cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

𝚈𝚘𝚞𝚝𝚑 𝙴𝚍𝚞 𝙷𝚞𝚋

Empower your teenage journey with valuable knowledge, educational resources, and insightful tips on my channel. Founder's account : @kim_vante_68

إظهار المزيد
مشاركات الإعلانات
7 607
المشتركون
+3024 ساعات
+997 أيام
+50630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Hello, everyone! Welcome back to my channel! အခုတလော မီးတွေ အရမ်းပျက်နေတာမလို့ အေး"ဆေး"နဲ့ content တွေမရေးဖြစ်တာတောင် နည်း"ကြာသွားပြီရယ်။ ဆိုတော့ အားလုံး စောင့်ရတာနဲ့တန်အောင် မရေးဖြစ်တာကြာပြီဖြစ်တဲ့ Grammar အကြောင်းလေးကို ပြောကြည့်ရအောင်။👀 အမှန်တိုင်းပြောရရင် ကိုယ်တိုင်ကလည်း Grammar ကို အရမ်းအာရုံစိုက်လေ့လာဖြစ်တဲ့ထဲတော့ မပါပါဘူး ဒါပေမယ့် အဲ့လို Grammar ကို သေချာမလေ့လာဖြစ်တာများလာတော့ Writing မှာ အရမ်းသိသာသွားတယ်။ ဘာမှကို idea ထွက်မလာဘဲ ရေးကိုမရေးတတ်သလိုဘဲပေါ့နော်။ အဲ့တာနဲ့အရင်အပတ်ကစပြီး Grammar ပိုင်းကို focus ထားပြီး ပြန်လေ့လာဖို့ ဆုံးဖြတ်လိုက်တာ။ ဒီတစ်ခါကျတော့ ဘယ်လိုလေ့လာလဲဆိုရင် တပတ်မှာ Grammar လေ့လာချိန် ၂ နာရီဆိုပြီး ခွဲထားလိုက်တယ်။ ပြီးရင် ChatGPT မှာသွားပြီး "What are the 10 most important grammar topics that I absolutely have to learn?" လို့မေးလိုက်တယ်။ ဆိုတော့ သူက မေးတဲ့အတိုင်း topic 10 ခုကို ပြောပြတယ်ပေါ့နော်။ ထုံးစံအတိုင်း တစ်ခါတစ်လေ ChatGPT ကပြောတာတွေက စက်ရုပ်ဖြစ်တဲ့အတွက် သူက သမရိုးကျ သွားနေကြနည်းလမ်းအတိုင်းဘဲပြောပြတာပေါ့နော်။ ညီမတို့ကကျတော့ ကျောင်းမှာလည်း Grammar သင်ခဲ့ပြီးတာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနေနေ တစ်ချို့အပိုင်းတွေက သေချာနားလည်ပြီးသားတွေပါပါတယ်။
အဲ့တာနဲ့ ဒီထဲက သူတွေအတွက်လည်း အဆင်ပြေအောင် ညီမကိုယ်တိုင်ပြန်ပြီး ဆွဲထားတဲ့ Topic 10 ခုကို ပြောပြထားပါတယ်။
1. Parts of Speech 2. Sentence Structure 3. Verb Tenses 4. Subject-Verb Agreement 5. Punctuation 6. Conditionals 7. Modifiers 8. Passive Voice 9. Sentence Connectors 10. Direct and Indirect Speech ဆိုတော့ တပတ်ကို topic တစ်ခုစီ လေ့လာမယ်ဆိုရင်တောင် အဆင်ပြေမှာပါ။ Grammar လေ့လာရတာ ပျင်းတတ်တဲ့သူဆိုရင်လည်း တပတ်မှ နည်းနည်းစီဘဲလေ့လာတာဆိုတော့ အရမ်းတော့ ပျင်းစရာမဖြစ်တော့ဘူးပေါ့နော်။ ဒီ Grammar topic တွေကို ဘယ်မှာရှာပြီး လေ့လာရမလဲဆိုရင်တော့ Youtube မှာလေ့လာတာက အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ကိုယ်လေ့လာချင်တဲ့ topic ကိုရိုက်ရှာပြီး အဆင်ပြေမယ် ထင်တဲ့ video တစ်ပုဒ်ကိုရွေးပြီး ကြည့်ရင်း ၊ note မှတ်လိုက်ပြီး ၊ ပြီးမှ ပြန်ကြည့်ပြီး မှတ်တဲ့ နည်းလေးက အဆင်ပြေမှာပါ။
ဒါပေမယ့် ဒီထဲက လူတွေအတွက် သီးသန့် Plan လေးတစ်ခုချပေးထားပါတယ်။👀
1.Parts of Speech Link: https://youtu.be/chjmnCSPnbw?si=tyIjDR-WUHXkCpQW 2. Sentence Structure Link: https://youtu.be/eYVAk3gqMpQ?si=1ZeKq7R8YlXUFHkT 3. Verb tense Link: https://youtu.be/Ljjiw9mC_Cg?si=3rseTyIa4SYPuQ7I 4. Subject Verb Agreement Link : https://youtu.be/LfJPA8GwTdk?si=PVrethS1nhAeP8EX 5. Punctation Link : https://youtu.be/zVu-XvULZNg?si=OajQRn6vIEKY45cI 6. Conditionals Link: https://youtu.be/vXp0ETWXbWo?si=syk6VCA8kZfIwHCc 7. Modifier Link : https://youtu.be/Qu5pvwL9u4Q?si=Xj3V-zRuF__dAR5M 8. Passive Voice Link : https://youtu.be/nkAyggAM1q4?si=kkuRt5uu5WKa8ZFp 9. Sentence Connectors Link: https://youtu.be/-JqAs_vdQb8?si=nNVOYAyEWbFiRKV8 10. Direct and Indirect speech Link: https://youtu.be/eplQBhE0-Hg?si=ypFvf1cD4zppD5SJ ဒါတွေကတော့ ညီမ ဒီလအတွင်းမှာ လေ့လာဖြစ်မယ့် Grammar topic တွေအတွက် ရွေးထားတဲ့ Video တွေဖြစ်ပါတယ်။ ဒီ Channel မှာ တင်ပေးတာက ကိုယ်နဲ့အတူတူ လေ့လာကြမယ့် သူတွေရှိမယ်ထင်လို့ပါ တကယ်ကို အဆင်ပြေမယ့် video တွေချည်းပဲမို့ ဒီထဲက Grammar အားနည်းလို့လေ့လာချင်နေတဲ့သူတွေဆိုရင်ညီမနဲ့ အတူ တစ်ပတ်ကို Video တပုဒ်ချင်းစီနဲ့ အတူ လေ့လာသွားကြရအောင်နော်။ ------ ကဲ ဆိုတော့ နောက် post တွေမှာ ထပ်တွေ့ကြတာပေါ့နော်။ နောက်ပြီး အားလုံး take care ပါ။ ကျန်းမာရေးကိုရော ၊ တခြားအခြေအနေတွေရော အများကြီးရှုပ်နေတာကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်နေကြပါဦးနော်။ Stay safe and stay prepared. And thank you for reading, and I hope you enjoyed this post! Khin Thi Thi Kyaw
إظهار الكل...
The 8 Parts of Speech in English Grammar (+ Free PDF & Quiz)

