ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 438 مشتركاً، محتلاً المرتبة 15 924 في فئة الأخبار والوسائط والمرتبة 10 098 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 438 مشتركاً.

بحسب آخر البيانات بتاريخ 05 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -222، وفي آخر 24 ساعة بمقدار -12، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.30‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.44‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 908 مشاهدة. وخلال اليوم الأول يجمع عادةً 677 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 06 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 438
المشتركون
-1224 ساعات
-607 أيام
-22230 أيام
أرشيف المشاركات
မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့
+1
မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးသေဆုံး NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်သို့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဘိုကုန်းလမ်းဆုံသို့ Drop Bomb ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာအနီးရောက်ရှိနေသော မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းအောင် (၅၀) နှစ်နှင့် ဦးမိုးဆန်းဦး (၃၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၊ ၂ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၊ ၂ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂၃ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ) ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၊ ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၊ ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊  တပို့တွဲလဆန်း  ၂၃  ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  ၂၃  ရက် ) ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ် အောင်ကျော်ကျော်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း News Of Myanmar NOM

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ထောင်ထားခဲ့သည့် မိုင်းတ
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ထောင်ထားခဲ့သည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်းလမ်းလျှောက်နေသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦးခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာနေ ဒေါ်မြင့်ခိုင် (၄၆) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း လမ်းလျှောက်နေစဉ် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားခဲ့သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများနှင့် ညာခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Breaking: မဲ့စယ် ထောင်ဖောက်ပြေးလာသော တပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်များ အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိပါပြီ။ News Of Myanmar NOM

တနင်္သာရီမြို့နယ်၊ လေးမိုင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ဥယျာဉ်ခြံအ
တနင်္သာရီမြို့နယ်၊ လေးမိုင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ဥယျာဉ်ခြံအတွင်းအလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ကျေးရွာနေ ဦးဇော်ဇော်မိုး (၃၃) နှစ်သည် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိတ်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ဥရောပဟာ W လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာကို စတင်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံရေး
ဥရောပဟာ W လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာကို စတင်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံရေး၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ တင်းမာမှုတွေ တိုးပွားလာနေချိန်မှာ Elon Musk ရဲ့ X အစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးလာတာပါ။ W ဟာ အချက်အလက်တွေကို မဖြစ်မနေ မှတ်ပုံတင်ခြင်းနဲ့ ဓာတ်ပုံအတည်ပြုခြင်း လိုအပ်ပါမယ်။ ဥရောပကုမ္ပဏီတွေနဲ့ EU အချက်အလက်ဥပဒေတွေ အောက်မှာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ထားရှိမှာပါ။ ဆွီဒင်နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးပုဂ္ဂိုလ်တွေက အဓိကကျောထောက်နောက်ခံပြုထားတဲ့ ဒီပလက်ဖောင်းဟာ "တန်ဖိုးတွေ" နဲ့ “အတည်ပြုပြီးသော” အသုံးပြုသူတွေကို အခြေခံပြီး လည်ပတ်မှာပါ။ CEO Anna Zeiter က EU အဖွဲ့အစည်းတွေက X ကို စွန့်လွှတ်ပြီး W ကို အစားထိုးသုံးစွဲရင် အောင်မြင်မှုပဲလို့ ပြောကြားခဲ့ပါတယ်။ NOM

ငပုတောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို One Stop Service ဖြင့် ဆောင်ရွက်ပေး ဇန်နဝါရီ ၂၂၊ ၂၀
ငပုတောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို One Stop Service ဖြင့် ဆောင်ရွက်ပေး ဇန်နဝါရီ ၂၂၊ ၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးမှုကြောင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဝန်ထမ်းများက နိုင်ငံသားကတ်ပြားပျက်စီး/ပျောက်ဆုံးသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်သည်။ ယင်းနောက် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ငပုတောမြို့နယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို တွေ့ဆုံကာ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ ပျက်စီးမှုရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများကို တစ်ဦးချင်းလိုက်လံဝေငှပေးအပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အတွက် ဆိုလာမီးများနှင့် ဆေးဝါးပစ္စည်းများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

