6 463
المشتركون
-624 ساعات
-457 أيام
-18630 أيام
أرشيف المشاركات
6 458
အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ
စည်းကမ်းမရှိတဲ့သူလဲ ပရမ်းပတာ
System မရှိတဲ့ စီးပွားရေးလဲ ပရမ်းပတာပဲ
ပရမ်းပတာ ဘဝကြီးကိုမလိုချင်ရင်
အထိန်းအကွပ် စည်းကမ်း system ရှိဖိုလိုတယ်
6 458
နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။
အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီပေးတယ်။
အလားတူ
ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့်
ကျနော်တို့ တိုးတက်ဖို့
သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။
6 458
ဘယ်လောက်ပဲတော်တော်
ဘယ်လောက်ပဲချမ်းသာချမ်းသာ
ဘာမှလုပ်လိုမရတဲ့ ရက် ၂ ရက်ရှိတယ်
၁. Yesterday
၂. Tomorrow
ကိုယ်လုပ်ချင်တာတွေလုပ်နိုင်တာ
လုပ်ခွင့်ရှိတာ ဒီနေ့ပဲရှိတယ်
မရောက်သေးတဲ့ မနက်ဖြန်နဲ့
ပြီးခဲ့တဲ့ မနေ့ကအတွက်
အချိန်ကုန်နေတာတွေရပ်ပြီး
လုပ်စရာရှိတာတွေကို ဒီနေ့လုပ်ဖိုလိုပြီ
6 458
Repost from V Tech Guide
တစ်ပြားမှ မကုန်ပဲ ရက်( ၉၀ ) တုံးထုနည်း ⚡️
ထိုင်းရောက်ရွှေမြန်မာများမင်္ဂလာပါ 🙏🙏🙏
90 Days Report ဆိုတာကတော့ ထိုင်းနိုင်ငံတွင်းမှာနေတဲ့ နိုင်ငံခြားသားတိုင်း ရက်၉၀ ပြည့်အောင် ထိုင်းနိုင်ငံထဲမှာနေရင် ထိုင်းလဝက ကိုအကြောင်းကြားရတဲသဘောပါ၊
ကိုယ်က ထိုင်းနိုင်ငံအတွင်းမှာ ကျောင်းတက်လိုပဲဖြစ်ဖြစ် အလုပ်လုပ်လိုပဲ ဖြစ်ဖြစ်ဘယ်လိုနေနေ ရက် ၉၀ ပြည့်တိုင်း 90 Days Report လုပ်ရပါတယ်( Smart Visa ကိုင်ထားတဲ့သူကတော့ မလိုပါဘူး ) ။
90 Days Report ကို ထိုင်းရောက်ရွှေမြန်မာတော်တော်များများကတော့ အလုပ်ပျက်လို ပွဲစား ဒါမှမဟုတ် သူငယ်ချင်းတွေကို ဘတ်၂၀၀ ပေးပြီးလုပ်ခိုင်းလေ့ရှိကြပါတယ်။
တစ်ချို အတွက် ဘတ်၂၀၀ ကဘာမှမဟုတ်ပေမယ့် ချွေးနဲ့ရင်းပြီး ရှာထားရတဲ့ ရွှေမြန်မာတွေအတွက် ပိုက်ဆံမကုန်ပဲ ဆော့ဝဲလ်နဲ့ ရက်၉၀ တုံးထုနည်းကို မျှဝေလိုက်ရပါတယ်။
ဆော့ဝဲလ်ထဲမှာ ပြုလုပ်နည်းတွေကို တစ်ဆင့်ချင်းဖော်ပြပေးထားပါတယ်၊👇🏻👇🏻
✨
ဆော့ဝဲလ်ဒေါင်းရန်လင့်- https://mm.nextworm.com/archives/2674
IOS USER များအတွက် ဆော့ဝဲလ်လင့်- https://mm.nextworm.com/archives/2674
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
တင်ဆက်သူ Victor ။
6 458
ထိုင်းခရိုင်ပြ လမ်းကြောင်း မြေပုံဆော့ဝဲ ( Offline )
Offline ဆိုတဲ့အတိုင်း ထိုင်းနိုင်ငံတစ်ခုလုံးကို လိုင်းပိတ်ထားတဲ့ အခြေအနေမှာတောင် လမ်းကြိုလမ်းကြား ၊ မြို့နယ် ၊ ရပ်ကွပ်အလိုက် ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။
ကိုယ်သွားမယ့်နေရာကို မြေပုံထဲ မှတ်လိုက်တာနဲ့ လက်ရှိရောက်နေတဲ့ နေရာကနေ လမ်းကြောင်း ဆွဲပေးမှာ ဖြစ်လို့ ခရီးသွားမယ်ဆိုရင်လဲ တော်တော်လေး အဆင်ပြေစေမှာပါ
Offline ဆိုပေမယ့် ကိုယ်သွားမယ့်ခရီးက
လမ်းလျှောက်သွားရင် ဘယ်လောက်ကြမလဲ ?
