ar
Feedback
V Tech Guide

V Tech Guide

الذهاب إلى القناة على Telegram
6 472
المشتركون
-1224 ساعات
-477 أيام
-19030 أيام
أرشيف المشاركات
ပိုကောင်းပိုတော်ပိုတတ်ချင်ရင် - ကျန်းမာရေး - စာအုပ်စာပေ - တိုးတက်မှု - သင်ကြားရေး - personal development - အဟာရပြည့်တဲ့အစားအစာ တွေအပေါ်မှာ ပိုက်ဆံသုံးဖို မတွန့်တိုမိပါစေနဲ့

အချိန်ဆွဲတတ်တဲ့အကျင့်ကို ဒီ ၃ ချက်နဲ့ဖျောက်ကြည့်ပါ ၁/ တာဝန်သေးသေးလေးတွေပေးပြီး စကြည့်ပါ နေ့စဉ်လုပ်နေကြအလုပ်တွေထဲကပဲ သင့်တော်သလို တာဝန်သေးသေးလေးလေးတွေကို မဖြစ်မနေလုပ်ကို လုပ်ရမယ့်ပုံစံမျိုးနဲ့ တာဝန်ပေးပါ။ Dr. Maxwell Maltz ရေးခဲ့သလို နေ့စဉ်လုပ်လာရင်း ရက်ပေါင်း ၂၁ ကြာတဲ့အခါ ဒီအလေ့အကျင့်ကို စတင်လက်ခံလာပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုအကျင့်ကို စွဲမြဲလာဖို့ သုတေသနတွေအရ ရက်ပေါင်း ၆၆ ရက်ကြာလာရင် တာဝန်ယူတတ်တဲ့အလေ့အကျင့်ဖြစ်လာပါလိမ့်မယ်။ တာဝန်သေးသေးလေးတွေကျေပွန်လာရင် တဖြည်းဖြည်းနဲ့ တာဝန်‌ကြီးတာလေးတွေကိုပါ ဆက်ပြီးတိုးတိုးတာဝန်ပေးပါ။ ၂/ သင်ခန်းစာယူတတ်ပါ အချိန်ဆွဲလိုက်လို့ အခွင့်အလမ်းတွေဆုံးရှုံးသွားတာ၊ ရလဒ်တွေ လွဲချော်သွားတာ၊ မတိုးတက်ဘဲ အမြဲနောက်ကျကျန်နေတာ၊ အချိန်လွန်မှ ကိုယ့်ကိုယ်ကိုယ် အမြဲအပြစ်တင်နေရတာမျိုး တနည်းပြောရရင် အချိန်လွန် နောင်တတွေဖြစ်နေရတာမျိုးကို သင်ခန်းစာယူပြီး ဒါမျိုးမဖြစ်အောင် တိုးတက်ချင်စိတ်ကိုမွေးမြူပါ။ ၃/ အလုပ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုပါ အလုပ်ကြီးကြီးမှမဟုတ်ဘူး၊ အလုပ်သေးသေးလေးကအစ အလုပ်တစ်ခုပြီး‌မြောက်တိုင်း ကိုယ့်ကိုယ်ကိုယ် တစ်ခုခုဂုဏ်ပြုတတ်တဲ့အကျင့်မျိုး ကြိုးစားလုပ်ပါ။ ဥပမာ ဒီနေ့အိမ်သန့်ရှင်းလေးလုပ်ဖို့ ပေးထားတဲ့တာဝန်ပြီးမြောက်လို့ မုန့်ထွက်စားတာ၊ စာအုပ်တစ်အုပ် ပြီးအောင်ဖတ်ဖို့တာဝန်ပြီးသွားလို့ ရုပ်ရှင်ကြည့်လိုက်တာ၊ ဝန်ထမ်းတစ်ဦးဆိုရင် အလုပ်ကို ပုံမှန်မပျက်ဆင်းမယ်ဆိုတဲ့တာဝန်ကျေလို့ လကုန်တဲ့အခါ လစာထဲကနေ ကိုယ့်အတွက် အနည်းငယ်မျှပဲဖြစ်ဖြစ် အမှတ်တရ တစ်ခုခုဝယ်လိုက်တာမျိုး စသဖြင့်ဂုဏ်ပြုပါ။ နောက်ဆို ဒီလိုဂုဏ်ပြုခြင်းမျိုးကို လက်ခံတတ်လာရင်းက ကြိုးစားချင်စိတ်ကိုလည်း တွန်းအားဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီ ၃ ချက်လောက်ကို ကြိုးစားလုပ်ကြည့်ပါ။ အကျင့်ဆိုတာ အကျင့်နဲ့ပဲပြန်လည်ပြုပြင်ရတာမျိုးမို့ မွေးရာပါမဟုတ်တဲ့ မွေးယူထားတဲ့ ဘယ်အကျင့်တွေမဆို လိုချင်တဲ့အကျင့်နဲ့ပြန်ပြင်ရင် ရပါလိမ့်မယ်။

