ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 546 مشتركاً، محتلاً المرتبة 16 068 في فئة الأخبار والوسائط والمرتبة 10 064 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 546 مشتركاً.

بحسب آخر البيانات بتاريخ 17 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -265، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.37‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 10.05‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 925 مشاهدة. وخلال اليوم الأول يجمع عادةً 1 262 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 16.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 18 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 546
المشتركون
-424 ساعات
-517 أيام
-26530 أيام
أرشيف المشاركات
ဥရောပသမဂ္ဂသို့ယူကရိန်းဝင်ရောက်ျရးဂျာမနီ၏အဆိုပြုချက်ကိုဇလင်စကီးကပယ်ချ NOM မဲပေးခွင့်မရှိသောဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဂျ
ဥရောပသမဂ္ဂသို့ယူကရိန်းဝင်ရောက်ျရးဂျာမနီ၏အဆိုပြုချက်ကိုဇလင်စကီးကပယ်ချ NOM မဲပေးခွင့်မရှိသောဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဂျာမနီ၏ အဆိုပြုချက်ကို ယူကရိန်းသမ္မတဇလင်စကီးက ပယ်ချခဲ့ပြီး ယူကရိန်းသည် ဥရောပသမဂ္ဂအတွင်း ရှိနေသော်လည်း အသံမထွက်ဘဲ နေရမည်ဆိုပါကမတရားဟု ပြောလိုက်ခဲ့သည်။ ယူကရိန်းသည် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်ပြီး ဥရောပလုံခြုံရေးတွင် ၎င်း၏အခန်းကဏ္ဍကို နက်ရှိုင်းစေသည်နှင့်အမျှ တန်းတူအခွင့်အရေးဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် အပြည့်အဝဝင်ရောက်လိုကြောင်း ဇလင်စကီးက ပြောကြားခဲ့သည်။

မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွား မေ ၂၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နေ မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်မောင်းဖြစ်သူ ကိုပြည့်ဖြိုးဟိန်း (၃၀) နှစ်သည် မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ စည်ပင်သာယာရေးအဖွဲ့ပိုင် 2Q/1974 Sino Truk (၆) ဘီးမော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ အမှိုက်များအား သိမ်းယူတင်ဆောင်ကာ အမှတ် (၃) ရပ်ကွက်၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ အမှိုက်စွန့်ပစ်သည့်နေရာသို့ ပို့ဆောင်နေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ၎င်းအားမော်တော်ယာဉ်ပေါ်မှ ဆင်းခိုင်းကာ အဆိုပါမော်တော်ယာဉ်အား လုယက်ယူဆောင်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်တွင် အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ
+1
မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်တွင် အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ မေ ၂၃၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်နေ ဦးအားချွင်း (၃၂) နှစ်သည် မေလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏ နေအိမ်တွင် ဦးအားစူး (၃၂) နှစ်နှင့်အတူ ရှိနေစဉ် အကြမ်းဖက်သမားတစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

မေ( ၂၈ )ရက် ‘ကုရ်ဘာနီအီးဒ်’ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် အစိုးရကြေညာ NOM၊မေ၂၃၊၂၀၂၆ လာမည့် မေ ၂၈ ရက်သည် အီဒုလ်အသွဟာ(ကုရ်ဘာနီအီ
မေ( ၂၈ )ရက် ‘ကုရ်ဘာနီအီးဒ်’ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် အစိုးရကြေညာ NOM၊မေ၂၃၊၂၀၂၆ လာမည့် မေ ၂၈ ရက်သည် အီဒုလ်အသွဟာ(ကုရ်ဘာနီအီးဒ်နေ့)ဖြစ်သဖြင့် ရုံးများပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်အစိုးရက အမိန့်ကြော်ငြာစာအမှတ် ၈၅/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတချောင်းဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင် NOM၊ေ၂၃၊၂၀၂၆ မန္တလေးတိုင်း၊ မဟာအ
+1
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတချောင်းဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင် NOM၊ေ၂၃၊၂၀၂၆ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့( မေ ၂၂ )ရက်ည ၉နာရီ၄၅မိနစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတချောင်းဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သီရိမာလာအရှေ့အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင်ရှိသည့်ရွှေတချောင်းဘောင်သည် မိုး သည်းထန်စွာရွာသွန်းပြီး မိုးရေစီးဆင်းမှုကြောင့် ကျိုးကျခဲ့ခြင်းဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်ဖြစ်သော သီရိမာလာအရှေ့ရပ်ကွက်ရှိ နေအိမ်များ၊ ရုံးများအတွင်းသို့ ရေဝင်ရောက်မှုနှင့် ကားလမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရွှေတချောင်း ချောင်းမှရေလျှံမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကယ်ဆယ်ရေးအသင်းများဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ပြင်ဉီးလွင်မြို့နယ်တွင် စက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား NOM၊မေ၂၃၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို
ပြင်ဉီးလွင်မြို့နယ်တွင် စက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား NOM၊မေ၂၃၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စုတွငယမန်နေ့(မေ၂၂ရက်)ည၈နာရီ၅၀မိနစ်ခန့်က စက်ပစွည်းအရောင်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းမီသတ်မှ သတင်းထုတ်ပြန်ထား သည်။ ဖြစ်စဉ်မှာ ပြင်ဉီးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာဒီဇင်ဘာခြံနှင့်မျက်နှာချင်းဆိုင်ရှိ ငွေလှိုင်ဦး စက်ပစ္စည်းဆိုင် တွင်လျှပ်စစ်ဝါယာကြိုးရှော့ ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဉီးလွင်ခရိုင်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ ပြင်ဉီးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဉ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးတ်တပ်ဖွဲ့ဝင်များဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာည၁၀နာရီ၅မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တွလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) အား ရာထူးမှ နုတ်ထွက်ရန် အိမ်ဖြူတော်က ဖိအားပေး
အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တွလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) အား ရာထူးမှ နုတ်ထွက်ရန် အိမ်ဖြူတော်က ဖိအားပေး အကျပ်ကိုင်ခဲ့ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တွလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) အား ရာထူးမှ နုတ်ထွက်ရန် အိမ်ဖြူတော်က ဖိအားပေး အကျပ်ကိုင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။ တွလ်ဆီ ဂတ်ဘတ် သည် ၎င်း၏ခင်ပွန်းတွင် အရိုးကင်ဆာရောဂါ ခံစားနေရခြင်းကြောင့် မိသားစုကို အချိန်ပေးရန် ကိုယ်တိုင်နုတ်ထွက်စာ တင်ခဲ့သည်ဟု လူသိရှင်ကြား ကြေညာထားသော်လည်း ရိုက်တာ သတင်းဌာန၏ အတွင်းသတင်းများအရမူ ၎င်းအား အိမ်ဖြူတော် (သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့) က ရာထူးကနေ မဖြစ်မနေ နုတ်ထွက်သွားအောင် နောက်ကွယ်ကနေ ဖိအားပေး နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ NOM

