ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 491 مشتركاً، محتلاً المرتبة 15 903 في فئة الأخبار والوسائط والمرتبة 10 062 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 491 مشتركاً.

بحسب آخر البيانات بتاريخ 28 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -221، وفي آخر 24 ساعة بمقدار 14، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.54‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.70‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 192 مشاهدة. وخلال اليوم الأول يجمع عادةً 837 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 491
المشتركون
+1424 ساعات
-97 أيام
-22130 أيام
أرشيف المشاركات
သမ္မတ ထရန့် (President Trump)- "နောက်ဆုံးမှာတော့ သူတို့တွေ ငြိမ်ဝပ်သွားကြမှာပါ။ ဟုတ်ပါတယ်၊ အီရန်ဟာ နောက်ဆုံးမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလိုဆန္ဒအတိုင်း အရှုံးပေး ဒူးထောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" NOM

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ဒရုန်းသိုလှောင်ရာ မြေအောက်လှိုဏ်ဂူတစ်ခုရဲ့ ပုံရိပ်အသစ်များနှင့် အမေရိကန်စစ်အခြေစိုက်စခန်းများဘက်သို့ ပစ်ခတ်နေသည့် မြင်ကွင်းများ။ NOM

အီရန်နိုင်ငံအတွင်းရှိ အရပ်ဘက်ပစ်မှတ်များကို အစ္စရေး-အမေရိကန်တို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံ။ NOM
အီရန်နိုင်ငံအတွင်းရှိ အရပ်ဘက်ပစ်မှတ်များကို အစ္စရေး-အမေရိကန်တို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံ။ NOM

🌟 💛ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့လည်း စစ်ထဲဝင်လာပြီ လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စ​ရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်လက်နက်ကိ
🌟 💛ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့လည်း စစ်ထဲဝင်လာပြီ လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စ​ရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်လက်နက်ကိုင်အဖွဲ့မှာ ၎င်းတို့အဖွဲ့ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာ ကတရားဝင်ကြေညာလိုက်ပြီး အီရတ်ခုခံရေးတပ်ဖွဲ့တွေ၊ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတို့နဲ့အတူ စစ်ပွဲထဲကို ပူးပေါင်းပါဝင်လိုက်ပြီဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး အယာတိုလာ အီမာမ် ဆယက်ဒ် အလီ ဟိုစိန်နီ ခါမေနီ လုပ်ကြံခံရမှုအတွက် လက်စားချေတဲ့အနေနဲ့ရော၊ လက်ဘနွန်နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက်ပါ ဟစ်ဇ်ဘိုလာအဖွဲ့က တုံ့ပြန်လိုက်တာပါ။ မတ်လ ၂ ရက်နေ့ သန်းခေါင်ယံအချိန်မှာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဟိုင်ဖာမြို့တောင်ဘက် ရှိ မစ်ရှ်မာ ဟာကာမယ်လ် ဒုံးကျည် ကာကွယ်ရေးစခန်းကို အဆင့်မြင့် ဒုံးကျည်တွေနဲ့ ဒရုန်းအုပ်စုတွေအသုံးပြုပြီး အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ပိုင်းကတော့ "အစ္စရေးဘက်က ကျူးကျော်မှုတွေ ဆက်လုပ်နေသရွေ့၊ ငါတို့ရဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ဆက်ပြီး လုပ်ကြံနေသရွေ့တော့ ငါတို့မှာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတယ်။ သင့်တော်တဲ့ အချိန်နဲ့ နေရာမှာ ပြန်လည်တုံ့ပြန်သွားမှာပဲ" လို့ ပြောကြားထားပါတယ်။ ၁၅ လကြာအောင် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ အစ္စရေးအနေနဲ့ ဒီအတိုင်း ဆက်သွားလို့မရတော့ကြောင်း သတိပေးတဲ့အနေနဲ့ရော သိမ်းပိုက်ထားတဲ့ လက်ဘနွန်ပိုင်နက်တွေထဲကနေ ဆုတ်ခွာသွားဖို့အတွက်ပါ အခုလို တုံ့ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလုပ်ရပ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ တရားဝင်တုံ့ပြန်မှုဖြစ် ပြီး လက်ဘနွန်အပေါ် ကျူးကျော်နေတဲ့ အစ္စရေး-အမေရိကန် တို့ရဲ့ လုပ်ရပ်တွေကို အဆုံးသတ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ NOM

