ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 428 مشتركاً، محتلاً المرتبة 15 927 في فئة الأخبار والوسائط والمرتبة 10 104 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 428 مشتركاً.

بحسب آخر البيانات بتاريخ 06 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -221، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.42‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.20‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 922 مشاهدة. وخلال اليوم الأول يجمع عادةً 771 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 07 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 428
المشتركون
-924 ساعات
-627 أيام
-22130 أيام
أرشيف المشاركات
လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင်မြန်မာနိုင်ငံမှရန်ကုန် မြို့ပါဝင် NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့
လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင်မြန်မာနိုင်ငံမှရန်ကုန် မြို့ပါဝင် NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှရန်ကုန်မြို့ပါဝင်နေ ကြောင်း World Air Quality Index (AQI) က ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက် ၁၁ နာရီတွင် ထုတ်ပြန် ထားကြောင်းသိရသည်။ ရန်ကုန်မြို့၏လေထုညစ်ညမ်းမှုအခြေအနေမှာ ယနေ့(ဇန်နဝါရီ ၁၉ ရက်) တွင် ကမ္ဘာ့နိုင်ငံ ၁၂၆ နိုင်ငံ အနက် အဆင့်(၁၀) ၊ညွှန်းကိန်း အဆင့်(၁၇၂) တွင်ရှိနေကြောင်း၊ နိုင်ငံတကာလေထုအရည်အသွေး ညွှန်းကိန်း(Air Quality Index - AQI) အဆင့်အရ ညွှန်းကိန်းအဆင့်(၁၅၁ မှ ၂၀၀) ကြားသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။ လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာကြုံတွေ့ရလျှင် အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများကိုခံစားရနိုင်သကဲ့သို့ အသည်းနှင့် ပန်ကရိယ ကိုထိခိုက်နိုင်ပြီး အာရုံကြော စနစ်ကိုပါထိခိုက်စေနိုင်ကြောင်း သက်ဆိုင်ရာဆရာဝန်များက အသိပေး ပြောဆိုထားသည်။

ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအ တွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တ တိ ယအကြိမ် ထောက်ပံ့ NOM၊ဇန်န
ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအ တွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တ တိ ယအကြိမ် ထောက်ပံ့ NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကဇန်နဝါရီ ၁၇ရက်နှင့်၁၈ရက်တို့တွင်တတိယ အကြိမ် ထောက်ပံ့ငွေများ ပေအပ်ခဲ့သည့်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်ရှိ ညောင်ဝန်း၊ မိုင်းသောက်၊ သလဲဦးအင်း၊ အိုင်ထောင့်ကြီး၊ သားလေး၊ မင်းချောင်း နှင့် ကျေးစားရွာတို့မှအိမ်ထောင်စု(၆၀၉)စုအတွက် အိမ်ထောင်စု တစ်စုလျင် ငွေသားကျပ်(၄)သိန်းနှုန်းဖြင့် သိန်း (၂,၄၃၆) ကျပ်ကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မီးလောင်မှု Level 2 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ရ NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီ၊ မင်္ဂလာတောင်ညွန့်မြ
မင်္ဂလာတောင်ညွန့်မီးလောင်မှု Level 2 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ရ NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း တိုက်ခန်းတစ်ခန်းတွင် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၁၀း၃၃နာရီ က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ အဆိုပါမီးလောင်မှုအခန်းသည် ပိတ်လိပ်များ ထားရှိ‌ သောအခန်းဖြစ်‌ကြောင်း၊မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 ယာဉ်အုပ်စုဖြင့်ငြှိမ်းသတ်ခဲ့ရ‌ကြောင်းပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကူညီ ငြှိမ်းသတ်ခဲ့ရ‌ ကြောင်းသိရသည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုအခြေအနေကို စိစစ်နေဆဲဖြစ်‌ကြောင်းသိရသည်။

