ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 478 مشتركاً، محتلاً المرتبة 15 941 في فئة الأخبار والوسائط والمرتبة 10 074 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 478 مشتركاً.

بحسب آخر البيانات بتاريخ 01 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -216، وفي آخر 24 ساعة بمقدار -7، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.87‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.74‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 232 مشاهدة. وخلال اليوم الأول يجمع عادةً 841 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 02 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 478
المشتركون
-724 ساعات
-197 أيام
-21630 أيام
أرشيف المشاركات
မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲများက ယုတ်မာပက်စက်စွာ FPV
+9
မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲများက ယုတ်မာပက်စက်စွာ FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲအစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန် News Of Myanmar NOM

🇮🇷🚀🇧🇭🇶🇦🇺🇸 အီရန်နှင့် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် ကာတာနှင့် ဘာရိန်းနိုင်ငံတို့မှ အမေရိကန်စစ်သည် ရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။ NOM

လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်၍ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တို
+9
လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်၍ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးများကို လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ NOM ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန်မြောက်ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူများ ထိခိုက်စေရန်ရည်ရွယ်၍ လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးအားလုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။ News Of Myanmar NOM

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းသို့ KIA အကြမ်းဖက်အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ NOM ဖေဖော်ဝါရီ ၂၁၊ ၂
+5
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းသို့ KIA အကြမ်းဖက်အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ NOM ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းသို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညသန်းခေါင်အချိန်၌ KIA အကြမ်းဖက်အဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ​၏ နေအိမ်များထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူများလည်း ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အီရန်ကွန်ဆာဗေးတစ်လွှတ် တော်အမတ် ဒေါက်တာ အာမီဟိုစိန် ဆာဘက်တီ ၏ ထုတ်ပြန်ချက် "အကယ်၍ ယနေ့အချိန်အထိ လက်ရှိအခြေအနေများအောက်တွင် အမ
