ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 408 مشتركاً، محتلاً المرتبة 15 958 في فئة الأخبار والوسائط والمرتبة 10 126 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 408 مشتركاً.

بحسب آخر البيانات بتاريخ 09 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -203، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.90‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.95‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 980 مشاهدة. وخلال اليوم الأول يجمع عادةً 739 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 408
المشتركون
لا توجد بيانات24 ساعات
-587 أيام
-20330 أيام
أرشيف المشاركات
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမား
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၂၊ ၂၀၂၆ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအချိန်၌ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ မောင်ဝေနိုင်ထွန်း (ခ) ကျော်ထူး (ခ) ဝေကြီး (၁၉) နှစ်သည် နန့်ပုတ်ကျေးရွာမှ ညောင်ကိုင်းကျေးရွာသို့ ခြေလျင်ပြန်လာစဉ် နန့်ပုတ်ကျေးရွာအနီး မိုးညှင်းမြို့ရှောင်ကွင်းလမ်းပေါ်အရောက် KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်လာပြီး သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from MRTV
မဟာအောင်မြေမြို့နယ်ရှိ မဲရုံများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိ

Repost from NOM
၂၀၂၆ နှစ်လယ်ပိုင်းမှာ ထရမ့်ကို ကျောထောက်နောက်ခံပေးဖို့အတွက် ရီပတ်ဘလစ်ကန်တွေကို ရန်ပုံငွေထောက်ပံ့ပေးသွားမယ်လို့ အီလွန်မက်စ်က အ
၂၀၂၆ နှစ်လယ်ပိုင်းမှာ ထရမ့်ကို ကျောထောက်နောက်ခံပေးဖို့အတွက် ရီပတ်ဘလစ်ကန်တွေကို ရန်ပုံငွေထောက်ပံ့ပေးသွားမယ်လို့ အီလွန်မက်စ်က အတည်ပြုလိုက်ပါတယ်။ လက်ဝဲဝါဒီတွေသာ အောင်ပွဲရခဲ့ရင် သူတို့ဟာ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ လိမ်လည်မှုတွေကို ထိန်းမနိုင်သိမ်းမနိုင် အောင်လုပ်လိမ့်မယ်လို့ဆိုခဲ့ပြီး အမေရိကားဆိုတဲ့နိုင်ငံလည်းရှိတော့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ NOM

Repost from NOM
အီရန်အနေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် သူ့ရဲ့ အမိန့်အောက်မှာ အမေရိကန်အနေနဲ့ အီရန်ကို ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့
အီရန်အနေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် သူ့ရဲ့ အမိန့်အောက်မှာ အမေရိကန်အနေနဲ့ အီရန်ကို ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသနေတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် အမေရိကန်ရဲ့ ထုံးစံအရ ဝင်ရောက်ကယ်တင်မှာဖြစ်ပြီး အဲဒီအတွက်လည်း အသင့်ဖြစ်နေပြီသားဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ လက်ရှိ အီရန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး ဆန္ဒပြမှုတွေက ငြိမ်သက်သွားမယ့် အလားအလာမျိုး နည်းပါးနေပါသေးတယ်။ NOM