Repost from NOM
စပိန်တောင်ပိုင်းမှာ မြန်နှုန်းမြင့်ရထားတွေ မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၂၁ ဦးအထိ သေဆုံးကာ လူပေါင်း ၃၀ ကျော်အထိ ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။ ကော်ဒိုဘာမြို့အနီးက Adamuz မြို့အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မာလာဂါကနေ မက်ဒရစ်ဆီ ခုတ်မောင်းနေတဲ့ ရထားက လမ်းချော်ပြီး အခြားလမ်းကြောင်းတခုပေါ်ကို ရောက်သွားခဲ့ကာ မက်ဒရစ်ကနေ ဟူလ်ဗာဆီ မောင်းနှင်လာတဲ့ ရထားနဲ့ တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။ NOM

Agent of Myanmar အဖွဲ့ရဲ့ ဝှက်ဖဲတစ်ချပ် သူကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ဥပဒေရေးရာ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ ရှေ
Agent of Myanmar အဖွဲ့ရဲ့ ဝှက်ဖဲတစ်ချပ် သူကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ဥပဒေရေးရာ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်း ဖြစ်တဲ့ ဒေါက်တာ ဒေါ်သီတာဦး ပါ။ - သူမရဲ့ လုပ်ငန်းတာဝန်ကတော့ Agent ခေါင်းဆောင် ဆရာ ဦးကိုကိုလှိုင် ကို ဥပဒေပိုင်းဆိုင်ရာ တိကျခိုင်မာတဲ့ အကြံပြုချက်တွေကို ပေးနေတာပဲဖြစ်ပါတယ်။ ပြောရရင်တော့ Hidden Hand ပေါ့။ ဥပဒေပိုင်းဆိုင်ရာ ပရိယာယ်တွေမှာ သူပဲ အကွက်ရွေ့ကစားရတာ။ - စိတ်ဓာတ် မာကြောတယ်၊ ခိုင်မာတယ်။ ပြီးတော့ အတွေ့အကြုံရှိသူပီပီ ခေါင်းဆောင်ဖြစ်သူကို ဥပဒေရှုထောင့်မှ တိကျ ခိုင်မာတဲ့ အချက်အလက်တွေကို Supporting ပေးနိုင်ခဲ့သူ။ ယုံကြည်ချက်၊ ခိုင်မာတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူပါ။ - ဒါကြောင့်လည်း ဂမ်ဘီယာနဲ့ ပြည်ဖျက်အသိုင်းအဝိုင်းက ICJ ပွဲစကတည်းက သူ့ကို တည်ပြီး တိုက်ခိုက်ထိုးနှက်ကြတယ်။ AI ကို သုံးပြီး အိပ်နေတယ်တို့.. ဘာတို့ပေါ့။ ဘာကြောင့်လည်းဆိုတော့ သူက ရန်သူ့အတွက် အန္တရာယ်အရှိဆုံး၊ ကြောက်စရာ အကောင်းဆုံးသူမို့ပဲ။ စိတ်ပိုင်းဆိုင်ရာ ယိုင်နဲ့သွားအောင် တိုက်ခိုက်ကြတယ်။ - သို့သော်.. ဒေါ်သီတာဦး သည် ခပ်ညံ့ညံ့၊ ပျော့ညံ့ညံ့ အမျိုးသမီး မဟုတ်ပါ။ ဘယ်လောက်ပင် တိုက်ခိုက်ထိုးနှက်နေပါစေ သူကျရာ အခန်းကဏ္ဍကနေ အကောင်းဆုံး Support ပေးခဲ့သူပဲဖြစ်ပါတယ်။ - ပြောချင်တာကတော့ ဒေါက်တာ ဒေါ်သီတာဦး ဆိုသူဟာ ဂမ်ဘီယာရဲ့ ကြေးကြီးကြီးနဲ့ ငှားထားတဲ့ ရှေ့နေတွေရဲ့ အစွယ်ကို ရိုက်ချိုးပစ်မယ့် မြန်မာနိုင်ငံရဲ့ ရဲရဲတောက် ရှေ့နေချုပ်ဆိုတာပါပဲ။ - 🇲🇲 We stand with Agent of Myanmar 🇲🇲 - ICJ .. 🇲🇲 နိုင်ပြီလေ - #A Light For Justice

