6 472
المشتركون
-1224 ساعات
-477 أيام
-19030 أيام
أرشيف المشاركات
6 471
မရှိခင်ချွေတာပါ
ရှိလာရင် စည်းကမ်းရှိပါ
ငွေရှာပြီး မချွေတာ စည်းကမ်းမရှိရင် ဘယ်လောက်ပဲရှာရှာ မကြီးပွါးဘူး ။
6 471
Knowledge ရချင်ရင်
မဖတ်ဖူးသေးတာတွေဖတ်ကြည့်
Confidence ရချင်ရင်
မလုပ်ဖူးသေးတာတွေလုပ်ကြည့်
အမြင်သစ်ရချင်ရင်
မသိသေးတဲ့သူတွေနဲ့စကားပြောကြည့်
6 471
အရမ်းလေ့လာပြီး
တွေးလွန်းချိန်ဆလွန်းရင်လဲ 🤔
ဘာမှ မလုပ်ဖြစ်ဖိုများတယ်
ဒါကို Analysis Paralysis လိုခေါ်တယ်
လွယ်လွယ်ကူကူ လူသိများတဲ့ စကားလုံးဆို
Overthinking ပေါ့ဗျာ
ငါဒါလုပ်လိုက်ရင်ဆိုပြီး တွေးချလိုက်တာ
အတွေးထဲမှာပဲ ပိတ်မိနေပြီး
ဒါတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို
ကိုယ့်အတွေးနဲ့ကိုယ် နပမ်းလုံးနေရင်
သေချာပါတယ် အချိန်သာကုန်သွာမယ်
ဘာမှ အကောင်အထည်ပေါ်မှာမဟုတ်ဘူးဗျ
အဲ့လိုဖြစ်လေ့ရှိရင်
- အတွေးတွေကို ချရေး list တစ်ခုရလာမယ်
- ပြီးရင် အဖြစ်နိုင်ဆုံး ၃ ခုကိုရွေး
- ကျန်တာတွေ ခြစ်ပြစ်
- ၃ ခုထဲက တစ်ခုအရင် စလုပ်ကြည့်
- အချိန်အတိုင်းအတာသတ်မှတ်
- ပြ်ီးရင် ပြန် စမ်းစစ်
- အလုပ်မဖြစ်ရင် နောက်တစ်မျိုးလုပ်
အချိန်ဆိုတာ ကျနော်တိုတွေးနေလိုရပ်မသွားဘူး
ကျနော်တိုသာ တွေးနေလို ရပ်သွားတာ
အလုပ်နဲ့ result ကိုဖော်ဆောင်ပါမိတ်ဆွေ
6 471
မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး
တော်တယ်လိုသတ်မှတ်လိုမရဘူး
မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး
Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး
မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပေမယ့်
ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်
6 471
သနားဖိုကောင်းတဲ့ အချက်က
ကိုယ့်မှာသနားစရာကောင်းတဲ့
ရုပ်ကမရှိနေဘူး 😅
အဲ့တော့သူများထက်
ပိုကြိုးစားရတယ် 😅
6 471
၃၈။ SlideModel (https://slidemodel.com/)
Slide ပုံစံမျိုးစုံကိုစုထားတဲ့Website.. Generative content တွေအတွက်အဆင်ပြေတယ်
၃၉။ MotionitAI (https://www.motionit.ai/)
Video Presentation အတွက်ကောင်းတယ်..Landing Page ပါလုပ်လို့ရသေးတယ်
ကဲ၊ ကျွန်တော် ဒါတွေ့ရှိချက်ကို ပြန်ဝေမျှပေးတာဖြစ်ပါတယ်။ စိတ်၀င်စားရင်သိမ်းထားပေးပါ။
Nang Htike Aung 🟡
6 471
AI သုံးပြီး Slide တွေ ဘယ်လိုလုပ်မလဲ? Business အတွက်အရမ်းကောင်းတဲ့ AI Slide Maker စုစည်းမှုများ
၁။ BeautifulAI (https://www.beautiful.ai/)
ဒီAI က Presentation Slide တွေကို လှနေအောင် လုပ်ပေးနိုင်တယ်
၂။ DesignsAI (https://designs.ai/)
