ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 390 مشتركاً، محتلاً المرتبة 15 945 في فئة الأخبار والوسائط والمرتبة 10 125 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 390 مشتركاً.

بحسب آخر البيانات بتاريخ 11 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -201، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.96‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.70‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 987 مشاهدة. وخلال اليوم الأول يجمع عادةً 707 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 14.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 12 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 390
المشتركون
-924 ساعات
-567 أيام
-20130 أيام
أرشيف المشاركات
မန္တလေး-ရန်ကုန် ရထားလမ်းမှ သံလမ်းဆက်များအားဖြုတ်ယူဖျက်ဆီးသည့်အတွက် ကုန်ရထားလမ်းချော် NOM၊ဒီဇင်ဘာ၁၄၊၂၀၂၅ မန္တလေး-ရန်ကုန် ရထားလ
မန္တလေး-ရန်ကုန် ရထားလမ်းမှ သံလမ်းဆက်များအားဖြုတ်ယူဖျက်ဆီးသည့်အတွက် ကုန်ရထားလမ်းချော် NOM၊ဒီဇင်ဘာ၁၄၊၂၀၂၅ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းက စမုံ- သဲတောဘူတာကြားရှိရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီ၊ သံလမ်းထိန်းကလစ်များကို ဒီဇင်ဘာ၁၃ရက် နံနက်ပိုင်းကမသမာသူများကဖြုတ်ယူဖျက်ဆီးခဲ့ထားသည့်အတွက်ကုန်ရထားတစ်စင်း လမ်ချော်ကျမှုဖြစ်ပွားခဲ့‌ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် စမုံ-သဲတော အစုန်ရထားလမ်းပိုင်းကို ခေတ္တပိတ်ပြီး လမ်ချော်ကျသည့်ရထားတွဲများကို ဆွဲတင်ခြင်း၊ ပျက်စီးသွားသည့်ကွန်ကရစ်ဇလီဖားတုံးများကို အစားထိုးပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့၍ မွန်းလွဲ၂နာရီခွဲခန့်တွင်ကုန်ရထား ဆက်လက်ထွက်ခွာသွားခဲ့‌ကြောင်းသိရသည်။။ ယင်းရထားလမ်းပိုင်းကို မွန်းလွဲ၂း၄၀နာရီတွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားခရီးစဉ်များပုံမှန်ပြေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

Repost from MyanmarDigitalNews
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ https://youtu.be/drtZSrybw_0?si=T_2tjB_P5zulJ6sS

ပြဿနာက မြေရှားဟာ တရုတ်ရဲ့ သဲခြေကြိုက် ဖြစ်နေတယ်။ မိုင်ဂျာယန်အပေါ် တဝိုက်၊ အထူးဒေသ ၁ ဘက်တွေမှာ မြေရှား ကျင်းတွေ Google map ကနေ
ပြဿနာက မြေရှားဟာ တရုတ်ရဲ့ သဲခြေကြိုက် ဖြစ်နေတယ်။ မိုင်ဂျာယန်အပေါ် တဝိုက်၊ အထူးဒေသ ၁ ဘက်တွေမှာ မြေရှား ကျင်းတွေ Google map ကနေ တွေ့နေပေမယ့် ထိရောက်တဲ့ ဖိအား မပေးနိုင်လေတော့..... တရုတ်အားကိုးရှိတဲ့၊ တနည်းအားဖြင့် တရုတ်သဲခြေကြိုက် ဖြစ်နေတဲ့ မြေရှား ကိုင်ထားသူတွေက State Actor အဆင့်ထက် ကျော်ပြီး G to G သွားရမယ့်ဟာကို ကျင့်ဝတ်တွေပါ ပျက်လာတာ၊ မထီမဲ့မြင် ပြုလာတာလို့ ပြောလို့ရတယ်။ တဖက်က အိန္ဒိယ ကိုကြည့်ရင် တရုတ်-KIA ဆက်ဆံရေး အနေအထားကိုကြည့်ပြီး အစိုးရ ဘာမှ မတုန့်ပြန်တာ မြင်တော့ သူကပါ ရောင့်တက် လာတဲ့ သဘောရှိတယ်။ အကောင်းဆုံးက ကချင်ပြည်နယ် မြေရှားကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ တိုက်ရိုက် စကားပြောဖို့ လိုပြီထင်တာပဲ။ ပြီးရင် ဒီနေရာတွေ ပြတ်ပြတ်သားသား ကိုင်တွယ်ပေါ့။ ဗဟိုထိန်းချုပ်မှုအောက်ပြန်ရောက်မှ မျှတတဲ့ အနေအထားနဲ့ ဆက်သွားပေါ့ ။ ခုက ဗဟိုနဲ့ တိုက်ရိုက် ချိတ်ဆက်မှု မရှိတော့ မြေရှားကဝင်တဲ့ ပိုက်ဆံက KIA ဆီရောက်တယ်။ ကချင်ပြည်သူလူထု လက်ထဲလည်း မရောက်။ ဒီပိုက်ဆံတွေက လက်နက်ထုတ်ပြီး ချင်းနဲ့ ရခိုင်အပါအဝင် အညာဒေသ တွေကို ပြန်ရောက်လာမယ်။ သေချာပေါက် ကိုင်တွယ်ရမယ့် ပြဿနာပါ။ (နရီမိုး)