အီရန်ကွန်ဆာဗေးတစ်လွှတ် တော်အမတ် ဒေါက်တာ အာမီဟိုစိန် ဆာဘက်တီ ၏ ထုတ်ပြန်ချက် "အကယ်၍ ယနေ့အချိန်အထိ လက်ရှိအခြေအနေများအောက်တွင် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်သင့်သည့် အကြောင်းပြချက်ပေါင်း တစ်ထောင်ရှိခဲ့လျှင်၊ မနေ့ည (ဖေဖော်ဝါရီလ ၁၉) က ထရမ့်၏ ခြိမ်းခြောက်မှုနှင့် အီရန်နှင့် သဘောတူညီချက်ရယူရန် ၁၀ ရက်မှ ၁၅ ရက်အတွင်း နောက်ဆုံးအချိန် သတ်မှတ်လိုက်ခြင်းသည် အမေရိကန်နှင့် ဆွေးနွေးခြင်းမှာ အကျိုးမဲ့ကြောင်း သက်သေပြလိုက်သည့် (၁၀၀၁) ခုမြောက် အကြောင်းပြချက်ပင် ဖြစ်သည်။ အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်ရယူရန် ၁၀ ရက်မှ ၁၅ ရက်သာ ကျန်တော့သည်ဟု ထရမ့်က ပြောဆိုခြင်းသည် အောက်ပါအချက် နှစ်ချက်အနက် တစ်ခုခုကို ဆိုလိုခြင်းဖြစ်သည်။ ၁။ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း - ထရမ့်သည် အီရန်နှင့် စစ်ဖြစ်ရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်ပြီး ဖြစ်နိုင်သည်။ ၎င်းသည် ဆွေးနွေးညှိနှိုင်းမှုကို အကာအကွယ်အဖြစ် အသုံးချပြီး အီရန်က သဘောတူညီချက်ကို လက်မှတ်မထိုးသောကြောင့် အမေရိကန်အနေဖြင့် စစ်ရေးအရ အရေးယူရန် ဖိအားပေးခံရခြင်းဖြစ်သည်ဟု အပြစ်ပုံချလိုခြင်းဖြစ်သည်။ ၂။ ဖိအားပေး၍ အသာစီးရယူခြင်း - သို့မဟုတ်ပါက ဆွေးနွေးပွဲများတွင် အီရန်ထံမှ ပိုမိုကြီးမားသော လိုက်လျောမှုများကို ရရှိရန်အတွက် အီရန်အပေါ် ဖိအားများ ပိုမိုသက်ရောက်စေရန် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို ယခုကဲ့သို့သော အခြေအနေမျိုးအောက်တွင် အမေရိကန်နှင့် ဆွေးနွေးခြင်းသည် နိုင်ငံအတွက် ဂုဏ်သိက္ခာမရှိသလို အကျိုးကျေးဇူးလည်း ရှိမည်မဟုတ်ပါ။ အီရန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးကောင်စီ၏ နူကလီးယားကော်မတီရှိ ဆုံးဖြတ်ချက်ချမှတ်သူများအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို အမေရိကန်နှင့် ဆွေးနွေးရန် ကြိုးပမ်းသည့် (ထပ်တလဲလဲ ကျရှုံးနေသော) နည်းလမ်းဟောင်းကို တစ်ကြိမ်လောက် စွန့်လွှတ်လိုက် ကြရန် ကျွန်ုပ် တိုက်တွန်းလိုပါသည်။ ကျွန်ုပ်တို့၏အမြင်အရ ဆွေးနွေးပွဲများကို အဆုံးသတ်ကြောင်း ကြေညာသင့်ပြီး ယခုတစ်ကြိမ် စစ်ပွဲသည် ၁၂ ရက်တည်းနှင့် ပြီးဆုံးမည်မဟုတ်ဘဲ ရက်ပေါင်း ၁၂၀ အထိ ကြာရှည်နိုင်ကြောင်း အမေရိကန်ကို ရှင်းရှင်းလင်းလင်း ပြသသင့်သည်။ စစ်ပွဲကို တားဆီးရန် နည်းလမ်းမှာ ခြိမ်းခြောက်မှုများအောက်တွင် အမေရိကန်နှင့် မည်သည့်စျေးနှုန်းပေး၍မဆို ဆွေးနွေးခြင်း မဟုတ်ပါ။ စစ်ပွဲကို တားဆီးရန် အစစ်အမှန်နည်းလမ်းမှာ ကျွန်ုပ်တို့၏ အင်အားကို ထုတ်ဖော်ပြသရန်နှင့် ရေရှည်စစ်ပွဲအတွက် အသင့်ဖြစ်နေကြောင်း သက်သေပြရန်သာဖြစ်သည်။ ၎င်းသည် ထရမ့် အလိုမရှိဆုံးအရာဖြစ်ပြီး ကြာရှည်မည့် နိုင်ငံခြားစစ်ပွဲတစ်ခု၏ အလားအလာသည် သူ၏ ဆုံးဖြတ်ချက်များအပေါ် သေချာပေါက် သက်ရောက်မှုရှိလိမ့်မည်ဖြစ်သည်။" News Of Myanmar NOM

