Book4U.MM
الذهاب إلى القناة على Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
إظهار المزيد5 388
المشتركون
-624 ساعات
-277 أيام
-10730 أيام
أرشيف المشاركات
5 387
ခေတ်ပေါ်ဆေးဝါး အမျိုးပေါင်း ၄ဝဝ နီးပါး၊ အမည်ပေါင်း ၃၃ဝဝ ကျော်တို့၏ အသုံးပြုနည်း၊ ဆောင်ရန် ရှောင်ရန်အချက်များတို့ကို ပြညွှန်းထားသော စာအုပ်ဖြစ်သည်။ ဆေးအမည်များကို အက္ခရာစဉ်ကာ ဆေးတစ်မျိုးစီ၏ အသုံး၊ ဆေးညွှန်းနှင့် အသုံးပြုပုံ၊ သတိပြုရန်၊ ဆေးအပြစ်များ၊ ရှောင်ရန်များကို စနစ်တကျ ဖော်ပြထားသည်ကိုတွေ့ရသည်။
~~~~~~~~~~~~~~~~
📘ခေတ်ပေါ်ဆေးဝါးလမ်းညွှန်
✍–ဒေါက်တာဇေယျ
တန်ဖိုး–25000
စာမျက်နှာ–639
-----------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း)၊ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်
5 387
ခဲတံကိုသုံးရတဲ့ ကလေးအရွယ်မှာ မှားခဲ့တဲ့အမှားတွေကို လူတွေက သတိမထားကြပေမဲ့လည်း ဘောပင်ကိုသုံးရတဲ့ လူကြီးအရွယ်မှာ မှားတဲ့အမှားမျိုးကျ လူတွေက သတိထားမိတတ်ကြတယ်။
လမ်းဘေးကကျောက်ခဲလည်း မြေကြီးထဲက ထွက်လာတာပါ။ ဒီလိုပါပဲ လက်ဝတ်ရတနာအဖြစ် ဆင်မြန်းကြတဲ့ ပတ္တမြားလည်း မြေကြီးထဲက ထွက်လာတာပါ။ အချိန်ကာလနဲ့ ဖိအားပေါ်မူတည်ပြီး တန်ဖိုးအားဖြင့် အကွာကြီးကွာနေကြတယ်လေ။
မိမိဘဝ မိမိအနာဂတ်ကို ရွှေချထားသလို ပြောင်ရောင်နေအောင် ကြိုးစားခြင်းဟာ တိုင်းပြည်အနာဂတ်ကို ရွှေချခြင်းပါပဲနော်။
ဆရာဦးအောင်စိုးဦး (အတွေးဖွင့် အရေးမြှင့်)
တန်ဖိုး-၈၀၀၀
စာ-၁၂၂
5 387
လူတိုင်းက လူငယ်ဆိုတဲ့ အခွင့်အရေးကို အသုံးချကြပါ တယ်။ အသုံးချမှု မမှန်ကန်လို့ အောင်မြင်မှုနဲ့ ဝေးကွာနေရတာ ဖြစ်တယ်။
လူငယ်အများစုက မကောင်းတာဆိုရင် စမ်းသပ်ချင် တယ်။ စပ်စုချင်တယ်။ အာရုံစိုက်ကြတယ်။ လူကြီးတွေက မကောင်းဘူးပြောရင် လက်မခံနိုင်ဘူး။
လူငယ်ဆိုတာ ကိုယ်တိုင် စမ်းသပ်မှ ယုံမှာပေါ့ဆိုပြီး ဆင်ခြေပေးတတ်ကြတယ်။ အဲဒီလို လူငယ်တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ အဲဒီလို စမ်းသပ်ချင်တဲ့စိတ်က ကောင်းတဲ့နေရာမှာ အသုံးချမှ ဆေးဖြစ်နိုင်တယ်။ မကောင်းတဲ့နေရာမှာ အသုံးချရင်တော့ ဘေးအန္တရာယ် ရှိနိုင်ပါတယ်။
📗လူငယ်ဆိုတာ လူငယ်လိုနေရမယ်
✍️စာရေးသူ-ပိုင်ပိုင်လင်းဦး