ဘာပဲလုပ်လုပ် 4 step process နဲ့လုပ် ဆန္ဒ → အကြံအစည် → action ယူ → သင်ယူ ဘာတွေပဲ လုပ်ချင်လုပ်ချင် အရင်ဆုံး လုပ်ချင်တဲ့ ဆန္ဒရှိရတယ် အဲ့ရှိလာတဲ့ ဆန္ဒကိုမှ ဘယ်လို အကောင်အထည်ဖော်ရမယ်ဆိုတာ ကြံစည်ရတယ် အဲ့ ၂ ခုလုံးက ခေါင်းထဲမှာပဲရှိသေးတယ် တကယ်လက်တွေ့မှာဖြစ်လာဖိုက Action ယူမှရတယ် Action ယူတိုင်းအလုပ်မဖြစ်ရင်ရော အလုပ်ဖြစ်ရင်ရောသင်ယူနိုင်မှရတယ်

photo content

တော်တော်များများက ပျောက်သွားရမှကို ကြောက်တတ်ကြတယ် အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားမှာ လူတွေမေ့သွားမှာ တခြားလူတွေ ကိုယ့်နေရာ အစားထိုးသွားမှာ စသည်ဖြင့်တွေးပူပြီးတော့ မတော်တဲ့ ဖိနပ်ကို စီးပြီးရှေ့ဆက်ကြတယ် ဒီတော့ နာကျင်ရတာကိုယ်ပဲဖြစ်လာတာပေါ့ဗျာ တကယ်တော့ ပျောက်သွားလိုရတယ် ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ဖို လိုအပ်ရင် ဂူအောင်းပြီး သိုင်းကျင့်တာမျိုးလဲလုပ်ရမှာပဲ အချိန်တွေကို သူများအားကျဖို လူအများ wow ဖြစ်စေဖိုအကုန်မခံပါနဲ့ ကိုယ့်အတွက်ရင်းနှီးမြှုပ်နှံရင်း တိုးတက်အောင်လုပ်ပါ်မိတ်ဆွေ 🫰🏻 ပျောက်သွားပြီး ပြန်ပေါ်လာရင် လူတွေအံ့ဩသွားရလောက်အောင် တိုးတက်ပြောင်းလဲနေအောင် ကြိုးစားလိုက်ပါ 🤘🏻

ဖုန်းစွဲလမ်းမှုပြဿနာက ကြီးတယ် သေချာမကုသရင် အမှန်တရားနဲ့ လုပ်သင့်တာတွေကရှောင်ပြေးတဲ့ Default နည်းလမ်းအနေနဲ့ အသားကျသွားနိုင်တယ် မသုံးပဲ နေလိုမရတဲ့ခေတ်မဟုတ်တာမို - ကိုယ်ကသုံးနေတာလား ကိုယ့်ကိုသုံးနေတာလား အရင်သိဖိုလိုတယ် - ကိုယ်ဘာအတွက် သုံးချင်တာလဲသိဖိုလိုတယ် - ကိုယ်အတွက် အနှောက်အယှက်လား အထောက်အကူဖြစ်လားသိဖိုလိုတယ် - သုံးနေရင်းနဲ့ ငါဘာအတွက် သုံးနေတာလဲလို မကြာမကြာသတိကပ်ဖိုလိုတယ် အကျိုးရှိတာတွေကိုရွေးသုံးတတ်ပါစေ 🫰🏻