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံမိုင်းထောင်ဖောက
+2
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၂၀ News Of Myanmar NOM

🤬 🔥 🧑‍⚖️🧑‍⚖️"အမေရိကန် တရားရုံးချုပ်သည် သမ္မတ ဒေါ်နယ်ထရန့် ပြဋ္ဌာန်းခဲ့သော ကမ္ဘာလုံးဆိုင်ရာ အခွန် အများစုမှာ တရားမဝင်ကြောင
🤬 🔥 🧑‍⚖️🧑‍⚖️"အမေရိကန် တရားရုံးချုပ်သည် သမ္မတ ဒေါ်နယ်ထရန့် ပြဋ္ဌာန်းခဲ့သော ကမ္ဘာလုံးဆိုင်ရာ အခွန် အများစုမှာ တရားမဝင်ကြောင်း ဆုံးဖြတ်၊ ထရန့်က တရားသူကြီးများကို သစ္စာမရှိသူများဟု စွပ်စွဲခဲ့ပြီး ၁၀ ရာခိုင်နှုန်းရှိသော ကမ္ဘာလုံးဆိုင်ရာ အခွန်သစ်ကို ချက်ချင်းပြန်လည်စည်းကြပ်ရန်လက်မှတ်ထိုး" ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အမေရိကန် တရားရုံးချုပ်သည် သမ္မတ ဒေါ်နယ်ထရန့် ပြဋ္ဌာန်းခဲ့သော ကမ္ဘာလုံးဆိုင်ရာ အခွန် (Tariffs) အများစုမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး ၆ ဦးက ထောက်ခံပြီး ၃ ဦးက ကန့်ကွက်ကာ ထရန့်၏ အခွန်များကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ထရန့်သည် ၁၉၇၇ ခုနှစ်က ထွက်ပေါ်ခဲ့သော International Emergency Economic Powers Act (IEEPA) ကို အသုံးပြုကာ သမ္မတ၏ အရေးပေါ်လုပ်ပိုင်ခွင့်ဖြင့် အခွန်စည်းကြပ်ခဲ့သည်။ သို့သော် တရားရုံးချုပ်က အခွန်စည်းကြပ်ပိုင်ခွင့်သည် အခြေခံဥပဒေအရ လွှတ်တော်တွင်သာ ရှိပြီး သမ္မတအနေဖြင့် အရေးပေါ်ဥပဒေကို အသုံးချကာ ဤကဲ့သို့ အခွန်များကို တစ်ဖက်သတ် မစည်းကြပ်နိုင်ဟု ဆုံးဖြတ်ခဲ့သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် သမ္မတထရန့်သည် အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အောက်ပါအတိုင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ ၎င်းက ဤဆုံးဖြတ်ချက်သည် "တိုင်းပြည်အတွက် အရှက်ရစရာ" ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်ချခဲ့သော တရားသူကြီးများကို "သစ္စာမရှိသူများ" ဟု ခေါ်ဆိုခဲ့သည်။ တရားရုံးချုပ်သည် နိုင်ငံခြားအကျိုးစီးပွားများ၏ လွှမ်းမိုးမှုကို ခံနေရသည်ဟုလည်း စွပ်စွဲခဲ့သည်။ တရားရုံးချုပ်က ပယ်ဖျက်လိုက်သော်လည်း ထရန့်သည် လက်မလျှော့ဘဲ ၁၀ ရာခိုင်နှုန်း (10% Blanket Tariff) ရှိသော ကမ္ဘာလုံးဆိုင်ရာ အခွန်အသစ်ကို ချက်ချင်းပြန်လည် စည်းကြပ်ရန် အမိန့်စာ လက်မှတ်ရေးထိုးခဲ့သည်။ ယခုတစ်ကြိမ်တွင် IEEPA အစား ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၂၂ (Section 122 of the Trade Act of 1974) ကို အသုံးပြုခဲ့သည်။ ဤဥပဒေအရ သမ္မတသည် ကုန်သွယ်မှုလိုငွေများနေချိန်တွင် ရက်ပေါင်း ၁၅၀ ကြာ အခွန်စည်းကြပ်နိုင်သော လုပ်ပိုင်ခွင့်ရှိသည်။ တရားရုံးချုပ်က ထရန့်၏ အရင်အခွန်များကို တရားမဝင်ဟု ပြောသော်လည်း ထရန့်က နောက်ထပ်ဥပဒေတစ်ရပ်ကို အသုံးချပြီး အခွန်များကို ဆက်လက်ထားရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ၎င်းက ယခင်ကောက်ခံထားသော အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်အမ်းရန်ကိစ္စနှင့် ပတ်သက်၍ လည်း "နှစ်ပေါင်းများစွာ ထပ်မံ တရားရင်ဆိုင်ရဦးမည်" ဟု ပြောကြားခဲ့သည်။ News Of Myanmar NOM

မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည
+3
မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစ်စင်းအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များက ယုတ်မာပက်စက်စွာဖြင့် FPV suicide drone များဖြင့်ပစ်ခတ်တိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ News Of Myanmar NOM