ကားနဲ့သွားရင် ဘယ်လောက်ကြာမလဲ?
လမ်းမှာ ဆီဆိုင်တွေ ရှိလား?
အကုန်ကြည့်လို့ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်ပဲ သွားသွား ဒီဆော့ဝဲလေးက အသုံးဝင်တာမို့ ဆောင်ထားသင့်ပါတယ်
ော့ဝဲလ်ဒေါင်းရန်လင့်-
For Android - https://mm.nextworm.com/archives/2306
For IOS - https://mm.nextworm.com/archives/2903
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
6 458
Telegram ရဲ့ Founder & CEO Pavel Durov ပြင်သစ်လေဆိပ်မှာ အဖမ်းခံလိုက်ရပါတယ်။
Telegram ကို ဘာမှ မထိခိုက်သေးတာမို့ လောလောဆယ် Group တွေ Channel တွေထဲက ထွက်စရာမလိုသေးပါဘူး:3
6 458
အိတ်ထဲမှာဘာရှိလဲဆိုတာ အစထဲက
အထဲမှာဘာထည့်ထားသလဲပေါ်မူတည်တယ်
အမှိက်တွေထည့်ထားတဲ့အိတ်က
ပြန်ထုတ်ရင် အမှိက်တွေပဲပြန်ထွက်မယ်
ပိုက်ဆံထည့်ထားတဲ့ အိတ်က
ပိုက်ဆံပဲပြန်ထွက်မယ်
ဒီလိုပဲ ကျနော်တိုရဲ့ ဦးနှောက်ကလဲ
အာရုံငါးပါးကနေ ဝင်လာတဲ့ information တွေကိုပဲ
ပြန်လည်ထုတ်ပေးနိုင်တယ်
မြင်ဖူး ကြားဖူး ထိဖူး အရသာခံဖူး
အနံ့ရဖူးတာတွေကိုပဲ ကျနော်တို သိနိုင်တယ်
ဒါကြောင့် ပညာတွေထွက်ဖို
Positivity တွေထွက်ဖို မေတ္တာတွေထွက်ဖိုဆိုတာ
ကိုယ်နေ့စဉ်ကိုယ့်ဦးနှောက်ထဲကို
ဘာတွေထည့်နေသလဲဆိုတာပေါ်မူတည်တယ်မိတ်ဆွေ
ရွေးပြီးထည့်တတ်ပါစေ 🙏🏻
6 458
လောကကြီးမှာ ခံရသူ သိပ်မလုပ်နဲ့
ခံရသူဖြစ်ကြောင်းသိပ်မပြောနဲ့
ခံရတာကြိုက်တယ်ထင်ပြီး
ချမယ့်လူတွေတန်းစီရောက်လာလိမ့်မယ်
6 458
မိတ်ဆွေ သူငယ်ချင်း
အပေါင်းအဖော်ကအရေးပါတယ်
ကိုယ်ဘာလုပ်လုပ် အားပေးတဲ့
သူငယ်ချင်းတွေက ကောင်းတယ်ထင်ရပေမယ့်
ကိုယ်မှားနေရင်မှားတာကိုပြောပြတဲ့မိတ်ဆွေ
မလုပ်သင့်တာတွေကိုတားတဲ့ သူငယ်ချင်းကမှ
မိတ်ဆွေအစစ် သူငယ်ချင်းအစစ်လို
ပြောလိုရတယ်
ဘာလုပ်လုပ်
အားမပေးသူငယ်ချင်းရှိရင်လဲရှောင်
သူလုပ်လိုမရတိုင်းသူများပါ
ဘာမှမလုပ်စေချင်တာကလဲ တိုးတက်မှု
နှောက်နှေးစေတယ်
လူရွေးပေါင်းပါ လူရွေးတွဲပါ
ဘဝက အာရုံနောက်စရာတွေနဲ့နေသွားဖို
တိုလွန်းတယ် မိတ်ဆွေ
6 458
ရှိသမျှအကုန်သိနေဖိုမလိုဘူး
ဒါပေမယ့် သိသမျှအကုန်တော့
ခေါင်းထဲမှာရှိနေဖိုလိုတယ်
ဖတ်ထားမှတ်ထားလေ့လာထားတာတွေဆိုကို
ခေါင်းထဲမှာရှိနေဖိုဆိုရင်
အရင်ဆုံးနားလည်ဖိုလိုတယ်
နားလည်သွားရင်သုံးချရတယ်
အသုံးချလိုက်တော့မှ
ငါဘယ်တုန်းကဘယ်လိုလုပ်ခဲ့တာဆိုတာက
