးဂိုးမရှိခဲ့ပါဘူး။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အုပ်စုတွင်း တစ်ဂိုးသာပေးခဲ့ရတယ်။အခု ယူရို၂၀၂၄ မှာ ၅ ဂိုးထိပေးထားရတယ်။ကျွန် တော်တို့ ပွဲချဥ်းကပ်ပုံ ပြောင်းလဲရမယ်။ ကျွန် တော်တို့ အီတလီကို နိုင်မှဖြစ်မယ်။ မနိုင်ရင် အိမ်ပြန်ရမယ်"လို့ ခရိုအေးရှားနည်းပြဒါလစ်က ပြောကြားထားပါတယ်။ နှစ်သင်းစလုံးက ဒဏ်ရာပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ အားသွန်ခွန်စိုက် ကစားမယ်။ ဖောင်ဖျက်ရမယ့် ခရိုအေးရှားကတော့ ဖိအားလေးရှိတယ်။ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှု ^^^^^^^^ ခရိုအေးရှား ၁ - ၁ အီတလီ အီတလီ ၁ - ၁ ခရိုအေးရှား အီတလီ ၁ - ၁ ခရိုအေးရှား အီတလီ ၀ - ၂ ခရိုအေးရှား အီတလီ ၁ - ၂ ခရိုအေးရှား
إظهار الكل...
👍 1
Prohibited content
ဟတ်ပီးဘတ်ဒေး မက်ဆီ ၁၉၈၇ ခုနှစ် ဇွန် ၂၄။ အဲ့ဒီ့နေ့မှာ မွေးဖွားခဲ့တဲ့ကလေးပေါင်း ထောင်သောင်းများစွာ အနက်ဘောလုံးပါရမီရှင်ကလေးတစ်ဦး ပါခဲ့တယ်။ သူ့နာမည်အပြည့်အစုံက လီယွန်နယ်အန်းဒရက်စ်မက်ဆီလို့ ခေါ်ဆိုပါတယ်။ ဒီကလေးဟာတစ်ချိန်ချိန်မှာ ဘောလုံးလောကရဲ့ဘုရင်ဖြစ် ခဲ့တာပေါ့။ လီယိုမက်ဆီ။ ပရိသတ်တွေအား လုံးရဲ့အချစ်တော်မက်ဆီတစ်ယောက် ဒီနေ့ ၂၀၂၄ ဇွန် ၂၄ ရက်မှာ ၃၇ နှစ်ပြည့်ခဲ့ပါပြီ။ မက်ဆီရဲ့ ၃၆ နှစ်ဆိုတဲ့ ကာလအပိုင်းအခြားက ကျန်ရစ်နေခဲ့ပြီ။ အသက်တစ်နှစ်ကြီးပြီး ၃၇ နှစ်သား မက်ဆီ ဖြစ်သွားတာပါ။ အချိန်တွေရဲ့တိုက်စားမှုအောက်မှာ ကိုယ်တွေချစ်ရတဲ့ ဘောလုံးသမားတွေ အသက်ကြီးလာတာက နှမြောစရာကောင်းပါတယ်။ ရော်နယ်ဒိုဆိုရင်လည်း ၄၀ ပြည့်တော့မယ်။ မက်ဆီရဲ့၃၇ နှစ်ပြည့်မွေးနေ့မှာ တစ်ကမ္ဘာလုံးက ပရိသတ် တွေ မွေးနေ့ဆုတောင်းပေးနေကြပါတယ်။ သူတို့တွေအားလုံး မက်ဆီလို ကစားသမားကို ချစ်အားပိုကြတယ်လေ။ မွေးနေ့ဆုတွေတောင်းကြတဲ့အထဲမှာ မက်ဆီကို အသက်မကြီးစေချင်တဲ့သူတွေတောင် ပါတယ်။ ဂုတ်ကြီးမက်ဆီရဲ့ဘောလုံးကစားဟန်တွေကိုနှစ် တော်တော်များများ မြင်ချင်လို့ပေါ့။ မက်ဆီလည်း မက်ဆီအလျှောက်၊ ရော်နယ်ဒိုလည်း ရော်နယ်ဒိုအလျှောက် ဘောလုံးကို နှစ်များစွာဖက်တွယ်ပြီး ကစားလာတာက အောင်မြင်မှုတွေလည်း မရေမတွက်နိုင်အောင်ပါ။မက်ဆီဆိုရင် ကမ္ဘာ့ဖလားလည်း ရပြီးပြီ။ကလပ်ဘဝမှာ သူယူခဲ့တဲ့ဖလားတွေက မနည်းဘူး။ တကယ်တော့ မက်ဆီဟာ ဘောလုံးသမားဘဝအတွင်း သူရဲ့အောင်မြင်မှုတွေနဲ့ ပြည့်စုံပြီးသားပါ။ အရွယ်ရလာပေမယ့် မက်ဆီဟာ အမေရိကားမှာ ဖျော်​ဖြေပေးနေဆဲပါ။အရွယ်က စကားပြောတော့ အရင်လိုခြေစွမ်းမဟုတ်သည့်တိုင်အောင် ရသမျှအားထည့် ကစားနေတာပါ။ ပရိုဘဝမှတ်တမ်းတွေကြည့်လိုက်ရင် ဖျားသွားမယ်။ စုစုပေါင်း၁၀၆၄ ပွဲကစားထားတယ်။ သွင်းဂိုး ၈၃၇ ဂိုး၊ ဟက်ထရစ်အကြိမ်က ၅၇ ကြိမ်၊ ဖရီးကစ် ၆၅ ဂိုး၊ ဆုဖလားတွေက ၄၄ ကြိမ်၊ဘာလိုသေးလဲ။ မွေးရာပါ ​ခြေ ထောက်မသန်ခဲ့သူ၊ ဘောလုံးသမားဖြစ်လာဖို့ တပ်အပ်မပြောနိုင်ခဲ့သူ။ အခု သာယာတဲ့အိမ် ထောင်ရေး၊ ကလေးတွေနဲ့ ဘဝကိုရိုးရှင်းစွာ နေခဲ့တာ ဒီနေ့ကစ ၃၇။ ဟတ်ပီးဘတ်ဒေးပါ မက်ဆီ။
إظهار الكل...
Prohibited content
Prohibited content
အဆိုးဆုံးမှတ်တမ်းနဲ့အိမ်ပြန်ခဲ့ရတဲ့ စကော့တလန် စကော့တလန်မှာ နာမည်ရကစားသမားတွေ အတော်များပါတယ်။ ရော်ဘတ်ဆန်၊ တွမ်မီနေး၊ မက်ဂင်းတို့လို ကစားသမားတွေဆို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေမှာ အားထားရတဲ့ ကစားသမားတွေပါ။ သူတို့ပါနေတဲ့ စကော့တလန်ဟာ ယူရို ၂၀၂၄ မှာ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပါပြီ။ စကော့တလန်ဟာ ဟန်ဂေရီနဲ့ပွဲမတိုင်ခင်မှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးကစားထားပြီး နိုင်ပွဲရဖို့ မဖြစ်မနေ လိုအပ်နေခဲ့တာပါ။ နိုင်မှသာ သူတို့တွေ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မယ်။ တကယ်တမ်းကစားတဲ့အခါမှာတော့ ဟန်ဂေရီကပဲ စကော့တလန်ကို အနိုင်ရသွားတယ်။ ဟန်ဂေရီက စကော့တလန်ကို အနိုင်ရဖို့ တကယ်ထိုက်တန်ပါတယ်။ စကော့တလန်ဘက်က ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှ မကန်နိုင်ခဲ့ဘူးဆိုတော့ အဖြေက တော်တော်ရှင်းပါတယ်။ စကော့တလန်အတွက် အတော်ရှက်စရာကောင်းတဲ့ မှတ်တမ်းပါပဲ။ စကော့တလန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ၃ ပွဲပေါင်းမှ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်ပဲရတယ်ဆိုတော့ တိုက်စစ်ပိုင်း သိပ်ကိုညံ့ပါတယ်။ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်ဆိုတာ တစ်ပွဲအတွင်းရတဲ့ ကန်ချက်မျိုးပဲ ဖြစ်သင့်တယ်။ ယူရိုမှာ အုပ်စုအဆင့်တွေ စသတ်မှတ်တဲ့ ၁၉၈၀ နောက်ပိုင်း အညံ့ဆုံးတိုက်စစ်ပဲ။ စကော့တလန်ဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ခဲ့သမျှ တစ်ကြိမ်မှ အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့ပါဘူး။ ယူရို ၂၀၂၄ မှာတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ သူတို့ အားခဲခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အုပ်စု ၃ ပွဲကစားခဲ့တာမှာ တစ်မှတ်ပဲရခဲ့တယ်။ ကစားသမားတွေဟာ အရည်အသွေးလည်းရှိ၊ စိတ်ဓာတ်လည်း ပြင်းထန်ပေမယ့် စကော့တလန် ဘာကြောင့် ဒီလောက်ရလဒ်တွေ ညံ့ရသလဲဆိုတာတော့ နားမလည်နိုင်ပါဘူး။
إظهار الكل...
