ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 424 مشتركاً، محتلاً المرتبة 15 960 في فئة الأخبار والوسائط والمرتبة 10 111 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 424 مشتركاً.

بحسب آخر البيانات بتاريخ 07 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -218، وفي آخر 24 ساعة بمقدار -5، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.36‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.02‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 914 مشاهدة. وخلال اليوم الأول يجمع عادةً 748 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 424
المشتركون
-524 ساعات
-617 أيام
-21830 أيام
أرشيف المشاركات
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားက
+4
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ - ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဒေါ်တင်မိုးခိုင် (၅၁) နှစ်သည် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေးဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကွင်းလှကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားခြောက်ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကွင်းလှကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း (၄၂) နှစ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်းအလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားမျာ
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးသေဆုံးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အောင်သုခရပ်ကွက်အတွင်းသို့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရုံးအတွင်းရောက်ရှိနေသူများဖြစ်သည့် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထွန်းသန်း (၅၆) နှစ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးနေဝင်း (၆၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဦးနေထွန်းသန်းမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။   News Of Myanmar NOM

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အ
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦးသေဆုံး NOM ဇန်နဝါရီ ၁၂၊ ၂၀၂၆ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဖွဲကုန်းတဲစုကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ အဆိုပါကျေးရွာနေ ဦးသန်းစိုး (၄၇) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်စမားသုံးဦးရောက်လာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ကျေးရွာအနီးရှိ ဒေသအခေါ် ဖလောင်းမြောင်လျှိုအရောက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်ကိုယ်စားပြုဆီးဂိမ်းလက်ရွေးစင်များယခုထိပြည်နယ်အစိုးရထံမှထောက်ပံ့ချီးမြှင့်ငွေမရ NOM၊ဇန်နဝါရီ၁၂၊၂၀၂၆ ဆီးဂိမ်းပြီးဆုံးသော်လည်းကချင်ပြည်နယ်မှနိုင်ငံ့ဂုဏ်ဆောင်အားကစားသမား၂၁ဦးသည်ပြည်နယ်အစိုးရမှပေးသည့်ထောက်ပံ့ကြေးငွေမရရှိသေးကြောင်းသိရသည်။ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ခုကထောက်ပံ့ကြေးငွေများကိုဆီးဂိမ်းမသွားမီပေးအပ်ချီးမြှင့်ခဲ့သော်လည်းကချင်ပြည်ကိုယ်စားပြုလက်ရွေးစင်ကစားသမားများအနေဖြင့် ဆီးဂိမ်းပြီးသည့်ယခုထိချီးမြှင့်ထောက်ပံ့ငွေမရရှိသေးသည့်အပေါိလက်ရွေးစင် များကမေးမြန်းလျက်ရှိကြောင်းသတင်းရရှိသည်။