မြန်မာ့နိုင်ငံရေးကြီးက နားမလည်နိုင်လောက်တဲ့ ကိစ္စတွေအများကြီး။ သူများနိုင်ငံတွေ အထူးသဖြင့် အိန္ဒိယလို လူမျိုးစုအရ၊ ဘာသာရေးအရ၊ ဇာတ်နိမ့်ဇာတ်မြင့်အရ ခွဲခြားမှုတွေ ရှိလို့ လူနည်းစုဆိုတဲ့ တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိအောင် ဖက်ဒရယ် စနစ်ဆိုတာနဲ့ ကာကြတယ်ပေါ့။ သဘောက မြန်မာနိုင်ငံထဲ ဗမာ လူမျိုးစုနဲ့ယှဉ်ရင် ရှမ်းဟာ လူနည်းစု၊ ရှမ်းထဲမှာမှ ပအိုဝ့်၊ ပလောင်၊ ကိုးကန့် တွေက လူနည်းစု ထပ်ရှိပြန်ရော။ ဒီလို လူနည်းစု တွေကို ကာကွယ်ပေးနိုင်ဖို့ ဖွဲ့စည်းပုံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ဆိုတာ ပေါ်လာတာ။ ဥပမာ ရွာငံ၊ ပအိုဝ့် ဒါမျိုးပေါ့။ ဒီလိုပဲ တချို့ပေါင်းစည်းထားတဲ့ ဖက်ဒရယ်တွေမှာ ပြည်နယ်တွေရဲ့ Right ကိုရဖို့ ခြေဥမှာ နိုင်ငံရေး အာမခံချက် ရဖို့ လုပ်ကြတယ်။ တနည်းအားဖြင့် ဘာသာရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေ၊ အခွန် ကိစ္စတွေပေါ့။ ဒါတွေကို ကိုယ် ခြေကိုယ်လက် လုပ်နိုင်ဖို့ ကြိုးစားကြတယ်။ ဒီထဲမှာမှ အခွန်နဲ့ပတ်သက်ရင် ပြည်ထောင်စုနဲ့ ဘယ်လို Share လုပ်ကြမလဲ ဆိုတာမျိုးတွေ။ ဒါက ဖက်ဒရယ်အခြေခံပဲ။ ခုဟာက ပြည်နယ်တွေမှာလည်း ဗဟို အစိုးရ အာဏာမသက်ရောက်တဲ့ စနစ်လိုချင်တယ်။ သူတို့ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်။ လကါနက်လည်း ကိုင်ထားချင်တယ်။ ခု ကျားဖျန့်ကိစ္စ မျိုးမျိုးမြတ်မြတ်လေး ရရင် ကာကွယ်ပေးလိုက်ချင်တယ်။ ငွေကို ဖြတ်လမ်းက ရဖို့ ဘိန်းလည်း စိုက်ချင်တယ်။ ကိုယ့်ပြည်နယ်ထဲ တရုတ်လုပ်ငန်းရှင်တွေ ခေါ်ပြီး မြေရှား စိတ်ကြိုက်တူးခိုင်းထားတယ်။ သဘောက ငါ့ ဂွင်၊ ငါတို့ လုပ်ပိုင်ခွင့်ရနယ်မြေ။ ဘယ်အစိုးရ ဂရုစိုက်စရာ လိုလဲ ဆိုတဲ့ ပုံစံမျိုး။ ပြည်ထောင်စုကတော့ ခွဲမထွက်ဘူးလို့ ပျားရည်နဲ့ ဝမ်းချထားတယ်။ ဒီမိုကရေစီအရ ဝ မှာ မဲ ပုံးထောင်ခွင့်မရှိဘူး။ ဘယ်လို ဖက်ဒရယ် စနစ်ကြီးလည်း ဆိုတာ နားကို မလည်နိုင်ဘူး။ အခြေခံအားဖြင့် ကိုယ့်ပြည်နယ်ထဲက တိုင်းရင်းသားတွေ တန်းတူ ညီမျှခွင့်ရဖို့ လက်နက်ကိုင်ကြတယ်လို့ ဆိုတယ်။ ကရင်မှာ ကရင်လက်နက်ကိုင် အဖွဲ့က