ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 496 مشتركاً، محتلاً المرتبة 15 903 في فئة الأخبار والوسائط والمرتبة 10 062 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 496 مشتركاً.

بحسب آخر البيانات بتاريخ 28 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -221، وفي آخر 24 ساعة بمقدار 14، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.54‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.70‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 192 مشاهدة. وخلال اليوم الأول يجمع عادةً 837 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 496
المشتركون
+1424 ساعات
-97 أيام
-22130 أيام
أرشيف المشاركات
🇲🇲 🇦🇫 🇨🇲 🇸🇩 - ယူကေနိုင်ငံက မြန်မာ၊ အာဖဂန်၊ ကင်မရွန်းနှင့် ဆူဒန်ကျောင်းသားများအား ကျောင်းဗီဇာထုတ်ပေးမှု ရပ်ဆိုင်းမည် ယ
🇲🇲 🇦🇫 🇨🇲 🇸🇩 - ယူကေနိုင်ငံက မြန်မာ၊ အာဖဂန်၊ ကင်မရွန်းနှင့် ဆူဒန်ကျောင်းသားများအား ကျောင်းဗီဇာထုတ်ပေးမှု ရပ်ဆိုင်းမည် ယူကေနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ မြင့်တက်လာနေတာကြောင့် အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံတို့က ကျောင်းသားတွေအတွက် ကျောင်းဗီဇာ (Study Visa) ထုတ်ပေးတာကို ရပ်ဆိုင်းတော့မယ်လို့ ယူကေအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အာဖဂန်နိုင်ငံသားတွေအတွက် အလုပ်ဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ကျောင်းဗီဇာနဲ့ လာရောက်သူတွေကြားမှာ ခိုလှုံခွင့် (Asylum) တောင်းခံမှုတွေ အဆမတန် များပြားလာတဲ့အတွက် နိုင်ငံလေးခုက နိုင်ငံသားတွေအပေါ် "ဗီဇာအရေးပေါ်တားဆီးပိတ်ပင်မှု" ကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးလိုက်တာဖြစ်ကြောင်း ယူကေ ပြည်ထဲရေးဝန်ကြီးဌာန က အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခိုလှုံခွင့်တောင်းခံမှု မြင့်တက်လာခြင်း - အာဖဂန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံသား ကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၄၇၀ ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ အစိုးရ၏ သဘောထား - "ဗြိတိန်နိုင်ငံဟာ စစ်ပွဲနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ထွက်ပြေးလာသူတွေကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဗီဇာစနစ်ကိုတော့ အလွဲသုံးစားလုပ်ခွင့် မပေးနိုင်ပါဘူး" လို့ ပြည်ထဲရေးဝန်ကြီး ရှာဗားနား မာမွတ် (Shabana Mahmood) က ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အခြေအနေ - ယူကေနိုင်ငံရေးမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ အဓိကပြဿနာတစ်ခု ဖြစ်လာနေပြီး လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေးကို အပြင်းအထန်ကိုင်စွဲထားတဲ့ Reform UK ပါတီဟာ လူထုသဘောထားစစ်တမ်းတွေမှာ အားကောင်းလာနေပါတယ်။ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ရဲ့ အစိုးရအဖွဲ့ဟာ လူထုရဲ့ မကျေနပ်မှုကို ဖြေလျှော့ဖို့နဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို နှင်ထုတ်တဲ့လုပ်ငန်းစဉ်တွေကို ပိုမိုတင်းကျပ် မြန်ဆန်အောင် လုပ်ဆောင်နေပါတယ်။ ယူကေ သတင်းစာနယ်ဇင်းအဖွဲ့ (PA) ရဲ့ အဆိုအရ- ဒီဗီဇာပိတ်ပင်မှုကို ကြာသပတေးနေ့မှာ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းအသစ်အဖြစ် တရားဝင် စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။ ခိုလှုံခွင့်တောင်းခံထားသူတွေရဲ့ ဒုက္ခသည်အဆင့်အတန်း (Refugee Status) ကို ၃၀ လတစ်ကြိမ် (နှစ်နှစ်ခွဲတစ်ကြိမ်) ပြန်လည်စစ်ဆေးမယ့် စည်းမျဉ်းအသစ်ကိုလည်း ချမှတ်ဖို့ မျှော်လင့်ရပါတယ်။ ဒါဟာ ယူကေနိုင်ငံကို ခိုလှုံခွင့်တောင်းခံသူတွေအတွက် ဆွဲဆောင်မှုမရှိအောင် လုပ်ဆောင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားတွေရဲ့ ခိုလှုံခွင့်တောင်းခံမှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပေမဲ့ ခိုလှုံခွင့်စနစ်ထဲမှာ ရှိနေသူ စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျောင်းဗီဇာနဲ့ လာသူတွေ ဖြစ်နေတာကြောင့် အခုလို ထပ်မံတင်းကျပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ NOM

