ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

Institute of Human Rights and Democratic Governance - IHRDG

Institute of Human Rights and Democratic Governance - IHRDG

الذهاب إلى القناة على Telegram

Join Myanmar's best news channel for youths, covering analysis, events, jobs, and other youth opportunities through our weekly newsletters and International Week-in-Review to stay up to date with global news. Stay informed, stay empowered!

إظهار المزيد
1 216
المشتركون
لا توجد بيانات24 ساعات
-87 أيام
-530 أيام
أرشيف المشاركات
11th October 2026 - IHRDG Telegram Weekly Updates PDF.pdf2.47 KB

To read this week's newsletter, please click on the link below: https://shorturl.at/0Pz00 Or Download the pdf file below.

International Week-in-Review, 7th October 2026 PDF.pdf1.58 KB

To read this week's "International Week-in-Review", click on the link below: https://shorturl.at/4ftmS Or Download the  pdf file below.

📚 World Teachers’ Day | October 5 နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့ အား ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ အရေးပါသော အခန်းကဏ္ဍနှင့် ပညာရေးအတွက် ပေးဆပ်မှုများကို ဂုဏ်ပြုသည့် World Teachers’ Day အဖြစ် ကျင်းပလျက်ရှိပါတယ်။ World Teachers’ Day သည် ဆရာ၊ ဆရာမများ၏ အခွင့်အရေး၊ တာဝန်ဝတ္တရားများ၊ သင်ကြားရေးဆိုင်ရာ ပြင်ဆင်မှု၊ အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အခြေအနေများအတွက် အရေးကြီးသော စံနှုန်းများ ချမှတ်ပေးခဲ့သည့် 1966 ILO/UNESCO Recommendation concerning the Status of Teachers ကို အတည်ပြုခဲ့သည့်နေ့ကို အမှတ်ရဂုဏ်ပြုသည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ဂုဏ်ပြုရုံသာမက သူတို့က ပညာရေးကို ဘယ်လိုပြောင်းလဲပေးနေသလဲ၊ သင်ယူသူတွေရဲ့ အသိပညာ၊ စဉ်းစားနိုင်စွမ်းနဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်ပေးနေသလဲဆိုတာကို ပြန်လည်အသိအမှတ်ပြုရမယ့် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ IHRDG အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ပညာရပ်ဆိုင်ရာ အသိပညာမျှဝေပေးရုံသာမက လွတ်လပ်စွာ စဉ်းစားတတ်စေဖို့၊ မေးခွန်းထုတ်တတ်စေဖို့၊ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ယူတတ်စေဖို့ စိတ်အားထက်သန်စွာ လမ်းညွှန်ပေးနေကြတဲ့ IHRDG မှ ဆရာ၊ ဆရာမများအားလုံးကို အထူးလေးစားစွာ ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ ထို့အပြင် ကမ္ဘာတစ်ဝန်းမှာ အခက်အခဲမျိုးစုံကြားကနေ သင်ယူသူတွေရဲ့ အနာဂတ်အတွက် ဆက်လက်သင်ကြားပေးနေကြတဲ့ ဆရာ၊ ဆရာမများအားလုံးကိုလည်း လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။ ဒီ World Teachers’ Day အထိမ်းအမှတ်အနေနဲ့ ဒီ video လေးကနေတစ်ဆင့် IHRDG ရဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေက သူတို့ရဲ့ ဆရာ၊ ဆရာမတွေကို ပြောကြားထားတဲ့ ကျေးဇူးတင်စကားလေးတွေကိုလည်း အတူတူ ပြန်လည်နားဆင်ပေးကြပါဦးနော်။ 💛 https://youtu.be/1JCNAEi1OPA?si=LXCo2vO0cRv1P9Lt သင်ကြားပေးခြင်း၊ လမ်းညွှန်ပေးခြင်းနဲ့ လူငယ်မျိုးဆက်သစ်တွေကို အားပေးမြှင့်တင်ပေးနေကြတဲ့ ဆရာ၊ ဆရာမများအားလုံး — Happy World Teachers’ Day! 🌱 #WorldTeachersDay #TeachersDay #ThankYouTeachers #Education #IHRDG

4th October 2026 - IHRDG Telegram Weekly Updates PDF.pdf2.48 KB

To read this week's newsletter, please click on the link below: https://shorturl.at/tlH53 Or Download the pdf file below.

