ar
Feedback
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

الذهاب إلى القناة على Telegram

Come in Get it.

إظهار المزيد
326
المشتركون
لا توجد بيانات24 ساعات
-67 أيام
-1130 أيام
أرشيف المشاركات
photo content

ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း အရေးပေါ် ရပ်နားရသဖြင့် ရန်ကုန်တွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင် AAMIJ/ ဇူလိုင် ၁ ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းက ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ပလက်ဖောင်းမှာ အရေးပေါ် ရပ်နားမှု (Shut Down) ပြုလုပ်ခဲ့ရတာကြောင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ယာယီ လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုမိုကြုံတွေ့လာရနိုင်ကြောင်း စစ်တပ်လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ မနက် ၉ နာရီခွဲခန့်မှာ အဆိုပါပလက်ဖောင်းကို အရေးပေါ် ပိတ်သိမ်းလိုက်ရတာဖြစ်ပါတယ်။ အဲဒီလို ရပ်နားလိုက်ရတာကြောင့် အဆိုပါ သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လည်ပတ်နေရတဲ့ အလုံမြို့နယ်က Toyo Thai GTG (1), (2) နဲ့ STG (110 MW) စက်ရုံ၊ သာကေတမြို့နယ်က U-Energy GTG, STG (106 MW) စက်ရုံနဲ့ Max Power (33 MW) ဓာတ်အားပေးစက်ရုံတွေမှာပါ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒီဓာတ်အားပေးစက်ရုံများ ရပ်တန့်သွားမှုကြောင့် မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှုမှာ စုစုပေါင်း (၂၄၉) မီဂါဝပ်ခန့်အထိ ရုတ်တရက် လျော့ကျသွားခဲ့ရပါတယ်။ ဓာတ်အားလျော့ကျသွားမှုကြောင့် ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာ မီးပြတ်တောက်မှု အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ Source - AAMIJ 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ဧရာဝတီတိုင်း ဝန်ကြီးချုပ်လဲဖြစ်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတင်မောင်ဝင်း ဖမ်းဆီးခံရ AAMIJ/ ဇူလိုင် ၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ဖူးသူ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတင်မောင်ဝင်းကို လက်ရှိ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဦးစီးကာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နေပြည်​တော်သတင်းရင်းမြစ်ထံကနေ သိရပါတယ်။ ဦးတင်မောင်ဝင်းကို ဘာအကြောင်းရင်းကြောင့် အခုလို ရုတ်တရက် ဖမ်းဆီးထိန်းသိမ်းလိုက်တာကို အတိအကျ မသိရသေးဘဲ အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းဟာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် ၆၄ ဆင်းဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ ထောင်ကျခဲ့ဖူးသူ ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ် စိုးထွဋ်နဲ့ အပတ်စဉ်တူသူဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် တပ်မ (၂၂) တပ်မမှူး၊ အနောက်တောင်တိုင်းနဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စတဲ့တာဝန်​တွေကို အဆင့်ဆင့် ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ‌တော့ တပ်မတော်အရံအင်အားကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူကာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးယန္တရားတွေ ပြင်ဆင်ဖွဲ့စည်းရာမှာလည်း ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရပါတယ်။ သူဟာ စစ်တပ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ရေကြည်မြို့နယ် အမှတ် (၁) ကိုယ်စားပြုအဖြစ် အနိုင်ရရှိခဲ့ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ရာထူးကနေ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့ပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းဟာ မင်းအောင်လှိုင် ကိုယ်တိုင် ချီးမြှင့်တဲ့ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်​တွေကိုလည်း ရရှိထားသူဖြစ်ပြီး အခုလို ရာထူးရယူထားဆဲအချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ Source - AAMIJ 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ မင်းလှမြို့ပေါ်တွင်လည်း လုံခြုံရေး အပြည့်ချထား ရန်ကုန်၊ ဇူလိုင် ၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး မင်းလှမြို့ပေါ်တွင်လည်း လုံခြုံရေး အပြည့်ချထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းဘေးရှိ အညာတန်းရွာ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မင်းလှမြို့ပေါ်တွင် ကျေးရွာများမှ ဈေးလာရောက် ဝယ်ယူသူများပင် မရှိတော့ဘဲ တစ်မြို့လုံး တိတ်ဆိတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ နံနက်ပိုင်းမှ စတင်ကာ မင်းလှမြို့ ရဲစခန်းရှေ့မှ လမ်းပိုင်းကို ပိတ်ချလိုက်ပြီး မြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်က မင်းလှမြို့ပေါ်တွင်လည်း လက်ရှိချိန်တွင် အင်အားစုဖွဲ့နေပြီး ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း၊ မုက္ခာရွာအနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့် သရော်ကုန်ရွာတွင်လည်း အရပ်ဝတ်ဖြင့် စစ်သားများ လှည့်လည်သွားလာနေကြောင်း သိရသည်။ "မနက်က တိုက်ပွဲကြောင့် မင်းလှမြို့ပေါ်မှာ စစ်ခွေးတွေ ကင်းပုန်းဝပ်နေပြီး ရိုးမပေါ်နဲ့ တောင်ခြေရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်။ မုက္ခာရွာအနီးတဝိုက်မှာလည်း စစ်ခွေးကင်းပုန်းရှိနေသလို သရော်ကုန်ရွာမှာလည်း အရပ်ဝတ်အသွင်ယူထားတဲ့ စစ်ခွေးတွေရှိနေတယ်။ အခုထိလည်း မင်းလှမြို့ရဲစခန်းရှေ့ကို ပိတ်ထားတုန်းပဲ။ တာစုံလမ်းမှာလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေးချထားတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသွားသော စစ်သားအလောင်းများကို စစ်တပ်က ကျောက်ထုမြို့အထိ ပြန်လည်သယ်ယူပြီး သင်္ဂြိုလ်နေ ရန်ကုန်၊ ဇူလိုင် ၁ ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသွားသော စစ်သားအလောင်းများကို အကြမ်းဖက် စစ်တပ်က ကျောက်ထုမြို့အထိ ပြန်လည်သယ်ယူပြီး သင်္ဂြိုလ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလလယ်ခန့်မှ စတင်ပြီး မကွေးတိုင်းအတွင်းကို ဖြတ်၍ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က အင်အား ထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး ယခင်က လမ်းဘေးများတွင် ကျင်းကြီး၊ ကျင်းငယ်များဖြင့် မြှုပ်နှံခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း သေဆုံးသွားသော ရုပ်အလောင်းများကို ကျောက်ထုမြို့အထိ သယ်ယူကာ ကျောက်ထုသင်္ချိုင်းတွင် သင်္ဂြိုလ်နေကြောင်း သိရသည်။ “အခုရက်ပိုင်းတော့ ကျောက်ထုအထိ သယ်ပြီး ကျောက်ထုသင်္ချိုင်းမှာ သင်္ဂြိုလ်နေကြတယ်။ အလောင်းတွေက အများကြီးပဲ၊ နှစ်ရက် သုံးရက်လောက်ရှိသွားပြီ။ ဆက်တိုက်ပဲ သင်္ဂြိုလ်နေတာ။ အရပ်ထဲက လူလေးငါးဦးလောက်ကို ခေါ်တယ်။ မင်းတပ်လမ်းကနေ လူနာနဲ့ အလောင်းတွေကို ကျောက်ထုအထိ သယ်တာ။ လူနာတွေကိုတော့ ကံချောင်းရွာမှာ ကုကြတယ်” တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် မင်းတပ်မြို့နှင့် ၂ မိုင်ခန့်အကွာ ဂေါက်ကွင်းနားအထိ ရောက်ရှိသော်လည်း မင်းတပ်မြို့အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဆုတ်ခွာနေရကြောင်း၊ ထိုသို့ အထိနာသော စစ်တပ်က နေ့စဉ်နှင့်အမျှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၄ နာရီ ၂၉ မိနစ်၊ ၄ နာရီ ၃၄ မိနစ်၊ ၄ နာရီ ၃၇ မိနစ်နှင့် ၄ နာရီ ၄၂ မိ နစ် တို့တွင် မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၅ နာရီမှ စတင်ပြီး ၅ နာရီ မိနစ် ၅၀ အထိ Y12 လေယာဉ်ဖြင့် ၃ လုံးတွဲဗုံး ၁၄ ကြိမ် ဗုံးအလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

အကြမ်းဖက် စစ်တပ်၏ ပုပ်ပွနံစော်နေသော ငြိမ်းချမ်းရေး ရက်ပေါင်း ၁၀၀ ကျော်၍ ကမ္ဘာဆယ်သိန်းမက ကာလအထိ အောင်မြင်နိုင်စရာမရှိဟု KNU ပြောခွင့်ရ ပဒိုစောတောနီး ပြော ရန်ကုန်၊ ဇူလိုင် ၁ အကြမ်းဖက် စစ်တပ်၏ "ပုပ်ပွနံစော်နေသော ငြိမ်းချမ်းရေး" မှာ ရက်ပေါင်း ၁၀၀ ကျော်၍ ကမ္ဘာဆယ်သိန်း အသင်္ချေ ကာလပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် အောင်မြင်နိုင်စရာ လမ်းမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အကြမ်းဖက် စစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်ပြီး လာမည့် ၅ နှစ်အတွင်း နိုင်ငံတော်တွင် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မည်ဟု ထပ်တလဲလဲ ပြောဆိုနေသော်လည်း စစ်မှန်မှုမရှိ၍ အောင်မြင်နိုင်စရာ မရှိကြောင်း၊ စစ်တပ်က "အစိုးရ" နှင့် "စစ်တပ်" ဟူသော အမည်များကို အသုံးပြု၍ တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းများအဖြစ် ပြောဆိုနေသော်လည်း လက်တွေ့တွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ လုယက်မှုများ ကျူးလွန်နေသည့် အဖွဲ့အစည်းသာဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။ "ဒီလိုဗျ။ ဒီလူတွေဟာ 'အစိုးရ' နဲ့ 'စစ်တပ်' ဆိုပြီး စကားကြီးစကားကျယ်တွေနဲ့ မိုးလုံးပြည့် မုသာဝါဒတွေကို နေ့ခင်းကြောင်တောင်၊ ဗြောင်လိမ်ဗြောင်စား၊ မျက်နှာပြောင်တိုက်ပြီး အရှက်တရားကင်းမဲ့စွာ လိမ်ညာဝါဒဖြန့်နေကြပေမဲ့ တကယ့်အမှန်တရားကတော့ စကြဝဠာတစ်ခုလုံးအောက်မှာ ရပ်တည်ရှင်သန်နေကြရတဲ့ ဝေနေယျသတ္တဝါအပေါင်းက သူတို့ဟာ တကယ်တမ်း ခိုးဆိုးလုယက်လုပ်ကိုင်နေကြတဲ့ ဓားပြအုပ်စုသာဖြစ်ပြီး မိမိတိုင်းပြည် အပါအဝင် စကြဝဠာတစ်ခုလုံးကို ပျက်စီးအောင် မိုက်ရူးရဲဆန်ဆန်၊ ကမ်းကုန်အောင် မိုက်တွင်းနက်ပြီး မိုက်ကြေးခွဲနေကြတဲ့ ကမ္ဘာ့ရာဇဝတ်ဂိုဏ်းသားတွေထက် မပိုပါဘူး" ဟု ပဒိုစောတောနီးက ပြောသည်။ စစ်တပ်အတွင်း စစ်အာဏာရှင်အယူအဆများကို စစ်တက္ကသိုလ်ကတည်းက သွတ်သွင်းလေ့ကျင့်ပေးထားသည့်အတွက် ယင်းအတွေးအခေါ်နှင့် မူဝါဒများ မပြောင်းလဲသရွေ့ ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။ "တကယ်တမ်းကျတော့ဗျာ၊ သူတို့ပြောနေကြတဲ့ 'အစိုးရ' နဲ့ 'စစ်တပ်' ဆိုတာကို တမင်တကာ လူတွေ နားဝင်ချိုအောင် လုပ်ကြံပြောဆိုနေကြပေမဲ့ အားမနာတမ်း ခပ်ရိုင်းရိုင်းသာ ပြောရရင်တော့ သူတို့ဟာ အရပ်ထဲမှာ ကြားနေကျစကားလိုပဲ 'အတူတူနဲ့ အနူနူ၊ ဒီပုတ်ထဲက ဒီပဲ' တွေပါပဲ" ဟု ပဒိုစောတောနီးက ဆိုသည်။ အကြမ်းဖက် မြန်မာစစ်တပ်၏ အတွေးအခေါ်၊ စိတ်ဓာတ်နှင့် မူဝါဒများကို ပြောင်းလဲနိုင်ခြင်းမရှိသရွေ့ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောကြားသည်။ "ဒီလိုမူဝါဒမျိုး၊ စိတ်ထားမျိုး၊ ဒီလို mindset၊ mentality၊ doctrine တွေနဲ့ သူတို့ရဲ့စစ်ကျောင်းဖြစ်တဲ့ DSA (Defense Services Academy) ထဲကတည်းက မဟုတ်က ဟုတ်က အယူအဆတွေကို သံမှိုနဲ့ ရိုက်ထားသလို အသေစွဲအောင် သွတ်သွင်းပြီး