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံကြား ပြဿနာ ဖြစ်စေရန် KNU က ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်ခြင်းများ ရှိနေကြောင်းနှင့် ယင်း အပြုအမူများကို နှစ်နိုင်ငံ ချစ်ကြည်မှုဖြင့် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီဒီယို သက်သေဖြင့် ပြောကြားသည်။ - တိုက်ပွဲသတင်းစုံ

🇺🇸🇸🇾⚡ ဆီးရီးယားနိုင်ငံ၊ Palmyra ဒေသတွင် အမေရိကန်တပ်ဖွဲ့များနှင့် ဆီးရီးယား HTS (Hayat Tahrir al-Sham) ပူးပေါင်းအဖွဲ့လုံခြ
🇺🇸🇸🇾⚡ ဆီးရီးယားနိုင်ငံ၊ Palmyra ဒေသတွင် အမေရိကန်တပ်ဖွဲ့များနှင့် ဆီးရီးယား HTS (Hayat Tahrir al-Sham) ပူးပေါင်းအဖွဲ့လုံခြုံရေးကင်းလှည့်လည်အပြီး နေ့လည်စာစားနေစဉ် လုံခြုံရေးတ ပ်ဖွဲ့ဝင်တစ်ဦး (ယခင် ISIS အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်သမားဟောင်း) က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အမေရိကန်စစ်သားနှစ်ဦးနှင့် အမေရိကန်အရပ်သားစကားပြန်တစ်ဦးတို့သေဆုံးခဲ့ပြီး HTS တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရ NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်နေ အဘွားအိုတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၃၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်နေ ဒေါ်ခင်မြင့် (၇၈) နှစ်သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်ရှေ့တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးခန့်က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၁၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ ဒီဇင်ဘာ ၁၃ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၄၁၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၆၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၀၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+3