တန်ဖိုး-၇၀၀၀
စာမျက်နှာ-၁၁၀
5 387
👉📖ဤစာအုပ်မှ လေ့လာနိုင်မည့် အကြောင်းအရာများ
🔰Data Literacy ၏ အခြေခံသဘော တရားများကို နားလည်နိုင်ခြင်း
🔰Data ကို လက်တွေ့အသုံးချနိုင်သော Insights များအဖြစ် ပြောင်းလဲနိုင်ခြင်း
🔰Data ကို အခြေခံ၍ Analyst တစ်ယောက်ကဲ့သို့ စဉ်းစားနိုင်ခြင်း
🔰Reportsı Dashboards နှင့် KPIS များကို ထိရောက်စွာ ဖတ်ရှုသုံးသပ်နိုင်ခြင်း
🔰Insights များကို Data Storytelling နှင့် Presentation Techniques များဖြင့် ထိရောက်စွာ တင်ပြဆက်သွယ်နိုင်ခြင်း
📘DATA LITERACY
လုပ်ငန်းဦးဆောင်သူများအတွက် DATA အသုံးချမှုလမ်းညွှန်
✍Wai Lin(Learns Business Intelligence)
တန်ဖိုး-၁၇၀၀၀
စာမျက်နှာ-၁၈၆
5 387
HMIအပိုင်း (၂) တွင် PLC တမျိုးမျိုးကို လက်ဝယ်ရှိထားသူများအတွက် HMI မရှိသေး သော်လည်း HMI ရှိဘိသကဲ့သို့ PLC ကို ခိုင်းစေနိုင်တဲ့ လက်တွေ့လေ့ကျင့်ခန်း Exercise များဖြင့် ရေးသားထားပါတယ်။ HMI က PLC နှင့်တွဲဆက်အသုံးပြုရတဲ့ Device ဖြစ်တာကြောင့် PLC အကြောင်း ကောင်းကောင်း သိထားပြီးမှ ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပိုပြီးသင့်လျော်ပါတယ်။
HMI မိတ်ဆက်အပိုင်း (၁) တွင် HMI ကို Program ရေးလို့ရတဲ့ Screen Editor Software ကို စာအုပ်နဲ့အတူ CD ထဲမှာထည့်ပေးထားပါတယ်။
HMI မိတ်ဆက်အပိုင်း (၂) တွင် Exercise Program တွေနှင့်အတူ PLC လေးမျိုးအတွက် Programming software တွေကိုပါ CD ထဲမှာ ထည့်ပေးထားပါတယ်။ ယနေ့ခေတ်သည် Computer ခေတ်ဖြစ်သည်နှင့်အညီ HMI ကို လေ့လာသူများ အားလုံးကို Computer နှင့် အကျွမ်းတဝင်ရှိပြီးဖြစ်သည်ဟုမှတ်ယူပြီးရေးသားပါတယ်။
အကြောင်းအရာတခုကို လေ့လာတဲ့အခါ အခြေခံအဆင့်မှ စတင်ရပါတယ်။
HMI ရော PLC ပါ electronic device တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် electrical knowledge ရော electronic knowledge ပါ ရှိထားရပါမယ်။ မရှိသေးရင် ရှိအောင် လေ့လာသင်ယူပြီးမှ နားလည်မှာဖြစ်ပါတယ်။
HMIမိတ်ဆက်အပိုင်း(၂)
~~~~~~~~~~~~~
✍U Soe Tint
တန်ဖိုး-၄၀၀၀၀
စာ-၄၄၀
5 387
ဒီနေ့ခေတ် စက်ရုံ အလုပ်ရုံတွေမှာရှိတဲ့ Control Panel တွေမှာ HMI ကို တတ်ဆင် အသုံးပြုနေကြပြီဖြစ်ပါတယ်။
