ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 447 مشتركاً، محتلاً المرتبة 15 917 في فئة الأخبار والوسائط والمرتبة 10 085 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 447 مشتركاً.

بحسب آخر البيانات بتاريخ 04 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -222، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.33‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.47‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 912 مشاهدة. وخلال اليوم الأول يجمع عادةً 805 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 447
المشتركون
-1024 ساعات
-347 أيام
-22230 أيام
أرشيف المشاركات
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ သဘောထားမှတ်ချက်များ နေပြည်တော် ဇန်နဝါရီ ၂၆ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ၏ ဗီဒီယို မက်ဆေ့ဖြင့် ပြောကြားချက်၊ ကမ္ဘောဒီးယား၊ နီပေါ၊ နီကာရာဂွါနိုင်ငံနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်- Ms. Volha N.Chamadanova၊ ဥက္ကဋ္ဌ၊ ဘယ်လာယာရုစ်ပါတီ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲတတိယအဆင့် လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ရွေးကောက်ပွဲ တတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်ထားမှုများဟာ အလွန်တရာစနစ်တကျရှိပြီး လုံခြုံမှုရှိခြင်းကို ကျွန်မတို့အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ ရွေးကောက်ပွဲတတိယအဆင့်မှာ ကျွန်မတို့ကိုယ်စား လှယ်အဖွဲ့အား ကောင်းမွန်စွာဧည့်ခံမှုနှင့် စီစဉ်ပေးမှုအတွက် နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အားလည်း ကျေးဇူးတင်ရှိပါတယ်။ တတိယအဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စီစဉ်နိုင်ခဲ့ကြောင်းလည်း ကျွန်မတို့သတိပြုမိပါတယ်။ လုပ်ငန်းစဉ်အားလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီး ရွေးကောက်ပွဲမှာ ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာများဖြန့်ဝေပြီးဖြစ်လို့ တက်ကြွစွာ ပါဝင်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ မဲရုံများရဲ့ ပြင်ဆင်မှု အဆင့်တိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေစံချိန်စံနှုန်းများနှင့် ကိုက်ညီတာကိုတွေ့ရပါတယ်။ ကျွန်မတို့ရဲ့ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့အပေါ် ယခုလိုအလေးအနက် ဖိတ်ကြားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ Mr. Sergei A. Shkrudnev၊ ဥက္ကဋ္ဌ၊ မင့်စ်မြို့တော် ကုန်သွယ်ရေးသမဂ္ဂ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရွေးကောက်ပွဲများသည် ငြိမ်းချမ်းစွာကျင်းပလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယနေ့မဲရုံများသို့ နိုင်ငံသားများသည် ၎င်းတို့ရဲ့သားသမီးများနှင့်အတူ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြပြီး ၎င်းတို့နိုင်ငံအတွက်သာမက ၎င်းတို့မွေးရပ်မြေတစ်ခုလုံးရဲ့ အနာဂတ်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း တွေ့ရှိရပါတယ်။ မဲရုံများတွင်အရေးပါတဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို တွေ့ရှိရပါတယ်။ ယနေ့ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေသော ပါတီများအပြင် ပြည်သူလူထုလည်းရှိနေခြင်းကိုလည်း သတိပြုမိပါတယ်။ အရာအားလုံးသည် ပွင့်လင်းမြင်သာပြီး ဥပဒေအတိုင်းလုပ်ဆောင် နေကြောင်း တွေ့ရှိရပါတယ်။ ယနေ့ စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်နေသော ပါတီကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ အရ လက်ရှိအခြေအနေနှင့် မဲပေးခြင်းများသည် ဥပဒေချိုးဖောက်မှုမရှိဘဲ အစီအစဉ်တကျ လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းတို့ပြောကြားချက်များအရ သိရှိရပါတယ်။ ထို့အပြင် ယနေ့အသုံးပြုနေတဲ့ မြန်မာအီလက် ထရောနစ်မဲပေးစက်စနစ်သည် ရွေးကောက်ပွဲ မသမာမှုများကို ကာကွယ်ပေးပြီး ရွေးကောက်ပွဲများကို တရားမျှတစွာကျင်းပနိုင်ရန်များစွာ အထောက်အကူဖြစ်ကြောင်း သက်သေပြနေပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်သူများ၊ နိုင်ငံသားများသည် ဤအချက်ကိုသိရှိပြီး လာမည့်ရွေးကောက်ပွဲများတွင် ၎င်းတို့၏ဆန္ဒကို မည်သူမျှနှောင့်ယှက်နိုင်မည်မဟုတ် ကြောင်း နားလည်ကြမည်ဟု ယုံကြည်ပါတယ်။ ထို့အပြင်မဲရုံများသို့ သွားရောက်လေ့လာခွင့်နှင့် သတင်းအချက်အလက်အားလုံးကို သိရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ၊ အဆွေတော်တို့နိုင်ငံ ဒီထက်မက ကြီးပွားတိုးတက်ပါစေ၊ ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်ပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ သဘော
+5
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ သဘောထားမှတ်ချက်များ