လက်ဆယ်ချောင်း မကဘူး။ သူတို့က ဘယ်ကရင်တွေ ကိုယ်စားပြုနေမှန်းလည်း မသိဘူး။ ရှမ်းမှာ ၂ ဖွဲ့ရှိတယ်။မူဝါဒလည်း မတူဘူး။ လက်နက်ကိုင် နောက်ခံပြုထားတဲ့ ရှမ်းပါတီနိုင်ငံရေး သမားတွေတောင် အချင်းချင်း မတဲ့ကြဘူး။ ချင်းဟာ မျိုးကွဲပေါင်း ၄၀ ကျော်တယ်။ အစိုးရ ထိန်းချုပ်တဲ့ ဗဟိုဦးစီး စနစ်ပြိုကွဲတဲ့အခါ လူမျိုးကို အခြေပြုပြီး နယ်မြေရလိုတဲ့ လက်နက်ကိုင်တွေ ဆယ်ဂဏန်းမက ထွက်လာတယ်။ ရခိုင်မှာ ရခိုင်အချင်းချင်းဖြစ်တဲ့ ဒေါက်တာအေးမောင်တောင် ခုရွေးကောက်ပွဲမှာပါလို့ ဆဲနေကြတယ်။ အစိုးရဟာ ငြိမ်းချမ်းရေးရဖို့ တက်နိုင်တဲ့ နည်းလမ်းတွေ စဉ်းစားခဲ့ကြတယ်။ ဒီထဲက လက်နက်မစွန့်ချင်ရင် BGF လုပ် ဆိုတာလည်း ပါခဲ့တယ်။ လက်နက်မစွန့်ချင်တဲ့အပြင် နိုင်ငံရေးလိုလားချက်ကြောင့်လည်း မဟုတ်၊ လက်နက်ကိုင်ထားလို့ အနေချောင် စီးပွားရှာလို့ လွယ်တဲ့ ဒီစနစ်ကို ဘယ် EAO တွေက စွန့်တော့မလဲ။ တကယ်ဆို ဖက်ဒရယ် သဘောအရ နိုင်ငံရေး လိုလားချက် ရရင် လက်နက်စွန့် ၊ ပါတီ ထောင် ဒီတိုင်း သွားရမဲ့ အရေးမှာ။ အပြစ်အခတ်ရပ်နိုင်တဲ့ NCA မှာ လက်မှတ်ထိုးထားမယ်။ နိုင်ငံရေး လိုလားချက်လည်း မတောင်း၊ နေမြဲအတိုင်း လက်နက်ကိုင်ပြီး Warlord လေးပုံစံပဲ နေသားကြနေကြတယ်။ စောချစ်သူဟာ အရင်အစိုးရတွေရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု တခုတည်းက BGF ပုံစံအတိုင်း ပါလာတယ်။ ၁၀ စုနှစ် တခုစာ နေပြီး KNA ဆိုပြီး ထ ဖွဲ့တယ်။ ဒါဆို ဒီလုပ်ငန်းစဉ်က တခုခု လွဲချော်နေပြီလား တွေးစရာပဲ။ လက်နက်လည်း မစွန့်ဘူး။ ပြည်မ မှာလည်း ကုမ္ပဏီထောင်ထားတယ်။ အစိုးရကို ပြန်မတိုက်ဘူး ဆိုတာလောက်နဲ့ လက်နက်ကိုင်ထားမယ်ဆိုတာက တိုင်းရင်းသား အရေး၊ တန်းတူညီမျှမှုရဖို့ လက်နက်ကိုင်ရပါတယ်ဆိုတဲ့ ဖက်ဒရယ် ခေါင်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် မနေဘူးလား။ ဒါဆို မြန်မာ့ ဖက်ဒရယ်အရေးက ဘာဆက်လုပ်ကြမှာလဲ။ ပြည်မထဲမှာ အကျိုးစီးပွားမရ ကုမ္ပဏီထောက်ခွင့်ပြုထားတယ်။ လက်နက်လည်း ကိုင်ဦးမယ်ဆိုတော့ ပြည်ထောင်စု အနေနဲ့ ဘာတွေ အပေးအယူ ထပ်လုပ်ပေးရဦးမှာလဲ။ စဉ်းစားနိုင်ကြဖို့ ဖြစ်ပါတယ်။ (နရီမိုး)