မေတ္တာနဲ့ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ စကားက တကယ်တော့ ပလောင် TNLA နဲ့ မတန်ဘူး။ ----- ပလောင်ဟာ သမိုင်းကြောင်းအရ မန်တုံနဲ့ နမ့်
မေတ္တာနဲ့ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ စကားက တကယ်တော့ ပလောင် TNLA နဲ့ မတန်ဘူး။ ----- ပလောင်ဟာ သမိုင်းကြောင်းအရ မန်တုံနဲ့ နမ့်ဆန်ဒေသကို ခြေဥအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြုထားပြီးသား။ ဒေသခံ ပလောင်ကလည်း TNLA ကို ယုံကြည်ရင် ဒီဒေသမှာ ဘယ်ပါတီမှ တိုးမပေါက်ဘူး။ လက်ရှိ ရှမ်းမှာ ပအိုဝ့်က ‌သက်သေပဲ။ ----- ဒါကို စီးပွားရေးအရ ပြည်ထောင်စု လမ်းမပေါ်က မြို့တွေကို စုစည်းပြီး ပလောင်ပြည်နယ် လုပ်ချင်လာတာက ဇာတ်လမ်းစခဲ့တာ။ ဒီမြို့တွေကို သိမ်းပိုက်ထားချိန် ရှမ်းအမှတ်အသားတွေကို ဖျက်ပြီး ပလောင် ဇာတ်သွင်းဖို့ သူတို့ကိုယ်တိုင်ပဲ ကြိုးစားခဲ့တာ မဟုတ်ဘူးလား။ ဘာကို ခုမှ မေတ္တာနဲ့ အတူ ယှဉ်တွဲနေထိုင်ရေးတွေ လာယောင်နေတာတုန်း။ ဒီမြို့တွေက ဆေးရုံသုံးပစ္စည်းတွေ ခိုးသွားခဲ့တာလည်း ပလောင်တွေပဲ မဟုတ်ဘူးလား။ ---- ဒီကြားထဲ ကြားညှပ်ခဲ့တာက ဗမာ ပဒက် ငပိန်းတွေပဲ။ ကိုးကန့်နဲ့ ပလောင်က နွေဦးတော်လှန်ရေးဆိုတဲ့ လှိုင်းကို အလိုက်သင့် စီးသွားခဲ့တာ လို့ ပြောလို့ရတယ်။ ခု တပ်နဲ့ အပစ်အခတ်တွေ သဘောတူညီချက်အရပေးလိုက်ရတဲ့ မြို့တွေကို ကနဦးရဖို့ ဗမာ PDF တွေ အသက် ဘယ်လောက် ရင်းခဲ့ကြသလဲဆိုတာ သူတို့ ကိုယ်တိုင်အသိဆုံးပဲ။ မိုးကုတ်၊ မိုးမိတ် ပြန်ပေးရလည်း ပလောင် အတွက်က ဘာအရေးလဲ။ နဂိုကတည်းက သူတို့အပိုင်မှ မဟုတ်တာ။ မြို့ပျက်သွားလည်း သူတို့ အပူမှ မရှိတာ။ ခု နမ့်ဆန်မှာ ပလောင်က ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေပြီ။ အညာကသာ ပွဲပျက်နေတုန်းမဟုတ်လား။ ----- နိုင်ငံရေးဟာ "အ" သူခံ၊ လည်သူ "စံ" ပါပဲ။ (နရီမိုး)

ကြိုတင်မဲရေတွက်သည့်အခါ ကိုယ်စာလှယ်လောင်းများ ဖိတ်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ဟု သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော NOM၊ဇန်နဝါရီ၁၂၊၂၀၂ ကြိုတင်မဲရေတွက်သည့်အခါ ကိုယ်စားလှယ်လောင်းများ အားလုံးဖိတ်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ကြောင်းကို၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကယခုလိုပြန်လည်ဖြေကြားခဲ့သည်။ အထွေးထွေးရွေးကောက်ပွဲအပိုင်း(၁)တွင်ကြိုတင်မဲနှင့်ပတ်သက်ပြီး ပွင့်လင်မြင်သာမှုမရှိသည့်အတွက်နိုင်ငံရေးပါတီများဖြစ်သည့် ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ပြည့်သူပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီတို့မှ နိုင်ငံ တော်ယာယီသမ္မတထံ ဇန်နဝါရီ ၁ရက်နေ့က စာပို့ခဲ့ကြောင်းသိရသည်။ "ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေက ဗိုလ်ချုပ် မှူးကြီးကို တင်ပြတောင်းခံထားတာတွေရှိပါတယ် ဒါကတော့ ကော်မရှင်ရဲ့ကိစ္စပါ ကော်မရှင်ကလုပ်ပါလိမ့်မယ် အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့ပြောနေကြတာကကြိုတင်မဲရေတွက်တဲ့အခါမှာကိုယ်စား လှယ်တွေ အကုန်လုံးမဖိတ်ဘူးလို့ပြောကြတယ် အမှန်တော့ဖိတ်ပါတယ် ကိုယ်စားလှယ်တွေက မလာကြတာပါ ကျွန်တော်တို့ကကွယ်ဝှက်ပြီးလုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာစွာပဲလုပ်ရတာပါ"ဟုအမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြန်လည်ဖြေကြားခဲ့သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချို့ယွင်းချက်များလည်း ရှိကောင်းရှိနိုင် ကြောင်း ရှိခဲ့ပါကလည်း ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုက်ရိုက်ဖြေရှင်းနိုင်သည့်အပြင် ကော်မရှင် ကလည်း အားလုံးကိုပွင့်လင်းမြင်သာစွာသူတို့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။

