ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 411 مشتركاً، محتلاً المرتبة 15 966 في فئة الأخبار والوسائط والمرتبة 10 118 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 411 مشتركاً.

بحسب آخر البيانات بتاريخ 08 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -223، وفي آخر 24 ساعة بمقدار -13، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.65‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.02‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 950 مشاهدة. وخلال اليوم الأول يجمع عادةً 747 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 09 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 411
المشتركون
-1324 ساعات
-677 أيام
-22330 أيام
أرشيف المشاركات
Repost from NOM
နယူးယောက်မြို့က မက်ဟမ်တမ်တရားရုံးမှာ မာဒူရိုတို့ ဇနီးမောင်နှံကို ပထမဆုံးအကြိမ် တရားခွင် တင်သွင်းခဲ့ပြီး မာဒူရိုရော၊ သူ့ရဲ့ ဇနီးသည်ကပါ သူတို့မှာ အပြစ်လုံး၀မရှိဘူးလို့ လျှောက်လဲသွားခဲ့ကြပါတယ်။ မာဒူရိုဟာ သူ့ရဲ့ အမှုအတွက် ရှေ့နေအဖြစ် ဝီကီလိခ်စ်တည်ထောင်သူ ဂျူလီယန်အက်စ်ဆန်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဘာရီပိုလက်ခ်ကို ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။ NOM

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား လက်ခံတွေ့ဆုံ နေပြည်တော် ဇန်နဝါရီ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု - စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ပံ့ပိုးကူညီသွားမည့်အခြေအနေ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်သွားရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

+2
ဇန်နဝါရီလ၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်တွင်လမ်းပေါ်ဆန္ဒပြသူများသည် အမေရိကန်ထောက်လှမ်းရေးCIA၏အထောက်အပံ့ဖြင့်သေနတ်များကိုင်ဆောင်ပစ်ဖောက်သည်အထိဆိုးဝါးလာလျက်ရှိသည်။(ဗီဒီယို) ၂။ဗင်နီဇွဲလားကိုလက်ရှိတွင်အမေရိကန်ကအုပ်ချုပ်မည်ဖြစ်ပြီးသင့်တော်မည့်အချိန်တွင်ရွေးကောက်ပွဲလုပ်ပေးမည်ဟုအမေရိကန်သမ္မတထရမ့်ကပြောသည်။ ၃။ဗင်နီဇွဲလားသမ္မတကိုကာကွယ်နေသည့်ကျူးသားတပ်ဖွဲ့ဝင်၃၂ဦးသည်အမေရိကန်တပ်၏သတ်ဖြတ်မှုကိုခံခဲ့ရကြောင်းကျူးဘားကကြေညာသည်။ ၄။အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကဟဇ်ဘိုလာသည်လက်နက်ပြန်လည်တပ်ဆင်နေကြောင်းသတိပေးလိုက်သည်။(ဓါတ်ပုံ) ၅။အစ္စရေးလေယာဥ်မှဒုံးကျည်သုံးစင်းဖြင့်လက်ဘနွန်ရှိအင်အယ်တိုင်းမြို့ကိုပစ်ခတ်ခဲ့သည်။(ဓါတ်ပုံ)

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား
+1
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှု့စစ်ဆေး နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိန
+1
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၅ ရက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ကျင်းပ နေပြည်တော် ဇန်နဝါရီ ၅
+5
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ကျင်းပ နေပြည်တော် ဇန်နဝါရီ ၅

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၁၀ လုံး စနစ်တကျဖြိုချဖျက်
+9
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၁၀ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ - ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၈ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၈ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၅ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ်( ၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ်( ၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