Do you know the 8 parts of speech? Nouns, verbs, adjectives, adverbs, pronouns, conjunctions and prepositions? 📝 *GET THE FREE LESSON PDF* _here_ 👉🏼

https://bit.ly/8PartsPDF

📊 *FIND OUT YOUR ENGLISH LEVEL!* _Take my level test here_ 👉🏼

https://bit.ly/EnglishLevelTest12

👩🏼‍🏫 *JOIN MY ONLINE ENGLISH COURSES:*

https://englishwithlucy.teachable.com/courses

- _We have launched our B1 and B2 Complete English Programmes!_ 🌐 *VISIT MY WEBSITE* for an _interactive pronunciation tool_ and _more free lessons:_

https://englishwithlucy.com/

🗣 *ENGLISH SPEAKING PRACTICE* _Are you looking for private language lessons?_ Find your perfect 1-on-1 language tutor with *LanguaTalk!* Make sure they are right for you with a free trial class here 👉🏼

https://bit.ly/LanguaTalkOffer

(Ad - affiliate) I've been learning Italian on LanguaTalk and have been _blown away_ so far! I am so excited about this new platform! So much so, I decided to become a part of it! 🇬🇧 *LEARN TO SPEAK ENGLISH CONFIDENTLY AND FLUENTLY* _Join my 3-month Beautiful British English Programmes!_ Use code *YOUTUBE15* for a 15% discount: Join B1 (Lower-Intermediate) Level here 👉🏼

https://b1course.com/youtube-description-b1

Join B2 (Upper-Intermediate) Level here 👉🏼

https://b2course.co.uk/youtube-description-b2

Chapters: 0:00 Introduction 0:42 Free PDF & Quiz 2:43 1. Nouns 3:57 2. Pronouns 5:58 3. Adjectives 8:00 4. Verbs 10:24 5. Adverbs 10:56 6. Prepositions 12:31 7. Conjunctions 13:54 8. Articles 🎥 Video edited by La Ferpection 👥 *MY SOCIAL MEDIA:* Personal/Vlogging Channel: http://bit.ly/LucyBella​​​ Instagram: @englishwithlucy TikTok: @english_with_lucy Email for business enquiries ONLY: [email protected] #learnenglish #english #grammar