brainwash လုပ်ခံထားရတဲ့အတိုင်း မပြောင်းမလဲဘဲ ဆက်လက်ရပ်တည် ပြောဆိုလုပ်ဆောင်နေကြမယ်ဆိုရင်တော့ သူတို့ရဲ့ အင်မတန် ပုပ်ပွနံစော်နေတဲ့ ပါးစပ်ပေါက်တွေကနေ ပလုပ်ပလောင်းနဲ့ တဖွဖွပြောနေကြတဲ့ 'ငြိမ်းချမ်းရေး' ဆိုတာကြီးကတော့ ရက် ၁၀၀ နဲ့တောင် မပြောနဲ့၊ ကမ္ဘာဆယ်သိန်းမက အသင်္ချေကာလပေါင်းများစွာ ရွေ့လျားသွားသည့်တိုင်အောင် ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့၊ ပြည်သူတွေ အမှန်တကယ် လိုလားတဲ့၊ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့မှ၊ ဘယ်သောအခါမှ ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး" ဟု ပဒိုစောတောနီးက ပြောဆိုသည်။ ပဒိုစောတောနီးက စစ်တပ်အနေဖြင့် လက်ရှိကျင့်သုံးနေသည့် အကြမ်းဖက်မှုအခြေပြု နိုင်ငံရေးနှင့် စစ်ရေးမူဝါဒများ၊ စစ်အာဏာရှင်အတွေးအခေါ်များကို မစွန့်လွှတ်သရွေ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ ပြည်သူများ၏ ယုံကြည်မှုကိုလည်း ရရှိနိုင်မည်မဟုတ်ကြောင်း သတိပေးပြောဆိုသည်။ KNU သည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တွင် ဦးဆောင်ပါဝင်နေသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖြစ်ပြီး မြေပြင်တွင် PDF များ အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များနှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနှင့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း KNU က တရားဝင် ထုတ်ပြန်ကြေညာထားသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content
+3

ရခိုင်ပြည်နယ်တွင် AA က "အာရက္ခလောင်ပေါ်" အမည်ဖြင့် ရခိုင်ထီ စတင်ဖွင့်လှစ်ပြီး ပထမဆု ကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့က ဆွတ်ခူး ရန်ကုန်၊ ဇူလိုင် ၁ အာရက္ခတပ်တော် (AA) က ဦးဆောင်ဖွဲ့စည်းထားသည့် အာရက္ခပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က "အာရက္ခလောင်ပေါ်" အမည်ဖြင့် ရခိုင်ထီကို ယနေ့ ဇူလိုင် ၁ ရက်တွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆု ကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့တွင် နေထိုင်သည့် ဒေါ်မသန်းယီက ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ အာရက္ခလောင်ပေါ် (ရခိုင်ထီ) ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ပြီး ရခိုင်ရိုးရာ ကျင်သီချင်းနှင့် ကျင်အကများဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ AA ၏ ထုတ်ပြန်ချက်အရ ပထမဆု ပေါက်မဲနံပါတ်မှာ ၃၂၃၆၉၂ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၅၀၀ ဖြစ်သည်။ ယင်းပထမဆုကို ကျောက်တော်မြို့တွင် နေထိုင်သည့် ဒေါ်မသန်းယီက ဆွတ်ခူးရရှိခဲ့ပြီး ၎င်းဝယ်ယူထားသည့် အာရက္ခလောင်ပေါ်ထီ ၂ စောင်အနက် ၁ စောင်မှာ ပထမဆု ပေါက်မဲဖြစ်ခဲ့ကြောင်း သိရသည်။ ဒုတိယဆု ပေါက်မဲနံပါတ်မှာ ၁၁၆၄၈၂ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၃၀၀၊ တတိယဆု ပေါက်မဲနံပါတ်မှာ ၀၇၉၆၄၅ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၂၀၀ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ကျပ်သိန်း ၅၀ ဆု ၆ ဆု၊ ကျပ်သိန်း ၂၀ ဆုများ၊ ကျပ် ၁၀ သိန်းဆုများနှင့် ကျပ် ၅ သိန်းဆုများ အပါအဝင် စုစုပေါင်း ဆုမဲ ၃၉ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထီလက်မှတ်များကို ဇွန်လအတွင်း စတင်ရောင်းချခဲ့ပြီး ယနေ့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကာ အာရက္ခလောင်ပေါ် (ရခိုင်ထီ) ကို နောင်တွင်လည်း လစဉ် လ၏ ပထမရက်၌ ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။ AA ၏ အဆိုအရ ထီရောင်းချရရှိသည့် ငွေကြေးများ၏ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ချီးမြှင့်သွားမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို အာရက္ခပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထီပေါက်သူများသည် ဆုငွေများကို ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲများနှင့် သက်ဆိုင်ရာ မြို့နယ်ထီလက်မှတ်အရောင်းဆိုင်များတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဆုငွေထုတ်ယူရာတွင် ဆုရထီလက်မှတ်မူရင်း၊ ပါ့စ်ပို့ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တို့ကို တင်ပြရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူများအနေဖြင့် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်း၏ ထောက်ခံစာမူရင်းကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်ဖြင့် ဆုငွေထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ကို တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မကိုက်ညီပါက ဆုငွေထုတ်ပေးမည်မဟုတ်ကြောင်း AA က သတိပေးထားသည်။ ထို့ပြင် ဆုရထီလက်မှတ် မူရင်းတင်ပြနိုင်မှသာ ဆုငွေထုတ်ယူခွင့်ရရှိမည်ဖြစ်ပြီး ထီလက်မှတ် စုတ်ပြဲပျက်စီးနေခြင်း သို့မဟုတ် ပေါက်မဲနံပါတ်များ မပြည့်စုံတော့ပါက ဆုငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။ ထီလက်မှတ် ပျောက်ဆုံးခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားခြင်း၊ ဝယ်ယူထားကြောင်း အထောက်အထားပြုခြင်း စသည့် အငြင်းပွားမှုများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။ ဆုရရှိသူများသည် ဆုဖွင့်ကြေညာသည့်နေ့မှစ၍ တစ်နှစ်အတွင်း ဆုငွေထုတ်ယူရန် လိုအပ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အဆိုပါဆုငွေကို အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့အပြင် ဆုရရှိသူ သို့မဟုတ် ထီလက်မှတ်ပိုင်ဆိုင်သူသည် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ထားသည်ဟု ယုံကြည်ရသည့် အကြောင်းအရင်းများရှိပါက ဆုငွေထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

ဘူးသီးတောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ စခန်းဟောင်းဝန်းကျင်ကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက် ရန်ကုန်၊ ဇူလိုင် ၁ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းနေရာ ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ရခိုင်တိုင်းရင်းသား ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းတည်ရှိရာ နေရာများနှင့် အနီးဝန်ကျင်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံးရေ ၁၀ ကျော်ဖြင့် ဆက်တိုက် ကျဲချတိုက်ခိုက်သွားကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုအခြေအ​နေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ "ဒီနေ့ ၁၀ နာရီ ၄၀ မိနစ်လောက်က ဘူးသီးတောင်မြို့နယ် စကခ ၁၅​ နေရာကို အလုံး ၁၀ ​ကျော် လာပစ်သွားတယ်လို့ သိရတယ်။ ​လေယာဥ် အစီးအ​ရေအတွက်​တော့ မသိသေးဘူး။ တစ်စီးထက်​တော့ ပိုပါတယ်။ ဂျက်နဲ့ လာပစ်တာပါ" ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ ရခိုင်တိုင်းရင်းသား ပရဟိတသမားက ပြောဆိုသည်။ ရခိုင်ဒေသသတင်းရင်းမြစ် One Nation News ကမူ ယနေ့ စစ်တပ်က အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာတစ်ခုကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွတ်ဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြသည်။ အဆိုပါလေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သူမှာ ဝါချီးလားကျေးရွာနေ ဦးဘာဆဲလ်၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမူဆလင်ကလေးငယ်သည် ဗုံးစထိမှန်ခဲ့ပြီး ဘယ်ဘက်ပေါင်ရိုးကျိုးကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် အဆိုပါကလေးငယ်ကို နီးစပ်ရာ ဆေးခန်းသို့ အရေးပေါ်ပို့ဆောင်ထားပြီး လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။ အလားတူ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ် ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာရှိ အများပြည်သူနေထိုင်ရာ နေရာများ၊ ဆေးခန်းနှင့် ယာယီဈေးများကို ဂျက်လေယာဉ် ၄ စီးဖြင့် ၁ နာရီခန့်ကြာ ဗုံးများကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မောင်တောမြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး ရှင်မြဝါကျွန်း အနောက်ဘက်ကွင်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် နေအိမ် ၁၀ လုံးကျော်ခန့် ပျက်စီးသွားကြောင်း သိရသည်။ ဓာတ်ပုံ - ၂၀၂၄ ခုနှစ်အတွင်း ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းကို အသုံးပြုထားပါသည်။) Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

ဘူးသီးတောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ စခန်းဟောင်းဝန်းကျင်ကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက် ရန်ကုန်၊ ဇူလိုင် ၁ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းနေရာ ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ရခိုင်တိုင်းရင်းသား ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းတည်ရှိရာ နေရာများနှင့် အနီးဝန်ကျင်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံးရေ ၁၀ ကျော်ဖြင့် ဆက်တိုက် ကျဲချတိုက်ခိုက်သွားကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုအခြေအ​နေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ "ဒီနေ့ ၁၀ နာရီ ၄၀ မိနစ်လောက်က ဘူးသီးတောင်မြို့နယ် စကခ ၁၅​ နေရာကို အလုံး ၁၀ ​ကျော် လာပစ်သွားတယ်လို့ သိရတယ်။ ​လေယာဥ် အစီးအ​ရေအတွက်​တော့ မသိသေးဘူး။ တစ်စီးထက်​တော့ ပိုပါတယ်။ ဂျက်နဲ့ လာပစ်တာပါ" ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ ရခိုင်တိုင်းရင်းသား ပရဟိတသမားက ပြောဆိုသည်။ ရခိုင်ဒေသသတင်းရင်းမြစ် One Nation News ကမူ ယနေ့ စစ်တပ်က အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာတစ်ခုကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွတ်ဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြသည်။ အဆိုပါလေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သူမှာ ဝါချီးလားကျေးရွာနေ ဦးဘာဆဲလ်၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမူဆလင်ကလေးငယ်သည် ဗုံးစထိမှန်ခဲ့ပြီး ဘယ်ဘက်ပေါင်ရိုးကျိုးကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် အဆိုပါကလေးငယ်ကို နီးစပ်ရာ ဆေးခန်းသို့ အရေးပေါ်ပို့ဆောင်ထားပြီး လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။ အလားတူ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ် ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာရှိ အများပြည်သူနေထိုင်ရာ နေရာများ၊ ဆေးခန်းနှင့် ယာယီဈေးများကို ဂျက်လေယာဉ် ၄ စီးဖြင့် ၁ နာရီခန့်ကြာ ဗုံးများကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မောင်တောမြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး ရှင်မြဝါကျွန်း အနောက်ဘက်ကွင်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် နေအိမ် ၁၀ လုံးကျော်ခန့် ပျက်စီးသွားကြောင်း သိရသည်။ ဓာတ်ပုံ- ၂၀၂၄ ခုနှစ်အတွင်း ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းကို အသုံးပြုထားပါသည်။) Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်မပြုနိုင်ဟု မြန်မာစစ်တပ်က ငြင်းပယ်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထပ်မံတောင်းဆို ရန်ကုန်၊ ဇူလိုင် ၁ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပြုနိုင်ကြောင်း မြန်မာစစ်တပ်က ငြင်းပယ်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) မှာ အာဆီယံဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူဖြစ်ပြီး အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း DFA ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် (Dax Imperial) က ပြောကြားသည်။ "မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းလာချိန် နိုင်ငံရေးအကျဉ်းသားအားလုံး၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးကို ပြန်လွှတ်ပေးဖို့ အရေးကြီးကြောင်း ထပ်လောင်းတိုက်တွန်းလိုပါတယ်" ဟု ဒက်စ် အင်ပီရီယယ်က ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းက အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်တွင် ဖော်ပြထားသည့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံခြေလှမ်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ဖိလစ်ပိုင် တွေ့ဆုံခွင့်တောင်းဆိုမှုကို မြန်မာအာဏာပိုင်များက ပယ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည့်အတွက် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်မပြုနိုင်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ထုတ်ဖော်ပြောဆိုသည်။ အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေးကို အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံက သတင်းထုတ်ပြန်သည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အစိုးရက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် မစတင်မီ နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ လာဇာရိုသည် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေမည့် လက်တွေ့ကျသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရန် အမြဲတစေ တိုက်တွန်းခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အာဆီယံသည် မြန်မာနိုင်ငံအရေးကို ဖြေရှင်းရန် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့် အထူးကိုယ်စားလှယ်အား သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပြုရေးတို့ ပါဝင်သည်။ သို့သော် မြန်မာစစ်တပ်က အဆိုပါ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အနည်းငယ်သာရှိပြီး နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ဝေဖန်မှုများကို ဆက်တိုက်ရင်ဆိုင်နေရသည်။ (PH renews call to free Suu Kyi after Myanmar rejects Asean envoy ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။) Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်း ပဋိပက္ခကြောင့် သေဆုံးသူ လူ ၁ သိန်းကျော်ပြီ ရန်ကုန်၊ ဇူလိုင် ၁ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Armed Conflict Location & Event Data (ACLED) အဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ACLED ၏ နောက်ဆုံးအချက်အလက်များအရ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားပဋိပက္ခဆိုင်ရာ အကြမ်းဖက်ဖြစ်စဉ်များအတွင်း သေဆုံးသူ စုစုပေါင်း ၁၀၀,၁၁၄ ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် တရားဝင်သေဆုံးစာရင်း ထုတ်ပြန်ထားခြင်းမရှိသော်လည်း သုတေသီများက လက်ရှိပြည်တွင်းစစ်ကို အာရှဒေသတွင် သေဆုံးမှုအများဆုံး ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအဖြစ် သတ်မှတ်ထားကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြလှုပ်ရှားမှုများကို အင်အားသုံးနှိမ်နင်းခဲ့သည်။ ထို့နောက် ဆန္ဒပြသူအများအပြားသည် မြို့ပြဒေသများမှ ထွက်ခွာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်လာခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအတွင်း ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် အသက် ၄၉ နှစ်အရွယ် ဒေါ်သိန်းအေးနုက "ဒီနာကျင်မှုက အဆုံးမရှိဘူး။ ဒေါသလည်း ထွက်တယ်၊ နာလည်း နာကျည်းတယ်။ ဒါပေမဲ့ ဘယ်သူ့ကို ဒေါသထွက်ရမှန်းတောင် မသိတော့ဘူး။ ကံကြမ္မာလို့ပဲ ဖြေသိမ့်နေရတယ်" ဟု AFP သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်းဒေသကြီးမှ တိုက်ပွဲတွင် သေဆုံးခဲ့သည့် လူငယ်တစ်ဦး၏ ဖခင်က "အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် ကလေးတွေ ကျောင်းတက်နေရမှာပါ။ သားက တော်လှန်ရေးမှာ ပါဝင်ဖို့ အိမ်ကနေ ထွက်သွားခဲ့ပြီး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ အမြောက်ကျည်တွေ ဆက်တိုက်ကျနေတဲ့အတွက် ဗုဒ္ဓဘာသာဓလေ့အတိုင်းတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခွင့်မရခဲ့ဘူး" ဟု ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၇ သန်းကျော်ရှိနေပြီး လူဦးရေ ၅ ဦးလျှင် ၁ ဦးကျော်သည် အစားအစာ မလုံလောက်သည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရသည်။ ACLED ၏ အဆိုအရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၁,၂၀၀ ကျော် လှုပ်ရှားနေပြီး "ကမ္ဘာပေါ်တွင် အဖွဲ့အစည်းအကွဲအပြားဆုံး လက်နက်ကိုင်ပဋိပက္ခ" ဖြစ်လာကြောင်း ဖော်ပြထားသည်။ ACLED အကြီးတန်းသုတေသီတစ်ဦးက ပဋိပက္ခသည် နိုင်ငံအနှံ့သို့ ပျံ့နှံ့သွားပြီး အရပ်သားများအတွက် အလွန်အန္တရာယ်ကြီးမားသည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုခဲ့သည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်ခဲ့သဖြင့် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုနှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကြောင့် စစ်ကောင်စီဘက်က စစ်ရေးအသာစီး ပြန်လည်ရရှိလာကြောင်း သုံးသပ်သူများက ဆိုသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းဥပဒေကို အသက်ဝင်စေခဲ့ပြီး ပြည်သူ ၅၀,၀၀၀ ကို စစ်မှုထမ်းရန် စုဆောင်းရန် ရည်ရွယ်ခဲ့သည်။ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ပြီးနောက် ထွက်ပြေးလာသည့် အသက် ၂၀ အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးက "စစ်မှုထမ်းတွေက ဘာမှ မလုပ်နိုင်ဘူး။ သေဖို့ပဲ ပို့ခံနေရသလိုပါပဲ။ တစ်နေရာမှာ မသေရင် နောက်တစ်နေရာကို ထပ်ပို့တယ်" ဟု ပြောဆိုခဲ့သည်။ လက်ရှိပြည်တွင်းစစ်ကြောင့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဒုက္ခသည်များ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာကြောင်း AFP သတင်းက ဖော်ပြထားသည်။ သတင်းနှင့် ဓာတ်ပုံ-AFP Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

photo content
+3