RIA သတင်းဌာန​က ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ် S-300 သည် ယူကရိန်းစစ်မြေပြင်တွင် အမေရိကန်ထုတ် F -16 တိုက်လေယာဉ်တစ်စီးကို ပစ်ချ
RIA သတင်းဌာန​က ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ် S-300 သည် ယူကရိန်းစစ်မြေပြင်တွင် အမေရိကန်ထုတ် F -16 တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇮🇷❗️အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Arakchi က အာဏာပိုင်များအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြမှုများကို ထိန်းချုပ်နိုင်ပြီဟု ပြောကြား News Of Myanmar NOM

ဇန်နဝါရီလ၁၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်အကြမ်းဖက်AAနှင့်အကြမ်းဖက်ARSAကြားတိုက်ပွဲများပြင်းထန်နေသဖြ
+3
ဇန်နဝါရီလ၁၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်အကြမ်းဖက်AAနှင့်အကြမ်းဖက်ARSAကြားတိုက်ပွဲများပြင်းထန်နေသဖြင့်ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ကိုနတ်မြစ်တစ်လျောက်တပ်လှန့်ထားသည်။(ဓါတ်ပုံ) ၂။လက်ဘနွန်တောင်ပိုင်းရှိဟဇ်ဘိုလာလက်နက်တိုက်များကိုအစ္စရေးကလေကြောင်းမှ၂၅ကြိမ်တိုက်ခိုက်သည်။(ဗီဒီယို) ၃။အီရန်သို့စတားလင့်ဂြိုဟ်တုဖမ်းစက်များပေးပို့နေသောအီလွန်မတ်ခ်ကို​ပြောဆိုမည်ဟုအမေရိကန်သမ္မတထရမ့်ကပြောသည်။ ၄။တရုတ်ကဂျပန်သို့မြေရှားသတ္ထုများရောင်းချမှုကိုတင်းကြတ်လိုက်သည့်အတွက်ဂျပန်သုတေသနသင်္ဘောသည်တိုကျို၏အရှေ့တောင်ဖက်ကီလို၁၉၀၀အကွာရှိ မီနာမိတိုရီကျွန်းအနီးပင်လယ်ရေအောက်မှမြေရှားသတ္ထုပါသောရွှံ့များကိုဆယ်ယူခဲ့သည်။(ဓါတ်ပုံ) ၅။အီရန်တွင်အစိုးရကိုဆန္ဒပြမှုအတွင်းလုံခြုံရေးတပ်များကပစ်ခတ်သဖြင့်​သေဆုံးသူတို့၏အလောင်းများကိုမိသားစုများလာရောက်ယူနိုင်ရန်ဆေးကုသရေးစင်တာရှေ့တွင်ပြသထားသည်။(ဗီဒီယို)

ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း အနိုင်ရရှိ
+6
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း အနိုင်ရရှိ

Repost from NOM
+5
အီရန်နိုင်ငံက မြို့ကြီးတွေဖြစ်တဲ့ Arak၊ Brijand ၊ Ardebil ၊ Kerman၊ Iranian Azerbaijan နဲ့ အခြားမြို့တွေမှာ အစိုးရထောက်ခံဆန္ဒပြပွဲတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ လူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ Rasht မြို့မှာဆိုရင် ဆူပူအကြမ်းဖက်ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ ဈာပနအခမ်းအနားမှာ ထောက်ခံသူအများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ NOM

Repost from NOM
“ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် အီရန်ခေါင်းဆောင်တွေက မနေ့က တောင်းဆိုခဲ့ပေမယ့် ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲဖြစ်ပါစေ တိုက်ခိုက်နိုင်ပါတယ်” – ဒေါ်နယ်ထရမ့် NOM