ပြဿနာတစ်ခုကို ရင်ဆိုင်တဲ့သူရော ထွက်ပြေးတဲ့သူရော ၂ ယောက်လုံးမှန်တယ် ခံနိုင်ရည်ရှိမယ်လိုသိတဲ့သူက ဘာဖြစ်ဖြစ်ရအောင်ကျော်ဖြတ်မယ်လိုရင်ဆိုင်တယ် ခံနိုင်ရည်မရှိလောက်ဘူးလိုသိတဲ့သူက အသက်ရှင်ရပ်တည်ဖိုအတွက် ပြေးမယ် ဒီလူ ၂ မျိုးလုံးက ကိုယ့်အကြောင်းကိုယ်သိသူတွေမို ၂ ယောက်လုံးမှန်တယ် ထွက်ပြေးတိုင်း ငကြောက်မဟုတ်သလို ရင်ဆိုင်တိုင်းလဲ သူရဲကောင်းမဟုတ်ဘူး

ဘယ်သူမှ အပူနဲ့မကင်းဘူး လင်ပူ သားသူ ရည်းစားပူ ငွေကြေးအပူ အကြွေးအပူ မိသားစုအပူ အကုန်ရှိကြတာကြီးပဲ ဘာအပူမှ မရှိအောင်နေရင် ဗိုက်ကပူလာတယ် ကဲ ဘယ်သူအပူကင်းသလဲ 🤪

သေးငယ်ပြီး ဉာဏ်ပါတဲ့ မှန်ကန်သောရွေးချယ်မှုတွေကို ထပ်ခါတလဲလဲ အချိန်ကြာကြာလုပ်သွားနိုင်တဲ့အခါ ပိုကောင်းတဲ့ ဘဝဆိုတာ သူ့အလိုလိုရောက်သွားတာပါပဲ 🫰🏻 ပြောင်းပြန်အနေနဲ့လဲ အဲ့ဒါကမှန်တယ် မှားတဲ့ရွေးချယ်မှုတွေကလဲ တိုင်ပတ်တဲ့ဘဝကိုခေါ်ဆောင်သွားလိမ့်မည်

ကိုယ့်ရဲ့ daily progress တွေကို မှတ်တမ်းတင်ထားနိုင်ရင် ကျနော်တိုမှာ ကိုယ်ပိုင် data တွေရှိလာမယ် အဲ့ data တွေကိုကြည့်ပြီး ကိုယ်ဘယ်ကို ဦးတည်နေတယ်ဆိုတာ လေ့လာလိုရတယ် ကိုယ်အခု ဘယ်အရာတွေပေါ်မှာ အချိန်ကို အများကြီးသုံးနေသလဲဆိုတာ လေ့လာကြည့်ပါ အခုလက်ရှိပေါင်းနေတဲ့သူ ကြည့်နေတဲ့အရာတွေ ဖတ်နေတဲ့ စာတွေက သင့်အနာဂါတ်ကို ဆောက်လုပ်နေတဲ့ အုတ်ခဲတွေနဲ့တူတာမို မကောင်းတဲ့ quality မပြည့်တဲ့ အုတ်ခဲတွေဆိုရင် ကြိုတင်ဖယ်ရှားထားပါ မိတ်ဆွေ