72👍 5🐳 2🍓 2🥰 1🎉 1
Hello again! Glad To Have You Back! အရင်ကတည်းက ရေးမယ် ရေးမယ်နဲ့ မေ့နေခဲ့တဲ့
"Effective Study Tips For Every Students "
ဆိုတဲ့ topic လေးကို ဒီနေ့ ရေးဖြစ်ခဲ့ပါပြီ 🥲 ဆိုတော့ ဒီနေ့ Post က အားလုံးအတွက် အသုံးဝင်မယ့် Personal advice တွေ အကုန်ထည့်ပြီး‌ ရေးထားတဲ့  Student to Student guide လိုမျိုးဖြစ်ပါလိမ့်မယ်။ xD ရေးဖူးသမျှထဲမှာ ကိုယ့်ဘာသာကိုယ်တောင် တကယ်ကို အများကြီးသဘောကျနေတာမလို့ အားလုံးအတွက်လည်း အကျိုးရှိမှာသေချာပါတယ်။ So let's get started!
• Don't disrupt mode မချဘဲ ဖုန်းနဲ့စာလုပ်တဲ့သူတွေ
အရင်ကဆို ဖုန်းနဲ့ စာလုပ်ရတဲ့အခါကျ Youtube ထဲကိုတော့ သွားတယ်။ video တပုဒ်ကြည့်နေတယ် ဒါပေမယ့် စာဝင်လာရင် ဝင်ဖတ်လိုက်ပြီး ခုနက ကြည့်နေတဲ့ဟာကို ဆက်ကြည့်ဖို့ မေ့သွားတာမျိုးတွေ အမြဲဖြစ်ဖူးပါတယ် ။ ဒါကတော့ တော်"များ"လဲဖြစ်ဖူးကြမယ်ထင်တယ်။ ဆိုတော့ စာလုပ်ရမယ်ဆိုရင် - Don't disrupt mode ကို ဖွင့်ထားပြီး စာလုပ်တာမျိုး ၊ - laptop နဲ့ဆိုရင်လည်း အဲ့လိုလေးဖွင့်လုပ်ပါ။ ပြီးတော့ ဖုန်းမလိုဘူးဆိုရင် လုံးဝဖုန်းကို အနားနားမထားပါနဲ့။ အားသွင်းထားတာဖြစ်ဖြစ်လုပ်ထားလိုက်ပါ။ စစချင်းတော့ ဖုန်းကိုင်ချင်နေမှာဆိုပေမယ့် တပတ်လောက်ကြာရင် အရင်ကထက် ကိုယ့်ကိုကိုယ် ပိုထိန်းချုပ်နိုင်သွားပါလိမ့်မယ်။
• Clear goal မရှိသေးတာကလည်း ရေရှည်ဆက်မလုပ်ဖြစ်တဲ့ အလေ့အကျင့်ကို ပိုအထောက်အကူပြုနေသလိုဖြစ်တတ်ပါတယ်
ဘယ်လိုမျိုးလဲဆိုတော့ စာကြိုးစားနေတဲ့သူအများစုကို မေးလိုက်ရင်  "Academic achiever" ဖြစ်ချင်တယ်" ဆိုတဲ့ ရည်မှန်းချက်မျိုးရှိပါလိမ့်မယ်။ ငယ်ငယ်က "ဘဝအတွက်တာ ကျွမ်းကျင်စရာ" ဘာသာသင်တော့လေ "ရေတို ပန်းတိုင်နဲ့ ရေရှည်ပန်းတိုင်"ဆိုပြီး သင်ခဲ့ဖူးကြမယ်ထင်တယ်။ အဲ့မှာသင်ခဲ့ကြရသလိုဘဲ လူတိုင်းမှာ တစ်ခုခုကို ဖြစ်"မြောက်"အောင်မြင်ဖို့၊ ဆက်ကြိုးစားဖို့ moti ရှိနေဖို့ဆိုရင် "ရေတိုပန်းတိုင်"ဆိုတာကလည်း တကယ်လိုပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ "ဒီတလ လစဥ်အကဲဖြတ်စာမေးပွဲမှာတော့ A+ ထွက်ရမယ်" "အခုပြိုင်မယ့်ပွဲမှာ Winner ဖြစ်ကို ဖြစ်ရမယ်" စသည်ဖြင့် ရေတိုပန်းတိုင်လေးတွေပေါ့ ။ လူတိုင်းနီးပါး "ပျော်ရွှင်ရတဲ့ မိသားစုလေးနဲ့ အလုပ်ကိုင်ကောင်းလေးတစ်ခု၊ နောက်ပြီး ကျန်းမာရေးလေးကောင်းဖို့" ဒီလောက်ဘဲလိုချင်ပါတယ်လို့ တွေးဖူးကြမှာပါ အဲ့တာက ပြောတော့သာ ရိုး"လေးဆိုပေမယ့် တကယ်တမ်းကျ ရဖို့ လွယ်မနေပါဘူး။အဲ့ဒီလို သာယာတဲ့ဘဝလေး ၊ stable ဖြစ်တဲ့ ဘဝလေးကို ရဖို့ဆိုရင်လည်း ရေတို ပန်းတိုင်လေးတွေဖြစ်တဲ့ : ကျောင်းတက်နေစဥ် Academic achiever တယောက်ဖြစ်ဖို့ : ကျောင်းပြီးတဲ့အခါ အလုပ်ကိုင်ကောင်းတစ်ခုရဖို့ : ကျန်းမာရေးကောင်းအောင် ကိုယ့်ကိုကိုယ် နေ့စဥ်ဂရုစိုက်ဖို့ :ပျော်စရာမိသားစုလေးဖန်တီးနိုင်ဖို့ ချစ်ခင်ရတဲ့သူတွေကို ‌အချိန်ပေးဖို့ စသဖြင့် သေးသေးလေးတွေ ပြန်ခွဲထုတ်ပြီးမှ လုပ်ရတာပါ။ စာလုပ်တဲ့အခါမှာလည်း ဒီတလမှာတော့ ဘာတွေဘာတွေ ဖြစ်ချင်ပါတယ်၊ ရချင်ပါတယ် စသဖြင့် သေးသေးလေးတွေ plan ချပါ။
• နောက်ထပ်တစ်ခုကတော့ "စာပြန်နွှေးတဲ့အလေ့အကျင့်"ပါ
