ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 368 مشتركاً، محتلاً المرتبة 15 949 في فئة الأخبار والوسائط والمرتبة 10 127 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 368 مشتركاً.

بحسب آخر البيانات بتاريخ 12 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -219، وفي آخر 24 ساعة بمقدار -14، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 8.12‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.53‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 005 مشاهدة. وخلال اليوم الأول يجمع عادةً 684 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 14.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 368
المشتركون
-1424 ساعات
-587 أيام
-21930 أيام
أرشيف المشاركات
ဆိုင်ကလုန်းမုန်တိုင်း ‘ဒစ်ဝါ’(DITWAH) ၏အရှိန်ကြောင့်လေကြောင်းနှင့် ငါးဖမ်းရေယာဉ်များ သတိပြုရန် မိုးဇလအသိပေး NOM၊နိုဝင်ဘာ၂၈၊၂၀
ဆိုင်ကလုန်းမုန်တိုင်း ‘ဒစ်ဝါ’(DITWAH) ၏အရှိန်ကြောင့်လေကြောင်းနှင့် ငါးဖမ်းရေယာဉ်များ သတိပြုရန် မိုးဇလအသိပေး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ဆိုင်ကလုန်းမုန်တိုင်း ‘ဒစ်ဝါ’(DITWAH) ၏အရှိန်ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေးနှင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ သတိပြုကြရန်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့နိုဝင်ဘာ ၂၈ ရက်မွန်းတည့် ၁၂ နာရီတွင်အသိ ပေးထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း နှင့် ဆက်စပ်လျက်ရှိသည့် သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ‘ဒစ်ဝါ’ သည် သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့အနီးကိုဖြတ်ကျော်လျက်ရှိကြောင်း၊ နောက် ၇၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ နှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေသို့ရောက်ရှိ နိုင်ကြောင်း ခန့်မှန်းချက်အရသိရသည်။ အဆိုပါမုန်တိုင်း၏အရှိကြောင့်မုတ္တမကွေ့၊ မွန်-တန င်္သာရီကမ်းရိုးတန်းတစ် လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများများအပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးကိုပါ သတိပြုကြရန် မိုးဇလကကြိုတင်အသိပေးထားသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ အပြစ်မဲ့ပြည်သူသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်များဟု စွပ်
+2
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ အပြစ်မဲ့ပြည်သူသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်များဟု စွပ်စွဲ၍သတ်ဖြတ်သွား NOM နိုဝင်ဘာ ၂၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ ဦးမင်းဇော် (၄၈) နှစ် သည် ဇနီးဖြစ်သူ ဒေါ်ခင်ကြိုင် (၄၇) နှစ်၊ ယောက်ဖဖြစ်သူ ဦးကြည်ဝင်း (၅၈) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး "ဒလန်များ" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလုံးကျေးရွာနေ အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်သမား ၁၅ ဦးခန့်က နေအိမ်မှ ဖမ်းဆ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလုံးကျေးရွာနေ အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်သမား ၁၅ ဦးခန့်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM နိုဝင်ဘာ ၂၈၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလုံးကျေးရွာနေ ဒေါ်မူမူဝင်း (၄၀) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီ ၂၅ မိနစ်အချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား ၁၅ ဦးခန့်ရောက်လာပြီး "သတင်းပေး" ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါကျေးရွာရှိ ပေါင်းကူးတံတားထိပ်အရောက် ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်မူမူဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာနေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာနေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးက သတ်ဖြတ်သွား NOM နိုဝင်ဘာ ၂၈၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာနေမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဦးသက်နိုင်ထွန်း (ခ) ကိုထွန်း (၄၃) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်၏အရှေ့မြောက်ဘက် ကိုက် ၃၀၀ ခန့်အကွာလမ်းဘေးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်နိုင်ထွန်း (ခ) ကိုထွန်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

+1
နိုဝင်ဘာလ၂၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကိုအာဖဂန်နစ္စတန်နိုင်ငံရေးခိုလှုံခွင့်လျောက်ထားသူကလုပ်ကြံသတ်ဖြတ်သည့်အပေါ်ပါကစ္စတန်ကပြင်းထန်စွာပြစ်တင်ရှုံ့ချလိုက်သည်။ ၂။UAEနိုင်ငံကရင်းနှီးမြှုတ်နှံလုပ်ကိုင်နေသောအီရတ်ခိုမော်ရေနံမြေကိုအမည်မသိဒရုန်းများကနှစ်ရက်ဆက်တိုက်ခိုက်ခဲ့သဖြင့်မီးလောင်ကျွမ်းလျက်ရှိသည်။(ဗီဒီယို) ၃။အမေရိကန်သမ္မတကမြေပြင်ထိုးစစ်မကြာမီစမည်ဟုကြေညာပြီးနောက်ဗင်နီဇွဲလားတပ်များကကျည်အစစ်ဖြင့်စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေပြီးကာကွယ်ရေးဝန်ကြီးကဗင်နီဇွဲလားပြည်သူများသည်စစ်ပွဲအတွက်အသင့်ဖြစ်နေပြီဟုကြေညာခဲ့သည်။(ဗီဒီယို) ၄။ဥရောပသမဂ္ဂ၊နိုင်ငံခြားရေးရာအကြီးအကဲကာဂျာကဲလက်စ်ကလျင်မြန်စွာငြိမ်းချမ်းရေးရယူခြင်းသည်ယူကရိန်းအတွက်အကျိုးအမြတ်မရှိဟုဆိုကာစစ်မီးကိုထပ်မံမီးထိုးပေးလိုက်သည်။ ၅။ယူကရိန်းသမ္မတရုံးအကြီးအကဲယာမက်ကစစ်ပြေငြိမ်းရေးအတွက်အလဲအလှယ်အဖြစ်ဒွန်းဘတ်စ်ဒေသမှယူကရိန်းတပ်များထွက်ခွာပေးရမည်ကိုလက်မခံဟုကြေညာသည်။ ၆။ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးမှုတွင်ယနေ့အထိလူ၁၄၅ဦးသေဆုံးပြီဖြစ်ကြောင်းထိုင်းအစိုးရကကြေညာသည်။

မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို PDF
+1
မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်/ ဓါးများဖြင့် ပစ်ခတ်ထိုးခုတ် သတ်ဖြတ်သွား NOM နိုဝင်ဘာ ၂၈၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုမြင့် (၄၁) နှစ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးသိန်းဇော် (၄၁) နှစ်နှင့်အတူ ဦးသိန်းဇော်၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

သရက်မြို့နယ်၊ တစီးကောက် (အနောက်) ကျေးရွာနေ အပြစ်မဲ့ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၂၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ တစီးကောက် (အနောက်) ကျေးရွာနေသူများဖြစ်သည့် ဦးတင်ဌေးအောင် (၃၅) နှစ်နှင့် ဦးသိန်းဝင်း (၆၁) နှစ်တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန်၌ ၎င်းတို့၏ နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မင်္ဂလာ‌တောင်ညွန့် အထက်ပန်းဆိုးတန်းလမ်းတွင်စက်ဘီးနှင့်ကားတိုက်မိပြီး စက်ဘီးစီးလာသူသေဆုံး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ရန်ကုန်တိုင်းဒေသ
မင်္ဂလာ‌တောင်ညွန့် အထက်ပန်းဆိုးတန်းလမ်းတွင်စက်ဘီးနှင့်ကားတိုက်မိပြီး စက်ဘီးစီးလာသူသေဆုံး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊အထက်ပန်းဆိုးတန်းလမ်းနှင့်ဒေါ်သိန်းတင်လမ်း‌ဒေါင့်တွင်နိုဝင်ဘာ၂၇ရက်နေ့ မွန်းလွဲပိုင်းက စက်ဘီးနှင့်ကားတိုက်မူဖြစ်ပွားခဲ့ရာ စက်ဘီးစီးလာသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့‌ကြောင်းလူမှုကူညီ‌ရေးအသင်းမှသိရသည်။ "ကလေး ကျောင်းပို့ပြီးစျေးရောင်းဖို့ စျေးဆိုင်ဆီ ပြန်အသွားမှာ ဖြစ်သွားတာပါ။ကလေးမှာ ခုနကပဲ အမေကို တွေ့ရတယ်။ ကျောင်းတက်ပြီ ပြန်ဆင်းရင်တော့ အမေ မရှိတော့ဘူး။တကယ် စိတ်မကောင်းဖြစ်ရတယ်"လို့ကူညီပေးခဲ့သူ ကိုပူတူးကပြောသည်။ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အလာင်းကိုရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့‌ကြောင်းသိရသည်။

Repost from NOM
ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ် မီးလောင်မှုမတိုင်ခင်မှာ ဆောက်လုပ်ရေးလုပ်သားတဦး ဆေးလိပ်သောက်နေတဲ့ ရုပ်သံဖိုင်ဆိုပြီး ထွက်ပေါ်လာခဲ့တာပါ။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ NOM

Repost from NOM
ဝါရှင်တန်ဒီစီမှာ အာဖဂန်နိုင်ငံသားတဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရလို့ ဆေးရုံတင်ထားရတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးထဲက တဦးဟာ ဆေး
ဝါရှင်တန်ဒီစီမှာ အာဖဂန်နိုင်ငံသားတဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရလို့ ဆေးရုံတင်ထားရတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးထဲက တဦးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် အမျိုးသမီးတပ်သား Sarah Bekcstrom ဖြစ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။ နောက်ထပ် တပ်သားတဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် Andrew ရဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေဆဲလို့ ထရမ့်က ထပ်ပြောကြားပါတယ်။ NOM