ဝက်လက်မြို့နယ်တွင် စပါးဖိုးပေးချေရန်အတွက် ငွေထုတ်ယူပြန်လာသည့် စပါးပွဲစားတစ်ဦးကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၆၀၀ အား လုယက်ယူဆောင်သွား NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်၌ ကျီးကန်းမြောက်ကျေးရွာနေ ဦးကျော်မင်းဦး (စပါးပွဲစား) သည် စပါးဖိုးပေးချေရန်အတွက် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းတစ်ခုဆီမှ ငွေကျပ်သိန်း ၆၀၀ ထုတ်ယူပြီး ရွှေပန်းကုန်းကျေးရွာသို့ စပါးဖိုးပေးချေရန်အတွက် ဆိုင်ကယ်တစ်ဦးတည်းမောင်းနှင်းလာစဉ် ရွှေပန်းကုန်းကျေးရွာနှင့် မဲကုန်းကျေးရွာကြားအရောက် တွင် အသင့်စောင့်နေသည့် PDF အကြမ်းဖက်အဖွဲ့ အင်အား (စီစစ်ဆဲ) က ဆိုင်ကယ်အားတားဆီး၍ ဦးကျော်မင်းဦး​၏ ဦးခေါင်းအားသေနတ်ဖြင့် ပစ်သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၆၀၀ အားလုယက်ယူဆောင်သွားကြောင်းသိရသည်။ News Of Myanmar NOM

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ AA အကြမ်းဖက်အဖွဲ့ပစ်မှတ်များကို တပ်မတော်က လေကြောင်းမှတိုက်ခိုက် NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ AA အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို (၉) ကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်၌ တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကြီးရန်ကုန်မြို့၌ပြုလုပ် NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ပြည်ထောင
+2
ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကြီးရန်ကုန်မြို့၌ပြုလုပ် NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက်နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) ၌ သွားရောက်ဖြေရှင်းနေသောမြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့်ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချမည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကြီးယနေ့ည‌ေနပိုင်းကရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ၊ ယာဉ်ရပ်နားကွင်း၊မြို့တော်ခန်းမရှေ့၌ပြုလုပ်ရာအဖွဲ့အစည်းများမှလာရောက်သူတစ်သောင်းကျော်ရှိကြောင်းသိရသည်။