သတ္တိကြောင်တဲ့ MDY-PDF ဒီနေ့ ဇန် ၁၈ ရက် နေ့လည်ပိုင်းမှာ သပိတ်ကျင်း-မတ္တရာဒေသကြားကို စစ်ကြောင်းထိုးပါတယ်။ - ထိုးထိုးချင်း MDY-
+2
သတ္တိကြောင်တဲ့ MDY-PDF ဒီနေ့ ဇန် ၁၈ ရက် နေ့လည်ပိုင်းမှာ သပိတ်ကျင်း-မတ္တရာဒေသကြားကို စစ်ကြောင်းထိုးပါတယ်။ - ထိုးထိုးချင်း MDY-PDF (ယောက်ျား)တွေက မြစ်ကို ဖြတ်ကူးပြီး ဝရုန်းသုန်းကား အကုန်ထွက်ပြေးတယ်။ သေနတ် ၁/၂ ချက်ပစ်ပြီး ကျန်ခဲ့တာက PDF အမျိုးသမီးတွေ။ စိတ်တော့မကောင်းဘူး PDF အမျိုးသမီး ၂ လောင်းနဲ့ သေနတ် ၁ လက် ရလိုက်တယ်။ - ယောက်ျားတန်မဲ့ အဲ့လောက်သတ္တိကြောင်နေရင် သေနတ်မကိုင်နဲ့လို့ PDF တွေကို ပြောချင်တယ်။ အခုတော့ PDF မ တွေ သေသွားပြီ။ - ပြောမယ့်သာပြောရတယ်.. MDY-PDF ထဲမှာ ယောက်ျားသားတွေ ရှားကုန်ပြီ (အလင်းဝင်သူ၊ ထွက်ပြေးသူ၊ သေဆုံးသူတွေနဲ့)။ - ဒါကြောင့် မြန်မြန်အလင်းဝင်ကြဖို့ ပြောချင်ပါတယ်။ - ပြည်သူကလည်း သတင်းအတိအကျ ပေးနေပါတယ်။ အကြမ်းဖက်တို့အတွက် ပြေးစရာမြေ မရှိစေရ။ - တိုက်ပွဲသတင်းစုံ

အမေရိကန်CBSရုပ်သံမှကောက်ယူသောစစ်တမ်းအရအမေရိကန်နိုင်ငံသား၈၆% ကဂရင်းလန်းကျွန်းကိုစစ်အင်အားသုံးသိမ်းပိုက်မည်ကိုဆန့်ကျင်ကြသည်။
အမေရိကန်CBSရုပ်သံမှကောက်ယူသောစစ်တမ်းအရအမေရိကန်နိုင်ငံသား၈၆% ကဂရင်းလန်းကျွန်းကိုစစ်အင်အားသုံးသိမ်းပိုက်မည်ကိုဆန့်ကျင်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညို

အောင်လံမြို့နယ်တွင် ဘုန်းကြီးကျောင်းတစ်ခု၌ရှိနေသော ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတစ်ဦးကို PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၁၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဟိုင်းကြီးဒိုးကျေးရွာနေ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဇော်ဦး (၄၅) နှစ်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းဇော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ရုံးအကူဝန်ထမ်းအမျိုးသမီးတစ်ဦး၊ ၎င်း​၏ခင်ပွန်းဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့ကိုပါ PDF အကြမ်းဖက်သမားလေးဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၈၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ရုံးအကူဝန်ထမ်းဖြစ်သူဒေါ်အေးချမ်းမိုး (၂၇) နှစ်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်သက်ကို (၃၀) နှစ်၊ အဒေါ်ဖြစ်သူ ဒေါ်ဝင်း (၆၇) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့သုံးဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ ဇန်နဝါရီ - ၁၈

မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ
+1
မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၁၈ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

အီရတ်စစ်စခန်းမှအမေရိကန်များဆုတ်ခွာ NOM အီရတ်နိုင်ငံအင်အယ်လ်အဆတ်စစ်စခန်းမှအမေရိကန်တပ်များသည်အီရန်ကဒုံးပျံများဖြင့်တိုက်ခိုက်မည်ဟုခြိမ်းခြောက်ခံရပြီးနောက်စစ်စခန်းကိုအီရတ်တပ်များထံလွှဲအပ်ကာဆုတ်ခွာသွားသည်။

ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာတွင် နေအိမ်၌ရှိနေသော ညီအစ်မနှစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ရက်စက်စွာသတ်ဖြတ်သွား NOM ဇန
+1
ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာတွင် နေအိမ်၌ရှိနေသော ညီအစ်မနှစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ရက်စက်စွာသတ်ဖြတ်သွား NOM ဇန်နဝါရီ ၁၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာနေ ဒေါ်သီတာရီ (၃၅) နှစ်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်၌ ၎င်း၏ အစ်မဖြစ်သူ ဒေါ်လင်းလင်းခိုင် (၄၀) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ထိုင်းမှာ ခုတလော ပြည်ပရောက် မြန်မာတွေ အချင်းများတဲ့ ပြဿနာတွေ ခဏခဏ တွေ့လာရတယ်။ တစ်ချို့ကလည်း အချင်းချင်း ရန်ဖြစ်ကြတယ်။ တချို့ကလည်း အိမ်ရှင် ထိုင်းနဲ့ ရန်ဖြစ်ကြတယ်။ တစ်ချို့ကလည်း အရက်သေစာ သောက်စားပြီး မူးရူးနေကြတာတွေလည်း ရှိတယ်။ ဒီနေရာမှာ အမြင် ၂ မျိုး ရှိတယ်။ တစ်မျိုးက ....ပြည်ပနိုင်ငံကို အများစုဟာ တရားဝင်နဲ့ လာကြတဲ့သူတွေ မဟုတ်ကြဘူး။ တချို့ဟာ ရဲကြေး၊ လိုင်းကြေး ပေးပြီး နေကြရသူတွေရှိတယ်။ ထိုင်းရဲ တွေ၊ မလေး ရဲ တွေက ဒါနဲ့ လုပ်စားနေကြတာ များတယ်။ သူတို့နိုင်ငံရဲ့ အောက်ခြေသိမ်း အလုပ်တွေကို သူတို့နိုင်ငံသားတွေ မလုပ်နိုင်ကြတော့ဘူး။ ဒါ့ကြောင့် မြန်မာမှာ နိုင်ငံရေး မတည်ငြိမ်တာ ဖြစ်ဖြစ်၊ စီးပွားရေး မချောင်လည်လို့ လာကြတာပဲ ဖြစ်ဖြစ် သူတို့နိုင်ငံအတွက် အခကြေးငွေ အနိမ့်ဆုံးနဲ့ အလုပ်သမား ရတာ ဖြစ်လို့ မြန်မာရဲ့ Migration ဟာ သူတို့အတွက် အမြတ်ပဲ။ ဒါက သူတို့နိုင်ငံဘက်က အမြင်။ မြန်မာဘက်ကကြတော့ တချို့ဟာ တရားဝင် ရောက်နှင့်ပြီးသူတွေ ဖြစ်တယ်။ တချို့ဟာ ခိုးဝင် ဖြစ်တဲ့ အပြင် မူးရူးသောက်စားတာမျိုး၊ အိမ်ရှင်နိုင်ငံသားတွေနဲ့ ရန်ဖြစ်တဲ့ ပြဿနာမျိုး၊ မြန်မာ အချင်းချင်း ထ သတ်ကြတာမျိုးက မြန်မာရဲ့ ဂုဏ်သိက္ခာကို ကျစေတဲ့အပြင် တရားမဝင်နေကြတဲ့ မြန်မာတွေကိုလည်း ဘောင်ထဲကနေ ပိုကြပ်တာမျိုး လုပ်လာနိုင်လို့ တချို့ကလည်း မကြိုက်ကြဘူး။ ဒီနေရာမှာ အရေးကြီးတာကတော့ တရားဝင်ပဲလာလာ၊ ခိုးဝင်ပဲ ဖြစ်ဖြစ် ....အိမ်ရှင်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို ဧည့်သည်က လိုက်နာရတဲ့ သဘောဟာ စည်းကမ်းဖြစ်တဲ့ အပြင် ဥပဒေ သတ်မှတ်ချက်လည်း ဖြစ်တာ တွေ့ရလိမ့်မယ်။ ခု ရခိုင်မြောက်ပိုင်းက ဘင်္ဂလီအရေးမှာမှ ဘင်္ဂလီတွေအတွက် နိုင်ငံသားဖြစ်မှုမှာ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေက သူတို့အတွက် အဟန့်အတား ဖြစ်နေလို့ ဥပဒေ ပြင်ပေးပါဆိုတဲ့ ပုံစံကြီး သုံးလာကြတယ်။ ဒါက ကိုဖီအာနန် ခေါ်ချလာတဲ့ NLD အစိုးရမှာ လုံးဝ တာဝန်ရှိတယ်။ အဲ့ဒီ ကော်မရှင်ကနေ နိုင်ငံသားဥပဒေက နိုင်ငံတကာ စံနှုန်း မမှီဘူး ဆိုတဲ့ အချက်တွေ ထွက်လာခဲ့တာ။ ဒါတောင် နိုင်ငံသား ဖြစ်ခွင့်အပြင် ရိုဟင်ဂျာဟာ မြန်မာ့တိုင်းရင်းသားပါဆိုတဲ့ ပုံစံမျိုးအထိ သမိုင်းလိမ်တွေ လုပ်လာကြသေးတာက အံ့အားသင့်စရာပဲ။ မျိုးနွယ်တူတွေ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာကြတော့ ရိုဟင်ဂျာ မရှိဘဲ ရခိုင်မြောက်ပိုင်းမှာ ရိုဟက်ဂျာ လူမျိုး သီးသန့်ကွက်ရှိနေတာကြီးက ဘယ်လိုမှ နားလည် ပေးလို့လည်း မရဘူး။ အဓိကကတော့ အရင်အစိုးရကလည်း သောက်တလွဲတွေ လုပ်ခဲ့တယ်။ ဧည့်သည်ဖြစ်တဲ့သူတွေကလည်း OIC နောက်ခံ၊ လူ့အခွင့်အရေး အကြောင်းပြချက်တွေနဲ့ နိုင်ငံသား ဖြစ်ဖို့အထိ ကြိုးစားလာနေကြတာကတော့ အထင်အရှားပါပဲ။ ဒီနေရာမှာ ဘွားတော်ပါတီ ထေယက်ခံသူတွေကတော့ ဒီအမှုကို ရှုံးစေချင်ကြတာ တွေ့ရတယ်။ ဒီအမှုသာ ရှုံးခဲ့ရင် ဘင်္ဂလီဟာ လျောကြေးလောက်နဲ့ ပြီးသွားနိုင်တယ်လို့များ ယူဆနေကြလား မသိ။ အနိမ့်ဆုအဆင့် နိုင်ငံသား၊ နောက်ပိုင်း နယ်မြေရပိုင်ခွင့်တွေပါ တိုးတောင်းလာနိုင်တာကို မတွေးနိုင်ကြတာက ဝမ်းနည်းစရာပဲ။ (နရီမိုး)