စာပြန်နွှေးတယ်ဆိုတာကလေ ရိုး"လေးပါဘဲ။ သင်တန်းပိတ်ရက်တွေမှာ 1 or 2 နာရီလောက်ကို ဒီအပတ်အတွင်း သင်ခဲ့ရတာတွေ ပြန်ဖတ်၊ ပြန်တွက်ကြည့်ပါ။ ပထမတခါ အဲ့စာကို ပြန်ကြည့်တဲ့အခါ ၁နာရီကြာတယ်ဆိုရင် နောက်တခေါက် အဲ့ဒီစာကို ပြန်ကြည့်တဲ့အခါ နာရီဝက်ဘဲလိုပါလိမ့်မယ်။ စာမေးပွဲနီးမှ ဖိမလုပ်ရချင်ရင် စာကို ညသန်းခေါင်ထိ မလုပ်ဘဲ နေ့တိုင်းပုံမှန် ရပြီးသားစာတွေကို အသစ်တွေလေ့လာရင်း ပြန်"နွှေးသွားပါ။ ဆိုတော့ သူများတွေ ရုန်းနေရတဲ့အချိန်ကိုယ်က အေးဆေးနေလို့ရတာပေါ့နော်
နောက်တစ်ခုက Mental health ကိုရော ၊ physical health ကိုရော ဂရုစိုက်ဖို့ သေချာပေါက်လိုပါတယ်
စာလုပ်ရင်း stress ပိလာတဲ့အခါ ရေထသောက်လိုက်တာမျိုး ၊ မုန့်ထဖောက်စားလိုက်တာမျိုးလုပ်ပါ ( phone တော့မသုံးပါနဲ့) Physical health ကတော့ မျက်လုံးကို အများကြီးမထိခိုက်ဖို့ မျက်စဥ်းခပ်တာမျိုး ၊ တနေကုန် laptop ‌ရှေ့ ထိုင်စာလုပ်နေရတဲ့သူတွေဆို လမ်းထလျှောက်ပေးတာမျိုးပါ ကိုယ်တိုင်က ဇက်ကြောအမြဲတက်တတ်တာမို့ မကြာခဏ အကျောဆန့်ပေးရတာမျိုး၊အထိုင်များတာကြောင့်‌ ရေများ"သောက်၊ လမ်းခဏ"လျှောက်ပေးရတာမျိုးလုပ်ရပါတယ်
• "Do something" principal ကိုလိုက်နာတတ်အောင်လုပ်ပါ။
တစ်ခုခုလုပ်နေတတ်တဲ့အကျင့်ပါ။ ဒါဆို "တနေကုန် စာတွေ၊ အလုပ်တွေလုပ်နေရမှာလား"ဆိုတော့ မဟုတ်ဘူးရယ် ကိုယ်ထိုင်ပြီး ဖုန်းကြည့်နေတယ် ဒါဆို ကိုယ့်ကိုကိုယ် ပြန်မေးပါ "ဒါက အနားယူနေတာလား" ဒါမှမဟုတ် "စာလုပ်ဖို့  ဖုန်းသုံးတာ social media app တွေထဲရောက်နေတာလား" စသဖြင့်ပေါ့ အနားယူနေတာကလဲ အလုပ်လုပ်နေတာပါဘဲ ။ အမြဲအနားယူနေရင်တော့ ငယ်ငယ်က ယုန်နဲ့လိပ် ပုံပြင်ထဲကယုန်ရဲ့ ဇာတ်သိမ်းက ကိုယ်ဖြစ်သွားတတ်တာပေါ့နော်။ :3 ကဲ ဆိုတော့ ဒီ post လေးကိုဖတ်ပြီး အကျိူးရှိသွားကြမယ်ထင်ပါတယ်။ ဆိုတော့ နောက်ထပ် ပိုကောင်းတဲ့ post တွေမှာ ပြန်တွေ့ပါမယ်။ Hope you learned something new in this post. See you in the next post! Khin Thi Thi Kyaw
إظهار الكل...
114👍 4👏 4🍓 3🐳 2🥰 1🎉 1
Hey guys! Welcome back ပါ။
ဒီနေ့ post ကတော့ ရေးဖူးသမျှထဲမှာ resource တွေ အစုံဆုံးနဲ့ အားလုံးအတွက် အသုံးဝင်နိုင်မယ့် post လို့ပြောရမယ်။
ဒီနေ့မှာတော့ ဆယ်ကျော်သက်လူငယ်တယောက်အနေနဲ့ ဘာတွေ လေ့လာထားသင့်လဲ ၊ ဘယ် website တွေမှာတော့ ဘယ်လိုတွေ လေ့လာလို့ရတယ်ဆိုတာနဲ့ ပက်သက်ပြီး Student to student guide လုပ်ပေးသွားမှာမို့ အဆုံးထိဖတ်ကြည့်ရင်တကယ်ကို အကျိုးရှိကြမှာပါ ။ :3
ဆိုတော့ စလိုက်ကြရအောင် ။
ဒီထဲမှာ စာအုပ်တွေ ထိုင်ဖတ်နေရတာကိုမကြိုက်ဘဲ exercise တွေလုပ်ကြည့်ချင်တဲ့သူ ၊ level လေးတွေနဲ့ဖတ်ကြည့်ချင်တဲ့သူတွေရှိကြမယ်ထင်တယ် ။ နောက်ပြီး English reading က အရမ်းညံ့နေလို့ ‌လေ့ကျင့်ချင်တဲ့သူတွေဆိုရင် Reading Skills for Today’s Adults ဆိုတဲ့ ဒီ website လေးကို try ကြည့်ကြပါ ။
Link :
https://www.readingskills4today.com/ ----------------------- Proliteracy ဆိုတဲ့ website မှာက Reading , Writing , maths , computer skills စတဲ့ ဒီ skill တွေကို‌ လေ့လာလို့ရမှာဖြစ်ပြီး research article တွေ အများကြီးလဲရှိတာမို့ ဖတ်ချင်ရင် ဖတ်လို့ရတယ်ပေါ့နော် ။ Free online class တွေလဲ တကယ်ကို အများကြီးရှိတာမို့ ကိုယ်လေ့လာချင်တဲ့ topic လေးရှိမလား ရှာကြည့်ကြပေါ့နော် ဒါမှမဟုတ် ဝင်ကြည့်ရင်း တစ်ခုခုကို လေ့လာကြည့်ဖို့ စိတ်ကူးပေါ်ချင်ပေါ် လာနိုင်တာပေါ့ ။ နောက်ထပ် ဒီ website ရဲ့ ထူးခြားချက်တစ်ခုက Webinar တွေ အမြဲလုပ်ပေးနေတာဖြစ်ပြီး ကိုယ်စိတ်ဝင်စားတယ်ဆိုရင် Join လို့ရတယ်ပေါ့နော် ။