တချို့အရာတွေက ရှင်းရှင်းလေး။ လက်ရှိ KIA ရပ်တည်နိုင်တာက မြေရှားရှိနေလို့။ အချိန်လေးအားရင် Google map ကနေ တရုတ်-မြန်မာ နယ်စပ်ကို သွားကြည့်ကြည်။ လိုင်ဇာနဲ့ မိုင်ဂျားယန်ဆိုတာ တရုတ်-မြန်မာ နယ်စပ်မျဉ်းပေါ်မှာ တည်ထားတာ။ ပြောချင်တာက ဒီမြို့တွေအကြောင်း မဟုတ်ဘူး။ မိုင်ဂျားယန်နဲ့ မိုင် ၂၀ ဝေးတဲ့ နေရာတွေမှာ မြေရှားထုတ်တဲ့ ကျင်းတွေ တွေ့ရလိမ့်မယ်။ ထူးခြားချက်က နာ်စပ်မျဉ်းက မိုင် ၂၀ ဝန်းကျင် တရုတ်ဘက်ခြမ်းကို ကြည့်လိုက်။ ဘာမြေရှားမှ ထုတ်မနေဘူး။ သဘောက တရုတ်ဟာ မြန်မာထဲက ရင်းမြစ်ကိုပဲ အဓိက ယူနေတာ။ တကြောတည်းဆက်နေတဲ့ သူ့ပိုင်နက်ထဲမှာ ဘာမြေရှားမှ မထုတ်ဘူး။ ဒါက သု့အကျိုးစီးပွားပဲ။ မြေရှားဆိုတာ ပြင်းအားအရမ်းကောင်းတဲ့ ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထုတ်ရတာ။ သဘောက စနစ်တကျ ထုတ်နိုင်မှပဲ ပတ်ဝန်းကျင်ကို မထိခိုက်မှာ။ မြေရှား မပြောနဲ့၊ မိုးကုတ်မှာ ရွှေတူး၊ ကျောက်တူးတာတောင် ဂေါက်ကွင်း တကွင်း ပျောက်သွားပြီ။ ကချင်ပြည်နယ်မှာ KIA မရှိတော့ရင် .....ပြည်မထဲကို လက်နက် စီးဆင်းတာ ရပ်သွားမယ်။ AA ငြိမ်သွားမယ်။ တနိုင်း၊ ဖားကန့်ဒေသတွေ ပြည်ထောင်စု အစိုးရ ဘဏ္ဍ အောက် စနစ်တကျပြန်ရောက်မယ်။ အစိုးရစီမံမှု ရှိရင် တရားဥပဒေပါ ဒွန့်တွဲပါလာလိမ့်မယ်။ နာဂ၊ ချင်း၊ ရခိုင်နဲ့ ကချင်ဆိုပြီး လွတ်လပ်တဲ့ နယ်မြေ တကြော ထူထောင်ဖို့ အိမ်မက်တွေ ပျက်စီးသွားလိမ့်မယ်။ တရုတ်ကို တန်ပြန်လုပ်ဖို့ အိန္ဒိယကို မျှခြေ ကစားနိုင်လိမ့်မယ်။ လက်ရှိ မြေရှား ကိစ္စ ရှိနေတော့ တရုတ်ကလည်း အစိုးရနဲ့ EAO ကြား အပျော့ဆွဲမှာပဲ။ အမြစ်ဖြုတ်ရေး ဆိုတာ သိပ်အားကောင်းမှာ မဟုတ်ဘူး။ ဒီနိုင်ငံမှာ တက်လာတဲ့ အစိုးရဟာ သူ့ကို ယုံကြည်မှု ပေးမှ EAO မရှိရေး ဆိုတဲ့ မူ ကို သွားမှာ။ တရုတ်ကို မက်ဆေခ်ျ့ပေးရမှာ တခုတည်း။ လူထု လက်မခံရင် ဒီစီမံကိန်းတွေ ဘယ်လောက်ရင်းနှီးမြုပ်နှံမှု များများ၊ ရပ်သွားနိုင်တယ် ဆိုတဲ့ မက်ဆေခ်ျ့ပဲ။ တရုတ် အကျိုးစီးပွားကို အစိုးရက ကာကွယ်တာထက် တပ်မတော်ကပဲ ကာကွယ်ပေးနိုင်တာမျိုး မက်ဆေခ်ျ့ပေးရမယ်။ ဒါကို ရှေ့မှာဖြစ်ပျက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ခေတ် မြစ်ဆုံ ပြဿနာက သင်ခန်းစာ ယူလို့ရတယ်။ ဆိုတော့...တရုတ်အကျိုးစီးပွားကို တပ်က အာမခံမယ်။ ပြည်သူ့အကျိုးစီးပွားနဲ့ နှစ်နိုင်ငံအကျိုးစီးပွားအတွက် EAO မရှိတဲ့ လမ်းစဉ်ကသာ အခိုင်မာ ဆုံး ဖြစ်လိမ့်မယ်။ လာမယ့် လွှတ်တော်မှာ တကယ်လိုများ EAO အမြစ်ဖြုတ်ရေး ဆိုပြီး လူထုက တောင်းဆိုလာခဲ့ရင် ဘယ်လို လုပ်မလဲ။ KIA ဟာ ကချင်ပြည်နယ်တခုလုံးကို ကိုယ်စားမပြု တဲ့ အခြေအနေမှာ ....KIA မရှိတာနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း တကြောလုံး ချက်ခြင်း ငြိမ်းချမ်းသွားနိုင်တဲ့ အခြေအနေမှာ ဘာကို ရွေးချယ်ကြမလဲ။ (နရီမိုး)