အိမ်ဖြူတော်က လက်နက်ကုမ္ပဏီများကို ဖိအားပေးခြိမ်းခြောက် ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အိမ်ဖြူတော်သည် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများကို ထုတ်လုပ်မှုတိုးမြှင့်ရန် ဖိအားပေးနေကြောင်း သိရသည်။ ထိုသို့ လိုက်နာဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ (Sanctions) ပြုလုပ်မည်ဟုပင် ခြိမ်းခြောက်ပြောဆိုထားသည်။ NOM

အမေရိကန် သတင်းထောက် ဂျော်နသန်လာဆင်ရဲ့ ဖော်ပြချက်အရ အမေရိကန် တပ်မှူးတချို့ဟာ သူတို့ရဲ့ လက်အောက်ငယ်သား စစ်သည်တွေကို "အီရန်နဲ့ ဖ
+2
အမေရိကန် သတင်းထောက် ဂျော်နသန်လာဆင်ရဲ့ ဖော်ပြချက်အရ အမေရိကန် တပ်မှူးတချို့ဟာ သူတို့ရဲ့ လက်အောက်ငယ်သား စစ်သည်တွေကို "အီရန်နဲ့ ဖြစ်ပွားတဲ့စစ်ပွဲဟာ အာမဂေဒုန် (Armageddon) (ကမ္ဘာကြီး မပျက်စီးခင်မှာ ဖြစ်ပွားမယ့် နောက်ဆုံးသော တိုက်ပွဲကြီး) နဲ့ ယေရှုခရစ်တော် ပြန်လည်သက်ဆင်းလာမယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်" လို့ ပြောကြားနေကြောင်းသိရပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာလည်း "ဘုရားသခင်ရဲ့ ရွေးချယ်တင်မြှောက်ခြင်းခံရသူ" လို့ သတ်မှတ်ပြောဆိုနေကြပါတယ်။ လာဆင် ရဲ့ အဆိုအရ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ခုရဲ့ တပ်မှူးက အရာရှိငယ်တွေကို ပြောကြားရာမှာ "အီရန်နဲ့ စစ်ဖြစ်တာဟာ ဘုရားသခင်ရဲ့ အစီအမံဖြစ်ပြီးသမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်မှာ စစ်မီးတောက်ကို စတင်ဖို့ ယေရှုခရစ်တော်ရဲ့ ဘိသိက်ပေးခြင်း ခံရသူဖြစ်တယ်။ အဲဒီစစ်ပွဲကနေတဆင့် ကမ္ဘာပျက်ကိန်း (Armageddon) ဖြစ်ပေါ်လာပြီး ခရစ်တော် မြေကမ္ဘာကို ပြန်လည်ကြွမြန်းလာမှာ ဖြစ်တယ်" လို့ ဆိုပါတယ်။ သတင်းဖော်ပြချက်တွေအရ စစ်ဘက်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဖောင်ဒေးရှင်း (MRFF) ဆီကို ဒီလိုမျိုး ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာပေါင်း ၁၁၀ ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ တိုင်ကြားစာတွေဟာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အသီးသီးက တပ်မှူးတွေအပေါ် တိုင်ကြားထားတာ ဖြစ်ပါတယ်။ စစ်သည်တွေရဲ့ ပြောပြချက်အရ ထိပ်တန်း အရာရှိတချို့ကြားမှာ "ထိန်းမနိုင်သိမ်းမရတဲ့ ကြည်နူးပီတိဖြစ်မှုတွေ" ရှိနေပြီး အီရန်ကို တိုက်ခိုက်တာဟာ သမ္မာကျမ်းစာက ခွင့်ပြုထားတဲ့ ကိစ္စဖြစ်သလို ဗျာဒိတ်ကျမ်းထဲက ကမ္ဘာပျက်ကိန်း ပရောဖက်ပြုချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ပုံဖော်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်ကြပ်ကြီးတစ်ဦးကတော့ "ဒီလို ပြောဆိုစည်းရုံးမှုတွေဟာ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေရုံတင်မကဘဲ စစ်သားတွေ သစ္စာဆိုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ချိုးဖောက်နေတာဖြစ်တယ်" လို့ ရေးသားထားပါတယ်။ NOM