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိလိမ့်မယ်ဆိုတာက လက်ရှိ EAO တွေကို ဥပမာပေးလိုတာ။ KIA မှာတပည့်ခံပြီး ၂၀၀၉ မှာ ကျောက်တော် မှာ
+3
ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိလိမ့်မယ်ဆိုတာက လက်ရှိ EAO တွေကို ဥပမာပေးလိုတာ။ KIA မှာတပည့်ခံပြီး ၂၀၀၉ မှာ ကျောက်တော် မှာ တိုက်ပွဲ စဖော်ဆောင်တယ်။ လူ လေး ၂၀ မကျော်တဲ့ အနေအထားတစ်ခုအောက်မှာ State Actor အဆင့်က ဘယ်ဆင်း စကားပြောမလဲ။ ရှေ့မှာ သူ့ထက် သက်တမ်းရင့်တဲ့ အဖွဲ့က ရှိနေပြီးသား။ ဆိုတော့ မူဝါဒတူရင် လက်နက်ကိုင်အဖွဲ့ပေါင်းပြီး အစိုးရနဲ့ ဆွေးနွေးကြပေါ့။ အဲ့လိုလည်း မဟုတ်ဘူး။ ရခိုင် လက်နက်ကိုင်အဖွဲ့ချင်း အတူတူတောင် လစ်ရင် လစ်သလို သတ်ဖြတ်ကြချိန်မှာ .....ဘယ်လိုလုပ် ငြိမ်းချမ်းရေး အရွေ့တွေ ထ ဖြစ်မလဲ။ ------ ပိုဆိုးတာက AA အပါအဝင် ထောက်ခံသူတွေ ကိုယ်တိုင် ကွန်ဖက်ထရိတ် ဆန်ဆန်၊ အဖ ရခိုင်ပြည်တွေ ထ လုပ်လာတာပဲ။ အင်အားတည်ဆောက်ဖို့ ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါးကုန်ကူးတာက ငွေကြေးအရ အဆင်ပြေတယ်ဆိုပေမယ့် ရေရှည် ရခိုင်လူထု အတွက်တော့ အဆင်ပြေမနေဘူး။ အဓိက ကတော့ စစ်ပွဲ ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ ရခိုင်ပြည်သူတွေ ငတ်လာတဲ့ ကိစ္စပဲ။ ------ စစ်ဘောင်ကျယ်တဲ့ စစ်ရေး ပဋိပက္ခ အတွက် လူမျိုးရေး မူဝါဒကို အကြောင်းပြ၊ ဗမာမုန်းတီးရေး စိတ်ဓာတ်တွေနဲ့ လူသစ်စု .....၊ ကြာလာတော့ ရခိုင် လူငယ်ထုဆိုတာ ရှားလာခဲ့ပြီ။ ဒါက ဘယ်လို ငြင်းငြင်း အရှိတရားပဲ။ ကြည်း၊ ရေ၊ လေ အစုံရှိတဲ့ တပ်ကို လက်တလော စစ်ဘောင်ကျယ်နေလို့သာ နယ်မြေ ဆုံးရှုံးနေရချိန်မှာ တသက်လုံး တပ်က ထိုးစစ် မစနိုင်ဘူးလို့ ယုံကြည်မျှော်လင့်နေကြတာလည်း သူတို့ ယုံကြည်ချက်ပဲ။ ------- State Actor နဲ့ ယှဉ်ပြီး ရေရှည် စစ်ပွဲ ဖန်တီးမှုက အလုပ် ဖြစ်မဖြစ် ဆိုတာ ယုံကြည်ရင်လည်း စမ်းကြည့်ကြပေါ့။ လက်နက်ခဲယမ်းနဲ့ ငွေကြေး ရိက္ခာဆိုတာ မိဘလက်ရင်း အလုပ်ကနေ ခပ်ယူနေလို့ရတဲ့ ကိစ္စမှမဟုတ်ပဲ။ အဓိကကတော့ နိုင်ငံကြီးတွေရဲ့ ဒီပလိုမေစီက ပြည်နယ်တွင်း လက်နက်ကိုင်အင်အားစုနဲ့ စကားပြောမှာလား၊ တကယ့် Ligitemacy ရှိတဲ့ အာဏာရ အစိုးရနဲ့ ပြောကြမှာလား ဆိုတဲ့ အချက်က အဓိက နိုင်ဖဲ ပဲ။ ------- ရေရှည်အတွက် ပြောတာပါ။ ဆက်မိုက်နေရင် .....ဒီထက် ဆုံးရှုံး နစ်နာမှုတွေ ပိုများပါလိမ့်မယ်။ (နရီမိုး)