သူများရဲ့ အတွေးအမြင်တွေကိုပဲ အမြဲလိုလို ကိုယ့်ခေါင်းထဲထည့်နေမယ်ဆိုရင် ကိုယ်ပိုင် အတွေးအခေါ်မရနိုင်ဘူးတဲ့ဗျ ကျနော်ပြောတာမဟုတ်ဘူးနော် Arthur Schopenhauer ကပြောပြသွားတာ နောက်ပြီးတော့ Constant Learning လုပ်တာကလဲ ငတုံးတစ်ယောက်ဖြစ်သွားစေတယ်တဲ့ဗျ 😅 အမှန်အတိုင်းပြောရင် အစက သူပြောချင်တာကိုနားမလည်ဘူး လူတိုင်းက life long learner လုပ်ချင်နေကြတာကို သူက constant learning မလုပ်နဲ့ဆိုတော့ အဆန်းပါလားပေါ့ ပြီးမှ သေချာပြန်စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ တကယ်လို ကျနော်တိုတွေသာ သူများအတွေးအခေါ်တွေကို အဆက်မပြတ် ကျနော်တိုဦးနှောက်ထဲကို ထည့်နေမယ်ဆိုရင် ဦးနှောက်က reasoning လိုခေါ်တဲ့ ဝေဖန်ပိုင်းခြား ဆုံးဖြတ်တာတွေမလုပ်တော့ပဲနဲ့ Memorized လိုခေါ်တဲ့ မှတ်တာတစ်ခုပဲလုပ်တော့မယ်ဆိုရင် သူပြောသလို ငတုံးဖြစ်သွားတာလဲဖြစ်နိုင်တာပဲလေ 😅 တစ်ရက်တစ်ရက် ကျနော်တိုတွေသုံးနေတဲ့ social media တွေ TV တွေ သီချင်းတွေကနေ သူများရဲ့ အတွေးအခေါ်အယူအဆတွေကို ရယူနေတာပါပဲ ဒါတွေကို တတ်နိုင်သလောက်လျော့ရင် ကျနော်တိုအတွက် ကိုယ်ပိုင်အချိန် ပိုရလာမယ် ကိုယ်ပိုင်အချိန်ပိုရလာရင် ကိုယ့်ဦးနှောက်က ဘယ်လိုဦးနှောက်ဆိုတာကို လေ့လာခွင့်ရလိမ့်မယ် ဥပမာ - timer မိနစ် ၃၀ ပေးပြီးတော့ No Phone, No TV , No Books ဘာ input မှ မသွင်းပဲနဲ့ နေကြည့်ပါ တရားထိုင်ဖိုပြောမဟုတ်ဘူးနော် ဒီတိုင်း ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကိုယ် နှစ်ယောက်တည်းနေကြည့်ကြည့် ဦးနှောက်က ဘာတွေတောင်းဆိုလဲဆိုတာ နားထောင်ကြည့် - ဖုန်းပြန်ကိုင်ဖို ပြောနေတာလား - ဟိုနားယား ဒီနားယားဖြစ်နေတာလား - ဝမ်းနည်းအထီးကျန်လာတာလား - ကာမဆန္ဒတွေပေါ်ပေါက်လာတာလား - ဒေါသတွေထွက်လာတာလား - အတိတ်ကိုပြန်သွားတာလား - အနာဂါတ်ကိုသွားတာလား - စိတ်ကူးယဉ်မိနေတာလား အဲ့ဒါတွေက ကျနော်တို ဦးနှောက်ရဲ့ Default state တွေဗျ ဒါတွေကို ကျနော်တိုက တခြား data input တွေထည့်နေတော့ သူတိုက အောက်မှာမြုပ်နေတာ ကိစ္စတစ်ခုကို လေးလေးနက်နက်စဉ်းစားဖိုဆိုတာဝေးရောဗျာ 😅 ဒီတော့ wisdom ဆိုတဲ့ အရာကထွက်လာစရာနေရာတောင်မရှိဘူး ဒီတော့ ပိုကောင်းပိုတော် ပိုထက်မြက်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ⭐️ တစ်ရက်ကို အနဲဆုံး ၁၅ မိနစ် ကိုယ့်ရဲ့ ဦးနှောက်နဲ့နေကြည့်ပါ ⭐️ ၁၅ မိနစ်ပြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ အတွေးတွေကို စာရွက်နဲ့ ဘောပင်သုံးပြီး ချရေးကြည့်ပါ ⭐️ နေသားကျလာတဲ့ အချိန်ကျရင် ၁၅ မိနစ်မစခင်မှာ ကိုယ် စဉ်းစားတွေးတောမယ့် မေးခွန်းတစ်ခု ဒါမှ မဟုတ် topic တစ်ခုကိုရွေးချယ်ပါ ဒါတွေလုပ်နိုင်ပြီဆိုရင်တော့ congratulations ပါ သင်ဟာ သူများရဲ့ idea storage မဟုတ်တော့ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင် idea generator machine ဖြစ်ပါပြီ စောဒကတက်စရာရှိတာက ကိုယ့် idea က သူများ idea လောက်မကောင်းရင် generate လုပ်တာက ဘာအကျိုးရှိမှာလဲ ?? အဖြေကတော့ရှင်းပါတယ် သူများ idea ကိုမှတ်ထားရင် ဦးနှောက်ကမေ့နိုင်ပေမယ့် ကိုယ်တိုင်နားလည်သဘောပေါက်သွားတဲ့အရာကိုတော့ ဘယ်အချိန်မေးမေး ဘယ်သူမေးမေး နားလည်အောင်ရှင်းပြတတ်သွားပါလိမ့်မယ် 🤘🏻 Focus on quality not quantity 🤘🏻