Repost from MRTV
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(ဘင်္ဂါလီ) ကျေးရွာတွင် နေထိုင်ကြသူများအား နိုင်ငံတော်အစိုးရမှ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေနှင့် ပတ်သက်ပြီး ခေါင်းဒုက္ကာကျေးရွာမှ ဒေါ်သီတာမြင့်(ခေါ်) ဂျူနီလာ၏ ပြောကြားချက်

Repost from NOM
+1
မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေသူ အမေရိကန်နွယ်ဖွား OnlyFans မော်ဒယ်လ် Nicole Pardo ဟာ မက္ကဆီကိုမှာ နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ Culiacan မှာဖြစ်ပြီး မျက်နှာဖုံးစွပ်သေနတ်သမားတွေက ကုန်တိုက်တခုရဲ့ အပြင်ဘက်မှာ သူမရဲ့ Cyberteuck ယာဉ်ကို ပိတ်ရပ်ပြီး အဖြူရောင် Toyota ကားပေါ် အတင်းဆွဲတင်ကာ မောင်းထွက်သွားခဲ့ပါတယ်။ NOM

ဒီနိုင်ငံက နိုင်ငံရေး ပြဿနာနဲ့ စိန်ခေါ်မှုတွေက ဖြေရှင်း၊ ရင်ဆိုင်ဖို့ အများကြီး ကျန်နေပါသေးတယ်။ လောလောလတ်လတ် ပြည်တွင်းမှာတောင် လက်နက်ကိုင် ပဋိပက္ခက လိပ်ခဲတည်နေတုန်းပါ။ ကိုးကန့်က ဘယ်သူ့အားကိုးနဲ့လဲတော့ မသိဘူး။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကို ပြည်ထောင်စု လမ်းမကြီး ဖောက်နေပါပြီ။ ဆိုတော့ အရင်က ဒကစ အခြေစိုက်ခဲ့တဲ့ ကိုးကန့်ဟာ ဒုတိယ UWSA နီးနီးအထိ ဖြစ်လာနိုင်မလား ပေါ့။ ချင်းရွှေဟော်မှာ ဗဟို အုပ်ချုပ်မှု မရှိရင် နယ်စပ်ကုန်သွယ်ရေးက ရလာမယ့် ဝင်ငွေရလမ်းက မေ့ထားလိုက်လို့ ရပါပြီ။ ----- ပလောင်ကလည်း သူ့အုပ်ချုပ်မှု နယ်မြေထဲက မြို့နယ်တွေကို အခွန် စကောက် နေတဲ့ အသံတွေကြားရပါလိမ့်မယ်။ ဒါက ကွတ်ခိုင်၊ သိန်းနီနဲ့ နမ္မတူ တကြောလုံး အကျုံးဝင်မယ့်သဘောပါ။ အပစ်အခတ် ရပ်ထားပေမယ့် ရန်သူကတော့ သူ့အလုပ် သူလုပ်နေတယ်လို့ ပြောလို့ရပါတယ်။ အစိုးရနဲ့ တပ်ကတော့ ရွေးကောက်ပွဲနဲ့ ကူမင်း သဘောတူညီချက်ကြား ဟန်ချက်ညီအောင် ကြိုးစားနေရတုန်းပါ။ တစ်ခုတော့ ရှိတာပေါ့။ ရွေးကောက်ပွဲ အလွန်ကာလအတွက်တော့ မမျှော်မှန်းနိုင်ဘူးပေါ့။ ဗန်းမော်အလွန်က KIA အခြေပြု တပ်စခန်းကို လေကြောင်း တိုက်ခိုက်နိုင်ခဲ့လို့ နော်ဘူ ကိုယ်တိုင် အသံထွက်လာတဲ့ ကိစ္စတွေ၊ မြဝတီမြို့စောင့်တပ်ကို တိုက်ရင် ပစ်မှတ်တွေ မှတ်ပုံတင်ထားတယ်လို့ ပြောတဲ့ အသံတွေကတော့ အားရစရာပါပဲ။ စခန်းတစ်ခုထိရင် ပြာကျတဲ့အထိ ပြန်တိုက်မယ်ဆိုတဲ့ ဟန်တွေ၊ မာန်တွေ ပြန်မြင်ရတာက ဝမ်းသာစရာ အခြေအနေလို့ ပြောလို့ရပါတယ်။ ---- တဖက်မှာတော့ အာဆီယံ ဥက္ကဋ္ဌ အသစ်က မလေးရှား လေသံ လိုက်ပြီး ရွေးကောက်ပွဲကို ဘာဘာညာညာ အသံကောင်း ဟစ်စ ပြုနေတာ တွေ့ရပါလိမ့်မယ်။ ဒေသတွင်း အဖွဲ့အစည်း ဖြစ်တဲ့ အာဆီယံထဲမှာတောင် နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံစုံကြားမှာ နေရာ တနေရာစာ ပြန်ရဖို့ မြန်မာဟာ အတော်လေး ကြိုးစားရပါဦးမယ်။ ----- ဒီတော့ အစိုးရသစ် တက်လာတာနဲ့ အပြောင်းအလဲ ချက်ခြင်း မြင်ချင်သူတွေအတွင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှု တွေ အများကြီးရှိနေတာကို သတိပြုနိုင်ကြဖို့ပါ။ အရပ်သား အစိုးရသစ် တက်လာရုံနဲ့ နိုင်ငံတကာကလည်း ဟက်ချလောင်း ဆိုပြီး ဆန်ရှင်တွေ ဖွင့်ပေးနေမှာတော့ မဟုတ်ပါဘူး။ လက်ရှိမှာတင် ICJ မှာ ဘင်္ဂလီအရေးက ပုစ္ဆာ တစ်ခု ပေးထားခဲ့ပြီးသားပါ။ ဒါက ၂၀၂၆ လောက်မှာ ရုပ်လုံး ထင်လာပါလိမ့်မယ်။ ------ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှု နဲ့ သက်ဆိုင်တဲ့ တချို့ကိစ္စတွေက နှုတ်မကျွံ ထားမိဖို့ လိုပါတယ်။ သမ္မတ ကြီး ဦးသိန်းစိန်ခေတ်ဟာ တပ်မတော် အုပ်ချုပ်တဲ့ စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီကို စနစ်တကျ လက်လွှဲ လုပ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ရှေ့မှာ ဒီမိုကရေစီ အစိုးရ ၂ ဆက်စာကို လူထုက မျက်ဝါးထင်ထင် ကြုံခဲ့ရ၊ ဖြတ်သန်းဖူးနေခဲ့ကြပြီးပြီ ဆိုတာကို သတိမလွတ်စေကြဖို့ ဖြစ်ပါတယ်။ ပြည်တွင်း ၊ ပြည်ပ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမယ့် အစိုးရသစ်ဟာ မျှော်‌လင့်သလို အရွေ့တစ်ခု မဖြစ်လာခဲ့ရင် ဒုတိယ ရွေးကောက်ပွဲ ကာလဟာ ပိုခက်ခဲ သွားနိုင်တာကို သေချာပေါက် ကြိုတွေးထားဖို့ လိုပါလိမ့်မယ်။ (နရီမိုး)