+2
ဒီဇင်ဘာလ၁၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်ကဗင်နီဇွဲလားရှိမူးယစ်ဂိုဏ်းများအားမြေပြင်တိုက်ခိုက်မှုစတင်ပြီဟုကြေညာလိုက်သည်။(ဗီဒီယို) ၂။ရုရှား၏ယူကရိန်းနိုင်ငံအိုဒက်ဆာဆိပ်ကမ်းကို အစ်ကန်ဒါဒုံးပျံဖြင့်တိုက်ခိုက်မှုအတွင်းတူရကီကုန်သင်္ဘောထိမှန်မီးလောင်ခဲ့သည်။(ဗီဒီယို) ၃။တူရကီနိုင်ငံခြားရေးဝန်ကြီးဖီဒန်ကယူကရိန်းအနေဖြင့်နယ်မြေအဆုံးခံပြီးငြိမ်းချမ်းရေးယူရန်တိုက်တွန်းလိုက်သည်။ ၄။ထိုင်ဝမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည်ထိုင်ဝမ်ကျွန်း၏လေကာစနစ်T-Domeအတွက်အစ္စရေးသို့လျို့ဝှက်ခရီးသွားရောက်ခဲ့သည်။ ၅။အမေရိကန်သည်G-7နေရာကိုC-5ဟုခေါ်သောအမေရိကန်၊ရုရှား၊တရုတ်၊အိန္ဒိယနှင့်ဂျပန်တို့ဖြင့်အစားထိုးရန်ကြံရွယ်နေသည်။(ဓါတ်ပုံ)

ကျိုင်းတုံမြို့၌ ၁၂ဘီးကားပေါ်တွင်အမျိုးသားတစ်ဦး ဆွဲကြိုးချ‌သေဆုံး NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရှမ်းပြည်နယ်(အရှေ့ပိုင်)ကျိုင်းတုံမြို့
ကျိုင်းတုံမြို့၌ ၁၂ဘီးကားပေါ်တွင်အမျိုးသားတစ်ဦး ဆွဲကြိုးချ‌သေဆုံး NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရှမ်းပြည်နယ်(အရှေ့ပိုင်)ကျိုင်းတုံမြို့အခါဈေးလမ်းထိပ်ရှိ ၁၂ဘီးကားပေါ်တွင်ယမန်နေ့ ဒီဇင်ဘာ ၁၂ရက်နံနက်၁၀နာရီခွဲခန့်ကအမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့သည့်ဟု နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့) မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာအိမ်ဆောက်ပစွည်းများတင်ဆောင်ထားသည့် ၁၂ဘီးကားစပယ်ရာလိုက်နေသည့် မောင်လင်းထက်အသက်၂၈နှစ်သည်ရည်းစားနှင့် အဆင်မပြေဖြစ်ပြီး ကားပေါ်တွင် မိမိကိုယ် မိမိကြိုးဆွဲချသေကြောင်းကြံခဲ့ ကြောင်းသိရသည်။ "လူတစ်ယောက်ကြိုးဆွဲချသေဆုံးနေလို့ လာရောက် ကူညီပေးဖို့ ကျွန်တော်တို့အသင်းရုံးဆက်သွယ်လာလို့ သွားရောက်ခဲ့တာပါ။ သတ်သေရတဲ့အကြောင်းကလည်းသူြကောင်မလေးနဲ့အဆင်မပြေလို့ဆိုတာဘဲသိရတယ်ပြီးတော့သူကိုဆေးရုံပို့ခဲ့ပါတယ်"ဟုနှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း ၊ကျိုင်းတုံမြို့ မှတာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံသူ၏ DB အားနှလုံးလှပိုင်ရှင်များ လူမှုကူညီရေး အသင်း၊ကျိုင်းတုံမြို့အသင်း ကားဖြင့် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အလုံမြို့နယ်တွင်ကားနှစ်စီး မီးလောင်မှုဖြစ်ပွားနှစ်ဦး ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်
+1
အလုံမြို့နယ်တွင်ကားနှစ်စီး မီးလောင်မှုဖြစ်ပွားနှစ်ဦး ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် ယမန်နေ့ (ဒီဇင်ဘာ၁၂ရက်)မွန်လွဲ၂နာရီ၂၇မိနစ်တွင်ကား နှစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အလုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း မောင်းနှင် လာသောတက္ကဆီ Probox ယာဉ်သည် ဝါယာရှော့ဖြစ်ပြီး မီးလောင်လာသည့်အတွက်ယာဉ်မောင်းမှာ Chevrolet Spark ကားဘေးတွင် ထိုးရပ်ပြီး မီးငြိမ်းခဲ့သော်လည်း မီးများလာပြီး ဘေးတွင်ကပ်ရပ်ထားသည့်ကားကိုပါ ထပ်မံမီးကူးစက်သွာကြောင်း သိရသည်။ "Chevrolet Spark ကားကသူဟာသူလမ်း ဘေးမှာချရပ် ထားတာ တက္ကဆီ Probox ကမီးလောင်ပြီးသူ့ဘေးမှာမှာရပ်လိုက်တော့မီးကများပြီးဘေးကားကိုပါကူးသွားတာပါဟုကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ကားမီးလောင်မှုအားမီးငြိမ်းသက်ရာတွင် ပါဝင်ကူညီ ငြှိမ်းသတ်ပေးကြသည့် လူမှုကူညီရေးအသင်းမှအသင်း သားတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