IHRDG ရဲ့ 2026–2027 Academic Year Diploma Programmes များအတွက် Admission Interview Results များ ထွက်ရှိလာပါပြီ။ Interview ဖြေဆိုထားသူများအနေနဲ့ မိမိတို့ရဲ့ Email Inbox ကို စစ်ဆေးပေးကြဖို့ အသိပေးလိုပါတယ်။ Inbox မှာ Email မတွေ့ရှိပါက Spam / Junk Folder ထဲမှာလည်း စစ်ဆေးပေးကြပါနော်။ ရွေးချယ်ခံရသူများအနေနဲ့ Email မှာ ဖော်ပြထားတဲ့ နောက်တစ်ဆင့် ဆောင်ရွက်ရမယ့်အချက်များနဲ့ သတ်မှတ်ရက်များကို သေချာဖတ်ရှုပြီး အချိန်မီ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ IHRDG Diploma Programmes ကို စိတ်ဝင်စားစွာ လျှောက်ထားပြီး Interview မှာ ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 📢 ADMISSION UPDATE: INTERVIEW RESULTS ARE OUT! The Admission Interview Results for IHRDG’s 2026–2027 Academic Year Diploma Programmes are now available. All applicants who participated in the interviews are kindly requested to check your email inbox for your results. If you cannot find the email in your inbox, please also check your Spam / Junk folder. Selected applicants are encouraged to carefully read the email and follow the next steps and deadlines provided. Thank you to everyone who applied and participated in the admission interviews. We truly appreciate your interest in joining IHRDG.

Thanks for subscribing to our channel! Connect with us online: https://linktr.ee/ihrdg.communications

To read this week's "International Week-in-Review", click on the link below: https://shorturl.at/Ivm74 Or Download the  pdf file below.

27th September 2026 - IHRDG Telegram Weekly Updates PDF.pdf2.51 KB

To read this week's newsletter, please click on the link below: https://shorturl.at/jRcpH Or Download the pdf file below.

IHRDG 2026–2027 Admissions: Demographic Overview IHRDG ရဲ့ ၂၀၂၆–၂၀၂၇ ပညာသင်နှစ် ဒီပလိုမာသင်တန်း ၅ ခု အတွက် Early Admission နှင့် Regular Admission မှတစ်ဆင့် စုစုပေါင်း လျှောက်လွှာ ၂၉၅ စောင် လက်ခံရရှိခဲ့ကြောင်း ယခင်က ဝမ်းမြောက်စွာ မျှဝေခဲ့ပြီးဖြစ်ပါတယ်။ ယခုနှစ် လျှောက်ထားသူများရဲ့ အချက်အလက်များကို ကြည့်မယ်ဆိုရင် မတူကွဲပြားတဲ့ နောက်ခံအသီးသီးကနေ IHRDG ကို စိတ်ဝင်စားစွာ လျှောက်ထားခဲ့ကြတာကို တွေ့မြင်ရပါတယ်။ လျှောက်ထားသူများထဲမှာ မတူညီတဲ့ တိုင်းရင်းသားနောက်ခံများ၊ လိင်၊ အသက်အရွယ်နှင့် နေထိုင်ရာ ဒေသအသီးသီး မှ လျှောက်ထားသူများ ပါဝင်သလို၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသာမက ပြည်ပနိုင်ငံများတွင် နေထိုင်နေသူများထံမှလည်း လျှောက်လွှာများ လက်ခံရရှိခဲ့ပါတယ်။ ဒီမတူကွဲပြားမှုတွေဟာ IHRDG ရဲ့ သင်ယူမှုအသိုင်းအဝိုင်းအတွင်း diversity, inclusion နဲ့ မတူညီတဲ့ အတွေ့အကြုံများကို တန်ဖိုးထားမှု ကို ထင်ဟပ်စေပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေ၊ အမြင်နဲ့ အတွေ့အကြုံတွေရှိတဲ့ သင်ယူသူများ အတူတကွ လေ့လာဆွေးနွေးနိုင်ခြင်းဟာလည်း IHRDG ရဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ပိုမိုအဓိပ္ပာယ်ရှိစေမယ်လို့ ယုံကြည်ပါတယ်။ IHRDG အနေနဲ့လည်း ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ရွေးချယ်ခံရမယ့် ကျောင်းသူ၊ ကျောင်းသားအသစ်များကို ကြိုဆိုတွေ့ဆုံရဖို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်။ IHRDG ရဲ့ Diploma Programmes များကို စိတ်ဝင်စားယုံကြည်စွာ လျှောက်ထားပေးခဲ့ကြသူ တစ်ဦးချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

Thanks for subscribing to our channel! Connect with us online: https://linktr.ee/ihrdg.communications