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း NOM
+3
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း NOM

😏 ထင်သလို ဖြစ်မလာလို့ ထရန့်ကြီး စိတ်ကောက်နေတယ်နဲ့တူတယ် သမ္မတကြီးရဲ့ ရည်မှန်းချက်က ဘာလဲခင်ဗျာ" - အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ထရမ့်က အီရန်အရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို လျစ်လျူရှုသွားခဲ့သည်။ NOM

အီရန်အစ္စလာမစ်အစိုးရဖြုတ်ချရေးအတွက် နှစ်ပေါင်းများစွာကတည်းက အပြင်းအထန် တိုက်တွန်းနှိုးဆော်သူ လော်ဘီတစ်ဦးဖြစ်တဲ့ အမေရိကန်အထက်လ
အီရန်အစ္စလာမစ်အစိုးရဖြုတ်ချရေးအတွက် နှစ်ပေါင်းများစွာကတည်းက အပြင်းအထန် တိုက်တွန်းနှိုးဆော်သူ လော်ဘီတစ်ဦးဖြစ်တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် လေသံပြောင်းလာ ဂရေဟမ်ဟာ အီရန်အစ္စလာမစ်အစိုးရကို ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးနေတဲ့ "ကင်ဆာကျိတ်" လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အစိုးရကို ဖယ်ရှားပစ်ရမယ်လို့ အမြဲတမ်း လော်ဘီလုပ်ခဲ့ပါတယ်။ အထူးသဖြင့် သမ္မတ ထရမ့်လက်ထက်မှာ အီရန်အပေါ် "အပြင်းထန်ဆုံး ဖိအားပေးရေး မူဝါဒ" ကျင့်သုံးဖို့ ဂရေဟမ်က အနီးကပ် လော်ဘီလုပ်ခဲ့ပါတယ်။ အီရန်အစိုးရဟာ စေ့စပ်ညှိနှိုင်းလို့ရမယ့် အစိုးရမျိုးမဟုတ်ဘဲ ဖြုတ်ချပစ်ရမယ့် အစိုးရမျိုးဖြစ်တယ်လို့ သူက ယုံကြည်ခဲ့တာပါ။ သို့သော် အီရန်နှင့် အမေရိကန် ယခုအမှန်တကယ် စစ်ဖြစ်တဲ့အခါမှာတော့ ဂရေဟမ်က - "အခုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က အီရန်အစိုးရကို ဖြုတ်ချဖို့ မဟုတ်ပါဘူး။ ဒီစစ်ဆင်ရေးရဲ့ တကယ့်ပန်းတိုင်က ငါတို့ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေ (အီရန် နျူကလီးယားနဲ့ ဒုံးကျည်စနစ်) ကို ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကြီး ပြီးသွားတဲ့အခါကျရင် အီရန်မှာ ဘယ်သူပဲ အာဏာရလာပါစေ... သူတို့ဆီမှာ ငါတို့ကိုဖြစ်စေ၊ အစ္စရေးကိုဖြစ်စေ၊ ဒီဒေသတစ်ခုလုံးကိုဖြစ်စေ ဒုက္ခပေးနိုင်တဲ့ လက်နက်တွေရှိတော့မှာ မဟုတ်ပါဘူး။" ဘာကြောင့် အခုလို လေသံပြောင်းသွားတာလဲ? အခု သူက "ရည်မှန်းချက်က အစိုးရဖြုတ်ချဖို့ မဟုတ်ဘူး" လို့ ပြောလာတာဟာ အောက်ပါအချက် တွေကြောင့် ဖြစ်နိုင်ပါတယ် - လက်တွေ့မြေပြင် အခြေအနေ - အီရန်ဟာ သူထင်ထားတာထက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်နိုင် တာကို သတိပြုမိသွားခြင်း။ စစ်ပွဲပမာဏကို ကန့်သတ်ခြင်း - အစိုးရဖြုတ်ချရေးအထိ သွားရင် ကမ္ဘာစစ်အသွင် ဆောင်သွားနိုင်တာကြောင့် စစ်ပွဲကို "လက်နက်ဖျက်ဆီးရေး" အဆင့်မှာပဲ ဘောင်ခတ်ချင်ခြင်း။ နိုင်ငံရေး ဗျူဟာ - အီရန်ပြည်သူတွေကို အစိုးရနဲ့ ရန်တိုက်ပေးဖို့အတွက် "ငါတို့က မင်းတို့အစိုးရကို ဖြုတ်ချမှာမဟုတ်ဘူး (ဒါကြောင့် မင်းတို့က ငါတို့ကို ပြန်မတိုက်နဲ့)" ဆိုတဲ့ စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဂရေဟမ်လို "စစ်လိုလားသူ" တစ်ယောက်က ဒီလို လေသံပြောင်းသွားတာဟာ အမေရိကန်ရဲ့ အီရန်အပေါ်ထားတဲ့ စစ်ရေးဗျူဟာမှာ အပြောင်းအလဲကြီးတစ်ခု ရှိနေပြီဆိုတာကို ပြသနေတာပါ။ NOM