၁။နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေ...NUG က ဘာလို့ လွှင့်စင်သွားရတာလဲလို့မေးရင် ...ခုလို တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ဂမ်ဘီယာရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်မျိုးမှာ....NUG အနေနဲ့ ရဲရဲတောက် မြန်မာပြည်သူတွေနဲ့အတူ တသားတည်း မရှိရဲတာ တစ်ချက်နဲ့တင်...ဒီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကို ကောင်းကောင်းကြီး ခန့်မှန်းလို့ ရနေခဲ့ပြီ။ ----- ၂။တကယ်တော့ ဒီ(၅)နှစ်တာကာလတစ်လျှောက်လုံးမှာ NLD ပါတီထောက်ခံကြသူတွေ အများစုရဲ့ အင်အားနဲ့ ရန်ပုံငွေတွေ ထိုက်သင့်သလောက်ရခဲ့တာ အမှန်ပဲ။ ဥပမာ-ကမ်းပိန်း ပေါင်းများစွာနဲ့ ကောက်ခံခဲ့ကြတဲ့ အလှူငွေတွေ၊ ငွေတိုက်စာချုပ်တွေ၊ နွေဦးထီတွေ၊ မြေပြင်မှာ တရားမဝင်ဆက်ကြေးကောက်ခံခဲ့ကြတဲ့ အခွန်တွေ၊ စစ်ကိုင်းနဲ့ မတ္တရာဘက်က ရွှေတူးလုပ်ငန်းတွေကနေရခဲ့တဲ့ လုပ်ငန်းစု အခွန်ရှယ်ယာတွေ၊ နောက်ဆုံး ကုန်ကုန်ပြောရရင် အမေရိကန်က Burma Act နဲ့ ထောက်ပံ့တဲ့ ဒေါ်လာတွေကအစ NUG ဆီ အကုန်စီးဆင်းခဲ့တာပဲ။ ဒါပေမယ့် နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘာတွေများ လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့တဲ့ Results တွေ ရခဲ့သလဲ။ မေးခွန်းထုတ်ကြည့်ကြဖို့ မလိုဘူး လားပေါ့။ ----- ၃။တော်လှန်ရေးလို့ ခေါင်းစဉ်တပ်အမည်ခံထားတဲ့ အစိုးရဟာ မြေပြင်မှာ စစ်ပွဲတွေလည်း မဖော်ဆောင်နိုင်ဘူး။ မြို့သိမ်းတိုက်ပွဲဆိုပေမယ့်...ကြာလာတော့ မြို့ဖျက် စစ်ဆင်ရေးလို့ပဲ ပြည်သူက ယုံကြည်လာခဲ့ကြတယ်။ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွှတ် ရေးအတိုင်ပင်ခံကောင်စီမှာရော နိုင်ငံရေးမဟာမိတ်တွေ တည်ဆောက်နိုင် သလား၊ အနာဂတ်နိုင်ငံရေးလမ်းစဉ်/မူဝါဒတွေ ချမှတ်နိုင်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ နောက်ဆုံး အစိုးရတစ်ရပ်လို့ ခံယူထားတဲ့ ဒီအဖွဲ့အစည်းက တပ်မတော်နဲ့ စစ်ဖြစ်နေတဲ့ EAO တွေကိုတောင် မဟာမိတ်ဆိုတဲ့ အခင်းအကျင်းမျိုး သူ့မှာ ပါဝါ မတည်ဆောက်နိုင်ဘူး။ မလွှမ်းမိုးနိုင်ဘူး။ တကယ်လည်း မတည်ဆောက်နိုင်ခဲ့လို့ ရှမ်းမြောက်ထိုးစစ်တွေမှာ NUG လက်အောက်ခံ တပ်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြ၊ အသက်ပေးခဲ့ကြပေမယ့် တပ်နဲ့ EAO အပေးအယူလုပ်တဲ့ ကိစ္စတွေမှာ NUG အနေနဲ့ ပါဝင်ဆုံးဖြတ်နိုင်တဲ့ ပါဝါမျိုး ရှိမနေခဲ့ဘူး။ ဥပမာ- ပလောင်ဘက်ကနေ မိုးကုတ်မြို့က ဆုတ်ပေးပါဆိုတဲ့ ရာဇသံအမိန့်တစ်ခု ချမှတ်လိုက်တာကို NUG လက်အောက်ခံ PDFတွေက အလိုလို နာခံပြီး လက်ရှောင် ပေးလိုက်ရတာမျိုး။ ------- ၄။ ကဲ...ဟုတ်ပြီ။ စစ်ရေးမှာ မနိုင်တော့ဘူး။ စည်းရုံးရေးမှာရော အသာရတာ ရှိသေးလား။ ဥပမာ-ဗိုလ်နဂါးတို့လို တသီးတခြား လက်နက်ကိုင် အင်အားစုတွေကိုတောင် NUG အနေနဲ့ ထိန်းချုပ်နိုင်တာမျိုး မရှိခဲ့ဘူး။ ဒါဆို... နိုင်ငံရေးမှာရော တပ်မတော်ကို အသာစီးရနိုင်မယ့် အခင်းအကျင်းမျိုး တည်ဆောက်နိုင်ပြီ လားဆိုတော့လည်း ဒီလို အခင်းအကျင်းမျိုး မရှိပြန်ဘူး။ ဆိုပါစို့... EAO တွေဟာ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ အပေးအယူဆိုတဲ့ ဖဲချပ်တွေ ကိုင်ထားကြတယ်။ လောလော လတ်လတ် စစ်သုံးပန်းတွေ လွှဲပြောင်း ပေးအပ်တာကိုပဲကြည့်ဦးမလားပေါ့။ တဖြည်းဖြည်း တော့...နိုင်ငံရေးအာမခံချက် တစ်ခု ရရင်...သိသာတဲ့ ရလဒ်တစ်ခု ထွက်လာမှာပဲ။ ဒါပေမယ့် တဖက် NUG မှာရော... တပ်မတော်ကို စစ်ရေးအရ အသာစီးလည်း မရထားဘူး။ ဒါဆို နိုင်ငံရေး အရ အပေးအယူလုပ်ဖို့ ဒုတိယ Second Plan ဘာရှိလဲ။ တကယ်တော့ ဘာမှကို မရှိနေဘူး။ ------ ၅။ တော်လှန်ရေးဟာ မပြီးသေးဘူး၊ အထွေထွေ ထိုးစစ်ကြီး စတင်တော့မယ်လို့ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ မိသားစုတွေ ဥမကွဲ သိုက်မပျက်နေနိုင်ပြီဖြစ်တဲ့ NUG ဝန်ကြီးဆိုသူ တွေက ကြွေးကြော်နေကြပေမယ့် အောက်ခြေမှာတော့...ခေါင်းဆောင်မှုမဲ့နေပြီး ဝါးအစည်းပြေသလို ဖြစ်နေကြပြီဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အခွန်ဆက်ကြေး တွေကြားမှာပဲ သာယာနေခဲ့ကြတာက တကယ့် အမှန်တရားပဲ။ မြေပြင်မှာ စစ်မှန်တဲ့ စည်းရုံးရေးမရှိ၊ လက်နက်ရထားချိန်မှာ ပြည်သူအပေါ် ဘယ်လောက်တောင် ဥပဒေမဲ့ ကျင့်ကြံခဲ့ကြလဲတော့မသိ၊ စစ်ရှုံးပြီး ဆုတ်ခွာချိန်မှာ အာဇာနည်အုတ်ဂူတွေတောင် ပြည်သူတွေက စိတ်ဆိုးမာန်ဆိုး ဖြိုဖျက်နေတာကိုကြည့်ရင်....ဒီတော်လှန်ရေးဟာ မအောင်မြင်နိုင်တော့ဘူးဆိုတာ ခန့်မှန်းသုံးသပ်လို့ရနေပါပြီ။ -------- ၆။ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့...ကိုယ်ကျိုးအတ္တများလွန်းတဲ့ NUG ရဲ့ ခေါင်းဆောင်မှုနဲ့ False Hope တွေအောက်မှာ...အတွေးအခေါ်တွေ လမ်းမှားပြီး လက်နက်ကိုင် လမ်းစဉ် နောက်ကို လိုက်ခဲ့ကြတဲ့ မျိုးဆက်တွေပဲ။ ၈၈ က အချိုးက ၂၁ မှာ လာမချိုးနဲ့ဆိုပြီး တလွဲ ဆံပင်ကောင်းခဲ့ကြတဲ့ လူငယ်တွေ၊ ဒီ ၅ နှစ်တာကာလမှာ ဘဝတွေလည်း ပျက်ရတယ်။ အနာဂတ်တွေလည်း မဲ့ရတယ်။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းသလဲ။ (နရီမိုး)

ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တတိယအကြိမ် ငွေများထောက်ပံ့ NOM၊ဇ
ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တတိယအကြိမ် ငွေများထောက်ပံ့ NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက် ခြေနီအသင်းက တတိယအကြိမ် ထောက်ပံ့ငွေများကို ကျေးရွာများအထိသွားရောက် ပေအပ်ခဲ့သည့်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှယမန်နေ့ကသတင်း ထုတ်ပြန်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်ရှိ နန့်ပန်၊ ရှေ့ဝကြီး၊ မြောင်းဝကြီး၊ အိုင်ထောင့်ကြီး၊ ညောင်ဝန်း၊ သလဲဦးအင်း၊ မိုင်းသောက်၊ ဇရပ်ကြီး၊မြွေပွေးထက်၊ အုန်းပင်၊ စိတ္တ၊ အင်းခြံ၊ ကျေးစားကုန်း၊ မိုင်းသောက်၊ ဟဲယာရွာမ၊ သာလေး နှင့် ကေလာ ကျေးရွာ တို့မှအိမ်ထောင်စု(၉၃၅)စုအတွက် တစ်စုလျင် ငွေသား ကျပ်(၄)သိန်းနှုန်းဖြင့် သိန်း ( ၃,၇၄၀)ကျပ်ကို ငလျင်ဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

Repost from NOM
တိုက်ပွဲဖြစ်နေချိန်မှာ ဗီဒီယိုရိုက်မှတော့ ဖြစ်တာတောင် နည်းသေးတယ်လို့ ဆိုရတော့မယ်။ အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် အမေရိကန်နဲ့ အနောက်အုပ်စုက တင်မြှောက်ခဲ့တဲ့ ယခင်အကြမ်းဖက်သမားဟောင်း Jolani ဦးဆောင်တဲ့တပ်ဖွဲ့တွေနဲ့ ကာ့ဒ်လူမျိုးစု SDF တပ်ဖွဲ့တို့ကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေကြတာပါ။ ကာ့ဒ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို Jolani တပ်ဖွဲ့တွေက တိုက်ခိုက်နေချိန်မှာ ဗီဒီယိုရိုက်ကူးနေတဲ့ Jolani တပ်ဖွဲ့တဦးကို SDF ဘက်က ပစ်ခတ်ခဲ့တဲ့ ဒရုန်းထိမှန်သွားခဲ့တာကို မြင်တွေ့ရတာဖြစ်ပါတယ်။ NOM

နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်
နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်

Repost from NOM
ထိုင်းရဲတွေ လိုက်လံဖမ်းဆီးလို့ ထွက်ပြေးခဲ့တဲ့ ထရပ်ကားတစီးဟာ တူးမြောင်းထဲကို ပြုတ်ကျသွားခဲ့ပြီး လယ်ယာထွက်ကုန်တွေအောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ရာဘဆေးပြား ၄.၇ သန်း သယ်ဆောင်လာတာကို တွေ့ရှိခဲ့ရပါတယ်။ တူးမြောင်းအတွင်းမှာ ဆေးပြားထုပ်တွေ ပြန့်ကျဲနေတာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ NOM

အမြန်လမ်းတွင် ခရီးသည်တင် Express ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိ NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ရန်ကုန်-မန
အမြန်လမ်းတွင် ခရီးသည်တင် Express ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိ NOM၊ဇန်နဝါရီ၂၇၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်းလမ်း မိုင်တိုင် ၄၆/၅ တွင်ယနေ့(ဇန်နဝါရီ၂၇ရက်)နံနက် ၆နာရီတွင် ခရီးသည်တင်Express ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိခဲ့ ကြောင်းဘောနက်ကြီးအမြန်လမ်းမီးသတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွားလာသည့်Yutong အမျိုးအစား ဒို့ညီနောင် Express မှန်လုံယာဉ် သည် မောင်းနှင်နေစဉ် မိုင်တိုင် ၄၆/၅ အရောက်တွင်ယာဉ်၏အနောက်ဘက် အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနက်ကြီးအမြန်လမ်းမီးသတ်မှတာဝန်ရှိသူများကသွား ရောက်မီးငြိမ်းသတ်ခဲ့ရာနံနက်၆နာရီခွဲ တွင်မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယာဉ်မောင်းနှင့်ခရီး သည်များအားလုံး အန္တရာယ်ကင်းကြောင်းသိရသည်။

Repost from NOM
နေတိုးအကြီးအကဲ နဲ့ ဥရောပနိုင်ငံခြားရေးဌာန ဝန်ကြီးတို့ကြား ပြောဆိုခဲ့မှုတွေပါ။ နေတိုးအကြီးအကဲ Mark Rutte – အမေရိကန်မပါဘဲ EU က
+1
နေတိုးအကြီးအကဲ နဲ့ ဥရောပနိုင်ငံခြားရေးဌာန ဝန်ကြီးတို့ကြား ပြောဆိုခဲ့မှုတွေပါ။ နေတိုးအကြီးအကဲ Mark Rutte – အမေရိကန်မပါဘဲ EU က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်လို့ ဒီနေရာမှာ ဘယ်သူမဆို ထင်မြင်ယူဆနေတယ်ဆိုရင်တော့ ဆက်ပြီး အိပ်မက်မက်နေလိုက်ပါ။ ဥရောပနိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot - မဟုတ်ဘူး၊ ချစ်လှစွာသော Mark Rutte ရေ၊ ဥရောပသားတွေက သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို တာဝန်ယူနိုင်သလို တာဝန်ယူလည်း ယူရမှာပါ။ NOM

Repost from NOM
တယ်လီဂရမ်ကို တည်ထောင်ခဲ့သူ Pavel Durov က WhatsApp ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို အပြစ်တင်လိုက်ပါတယ်။ “၂၀၂၆ မှာ WhatsApp က လုံ
တယ်လီဂရမ်ကို တည်ထောင်ခဲ့သူ Pavel Durov က WhatsApp ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို အပြစ်တင်လိုက်ပါတယ်။ “၂၀၂၆ မှာ WhatsApp က လုံခြုံတယ်ဆိုတာကို ယုံကြည်ဖို့အတွက် ဦးနှောက်မဲ့နေရမယ်” လို့ သူက ပြောခဲ့တာပါ။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကတောင် တခုနဲ့တခု မယုံကြည်ရဘူးလို့ ပြောနေချိန် ကျနော်တို့ ဘာကိုယုံကြည်ရမလဲတောင် မသိတော့ပါဘူး။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်အား ထောက်ခံပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချမည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ရွာအနီးရှိ AA အကြမ်းဖက်အဖွဲ့​၏ဆက်သွယ်ရေးစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက
+1
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ရွာအနီးရှိ AA အကြမ်းဖက်အဖွဲ့​၏ဆက်သွယ်ရေးစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့ကြောင်းသိရသည်။ NOM

အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ​၏ သတင်းပေးမှုကြောင့် တပ်မတော်​၏ တိုက်ခိုက်ခြင်းခံလိုက်ရသည့် USBA အကြမ်းဖက်အဖွဲ့ NOM ဇန်နဝါရီလ ၂၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာတွင် ဇန်နဝါရီလ ၂၆ ရက်နေ့၌ အဆိုပါကျေးရွာနေပြည်သူများကို USBA အမည်ရှိအကြမ်းဖက်အဖွဲ့က စည်းရုံးရေးလုပ်ဆောင်နေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ​၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်သမားများရှိရာသို့ ချီတက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။ News Of Myanmar NOM

၁။ ၁၉၆၀ ခုနှစ်လွန်ကာလတွေမှာ ကမ္ဘာနဲ့ တဝှမ်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်စဉ်က တောင်ကိုရီးယားမှာလည်း ဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ ပတ်ချုံဟီးက အာဏာသိမ်းပြီး သမ္မတ ဖြစ်လာခဲ့တယ်။ ၁၉၇၂ ခုနှစ်မှာ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး အကန့်အသတ်မရှိ အာဏာထိန်းချုပ်ခဲ့တယ်။ သူဟာ တောင်ကိုရီးယားရဲ့ ၅ ကြိမ်ဆက် အုပ်ချုပ်သူ ဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ်အထိ သက်တမ်းရှည် ခဲ့တယ်။ ၂။ ၁၉၇၉ ခုနှစ်မှာတော့သူ့ကို ဗဟို ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကနေ အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ အကြောင်းအရာတွေ အများကြီး ရှိနိုင်ခဲ့ပေမယ့် တဖက်မှာ အမေရိကန်ရဲ့ စနက်အရ သက်တမ်းရှည်စနစ်တစ်ခုကို အပြောင်းအလဲလိုချက်မှုအတွက် လုပ်ကြံခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန် ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ကြတယ်။ ၃။ သမ္မတ လုပ်ကြံခံရပြီးမှာ သမ္မတ ချွဲဟာဂရု တက်လာခဲ့ပေမယ့် ၁၉၈၀ မှာ ဒီမိုကရေစီ ဆန္ဒပြပွဲနဲ့ တိုးပြီး တစ်နှစ်ပဲ ခံခဲ့တယ်။ ၄။ ၁၉၇၉ ဒီဇင်ဘာ ၁၂ ရက်မှာ ဒုတိယအကြိမ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတ ချန်ဒူးဝမ် တက်လာခဲ့တယ်။ မြန်မာနိုင်ငံကို အာဇာနည်နေ့ အခမ်းအနားလာရောက်စဉ် ဗုံးခွဲခံရသူလည်း ဖြစ်တယ်။ သူလည်း ၁၉၈၇ လောက်မှာ ကျောင်းသားအရေးအခင်းနဲ့ကြုံတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ၁၉၈၈ မှာ သမ္မတ အဖြစ်နဲ့ ရွေးကောက်ခံရပေမယ့် အဲဒီနှစ်မှာပဲ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။ ၅။ သမ္မတ ချန်ဒူးဝမ်နောက်မှာ သမ္မတ နိုဒဲအု တက်လာခဲ့တယ်။ သူကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှုမှာ သမ္မတ ချန်ဒူးဝမ်နဲ့အတူ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်တယ်။ ၁၉၉၃ မှာတော့ ဒီမိုကရေစီကျ ရွေးကောက်ပွဲ စတင် ပြောင်းလဲ နိုင်ခဲ့တယ်။ ၆။ အပေါ်က အကြောင်းအရာတွေကို သိပြီးသူတွေ အများစု ဖြစ်ပါလိမ့်မယ်။ အဓိက ပြောချင်တာက ၁၉၆၀ ဝန်းကျင် အာဏာသိမ်းဖြစ်စဉ်တွေဟာ စနစ်ပြိုင်ဆိုင်မှုတွေ ရှိခဲ့လို့ အမေရိကန်ကိုယ်၌ကကိုယ် အားပေးထောက်ခံခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ကွန်မြူနစ်စနစ်ကို ထိန်းချုပ်နိုင်ဖို့ ဆိုတဲ့ ယူဆချက်အတွက်ပေါ့လေ။ ခက်တာက အဲ့ဒီခေတ်ကာလမှာ တာဝန်ယူခဲ့သူတွေက သက်တမ်းအားဖြင့် ကြာမြင့်ကုန်တာက အဓိက အားနည်းချက်တွေ ဖြစ်ခဲ့ရတယ်လို့ ယူဆရမလားပါပဲ။ ဆိုတော့ ...