ဇန်နဝါရီလ၂၃ရက်နေ့နိုင်ငံတကာသတင်းတိုများ NOM ၁။တောင်တရုတ်ပင်လယ်ဆိုအယ်ကျွန်းအနီး ယနေ့နစ်မြုတ်သွားသောကုန်သင်္ဘောမှဖိလစ်ပိုင်သင်္
+2
ဇန်နဝါရီလ၂၃ရက်နေ့နိုင်ငံတကာသတင်းတိုများ NOM ၁။တောင်တရုတ်ပင်လယ်ဆိုအယ်ကျွန်းအနီး ယနေ့နစ်မြုတ်သွားသောကုန်သင်္ဘောမှဖိလစ်ပိုင်သင်္ဘောသား၁၇ဦးကိုတရုတ်နှင့်ဖိလစ်ပိုင်ရေတပ်မှကယ်ဆယ်ခဲ့သော်လည်းသင်္ဘောသားနှစ်ဦးမှာကယ်ဆယ်ခံရပြီးနောက်သေဆုံးခဲ့သည်။ (ဓါတ်ပုံ) ၂။ဗီယက်နမ်ကွန်မြူနစ်ပါတီသည်တိုလမ်းကိုနောက်ငါးနှစ် သက်တမ်းအတွက်ပါတီခေါင်းဆောင်အဖြစ်ယနေ့ရွေးချယ်လိုက်သည်။(ဓါတ်ပုံ) ၃။ ဟန်ဂေရီဝန်ကြီးချုပ်ကယူကရိန်းသည်လာမည့်၁၀နှစ်အတွက်ဥရောပသမဂ္ဂထံမှ၁.၅ထရီလီယံတောင်းခံနေကြောင်းစစ်ရေးအတွက်ဘီလီယံ၇၀၀နှင့်နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက်ဘီလီယံ၈၀၀ဖြစ်ကြောင်းပြောကြားသည်။ ၄။စပိန်ဝန်ကြီးချုပ်ဆန်းချက်ကအမေရိကန်သမ္မတထရမ့်၏ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်စပိန်ပါဝင်ရန်ကမ်းလှမ်းချက်ကိုပယ်ချပြီးယခုကိစ္စသည်ကုလသမဂ္ဂကသာလုပ်ဆောင်ရမည့်ကိစ္စဟုဝေဖန်လိုက်သည်။ ၅။အီရန်ဘာသာရေးခေါင်းဆောင်ခါမေနီ၏အကြံပေးယာယာဆာဖာဗီကအီရန်သည်အစ္စရေးနှင့်နောက်ဆုံးစစ်ပွဲအတွက်အသင့်ပြင်ပြီးပြီဟုကြေညာလိုက်သည်။(ဓါတ်ပုံ)