ဇလင်စကီးတွင်တရားဝင်မှု အာဏာမရှိသဖြင့်တိုက်ရိုက်ဆွေးနွေးမရဟုပူတင်ပြော NOM ယူကရိန်းနှင့် ညှိနှိုင်းဆွေးနွေးလိုသည့် ရုရှား၏ ဆန္ဒရှိမှုကို ပူတင်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်ရှိဥပဒေအရ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ဟု ညွှန်ပြခဲ့သည်။ ထို့အပြင် ဇလင်စကီးသည် ရွေးကောက်ပွဲ ကျင်းပပေးရန် ကြောက်ရွံ့ခဲ့မှုကြောင့် ၎င်း၏ တရားဝင်မှုအာဏာ ဆုံးရှုံးခဲ့ရသည်မှာ နည်းဗျူဟာဆိုင်ရာ အမှားတစ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်းမှဆီးဂိမ်းပြိုင်ပွဲများဘန်ကောက်သို့ရွှေ့ NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ ထိုင်းနိုင်ငံတောင်ပိုင်းဆုန်ခလာမြို့သည်နှစ်၃၀အတွင်းအဆိုးဝါးဆုံး​ရေကြီးနေသဖြင့်ဆုန်ခလာတွင်ကျင်းပမည့်ဆီးဂိမ်းအားကစားနည်း(၁၁)မျိုးကိုဘန်ကောက်သို့ပြောင်းရွှေ့ကျင်းပမည်ဟုယနေ့ကြေညာသည်။ အဆိုပါအားကစားနည်းများမှာအမျိုးသားဘောလုံးပြိုင်ပွဲ၊မွေ၊ စစ်တုရင်၊ကဘာတီ၊ဝူရှူး၊ပန်ကြတ်ဆီလတ်၊ဂျူဒို၊ပီတန်း၊ကရာတေး၊နပမ်း၊ဘိလိယက်နှင့်စနူကာတို့ဖြစ်ပြီးအဆိုပါအားကစားနည်း(၁၁)နည်းစလုံးတွင်မြန်မာနိုင်ငံကဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအား နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်နေသည့် မြင်ကွင်း Crd;Trend news media

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုင်ငံတော် ယာယီသမ္မတ၊
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ဘယ်လာရုစ်နိုင်ငံသမ္မတအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲဝင်ဝန်ကြီး များ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသတင်း ရရှိသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ =================== နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘယ်လာရုစ်နိုင်ငံသမ္မတအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဟောင်ကောင်မီးလောင်မှုတွင်သုံးဦးကိုဖမ်းဆီး NOM ယခုအချိန်အထိလူ၇၅ဦးသေဆုံးပြီဖြစ်သောဟောင်ကောင်မီးလောင်မှုအတွက်လူသုံးဦးကိုလူသတ်မှုဖြင့်ဖမ်းဆီးလိုက်သည်။

ဟောင်ကောင်မီးဘေးသေဆုံးသူတိုးလာ NOM ကြာသပတေးနေ့ယနေ့ညတွင်ဟောင်ကောင်မြို့ဆတာ်အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရမီးလောင်မှုကြောင့်သ
ဟောင်ကောင်မီးဘေးသေဆုံးသူတိုးလာ NOM ကြာသပတေးနေ့ယနေ့ညတွင်ဟောင်ကောင်မြို့ဆတာ်အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရမီးလောင်မှုကြောင့်သေဆုံးသူ၇၅ဦးအထိရှိလာပြီးမီးသတ်သမား၁၁ဦးအပါအဝင်၇၆ဦးဒဏ်ရာရသည်။လူပေါင်းရာနှင့်ချီပျောက်ဆုံးဆဲဖြစ်သဖြင့်သေဆုံးသူထပ်တိုးလာနိုင်ကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ဖမ်းဆီး
+1
ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ဖမ်းဆီးရမိ                                                       နိုဝင်ဘာ ၂၇၊၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များဖြင့် ရမ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် သားဖြစ်သူနှင့်အတူကျောင်းမှပြန်လာသည့် မိခင်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ NOM နိုဝင်ဘာ ၂၇၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စင်မြင့်ကျေးရွာနေ ဒေါ်ညိမ်းညိမ်းထွေး (၃၈) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်၌ အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ သားဖြစ်သူ မောင်စည်ဖြိုးသူ (၃) နှစ်နှင့်အတူ နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များ ဖြင့်ရမ်းသန်းပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓားဖြင့်ထိုးခုတ်၍ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များအား လုယက်ယူဆောင်သွား NOM နိုဝင်ဘာ ၂၇၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ တမာပင်ကျေးရွာနေ ဦးသန်းဇော်ဦး (၄၂) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ အဆိပ်တောင် ကျေးရွာနေ ဦးလွင်ကိုဦး (၄၉) နှစ်နှင့်အတူကျောက်လုံးကြီးကျေးရွာရှိ ၎င်းပိုင်ဝါးရောင်းဝယ်ရေးဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ရှစ်ဦးခန့်ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ လက်ပြန်ကြိုးတုပ်လျက် ဝိုင်းဝန်းထိုးကြိတ်ကာ ဓားဖြင့် ထိုးခုတ်ခဲ့ပြီး လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်အတွင်း ရပ်ထားသော Honda 110 အနက်ရောင်ဆိုင်ကယ်တစ်စီး၊ Dream 125 အနက်ရောင်ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးသန်းဇော်ဦးတွင် ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းနှင့် ဦးလွင်ကိုဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ News Of Myanmar NOM