ယူအေအီးရှိ ဒေါ်လာဘီလီယံချီတန်ဖိုးရှိ သတ် (THAAD) ဒုံးကျည်ကာကွယ်ရေးစနစ် နှစ်ခုကို အီရန် ကထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း
+2
ယူအေအီးရှိ ဒေါ်လာဘီလီယံချီတန်ဖိုးရှိ သတ် (THAAD) ဒုံးကျည်ကာကွယ်ရေးစနစ် နှစ်ခုကို အီရန် ကထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ အတည်ပြု မတ်လ ၃ ရက်နေ့က ထွက်ပေါ်လာသော ဂြိုဟ်တုဓာတ်ပုံများအရ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ သတ် (THAAD) ဒုံးကျည်ကာကွယ်ရေးစနစ် နှစ်ခုစလုံးကို အီရန်က ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဂြိုဟ်တုဓာတ်ပုံများတွင် မြို့တော် အဘူဒါဘီအနီးရှိ အမေရိကန်ထုတ် ဒုံးကျည်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည့် နေရာနှစ်ခုစလုံး တိုက်ရိုက်ထိမှန်ခံထားရသည်ကို တွေ့ရှိရသည်။ NOM

🤍 - ဆော်ဒီအာရေဗျနိုင်ငံရှိ (အမေရိကန်သံရုံးအတွင်း၌ တည်ရှိသော) CIA ထောက်လှမ်းရေး လျှို့ဝှက်စခန်းတစ်ခုကို အီရန်ဒရုန်း နှစ်စင်း ထိမှန်ခဲ့ကြောင်း အတည်ပြုချက် ထွက်ပေါ်လာပြီးနောက် အီရန်ဒုံးကျည် လက်လှမ်းမီရာ ဒေသတွင်းရှိ CIA အခြေစိုက်စခန်းအားလုံးကို အရေးပေါ် အလုံးအရင်းဖြင့် ဆုတ်ခွာရန် CIA ဘက်က အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။ NOM

🇪🇸 ❌ 🤍 - စပိန်က၎င်းတို့​၏ စစ်စခန်းများအား အသုံးပြုခွင့် ငြင်းပယ်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ကုန်သွယ်ရေးဖြတ်တောက်မည်ဟု
🇪🇸 ❌ 🤍 - စပိန်က၎င်းတို့​၏ စစ်စခန်းများအား အသုံးပြုခွင့် ငြင်းပယ်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ကုန်သွယ်ရေးဖြတ်တောက်မည်ဟု ထရန့် ပြောကြား အီရန်ကို တိုက်ခိုက်ရာတွင် မိမိတို့နိုင်ငံအတွင်းရှိ စစ်စခန်းများကို အမေရိကန်က အသုံးပြုခွင့်မရအောင် စပိန်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပြီးနောက် စပိန်နိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း Anadolu သတင်းဌာနက ဖော်ပြသည်။ ဂျာမန်အဓိပတိ ဖရိုင်းဒရစ် မာ့ဇ်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် သမ္မတထရန့်က သတင်းထောက်များကို "ကျွန်တော်တို့ စပိန်နဲ့ ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်တော့မှာပါ။ စပိန်နဲ့ ဘာဆိုဘာမှ မပတ်သက်ချင်တော့ဘူး" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ စပိန်အစိုးရကမူ စပိန်စစ်စခန်းများသည် ၎င်းတို့၏ အချုပ်အခြာအာဏာအောက်တွင်သာရှိကြောင်း အခိုင်အမာဆိုထားပြီး အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အမေရိကန်က ၎င်းတို့၏စခန်းများကို အသုံးပြုခဲ့ခြင်းမရှိသလို အသုံးပြုခွင့်လည်း ပေးမည်မဟုတ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ NOM