Link :
https://www.proliteracy.org/about/ ------------------------ ဒီတစ်ခုကတော့ English စာလေ့လာနေတဲ့သူတွေအတွက်ပေါ့နော် ။ USA Learns ဆိုတဲ့ website ကို သိပြီးသားသူလဲ ရှိကြမှာပါ။ ဆိုတော့ ဒီ website မှာ ဘာတွေလေ့လာလို့ရလဲဆိုရင် 1st English Course, 2nd English Course, Practice English and Reading, English 1 plus, Access America စသဖြင့် အများကြီးလေ့လာလို့ရပါတယ်။ ဆိုတော့ တော်တော်လေး မိုက်တဲ့ Website လေးမို့ English လေ့လာနေတဲ့သူတွေဆိုရင်အောက်က link ထဲဝင်ပြီး မြန်"သာသွား check ကြည့်လိုက်ကြပါ။
Link :
https://www.usalearns.org/ _ နောက်တစ်ခုကတော့ Vocabulary တွေကို ရုပ်ပုံလေးတွေနဲ့ ကလေးတွေကို သင်ပေးချင်တာဘဲဖြစ်ဖြစ်၊ကိုယ်တိုင် လေ့လာချင်တာဘဲဖြစ်ဖြစ် အဆင်ပြေမယ့် hidden gem website လေးတစ်ခုကို ပြောပြသွားပါ့မယ် ။ အဲ့တာကတော့ Learning Chocolate ဆိုတာလေးပါ။ အဲ့ဒီမှာက Vocabulary သီးသန့်မဟုတ်ဘဲ Grammar ပါလေ့လာလို့ရပေမယ့် Vocabulary ကတော့ အဓိက ရှိတာပေါ့နော် ။ Category တွေ ခွဲပေးထားတာဖြစ်ပြီးကိုယ်လေ့လာချင်တဲ့ category တစ်ခုကို ရွေးလိုက်တာနဲ့ သူက အဲ့တာနဲ့ဆိုင်တဲ့ Vocab တွေအကုန်ပေါ်လာပြီး ရုပ်ပုံလေးတွေပါ ပေါ်လာတာပါ။ အသံထွက်တွေရောတခါတည်း နားထောင်လို့ရတာဆိုတော့ ငှက်ပျောသီးအခွံနွှာတာထက်တောင် သုံးရတာ ပိုလွယ်ပါသေးတယ် ။ :3
Link:
https://www.learningchocolate.com/ __________ ဒီနေ့ post ကတော့ စာလုံးရေ limit ကြောင့် part 1 & 2 ဆိုပြီး ခွဲပြီး လာပါလိမ့်မယ်။ ဆိုတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်တဲ့ အနေနဲ့ English အသုံးနှုန်းတစ်ခု ၊ phrase တစ်ခုကို native တွေ ဒါကို သုံးကြသလား လို့ ကိုယ် သံသယဖြစ်ရင် စစ်ကြည့်လို့ ရမယ့် Nagram Viewer အကြောင်းကို မျှဝေပေးချင်ပါတယ်။ အဲ့ဒီ site က search bar မှာ ကိုယ်သိချင်တဲ့ အဲ့ စကားလုံးကို ရိုက်ထည့်လိုက်ပါ ။ သူကနေ အဲ့ဒီ ကိုယ်ရိုက်ထည့်လိုက်တဲ့ phrase ကို ဘယ်နှခုနစ်ကနေ ဘယ်နှခုနှစ်အတွင်း အသုံးများခဲ့သလဲဆိုတာကို chart နဲ့ ပြပေးပါလိမ့်မယ်။ Link တော့မပေးတော့ပါဘူး အဲ့ဒီအစား Google မှာ Nagram Viewer ကိုရိုက်ရှာလိုက်ရင် ပေါ်လာပါလိမ့်မယ်။ -------------- ဆိုတော့ နောက်ရက်အနည်းငယ်အတွင်းမှာ Part 2 လာပါလိမ့်မယ်။ အရင်အပတ်တွေတုန်းက post တစ်ခုမှာ English story တွေဖတ်လို့ရအောင် Drive folder တစ်ခုထဲကို ထည့်ပြီး link ပေးခဲ့တာ မှတ်မိကြမလားမသိဘူး။ ပြောထားတဲ့အတိုင်းဘဲ Story တွေထပ်ပြီး upload ပေးထားတာမို့ Reading ကျင့်ဖို့ ပုံပြင်စာအုပ်ဖတ်ချင်တယ်ဆိုရင် အခုသွားဖတ်လို့ရပါပြီနော် Thanks for taking the time to read my post. Hope it was useful. See you soon! Khin Thi Thi Kyaw
إظهار الكل...
Home Reading Skills for Today's Adults Southwest Adult Basic Education Marshall