ရုန်းကန်ခဲ့ရတဲ့ ဂျာမနီ အုပ်စုတက်ပြီးသား ဂျာမနီအသင်း ဆွစ်ဇာလန်နဲ့ အတွေ့မှာ အသည်းအသန် ကစားခဲ့ရတယ်၊ ရှုံးပြီ လို့ ထင်ခဲ့ရပေမဲ့ ပွဲပြီးခါနီး ခေါင်းတိုက်သွင်းဂိုးနဲ့ သရေကျခဲ့တယ်၊ ဆွစ်ဇာလန် ရုန်းအားကြောင့် အမှတ်မထင် ခက်ခဲသွားတယ်လို့ပဲ ဆိုချင်တယ် အခုပွဲ မကစားခင်မှာ ဂျာမနီက ၆ မှတ်၊ ဆွစ်ဇာ လန်က ၄ မှတ်၊ ဒီပွဲမှာ ဆွစ်ဇာလန် နိုင်ရင် ၇ မှတ် ရပြီး အုပ်စုဗိုလ်ဖြစ်မယ်၊ အဲဒိ မျှော်လင့်ချက်နဲ့ပဲ ဆွစ်ဇာလန် ကစားခဲ့တာပါ ဒါပေမဲ့ ဘောလုံးပွဲ သဘာဝအတိုင်း ကစားရင်း အရှိန်တက်လာပြီး၊ ဆွစ်ဇာလန် ပိုကောင်းလာ တယ်၊ ဂျာမနီရတဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့ တော့လည်း ဆွစ်ဇာလန် အားပိုရှိသွားပုံပဲ၊ ဂျာမ နီ တစ်ဂိုးရပေမဲ့ VAR ကြည့်ပြီး ဖျက်လိုက်တာ တော်တော် ခံရခက်တယ်၊ ဂိုးတွေ ရပြီးမှ Build Up လုပ်တဲ့နေရာမှာ Foul ရှိတယ် ဆိုတာ တမင် အပြစ်ရှာသလိုပဲ၊ ဖြစ်ချင်တော့ ဆွစ်ဇာလန် ရတဲ့ ဂိုးကလည်း တော်တော် ကောင်းပါတယ်၊ ကွက် တိ အရမ်းကျခဲ့တယ်၊ အန်ဒိုရီက ၂၈ မိနစ်မှာ သွင်း ယူခဲ့တာ၊ အဲဒိနောက်တော့ ဂျာမနီဟာ ဂုဏ် သိက္ခာအတွက်ရော၊ တင်းထားတဲ့ စိတ်တွေ မကျ ချင်တာကြောင့်ရော အသားကုန် တိုက်ပါတယ် ဂျာမနီ အခွင့်အရေးတွေ ရသလို၊ ဒိုင်လူကြီးရဲ့ တချို့သော ဆုံးဖြတ်ချက်တွေလည်း နားလည်ရ ခက်သလိုပဲ၊ အိမ်ရှင် ဖိအားရယ်၊ တရစပ် တိုက် စစ်ဆင်နေတာရယ်ကြောင့် ပွဲပြီးခါနီး ၉၀+၂ မိနစ် မှာတော့ ချေပဂိုးရသွားပါတယ်၊ အဲဒိ ချေပဂိုး ခေါင်းတိုက်ချက် မတိုင်ခင်မှာ ၂ ခါလောက် တိုက် ပြီးပြီ၊ ဂိုးရတဲ့ ခေါင်းတိုက်ချက်ကတော့ တကယ် ကောင်းတယ်၊ ဒါကြောင့်လည်း သရေကျခဲ့တာ၊ ဂျာမနီအသင်း ရုန်းကန်ခဲ့ရပေမဲ့ နောက်ဆုံးမှာ ကြိုးစားမှု ရလဒ်အတိုင်း ခံစားခဲ့ရတော့ မဆိုးပါ ဘူးလို့ပဲ ပြောပါရစေ
إظهار الكل...