🇮🇷🇮🇷 - အီရန်​၏တိုက်ခိုက်မှုကြောင့် ဒေါ်လာ ၁.၁. ဘီလီယံခန့် တန်ဖိုးရှိ အမေရိကန် AN/FPS-132 အဆင့်မြင့်ကြိုတင်သတိပေး ရေဒါစနစ်
+1
🇮🇷🇮🇷 - အီရန်​၏တိုက်ခိုက်မှုကြောင့် ဒေါ်လာ ၁.၁. ဘီလီယံခန့် တန်ဖိုးရှိ အမေရိကန် AN/FPS-132 အဆင့်မြင့်ကြိုတင်သတိပေး ရေဒါစနစ် ထိမှန်ပျက်စီး ကာတာနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် တပ်ဆင်ထားသော AN/FPS-132 အဆင့်မြင့် ကြိုတင်သတိပေး ရေဒါစနစ်ကို အီရန်နိုင်ငံက တိုက်ခိုက်နိုင်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြောကြားချက်ကို ဂြိုဟ်တုဓာတ်ပုံအသစ်များက အတည်ပြုလိုက်ပြီဖြစ်သည်။ ဤရေဒါစနစ်သည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ကြိုတင်သတိပေး ရေဒါများထဲမှ တစ်ခုဖြစ်သည်။ ကာတာရှိ Block 5 ဗားရှင်းသည် ရေဒါမျက်နှာပြင် ၃ ခု ပါဝင်သောကြောင့် မျက်ကွယ်မရှိဘဲ ပတ်ပတ်လည် ၃၆၀ ဒီဂရီကို တစ်ပြိုင်နက် စောင့်ကြည့်နိုင်ပါသည်။ ဤရေဒါသည် ပစ်လွှတ်လိုက်သော ဒုံးကျည်၏ ပျံသန်းမှုလမ်းကြောင်းကို တွက်ချက်ပြီး သတ် (THAAD) နှင့် ပက်ထရီးယော့တ် (Patriot) ကဲ့သို့သော ဒုံးကျည်ဖျက်စနစ်များထံသို့ အချက်အလက်များ ပေးပို့ကာ ကြားဖြတ်ပစ်ချရန် ကူညီပေးပါသည်။ ဤရေဒါစနစ်တစ်ခု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ခန့် ရှိပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အဈေးအကြီးဆုံးနှင့် အဆင့်မြင့်ဆုံး စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင်အနည်းငယ်သာရှိပြီး (ယူကေ၊ ဂရင်းလန်းနှင့် အမေရိကန်ပြည်တွင်း၌သာ အဓိကရှိသည်) အရှေ့အလယ်ပိုင်းတွင် ကာတာနိုင်ငံ၌သာရှိသည်။ ဤရေဒါသည် တစ်နေရာတည်းတွင် အသေတပ်ဆင်ထားရသောအဆောက်အအုံကြီးဖြစ်၍ ဖျက်ဆီးခံရပါက ချက်ချင်းအစားထိုးရန် သို့မဟုတ် ပြန်လည်ပြုပြင်ရန် အလွန်ခက်ခဲသည်။ ၎င်းရေဒါ ထိခိုက်ပျက်စီးသွားခြင်းကြောင့် အီရန်၏ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် အမေရိကန်အတွက် များစွာအခက်အခဲဖြစ်စေမည်ဖြစ်သည်။ NOM

🇮🇱အစ္စရေး၏ အသုံးချခံ နယ်ရုပ်များအဖြစ် ကူဝိတ်တွင် သေဆုံးခဲ့ရသည့် အမေရိကန်စစ်သည်များ 🤍 ၁။ ဗိုလ်ကြီး ကိုဒီ အေ ခေါ့ခ် (Cody A.
+3
🇮🇱အစ္စရေး၏ အသုံးချခံ နယ်ရုပ်များအဖြစ် ကူဝိတ်တွင် သေဆုံးခဲ့ရသည့် အမေရိကန်စစ်သည်များ 🤍 ၁။ ဗိုလ်ကြီး ကိုဒီ အေ ခေါ့ခ် (Cody A. Khork) - အသက် (၃၅) နှစ် ၂။ တပ်ကြပ်ကြီး နိုအာ အယ်လ် တီးဂျန့်စ် (Noah L. Tietjens) - အသက် (၄၂) နှစ် ၃။ တပ်ကြပ်ကြီး နီကိုးလ် အမ် အာမော (Nicole M. Amor) - အသက် (၃၉) နှစ် ၄။ တပ်ကြပ် ဒက်ကလန် ဂျေ ကိုဒီ (Declan J. Coady) - အသက် (၂၀) နှစ် Rest In Hell ပါ NOM

🚨 Breaking လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နှင့် ဟစ်ဇဘိုလာ (Hezbollah) တိုက်ခိုက်ရေးသမားများအကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ NOM

🚨Breaking News အမေရိကန်လေတပ်မှ F-15 တိုက်လေယာဉ်တစ်စင်းကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချလိုက်ကြောင်း အီရန်သတင်းဌာန တက်စနင်းက ဖော်ပြခဲ့သည်။ NOM

🤬 ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်သွယ်ရေးရေယာဉ်များကို အမေရိကန်ရေတပ်က စတင်စောင့်ရှောက် (Escort) ပေးတော့မည်ဖြစ်ကြောင်း သမ္မတ ထရမ့်ပ် ကြေညာလိုက်သည်။ NOM

+1
ဒူဘိုင်းရှိအမေရိကန်ကေါင်စစ်ဝန်ရုံးသည်အီရန်အသေခံဒရုန်းထိမှန်မီးလောင်လျက်ရှိသည်။