HMI က Control Panel ရဲ့ ရှေ့မျက်နှာစာမှာရှိပြီး PLC ကတော့ Control Panel ရဲ့ အတွင်းမှာ တတ်ဆင်ထားပါတယ်။ HMI (Human Machine Interface) ဆိုတဲ့ နာမည်နဲ့ အညီ Operator ဖြစ်တဲ့လူနဲ့ စက်ကို ဆက်သွယ်ရာမှာ အရေးပါတဲ့တာဝန်ကို HMI က ထမ်းဆောင်ပါတယ်။ လူက စက်ကို စေခိုင်းဖို့ Input elements တွေကို HMI ပေါ်မှာ ဖန်တီးရေးဆွဲထားလို့ ရပါတယ်။ စက်က ပြန်လည်သတင်းပို့တာကို လူက သိရှိနားလည် နိုင်တဲ့ Display elements တွေကိုလည်း HMI ပေါ်မှာ ဖန်တီးရေးဆွဲထားလို့ရပါတယ်။
ရှေးယခင်က Control Panel ရဲ့ ရှေ့မျက်နှာစာပေါ်မှာ တတ်ဆင်အသုံးပြုခဲ့ကြတဲ့ Push-button i Selector switch ∞ Indicator ∞ Chart Recorder Status Lamp တို့၊ Annunciator တို့ အားလုံးကို ယခုအခါ ဆိုင်ရာ ဆိုင်ရာ အဓိပ္ပါယ်ရှိတဲ့ ရုပ်ပုံ တွေအဖြစ် HMI ပေါ်မှာ ဖန်တီးရေးဆွဲပြီး အသုံးပြုနေကြပါတယ်။
HMI ပေါ်မှာရေးဆွဲရတဲ့ ရုပ်ပုံ Element တွေရဲ့ လုပ်ဆောင်ချက် Function ကို နားလည်သဘောပေါက်အောင် ဒီစာအုပ် HMI မိတ်ဆက်အပိုင်း(၁) မှာ ရေးသားဖေါ်ပြ ထားပါတယ်။
တန်ဖိုး-၃၅၀၀၀ ကျပ်
5 387
+1
Al ခေတ်ထဲ ချင်းနင်းဝင်ရောက်လာပြီဖြစ်သဖြင့် Al ခေတ် အနာဂတ်ကို ကြိုတင်မှန်းဆ ပြင်ဆင်ထားဖို့ လိုလာပြီဟု ယုံကြည်သဖြင့် ဤစာအုပ်ကို ပြန်ဆိုလိုက်ပါသည်။ မူရင်းစာရေးသူသည် Al နယ်ပယ် တွင် အတွင်းကျကျ ဦးဆောင်လာခဲ့သူ တစ်ဦးဖြစ်သဖြင့် စိတ်ကူးယဉ် သက်သက်မဟုတ်ပဲ နည်းပညာပိုင်းအရ ဖြစ်နိုင်ခြေရှိသော အနာဂတ်ကို ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ထို အနာဂတ်မြင်ကွင်း အတော်များများမှာ ယနေ့တွင်ပင် အစပျိုးနေသည်ကိုလည်း သတိပြုနိင်ပါသည်။ စာမျက်နှာ အခက်အခဲကြောင့် မူရင်း ပုံဝတ္ထုများနှင့် ဆောင်းပါးများကို ချုံ၍ ပြန်ဆို လိုက်ရပါသည်။ စာဖတ်သူများ အကျိုး တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။
(အမှာမှ ကူးယူဖော်ပြပါသည်)
နီမို(ဘာသာပြန်ဆိုသည်)
တန်ဖိုး-၂၀၀၀၀
စာမျက်နှာ-၂၇၀
5 387
✔️လူငယ်ဆိုတာ နိုင်ငံအတွက် ရတနာပါ။
✔️လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါ။
✔️လူငယ်ဆိုတာ နိုင်ငံအတွက် အင်အားပါ။
ဒါကြောင့် နိုင်ငံအတွက် လူငယ်တွေကို မျက်ကွယ်ပြုလို့ မရပါဘူး။