အတုတွေက အစစ်ထက် ပိုကောင်းတယ်လိုထင်နေရတော့ အတုကိုတောင် လူတွေက ပိုလိုကြိုက်နေကြသလိုပဲ 😁 ကျနော်ကတော့ old school ဆန်တယ် ခုရေတွင်းတူး အခုရေကြည်သောက် ဆိုတဲ့ အကွက်တွေကို သိပ်မယုံဘူး အမြန်ပြီးတဲ့ Hack တွေထက် အချိန်ယူပြီး တည်ဆောက်ရတဲ့ အတွေ့အကြုံနဲ့ system တွေကိုပိုယုံတယ် Instant ဆိုမယုံလွန်းလို coffee တောင် အစေ့ဝယ်ပြီး ကိုယ့်ဟာကို အပင်ပန်းခံ အားကုန်ခံ အမှုန့်ကျိတ်သောက်တယ် 😁 အောင်မြင်မှုဆိုတာ ကြိုးစားမှုရဲ့ ရလဒ်ဖြစ်မှ အရသာရှိတာဗျ ကံကောင်းလိုရလာတာ အရသာမရှိဘူး 😅 ခုချိန် ကြိုးစားမှုတွေကို မျိုးစေ့ချထားရင် နောင်တစ်ချိန် အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ခံစားရပါမယ်မိတ်ဆွေ

အားကျတယ်ဆိုပြီး သူများလုပ်တွေတာကိုပဲထိုင်ကြည့်နေလို ကိုယ့်အလုပ်တွေက အလိုလိုပြီးသွားတာမဟုတ်ဘူးဗျ ဒီတော့ သူများကို အားကျနေရတဲ့ အတွက် လက်ရှိမှာ ကိုယ်က သူများထက် နောက်ကောက်ကျနေတာမိုတစ်ခါရှုးတယ် အားကျနေရင်းနဲ့ ကိုယ်လုပ်ရမှာတွေကို မလုပ်မိတဲ့အတွက် အနာဂတ်မှာ ဖြစ်သင့်သလောက် ဖြစ်မလာနိုင်တဲ့အတွက် တစ်ခါထပ်ပြီးရှုးတယ် 😮‍💨 ဒီတော့ အားကျနေတာနဲ့ အချိန်မကုန်ပဲ ကိုယ်လုပ်ရမှာတွေကိုလဲ လုပ်ပါမိတ်ဆွေ

ဒေါသကြောင့် ဘယ်တော့မှ မပူလောင်စေနဲ့ အဲ့အစား အရင်ကထက် ပိုတော် ပိုတတ် ပိုကျန်းမာ ပိုချမ်းသာ ပိုအေးချမ်းအောင်နေလိုက် ငါကိုဘာပြန်လုပ်မလဲ စိုးရိမ်နေချိန် သူတိုကြောက်နေချိန် သတိထားပြီးနေရချိန် ကိုယ်အေးချမ်းနေတာက အကောင်းဆုံးကလဲစားပဲ

မလိုအပ်ပဲ စံစားချင်နေတာနဲ့ ခံစားချင်နေတာ လေးတွေသာရပ်လိုက် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို အချိန်တွေရှာတွေ့လာလိမ့်မယ်

ရွေးချယ်မှုတိုင်းမှာ နောက်ကွယ်က ရလာတဲ့အကျိုးဆက်တွေဆိုတာရှိတယ် ပိုကောင်းတဲ့ အကျိုးဆက်တွေရဖို ရွေးချယ်မှုပိုမှန်လာဖိုလိုတယ် ရွေးချယ်မှုမှန်ကန်ဖို စဉ်းစားပုံစဉ်းစားနည်း ပြဿနာကိုချဉ်းကပ်နည်းတွေလိုတယ် ဒါတွေကို သိရဖိုက လေ့လာသင်ယူမှုတွေလုပ်ရတယ် ဒါမြင်ရင်ဒါပဲလိုတရားသေမှတ်တာကနေ အမြင်တွေပြောင်းနိုင်ဖိုသင်ယူပါ နှစ်ဟောင်းမှာအလုပ်မဖြစ်တော့တဲ့ အတွေးအမြင်တွေကိုထားခဲ့ပြီး နှစ်သစ်မှာ စိတ်ကျန်မာ ကိုယ်ချမ်းသာပြီး မှန်ကန်သောရွေးချယ်မှုများလုပ်နိုင်ဖို လေ့လာသင်ယူမှုများ ကြိုးစားအားထုတ်နိုင်ကြပါစေခင်ဗျာ 🙏🏻

ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်တာကြာလာတော့ ဒီ တန်ဖိုးရှိတဲ့ အချက်၁၀ချက်ကိုသိခဲ့ရတယ်၊ လုပ်ငန်းသစ်တစ်ခု စတင်ဖို့ စိတ်ကူးနေရင် ဒီအချက် ၁၀ ချက်က အထောက်အကူဖြစ်စေလိမ့်မယ် ၁. ရည်မှန်းချက် ကြီးကြီးထား၊ သေးသေးလေးနဲ့စမ်းသပ် ကြီးကြီးမားမား တွေးပါ ဒါပေမယ့် စမ်းသပ်တာကတော့ သေးသေးလေးပဲ လုပ်ပါ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ အရင်စမ်းကြည့်၊ အဆင်ပြေမှ တိုးချဲ့ ဒါမှ ရှုံးရင်လည်း နည်းနည်းပဲ ရှုံးမှာ။ ၂. လူတိုင်း ပြောသမျှ နားမထောင်နဲ့၊ အချက်အလက်ကိုပဲ အခြေခံပြီးတော့ဆုံးဖြတ် အများပြောတဲ့စကားတွေ အားလုံးကို နားမထောင်နဲ့ ကောလဟလနဲ့ ထင်မြင်ချက်တွေက အမှန် မဟုတ်ဘူး တကယ့်အချက်အလက်တွေကိုပဲ ယုံ၊ ကိန်းဂဏန်းတွေပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချ။ ၃. ငွေမတောင်းခင် တန်ဖိုးအရင်ပေး ကိုယ့်ရဲ့ ဝန်ဆောင်မှု တန်ဖိုးကို အရင်ဆုံး သက်သေပြ ငွေမတောင်းခင် တန်ဖိုးအရင်ပေး ဒါမှ ဖောက်သည်တွေ ယုံကြည်လာပြီး ကိုယ့်ကိုရွေးချယ်မှာပါ။ ၄. နောက်ကျမယ်လို့ ကတိပေး၊ စောစောပြီးအောင် လုပ်ပြ ဖောက်သည်တွေကို ကတိပေးရင် အချိန်နည်းနည်း ပိုယူထား ပြီးတော့ အဲဒီအချိန်ထက် စောပြီးလုပ်ပေး ဒါဆိုရင် သူတို့ ပိုပြီး ကျေနပ်လိမ့်မယ် မျှော်လင့်ထားတာထက် ပိုကောင်းရင် အဆင်ပြေတာပေါ့။ ၅. ကိုယ့်ကိုကိုယ်သာကြော်ငြာ၊ တခြားသူတွေကိုသွားပြီးမနှိပ်ကွပ်မိစေနဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို ပြော ဒါပေမယ့် တခြားသူတွေကို မထိခိုက်စေနဲ့ ပြိုင်ဘက်တွေကို အပြစ်မပြောနဲ့ ကိုယ့်ထုတ်ကုန်ရဲ့ အားသာချက်တွေပဲ ပြောပါ။ ၆. မြန်မြန်သင်ယူ၊ ဖြည်းဖြည်းယုံကြည် အသစ်အသစ်တွေ အမြဲသင်ယူနေ ဒါပေမယ့် လူတွေကို လွယ်လွယ်နဲ့ မယုံကြည်နဲ့ လက်တွေ့အကြိမ်ကြိမ်စစ်ဆေးပြီးမှ တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်။ ၇. စောစောပေး၊ နောက်မှ တောင်းခံ ကိုယ်က အရင်ဆုံး အကူအညီပေးပြီးမှ တောင်းခံ ဒါမှ ဆက်ဆံရေး ခိုင်မာမှာပါ။ တောင်းခံတာတွေချည်းပဲ မလုပ်နဲ့ ကိုယ်ကလည်း ပေးတတ်တဲ့သူဖြစ်ပါစေ။ ၈. တခြားသူကို မြှင့်တင်ပေး၊ အပြစ်ရှာ စကားမပြောနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေကို အမြဲမြှင့်တင်ပါ။ အပြစ်ရှာနေမယ့်အစား အားပေးစကားပြောပါ။ ချီးမွမ်းဖို့ မမေ့ပါနဲ့။ ဒါက အဖွဲ့အစည်းရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ ၉. ကိုယ့်ကို မယုံကြည်တဲ့သူတွေကို ဂရုမစိုက်မနေနဲ့၊ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်မှုထား ကိုယ့်ရဲ့ စိတ်ကူးကို တခြားသူတွေက ယုံကြည်မှာ မဟုတ်ဘူး သူတို့မှာယုံကြည်ဖို့တာ၀န်လဲမရှိဘူး ဒီတော့ သူတို့စကားကို နားမထောင်နဲ့။ ကိုယ့် မျှော်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ၁၀. အမြဲတမ်း ဇွဲရှိ၊ ဘယ်တော့မှ မရပ်တန့်နဲ့ အခက်အခဲတွေ ရှိလာရင်တောင် မလျှော့နဲ့ ဆက်ကြိုးစားပါ မအောင်မြင်မချင်း မရပ်နဲ့ ဘယ်စီးပွားရေးမှ လွယ်လွယ်နဲ့ အောင်မြင်တာ မဟုတ်ပါဘူး ဇွဲသာ ရှိဖို့လိုပါတယ်။ ဒီအချက် ၁၀ ချက်ကို လိုက်နာနိုင်ရင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့ အခွင့်အလမ်းပိုများလာလိမ့်မယ်။ ဥာဏ်လင်းအောင်