တောင်ကိုရီးယားမှာ သမ္မတလုပ်ကြံခံရတယ်၊ အာဏာသိမ်းဖြစ်စဉ် ပေါ်ပေါက်တယ် ဆိုတာ ဒီလို အကြောင်းတရားတွေ ရှိခဲ့တယ်ပေါ့လေ။ ၇။ ခုခေတ်မှာလည်း ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ် တွေက ကိုယ်ကျိုးစီးပွားကို အခြေခံပြီး ပြောင်းလဲနေတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားကို ရေနံအတွက် ဝင်တိုက်ပြီး သမ္မတကို ဖမ်းသွားတယ်။ သမ္မတက အရှင်လတ်လတ်တရားရှင်ဆိုင်နေတုန်း ဒုသမ္မတက ကျမ်းကျိမ်ပြီး အမေရိကန်ရဲ့ ရေနံ ကုမ္ပဏီတွေအတွက် ဥပဒေတွေ ပြဌာန်းဖို့ လုပ်နေခဲ့ပြီ။ ဆိုတော့...နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတကို ဖမ်းဆီးဖို့ အမေရိကန်အတွက် လွယ်လွန်းနေတာလား၊ အတွင်းစည်းကပဲ ဖောက်ဖျက်သလား ဆိုတာ ချင့်ချိန်တွေးတောဖို့ မကောင်းဘူးလားပေါ့။ ၈။ အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ရုရှားအတွက် ပြောပြော၊ တရုတ်အတွက် ဆိုဆို၊ အမေရိကန်အတွက်ပဲ ညွှန်းညွှန်း မဟာမိတ်ဖြစ်တဲ့ အစိုးရ၊ ရုပ်သေးရုပ်ဖြစ်တဲ့ အစိုးရကို နိုင်ငံ၃ ခု အနေနဲ့ လိုချင်ကြမှာပါပဲ။ ဒီကြားထဲ အီရန်ကို တိုက်ဖို့ စစ်ပြင်နေချိန်ရောက်မှ တရုတ်မှာ သမ္မတရှီရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ကို ထိန်းသိမ်းလိုက်တဲ့ကိစ္စက တကယ့်ပြဿနာပဲ မဟုတ်လား။ ယူကရိန်းအရေးမှာ စစ်ပမ်းနေတဲ့ ရုရှားဟာ အာဆက်အစိုးရကိစ္စမှာရော၊ ဗင်နီဇွဲလား ကိစ္စမှာရော ဘာတုန့်ပြန်မှုမှတောင်မရှိခဲ့ဘူး။ အကျိုးစီးပွားအရ အရေးမပါတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထိုင်ဝမ်သိမ်းဖို့ စစ်ပြင်နေပါတယ် ဆိုတဲ့ တရုတ်ဟာ သမ္မတရှီကို နေရာချိန်းဖို့ ကြိုးစားချက်သာ တကယ်ရှိခဲ့ရင် အမေရိကန်ရဲ့ Cell ဟာ သိပ်ကြောက်စရာ ကောင်းမနေဘူးလား။ ၉။ တကယ်တော့ ငြိမ်းချမ်းရေးဂရုဖွဲ့စည်း တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ထရမ့်ကလည်း နောက်တဆက်အတွက် မသေချာပြန်ဘူး။ ခုတောင် နေတိုးနဲ့ ကွဲ၊ ကနေဒါနဲ့ ကွဲ။ သူတည်ထောင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးအသင်းကို ပါမယ်လို့ ဆန္ဒပြုထားကြသူတွေကလည်း အကျိုးစီးပွားဆိုတဲ့ မျှော်လင့်ချက် အရပဲ။ ၁၀။ ခြုံကြည့်လိုက်ရင်တော့ လက်ရှိဖြစ်နေတဲ့ တရုတ်အရေးဟာ အာဏာသက်တမ်းကြာမြှင့်‌နေတဲ့ သမ္မတ ရှီအတွက် အနီးကပ် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပါပဲ။ အနာဂတ်မှာ သဘောထားခြင်း မစေ့စပ်နိုင်ရင် ပိုဆိုးမယ့် အနေအထားလို့ ယူဆချင်စရာ။ အတွင်းစည်း လုံအောင်ရော ဘယ်လောက်အထိ ကာနိုင်မလဲ။ အီရန်အရေးမှာ တရုတ်မပါနိုင်အောင် အမေရိကန်ကသာ လုပ်ထားတာဆိုရင် တော့ အဆိုးဆုံးပဲ။ ဖြစ်စဉ် ဖြစ်ရပ်တိုင်းဟာ ဆင်ခြင် သုံးသပ်ဖို့ အကောင်းဆုံး သင်ခန်းစာတွေပဲလို့သာ ပြောချင်မိတာပါ။ (နရီမိုး)