စာရေးသူ ညီညီဈာန်ရဲ့ ‘လူငယ်တွေမှာ စွမ်းအားရှိတယ်’ ဆိုတဲ့ စာအုပ်လေးထဲမှာပါဝင်တဲ့ လူငယ်ရေးရာ စာမူတွေဟာ လူငယ်တွေရှိရာအရပ်ကို အပြည့်အဝ မျက်နှာမူထားတဲ့ စာမူတွေ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဒီစာမူတွေဟာ ၂၀၁၈၊ ၂၀၁၉ ကာလတွေတုန်းက အယ်ဒီတာစားပွဲကို ဖြတ်ကျော်ပြီး စာနယ်ဇင်းစာမျက်နှာတွေပေါ်မှာ ပါရှိခဲ့တဲ့ စာမူတွေ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ လူငယ်တွေအတွက် လူငယ်တွေ ဖတ်သင့်တဲ့ စာမူတွေပါဝင်သလို လူငယ်တွေအတွက် လူကြီးတွေ ဖတ်သင့်တဲ့ စာမူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ လူငယ်တွေသာမက လူကြီးတွေပါ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
📘လူငယ်တွေမှာ
စွမ်းအားရှိတယ်
✍ညီညီဈာန်
စာမျက်နှာ - ၁၂၀
တန်ဖိုး - ၈,၀၀၀ ကျပ်
5 387
ဒီဘက်ခေတ်မှာ အွန်လိုင်းကနေ စီးပွားရေးလုပ်တယ်ဆိုတာ အလွန်ကို ခေတ်စားလာတဲ့ အကြောင်းအရာတစ်ခုပါ။ ခေတ်စားရ လောက်အောင်လဲ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေက အလုပ် ဖြစ်ပါတယ်။ အရင်တုန်းက လုပ်ငန်းတစ်ခုစဖို့အတွက် နေရာငှားတာ နဲ့တင် အရင်းအနှီးတော်တော်လေး ကုန်နေပြီဆိုပေမဲ့ ဒီဘက် ခေတ် မှာတော့ Facebook Page တစ်ခု၊ Tik Tok အကောင့်တစ်ခုနဲ့ တင် စတင်လို့ ရနေပါပြီ။
အွန်လိုင်းက စီးပွားရေး စလုပ်မှာတော့ ဟုတ်ပါပြီ၊ ဘာလုပ် ငန်းတွေ လုပ်ကြမလဲ။ တကယ်တော့ ဘာလုပ်ငန်းတွေ လုပ်မလဲ မစဉ်းစားခင် အဓိက စဉ်းစားရမဲ့ အချက် ၂ ချက် ရှိပါတယ်။
၁။ မူလအလုပ်တစ်ခု လုပ်နေရင်းကနေ အပိုဝင်ငွေလေး ရရှိအောင် လုပ်မှာလား။
၂။ ဒီလုပ်ငန်းကို လုံးဝ ကြီးထွား အောင်မြင်တဲ့အထိ လုပ်မှာလား။ အဲဒီ ၂ ချက်အပေါ်မူတည်ပြီး ပေးဆပ်ရမဲ့ အချိန်၊ စိုက်ထုတ် ရမဲ့ ခွန်အား မတူပါဘူး။
ပြောချင်တာက ဒီအချက် (၂)ချက်ကို သေ သေချာချာ စဉ်းစားပါ၊ ပြီးရင် ဆုံးဖြတ်ပါ။ မအောင်မြင်မချင်း စိတ်ရော လူရော အပင်ပန်းခံပြီး သေချာကြိုးစားလုပ်ဖို့ ဆုံးဖြတ်ပြီး ပြီဆိုရင် ပထမဆုံးအဆင့် အဆင်ပြေပြီလို့ ပြောနိုင်ပါတယ်။
မစခင် သေသေချာချာ သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ကြပါစေ။
တန်ဖိုး-၁၇၀၀၀
စာ-၂၂၂
5 387