အီရန်စစ်တပ်သတင်းပြန်ကြားရေးဌာနကအီရန်သည်မိမိမိတ်ဆွေနိုင်ငံဖြစ်သောအိုမန်ဆိပ်ကမ်းနှင့်အိုမန်နိုင်ငံကိုလုံးဝတိုက်ခိုက်ခြင်းမပြုကြောင်း၊မိမိတို့ကြားချစ်ကြည်မှုပျက်ပြား စေရန်အစ္စရေးကတိုက်ခိုက်နေခြင်းဟုကြေညာလိုက်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကအမေရိကန်နှင့်အစ္စရေးသည်မင်နက်မြို့ရှိစာသင်ကျောင်းကိုဗုံးကြဲသည့်အပြင်တီဟီရန်ရှ
+1
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကအမေရိကန်နှင့်အစ္စရေးသည်မင်နက်မြို့ရှိစာသင်ကျောင်းကိုဗုံးကြဲသည့်အပြင်တီဟီရန်ရှိစာသင်ကျောင်းကိုပါထပ်မံဗုံးကြဲပြီးနိုင်ငံ၏အနာဂတ်ကိုပါဖျက်ဆီးနေကြောင်းပြောကြားလိုက်သည်။မင်နက်မြို့စာသင်ကျောင်းကိုဗုံးကြဲသဖြင့်ကလေး၁၆၅ဦးသေဆုံးခဲ့သည်။

အစ္စရေးစစ်တပ်ပြောရေးခွင့်ရဗိုလ်ချုပ်အက်ဖရီဒက်ဖရင်ကအစ္စရေးသည်စစ်ပွဲလေးရက်အတွင်းအီရန်ကိုဗုံး၄၀၀၀ကျော်ကြဲချခဲ့ပြီးထိုအရေအတွက်သည်ယမန်နှစ်၁၂ရက်စစ်ပွဲကကြဲချခဲ့သည့်ဗုံးထက်များကြောင်းပြောသည်။

ဟော်မုဇရေလက်ကြားကိုဖြတ်သန်းနေသည့်သင်္ဘောအရေအတွက်သည်၇၀%ကျဆင်းသွားသည်။ရေလက်ကြားကိုပိတ်မည်ဟုအီရန်ကတရားဝင်မကြေညာသေးသော်လည်းရေနံတင်သင်္ဘောများကိုဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်နေသောကြောင့်သွားလာမှုကျဆင်းသွားခြင်းဖြစ်သည်။

ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တပ်ခ်ကပိုလန်နိုင်ငံအနေဖြင့်နျူကလီးယားလက်နက်ပိုင်ဆိုင်ရန်လုပ်ဆောင်တော့မည်ဟုကြေညာလိုက်သည်။
ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တပ်ခ်ကပိုလန်နိုင်ငံအနေဖြင့်နျူကလီးယားလက်နက်ပိုင်ဆိုင်ရန်လုပ်ဆောင်တော့မည်ဟုကြေညာလိုက်သည်။

+1
အစ္စရေးသည်အပြစ်မဲ့ပြည်သူများရှောင်တိမ်းနိုင်ရန်သတိပေးချက်မထုတ်ပြန်ပဲလက်ဘနွန်နိုင်ငံဘေရွတ်မြို့တော်တောင်ပိုင်းဆင်ခြေဖုံးလူနေရပ်ကွက်များကိုအပြင်းအထန်ဗုံးကြဲလျက်ရှိသည်။

အီရန်နိုင်ငံ၊အရှေ့အဇာဘိုင်ဂျန်ပြည်နယ်တွင်အမေရိကန်နှင့်ဇီယွန်ဝါဒီအစ္စရေး၏ကျူးကျော်စစ်အတွင်းသေဆုံးသူ၂၁ဦး၏စျာပနကိုယနေ့ပြုလုပ်ခဲ့သည်။

ဘာသာရေးခေါင်းဆောင်ကြီးခါမေနီ၏အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မည် အမေရိကန်နှင့်အစ္စရေး၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသောအီရန်ဘာသာရေးခေါ
ဘာသာရေးခေါင်းဆောင်ကြီးခါမေနီ၏အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မည် အမေရိကန်နှင့်အစ္စရေး၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသောအီရန်ဘာသာရေးခေါင်းဆောင်ကြီးခါမေနီအတွက်အောက်မေ့ဖွယ်အခမ်းအနားကိုတီဟီရန်ရှိအီမမ်ခိုမေနီမဟာဗလီတွင်ဗုဒ္ဓဟူးနေ့မှသောကြာနေ့အထိကျင်းပမည်ဖြစ်သည်။