ခေါင်းထဲမှာပိုမြဲတယ်မိတ်ဆွေ
6 458
ဘယ်အသက်အရွယ်ရောက်မှ ဘယ်လိုမျိုး ပျော်မယ် ။
ဘယ်လိုမျိုး ခရီးတွေ သွားမယ် ။
ဘာတွေလုပ်မယ် ။
ဘယ်လိုကဲမယ်ဆိုတဲ့ မရေရာတဲ့ အနာဂါတ်အပေါ်မှာ
တွေးပြီး planတွေဆွဲနေတာထက် လက်ရှိအချိန်မှာ
အကောင်းဆုံး ပျော်အောင်နေတတ်ဖို့လိုတယ်။
ပျော်ရွှင်မှုမှာ ကန့်သတ်ချက်တွေရှိတယ်တဲ့။
အသက်အရွယ် ၁၈, ၁၉ ,၂၀,၂၁ ,၂၂ .....စသဖြင့်
လူငယ်အရွယ်မှာ လုပ်ခဲ့ရမဲ့ ပျော်ရွှင်မှုတစ်ခုကို
အသက် ၄၀ အရွယ်မှာ သွားလုပ်လို့လည်း ဘယ်လိုမှ
အဆင်မပြေနိုင်တော့ဘူးလေ ။
အဲ့ဒါကြောင့်မို့ ဘယ်အချိန်ကျမှ ပျော်မယ်ဆိုတဲ့
မရေရာတဲ့အနာဂါတ်ကို တွေးပြီး တောင့်တနေတာထက်
လက်ရှိအချိန်မှာလည်း ကိုယ့်စိတ်ကိုယ် ပျော်အောင်
ထားဖိူ့လိုပါတယ် ။
စိတ်ညစ်စရာတွေကို သိပ်မတွေးပါနဲ့ ။
ခေါင်းထဲကို depressionတွေ အရမ်းအ၀င်မခံပါနဲ့ ။
ကိုယ့်ပျော်ရွှင်မှုလေးတွေကို ကိုယ်တိုင်ပဲ ဖန်တီးယူရမှာပါ။တစ်ခုရှိတာက ကိုယ်ဖန်တီးယူထားတဲ့
ပျော်ရွှင်မှုဟာ ကိုယ့်ကိုကိုယ် မထိခိုက်ဖို့ ၊
တစ်ဖက်သားကို မထိခိုက်ဖို့တော့လိုပါတယ် ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် သူများကိုလည်း
အရမ်းကြီးမအားကိုးပါနဲ့ ။
သူများကို အားကိုးထားတဲ့ ပျော်ရွှင်ခြင်းတွေက
တစ်ချိန်ချိန်မှာ ကိုယ်ကိုတိုင်ပဲ ပြန်နာကျင်ရပါလိမ့်မယ် ။
ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးပါ။
ကိုယ်လုပ်ချင်တဲ့ အရာတွေအပေါ်မှာ
စိတ်လွတ်လက်လွတ် လုပ်ပါ။
တစ်ခုသတိထားရမှာက ပျော်ရွှင်မှုကို မကောင်းတဲ့
အရာတွေနဲ့ ဖန်တီးယူထားခြင်းတွေတော့
မဖြစ်ပါစေနဲ့ ။
လက်ရှိအချိန်ကိုလည်း အကောင်းဆုံးပျော်တတ်ပါစေ ။
6 458
အချိန်မရှိဘူးအော်နေတဲ့သူတွေမှာ
Social media သုံးတဲ့ screen time က
၄ နာရီနဲ့အထက်မှာရှိနေတတ်တယ်
အဲ့ထဲမှာကိုယ်ပါတယ်ဆိုရင်
ဘဝမှာ ဘာကပိုအရေးကြီးတယ်
မလုပ်ရင်ဘာတွေဆုံးရှုးမယ်ဆိုတာကို
ပြန်စဉ်းစားကြည့်ဖိုလိုနေပါပြီ 🫰🏻
အရေးကြီးတာတွေကို အရာပေးဖို
အချိန်ရောက်နေပါပြီ
6 458
သင်တန်းတွေ ဖွင့်ပြီး သင်နေကြတာလည်း ဒီစာတွေပဲနော် ။
ကိုယ်ကသာ တစ်ကယ် တတ်ချင်တယ် ကွန်ပြူတာအခြေခံကို ပိုင်နိုင်ချင်တယ် ဆိုရင်တော့ ဒီဆော့ဝဲလ်လေး မှာ သင်ပေးတာတွေကို သေချာလိုက်လုပ် ရင် ကျွမ်းကျင်သွားပါလိမ့်မယ်။
ရုံးမှာ အလုပ်လျှောက် တဲ့နေရာတွေလည်း မျက်နှာ မငယ်ဘူး။