မြစ်တစ်စင်းဟာ ကမ်းနှစ်ခုအကြားမှာ စီးဆင်းနေလို့သာ ပင်လယ် ဆီကို ရောက်နိုင်တာပါ။ ဘေးတစ်ဖက်စီမှာ ကမ်းမရှိတဲ့အခါ ရေပြင်ကျယ် ဖြစ်သွားနိုင်ပေမဲ့ ဦးတည်ရာ ဦးတည်ချက်တော့ ရှိနေမှာ မဟုတ်ပါဘူး။ လူ့ဘဝဟာလဲ ဒီအတိုင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတဲ့ စည်းကမ်း၊ ကိုယ့်ဘဝကို လမ်းကြောင်းမှန်ပေါ်မှာ ထိန်းပေးတဲ့ စည်းကမ်း ရှိနေမှသာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ဆီ မယိမ်းမယိုင်ဘဲ အရောက်လှမ်းနိုင်မှာပါ။
- J-
စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ အဆုံးမှာ တွေ့ရှိရမဲ့ ပန်းတိုင် တစ်ခု မဟုတ်ပါဘူး။ စည်းနဲ့ ကမ်းနဲ့ နေထိုင်ဖို့ နေ့စဉ် ကြိုးစားနေတဲ့ ဘဝလမ်းခရီးမှာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေကနေ တဖြည်းဖြည်း ပေါက်ဖွား လာတဲ့ ဘဝနေထိုင်မှု ပုံစံပါပဲ။
📒စည်းနဲ့ကမ်းနဲ့ပျော်ရွှင်ပါ
✍အက်ရှာ(Asher)
တန်ဖိုး-၈၀၀၀
စာမျက်နှာ-၁၁၂
5 387
JOSEPH PRINCE စာအုပ်(၄)မျိုး...
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
ဤစာအုပ်သည် တိုယိုတာမှထုတ်ဝေသော Fundamentals of Serviving စာအုပ်ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ဤစာအုပ်တွင် မော်တော်ယာဉ်တစ်စီး၌ ပါဝင်အသုံးပြုထားသောနည်းပညာအခြေခံများအားလုံးကို ခြုံငုံမိအောင်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။ တစ်နည်းအားဖြင့် မော်တော်ယာဉ်ပိုင်ရှင်များအနေနှင့်လည်းကောင်း၊မော်တော်ယာဉ်ပြုပြင်သူများအနေဖြင့်လည်းကောင်း၊မော်တော်ယာဉ်လုပ်ငန်းများလုပ်ကိုင်သူများအနေနှင့်လည်းကောင်း မသိမဖြစ်သိထားသင့်သော၊မရှိမဖြစ်လက်ကိုင် ထားသင့်သော အခြေခံနည်းပညာစာအုပ်ဖြစ်ပါသည်။
------
ခေတ်မီ မော်တော်ယဉ်ဆိုင်ရာ အခြေခံနည်းပညာများ (အလုပ်ရုံလက်စွဲ)
========================
စာရေးသူ–မင်းသိန်း (စက်မှု)
တန်ဖိုး–45000 ကျပ်
စာမျက်နှာ–375
-----------------------------------------------
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
+3
📖မိခင်လမ်းညွှန်
စနစ်တကျ ကလေးပြုစုနည်းများ အခြားသိကောင်းစရာများ
✍ JESSICA MOZART
တန်ဖိုး-၁၅၅၀၀
စာမျက်နှာ-၁၈၀
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
သားတို့၊ သမီးတို့ရေ ...