ဒုတိယ အကြိမ် ရွေးကောက်ပွဲမှာ ရန်ကုန် လသာ မြို့နယ်က ပါတဲ့ ဒေါ်စန္ဒာမင်း လည်း ရွေးကောက်ပွဲ ရှုံးနိမ့်တယ်ဆိုပြီး ထုတ်ပြောလာခဲ့တယ်။ ---- လသာမှာ USDP အပြင် တစညက ဝင်ပြိုင်တဲ့ ဒေါက်တာ တို့ဆိုရင်လည်း လူတော်တွေ ပါပဲ။ ပဲပေးခွင့်ရှိသူ ၁၇၀၀၀ မှာ ၆၇၆၀ ပဲ မဲ လာပေးကြတယ်လို့လည်း ဆိုတယ်။ ------ တကယ်တော့ No Vote အားကောင်းခဲ့တာလို့ သတ်မှတ်လို့ရတယ်။ နောက်တစ်ခုက ဒီလူတွေက ပါတီပြောင်းတွေ။ ဒေါက်တာ သက်သက်ခိုင်တို့ ၊ ဒေါ်စန္ဒာမင်းတို့ ၊ ကိုကိုကြီး တို့ ၊ ဒီလူတွေကို နီပေါ မိသားစုက NLD ပါတီကို ကန်ထွက်ကြသူတွေလို့ မြင်ကြတာ။ တဖက်ကြပြန်တော့လည်း USDP မကြိုက်ရင် မဲ အနည်းအကျင်းတော့ ရမှာပဲ ဆိုတဲ့ အတွေး မျှော်လင့်ချက် ရှိကောင်း ရှိနိုင်တာပေါ့။ ------ NLD မရှိတော့တဲ့ ခေတ်မှာ USDP က ပါတီကြီး တစ်ခု ဆိုတာ ငြင်းမရဘူး။ ဒီကြားထဲ ဒီ ၄ နှစ်တာကာလမှာ တခြားပါတီ ဝင်တွေထက် ပိုပြီး ဒုက္ခ ပေါင်းစုံ ခံစားခဲ့ကြရတာတွေလည်း ရှိတယ်။ အထူးသဖြင့် အညာဒေသတွေ။ ရွေးကောက်ပွဲ ကာလ အနီ၊ အစိမ်း ပြဿနာက ရွေးကောက်ပွဲအလွန် လက်နက်တွေ ထကိုင်ကြတဲ့ အခါ မင်းကင်းဘက်က အစိမ်းရွာတွေ၊ ဂန့်ဂေါဘက်က ဘုလက် လှဆွေ ကို ထောက်ခံကြတဲ့ အစိမ်းရွာတွေမှာ ဒီပြဿနာကို ကြံ့ကြံ့ခံပြီး ရင်ဆိုင် ဖြေရှင်း ခဲ့ကြရတယ်။ ခုထိလည်း ဖြေရှင်းနေကြရတုန်း။ ------ ဒီတော့ ဒီကာလမှာ USDP ကို ထည့်သမျှ မဲဟာ ပါတီကို ယုံကြည်သူတွေရဲ့ ဆန္ဒမဲ အစစ်အမှန် ဖြစ်သလို No vote ကာလမှာ ၁၅၀၀ လောက် ရတဲ့ ဒေါ်စန္ဒာမင်းရဲ့ မဲ ဟာလည်း တကယ် အပြောင်းအလဲကို ယုံကြည်လို့ တသီးပုဂ္ဂလကိုပေးတဲ့ မဲ စာရင်း အစစ်ပဲ။ ------ Check and Balance လိုချင်လို့ လွှတ်တော်ထဲမှာ အတိုက်အခံကောင်းတွေ ရှိဖို့ လိုတာမှန်ပေမယ့် အစိုးရ ဖွဲ့နိုင်ကြတဲ့ ပါတီကလည်း ပြည်သူ့အကျိုးပဲ ရှေ့ရှု ဆောင်ရွက်ရင်၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒေသအကျိုးကိုပဲ စိတ်ရင်း မှန်မှန် ဆောင်ရွက်ရင် ပြဿနာ သိပ်မရှိဘူးလို့ မြင်ပါတယ်။ မြန်မာပြည်မှာ လက်ချိုးရေလို့ရတဲ့ နိုင်ငံရေးသမားတွေကို နစက ဖွဲ့စည်း စဉ်ကလို နေရာ ပေးနိုင်ရင်လည်း အမြင်တွေ မကျဉ်းမြောင်းတော့ဘူးပေါ့။ အနည်းဆုံး အစိုးရ သွားချင်တဲ့ ပေါ်လစီကို တီးမိခေါက်မိတဲ့အခါ အကန်တွေ မဖြစ်တော့ဘူးပေါ့။ ဒါက အစိုးရဖွဲ့နိုင်မယ့် ပါတီရဲ့ ရည်ရှည် မျှော်တွေးမှုနဲ့လည်း သက်ဆိုင်နေမှာပါ။ ------ အတိုက်အခံ ရာထူးယူပြီး မျက်နှာလို မျက်နှာရ အကုန် လိုက်ကန့်ကွက်နေတာထက်စာရင် တိုင်းပြည်အကျိုးကို အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ ယဉ်‌ေကျးမှု အလေ့အထကိုပဲ မွေးမြူသင့်တာလို့ မြင်ပါတယ်။ (နရီမိုး)