အီရန်လက်နက်ကိုင်တပ်ဖွဲ့များ အမြင့်ဆုံးအဆင့် တပ်လှန့်ထား။ NOM

လက်ဘနွန်နိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးသမားများကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်နေပုံ။ NOM

တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး မေ ၂၂၊ ၂၀၂၆
+6
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး မေ ၂၂၊ ၂၀၂၆

တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဝါးခုတ်နေသည့် အပြစ်မဲ့အရ
တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဝါးခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၂၂၊ ၂၀၂၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၂၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြသီတာရပ်ကွက်နေ ဦးဝင်းမြိုင် (၅၈) နှစ်သည် တနိုင်းမြို့နယ်ရှိဒေသအခေါ် ချောင်းသာချောင်းအနီးတွင် ဝါးခုတ်နေစဉ် KIA သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

မြေငလျင်သတင်း NOM၊မေ၂၂၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆) နာရီ၊ (၅၆) မိနစ်၊ (၁၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒေးဒရဲမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၁၆.၄၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၉) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဆီဆိုင်၌ မိုးကြိုးထိမှန်မှုကြောင့် နွားအကောင် ၅၀ သေဆုံး NOM၊မေ၂၂၊၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင် ဝါးတောင်ကျေးရွာ၊၂ မိုင်အကွာ တောင်ယာထဲတွင် မေ ၂၁ ရက်၊ ညနေပိုင်းက မိုးကြိုးစက်ကွင်းထိမှန်ပြီး နွားအ ကောင်ရေ ၅၀ သေဆုံးခဲ့‌ ကြောင်းဆီဆိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။ ဖြစ်စဉ်မှာတောင် ယာထဲတွင် နွားအကောင်ရေ ၂၀၀ လွှတ်ကျောင်းထားစဉ် မိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်ခြင်းကြောင့် နွားအကောင်ရေ ၅၀ သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါသေဆုံးသွားသည့် နွားများသည်ရွာသားများ စုပေါင်းမွေးထားခြင်းဖြစ်ပြီး ရွာသား ၁၇ ဦး ပိုင်ဆိုင်ကါနွားတစ်ကောင်ကို ၁၅ သိန်းခန့်တန်ဖိုးရှိကြောင်း သေဆုံးသွားသော နွားအကောင်ရေ ၅၀ အတွက် ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၇၅၀ ရှိ‌ ကြောင်းသိရသည်။

ဆော်ဒီကအမေရိကန်ကိုအီရန်စစ်ပွဲလကုန်အထိဆိုင်းငံ့ရန်ပြော NOM ဆော်ဒီကအမေရိကန်သမ္မတထရမ့်ကိုအီရန်အပေါ်ဆင်နွှဲမည့်စစ်အားမေလ၃၀နောက်ပိ
ဆော်ဒီကအမေရိကန်ကိုအီရန်စစ်ပွဲလကုန်အထိဆိုင်းငံ့ရန်ပြော NOM ဆော်ဒီကအမေရိကန်သမ္မတထရမ့်ကိုအီရန်အပေါ်ဆင်နွှဲမည့်စစ်အားမေလ၃၀နောက်ပိုင်းအထိရွှေ့ဆိုင်းရန်တောင်းဆိုထားသည်။အစ်ပွဲတော်ပြီးမှအီရန်ကိုပြန်လည်တိုက်ခိုက်ရန်ဖြစ်သည်။