Slide တင်မကဘူး..Text, Logo, Video, Social Media Post တွေပါလုပ်လို့ရသေးတယ်
၃။ PresentationsAI (https://www.presentations.ai/)
Design လည်းကောင်းကောင်းရတယ်..ပြီးတော့ Screen အရွယ်အစားတိုင်းအတွက်ကိုပါ ကိုက်ညီအောင်လုပ်ပေးနိုင်တယ်
၄။ KromaAI (https://kroma.ai/)
ဒီတစ်ခုကတော့Investor တွေကို Pitch လုပ်ဖို့အတွက် အထူးပြုထုတ်ထားတာပါလို့ထင်ရတယ်.. Data Visualization တွေကိုလည်း ကောင်းကောင်းလုပ်ပေးနိုင်တယ်
၅။ DeckRobot (https://www.deckrobot.com/)
ဒီကတော့Product of the week ဆုတောင်ရဖူးတယ်.. Forbes လိုမျိုး နာမည်ကြီးမီဒီယာတွေကပါထောက်ခံထားတာတွေ့ရပါတယိ။
၆။ Slidebean (https://slidebean.com/)
Pitching Deck အတွက်လည်းအဆင်ပြေတယ်.. Startup တွေအတွက် Template တွေအများကြီးပါတယ်
၇။ Pitch (https://pitch.com/)
နာမည်လေးမိုက်တယ်နော်..Google Slides နဲ့တော်တော်ဆင်တယ်.. သုံးရတာအရမ်းလွယ်တယ်
၈။ Venngage (https://venngage.com/)
Presentation အတွက်ပဲမကဘူး..Slide Reference တွေ Infographic တွေအတွက်ပါသုံးလို့ရသေးတယ်
၉။ Zuru (https://www.haikudeck.com/zuru)
ရုံးသုံးSlide တွေအတွက်တော့ ကောင်းတယ်..
၁၀။ Canva (https://www.canva.com/)
ဒီတစ်ခုကတော့ပြောစရာမလိုတော့ဘူးနော်.. သိပြီးသားဖြစ်မှာပါ။
၁၁။ Prezi (https://prezi.com/)
Slide လုပ်တဲ့နေရာမှာ Motion Presentation တွေမှာတော့ အတော်မိုက်တယ်.. ခုချိန်မှာ AI Generative feature တွေပါထည့်ထားပြီ။
၁၂။ Emaze (https://www.emaze.com/)
ဒီတစ်ခုကတော့သာမန်လေးပဲ.. ဘာမှထူးထူးခြားခြားမရှိဘူး
၁၃။ Powtoon (https://www.powtoon.com/)
ဒါကတော့Animation ဘက်မှာပိုမိုက်တယ်.. ခုမှ Slide ဘက်ကိုဝင်လာတာ။
၁၄။ MagicSlides App (https://www.magicslides.app/)
Google Slides Add-On အနေနဲ့သုံးရတယ်..Google ကတရားဝင်မထုတ်ခင်စောင့်ချင်ရင်သုံးလို့ရတယ်။
၁၅။ SlideCamp (https://www.slidecamp.io/)
Sales team တွေအတွက် winning sales deck library လုပ်ပေးနိုင်တယ်လို့ ပြောကြတယ်.. စမ်းကြည့်ဖို့တော့လိုမယ်။
၁၆။ SlideDog (https://slidedog.com/)
Windows မှာပဲသုံးလို့ရတယ်..Interactive Presentation အတွက်ပိုကောင်းတယ်ဆိုတယ်။
၁၇။ HaikuDeck (https://www.haikudeck.com/)
Canva လိုမျိုးလုပ်ထားတာ..ဒါပေမယ့် Canva ကိုမမီဘူး
၁၈။ Slidebean (https://slidebean.com/)
Pitching Slide အတွက်အထူးပြုထားတယ်..Fundraising Kit တွေအထောက်အကူပြုနိုင်တယ်။
၁၉။ Visme (https://www.visme.co/)