Repost from NOM
ထရမ့်ဟာ တောင်ကိုရီးယားအပေါ် မော်တော်ကား၊ သစ်၊ ဆေးဝါးနဲ့ အခြားသော အပြန်အလှန် အခွန်အခများ အားလုံးအတွက် ၁၅% ကနေ ၂၅% အထိ စည်းကြပ်
ထရမ့်ဟာ တောင်ကိုရီးယားအပေါ် မော်တော်ကား၊ သစ်၊ ဆေးဝါးနဲ့ အခြားသော အပြန်အလှန် အခွန်အခများ အားလုံးအတွက် ၁၅% ကနေ ၂၅% အထိ စည်းကြပ်ခွန်ကို တိုးမြှင့်ကောက်ခံလိုက်ပြီ ဖြစ်ပါတယ်။ NOM

🇲🇲🇹🇭ကယားလက်နက်ကိုင်များ၏ မဲ့စယ် အချုပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသော တပ်မတော် အရာရှိစစ်သည်များအား မြန်မာနိုင်ငံသို့ ထိုင
+2
🇲🇲🇹🇭ကယားလက်နက်ကိုင်များ၏ မဲ့စယ် အချုပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသော တပ်မတော် အရာရှိစစ်သည်များအား မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ပြန်လည်လွဲပြောင်း NOM

ဖားကန့်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးကပ
ဖားကန့်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးကပဲ အနိုင်ရရှိသွားပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဖားကန့်မှာကြိုတင်မဲမရှိ တပ်မဲမရှိတဲ့အကြောင်းပါ။ ဖားကန့်မှာ တာဝန်ကျတဲ့တပ်မတော်သားတွေဟာ သူတို့မူရင်းတပ်ရှိရာဒေသမှာသာ မဲပေးရတာမို့ ဖားကန့်မှာကြိုတင်မဲမရှိတာပါ။ ပြီးရင် လွယ်လွယ်နဲ့ရခဲ့ကြတာလည်းမဟုတ်ပါဘူး။ အဓိက အံ့အားသင့်စရာကောင်းတာက PPPပါတီပါ။ မဲတွေသိပ်မကွာပဲ အကြိတ်အနယ်ပြိုင်ခဲ့ကြရပါတယ်။ ပြည်သူ့လွှတ်တော်အနိုင်ရတဲ့ ကိုသက်ပိုင်ထူးနဲ့ PPPအမတ်လောင်းဟာ ၁၆၇၅နဲ့ ၁၃၉၇ အမှတ်နှစ်ရာကျော်သာ ကွာခြားခဲ့တာဖြစ်ပါတယ်။ အခြားပြည်နယ်လွတ်တော်နဲ့အမျိုးသားလွှတ်တော်၂ခုလုံးမှာလည်း မဲကပ်ပြီးနိုင်ခဲ့တာပါ။ ကျန်တဲ့ပါတီတခုဖြစ်တဲ့ရှမ်းနီပါတီကလည်း မဲရုံတိုင်းကနေ မဲရခဲ့တာကိုတွေ့ရပါတယ်။ ဒီတော့ ဒီရွေးကောက်ပွဲဟာ တဖက်သက်ရွေးကောက်ပွဲ ကိုယ့်ဖဲကိုယ်ချိုးတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ တွေ့မြင်ရမှာဖြစ်သလို ယှဉ်ပြိုင်တဲ့အမတ်တိုင်း အခွင့်အရေးတန်းတူရကြတယ်ဆိုတာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ အမတ်တွေဟာဆက်ကြေးကောက်လို့လည်းမရသလို လူဆွဲလို့လည်းမရပါဘူး။ ကျောက်သိမ်းလို့လည်းမရသလို အတင်းအစုယူလို့လည်းမရပါဘူး။ အခုအခြေအနေထက် ပိုဆိုးလာစရာဘာအကြောင်းမှမရှိတာမို့ သူတို့အရည်ချင်းရှိရင်ရှိသလို ပြည်သူက အကျိုးရှိဖို့သာများပါတယ်။ ဒါကြောင့် လက်ရှိအနိုင်ရအမတ်တွေနဲ့အစိုးရသစ်တက်လာတဲ့အခါ ပြည်သူတွေအသံပိုထွက်လာနိုင်ဖို့လိုသလို ပြည်သူကအစိုးရကိုပြန်ထိမ်းကြောင်းနိုင်ကြဖို့လည်း အရေးကြီးပါတယ်။ ဒီတော့ ကိုသက်ပိုင်ထူးနဲ့တကွ အနိုင်ရအမတ်များအားလုံးကို welcome to hpakant ပါ။ ဖားကန့်မြေမှ ကြိုဆိုပါတယ်။ From FB user: Hkun Naung