ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 447 مشتركاً، محتلاً المرتبة 15 917 في فئة الأخبار والوسائط والمرتبة 10 085 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 447 مشتركاً.

بحسب آخر البيانات بتاريخ 04 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -222، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.33‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.47‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 912 مشاهدة. وخلال اليوم الأول يجمع عادةً 805 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 447
المشتركون
-1024 ساعات
-347 أيام
-22230 أيام
أرشيف المشاركات
Repost from NOM
“အိမ်နီချင်းနိုင်ငံတွေက ကျနော်တို့နဲ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ နယ်မြေ၊ လေပိုင်နက် ဒါမှမဟုတ် ရေပိုင်နက်တွေကို အီရန်ကို
“အိမ်နီချင်းနိုင်ငံတွေက ကျနော်တို့နဲ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ နယ်မြေ၊ လေပိုင်နက် ဒါမှမဟုတ် ရေပိုင်နက်တွေကို အီရန်ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုမယ်ဆိုရင် ရန်လိုတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်မှာပါ၊ ဒီသတင်းစကားကို ဒေသတွင်းအဖွဲ့အစည်းတွေဆီ ပေးပို့ထားပါတယ်” - အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်ကွန်မန်ဒါ Alireza Tangsiri NOM

🇮🇷⚔️ 🇺🇸"အမေရိကန်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဒေသတွင်းမှာ တပ်အင်အား မလုံလောက်တာနဲ့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် မရှင်းလင်းသေးတာကြောင့် နောက်ဆုံးအချိန်မှာပဲ အဆိုပါတိုက်ခိုက်မှုကို ရပ်ဆိုင်းလိုက်ရပါတယ်" လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စအားလုံးထဲမှာ အရေးကြီးဆုံးအချက်ကို မလျစ်လျူရှုနိုင်ပါဘူး။ အဲဒီအချက်က စစ်ဆင်ရေးကို နောက်ရွှေ့ဖို့ ဆုံးဖြတ်စေခဲ့တဲ့ အရေးကြီးဆုံး အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်ညမှာ အီရန်က သူ့ရဲ့ လေကြောင်းပိုင်နက်(airspace) ကို ပိတ်လိုက်ပါတယ်။ အဲဒါက တိုက်ခိုက်မှုတစ်ခု လာမယ်ဆိုတာကို သူတို့ သိထားပြီးသား ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တိုက်ခိုက်မှု မလွဲမသွေ ဖြစ်လာတော့မယ်ဆိုတာကို ၁၀၀% ယုံကြည်စေတဲ့ အချက်အလက်များ (signals) ကို သူတို့ ရရှိထားတာကြောင့်သာ လေပိုင်နက်ကိုပိတ်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်က ၁၂ ရက်ကြာ အီရန်-အစ္စရေးစစ်ပွဲ အချိန်ထက် (အဲဒီတုန်းကတော့ လုံးဝမမျှော်လင့်ထားဘဲ NOTAM တစ်ခုတောင် မထုတ်ခဲ့တဲ့ အချိန်) အခုအချိန်မှာ အီရန်ဟာတိုက်ခိုက်မှုအတွက် ပိုပြီး အသင့် ဖြစ်နေပြီဆိုတာကို ပြသနေပါတယ်။ ဒီတစ်ခါမှာတော့ ရန်သူရဲ့ စီမံချက်ကို အကောင်အထည်ဖော်မလုပ် ခင်တင် အီရန်က ကြိုတင်သိရှိသွားနိုင်ခဲ့ပြီး၊ ဒါက ထရမ့်က စစ်ဆင် ရေးကို နောက်ရွှေ့ဖို့ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့တယ်လို့ ထင်ရပါတယ်။ အမေရိကန်က တိုက်ခိုက်ရေးအစီအစဉ်ကို လျှို့ဝှက်ထားနိုင်ပြီး မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် အင်အားနည်းနည်းပဲ လိုအပ်မယ်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အီရန်ဘက်က စောင့်ကြည့်နေပြီး ပြင်ဆင်ပြီးသား ဖြစ်တာကို သိတဲ့အတွက် အမေရိကန်အနေနဲ့တိုက်ခိုက်မှု အောင်မြင်ဖို့ စစ်အင်အားပိုမိုလိုအပ်လာတာ ဖြစ်ပါတယ်။ - အရှေ့အလယ်ပိုင်းအရေးလေ့လာသုံးသပ်သူတစ်ဦး​၏ သုံးသပ်ချက် News Of Myanmar NOM

အမေရိကန်တွင်နှင်းမုန်တိုင်းကြောင့်၃၀ဦးသေဆုံး NOM အမေရိကန်နိုင်ငံရှိ ပြည်နယ်များစွာကို ထိခိုက်ခဲ့သော ပြင်းထန်သည့် နှင်းမုန်တိ
အမေရိကန်တွင်နှင်းမုန်တိုင်းကြောင့်၃၀ဦးသေဆုံး NOM အမေရိကန်နိုင်ငံရှိ ပြည်နယ်များစွာကို ထိခိုက်ခဲ့သော ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် လူအနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ သေဆုံးသူများအနက် နှင်းဖယ်ရှားရေး ယာဉ်များက တိုက်မိ၍ သေဆုံးသူ ၂ ဦး ပါဝင်သလို၊ နှင်းလျှောကစားနေစဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော လူငယ်များလည်း ရှိသည်။ ထို့အပြင် ကန်းဆက် ပြည်နယ်တွင် နှင်းထဲမှ ကိုယ်ခန္ဓာအလောင်း တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ နယူးယောက်ပြည်နယ်တွင် အပတ်ကုန်အတွင်း လမ်းမပေါ်တွင် အေးခဲသေဆုံးခဲ့သော လူ ၈ ဦးကို တွေ့ရှိခဲ့သည်။