ညောင်လေးပင်မြို့နယ်၊ ကံကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်
+1
ညောင်လေးပင်မြို့နယ်၊ ကံကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ်လ ၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ ညောင်လေးပင်မြို့နယ်၊ ကံကလေးကျေးရွာနေသူများဖြစ်သည့် ဒေါ်မြင့်ဌေး (၆၀) နှစ်နှင့် ဒေါ်အေးမျိုးသန်း (၃၅) နှစ်တို့သည် တစ်ရွာတည်းနေ ဦးမြင့်လွင် (၆၅) နှစ်၏နေအိမ်တွင် ရှိနေစဉ် နေအိမ်ပေါ်သို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်မြင့်ဌေးနှင့် ဒေါ်အေးမျိုးသန်းတို့နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အမေရိကန်-အစ္စရေးတပ်ဖွဲ့များကလည်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မှုပြုလုပ် NOM
အမေရိကန်-အစ္စရေးတပ်ဖွဲ့များကလည်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မှုပြုလုပ် NOM

+1
အမေရိကန်ရေတပ်အတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေး ဝန်ဆောင်မှုများ အဓိကပေးနေသည့် သင်္ဘောကျင်းကို အီရန်ကတိုက်ခိုက် ဘာရိန်းနိုင်ငံ၊ အယ်လ်ဟစ်ဒ်တွင်ရှိသော ASRY (Arab Shipbuilding and Repair Yard) သင်္ဘောကျင်းကို အီရန်ကတိုက်ခိုက်ခဲ့သည်။ အဆိုပါ ASRY ကုမ္ပဏီသည် အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်းသယ်ယူပို့ဆောင်ရေးဌာနနှင့် အမေရိကန် အမှတ် (၅) ရေတပ်တို့မှ စစ်ရေယာဉ်များကို ပြုပြင်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေး ဝန်ဆောင်မှုများပေးနေသည့် အဓိကနေရာတစ်ခုဖြစ်သည်။ NOM

လက်ရှိအချိန်တွင် ဒူဘိုင်းကောင်းကင်ယံတွင် အီရန်ရှာဟစ်-၁၃၆ အသေခံဒရုန်းများ လွတ်လပ်စွာပျံသန်းလျက်ရှိ။ NOM

+1
🇱🇧 - လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသများမှနေ၍ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်နေသည့် ရုပ်သံမှတ်တမ်းများထွက်ပေါ်လာသည်။ အဆိုပါဒုံးကျည်များသည် အစ္စရေးနိုင်ငံမြောက်ပိုင်း အာပါး ဂါလီလီ ဒေသအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။ NOM