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်

🇷🇺🤝🇲🇲 ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ နေကြာဆီ တန်ချိန် ၂၅၀ ကျော် လွှဲပြောင်းပေးခဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (
+2
🇷🇺🤝🇲🇲 ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ နေကြာဆီ တန်ချိန် ၂၅၀ ကျော် လွှဲပြောင်းပေးခဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မှတစ်ဆင့် ရန်ကုန်မြို့သို့ ဗီတာမင် A နှင့် D ဖြည့်နေကြာဆီ တန်ချိန် ၂၅၀ ကျော်ကို ရုရှားနိုင်ငံမှ လူသားချင်းစာနာမှုအကူအညီများ ထပ်မံပို့ဆောင်ရောက်လာခဲ့ပါသည်။ ရုရှားသံရုံးဝန်ထမ်းများသည် ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေပေးမည့် အစီအစဉ်နှင့် လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက်အပြန်အလှန်အားဖြင့်လည်းကောင်း သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးရန် ရုရှားဘက်မှ အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့ပါသည်။

Repost from NOM
ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အကြွေး ကန်ဒေါ်လာ သန်း ၂၆၀ ကို ပျက်က
ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အကြွေး ကန်ဒေါ်လာ သန်း ၂၆၀ ကို ပျက်ကွက်ခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ NOM

Repost from NOM
မက္ကဆီကိုကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရန်ကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေကို ခေါ်ယူဖွယ်ရှိတယ်လိ
မက္ကဆီကိုကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရန်ကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေကို ခေါ်ယူဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “ကျနော်တို့ NATO ရဲ့ အစွမ်းသတ္တိကို စမ်းသပ်သင့်ပါတယ်၊ Article-5 ကို ကျင့်သုံးပြီး NATO ကို ဒီနေရာလာစေပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နောက်ထပ်ကျူးကျော်မှုတွေကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ ဖိအားပေးသင့်တယ်၊ ဒီလိုဆိုရင် နယ်ခြားစောင့်တပ်အရာရှိတွေလည်း တခြားတာဝန်တွေကို လုပ်နိုင်လာလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။ သူဟာ အစောပိုင်းကလည်း NATO မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့ လာရောက်မလားလို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။ NOM

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင် အသိပေး
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင် အသိပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးခင်ရီ၊ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Party “ Belaya Rus” ပါတီဥက္ကဌ H.E.Ms.
+8
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးခင်ရီ၊ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Party “ Belaya Rus” ပါတီဥက္ကဌ H.E.Ms. Volha Chemodanova အားလက်ခံတွေ့ဆုံပြီးနှစ်နိုင်ငံပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ နှစ်ပါတီသဘောတူညီချက်ပါ အကောင်အထည်ဖော်မည့် Roadmap ပါလုပ်ငန်းစဉ်များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ #UKhinYi #StrongerMyanmar #VoteUSDP#Belarus #Myanmar