ထရမ့်၏ညွှန်ကြားချက်ကြောင့်နေတန်ယာဟုခေါင်းမီးတောက်နေ NOM သမ္မတထရမ့်နှင့် ဝန်ကြီးချုပ်နေတန်ယာဟုတို့သည် အီရန်နှင့် ဆွေးနွေးပွဲမျ
ထရမ့်၏ညွှန်ကြားချက်ကြောင့်နေတန်ယာဟုခေါင်းမီးတောက်နေ NOM သမ္မတထရမ့်နှင့် ဝန်ကြီးချုပ်နေတန်ယာဟုတို့သည် အီရန်နှင့် ဆွေးနွေးပွဲများနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ သတင်းရင်းမြစ်များ၏ အဆိုအရ နေတန်ယာဟုသည် ဆွေးနွေးမှုကြောင့် စိုးရိမ်ပူပန်ခဲ့ကြောင်းဖော်ပြကြသည်။ ထရမ့်က နေတန်ယာဟုအား အီရန်စစ်ပွဲကို တရားဝင်အဆုံးသတ်ရန်နှင့် ရက် ၃၀ အတွင်းဆွေးနွေးပွဲများ စတင်ရန် အီရန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ နေတန်ယာဟုသည် အီရန်၏ လက်နက်တိုက်များနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပိုမိုပျက်စီးစေရန် တိုက်ပွဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးစားနေသူဖြစ်သည်။ ကာတာသည် ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် တူရကီတို့နှင့်အတူ ကြားဝင်စေ့စပ်ရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် မူလပါကစ္စတန်၏ အဆိုပြုချက်ကို အခြေခံ၍ တည်ဆောက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ နေတန်ယာဟုသည် လာမည့်ရက်သတ္တပတ်များအတွင်း ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် ဝါရှင်တန်ဒီစီသို့ သွားရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မေလ တတိယပတ် ဆယ်ရက်အတွင်း ရက်ရှည်မိုးရွာမည် NOM၊မေ၂၂၊၂၀၂၆ မြန်မာနိုင်ငံအတွင်းမေလ တတိယပတ် ဆယ်ရက်အတွင်း ရက်ရှည်မိုးရွာသွန်းနိုင်ကြောင်းယနေ့မေ၂၂ရက်က မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ရက်ရှည်မိုးရွာသွန်းမှုအနေဖြင့် မေလ ၃၀ ရက်အထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရှစ်ရက် မှဆယ်ရက်ခန့် နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင်မူ ငါး ရက် မှ ခုနစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။ ထို့ပြင် အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့လည်းကောင်း၊ မေလ ၂၅ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း၊ မေလ ၃၁ ရက်နေ့ မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်ကြောင်း မိုးဇလမှခန့်မှန်းချက်ထုတ်ပြန်ထားသည်။

ကျောင်းကုန်းနှင့်ဒါးကကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိ NOM၊မေ၂၂၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့်ဒါးကကြား မိုင်တိုင်အမှတ် (၈၂/၅)နှင့်(၈၂/၆)ကြားတွင်ယနေ့(မေ၂၂)ရက်နံနက်၁၀နာရီ ၁၅မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ်မှသတင်းထုတ်ပြန်ထားသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒါးကနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်၊ ကျောင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားသုံးဦး အမျိိုးသမီး တစ်ဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အား သစ္စာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

စက်သုံးဆီ 92 နှင့် 95 စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျဆင်းလာ NOM၊မေ၂၂၊၂၀၂၆ စက်သုံးဆီ 92 နှင့် 95 စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျဆင်လာကြောင်း ယနေ့(မေ ၂၂ )ရက်ကစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။ မေ ၂၁ ရက်အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၈၁၅ ကျပ်ဖြစ်ခဲ့ရာမှ ယခု 92 တစ်လီတာလျှင် ၂၀ ကျပ်စျေးတက်သွားခဲ့ပြီး 95 တစ်လီတာလျှင် ၅ ကျပ် တက်လာခဲ့ပြီး ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ် ကျဆင်းခဲ့ ကြောင်းသိရသည်။

အီရန်နိုင်ငံ၏ အဓိက သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို မည်သည့် ပြည်ပနေရာသို့မဆို လွှဲပြောင်းပေးပို့ခြင်း မပြုရန် အီရန်အဓ
အီရန်နိုင်ငံ၏ အဓိက သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို မည်သည့် ပြည်ပနေရာသို့မဆို လွှဲပြောင်းပေးပို့ခြင်း မပြုရန် အီရန်အဓိပတိ အယာတိုလာ မိုတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) က ပိတ်ပင်လိုက်ကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြထားသည်။ NOM

တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါ
တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၂၁၊ ၂၀၂၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက်နေ ဦးဂလောင်းနော်မိုင် (၅၆) နှစ်သည် နမ်ဖျက်ယန် ကျေးရွာနှင့် တိန်ကောက်ကျေးရွာကြားရှိ မီးသွေးလုပ်ငန်းလုပ်ကိုင်သည့်နေရာသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။