စိန်လည်း ကာဗွန်ပဲ မီးသွေးလည်း ကာဗွန်ပါပဲ ကာဗွန်ချင်း တူပေမဲ့ တန်ဖိုးချင်းကတော့ မတူဘူး အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျွမ်းပဲ တောင့်ခံနိုင်တဲ့ သူက စိန် ဖြစ်သွားတာပါပဲ အပူနဲ့ ဖိအားကြောင့် ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ အဲဒါကြောင့် အပူတွေ ဖိအားတွေ လာရင် စိတ်မပျက်ပါနဲ့ ငါ့ကို စိန်ဖြစ်အောင် လုပ်ပေးမဲ့ အရာတွေပဲလို့ ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ မကြာခင်ကာလမှာပဲ စိန်ဖြစ်သွားပါလိမ့်မယ် လိုက်ပြီး ခံစား လောင်ကျွမ်း နေရင်တော့ မီးသွေးပဲ ဖြစ်သွားမှာပေါ့။

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ် - - - - - - 1. Snapdrop.net ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ် ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ် သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ် 2. Kamua.com ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ် ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ် Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ် ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော် _____________ 3. remove.bg ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ် _____________ 4. earth.google.com နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ် ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်... _____________ 5. pdfescape.com တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ် pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ် _______ 6. unsplash.com High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ် အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...! _____________ 7. app.grammarly.com Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ် တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ် _____________ 8. invideo.io ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ် သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ် _____________ 9. semrush.com ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ် မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ် _____________ 10. urbandictionary.com နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ် #crd

Passion နောက်ကိုလိုက်လို့ပြောရင် လူတွေက "ဝါသနာပါတာလုပ်"လို့ထင်ကြတယ် Passion ဆိုတဲ့စကားလုံးရဲ့ မူရင်းက Passio ဆိုတဲ့ Latin စကားလုံးကလာတယ် Passio အဓိပ္ပာယ်ကတော့ suffering (ဒုက္ခဆင်းရဲ) လို့အဓိပ္ပာယ်ရတယ် ကိုယ်လိုချင်တာရဖို့အတွက် ကိုယ့်အလိုကျဆင်းရဲဒုက္ခခံခြင်းလို့ အဓိပ္ပာယ်ဖွင့်လို့ရတယ် အရေးကြီးတာ ၁. အရင်ဆုံးဘာလိုချင်လဲသိဖို့ ၂. အဲ့အတွက် ဆင်းရဲဒုက္ခကျေကျေနပ်နပ်ကြီးခံဖို့ပဲ မိတ်ဆွေရောဘဝမှာဘယ်အရာတွေအတွက် ကြေကြေနပ်နပ်ကြီးဒုက္ခခံမလဲ ?