Repost from NOM
ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားအုပ်ချုပ်ရေးအတွက် အတိုက်အခံခေါင်းဆောင် မာရီယာမာချာဒိုကို ထောက်ခံဖို့ စိတ်မဝင်စားရတဲ့ အကြောင်းရင်းဟာ မာချာဒိုအနေနဲ့ သူမ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ဆီ ပေးအပ်ဖို့ တောင်းဆိုခြင်းမရှိဘဲ လက်ခံခဲ့တာကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြောင်း Washington Post က ဖော်ပြခဲ့ပါတယ်။ NOM

ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မိ အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန် NOM၊ဇန်နဝါရီ၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ
ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မိ အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန် NOM၊ဇန်နဝါရီ၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ယနေ့ ဇန်နဝါရီ၅ရက်နံနက်၅နာရီခွဲခန့်ကရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ  နောက်မှ ဝင်တိုက်မိရာ အမျိုးသားတစ် ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှလာသည့်ကုန်တင်ယာဉ် သည်မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် လမ်းဘေးတွင်ဘီးတစ်ဖက်ချပြီး ခရီးသည်များအပေါ့ သွား ရပ်ပေးထားသည့်ခရီးသည်တင်ယာဉ်အားအရှိန်မထိန်းနိုင်ဘဲနောက်ကဝင်တိုက်မိရာ ကုန်တင်ကားမောင်းသူမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။ "ခရီးသည်တင်ကားပေါ်ကသူတွေကတော့ဘာမှမဖြစ်ကြ ပါဘူးသူတို့ကယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ခရီးသည်တွေက အပေါ့ပါးသွားနေကြတော့ကားပေါ်မှာမရှိကြဘူး ကုန်ကားမောင်းတဲ့သူတစ်ဦးဘဲ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်"ဟုအုတ်ရှစ်ကုန်အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀ (ဃ)တွင် နိုင်ငံသားတိုင်း စစ်မှုတာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူ တစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။

YBS 65 ယာဉ် အင်းစိန်ဂုံးတံတားအောက်ရှိ လမ်းဘေး ဆိုင်များနှင့် လမ်းလျှောက်သူ အမျိုးသားတစ်ဦးကိုတိုက်မိ ရာလမ်းလျောက်လာသူသေဆုံး N
YBS 65 ယာဉ် အင်းစိန်ဂုံးတံတားအောက်ရှိ လမ်းဘေး ဆိုင်များနှင့် လမ်းလျှောက်သူ အမျိုးသားတစ်ဦးကိုတိုက်မိ ရာလမ်းလျောက်လာသူသေဆုံး NOM၊ဇန်နဝါရီ၅၊၂၀၂၅ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယနေ့ ဇန်နဝါ ရီ၅ရက်နံနက်၁၁း၁၅နာရီခန့်က အင်းစိန်ဂုံးတံတားအောက်ရှိ လမ်းဘေးဆိုင်များနှင့် လမ်းလျှောက်သူ အမျိုး သားတစ်ဦးကိုYBS ၆၅ ကားကဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံခဲ့သည့်ဟု ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ YBS ၆၅ ခရီးသည်တင်ယာဉ်သည် ဗဟိုလမ်းဘက်မှ အင်းစိန် ဖော့ကန်ဘက်ကို မောင်းနှင်လာစဉ် အင်းစိန်ဂုံးတံတားအောက်အ ရောက်တွင်ဘရိတ်ပေါက်သွားသည့်အ တွက် ညာဖက် လမ်းဘေးသို့ဆွဲချခဲ့ရာ လမ်းဘေးရှိစျေးဆိုင်များကိုတိုက်မိခဲ့သည့်အပြင် ထမင်းစားရန်ထွက်လာသည့်အမျိုးသားတစ်ဦးကိုပါတိုက်မိခဲ့ကြောင်းသိရသည်။ "စျေးဆိုင်ခန်းနှစ်ဆိုင်သုံးဆိုင်တော့ပျက်စီးသွားပါတယ်စျေးဆိုင်ထဲမှာလည်းလူတွေကမရှိဘူးဆိုတော့ဘာမှမဖြစ်ကြပါဘူး ဒဏ်ရာရတဲ့သူလည်းမရှိပါဘူး အမျိုးသားကတော့ ကားကနောက်ကနေဝင်တိုက်လိုက်တာပါ သူကတော့နေရာမှာဘဲသေဆုံးသွားပါတယ်အခု YBS ၆၅ ခရီးသည်တင်ယာဉ်က ယာဉ် မောင်းကိုလည်း ဖမ်းမိထားပါတယ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံတော်ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းရဲ့တာဝန်