Presentation တင်မကဘူး..Data Visualization, Social Media, Video တွေပါလုပ်လို့ရသေးတယ်။
၂၀။ SlidesGo (https://slidesgo.com/)
Template တွေအများကြီးပါတယ်..AI Generative နဲ့တွဲသုံးရင်ပိုအဆင်ပြေတယ်။
၂၁။ PowerMode (https://powermodeai.com/)
တစ်ကြောင်းလောက်ရိုက်ထည့်ရုံနဲ့Slide ရသွားတယ် ။
၂၂။ GPTSpace (https://gpt.space/)
Google Slides,Sheets, Docs, Drive, Gmail အားလုံးနဲ့သုံးလို့ရတယ်.. တော်တော်လေးအသုံးဝင်တယ်။
၂၃။ SlidesAI (https://www.slidesai.io/)
Google Slides အတွက်ပဲ..သုံးရတာအရမ်းလွယ်တယ်။
၂၅။ ChatBA (https://www.chatba.com/)
Minimal design..တစ်ခုခုရိုက်ထည့်လိုက်ရုံနဲ့ပြီးသွားတယ်။
၂၆။ Tome (https://beta.tome.app/)
ဒါကတော့ကြိုက်တဲ့တစ်ခု..ပြောစရာတောင်မလိုဘူး
၂၇။ Renderforest (https://www.renderforest.com/)
Video,Logo, Mockups, Namecard, Website, Presentation, Graphic အားလုံးလုပ်လို့ရတယ်
၂၈။ Decktopus (https://www.decktopus.com/)
AI က Slide လုပ်ပေးပြီးရင်အသံသွင်းတာ၊ Live တွေ၊ Forms တွေထပ်ထည့်လို့ရသေးတယ်
၂၉။ Sendsteps (https://www.sendsteps.com/en/)
Slide တင်မကဘူး..QR ဖတ်ပြီး Real-Time လုပ်လို့ရအောင်လုပ်ပေးနိုင်တယ်
၃၀။ Gamma (https://gamma.app/)
ကိုယ့်ရဲ့Branding CI အတိုင်း ကိုယ်လိုချင်တဲ့ပုံတွေ/PPT တွေကို Generate လုပ်ပေးနိုင်တယ်
၃၁။ HourOne (https://hourone.ai/)
Video Presentation အတွက်..ကိုယ့်နေရာမှာ AI ကလူတစ်ယောက်အနေနဲ့ ပြပေးနိုင်တယ်။
၃၂။ PowerpresentAI (https://powerpresent.ai/)
Cartoon,Cyberpunk, Anime, Fantasy စတဲ့ Style တွေကိုပါရွေးချယ်အသုံးပြုလို့ရတယ်
၃၃။ SlidesGPT (https://slidesgpt.com/)
သုံးရတာလွယ်တယ်..ဒါပေမယ့် ကြမ်းတယ်။
၃၄။ PitchLeagueAI (https://www.pitchleague.ai/)
Slide လုပ်တာမဟုတ်ဘူး..လက်ရှိ Slide ကိုပိုကောင်းအောင်ပြင်ပေးတာ။
၃၅။ Beemer (https://www.beemerdocs.com/)
Minimal Style Slide တွေအတွက်ကောင်းတယ်
၃၆။ Simplified (https://simplified.com/)
Presentation ကနေCopywriting အထိ အကုန်လုပ်လို့ရတယ်
၃၇။ WePik (https://wepik.com/)
Small-Business Owner တွေအတွက်ရည်ရွယ်တယ်..Poster တွေအထိလုပ်လို့ရသေးတယ်
6 471
နေ့စဉ်ဘဝမှာ မနာလိုမှု မရှိ
လောဘမရှိ ဒေါသမရှိ နောင်တမရှိတဲ့
တစ်နေ့တာကို ဖြတ်သန်းနေရပြီဆိုရင်
သင်လျှောက်နေတာဟာ မှန်တဲ့ဘက်ကို
ဦးတည်ပြီးသွားနေတယ်လိုပြောလိုရတယ်
6 471
သွားတွေရှိတုန်းရယ်ပါ
ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါ
ဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို
ဓါတ်ပုံများများရိုက်ပါ
မျက်စိကောင်းနေတုန်း
သဘာဝအလှတရားတွေကိုခံစားပါ
လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
အကုန်စားနိုင်တုန်း အရသာရှိတာတွေစားပါ
သေရင်အကုန်ထားခဲ့ရမှာတွေကို
ရဖိုအတင်းကြိုးစားနေတာထက်
အပြည့်အဝနေထိုင်သွားနိုင်ဖိုအရေးကြီးတယ်
6 471
အချိန်ကြာလာလေလေ
တစ်ခုခုကို တစိုက်မတ်မတ်လုပ်ပြီး
ဆရာကျကျလုပ်ကိုင်ခြင်းက
ဟိုစပ်စပ်ဒီစပ်စပ်နဲ့
နေရာတိုင်းမှာ beginner ဖြစ်တာထက်
သာတယ်ဆိုတာ သိလာလေလေပဲ
6 471
ချမ်းသာရင် ဆော်ကြည်မယ်
ဘဲကြည်မယ်ဆိုတာ
မှန်သင့်သလောက်ပဲ မှန်နိုင်တယ်
ကြည်တော့ကြည်မယ်
ပိုက်ဆံ ကိုယ်တိုင်မရှာနိုင်တဲ့သူတွေ
ကြည်တာပဲရမယ် 🙂
အမှန်အကန်တော့မရနိုင်
6 471
Programming & Technology Books အခု ၅၀၀ ကျော် ထည့်ထားတဲ့ Google Drive Link 👇🏻
Download Link: 👇
https://drive.google.com/drive/folders/1cYioTJnzB_ssk4gqsx78tB2S6SMYOei2
6 471
ယရလဝ
ယာယီပဲပျော်ရမယ့်အရာတွေ
လူတွေပေါ်မှာ အရမ်းကြီး အချိန်ကုန်မခံနဲ့
ရတာနဲ့ ရှိတာနဲ့ စလုပ်လိုက်တာက
အကုန်အဆင်ပြေမှလုပ်မယ်
ဆိုတာထက်ရှေ့ရောက်စေတယ်
လူတိုင်းမှာ ဖြစ်နိုင်ခြေဆိုတာရှိတယ်
ဖြစ်အောင်လုပ်တာမလုပ်တာက
အဲ့လူနဲ့ပဲဆိုင်တယ်
ဝါသနာကိုဝင်ငွေရအောင်လုပ်ရင်လုပ်
မဟုတ်ရင် ဝင်ငွေရတာကို ဝါသနာပါအောင်လုပ်
6 471
အရာရာတိုင်းကတော့ ကောင်းမနေနိုင်ဘူး
အရာရာတိုင်းမှ ကောင်းတာလေးတွေ
ရွေးမြင်တတ်တဲ့သူဖြစ်ရင်တော့
စိတ်ညစ်စရာတွေကြားမှာတောင်
ပျော်ရွှင်တတ်လာပါလိမ့်မယ်
See the good in everything
6 471
ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး
ပင်လယ်ထဲသွားရေ ငုပ်နေတာက
ရည်ရွယ်ထားတဲ့ အရာကိုရဖို
လုပ်တဲ့လုပ်ရပ်က မှားနေတယ်မဟုတ်လား
ကိုယ်ရည်ရွယ်ထားတဲ့ အရာကိုရဖို
လုပ်ရမယ့်လုပ်ရပ်တွေဆိုတာရှိပြီးသားပါ
ကိုယ်ထားတဲ့ ရည်ရွယ်ချက်နဲ့
ကိုယ့်ရဲ့ လုပ်ရပ်တွေ ကိုက်ညီသွားတဲ့နေ့
အနာဂတ်ပန်းတိုင်က မီးလင်းလာလိမ့်မယ် 💡
6 471
ပြောင်းလဲမယ်လိုဆုံးဖြတ်ပြီး
ကြိုးစားနေသူတွေက
သာမန်အများစုအတွက်တော့
အထူးအစမ်းဖြစ်နေဦးမှာပါပဲ
- မိတ်ဆွေတချိုဆုံးရှုးမယ်
- အိပ်ရေးပျက်တာတွေရှိမယ်
- စမ်းသပ်လို အရှုးပေါ်တာတွေရှိမယ်
ဒီအဆင့်တွေကျော်ပြီးရင်
- မိတ်ဆွေသစ်တွေရမယ်
- အားလပ်ချိန်တွေပိုရှိလာမယ်
- အသစ်အသစ်တွေဖန်တီးလာနိုင်မယ်
အရာတိုင်းကတော့ အစပိုင်းခက်မှာပါပဲ
သည်းခံနိုင်ရင် အောင်မြင်တာပါပဲ
6 471
Potential doesn’t mean shit if you don't do the work.