ယနေ့ညနေ ၉နာရီ၁၅မိနစ်မှာ KIAမှ မြစ်ကြီးနားလေဆိပ်ကို FPVအသေခံ droneနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှ
ယနေ့ညနေ ၉နာရီ၁၅မိနစ်မှာ KIAမှ မြစ်ကြီးနားလေဆိပ်ကို FPVအသေခံ droneနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားခရီးသည် ၇၀ကျော်ပါဝင်တဲ့ MNAလေကြောင်းလိုင်းမှ လေယာဉ်အမှီးပိုင်းထိမှန်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်။ မကြာသေးမှီကာလကလည်း KIAမှတိုက်ခိုက်မှုကြောင့် လေဆိပ်ခရီးစဉ်များရက်အတန်ကြာ ရပ်နားထားခဲ့ရသလို ယခုတဖန် လေယာဉ်ခရီးစဉ်များ ပြန်လည်ရပ်နားရမည်ဟု သတင်းရရှိပါသည်။ မြစ်ကြီးနားမြို့ဟာ ကုန်းလမ်း ရေလမ်း ရထားလမ်းများအားလုံး KIAမှပိတ်ဆို့ထားသည်ဖြစ်၍ အသုံးပြုနိုင်ခြင်းမရှိပဲ အရေးပေါ်အခြေအနေနှင့် လုံခြုံမှုအတွက် လေယာဉ်ခရီးစဉ်ကိုသာ အားထားနေရတာဖြစ်တဲ့အတွက် ယခုတိုက်ခိုက်မှုကြောင့် မြို့သူမြို့သားများ အခက်အခဲများစွာ ကြုံတွေ့လာရမည်ဖြစ်ပါတယ်။ အရပ်ဘက် လေယာဉ်များကိုတိုက်ခိုက်သည့်လုပ်ရပ်ကို လုံးဝလက်မခံကြောင်းနှင့် ကန့်ကွက်ကြောင်းကိုလည်း လူမှုကွန်ယက်ပေါ်တွင် မြို့သူမြို့သားများမှ ရေးသားပြောဆိုလျှက်ရှိပါတယ်။ Credit: Hkun Naung

ချင်းအမျိုးသားနေ့ကျင်းပသည့် နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV suicide d
+2
ချင်းအမျိုးသားနေ့ကျင်းပသည့် နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၂၀ News Of Myanmar NOM

Eစီးကရက်နှင့်ရှီရှားရောင်းဝယ်သုံးစွဲမှုပိတ်ပင်
+2
Eစီးကရက်နှင့်ရှီရှားရောင်းဝယ်သုံးစွဲမှုပိတ်ပင်

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း၌ TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ
နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း၌ TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနေ ဦးယောထုန် (၄၂) နှစ်သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးယောထုန်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ News Of Myanmar NOM

20-2-2026 BNRA အဖွဲ့ဝင် ၅ ဦး သေနတ် ၅ လက်နှင့်အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်။ - နောက်ထပ်အလင်းဝင်မယ့်ညီငယ်များလည်း ကြိုဆိုလျ
+5
20-2-2026 BNRA အဖွဲ့ဝင် ၅ ဦး သေနတ် ၅ လက်နှင့်အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်။ - နောက်ထပ်အလင်းဝင်မယ့်ညီငယ်များလည်း ကြိုဆိုလျက်ပါ။ တိုက်ပွဲသတင်းစုံ NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန
+1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အိန္ဒိယနိုင်ငံသားတစ်ဦး ထပ်မံ ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ အိန္ဒိယနိုင်ငံသားကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင် ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၂၀၆ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၁၁၇ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၈၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

ဟားခါးမြို့နယ်၊ ကျင်ခွာကျေးရွာအတွင်းသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသ
+1
ဟားခါးမြို့နယ်၊ ကျင်ခွာကျေးရွာအတွင်းသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဘိုးအိုတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်၌ ဟားခါးမြို့နယ်၊ ကျင်ခွာကျေးရွာနေ ဦးထက်တလွဲ (၈၇) နှစ်နှင့် ဦးကျအိုလွဲ (၄၆) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် နေအိမ်များအနီးသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဖေဖော်ဝါရီလ၂၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်လေတပ်မှညဖက်ပျံသန်းလေ့ကျင့်မှုပြုလုပ်စဥ်လေယာဥ်ပျက်ကျပြီး​လေယာဥ်မှူးတစ်ဦးသေဆ
+3
ဖေဖော်ဝါရီလ၂၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်လေတပ်မှညဖက်ပျံသန်းလေ့ကျင့်မှုပြုလုပ်စဥ်လေယာဥ်ပျက်ကျပြီး​လေယာဥ်မှူးတစ်ဦးသေဆုံးသည်။(ဓါတ်ပုံ) ၂။အီရန်-အမေရိကန်စစ်ပွဲနီးလာချိန်တွင်ဘူလ်ဂေးရီးယားနိုင်ငံဆိုဖီယာအပြည်ပြည်ဆိုင်ရာလေဆိပ်၌အမေရိကန်၏ကောင်းကင်ဆီဖြည့်လေယာဥ်၆စီးရောက်ရှိလာသည်။(ဓါတ်ပုံ) ၃။တိုက်ပွဲများဖြစ်ပွားနေသောနိုင်ငံမြောက်ပိုင်းတီဂရေးဒေသသို့အီသီယိုးပီးယားစစ်တပ်သည်အတွဲလိုက်ပစ်ဒုံးကျည်များ၊အမြောက်များ၊သံချပ်ကာလူတင်ယာဥ်များပို့ဆောင်နေသည်။(ဗီဒီယို) ၄။ခရီးသည်၂၇၁ဦးနှင့်ရေယာဥ်အမှုထမ်း၃၈၈ဦးလိုက်ပါလာသောဇိမ်ခံသင်္ဘောသည်စင်ကာပူသို့ခုတ်မောင်းလာစဥ်ပင်လယ်ပြင်၌သင်္ဘော၏ကိုးထပ်၌မီးလောင်ရာသင်္ဘောအမှုထမ်းတစ်ဦးသေဆုံးသည်။(ဓါတ်ပုံ) ၅။မြောက်ကိုးရီးယားအာဏာရအလုပ်သမားပါတီ၏၉ကြိမ်မြောက်ညီလာခံကိုယနေ့စတင်ကျင်းပရာမြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်တက်ရောက်မိန့်ခွန်း​ပြောသည်။(ဓါတ်ပုံ)

ကန်ကြီးထောင့်မြို့နယ်ရွာသစ်ကုန်းကျေးရွာမီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၂၀၊၂၀၂၆ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ
ကန်ကြီးထောင့်မြို့နယ်ရွာသစ်ကုန်းကျေးရွာမီးလောင်မှုဖြစ်ပွား  NOM၊ဖေဖော်ဝါရီ၂၀၊၂၀၂၆ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက် ၃ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ "မီးလောင်မှုအကြောင်း ရင်းကိုလက်ရှိမီးသတ်ကတော့စုံစမ်းစစ်ဆေးနေပါတယ်အတိကျတော့မသိသေးပါဘူး မီးလောင်မှုကြောင့် နေအိမ်(၃)လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ် လူသေဆုံးတာတွေဒဏ်ရာရတာတွေတော့မရှိပါဘူး"ဟုဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်ပွား ကြောင်းသတင်းအရရာပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊  ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ် ယာဉ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ၂၀ အချိန်တွင်မီးငြိမ်း သွားကြောင်း သိရသည်။