မြန်မာစာဆိုတာ သားတို့၊ သမီးတို့ ကျောင်းစတက်တဲ့ အရွယ်ကတည်း က ရင်းနှီးရတဲ့ ‘ငယ်သူငယ်ချင်း’ ပဲ မဟုတ်လား။ ကျောင်းစတက်တက်ချင်း သားတို့၊ သမီးတို့ ဘာကို စသင်ရသလဲ။ “ဝ ဝကလေး ဝိုင်းဝိုင်းရေး” ဆိုပြီး ဝလုံးရေးတာ သင်ရတယ် မဟုတ်လား။ အေ ဘီ စီ ဒီတို့၊ တစ် နှစ် သုံး လေး တို့က နောက်မှ သင်ရတာပါ။ ဒီတော့ မြန်မာစာဟာ သားတို့၊ သမီးတို့ရဲ့ ငယ်သူငယ်ချင်း အရင်းကြီးပေါ့ကွယ်။
✍မောင်ခင်မင် (ဓနုဖြူ)
📒ကွဲပြားစေဖို့ရာ
မြန်မာစကားနဲ့ မြန်မာစာ
တန်ဖိုး-၁၀၀၀၀
စာမျက်နှာ-၁၅၇
5 387
လုပ်ချင်တာတွေ များနေပြီး...
လုပ်သင့်ဆုံးနဲ့ လုပ်ရမှာကို တစိုက်မတ်မတ် မလုပ်ဘဲ အာရုံမစူးစိုက်တတ်လို့ အလုပ်မတွင် အလုပ်မဖြစ် အသုံးမကျသလို ဖြစ်နေကြတာပါ။
အာရုံစူးစိုက်တတ်မှုဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို မဖြည့်တင်းထားနိုင်ရင်
အောင်မြင်တဲ့ ဘဝအနေအထားကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။
ဖြစ်ချင်တာတွေ ရချင်တာတွေ ရောက်ချင်တာတွေ စသဖြင့်
ကိုယ့်အလိုဆန္ဒက တောင့်တသမျှ အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကိုယ့်ရဲ့ စိတ်အာရုံစူးစိုက်မှုနဲ့ ရည်သန်မှုတွေကို ထိန်းညှိတတ်ဖို့ လိုပါတယ်။
* ဒီစာအုပ်ကနေ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစား အားထုတ်မှုမှန်သမျှ လက်တွေ့ ဖြစ်မြောက်လာအောင်၊ အရေးပါတာတွေကိုပဲ အာရုံစူးစိုက်သွားနိုင်အောင်၊ ကိုယ်စွမ်း ကိုယ်စ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေး အသုံးကျနည်းလမ်းတွေကို လေ့လာသွားရမှာဖြစ်ပါတယ်။
📙အာရုံစူးစိုက်နိုင်စွမ်းကို
ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ
~~~~~~~~~~
✍-လူသာ(အတွေးအမြင်)
စာမျက်နှာ-၂၄၀
တန်ဖိုး-၁၈၀၀၀
5 387
📕AutoCAD DRAWING FOR
M&E Service
ဒီစာအုပ်ကို လေ့လာရာမှာ Basics Operations Tools တွေကဘာ၊ Precision Tools, Drawing and Drafting Tools, Editing Tools တွေကဘာဆိုတာမျိုး
မစီစဉ်ထားပဲနဲ. သင်တန်းတက်ရာမှာ ဆရာတစ်ဦးက သင်သလို လိုအပ်ချက် အဆင့်တိုင်းအစီအစဉ်အလိုက် ရေးသားသွားဖို. ရည်ရွယ်ထားပါတယ်။