အလုပ် တကယ်မလုပ်ရင်
ဖြစ်နိုင်ခြေ ရှိတာတွေရော ၊ အလားအလာ
ရှိတာတွေရောက အလကားပဲနော် ။
လူတွေရဲ့ ကိုယ့်အပေါ် ပေးတဲ့
"မင်းက ဖြစ်နိုင်ခြေ ရှိတယ် ၊ အလားအလာရှိတယ်"
ဆိုတဲ့အပေါ် မှာပဲ ဖီးလ်တတ် မနေပါနဲ့ ။
အလုပ် တကယ်လုပ်ပါ ၊
အလုပ်တကယ် လုပ်မှ သူတိုပြောသလို အလားလာတွေ တကယ်ရှိလာမှာပါ ။ အိမ်မက်အကြီးကြီးတွေ ဖြစ်လာမှာပါ ။
မဟုတ်ရင်
ကျနော့်အဖေ ပြောလေ့ရှိသလို “မုန့်ဆီကြော်က ဘယ်ဆီနေမှန်း မသိ” ဆိုတာမျိုး
အိုင်ဒီယာတွေ ၊ လုပ်ချင်တာတွေ ပဲ ထိုင်ပြောပြီး အကောင်အထည် မဖော်တော့ လေထဲမှာတင် ပျောက်သွားသလို မဖြစ်အောင် တကယ် အကောင်အထည်ဖော်ပါ ၊
တကယ် လုပ်ကြည့်ပါ ။
6 471
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ အသိုင်းအဝိုင်းနဲ့လည်း ဆိုင်တယ်။
ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကို အလေးထားတာ၊ ကိုယ့်ဘ၀အတွက်ကြိုးစားဖို အချိန်ပေးတာ၊ ကိုယ့်ကိုကိုယ်ချစ်တာတွေကို တချိုလူတွေက တစ်ကိုယ်ကောင်းဆန်တာလိုမြင်တယ်။
ဒါမဲ့ တကယ်ဘ၀တက်လမ်းအတွက် ကြိုးပမ်းနေကြတဲ့အသိုင်းအဝိုင်းမှာတော့ ဒါကိုတစ်ကိုယ်ကောင်းဆန်တယ်လိုမမြင်ဘူး။
အစွန်းမရောက်တတ်ဖိုတော့ အရေးကြီးတယ်။
တစ်ခုတော့ရှိတယ်၊ ကိုယ်က မိသားစုကိုထောက်ပံ့နေရတဲ့သူ၊ တာ၀န်ယူနေရတဲ့သူမျိုးဖြစ်နေတယ်
မှီခိုနေတဲ့သူတွေကလည်း ကိုယ်လဲကျသွားတာနဲ့ တစ်ပြုံကြီးလိုက်လဲကျမယ့်သူတွေချည်းပဲဆိုရင် ကိုယ့်ဘ၀ကိုလဲမကျသွားရအောင် ထိန်းထားတာ၊ဂရုစိုက်တာကို တစ်ကိုယ်ကောင်းဆန်တယ်လိုမခေါ်ဘူး။
ဒီလိုမျိုး ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်တာက အခြားသူတွေအတွက်လည်း ဂရုစိုက်ရာရောက်စေတယ်။
6 471
မကြာခဏကိုယ့်ကိုယ်ကို
အချိန်ပေးပြီး reflect လုပ်တဲ့သူတွေက
သူများထက် clarity ရှိတဲ့အတွက်
ကောင်းစွာလုပ်ဆောင်နိုင်လေ့ရှိတယ်
ဒီနေ့က ၁၀ ရက် ၁၀ လ မှာ
ကိုယ့်ကိုယ်ကိုမေးကြည့်ရမယ့် အရာ ၁၀ ခု
မျှဝေပေးလိုက်ပါတယ် 🫰🏻
၁. ငါအခုအရွယ်ထိ ဘဝမှာ လုပ်ခဲ့တာတွေထဲက
က်ုယ့်ကိုယ်ကို ဂုဏ်အယူရဆုံးက ဘယ်တစ်ခုလဲ?
၂. လက်ရှိသူငယ်ချင်းတွေကို
ဘယ်အရာတွေကိုကြည့်ပြီး
ငါသူငယ်ချင်းလိုသတ်မှတ်ခဲ့သလဲ ?
၃. ပိုက်ဆံကသာ ပြဿနာမဟုတ်ဘူးဆိုရင်
အခုအချိန်မှာ ငါအလုပ်ချင်ဆုံးကဘာလဲ ?
၄. ကိုယ်လေးစားရတဲ့ သူတွေမှာ
ကိုယ့်မှာမရှိသေးတာဘာတွေရှိနေလဲ ?
၅. ပြောင်းလဲမှုကြီးကြီးမားမား
ဘယ်တုန်းကနောက်ဆုံးလုပ်ခဲ့လဲ ?
၆. ငါမိဘတွေ ကျေးဇူးရှင်တွေကို
လုပ်ပေးချင်တာတွေလုပ်ပေးပြီးပြီလား ?
၇. ဘယ်အရာတွေစွဲလမ်းမိနေသလဲ ?
ဖြတ်လိုရောရနိုင်လား ?
၈. မနက်နိုးလာရင်ရခေါင်းထဲအရင်ဆုံး
ဝင်လာလေ့ရှိတဲ့ အတွေးကဘာများလဲ ?
၉. နောက် ၅ နှစ်မှာ ဘယ်လိုလူဖြစ်ချင်လဲ ?
၁၀. ဒီနေ့သေရမယ်ဆိုရင်
မသေခင်ဘာတွေလုပ်သွားချင်လဲ ?
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