အမေရိကန်တွင်မူးယစ်ဆေးကြောင့်သေသူကျဆင်းလာ NOM ရုပ်သံတင်ဆက်သူဂျိုး ရိုဂန်က ထရမ့် အစိုးရက မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူတဲ့ လှေတွေကို ပစ်မှတ်ထား အရေးယူပြီးနောက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးမှုတွေဟာ “အလွန်အမင်း ကျဆင်းသွားခဲ့တယ်” လို့ ပြောပါတယ်။

+2
ဇန်နဝါရီလ၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ အမေရိကန်ထောက်လှမ်းရေးCIAကယူကရိန်းသည်ရုရှားသမ္မတ၏စံအိမ်တာ်ကိုတိုက်ခိုက်ခြင်းမရှိ ဟုကြေညာလိုက်သဖြင့်ရုရှားကာကွယ်ရေးဝန်ကြီးကရုရှားရှိအမေရိကန်စစ်သံမှူးကိုသမ္မတပူတင်၏စံအိမ်တော်အားယူကရိန်းကဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်အထောက်အထားများပေးအပ်လိုက်သည်။(ဗီဒီယို) ၂။အစ္စရေးသတင်းဌာနချန်နယ်၁၂ကအစ္စရေးသည်၂၀၂၆ခုနှစ်တွင်လက်ဘနွန်၊အီရန်တို့ဖြင့်စစ်ဖြစ်နိုင်ခြေရှိသည်ဟုထုတ်လွှင့်လိုက်သည်။(ဓါတ်ပုံ) ၃။နှစ်သစ်ကူးနေ့တွင်ရုရှားရှိလူစည်ကားရာနေရာများကိုယူကရိန်းကတိုက်ခိုက်ပြီးနောက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရုရှားရှိအမေရိကန်အားလုံးန်ုင်ငံမှချက်ခြင်းထွက်ခွာရန်နှင့်ရုရှားသို့သွားရောက်လည်ပတ်ခြင်းမပြုရန်သတိပေးချက်ထုတ်ပြန်လိုက်သည်။ ၄။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချပ်ဟောင်းခါလီဒါဇီယာ၏စျာပနသို့တက်ရောက်လာသည့်ပါကစ္စတန်အမျိုသားလွှတ်တော်ဥက္ကဌနှင့်အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့တွေ့ဆုံနှုတ်ဆက်သဖြင့်နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာမည်ဟုခန့်မှန်းနေကြသည်။(ဓါတ်ပုံ) ၅။လူ့အခွင့်အရေးစောင့်ကြည့်သူများကအီရန်သည်၂၀၂၅ခုနှစ်အတွင်းအကျဥ်းသား၁၅၀၀ဦးကိုကွပ်မျက်ခဲ့ခြင်းသည်၃၅နှစ်အတွင်းအများဆုံးဟုထုတ်ပြန်လိုက်သည်။

သတင်းအမှားများ သတိထား 👍 - တိုက်ပွဲသတင်းစုံ
သတင်းအမှားများ သတိထား 👍 - တိုက်ပွဲသတင်းစုံ

လဝကမှ မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသူများကို အထူးကိစ္စရပ် အဖြစ် ပိတ်ရက်မရှိ ဆောင်ရွက်ပေး NOM၊ဇန်နဝါရီ၂၊၂၀၂၆ လူဝင်မှုကြီးကြပ်ရ
လဝကမှ မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသူများကို အထူးကိစ္စရပ် အဖြစ် ပိတ်ရက်မရှိ ဆောင်ရွက်ပေး NOM၊ဇန်နဝါရီ၂၊၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်များကို အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်ဟုယမန် နေ့ ဇန်နဝါရီ ၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်ကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လဝကရုံးများ၌ အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဘဲ ပျက်စီး/ပျောက်ဆုံးသည့် မှတ်ပုံတင်များကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။ ထို့ကြောင့် မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသူ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် လဝကရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီးမှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးမှုမရှိဘဲ ပျက်စီး/ပျောက်ဆုံးမှုကို အကြောင်းပြကာ ထပ်မံတင်ပြတောင်းခံကာ မှတ်ပုံတင်တစ်ခုထက် ပိုမိုကိုင်ဆောင်ပါက ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဟုလည်း အသိပေးထားသည်။

သန်လျှင်မြို့နယ်တွင်တွဲကားနှင့် လိုက်ထရပ်ကားတိုက်မိတစ်ဦး‌သေဆုံး၊၁၀ဦးထိခိုက်ဒါဏ်ရာရ NOM၊ဇန်နဝါရီ၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးသ
သန်လျှင်မြို့နယ်တွင်တွဲကားနှင့် လိုက်ထရပ်ကားတိုက်မိတစ်ဦး‌သေဆုံး၊၁၀ဦးထိခိုက်ဒါဏ်ရာရ NOM၊ဇန်နဝါရီ၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးသန်လျှင်မြို့နယ်အောင်သပြေ ၆လမ်းသွားလမ်းဆုံတွင်ဇန်န၀ါရီ၁ရက်နံနက်ကတွဲကားနှင့် လိုက်ထရပ်ကားတိုက်မိရာတစ်ဦး‌သေဆုံးပြီး၁၀ဦးဒါဏ်ရာရရှိခဲ့‌ကြောင်းလူမှုကူညီ‌ရေးအသင်းမှသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားပေါ်ပါ၁၁ဦးအနက်အမျိုးသားတစ်ဦးသေဆုံး ပြီးအမျိုးသားသုံးဦးနှင့် အမျိုးသမီးခုနှစ်ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယင်းထိခိုက်ဒါဏ်ရာရရှိ‌သောလူနာများကိုသန်လျင်ပြည်သူ့‌ဆေးရုံသို့YRO ပူးပေါင်းအသင်းများ ကကူညီ ပေးပို့ခဲ့ကြောင်းသိရသည်။