ကျောင်းသား ကျောင်းသူတွေဆိုရင်တော့ ပိုပြီးတော့တောင် အသုံးဝင်သေးတယ်။
ဘာသင်ချင်လဲ ကွန်ပြူတာနဲ့ပတ်သတ်တာအားလုံးဒီမှာရှိတယ်။
။ အားလုံးကျန်းမာချမ်းသာလိုရာပြည့်ကြပါစေ။ဆော့ဝဲလ်ဒေါင်းရန်လင့် -
For Android - https://bit.ly/4bTJDO0
For IOS - https://bit.ly/4bNOTSY
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
6 458
မဖြစ်နိုင်တာတွေကိုတောင်တွေးနိုင်သေးရင်
သင့်မှာ creativity ရှိကိုရှိတယ်
ပြဿနာတွေတောင် ရှာနိုင်သေးရင်
ကောင်းကွက်တွေကို ကြည့်နိုင်တဲ့ မျက်စိရှိကိုရှိတယ်
အတင်းပြောတတ်တဲ့ ပါးစပ်ရှိရင်
သတင်းကောင်းပါးတတ်တဲ့ ပါးစပ်လဲရှိတယ်
မကောင်းတဲ့ဘက်တွေမှာတလွဲသုံးမိနေလိုသာ
အကျိုးထက် အပြစ်ကများနေတာပါ 🫰🏻
You can be amazing human too
6 458
တလွဲတွေလုပ်နေရင် ကွယ်ရာမှာ
ထိုင်ဟားနေတဲ့သူတွေထက်
ကိုယ်မှားနေတာကို အမုန်းခံပြောတဲ့
သူငယ်ချင်းတွေမိတ်ဆွေတွေရှိဖိုလိုတယ်
6 458
ပိတ်ရက်တွေ အနားယူချိန်တွေကို
ကိုယ့်ကိုယ်ကိုတည်ဆောက်ဖိုသုံးပါ
- ခန္ဓာကိုယ် ကြံ့ခိုင်လာဖို
- အပိုဝင်ငွေရလာဖို
- ပါးစပ်စည်းကမ်းရှိဖို
- ပညာအသစ်တွေ သင်ယူဖိုသုံးပါ
အချိန်တန်ရင် သိသိသာသာကွာလာပါလိမ့်မယ်
6 458
မလေးတစ်နိုင်ငံလုံးကို အသေးစိတ်ကြည့်လိုရမယ့် မလေးမြေပုံ
ကိုယ်ဘယ်နေရာပဲရောက်ရောက် အခက်ခဲရှိတဲ့အချိန် အင်တာနက်မလိုပဲ Offine ကြည့်နိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများအားလုံးဆောင်ထားသင့်ပါတယ်။
Malaysia Map For Android
https://mm.nextworm.com/archives/4844
Malaysia Map For IOS
https://mm.nextworm.com/archives/4847
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
6 458
Content Creator တွေအတွက် Policy Issue, Community Standard Warning ကို ဖယ်ထုတ်ရှင်းပေးနိုင်မယ့် Tool တစ်ခုကို Facebook မှာ မိတ်ဆက်
Community Standard ပြဿနာတွေကို ကိုယ့်ရဲ့ အကောင့် Status ကနေ ဖယ်ရှားနိုင်ဖို့အတွက် Tool တစ်ခုကို Professional Mode On ထားတဲ့ သူတွေအရင်ဆုံး ရရှိအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလို Warning Issue တွေကို Clean လုပ်ပေးနိုင်မယ့် Tool ဟာ တစ်နှစ်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Policy Issue Warning Fixing Tool သဘောတရားကတော့ Educational Purpose အနေနဲ့ Community Standard ဆိုင်ရာ သဘောတရားတွေ၊ ပေါ်လစီတွေ၊ စည်းကမ်းချက်တွေကို App ထဲမှာ Learn လုပ်သွားရမှာဖြစ်ပြီးတော့ Learning Process ပြီးတာနဲ့ မိမိ အကောင့်မှာ ထိနေတဲ့ Warning က တစ်ခါထဲ ရှင်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နှစ်မှာ တစ်ခါသာ အသုံးပြုနိုင်မှာဖြစ်လို့ နောက်တစ်ကြိမ် Warning ထပ်ထိရင် အဆိုပါ Warning ကိုတော့ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး။
အကယ်၍ ကိုယ်က တစ်နှစ်အတွင်းမှာ Policy Issue Fixing Tool ကို တစ်ခါ အသုံးပြုထားမယ်၊ တစ်နှစ်အတွင်းမှာ နောက်ထပ် Warning တွေ ထပ်မရှိဘူးဆိုရင်တော့ နောက်ထပ် တစ်နှစ်အတွင်းမှာလည်း Warning ကိစ္စတွေဖြစ်လာခဲ့ရင် Policy Issue Fixing Tool ကို ထပ်မံအသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောမယ်ဆိုရင် Policy Issue Fixing Tool ကို တစ်နှစ်မှာ တစ်ခါဘဲ သုံးလို့ရမယ်။ တစ်နှစ်ထဲမှာ ၂ ခါ ဖြစ်သွားခဲ့ရင် နောက် တစ်နှစ်မှာ Fixing Tool ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Warning Status ကိုလည်း ဖျောက်လို့ရမှာ မဟုတ်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ Reach လျော့ချခြင်းနဲ့ Monetization ကိစ္စတွေမှာ ကန့်သတ်ခြင်း ခံရနိုင်တယ်လို့ Meta က ထုတ်ပြန်ကြေငြာထားပါတယ်။
Policy Issue Fixing Tool က Content Creator အားလုံးဆီ မကြာမှီ ရောက်ရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
6 458
Repost from V Tech Guide
+4
Telegram မှာ Myanmar Font မှန်အောင်လုပ်နည်း
ပုံမှန်အားဖြင့် မိမိရဲ့ဖုန်းထဲက Telegram မှာမြန်မာ font မှန်ကြပေမယ့် Laptop ၊ PC တို့နဲ့သုံးတဲ့အခါမှာတော့ font မမှန်တာကိုလူအများကြုံရမှာဖြစ်ပါတယ်။ ဒီပြဿနာကိုအလွယ်ကူဆုံးဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကို မသိသေးသူများအတွက်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
တင်ဆက်သူ- Victor
6 458
ြန်မြန်အောင်မြင်ချင်ရင်
အလွယ်လမ်းလိုက်နေမယ့်အစား
ဖြေးဖြေးမှန်မှန်နဲ့ ပုံမှန်လုပ်ခြင်းက
အမြန်ဆုံးနည်းလမ်းပါပဲ
ပုံမှန်လေးလုပ်သွားဖိုကခက်နေရင်
System ရှိပြီးသား ခရီးရောက်ပြီးသား
သူတွေနဲ့ ဝန်းရံပါမိတ်ဆွေ 🚀
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