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တိုက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နွေစပါးအပါအဝင် နွေသီးနှံစိုက်ပျိ
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တိုက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နွေစပါးအပါအဝင် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး ဇန်နဝါရီ ၁၁၊ ၂၀၂၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သရက်ချောင်းနှင့် အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်စီမံကိန်း 900 KW On-Grid and Off-Grid ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြင်ရေတင်မှ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ တာဝန်ရှိသူများက စီမံကိန်းရှင်းလင်းဆောင်၌ အထက်စု(မြစ်ကျိုး) မြစ်ရေတင်လုပ်ငန်း၊ သရက်ချောင်းမြစ်ရေတင် လုပ်ငန်းနှင့်အောက်စု(မြစ်ကျိုး) မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆိုလာစနစ်မှ ရရှိလာသော စွမ်းအင်များကို ရေတင်စိုက်ဧကများကို ရေပေးဝေခြင်းအပြင် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက်ပါ စွမ်းအားပြည့်အကျိုးရှိစွာ သုံးစွဲနိုင်‌ရေး စီမံဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ် သုံးစွဲနိုင်ရေးနှင့် အခြေအနေပေးသည့် ဒေသများတွင် လျှပ်စစ်/ဆိုလာ မြစ်ရေတင်လုပ်ငန်းဖြင့် ရာသီအလိုက်နွေစပါးနှင့် နွေသီးနှံသီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရေလှည့်စနစ်ဖြင့် အသုံးပြု၍ စိုက်ပျိုး‌ရေကို အလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ဒေသခံတောင်သူများကို အသိပညာပေး၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ တိုက်ကြီးမြို့နယ်ရှိ အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ အကျိုးပြု ဧက ၁၈၀၀ ခန့်၊ အောက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ အကျိုးပြု ဧက ၁၂၀၀ ခန့်နှင့် သရက်ချောင်း မြစ်ရေတင်လုပ်ငန်းမှလည်း အကျိုးပြုဧက ၁၅၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီး ရေပေးမြောင်းများအလိုက် ရေစီမံခန့်ခွဲမှု စနစ်ဖြင့် ရေစမ်းသပ်မောင်းနှင်၍ စိုက်ပျိုး ရေပေးဝေခြင်းနှင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ဆွေးနွေးမှာကြား ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးဇုန် ရေရရှိနိုင်ရေးအတွက် တည်ဆောက်ထားသည့် သနပ်ချောင်း လျှိုပိတ်တမံရေသိုလှောင်ထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ထို့နောက် တဘူးလှဆည် ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးရေပေးဝေနေသော လက်တံမြောင်းများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေသီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခင်နှစ်ကထက်ပိုမိုလျာထား စိုက်ပျိုး‌နေမှုအပေါ် ရေလုံလောက်စွာပေးဝေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။ တဘူးလှ ဆည်ရေသောက်စနစ်တွင် လက်ယာရေသောက် စနစ်မှအသုံးပြုပြီး ပိုလျှံကျဆင်း လာသောရေများသည် ဥက္ကံသကြားစက် ကားလမ်းဘေး ဝဲ / ယာရှိ ရေနုတ်မြောင်းများအတွင်းသို့ ရောက်ရှိလာသဖြင့် ရေထိန်းရေမြင့်အဆောက်အအုံ ၁၃ ခုတည်ဆောက်၍ အနီးဝန်းကျင် ရှိ လယ်မြေ ၂၃၇၇ ဧကကို ပြန်လည်ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ၎င်းဧကများ အပါအဝင် ရေသောက်စနစ် တစ်ခုလုံးအနေဖြင့် နွေစပါး ၂၉၉၄၉ ဧကနှင့် နွေအခြားသီးနှံ ၁၃၀၃ ဧက စုစုပေါင်း ၃၁၂၅၂ ဧက ကို စိုက်ပျိုးရေပေး‌ဝေရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Repost from NOM
အီရန်အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့တွေဟာ ဆူပူအကြမ်းဖက်ဆန္ဒပြခေါင်းဆောင်တွေကို နိုင်ငံအတွင်း ရှာဖွေနှိမ်နှင်းနေကြတာ ဖြစ်ပါတယ်။ NOM