၁။ ဗိုလ်ချုပ်တွေ တိုက်ဆောက်၊ အောက်ကစစ်သည်တွေ ချိုင်းထောက် ဆိုတဲ့ စကားလုံးတွေကို တဖက်အဖွဲ့အစည်းဘက်က၂၀၂၁ အလွန်ကာလ တွေမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြောခဲ့ကြတာ မြင်ဖူးကြလိမ့်မယ်။ ------ ၂။ လွတ်လပ်ရေးရပြီးကာလကတည်းက ရောင်စုံသောင်းကျန်းသူ အဖွဲ့အစည်းပေါင်း မြောက်များစွာနဲ့ ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရတဲ့ တပ်မတော်မှာ EA1၊EA2 တွေ ရှိခဲ့တာ မငြင်းပါဘူး။ တချို့တွေကလည်း ရထားဂိတ်၊ ကားဂိတ်တွေမှာ စာအုပ်တွေ ရောင်းနေတာလည်း ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့ကို အဓိက အလုပ်အကိုင်ပေး ၊ နေရာ ချထားရေး လုပ်ရမှာက နိုင်ငံတော်ရဲ့ တာဝန်ပါ။ ဥပဒေတွေ ပြဌာန်းပြီး ဒီလူတွေရဲ့ နောင်ရေး၊ ကျန်ရစ်သူတွေရဲ့ ဘဝတွေ ဂုဏ်သိက္ခာရှိရှိ ဖန်တီးပေးရမှာက အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ----- ၃။ ဘယ်လိုပဲ ဖြစ်စေ တစ်ဖက်မှာတော့ တပ်‌မတော်ဟာ စစ်မှုထမ်းဟောင်းဆိုတဲ့ ဗဟို အဖွဲ့အစည်းကို ဖွဲ့စည်းပြီး တက်အားသရွေ့ စောင့်ရှောက်ကြတယ်ပေါ့။ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဖော်ဆောင်ထားတဲ့ စစ်မှုထမ်းဟောင်း အိမ်ရာတွေ ....ဒါတွေက ကျန်ရစ်သူတွေကို တပ်မတော်က တဖက်တလမ်းကနေ စောင့်ရှောက် နေခဲ့တဲ့ အရာတွေပါပဲ။ ------ ၄။ ဒါတွေကို ဘာကြောင့် အကျယ်တဝင့် ပြောနေရလဲ ဆိုတော့ မနေ့က ဗိုလ်ချုပ် ကျော်သူရ တို့ဆီမှာ PDF အယောက် ၂၀ ကျော် ၊ ဒီကနေ့ လပခ မှာ အယောက် ၁၀၀ ကျော် ဥပဒေထဲ လူငယ်တွေ ပြန်ဝင်ကြတာ တွေ့ရလိမ့်မယ်။ ပြည်ဖျက်တွေရဲ့ ပြောစကားတွေ နားယောင်ပြီး CDM လုပ်ခဲ့ကြတဲ့ သူတွေ၊ လက်နက်ကိုင်တော်‌လှန်မှ ရမယ် ဆိုတဲ့ အစွန်းရောက် တွေးခေါ်မှုတွေကြားမှာ ခြေ၊ လက် အင်္ဂါတွေ ပေးဆပ်ခဲ့ကြရတဲ့ လူငယ်တွေကို NUG အနေနဲ့ ဘာတွေများ စောင့်ရှောက်ပေးမှုတွေ ရှိလဲ၊ ကာကွယ်ပေးမှုတွေ ရှိသလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာပြီလို့ပဲ ထောက်ပြချင်တာပါ။ --- ၅။ လော်ဘီတွေနဲ့ ဝန်ကြီးတွေ တိုက်ဆောက်၊ လူငယ်တွေ ချိုင်းထောင့် ဆိုတာက ခုမှ အမှန်တရား တစ်ခုပါ။ နွေဦးတော်လှန်ရေးကို ဝန်းရံပါတယ်ဆိုတဲ့ ရုပ်ရှင်အနုပညာရှင်တွေ၊ ရောင်နီ မောင်နှံ မိသားစုတွေ စသဖြင့် သူတို့ မိသားစုတွေဆိုတာ အမိုးအကာ၊ အရိပ်အောက်မှာ ပညာတွေသင်နိုင်၊ မိသားစုတွေ စုံစုံညီညီနဲ့ ဥမကွဲ သိုက်မပျက်ကြပေမယ့် ဒီတော်လှန်ရေးမှိုင်း မိခဲ့ကြတဲ့ လူငယ်တွေကတော့ အနာဂတ်တွေမဲ့၊ ခြေလက်တွေပျက်၊ ကြည့်ရှု့သူ မရှိဆိုတဲ့ အခြေအနေဆိုးကြီးကို ရင်နာနာနဲ့ ဖြတ်သန်း ရတော့မှာ အသေအချာပါပဲ။ ----- ၆။ ဆိုတော့.....အင်အား ၁၀၀ ကျော် အလင်းဝင်တယ်ဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး။ သူတို့ ရွေးချယ်တဲ့ လမဟာ မှားနေပြီ ဆိုတာကို သူတို့ သဘောပေါက်စ ပြုနေပါပြီ။ ၈၈ မှာ ဇာတ်တူသား စားကြတဲ့ ဟင်္သာကိုးသောင်း ပုံပြင်တွေက အလကားမှ မဟုတ်ဘဲ။ တောတွင်း ဥပဒေ ကျင့်သုံး၊ လက်နက်နဲ့ ကြီးနိုင်ငယ်ညှင်း ဖြေရှင်းကြတဲ့ အခြေအနေကို လူငယ်ထု အနေနဲ့လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အဖြေက ရှင်းရှင်းလေးပါ။ တရားဥပဒေအောက်ကို ဝင်ပြီး ဘဝသစ်ပြန်စမလား၊ ကျီးထိုးထိုး ခွေးစားစား ဖြစ်နေတဲ့ ဘဝမှာပဲ အဆုံးခံလိုက်မလားဆိုတဲ့ လမ်း ၂ လမ်းကို မဖြစ်မနေ ရွေးချယ်ရတော့မှာပါ။ ---- ၇။ ရွေးကောက်ပွဲပြီးဖို့ ရက်ပိုင်းအလို၊ အစိုးရသစ် ပေါ်ပေါက်ဖို့ လပိုင်းအလိုမှာ NUG ရဲ့ နွေဦးတော်လှန်ရေးက အောင်မြင်မယ်လို့ ယုံကြည်နေတုန်းလား။ စစ်မှုထမ်း ဥပဒေအရ နိုင်ငံတာဝန်ထမ်းရွက်ခဲ့ကြသူတွေတောင် သူရ ဘွဲ့တွေရပြီး နိုင်ငံတော်အဆင့် အခမ်းအနား၊ နိုင်ငံတော်ပြန်တမ်းထဲမှာ ဂုဏ်သိက္ခာရှိရှိ သမိုင်းရေးထိုးနေချိန်မှာ .....လူသတ်၊ မုဒိန်းကျင့်၊ ဆက်ကြေးကောက်တဲ့ ဘဝကြီးထဲမှာပဲ သာယာနေကြဦးမလား။ အချိန်မှီသေးတယ်လို့ပဲ သတိပေးချင်တာပါ။ (နရီမိုး)

Repost from NOM
အကြောင်းပြချက် တစုံတရာမပေးဘဲ ထရမ့်ဟာ ကနေဒါကို သူတည်ထောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းထားမှုကို ပြန်ရုတ်သ
အကြောင်းပြချက် တစုံတရာမပေးဘဲ ထရမ့်ဟာ ကနေဒါကို သူတည်ထောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းထားမှုကို ပြန်ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ဝါစဉ် အစီအစဉ်ကို ကနေဒါဝန်ကြီးချုပ် Mark Carney က ဝေဖန်မှုတချို့လုပ်ပြီးနောက် ထရမ့်ဘက်က အခုလိုမျိုး ပြုမူလိုက်တာလည်း ဖြစ်ပါတယ်။ NOM