ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 488 مشتركاً، محتلاً المرتبة 16 017 في فئة الأخبار والوسائط والمرتبة 10 067 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 488 مشتركاً.

بحسب آخر البيانات بتاريخ 24 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -248، وفي آخر 24 ساعة بمقدار 1، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.08‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.11‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 260 مشاهدة. وخلال اليوم الأول يجمع عادةً 639 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 25 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 488
المشتركون
+124 ساعات
-547 أيام
-24830 أيام
أرشيف المشاركات
အီရန်စစ်ပွဲ၌အမေရိကန်လေတပ်၏ဆုံးရှုံးမှုသည်တစ်ဘီလီယံကျော်ပြီဖြစ်
အီရန်စစ်ပွဲ၌အမေရိကန်လေတပ်၏ဆုံးရှုံးမှုသည်တစ်ဘီလီယံကျော်ပြီဖြစ်

ကရင်မြေမှာ ခိုကပ်နေတဲ့ အကြမ်းဖက်ပဒက်တွေအတွက် ထမင်းချက်ပေးနေတဲ့ ထောက်ပို့အကြမ်းဖက်မကြီးတစ်ကောင် ဗုံးကြဲခံရတဲ့အထဲ ပါသွားလို့ ပဒ
ကရင်မြေမှာ ခိုကပ်နေတဲ့ အကြမ်းဖက်ပဒက်တွေအတွက် ထမင်းချက်ပေးနေတဲ့ ထောက်ပို့အကြမ်းဖက်မကြီးတစ်ကောင် ဗုံးကြဲခံရတဲ့အထဲ ပါသွားလို့ ပဒက်တွေငိုကုန်ကြပြီ... - KTLA အဖွဲ့ရဲ့ အတိအကျသတင်းပေးပို့မှုကြောင့် KNLA/PDF တွေစုပြုံနေတဲ့ အကြမ်းဖက်စခန်းကို ပစ်မှတ်မလွဲ ဗုံးကြဲချေမှုန်းနိုင်ခဲ့လို့ ထမင်းချက်ပါမကျန် သေကုန်ကြတာဖြစ်ပါတယ်... - ဒီအတွက်လည်း သတင်းပေးပို့ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်... - တိုက်ပွဲသတင်းစုံ

ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲ NOM မတ် ၂၅၊ ၂၀၂၆ ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုပြီး ရန်ကုန
ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲ NOM မတ် ၂၅၊ ၂၀၂၆ ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုပြီး ရန်ကုန်မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲသည့်ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြန်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက် ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့တက်ရောက်ဖွင့်လှစ်‌ ပေးကြသည်။ အဆိုပါ ဘက်ထရီလျှပ်စစ် စက်ခေါင်းနှင့် ပြေးဆွဲမည့် မြို့ပတ်ရထားသည် လူစီးတွဲ ၄ တွဲ၊ ဘရိတ်တွဲတစ်တွဲပါဝင်ပြီး ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်စက်ခေါင်းနှင့် ပြေးဆွဲပေးသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးညီညီဆွေက ပြောသည်။ ဘက်ထရီ လျှပ်စစ်စက်ခေါင်းကို မြို့ပတ်ရထားခရီးစဉ်၌ အသုံးပြု အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးအကွာအဝေး စုစုပေါင်း ၉၉ မိုင်ရှိ‌ကြောင်းသိရသည်။ ဘက်ထရီလျှပ်စစ် စက်ခေါင်းဖြင့်အစားထိုးပြေးဆွဲသည့်အတွက် လျှပ်စစ်ဓာတ်အားခအနေနှင့် ခန့်မှန်း ကျပ်၂ သိန်းခန့်သာ ကုန်ကျတော့မည်ဖြစ်ပြီး ဘဏ္ဍာငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်မည်ဖြစ်ကြောင်း သိရသည်။ NOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် PDF က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦးဒဏ်ရာရ NOM
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် PDF က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦးဒဏ်ရာရ NOM

+2
အီရန်ဒုံးကျည် ထိမှန်မှု ဒီမိုနာ နျူကလီးယားစက်ရုံအနီးက ရိုတမ် စက်မှုဇုန်ကို အီရန်ဒုံးကျည် ထိမှန်သွားတဲ့ အခိုက်အတန့်ကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ရိုတမ်စက်မှုလုပ်ငန်း ဆိုတာ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးအတွက် အရေးအပါဆုံး စက်မှုအချက်အခြာနေရာတွေထဲက တစ်ခုဖြစ်ပြီး ဒီမိုနာ နျူကလီးယားလုပ်ငန်းနဲ့လည်း ဆက်နွှယ်နေတာဖြစ်ပါတယ်။ NOM

ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထား နေ့စဉ် အစုန်/အဆန် (၃)စင်းပုံမှန်ပြေးဆွဲပေးသွားမည် NOM
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထား နေ့စဉ် အစုန်/အဆန် (၃)စင်းပုံမှန်ပြေးဆွဲပေးသွားမည် NOM

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဟင်းရွ
ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဟင်းရွက်ခူးနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM မတ် ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာနေ ကိုအောင်စိုး (၂၁) နှစ်သည် မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်၌ ကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာရှိ ဥယျာဉ်ခြံအတွင်း ဟင်းသီးဟင်းရွက်ခူးနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိ၍ ဆေးကုသနိုင်ရေး မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ နှင့် ကျည်စုကျေးရွာကြား၌ ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးမ
+2
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ နှင့် ကျည်စုကျေးရွာကြား၌  ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ   မတ် ၂၅၊၂၀၂၆

သင်္ဘောသားများအားစစ်တမ်းကောက်မည် NOM မတ် ၂၅၊ ၂၀၂၆ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောအလုပ်သမားများအဖွဲ့ချုပ်၏CBA-Collective Bargai
သင်္ဘောသားများအားစစ်တမ်းကောက်မည် NOM မတ် ၂၅၊ ၂၀၂၆ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောအလုပ်သမားများအဖွဲ့ချုပ်၏CBA-Collective Bargaining Agreement & SEA-Seafarers Employment Agreementဆိုင်ရာဗဟုသုတမျှဝေခြင်း ‌စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့နံနက်က ရန်ကုန်မြို့ကျောက်တံတားမြို့နယ်အမှတ် (၅၃) ၃၇ လမ်း၊ အောက်ဘလောက်ရှိ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည်။ ဦးစွာ မြန်မာနိုင်ငံပင်လယ်ကူးသ‌ င်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌကပ္ပတိန်စိုးမင်း‌အောင်က "ကျွန်တော်တို့က သင်္ဘောသားနဲ့ သင်္ဘောသားမိသားစုကို ကျွန် တော်တို့က သူတို့ရဲ့ခံစားချက်တွေ သိရှိဖို့အတွက် ကျွန်တော်တို့ စစ်တမ်းကောက်မှာပေါ့လေ။ စစ်တမ်းကောက်လိုက်ခြင်းအားဖြင့် သင်္ဘောသားတွေနဲ့ သင်္ဘောသားမိသားစုတွေက အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပေါ်မှာ ဘယ်လိုအမြင်ရှိသလဲ။ အလားတူပဲ သူတို့ကို အလုပ်သမားခန့်အပ်ရေးနဲ့ ရှာဖွေရေးနဲ့ ခန့်အပ်ရေးဝန်ဆောင်မှုလုပ်နေတဲ့အဖွဲ့တွေပေါ့ ဒီအဖွဲ့တွေကတော့ သူတို့အလုပ်ရှင်ကိုယ်စား အလုပ်ခန့်ဖို့လုပ်တယ်။ အဲဒီအပေါ်မှာ သူတို့အမြင်ဘယ်လိုရှိတယ်။ အလားတူပဲ ကျွန်တော်တို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ သင်္ဘောသားတွေအတွက် လေ့ကျင့်သင် ကြားပေးတဲ့ တရားဝင်ခွင့်ပြုထားတဲ့ သင်တန်းကျောင်းတွေရှိတယ်။ အဲဒီသင်တန်းကျောင်းတွေအပေါ်မှာရော သင်္ဘောသားနဲ့သင်္ဘောသားမိသားစုတွေရဲ့အမြင်ကဘယ်လိုရှိလဲ။ အလားတူပဲကျွန်တော်တို့ သင်္ဘောသားတွေကိုပဲ ကိုယ်စားပြုပြီးတော့ ဖွဲ့ထားတဲ့ သင်္ဘောသားအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်။ ဒီအပေါ်မှာလည်းသင်္ဘောသားနဲ့ သင်္ဘောသားမိသားစုက ဘယ်လိုအမြင်ရှိလဲဆိုတဲ့ စစ်တမ်းလေးကို ကျွန်တော်တို့ကောက်ယူခြင်းအားဖြင့် အဲဒီစစ်တမ်းကရလာတဲ့ အချက်အလက်တွေကိုကျွန် တော်တို့က သုံးသပ်ချက်ထုတ်လိုက်လို့ရှိရင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အားနည်းချက်အားသာချက်ကို ကျွန်တော်တို့သိရမယ်။ အလားတူပဲရေကြောင်းသင်တန်းကျောင်းတွေရဲ့ အားနည်းချက်အားသာချက်၊ အခုနပြောတဲ့ အလုပ်ခန့်ဖို့အတွက် တာဝန်ယူလုပ်နေတဲ့ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်နေတဲ့သူတွေရဲ့ အားနည်းချက်အားသာချက် ကျွန်တော်တို့သင်္ဘောသားအဖွဲ့အစည်းတွေရဲ့ အားနည်းချက်အားသာချက်တွေကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ ဒီအဖွဲ့အစည်းတစ်ခုချင်းကို သိရမယ်။ အားနည်းချက်တွေကိုပြင်ဖို့အတွက် ကျွန်တော်တို့ကိုမီးမောင်းထိုးပြသလိုပေါ်လာမှာဖြစ်ပါတယ်" ဟု‌ပြောသည်။ အဆိုပါအခမ်းအနားတွင် စာနယ်ဇင်းမီဒီယာများက သိရှိလိုသည်များမေးမြန်ခဲ့ကြ‌ပြီး မြန်မာသင်္ဘောသားများနှင့် မိသားစုများထံမှ မိမိလူမှုဘဝအတွေ့အကြုံခံစားချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ ဗဟုသုတမျှ‌ဝေခြင်း‌ ဟောပြောပွဲကို မတ် ၃၁ ရက်နေ့နံနက် ၁၀ နာရီတွင် အဖွဲ့ရုံး၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ NOM

မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဘွားအိုတစ်ဦးအပါအဝင် အ
+3
မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဘွားအိုတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူလေးဦးဒဏ်ရာရ NOM မတ် ၂၅၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ကိုဇော်လင်းအောင် (၃၉) နှစ်၊ ဒေါ်တင်ချို (၄၂) နှစ်၊ ဒေါ်တင်ကြည် (၈၀) နှစ်နှင့် ဒေါ်ဝင်းမြတ်ခိုင် (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း

PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ကျေးလက်ကျန်းမာရေးမှူးနှင့် ၎င်း​၏ ခင်ပွန်းဖြစ်သူတို့ မိုင်းစထိမှန်သေဆ
+2
PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ကျေးလက်ကျန်းမာရေးမှူးနှင့် ၎င်း​၏ ခင်ပွန်းဖြစ်သူတို့ မိုင်းစထိမှန်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ NOM မတ် ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိထားသူ အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ  ‌ချောက်မြို့နယ်၊ မင်းကန်ကျေးရွာနေ ဦးဟန်လင်း (၅၈) နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ ပခန်းငယ်ကျေးရွာ ကျေးလက် ကျန်းမာရေးမှူး ဒေါ်မော်မော်ဌေး (၅၀) နှစ်၊ သမီးဖြစ်သူ မခင်စုစုဟန် (၁၇) နှစ်တို့နှင့်အတူ မင်းကန်ကျေးရွာမှ ချောက်မြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် မန်ကျီးစောက် (ရှေ့) ကျေးရွာ၏ မြောက် ဘက် ၂ ဖာလုံခန့်အကွာအရောက် တွင် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ် လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးဟန်လင်းနှင့် ဒေါ်မော်မော်ဌေးတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မခင်စုစုဟန်တွင် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

Repost from Min Chit Oo
တစ်ယောက်က တပ်ကထွက်ပြေးပြီး ထိုင်းကို ခိုးဝင် ကိုယ့်နိုင်ငံကို အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့သူ တစ်ယောက်က နယ်စပ်တည်ငြိမ်အေးချမ်း
တစ်ယောက်က တပ်ကထွက်ပြေးပြီး ထိုင်းကို ခိုးဝင် ကိုယ့်နိုင်ငံကို အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့သူ တစ်ယောက်က နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် ဆွေးနွေးဖို့ နိုင်ငံတော်အဆင့်လက်ခံတွေ့ဆုံခံရတဲ့သူ အဆင့်ကိုမိုးနဲ့မြေ ဒါကိုအရှက်မရှိ ငါ့သူငယ်ချင်းဆိုပြီး မန့်ရဲသေးတယ်နော် ကိုမဲလုံးကြီး အသံက ငိုသံကြီးနဲ့ အဟက်🤣🤣

ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကို မတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ NOM

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရ
+1
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖွဲ့စည်းတာဝန်ပေးအပ် မတ် ၂၄၊ ၂၀၂၆ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၃ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့် ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။ ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးနှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။ ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်နှင့် အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။ ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

တရုတ်ကအီရန်ကိုအမေရိကန်၏ညစ်ပတ်သည့်အကြံအားသတိပေး NOM တရုတ်ကအီရန်အားအမေရိကန်ကဆွေးနွေးပွဲများပြန်စရန်ပြောနေခြင်းသည်အီရန်ကိုကျူးကျော်ရန်မြေပြင်တပ်များပို့ဆောင်နေချိန်ဖြစ်သဖြင့်ကျူးကျော်မည့်တပ်များမျရာက်မီအချိန်ဆွဲရန်သာဖြစ်ကြောင်းသတိပေးလိုက်သည်။

အမေရိကန်သည်နိုင်ငံကကျောထောက်နောက်ခံပေးထားသည့်အကြမ်းဖက်အဖွဲ့ဟုမြောက်ကိုရီးယားခေါင်းဆောင်ကပြော NOM မြောက်ကိုးရီးယားခေါင်းဆောင်က
အမေရိကန်သည်နိုင်ငံကကျောထောက်နောက်ခံပေးထားသည့်အကြမ်းဖက်အဖွဲ့ဟုမြောက်ကိုရီးယားခေါင်းဆောင်ကပြော NOM မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် ယနေ့ လွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုသည် “ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံတော်က ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်မှုနှင့် ရန်လိုမှု” ကို ကျူးလွန်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

ယူဂိုဆလားနိုင်ငံကိုလွန်ခဲ့သော၂၇နှစ်ကနေတိုးဖျက်ဆီးခဲ့ NOM ယနေ့မတ်လ၂၅ရက်သည်ယူဂိုဆလားဗီးယားနိုင်ငံကိုကုလငမဂ္ဂခွင့်ပြုချက်မရှိပဲန
+1
ယူဂိုဆလားနိုင်ငံကိုလွန်ခဲ့သော၂၇နှစ်ကနေတိုးဖျက်ဆီးခဲ့ NOM ယနေ့မတ်လ၂၅ရက်သည်ယူဂိုဆလားဗီးယားနိုင်ငံကိုကုလငမဂ္ဂခွင့်ပြုချက်မရှိပဲနယ်ချဲ့ဝါဒီနေတိုးစစ်စာချုပ်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့သည့်၂၇နှစ်မြောက်နေ့ဖြစ်သည်။ဆိုရှယ်လစ်စနစ်ဖြင့်အောင်မြင်နေသောယူဂိုဆလားဗီးယားနိုင်ငံကိုအစိတ်စိတ်ဖြစ်အောင်နေတိုးကဖျက်ဆီးခဲ့သည့်နေ့လည်းဖြစ်သည််။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာကာအီ (Baghaei) က - "မင်းတို့ကတော့ ရေနံစျေးနှုန်းတွေနဲ့ စားသောက်ကုန်စျေးနှုန်းတွေအတွက် စိုးရိမ်နေကြတာပေါ့။ ငါတို့ကတော့ ငါတို့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတာပါ။ ငါတို့ပြည်သူတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံနေကြရတယ်" ဟု ပြောကြားလိုက်သည်။ NOM

လွန်ခဲ့သော ရက်အနည်းငယ်က အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အာရတ်ဒ် (Arad) မြို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဗီဒီယိုဖိုင်ကို အစ္စရေး ဆင်ဆာအဖွဲ့က ထုတ်ပြန်ခွင့်ပြုလိုက်သည်။ NOM