ဒီအနေ့အထိ UEC က ထုတ်ပြန်ချက်တွေကို နုတ်ထုတ်ထားခဲ့သမျှ ပြန်လည် မျှဝေ ပေးတာပါ။ မှားရင်လည်း ပြင်ပေးကြပေါ့။ ပြည်သူ့လွှတ်တော်အတွက်
ဒီအနေ့အထိ UEC က ထုတ်ပြန်ချက်တွေကို နုတ်ထုတ်ထားခဲ့သမျှ ပြန်လည် မျှဝေ ပေးတာပါ။ မှားရင်လည်း ပြင်ပေးကြပေါ့။ ပြည်သူ့လွှတ်တော်အတွက် USDP က ကချင် ၈၊ ကယား ၂၊ ကရင် ၃ ၊ ချင်း ၂၊ မွန် ၄၊ ရခိုင် ၂ ၊ ရှမ်း ၁၀ ၊ ရန်ကုန် ၁၂၊ မန္တလေး ၈၊ မကွေး ၉၊ ပဲခူး ၈ ၊ စစ်ကိုင်း ၁၃၊ တနင်္သာရီ ၆ ၊ ပြည်ထောင်စု ၈ ၊ ဧရာဝတီ ၈ ။ စုစုပေါင်း USDP ၁၀၃ ကျားဖြူ ရှမ်း ၂ ၊ စစ်ကိုင်း ၁ ။ စုစုပေါင်း ၃ မွန်ပါတီ မွန်ပြည်နယ် ၁။ စုစုပေါင်း ၁ ရခိုင်ပါတီ ၊ ရခိုင်ပြည်နယ် ၁၊ စုစုပေါင်း ၁ ပအိုဝ့်ပါတီ ၊ ရှမ်းပြည်နယ် ၃၊ စုစုပေါင်း ၃ တစညပါတီ၊ မကွေး ၁၊ စုစုပေါင်း ၁ ------- အမျိုးသား လွှတ်တော် အတွက် ဝ ပါတီ ၁၊ -------- တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အတွက် USDP မကွေး ၁၊ စစ်ကိုင်း ၇၊ တနင်္သာရီ ၂ ၊ ကချင် ၁ ၊ ရှမ်း ၃ ၊ စုစုပေါင်း ၁၄ အာခါတိုင်းရင်းသားပါတီ ၁၊ ------- အားလုံးကို ခြုံလိုက်ရင် USDP ၁၀၃ ကျားဖြူ ၃ မွန် ၁ ရခိုင် ၁ ပအိုဝ့် ၃ နာဂ ၄ အာခါ ၁ တစည ၁ ဝ ၁ အပိုင်း ၁ ပဲ ကျင်းပပြီးစီးတာ ဆိုတော့ သိပ်တော့ အင်္ဂါ မစုံသေးတာ တွေ့ရတယ်။ အားသာချက်ပဲ ပြောပြော၊ ညီညွှတ်မှု လို့ပဲ ဆိုဆို ထူးခြားတာက နာဂ၊ ပအိုဝ့်ဒေသတွေမှာ ပါတီကြီးတောင် တိုး မရတာကတော့ အရှိတရားပဲ။ ဒါက ဖက်ဒရယ်စနစ် ပိုပီပြင်စေသလို PR စနစ်အရလည်း ပါတီ သေးခြင်း၊ ကြီးခြင်းထက် ကိုယ့်လူထုကသာ အမှန်တကယ် ယုံကြည်ရင် လူမျိုးစု အခြေပြုဒေသဟာ ကိုယ်ပဲ အုပ်ချုပ်လို့ရတယ်ဆိုတာ ပိုပြီး ထင်ရှားတယ်။ ----- (နရီမိုး)