Repost from NOM
မင်နီဆိုတာပြည်နယ်က အောက်လွှတ်တော်အမတ် အီဟန် အိုမာဟာ အမေရိကန်နိုင်ငံသားဖြစ်ခွင့် အမြန်ရယူချင်တာကြောင့် အစ်ကိုဖြစ်သူနဲ့ လက်ထပ်ခ
မင်နီဆိုတာပြည်နယ်က အောက်လွှတ်တော်အမတ် အီဟန် အိုမာဟာ အမေရိကန်နိုင်ငံသားဖြစ်ခွင့် အမြန်ရယူချင်တာကြောင့် အစ်ကိုဖြစ်သူနဲ့ လက်ထပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ သူမရဲ့ ဒုတိယမြောက် ခင်ပွန်းဟောင်း အာမက်အယ်လ်မီက လက်ရှိ တောင်အာဖရိကမှာ ရှိနေပါတယ်။ အိုမာဟာ အာမက် အယ်လ်မီနဲ့ ၂၀၀၉ ကနေ ၂၀၁၇ ခုနှစ်အထိ လက်ထပ်ခဲ့ပြီး အမှန်တကယ် ညီအစ်ကိုမောင်နှမများဖြစ်ကာ အီဟန် နိုင်ငံသားဖြစ်ခွင့် ပိုမိုမြန်ဆန်စေဖို့ လက်ထပ်ခဲ့ကြတယ်လို့ ကောလာဟလများစွာ ထွက်ပေါ်ခဲ့ပါတယ်။ “သူမက အမေရိကန်ကို ဝင်ခွင့်ရဖို့အတွက် သူ့အစ်ကိုနဲ့ လက်ထပ်ခဲ့တာ မဟုတ်လား” လို့ ထရမ့်က အခု အပတ်အစောပိုင်းက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ စုဝေးပွဲတစ်ခုအတွင်း မေးမြန်းခဲ့ကာ “ကျွန်တော်တို့ သူ့ကို မောင်းထုတ်သင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ NOM

KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် အဆောက်အအုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီး NOM၊ဒီဇင်ဘာ၁၃၊၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့အနောက်ခြမ်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် အဆောက်အအုံများအား ယမန်နေ့ဒီဇင်ဘာ လ ၁၂ရက်တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက် နက် ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွား ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ၁တရက်နံနက် ၉း၅၀ နာရီ ခန့်တွင် ရေဖြူမြို့၏ အနောက်ဘက်ခြမ်း ရှိ မြို့မရဲစခန်းအား ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ KNU နှင့် PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူအဖွဲ့တို့မှ မြို့၏ မြောက်ဘက်ခြမ်းမှ နေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့်ပစ်ခတ်၍လည်းကောင်း မြို့၏ တောင်ဘက်ခြမ်းနှင့် တံတားနေရာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကူမလာရောက်နိုင်ရေး ပူးပေါင်းအဖွဲ့နှစ်ဖွဲ့ဖြင့် နှောင့်ယှက်ပစ်ခတ်၍လည်း ကောင်း၊ မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လာခဲ့ရာ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခြင်း၊ ရေဖြူမြို့၏အရှေ့တောင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ကူပေးခြင်းတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။ ထိုသို့ ဆုတ် ခွာထွက်ပြေးသွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံ တိုက်ခိုက်ချေမှုန်းနိုင်ခြင်းမရှိစေရန်နှင့် တပ်မတော်အပေါ် ပြည်သူ လူထုက အထင်အမြင်လွဲမှားစေရန်အတွက် ၎င်းတို့ ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တော ဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ ပြည်သူ့ဆေးရုံ၊ ဘဏ်နှင့် ဝန်ထမ်းအိမ်ရာများအား မီးရှို့ ထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး  ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား စိစစ်ဆဲဖြစ်ကြောင်း သိရှိရသည်။ အထက်ပါ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှု ကြောင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ ရုံးသုံး ပရိဘောဂပစ္စည်းများနှင့် အရေးကြီး စာရွက်/စာတမ်းများ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း ၍ လိုအပ်သည့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဆုတ်ခွာထွက် ပြေးသွားခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Repost from NOM
ထရမ့်အစိုးရဟာ လာမယ့်နှစ်အတွင်း ထရမ့်ရုပ်ပုံပါ တဒေါ်လာတန် အကြွေစေ့တွေ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။ NOM
ထရမ့်အစိုးရဟာ လာမယ့်နှစ်အတွင်း ထရမ့်ရုပ်ပုံပါ တဒေါ်လာတန် အကြွေစေ့တွေ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။ NOM

စက်သုံးဆီဈေး ဆက်လက်ကျဆင်းနေ NOM၊ဒိဇင်ဘာ၁၂၊၂၀၂၅ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယနေ့ (ဒီဇင်ဘာ ၁၂) တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ စျေးဆက်ကျဆင်းနေ ကြောင်းသိရသည်။ ယခင်အပတ်က ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ 95 တစ်လီတာ လျှင် ၂၆၁၀ ကျပ်ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ၂၃၃၀ ကျပ်၊ ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ၂၈၀၅ ကျပ်ဖြစ်ခဲ့ရာမှ ယနေ့ စျေးနှုန်းများမှာ ဓာတ်ဆီ 92 တစ်လီတာ ၂၄၉၀ ကျပ်၊ 95 တစ်လီတာ ၂၅၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ ၂၂၄၅ ကျပ်ဒီဇယ်(ပရီမီယံ) တစ်လီတာ၂၆၈၅ ကျပ်ဖြစ်သည်။

- မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ချက် နေပြည်တော်၊ ဒီဇင်ဘာ - ၁၂ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏တိုက်ခိုက် မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်း ကျန်းသူများတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသ တစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန်တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦး ဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ် ထားသည့် စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် အဆောက်အဦများသာ ဖြစ်ကြောင်း ခိုင်လုံသောအမာခံသတင်းအရ သိရှိရသည်။ AAနှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့်အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင် အဖြစ် အခြေပြုထားသော စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံရခိုင် တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်။ ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်း ပေးပို့မှုကြောင့်တပ်မတော်က လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ကာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့ အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အဦများကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိ၎င်းအကြမ်းဖက်သောင်းကျန်းသူများ ရေးသား ဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရ ၎င်းတို့အဖွဲ့မှ ဒဏ်ရာရရှိသူများအားဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်း ကြောင်းရေးသားဖော်ပြမှုများကို တွေ့ရှိရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိ သူများမှာ ပြည်သူများမဟုတ်ဘဲ အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ကို အားပေးထောက်ခံသူများသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန် အပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) ( Myanmar Art Center- Yangon) အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံက
+1
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား နေပြည်တော် ဒီဇင်ဘာ ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတ
+9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား နေပြည်တော်၊ ဒီဇင်ဘာ ၁၂