🇨🇾 🌟 - ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှလေတပ်စခန်း အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခံရ ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှ လေတပ်အခြေစိုက်ရာ အက်ခရိုတီရီလေတပ်စခန်းကို အီရန်ကဒရုန်းတစ်စင်းဖြင့် မေလ ၁ ရက်နေ့ညဦးပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လေတပ်စခန်းအတွင်းရှိ အဆောက်အဦနှင့် ပစ္စည်းကိရိယာအချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဆိုက်ပရပ်စ်မေးလ်သတင်းဌာနက ဖော်ပြထားသည်။ NOM

အီရန်နိုင်ငံက ဒုံးကျည်များဖြင့် အသစ်တဖန် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများ ရှိနေကြောင်းသတင်းများက ဖော်ပြသည်။ NOM

⚰️🌟👍 - "အီရန်ဒရုန်းများကို ပစ်ချရာတွင် ပါရှန်းကွေ့ မဟာမိတ်များကို ကူညီပေးနိုင်ရန် ယူကရိန်းမှ ကျွမ်းကျင်သူများကို ကျွန်ုပ်တို့ ခေါ်ယူသွားမည်" — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ 😏 👍 - ယူကရိန်းတွေကို ယူကရိန်းစစ်မျက်နှာမှာ သေခိုင်းနေတာ အားမရလို့ အရှေ့အလယ်ပိုင်းထိပါခေါ်ပြီး ထပ်သေခိုင်းဦးမှာလားကွယ်? NOM

🎉⚰️ 🤍 - အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့်၎င်း​၏မဟာမိတ်လက်နက်ကိုင်အဖွဲ့များ​၏ ခုခံမှုများကြောင့် သေဆုံးခဲ့သည့် အမေရိကန်စစ်သားများနှင့် စီအိုင်အေ CIA ထောက်လှမ်းရေးအရာရှိများ၏ ရုပ်အလောင်းများ ထည့်သွင်းထားသော ခေါင်းတလားများသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပြီဖြစ်သည်။ 😏 "အမေရိကန်စစ်သားတွေရဲ့ ပထမဆုံးအလောင်းတွေ ရောက်လာပြီ။ ဒါဟာ အစပဲ ရှိသေးတယ်!" NOM

အီရန်-အမေရိကန်-အစ္စရေး စစ်ပွဲအတွင်း အမေရိကန်ထိခိုက်သေဆုံးသူဦးရေတိုးလာနိုင်ချေရှိကြောင်း ထရန့်ကပြောကြားလိုက်သည်။ အမေရိကန်တွေသေဆုံးထိခိုက်များလာလို့ ဖုံးကွယ်ဖို့ မလွယ်တော့လို့လား?? 😏 NOM

ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ် ထောက်ပံ့ရေးစခန်း မီးလောင်ကျွမ်းနေ NOM
ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ် ထောက်ပံ့ရေးစခန်း မီးလောင်ကျွမ်းနေ NOM

🌟 - အီရန်၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ပြီး ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသေးကြောင်း အစ္စရေးစစ်ဘက် သတိပေး အီရန်နိုင်ငံသည် ၎င်း၏ဒုံးကျည်ဖြင့် တိုက်ခိုက်မှုနှုန်းကို သိသိသာသာ မြှင့်တင်ရန်နှင့် အရှိန်အဟုန်မြှင့်ရန် ရည်ရွယ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အစ္စရေးစစ်ပွဲဆိုင်ရာ ကက်ဘိနက်အဖွဲ့ကို အကြောင်းကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည့် "အရိပ်အယောင်မျိုး ယနေ့အထိ မတွေ့ရသေးကြောင်း" လည်း သတိပေးထားသည်။ NOM

မတ်လ ၁ ရက်နေ့ည၌ အစ္စရေးနိုင်ငံအတွင်းသို့ အီရန်ဒုံးကျည်ကျရောက်ပေါက်ကွဲမှု NOM