AutoCAD ကို အခုမှ စာလေ့လာမဲ့ သူတွေက အပိုင်း ၁။ ပြီးမှ အပိုင်း ၂ အဆင့်လိုက် လေ့လာ သင့်ပါတယ်။
AutoCAD ကို ရင်းနှီးပြီးသား သူတွေကတော့ အပိုင်း ၂ M&E Drawings ပိုင်း ကျော်ပြီးလေ့လာလို.လဲ ရပါတယ်။
အခန်းတွေ ကတော့ ကျွန်တော်တို. စီစဉ်ထားတဲ့ အတိုင်းသာ ဆက်ပြီး လေ့ကျင့် သွားပေးပါ။ အခန်းစဉ်တွေ အားလုံး ပြီးရင်တော့ AutoCAD Software ကို ကောင်းမွန်စွာ အသုံးချ နိုင်သွားပြီး၊ M&E Drawings ပိုင်းအတွက် လုပ်ငန်းခွင် ဝင်ဖို. အဆင်သင့် ဖြစ်နေပါပြီ။
စာအုပ်တွင် ရှင်းပြရန် ခက်ခဲသော နေရာတိုင်းအတွက် Video Files များ ကြည့်ပြီး လွယ်ကူ ရှင်းလင်းစွာ လေ့ကျင့်နိုင်စေရန် အားထုတ်ထားပါတယ်။
AutoCAD Software ကိုတော့ စလေ့လာမဲ့ သူတွေ အတွက် အကောင်းဆုံး ဖြစ်တဲ့ 2010 Version နဲ. အသုံးပြုထားပါတယ်။
======
✍ဦးသက်ဝင်းစိုး
တန်ဖိုး=35000
5 387
ဒီစာအုပ်လေးက အလုပ်ရှင်နဲ့ ဝန်ထမ်းကြားမှာဖြစ်နေတဲ့ အခက်အခဲတွေ၊ အလုပ်မဝင်ခင်မှာ ကြိုတင်လေ့လာ ပြင်ဆင်သင့်တာတွေ၊ မိမိနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြားမှာ သဟဇာတဖြစ်ပြီး ပျော်ရွှင် တိုးတက်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့၊ ရလဒ်တွေ ဖော်ဆောင်နိုင်ပြီး အခက်အခဲ ပြဿနာတွေ နည်းသည်ထက် နည်းနိုင်ဖို့ ရှင်းရှင်းလင်းလင်း ထိထိမိမိ သုံးသပ် ရေးသားတင်ပြထားပါတယ်။
ဒီစာအုပ်ကို အပိုင်း(၃)ပိုင်းဖြင့် တင်ပြဆွေးနွေးထားပါတယ်။
အပိုင်း(၁) လုပ်ငန်းခွင်မဝင်ခင် ပြင်ဆင်သင့်တဲ့အချက်များ
အပိုင်း(၂) လုပ်ငန်းခွင်အတွင်း တာဝန်ဝတ္တရားနှင့် လုပ်ဆောင်ရမည့်အချက်များ
အပိုင်း(၃) အလုပ် မထွက်ခင် လုပ်ဆောင်ရမည့်ကျင့်ဝတ်နှင့် ထားရှိရမည့် စိတ်နေစိတ်ထားများ ဆိုပြီး အပိုင်း(၃)ပိုင်း ခွဲထားပါတယ်။
📖ပျော်ရွှင်အောင်မြင် သင့်လုပ်ငန်းခွင်
✍-မိုင်မိုင်း(နမ့်စန်)
တန်ဖိုး-10000
စာမျက်နှာ-130
5 387
(22.8.2026) မှာ ထွက်ရှိမည်။
±±±±±±±±
"လမ်းပျောက်နေတာက ပြဿနာမဟုတ်ပါဘူး၊
လမ်းသစ်ရှာဖို့ မကြိုးစားတာက ပြဿနာပါ"
ဖုန်းစခရင်ကို ပွတ်ဆွဲရင်း သူများတွေရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားနေရသလား?