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့​က လက်နက်ငယ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့​က လက်နက်ငယ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် နွားကျောင်းနေသည့် လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ NOM ဇန်နဝါရီ ၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၃ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် လူငယ်အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ မောင်ဇင်မင်းပြည့် (၁၉) နှစ်သည် ကျေးရွာ၏အရှေ့တောင်ဘက်မီတာ ၇၀၀ ခန့်အကွာရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် PDF အကြမ်းဖက်အဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ် ကျည်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ဗင်နီဇွဲလားသမ္မတမာဒူရိုကို ကာကွယ်ပေးရင်း ကျူးဘားနိုင်ငံသား ၂၃ ဦး သေဆုံးခဲ့တယ်လို့ ကျူးဘားသမ္မတကပြောဆိုခဲ့ပြီး အမျိုးသား ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ကျူးဘားသမ္မတ Miguel Diaz-Canel က သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကာ အင်ပါယာဝါဒီ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ကျူးဘားတိုက်ခိုက်ရေးသမားတွေကို ဂုဏ်ပြုပါတယ်လို့ ပြောကြားကာ ၂ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကြေညာခဲ့ပါတယ်။ New York Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး လူပေါင်း ၈၀ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ NOM

Repost from View of Sue
‌ဗမာတွေကတော့ တရသဆိုပြီး ချစ်လိုကြတာ။ ကိုယ်တွေကတော့ ၂၀၁၉ AA သူပုန် ထ ကတည်းက အကြောင်းသိသွားခဲ့တာ။
+1
‌ဗမာတွေကတော့ တရသဆိုပြီး ချစ်လိုကြတာ။ ကိုယ်တွေကတော့ ၂၀၁၉ AA သူပုန် ထ ကတည်းက အကြောင်းသိသွားခဲ့တာ။

Repost from NOM
“ငါ့ကို ထောင်ထဲထည့်ချင်တယ်ဆိုရင် လုပ်လို့ရနိုင်မလား စမ်းကြည့်လိုက်ပါ၊ ငါ့ကို လိမ္မော်ရောင်ယူနီဖောင်း (ထောင်ဝတ်စုံ) ဝတ်စေချင်တ
“ငါ့ကို ထောင်ထဲထည့်ချင်တယ်ဆိုရင် လုပ်လို့ရနိုင်မလား စမ်းကြည့်လိုက်ပါ၊ ငါ့ကို လိမ္မော်ရောင်ယူနီဖောင်း (ထောင်ဝတ်စုံ) ဝတ်စေချင်တယ်ဆို စမ်းကြည့်လေ၊ ကိုလံဘီယာပြည်သူတွေက ငါ့ကို ကာကွယ်ဖို့ လမ်းပေါ်ထွက်လာလိမ့်မယ်” - ကိုလီဘီယာသမ္မတ Gustavo Petro NOM

ဒီပုံအရဆို .. အကြမ်းဖက် KIA ရဲ့ လားရာကို ခန့်မှန်းလို့ရပါလိမ့်မယ် - ဒါကြောင့် လိုင်ဇာဆိုတာ ကျည်လွတ်မြေ မဖြစ်သင့်ပါ - တိုက်ပွဲ
ဒီပုံအရဆို .. အကြမ်းဖက် KIA ရဲ့ လားရာကို ခန့်မှန်းလို့ရပါလိမ့်မယ် - ဒါကြောင့် လိုင်ဇာဆိုတာ ကျည်လွတ်မြေ မဖြစ်သင့်ပါ - တိုက်ပွဲသတင်းစုံ