Repost from NOM
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ နှစ်သစ်ကူးညပွဲတော်တွေအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ စုဖွဲ့ထားတဲ့ လူမိုက်ဂိုဏ်းတွေဟာ မီးရှူးမီးပန်းတွေ အသုံးပြုကာ မြင်ရာတွေ့ရာလူတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ NOM

Repost from NOM
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဩစတြေးလျနိုင်ငံသား Russell Allan Wilson ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ သုတ
+1
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဩစတြေးလျနိုင်ငံသား Russell Allan Wilson ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ သုတ်သင်မှုကို ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါဟာ ရုရှားတပ်ဖွဲ့ရဲ့ သုတ်သင်မှုကို ခံခဲ့ရတဲ့ ၈ ဦးမြောက် ဩစတြေးလျသား ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်တဦးကတော့ စစ်သုံ့ပန်းအဖြစ် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ NOM

Repost from U Khin Yi
ရွေးကောက်ပွဲ ( အပိုင်း ၂ ) အတွက်လမ်းညွှန်မှာကြားခြင်း #UKhinYi #VoteUSDP #StrongerMyanmar #Fyp #Myanmar

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မ
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ကသာ ရခြင်း ၊ မရခြင်းက နောက်ပါ။ လောလောလတ်လတ် ထန်တလန်ဆိုတဲ့ သိပ်လှပါတယ်ဆိုတဲ့ ချင်းပြည်က မြို့လေးတမြို့ မရှိတော့ဘူး။ ကချင်ပြည်န
ကသာ ရခြင်း ၊ မရခြင်းက နောက်ပါ။ လောလောလတ်လတ် ထန်တလန်ဆိုတဲ့ သိပ်လှပါတယ်ဆိုတဲ့ ချင်းပြည်က မြို့လေးတမြို့ မရှိတော့ဘူး။ ကချင်ပြည်နယ်မှာ မြစ်ကြီးနားပြီးရင် အစည်ကားဆုံး၊ စီးပွားရေးအရလည်း အားအကောင်းဆုံးဖြစ်တဲ့ ဗန်းမော်လည်း မြို့ပျက်ကြီး ဖြစ်နေပြီ။ ဗန်းမောက်ကလည်း တမြို့လုံးကို ဆိုင်ကယ်နဲ့ပတ်ရင်တောင် ၅ မိနစ်မကြာတဲ့ မြို့။ ဒီမြို့လည်း စစ်ဒဏ်သင့်နေချိန်....။ ကသာဟာ ကျရင်လည်း ကျမယ်၊ ထိန်းနိုင်ရင်လည်း ထိန်းနိုင်လိမ့်မယ်။ သေချာတာကတော့ ဒီတိုင်းဆက်သွားရင် ....ကသာဟာမြို့ကျေသွားပါလိမ့်မယ်။ တနှစ်လောက် ပလောင် TNLA လက်ထဲ ရောက်သွားခဲ့တဲ့ ကျောက်မဲမြို့၊ PDF တွေလက်ထဲ ရှိခဲ့တဲ့ သပိတ်ကျင်းမြို့တွေရဲ့ မြို့ပြအင်္ဂါနဲ့ မညီတဲ့ အနေအထားမျိုး ပိုင်ချင်ရင်တော့ ဒီတိုင်း ရှေ့ဆက်တိုးကြပေါ့။ တချို့သင်ခန်းစာတွေက လက်တွေ့ကြုံမှ ယုံကြတတ်တာပဲလေ။ ကိုယ်တွေက သတိ‌ပဲ ပေးလို့ရတာပါ။ မြို့တကြိမ်ပျက်ရင် ဆယ်စုနှစ် တခုစာ ပြန်တည်ထောင်ဖို့တောင် မလွယ်နိုင်ဘူးမဟုတ်လား။ (နရီမိုး)