This is the new Reading Skills for Today's Adults Website! If you searched us by Marshall Adult Education or Marshall Reading don't worry you've found the right place we are now better than ever with CCRS standards implemented in our new updated product: Reading Skills 4 Today!

63👍 4❤‍🔥 3💯 2🔥 1🥰 1
https://docs.google.com/forms/d/e/1FAIpQLSfh-HwRMhiy7MgJ5eQcigKD_iOWtpFS-dXwpSJz9RIguv1nVA/viewform?usp=sf_link "Study English With Khin" project ကို Join ဖြစ်ခဲ့တဲ့သူတွေ အချိန်လေး သုံးမိနစ်လောက်ပေးပြီး form လေး ဖြည့်ပေးကြပါဦး‌။ နောက်ပိုင်းကျ ဘယ်လို project တွေထပ်စရမလဲ ၊ ဘယ်နေရာတွေ လိုအပ်နေသေးလဲ သေချာသိချင်လို့ပါ။ တစ်လဆိုတဲ့အချိန်က အရမ်းမြန်ပေမယ့် အားလုံး ဒီ  project လေးကနေ အကျိုးရှိခဲ့ကြမယ်ဆိုတာ သေချာပါတယ်။ နောက်ထပ်ပိုကောင်းတဲ့ project တွေမှာလည်း ပါဝင်ပေးကြပါဦး။ BTW, 4 Weeks To New U ရဲ့ deadline က မနက်ဖြန်ပါနော်။ So bye for now, everyone. Khin
إظهار الكل...
Feedback Form (Study English With Khin)

Thank you for participating in the "Study English With Khin" vocabulary project. Your feedback is valuable to us and will help us improve my offerings. Please take a few moments to answer the following questions. You can respond in either Burmese or English.

🍓 25 8👍 3
အရင်အပတ်က လိုင်းမကောင်းတာနဲ့ ဒီ channel မှာရော ၊ Tiktok မှာပါ post မတင်ရတာကြောင့် reach နဲ့ react က အရမ်းကျသွားတာမလို့ ဒီ link ထဲကို ဝင်ပြီး repost or share လေးလုပ်ပေးကြပါဦး။ https://vt.tiktok.com/ZSYmNwvGk/ နောက်ပြီး အပေါ်က 4 Weeks To New U ကို ‌ကြော်ငြာထားတဲ့ post မှာ ရီအက် 100 ကျော်သွားတာနဲ့ " Essay တွေ စရေးတဲ့ idea မရရင် ဘာလုပ်ရမလဲ" ဆိုတဲ့ content လေး လာတင်ပေးပါ့မယ်။ ဒီလိုမျိုး တခါမှ မလုပ်ဖူးပေမယ့် Reach နဲ့ react ကျသွားတဲ့ ပြဿနာကို ကိုယ့် subscribers တွေကလွဲရင် တခြားသူမကယ်နိုင်လို့ပါ :3 Save me from flop zone! 🤍
إظهار الكل...

31👍 2
4 Weeks To New U hand-book ထဲက လေးပတ်အတွင်းမှာ လေ့လာရမယ့် Program overview နဲ့ အတူ စာအုပ်ထဲမှာပါမယ့် content list ကိုချပြပေးထားပါတယ် ဘာတွေများပါမလဲ သိချင်ကြမယ်ထင်လို့ပါ :3) Youth Edu Hub channel က Founder လေးရဲ့ ရုပ်ချောချောလေးကို Zoom ထဲမှာ အပတ်တိုင်းတွေ့ခွင့်ရမယ့် အခွင့်ရေးဆိုတော့ လက်မလွှတ်ကြပါနဲ့ပေါ့နော်  ( Just kidding ) Deadline က June 29 အထိဘဲနော်။👀
إظهار الكل...
4 Weeks To New U ( Preview).pdf7.70 KB
63👍 2❤‍🔥 1🔥 1
Hola ~ အရင်အပတ်ကတည်းကပြောထားတဲ့အတိုင်း 4 Weeks To New U project လေးကို နောက်ဆုံးတော့ ထုတ်ပြနိုင်ခဲ့ပြီပေါ့နော် ။ :3 စိတ်ဝင်တစားနဲ့ စောင့်နေကြတဲ့သူတွေလည်း ရှိမယ်ဆိုတာ သေချာပါတယ်။ ဆိုတော့ project အကြောင်းလေးကို အသေးစိတ်ကြည့်လိုက်ကြရအောင် ။ အရင် 30-Day Marathon တုန်းကတော့ self study ကို အခုမှစလုပ်မယ့်သူတွေအတွက်လမ်းစလေးဖော်ပေးဖို့ရည်ရွယ်ပြီးစခဲ့တာပါ။  ဒီတခေါက်ကတော့ အဲ့ထက်ပိုပါတယ် ။
အခုလာမယ့် 4 Weeks To New U ကတော့
- English level က ဒုံရင်းကနေ ဒုံရင်းဘဲဖြစ်နေတယ်လို့ခံစားရတဲ့သူတွေ ၊ A2 နဲ့အထက် အနည်းဆုံးရှိထားပြီးဖြစ်တဲ့သူတွေ ၊ - သူငယ်ချင်းအသစ်တွေဖွဲ့ရင်း အတူတူ Speaking practice လုပ်ချင်တဲ့သူတွေ၊ - သူစိမ်းတွေရှေ့မှာ English လိုပြောဖို့ confidence မရှိဖြစ်နေတဲ့သူတွေ ၊ - Self study လုပ်ရင်း ဆက်လုပ်ဖို့ motivation ပျောက်နေတဲ့သူတွေ ၊ အတွက် ဖြစ်ပါတယ်။ ဒီ Program ရဲ့ duration က 4 weeks ပါဘဲ။ ထူးခြားတာတစ်ခုက ဒီတစ်ခေါက်မှာ ညီမ ကိုယ်တိုင် create လုပ်ထားတဲ့ စာအုပ်ကိုလည်းရမယ့်အပြင် ၊Program တစ်ခုလုံးက အဆင့်ဆင့် design ဆွဲထားပြီး သေချာလုပ်ထားတာမို့ random ဖြစ်နေမှာမဟုတ်ပါဘူး ။ နောက်ပြီး Program duration လေးပတ်လုံးရဲ့ တနင်္ဂနွေ နေ့တိုင်း  zoom မှာ meeting လုပ်ပေးသွားမှာဖြစ်ပြီးတော့ Group ထဲက Member တွေနဲ့အတူ Break out room ထဲမှာ speaking လေ့ကျင့်လို့ရအောင် weekly speaking club တွေပါ ပါဦးမှာပါ။ ( practice ပြီးလို့ အချိန်ပိုရင် စကားတွေပြောပြီးသူငယ်ချင်းဖွဲ့လို့ရတာပေါ့ :3 ) Meeting အတွင်းမှာ အတူတူ ပေါ့ပေါ့ပါးပါး စကားတွေပြောရင်း ၊ tips တွေကိုပြောပေးသွားရင်း Q & A section သဘောမျိုးလေးတွေ ပါမှာပါ ။  youtube က Video တွေကို ဒီတိုင်း ရွေးပေးထားတာတင်နားထောင်ရမှာမဟုတ်ဘဲ University life နဲ့ပက်သက်တာတွေ ၊ culture နဲ့ပက်သက်တာတွေ  ၊ အစားသောက်ပိုင်းနဲ့ပက်သက်တာတွေ ၊ တကယ့် လက်တွေ့ဘဝမှာ အသုံးဝင်မယ့် ၊ စိတ်ဝင်စားစရာကောင်းတဲ့ topic တွေကို သေချာလေးပြင်ပေးထားပါတယ်။ အကြောင်းအရာမျိုးစုံကို လက်လှမ်းမီသလောက် ရှာဖွေပေးထားတာမို့ အားလုံးစုံအောင် နားထောင်ရ ၊ ကြည့်ရမှာပါ ။ Task အနေနဲ့ ဇာတ်ကားလေးတွေလဲကြည့်ရဦးမှာနော်။👀 အဓိက ရည်ရွယ်ချက်ကတော့ Accent ပေါင်းစုံကို familiar ဖြစ်သွားစေချင်တာပါ ။ နောက်ပြီး စာအုပ်ထဲမှာဘဲ ဒီ program ပြီးသွားရင် လေ့လာဖို့ညီမကိုယ်တိုင် ၂ ပတ်စာ schedule ဆွဲပေးထားတာရော ပါပါလိမ့်မယ် ။ အသံသွင်းပြီး အမေး ၊ အဖြေသဘောမျိုးနဲ့ Speaking လေ့ကျင့်ဖို့  Questions 100 သီးသန့်ပါမယ့် file တွေရောရပါလိမ့်မယ် ။ နောက်ပိုင်းမှာ လေ့လာဖို့အတွက်  3 months plan ကိုပေးမယ့်အပြင် random မဖြစ်ရအောင်လည်း ဘယ်ကနေစပြီးလုပ်ရမလဲ စသဖြင့်အသေးစိတ်ပြောပြပေးဦးမှာပါ ။ Grammar အတွက် ညီမကိုယ်တိုင် paid version နဲ့ဝယ်ခဲ့ရတဲ့ All you need for Grammar ဆိုတဲ့စာအုပ်တစ်အုပ်နဲ့ English As a Lifestylee ဆိုတဲ့ handbook တွေလည်း pdf file အနေနဲ့ရမှာပါ (ဒီနှစ်အုပ်ကတော့ အရင် 30-Day project မှာ Join ခဲ့တဲ့လူတွေတော့ ရပြီးပြီပေါ့နော် ) Reading အတွက်ကတော့ ဖတ်လို့ကောင်းတဲ့ ပုံပြင်စာအုပ်လေးတွေလည်းပေးမယ့်အပြင် ၊ Program အတွင်းမှာ ဖတ်ရမယ့် topic တွေက တကယ့်ကို လက်တွေ့ဘဝအတွက် အသုံးဝင်မယ့်ဟာလေးတွေကို ရွေးပြီးပြင်ပေးထားပါတယ်။ Writing အတွက်ကတော့ 4 weeks အတွင်းမှာ ၈ရက်က Essay ရေးပြီး ညီမဆီထပ်ရတာမျိုးတွေရှိမှာပါ ။နောက်ပြီး တယောက်ချင်းစီရဲ့ essay တိုင်းကို Ratingလည်းပေးမှာပါ ။  ကဲ ဆိုတော့ 4 Weeks To New U ဆိုတဲ့ ဒီ project အသစ်လေးကို သဘောကျကြမယ်ထင်ပါတယ်။ ဆိုတော့ Register လုပ်မယ့်အကြောင်းလေး ဆက်ပြောရအောင် ။ ဒီ Program ကတော့  fee လေးရှိပါလိမ့်မယ် ။   ဒါကြောင့် ဒီတခေါက်မှာ { 5000 kyat } fee လေးရှိပါမယ် ။ (လာ Join ဖို့ အများကြီးတော့ မပြောတော့ပါဘူး ဆိုတော့ if you believe me, you can join ပါ ) ဒီ Project ကို Join ဖို့ဆိုရင်တော့ အနည်းဆုံး A2 ရှိဖို့တော့လိုပါလိမ့်မယ် Registration ကတော့ ဒီနေ့ စဖွင့်ပါပြီ ။ Deadline ကတော့ June 29 ရက်နေ့ ညနေ ၅ နာရီထိပါ ။ July 3 မှာတော့  ဒီ project လေးစမှာဖြစ်ပါတယ် ။ ဆိုတော့ လာ Join မယ့်သူတွေအားလုံး June 29 နောက်ဆုံးထားပြီး ညီမ Account မှာ လာပြောပေးကြပါ။ အစက form ထဲမှာ ss ထည့်ခိုင်းဖို့လုပ်ထားပေမယ့် လူများတော့ ရောကုန်မှာဆိုးလို့ ဒီလိုဘဲစီစဥ်လိုက်ပါတော့တယ်။ ကျောင်းတွေလည်းပြန်ဖွင့်နေပြီဆိုတော့ တစ်ချို့တွေက မ Join နိုင်တာမျိုး‌တွေ ဖြစ်နိုင်တယ်ပေါ့နော်။ ဒီ project အတွက်က အချိန် 2 နာရီနီးပါးလောက်ဘဲပေးရမှာပါ ။ နောက်ပြီး speaking club တွေကိုလည်း Sunday လုပ်ပေးထားတာမလို့ တကယ်ကိုပါချင်တယ်ဆိုရင်တော့ ပါလို့ရမှာပါ ။
إظهار الكل...
45👍 2🔥 1
Study English With Khin (4th week👀)
إظهار الكل...
Study English With Khin (4th week ).pdf1.02 KB
40🔥 3
လက်ရေးကိုတော့ သည်းခံကြည့်ကြပါ :3 ဒီနည်းက စတွက်ကြည့်တော့သာ နည်းနည်းရှုပ်မယ်ထင်ရတာ တကယ်တမ်း တွက်ပါများသွားရင် အရမ်းအသုံးဝင်မှန်း သိသွားပါလိမ့်မယ်။ ကဲ ဆိုတော့ 4 Weeks To New U projectကို ထုတ်ပြတဲ့ post မှာပြန်တွေ့ကြတာပေါ့ 4 Weeks To New U မှာ ကိုယ့် subscribers တွေနဲ့အတူ discussion တွေလုပ်ကြ၊ speaking practice အတူတူ လုပ်ကြရင်း တကယ် coolဖြစ်တဲ့ English Learning Environment တစ်ခုကို ဖန်တီးနိုင်မယ်ဆိုတာ သေချာပါတယ် ဆိုတော့ နောက်ရက်ပိုင်းအတွင်းမှာပြန်တွေ့ကြပါမယ်။ Thank you kindly for reading along. Stay tuned for more! Khin Thi Thi Kyaw
إظهار الكل...
87👍 4🔥 1
Hey guys!   Welcome back to my channel!   maths နဲ့ပက်သက်ပြီး အသုံးဝင်မယ့် hack လေးတွေအကြောင်း ထပ်ရေးဦးမယ်လို့ပြောထားတာ နည်းနည်းကြာပြီပေါ့နော် ။ ဒီရက်ပိုင်း လုပ်စရာတွေများနေတာနဲ့ အခုမှဘဲ ရေးဖြစ်တော့တယ်ရယ် ။ ဆိုတော့ စောင့်ရတာနဲ့ တန်သွားအောင် ဒီနေ့မှာ probability ပုစ္ဆာတစ်ချို့ကိုတွက်တဲ့အခါ direct နည်းနဲ့တွက်ရတာ ရှုပ်နေတာ ဒါမှမဟုတ် "at least one" တို့ ၊ "none" တို့ပါတဲ့ပုစ္ဆာတွေ မေးလာတဲ့အခါရှင်းရှင်းလေးတွက်လို့ရမယ့် method လေးတစ်ခုကို မျှဝေပေးသွားချင်ပါတယ် ။ (ဒီလို post တွေရေးနေတာက maths က favorite subject ဖြစ်လို့လည်းမဟုတ်သလို ကောင်းကောင်းတွက်တတ်နေလို့လည်းမဟုတ်ရပါဘူး ။ maths မှာ အရမ်း အားနည်းနေလို့ အခုမှပြန်လေ့လာနေရင်း မှတ်မိသွား‌အောင် တခါတည်း post တွေရေးနေတာပါ  :3)   ဆိုတော့ စလိုက်ကြရအောင် ။   အခုပြောပြသွားမယ့် method လေးကတော့ Complement Rule ကိုသုံးပြီးတွက်မှာပါ။   Complement Rule: To find the probability of an event, calculate the probability of it NOT happening, and subtract from 1.   တခါတလေ တချို့ ပုစ္ဆာတွေမှာ event တစ်ခုရဲ့ probability ကိုရှာတဲ့အခါ အဲ့ဒီ event မဖြစ်တဲ့ probability ကိုရှာပြီး 1 ထဲကနှုတ်တာက ပိုလွယ်တတ်ပါတယ်။   Formula: P(A) = 1- P (not A)   P = measure of how likely an event is to occur (a number between 0 and 1, where 0 means the event will not happen, and 1 means the event will certainly happen)   A = Represent a specific event whose probability you are calculating ( for example, in rolling a die, getting a 4 is an event)    P(A)= The probability of event A is calculated by dividing the number of favorable outcomes by the total number of possible out comes in the sample space. P(A) = number of favorable outcomes/ total number of possible outcomes   ဒါကတော့ သေချာသိပြီးသားသူတွေရှိမှာပါ ။ ပိုပြီးပြည့်စုံသွားအောင်လို့ ပြန်ပြီးရှင်းပြထားတာပါ ။   Example Problem 1 :What is the probability of getting at lease one 6 in three rolls of a six-sided die?   Steps:   1. Find the probability of not getting a 6 in a single roll: ( roll တခါလှိမ့်တဲ့အခါ 6 ကိုမကျမယ့် probability ကိုရှာလိုက်ပါ)   P(not 6)= 5/6   2. Find the probability of not getting a 6 in three rolls: ( roll သုံးခါလုံးလှိမ့်တဲ့အခါ 6 ကိုမကျမယ့် probability ကိုထပ်ရှာလိုက်ပါ) P(not 6 in three rolls) = (5/6)^3 = 125/216   3. Use the complement rule to find the probability of getting at least one 6: P (at least one 6) = 1-P(not 6 in three rolls) = 1 - 125/216 =91/216   4.Simplify the fraction if possible (optional)   So ans will be 91/216.   ကဲ ဆို‌တော့ post ကိုဒီတိုင်းဖတ်ရုံကတော့ ရှုပ်ချင်ရှုပ်နေပါလိမ့်မယ်။ post ကိုဖတ်ပြီး စာအုပ်ထဲမှာ ချတွက်ကြည့်ရင်တော့ ရှင်းရှင်းလေးပါ ။ အောက်ကပုံကတော့ စာအုပ်ထဲမှာ ပုစ္ဆာတပုဒ်ကို ချတွက်ပြထားတာပါ။ ကြည့်"လိုက်ပေါ့နော် အဲ့တာ ကြည့်ပြီးသွားရင် ရှင်းသွားမှာပါ။
إظهار الكل...
29👍 4🔥 2
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.