photo content

+1
ဂရင်းလန်းကျွန်းကိစ္စဆန္ဒပြ NOM အမေရိကန်သမ္မတထရမ့်၏ဂရင်းလန်းကျွန်းကိုဝယ်ယူရန်သို့မဟုတ်စစ်ရေးနည်းဖြင့်သိမ်းပိုက်ရန်အစီအစဥ်ကိုဒိန်းမတ်နိုင်ငံကိုပေဟေဂင်နှင့်ဂရင်းလန်းကျွန်းမြို့တော်နုခ်တွင်ယနေ့ဆန္ဒပြကန့်ကွက်နေကြသည်။

Repost from NOM
ဥရောပနိုင်ငံတွေကို အခွန် ၁၀% ကောက်ခံမယ့် ထရမ့်အစီအစဉ်ကို ဒီမိုကရက်တွေက တားဆီးဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော် ဒီမိုကရက်တွေက ဒီ အခွန်ကောက်ခံမှုကို ပိတ်ဆို့မယ့် ဥပဒေကို တင်သွင်းမှာပါ။ ထရမ့်က ဂရင်းလန်းကို သိမ်းပိုက်မယ့် သူ့ အကြံအစည်ကို သဘောမတူတဲ့ ဥရောပနိုင်ငံတွေကို အခွန်ကောက်မယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။ NOM

ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ ရန်ကုန်မြို့အတွင်းသောက်သုံးရေအခက်ခဲဖြစ်သောနေရာများသို့ ရေလှူဒါန်း NOM၊ဇန်နဝါရီ၁၈၊၂၀၂၆ ရန်ကုန်
ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ ရန်ကုန်မြို့အတွင်းသောက်သုံးရေအခက်ခဲဖြစ်သောနေရာများသို့ ရေလှူဒါန်း NOM၊ဇန်နဝါရီ၁၈၊၂၀၂၆ ရန်ကုန်မြို့အတွင်းသောက်သုံးရေအခက်ခဲဖြစ်သောနေရာများသို့ ယနေ့ဇန်နဝါရီ၁၈ရက်နေ့တွင်လည်း ထပ်မံပြီး အခမဲ့လှူဒါန်း မှုများပြုလုပ်ပေးနေ သည့်ဟု ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ ဇွဲစုံသာသနာရာမကျောင်းတိုက်အတွင်း၌ ဇန်နဝါရီ ၁၆ ရက်၊မွန်းလွဲ ၂ နာရီတွင် လှော်ကားရေပိုက်လိုင်း( ၆၆ လက်မ ကွန်ကရစ်ပိုက်လိုင်း) ရေပိုက်ပေါက်၍ ပိုက်လိုင်းပျက်စီးမှု ဖြစ်ပွားခဲ့ သည့်အတွက် မရမ်းကုန်း၊ ပုဇွန်တောင် ၊မဂ်လာတောင်ညွန်၊ ဗိုလ်တထောင် ၊တာမွေ၊မြောက်ဥက္ကလာပ၊ ကျောက်တံတား ၊ဗဟန်းအစရှိသည့်မြို့နယ်များတွင်မြို့နယ်အချို့ရေပြတ်တောက်မှုဖြစ်ပွားနေကြောင်းသိရသည်။ ပိုက်လိုင်းပေါက်မှုအား မနေ့ ညနေကတည်းကပြင်ဆင်နေသည့်အတွက် လှော်ကားရေသုံးသည့် မြို့နယ်အချို့ ရေပြတ်နေသောကြောင့် ပြည်သူများ ရေအခက်ခဲဖြစ်နေသည့် လူမှု ကူညီရေးအသင်းများက ရေလှူဒါန်းမှုများ ဆောင်ရွက်ပေးနေကြောင်းသိရသည်။