Prohibited content
Prohibited content
ဘာနေဗျူးကို ကျောခိုင်းသွားမယ့် ရီးရဲလ်သစ္စာခံ ရီးရဲလ်ရဲ့အမာခံ၊ သစ္စာခံ သက်တော်ရင့်ကစားသမားတစ်ယောက် ဘာနေဗျူးကို ကျောခိုင်းသွားတော့မယ်။ ရီးရဲလ်နောက်ခံလူ နာချိုဟာ ဆော်ဒီကလပ် Al Qadsiah ကို ပြောင်းရွှေ့သွားတော့မှာပါ။ ရီးရဲလ်နဲ့နာချိုတို့ရဲ့ နှစ် ၂၀ ကျော်ဇာတ်လမ်း တစ်ခန်းရပ်သွားပါတော့မယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နာချိုဟာ သူ့အသက် ၁၁ နှစ်အရွယ် ၂၀၀၁ ခုနှစ်မှာ ရီးရဲလ်ကို ရောက်လာခဲ့တာပါ။ ရီးရဲလ်ရဲ့လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းပြီးတော့မှ ၂၀၁၁ ခုနှစ် ဧပြီလမှာ ရီးရဲလ်အသင်းကြီးအတွက် ပထမဆုံးအဖြစ် စတင်ကစားခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက ရီးရဲလ်ကို မော်ရင်ဟို ကိုင်တွယ်နေချိန်ပေါ့။ မော်ရင်ဟိုက နာချိုကို ယုံယုံကြည်ကြည်နဲ့ပွဲထုတ်အသုံးပြုခဲ့ပြီး နာချိုရဲ့ ရီးရဲလ်အသင်းနဲ့စွန့်စားခန်းတွေ စတင်ခဲ့တယ်။ အခုတော့ နာချိုဟာ ရီးရဲလ်အသင်းသမိုင်းရဲ့ ချန်ပီယံဆုဖလားအများဆုံး ကစားသမား ဖြစ်လာတယ်။ သူဟာ ရီးရဲလ်အသင်းအတွက် ၃၆၄ ပွဲကစား၊ ဆုဖလား ၂၆ ခု ရယူပြီး မိုဒရစ်နဲ့အတူ ရီးရဲလ်ရဲ့ချန်ပီယံဆုအများဆုံး ကစားသမား ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နာချိုဟာ ရီးရဲလ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့စပိန်စူပါဖလားတွေ ရခဲ့တယ်။ ရီးရဲလ်က နာချိုကို နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်တိုးဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ နာချိုကတော့ လက်မခံဘဲ ဆော်ဒီကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။ ရီးရဲလ်ကစားသမားဟောင်းမီချယ် ကိုင်တွယ်နေတဲ့ ဆော်ဒီတန်းတက်ကလပ် Al Qadsiah ရဲ့ ကမ်းလှမ်းမှုကို သူ လက်ခံခဲ့တယ်။ နာချိုဟာ ဆော်ဒီလိဂ်ကို ပြောင်းပြီး စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ရတော့မှာပါ။ ဒါပေမဲ့ ရီးရဲလ်အတွက် နှစ်အကြာကြီးပေးဆပ်ကစားလာခဲ့သူ၊ ရီးရဲလ်အသင်း လိုအပ်လာချိန်တိုင်းမှာ အမြဲတမ်းအသင့်ရှိနေခဲ့သူ နာချိုကို ရီးရဲလ်ပရိသတ်တွေ မေ့နိုင်ကြမယ် မထင်ပါဘူး။
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.