+3
🇺🇸🇦🇫⚡️ အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း မိုင်ဒန်ဝါဒတ်စီရင်စုတွင် ယနေ့အစောပိုင်းက အမေရိကန်မောင်းသူမဲ့ဒရုန်း MQ-9 Reaper ကို တာလီဘန်များက MANPADS များအသုံးပြု၍ပစ်ချခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အရပ်သားခရီးသွားမော်တော်ယာဉ်နှစ်
+4
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အရပ်သားခရီးသွားမော်တော်ယာဉ်နှစ်စီးအား မိုင်းထောင်ဖောက်ခွဲ၍ လက်နက်ငယ် များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၊ ၂၀၂၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ပြည်ထောင်စု ကားလမ်း မိုင်တိုင်အမှတ် ၁၂၆ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ကျိုက်ထိုမြို့ဘက်မှသထုံမြို့ဘက်သို့ ထွက်ခွာ လာသည့် အရပ်သားခရီးသွားမော်တော်ယာဉ်နှစ်စီးအား မိုင်းထောင်ဖောက်ခွဲ၍ လက်နက်ငယ် များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါယာဉ်များပေါ်တွင် လိုက်ပါလာသူများဖြစ်ကြသည့် ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်နေ ဦးအောင်သူ (၅၅) နှစ်နှင့် ဒေါ်ခင်ဆွေ (၆၂) နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမင်းမင်းထွန်း (၄၃)နှစ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာနေ ဦးမြင့်ဦး (၅၀) နှစ်၊ မောင်ထက်ဝေယံ (၁၆) နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များပစ်ခ
+4
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၈) နှစ်နှင့် (၁၂) နှစ်အရွယ်ကျောင်းသူနှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေကြသည့် သာယာကုန်းကျေးရွာနေ ဒေါ်ခင်ချိုလတ် (၃၈) နှစ်၊ မသိင်္ဂီနွယ် (၈) နှစ်၊ မမြတ်ဟိန်းမာန်ဦး (၁၂) နှစ်နှင့် မင်းရပ်ကျေးရွာနေ ဒေါ်ဝင်းဝင်းလဲ့ (၄၂) နှစ်၊ ဒေါ်နွဲ့နွဲ့လွင် (၄၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား"
+2
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား" သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ မီးလောင်မှုဟာ Le Constellation အမည်ရတဲ့ ဘားတစ်ခုမှာ မနက်အစောပိုင်း ၀၁:၃၀ (၀၀:၃၀ GMT) ခန့်က စတင်ခဲ့ပါတယ်။ ဒီဘားဟာ လူငယ်များကြား ရေပန်းစားတဲ့ ဘားတစ်ခုပြီး ဘောလုံးပွဲတွေကြည့်ရှုဖို့သွားရောက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ လူအများအပြား သေဆုံးပြီး ( အနည်းဆုံး ၄၀ ခန့်) အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ အတည်မပြုနိုင်သော ဗီဒီယိုတစ်ခုမှာ နှစ်သစ်ကူးအကြိုပွဲတော်တွေ ကျင်းပနေတဲ့ ဘားတစ်ခုမှာ မီးလောင်နေတာကို ပြသထားပါတယ်။ Crans-Montana ဟာ ဆွစ်ဇာလန် Alps တောင်တန်းရဲ့ အဓိကနေရာမှာ တည်ရှိတဲ့ ဇိမ်ခံနှင်းလျှောစီးအပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်ပြီး ဆွစ်ဇာလန်မြို့တော် Bern နဲ့ နှစ်နာရီခန့်အကွာမှာတည်ရှိပါတယ်။ NOM

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင် ဦးငွေမောင်း (၆၂) နှစ်သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က ဆိုင်ကယ် ၁၇ စီးခန့်ဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM