ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 483 مشتركاً، محتلاً المرتبة 15 995 في فئة الأخبار والوسائط والمرتبة 10 066 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 483 مشتركاً.

بحسب آخر البيانات بتاريخ 25 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -245، وفي آخر 24 ساعة بمقدار -7، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.08‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.41‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 259 مشاهدة. وخلال اليوم الأول يجمع عادةً 676 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 26 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 483
المشتركون
-724 ساعات
-427 أيام
-24530 أيام
أرشيف المشاركات
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမ
+4
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမယ်ဆိုရင် ဒေသတွင်းက အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကတော့ - 🇸🇦 ဆော်ဒီအာရေးဗီးယား - ရတ်စ် အယ်လ်ခိုင်ယာ (Ras Al-Khair) ရေငန်သန့်စင်စက်ရုံနဲ့ ရှုအိုင်ဘာ (Shuaibah) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇶🇦 ကာတာ - အယ်လ် ခါဆာ (Al Kharsaah) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရတ်စ် လာဖန် (Ras Laffan C) ရေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇦🇪 ယူအေအီး - တာဝီလာ (Taweelah) ရေငန်သန့်စင်စက်ရုံနဲ့ ဘာရာကာ (Barakah) နျူကလီးယားဓာတ်အားပေးစက်ရုံ။ 🇧🇭 ဘာရိန်း - အယ်လ်ဒေါ (Al Dawr) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇰🇼 ကူဝိတ် - မြောက်ပိုင်း ဇူး (North Zour) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇯🇴 ဂျော်ဒန် - အာကာဘာ (Aqaba) အပူပေးဓာတ်အားပေးစက်ရုံနဲ့ ဆမ်ရာ (Samra) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ NOM

အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ဒုံးကျည်က အမေရိကန်ရဲ့ Stealth (ရေဒါမမိတဲ့) နည်းပညာကို အခုလို လှောင်ပြောင်လိုက်ပါတယ်။ "
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ဒုံးကျည်က အမေရိကန်ရဲ့ Stealth (ရေဒါမမိတဲ့) နည်းပညာကို အခုလို လှောင်ပြောင်လိုက်ပါတယ်။ "F-35 တိုက်လေယာဉ်တဲ့လား... လာနောက်မနေနဲ့။ ရေဒါပေါ်ကနေ တကယ် ပျောက်သွားမှာက ငါကွ 😊" NOM

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို မတ် ၂၂၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်
+1
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို မတ် ၂၂၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သို့တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအားကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေပန်းများ၊ စားသောက်ဖွယ်ရာများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ NOM

(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများအား မိဘပြည်သူများ လာရောက်ဂုဏ်ပြုနိုင် NOM
(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများအား မိဘပြည်သူများ လာရောက်ဂုဏ်ပြုနိုင် NOM

အမေရိကန်တပ်တွေ အီရတ်ကနေ ထွက်ပြေးပြီးလား??? အီရတ်နိုင်ငံ အနောက်ဘက် အန်ဘာပြည်နယ်၊ ထရီဘီလ် နယ်စပ်ကနေ အမေရိကန် စစ်ယာဉ်တန်း အုပ်စုကြီးတစ်ခုဟာ အီရတ်ကနေ ဂျော်ဒန်ဘက်ကို ထွက်ခွာသွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်နေပါတယ်။ NOM

မိုင်းအန္တရာယ်-ပြည်သူများ သတိပြုရန် NOM
မိုင်းအန္တရာယ်-ပြည်သူများ သတိပြုရန် NOM

ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/ အပျိုဆောင်များအား ရုံးပိတ်ရက်များ၌ ဝန်အားလျော့ချမည်မဟုတ် နေပြည်တော်၊ ဇဗ္
ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/ အပျိုဆောင်များအား ရုံးပိတ်ရက်များ၌ ဝန်အားလျော့ချမည်မဟုတ် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/ အပျိုဆောင်များအား ရုံးပိတ်ရက်များ၌ဝန်အားလျော့ချမည်မဟုတ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကအသိပေးခဲ့သည်။ လူပျိုဆောင်/အပျိုဆောင်များအား ဝန်အားလျော့ချခြင်းကို ရုံးဖွင့်ရက်များ၌ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိသာဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။ ယနေ့ မတ် ၂၂ ရက်တွင်လည်း ဇဗ္ဗူသီရိမြို့နယ်ရှိ ဓာတ်အားခွဲရုံအမှတ် (၁) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော သပြေကုန်းဖီဒါလိုင်းသည် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ သာယာကုန်းဖီဒါလိုင်းအား နံနက် ၆ နာရီမှ နံနက် ၁၀ နာရီ/ မွန်းလွဲ ၂ နာရီမှ ည ၆ နာရီအထိ၊ ရွှေကြာပင်ကွက်သစ် ဖီဒါလိုင်းသည် နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဟုလည်း အသိပေးခဲ့သည်။

အီရန်ရဲချုပ် အာမတ်-ရေဇာ ရာဒန် က EU ကို ပြောကြားသည်မှာ အကယ်၍ ခင်ဗျားတို့အနေနဲ့ ဂရင်းလန်းကျွန်းကို မကာကွယ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဆီ အကူအညီတောင်းခံလိုက်ပါ။ ကျွန်တော်တို့ လာခဲ့ပါ့မယ် ဟူ၍ ဖြစ်သည်။ NOM

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရ
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။ မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပါသည်။ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ်အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူမှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန်သတ်မှတ်ကြေညာ မတ် ၂၂၊ ၂၀၂၆ အရှေ့အလယ်ပိုင
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန်သတ်မှတ်ကြေညာ မတ် ၂၂၊ ၂၀၂၆ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့် စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန် ရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများ မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်ပါသည်။ ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့် လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါသည်။ ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့အတည်ဖြစ်သည်။ သတင်းထုတ်ပြန်ရေးအဖွဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ NOM

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြိုမရဲစခန်းအချုပ်ခန်းတို ကြည့်ရှုစစ်ဆေး မတ် ၂
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြိုမရဲစခန်းအချုပ်ခန်းတို ကြည့်ရှုစစ်ဆေး မတ် ၂၁၊ ၂၀၂၆ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ပဲခူးအချုပ်ထောင်၌ အကျဉ်းသားများအားအိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ရမ်ဇာန်ဥပုသ်ကာလ အစ္စလာမ်ဘာသာဝင် ၁၁ ဦးတို့၏ ဝတ်ပြုကိုးကွယ်နေမှု၊ အစားအသောက်စီစဉ်ပေးမှု၊ စာမတတ်သူအကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် အခြေခံအရေး၊ အဖတ်အတွက် ပညာသင်ကြားပေးနေမှုအခြေအနေ၊ အကျဉ်းသား/အချုပ်သားများအား အချုပ်ထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား/အချုပ်သား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ ဧည့်တွေ့ လာရောက်ကြသည့် အကျဉ်းသား/ အချုပ်သား မိသားစုဝင်များ ဧည့်တွေ့ရာတွင် အဆင်ပြေမှု ရှိ/မရှိ၊ အကျဉ်းသား/အချုပ်သား ထောင်ဝင်စာပစ္စည်းနှင့် စားသောက်ဖွယ်ရာများပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးကာ သီးခြား လွတ်လပ်စွာတွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/အချုပ်သား ၁၀ ဦးအား တစ်ဦးချင်းလက်ခံတွေ့ဆုံ၍လည်းကောင်း၊ ဧည့်တွေ့ရန်လာရောက်သည့် မိသားစု ၁၂ ဦးတို့ကို တွေ့ဆုံပြီး အဆင်ပြေမှု ရှိ/မရှိ မေးမြန်းကာ တင်ပြ ချက်များကို မှတ်တမ်းတင်သည်။ ထို့နောက် အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာတွေ့ဆုံနေမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ နေ့လယ်စာသုံးဆောင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက်များကို ဆောင်ရွက်ပြီးစီးမှုများကိုလည်း ကြည့်ရှုစစ်ဆေးကာ အချုပ်သားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ်စာပေအုပ်ရေ ၅၀ ကို ကော်မရှင်က ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ/မရှိနှင့် တရားရုံးထုတ်စဉ်မိသားစုဝင်များ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ NOM

မြဝတီမြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် ပြည်ပနိုင်ငံသား ၆၈ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီး NOM
မြဝတီမြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် ပြည်ပနိုင်ငံသား ၆၈ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီး NOM

အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်မ
+2
အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များတွင်  DPLA/MDY PDF/ TNLA/ NH PDF အကြမ်းဖက်သကသများထံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိခဲ့ပြီး ပြန်လည်အလင်းဝင် ရောက်လာသူ ကျား ၁၄ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးအား ၂၀၂၆ မတ် ၂၁ရက်(မနေ့က) ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်းအပ်နှံပြီးဖြစ်သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ/လားရှိုး) နယ်မြေအတွင်း ၂၀၂၅ ဇူ ၂၅ ရက်နေ့မှ ၂၀၂၆ မတ် ၂၁ ရက်နေ့ထိ အလင်းဝင်ရောက်လာသူ ကျား/ မ  စုစုပေါင်း ၇၄၅ ဦး အားလွှဲပြောင်းပြီးဖြစ်သည်။ NOM

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိ
+2
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ NOM မတ် ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးနိုင်မင်းထွန်း (၃၇) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ကောင်းထက် (၁၆) နှစ်နှင့်အတူ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား မောင်ကောင်းထက်မှ နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ကျောင်းကျေးရွာနေ ဦးတင်လှိုင် (၅၂) နှစ် သည် နားရှိုးကျေးရွာရှိ ဦးသိန်းနိုင်ပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

Repost from NOM.World News
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆ
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရဟတ်ယာဉ်ဟာ ပုံမှန်တာဝန်တွေ ထမ်းဆောင်နေချိန်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

အီရန်နိုင်ငံပိုင်သတင်းဌာန (IRIB) ရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ကျွန်းအနီး တောင်ဘက်ကမ်းရိုးတန်းမှာ အီရန်တပ်ဖွဲ့တွေက ရန်သူ့ F-15 တိုက်လေယာဉ် တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ရာထိမှန်ခဲ့တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ လေယာဉ်ရဲ့ နောက်ဆက်တွဲအခြေအနေကို အတည်ပြုနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ NOM

တရုတ်ကအီရန်ကိုထောက်ခံကြောင်းပြော NOM တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က “နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အစ္စရေးနှင့
တရုတ်ကအီရန်ကိုထောက်ခံကြောင်းပြော NOM တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က “နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုမှ အီရန်အပေါ် တရားမဝင် စစ်ရေးတိုက်ခိုက်မှုများကို တရုတ်နိုင်ငံက ကန့်ကွက်ပြီး အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရာတွင် အီရန်ကို ထောက်ခံပြီး အီရန်၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရာတွင် ထောက်ခံပါသည်။”ဟုယနေ့ပြောကြားသည်။

အမေရိကန်၏အီရန်အပေါ်တိုက်ခိုက်ခြင်းနှင့်အမေရိကန်၏မှားယွင်းသောမူဝါဒများအတွက်ကမ္ဘာ့စတော့ စျေးကွက်ဖရိုဖရဲဖြစ်နေပုံကိုသရုပ်ဖော်ထားခြင်းဖြစ်သည်။

ယမန်နေ့ညကအစ္စရေးနိုင်ငံဒီမိုနာမြို့ကိုအီရန်ဒုံးကျည်များထိမှန်ထားသည်ကိုယနေ့မနက်မြင်တွေ့ရစဉ်

အမေရိကန်ကိုအီရန်ကပြန်လည်ခြိမ်းခြောက် NOM ဟော်မုဇ်ရေလက်ကြားကိုအီရန်ကဖွင့်မပေးပါကအီရန်ရှိလျပ်စစ်ဓာတ်အားစက်ရုံများကိုအမေရိကန်တို
အမေရိကန်ကိုအီရန်ကပြန်လည်ခြိမ်းခြောက် NOM ဟော်မုဇ်ရေလက်ကြားကိုအီရန်ကဖွင့်မပေးပါကအီရန်ရှိလျပ်စစ်ဓာတ်အားစက်ရုံများကိုအမေရိကန်တိုက်ခိုက်မည်ဟုသမ္မတထရမ့်၏ခြိမ်းခြောက်မှုအပေါ်အီရန်ကလည်းအရှေ့အလယ်ပိုင်းဒေသတစ်လုံးအမှောင်ကျအောင်ပြန်လည်တိုက်ခိုက်မည်ဟုခြိမ်းခြောက်လိုက်သည်။