ကြည်မြင်တိုင်မြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော်နေရာကို တစ်သီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်ဇောတိကဦးခင်လှိုင် အနိုင်ရ NOM၊ဇန်နဝါရီ၁၂၊၂၀၂၆ ကြည်မြင်တိုင်မြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော်နေရာကို တစ်သီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်ဇောတိကဦးခင်လှိုင်မှ မဲ၁၅၀၀၀ကျော်ဖြင့် အနိုင်ရရှိ ခဲ့ပြီးယနေ့ ဇန်နဝါရီ၁၂ ရက်တွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင်လက်မှတ်ရေထိုးခဲ့သည့်ဟု ဇောတိကဦးခင်လှိုင်ကပြောသည်။ ဇောတိကဦးခင်လှိုင်သည် ယခင်လည်း တစ်သီးပုဂ္ဂလဖြင့်ရွေးကောက်ပွဲကြီး၃ကြိမ်၊ ကြားဖြကရွေးကောက်ပွဲ၃ကြိမ်၊ စည်ပင်ရွေးကောက်ပွဲနှစ်ကြိမ်၊စုစု ပေါင်း၈ကြိမ်ဝင်ရောက် ပြိုင်ခဲ့ရာ စည်ပင်ရွေးကောက်ပွဲနှစ်ကြိမ်သာအနိုင် ရရှိခဲ့ပြီးအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်မှအနိုင်ရရှိခြင်းမရှိကြောင်းယခုရွေးကောက်ပွဲတွင်ပထမဆုံးအနိုင်ရရှိခဲ့ကြောင်းသိရသည်။ "အခုလို အနိုင်ရဖို့အတွက်ရှေ့မှာရှူံးခဲ့တာတွေအများကြီးပါဒီလိုရှူံးတာကိုလည်း ကျွန်တော်အားမလျော့ဘဲ ဒီတစ်မြို့နယ်ထဲမှာ တစ်စိုက်မက်မက်နဲ့လုပ်ခဲ့တာ တွေလည်းပါသလို စည်ပင်ရွေးကောက်ပွဲမှာ ၂ကြိမ်အနိုင်ရခဲ့စဥ်က ဆောင်ရွက်ခဲ့တာတွေကိုလည်းပြည်သူတွေက အခုထိနားလည်းခဲ့တဲ့အတွက်အခုရွေးကောက်ပွဲမှာ ပြည်သူတွေကကျွန်တော်ကို အများကြီးမဲထည့်ခဲ့တဲ့အတွက် အခုလိုမျိုးအနိုင်ရခဲ့တာပါ"ဟုဇောတိကဦးခင်လှိုင်ကပြောသည်။ ရွေးကောက်ပွဲအပိုင်း၂တွင်ပါဝင်သည့်ကြည်မြင်တိုင်မြို့နယ်တွင်မဲပေးသူ ၂၅၀၀၀ကျော်ရှိခဲ့ပြီး ဇောတိကဦးခင်လှိုင်ကမဲ၁၅၀၀၀ကျော်ရရှိပြီးပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စာလှယ် လောင်းကမဲ၄၀၀၀ကျော်သာရရှိခဲ့ကြောင်းသိရသည်။

မွတ်စလင်တွေကို မပြောသင့်တဲ့စကားနဲ့ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ချင်းလူမျိုး တစ်ကောင် မှိုင်းဝေ
မွတ်စလင်တွေကို မပြောသင့်တဲ့စကားနဲ့ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ချင်းလူမျိုး တစ်ကောင် မှိုင်းဝေ

Repost from NOM
အီရန်ဟာ တရားစီရင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လိုက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အဓိကရုဏ်းဦးဆောင်သူတွေ ပထမအသုတ်ကို လာမယ့
အီရန်ဟာ တရားစီရင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လိုက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အဓိကရုဏ်းဦးဆောင်သူတွေ ပထမအသုတ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝတ်ပြုပြီးနောက် မသေမချင်း ကြိုးကွင်းစွပ် ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။ ကွပ်မျက်မှုအချို့ကို အစ္စလာမ်ဥပဒေများအရ အများပြည်သူရှေ့မှောက်မှာ စီရင်နိုင်တယ်လို့လည်း ဆိုပါတယ်။ NOM