လူမျိုးရေး သိပ်ကျဉ်းမြောင်းတဲ့ ဒေသမှာ ချင်းအမျိုသားနေ့ ကျင်းပတော့ အခမ်းအနားစင်မြင့်အထက်မှာ ရခိုင်တံဆိပ်ကြီးနဲ့။ လက်နက်တွေ AAဆ
+1
လူမျိုးရေး သိပ်ကျဉ်းမြောင်းတဲ့ ဒေသမှာ ချင်းအမျိုသားနေ့ ကျင်းပတော့ အခမ်းအနားစင်မြင့်အထက်မှာ ရခိုင်တံဆိပ်ကြီးနဲ့။ လက်နက်တွေ AAဆီက အထောက်အပံ့ရထားတယ်၊ လူတစ်စုကောင်းစားရေးပဲကြည့်တော့ AA ပထွေးတော်ရတာ အပြစ်တစ်ခုလို့တောင် ထင်ကြမယ် မထင်ဘူး။ နာဂဟာ နာဂလူမျိုးပိုင်တယ်။ ပအို့ဝ်ဟာ ပအို့ဝ်ဒေသ ကောင်းကျိုးပဲ ကြည့်ရမယ်ဆိုတဲ့ သူတွေနဲ့ ယှဉ်ရင်တော့ ဆီနဲ့ရေပဲ။ စစ်ကိုင်းတိုင်းဟာ သာသနာတော်အတွက် တန်ဖိုးကြီးတဲ့ ရှင်ရဟန်းတွေ ထွက်တယ် ဆိုပေမယ့် ရွှေဘိုသွားခရိုင်ချင်းဆက်လမ်းပေါ်မှာ အသက် ၁၈ တောင် မပြည့်တတ်သေးတဲ့ ကလေးတွေက သေနတ်တကားကား နဲ့ အခွန်ဆက်ကြေး တက်တောင်းနေတာကြတော့ ဘာပြောကြမလဲပေါ့။ လက်ရှိ အညာမှာ စစ်ဖြစ်ကြတယ်၊ လက်နက်ကိုင်ကြတယ် ဆိုတဲ့နေရာမှာ အယူဝါဒကြောင့်လား၊ စနစ်ကြောင့်လား၊ ဘယ်လို အိုင်ဒီယိုလော်ဂျစ်ကို အခြေခံထားကြတာလဲဆိုတာ မေးစမ်းကြည့်ကြပါ့လား။ ခုလည်း ချင်းအမျိုးသားနေ့ကို မြို့ကြီး‌ ပေါ်မှာ ထိုက်ထိုက်တန်တန် ခမ်းခမ်းနားနားကျင်းပနေပုံ၊ ပညာတတ်တဲ့ လူ့ ယဉ်ကျေးတွေ ပေါင်းစပ်ပါဝင်ပုံက အားကျစရာပါ။ လူမျိုးစု တစ်စုက ပညာတတ်လေ....၊ လူမျိုးရေးစိတ် အမြင်ကျယ်လေ၊ စကားပြောရ၊ ဆွေးနွေးရတာ အတော်လေးတာသွား လေလေပါပဲ။ (နရီမိုး)

🇦🇫🇦🇫 တာလီဘန်တို့က "ထိန်းချုပ်မှုရှိသော" အိမ်တွင်းအကြမ်းဖက်မှုကို တရားဝင်ခွင့်ပြု၊ အမျိုးသမီးများ မိဘအိမ်၌ ခိုလှုံခွင့်ကို
🇦🇫🇦🇫 တာလီဘန်တို့က "ထိန်းချုပ်မှုရှိသော" အိမ်တွင်းအကြမ်းဖက်မှုကို တရားဝင်ခွင့်ပြု၊ အမျိုးသမီးများ မိဘအိမ်၌ ခိုလှုံခွင့်ကို ပိတ်ပင် အာဖဂန်နစ္စတန်နိုင်ငံတွင် ခင်ပွန်းဖြစ်သူများအနေဖြင့် ဇနီးသည်ကို ပြင်းထန်သော ဒဏ်ရာရရှိမှုမရှိစေဘဲ ရိုက်နှက်ခွင့် ပေးထားသည့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်သည်။ အကယ်၍ ဒဏ်ရာပြင်းထန်ပါက ခင်ပွန်းဖြစ်သူမှာ ထောင်ဒဏ် ၁၅ ရက်အထိ ကျခံရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ မိဘများထံတွင် သွားရောက်ခိုလှုံခြင်းကို ပိတ်ပင်လိုက်သည်။ ခင်ပွန်းဖြစ်သူ၏ ခွင့်ပြုချက်မရှိဘဲ ဖခင်ဖြစ်သူထံ သွားရောက်ပါက ထောင်ဒဏ် ၃ လ အထိ ချမှတ်ခံရနိုင်ပါသည်။ News Of Myanmar NOM