"ငါ ဘာလုပ်ရမလဲ၊ ငါ ဘာဖြစ်ချင်တာလဲ၊ ငါ့ဘဝက ဘယ်ကို ဦးတည်နေတာလဲ" ဆိုတဲ့ မေးခွန်းတွေကြားမှာ မင်း လမ်းပျောက်နေတယ်ဆိုရင်... တစ်ခုတော့ သိထားပေးပါ။ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများဟာ လမ်းမရှိလို့ လမ်းပျောက်နေကြတာမဟုတ်ဘဲ "လမ်းတွေ အရမ်းများနေလို့" လမ်းပျောက်နေကြတာပါ။ ဘယ်လမ်းကို ရွေးရမှန်းမသိတာ၊ ရွေးလိုက်တဲ့လမ်းက မှားသွားမှာကို ကြောက်နေတာ၊ သူများတွေထက် နောက်ကျ ကျန်နေမှာကို စိုးရိမ်နေတာတွေဟာ မင်းရဲ့ အပြစ်မဟုတ်ပါဘူး။
ဒီစာအုပ်ထဲမှာ -
▪️ လမ်းပျောက်ရင်း လမ်းမမှားစေဖို့ -
ကိုယ့်နဲ့ကိုက်ညီမယ့် လမ်းသစ်ရှာဖွေဖို့၊
လမ်းဟောင်းကနေ ရုန်းထွက်ပြီး ကိုယ့်စွမ်းအားနဲ့ ဝင်ငွေဖန်တီးနိုင်မယ့် လမ်းသစ်ကို ဘယ်လိုရှာဖွေ ဖောက်ထွက်ရမလဲဆိုတာ လက်တွေ့ကျကျ လမ်းညွှန်ထားပါတယ်။
📒 လမ်းမပျောက်စေနဲ့ လမ်းသစ်ဖောက်လိုက်ပါ
✍- မိုးစက်ပွင့်
စာမျက်နှာ - ၁၅၂
5 387
Learning Path
IMPROVING YOUR SKILLS
C# Programming
BASIC TO ADVANCED
✍KO HTUT ,MM KHAING
တန်ဖိုး-၂၀၀၀၀
စာ-၂၁၆
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
(22.8.2026) မှာ ထွက်ရှိမည်
±±±±±±±±±±±±±±±±
'အမျိုးသမီးများ၏ ရစ်နည်း ၁၀၀' ဆိုတဲ့ ဒီစာအုပ်လေးဟာ ကျွန်မတို့လို အမျိုးသမီးတွေအတွက် အကျိုးများစွာရှိမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်နိုင်သလို အမျိုးသားတွေအတွက်လည်း ပေါက်ကြားစာတစ်စောင်လို တန်ဖိုးရှိနေမယ့် စာအုပ်ကောင်းတစ်အုပ်လို့ ယူဆမိပါတယ်။ မရစ်တတ်သေးတဲ့ (ရိုးအ နုနယ်သေးတဲ့) အမျိုးသမီးတွေအတွက် ဒီစာအုပ်ဟာ ကိုးကားစရာ၊ မှီငြမ်းစရာ၊ သင်ယူလေ့လာစရာ 'ရစ်နည်း အခြေခံကျမ်း' လို့ ယူဆပြီး ဖတ်ရှုနိုင်ပါတယ်။ ရစ်တတ်ပြီးသား (ဝါရင့်) အမျိုးသမီးကြီးတွေအတွက်ကျတော့ ဒီစာအုပ်ကို ဖတ်ရှုလေ့လာပြီး "သြော်... ငါ မသုံးရသေးတဲ့နည်းတွေ ပါသေးတာပဲ" ဆိုပြီး ယူငင်အသုံးချလို့ ရနိုင်သလို ဖတ်နေရင်းနဲ့လည်း စာအုပ်ထဲ မပါသေးတဲ့ အဆင့်မြင့်ရစ်နည်းတွေ တီထွင်နိုင်ပါလိမ့်မယ်။ နည်းဗျူဟာအသစ်တွေနဲ့ အမျိုးသားတွေကို အရသာရှိရှိ ဆက်ပြီးရစ်နိုင်ဖို့ ကုန်ကြမ်းတွေကို ဒီစာအုပ်လေးထဲမှာ ရှာဖွေပါ။
---------------
📖အမျိုးသမီးများ၏ရစ်နည်း၁၀၀
📝ခင်ငြိမ်းစံ
တန်ဖိုး-10000
စာ-136