ရှဟက်၁၃၆/ဂါရန်၂အသေခံဒရုန်း NOM မူလတီထွင်သည့်နိုင်ငံမှာအီရန်ဖြစ်ပြီးအီရန်ကရှဟက်၁၃၆အမည်ဖြင့်ထုတ်လုပ်ကာရုရှားကဂါရန်၂အမည်ဖြင့်ထုတ
ရှဟက်၁၃၆/ဂါရန်၂အသေခံဒရုန်း NOM မူလတီထွင်သည့်နိုင်ငံမှာအီရန်ဖြစ်ပြီးအီရန်ကရှဟက်၁၃၆အမည်ဖြင့်ထုတ်လုပ်ကာရုရှားကဂါရန်၂အမည်ဖြင့်ထုတ်လုပ်သည့်အသေခံဒရုန်းဖြစ်သည်။အကွာအဝေးမိုင်၁၆၀၀အထိသွားရောက်တိုက်ခိုက်နိုင်ပြီးအင်ဂျင်သည်ပစ္စတင်အင်ဂျင်ဖြစ်ကာAI ဥာဏ်ရည်တုစနစ်ဖြင့်မောင်းနှင်သည်။GNSS/INS ဂြိုဟ်တုလမ်းညွှန်စနစ်အသုံးပြုပြီးပစ်မှတ်ကိုတိကျစွာတိုက်ခိုက်နိုင်သည်။ဒရုန်းသည်အ တောင်နှစ်ဖက်အထိအလျား၈.၂ပေ၊ကိုယ်ထည်အရှည်၁၁ပေရှိသည်။ပေါက်ကွဲစေသည့်ထိပ်ဖူးအ လေးချိန်၁၁၀ပေါင်တပ်ဆင်ထားသည်။တစ်နာရီလျင်၁၁၅မိုင်နှုန်းပျံသန်းနိုင်သည်။ စျေးကွက်တွင်တစ်စင်းလျင်ဒေါ်လာ၁၉၃၀၀၀ဖြစ်ပြီးထုတ်လုပ်မှုကုန်ကျစရိတ်မှာတစ်စင်းလျင်ဒေါ်လာတစ်သောင်းမှငါးသောင်းကြားရှိသည်။ယူကရိန်းစစ်တွင်ရုရှားကတွင်ကျယ်စွာအသုံးပြုနေပြီး၂၀၂၅ခုနှစ်ဒီဇင်ဘာလတွင်ရှဟက်၁၃၆နှင့်ချွတ်စွပ်တူသောလူးကပ်စ်ဒရုန်းကိုအမေရိကန်ကထုတ်လုပ်ခဲ့သည်။

🇮🇷🚀🇮🇱🇺🇸 "အီရန်က သင်တို့ (ဘုရင်ကြီးထရမ့်နဲ့ ဇီယွန်ဝါဒီဝန်ကြီးချုပ် နေတန်ယာဟု) ပြုလုပ်တော့မယ့် မိုက်မဲတဲ့အမှားကြီးကို စောင့်နေပါတယ် ပြီးရင်တော့ အီရန်က ဘုရားသခင်ရဲ့အလိုတော်အရ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲဲ့ အမေရိကန်စခန်းတွေကို ငရဲမီးရွာချပစ်ပါလိမ့်မယ်" - အီရန်တော်လှန်ရေးအစောင့်တပ်လက်အောက်ခံတယ်လီဂရမ်သတင်းချန်နယ်တစ်ခုကကြေညာလိုက်သည့် ရာဇသံ (ဗီဒီယို) - အီရန်-အစ္စရေး ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်က အစ္စရေးနိုင်ငံရှိ ပစ်မှတ်များကို ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များသည် ငရဲမီးရွာချနေသည့်အလား အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက်နေမှုများ News Of Myanmar NOM

အသက် (၂၃) နှစ်အောက်လူငယ်များကို ပြည်ပသို့သွားလာခွင့်ပြုပြီးနောက် ခြောက်လအတွင်း ယူကရိန်းနိုင်ငံသား ၅၀၀,၀၀၀ ကျော်သည်နိုင်ငံမှ ထွက်ခွာသွားကြောင်း ယူကရိန်းလွှတ်တော်အမတ် နာဂေါ(န်)ရက် ကပြောကြားခဲ့သည်။ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆

ရထားတွဲအောက်တွင် ပုန်းခိုနေသည့် ယူကရိန်းစစ်သားတစ်ဦးကို ရုရှားဒရုန်းတပ်ဖွဲ့မှ အသေခံဒရုန်းဖြင့်သုတ်သင်သည့် ဗီဒီယို NOM

ညောင်ကျိုး၊ လေလာတောင်ဒေသရှိ အကြွင်းအကျန် ဆေးကြောင်သူပုန်များအား ချေမှုန်းခြင်း (27-1-2026)။ - တိုက်ပွဲသတင်းစုံ

ယူကရိန်းစစ်မြေပြင်၊ ခါကော့(ဗ်)ဒေသအရပ်၊ အော့(စ်)ကို(လ်)မြစ် ဘယ်ဘက်ခြမ်းရှိ သစ်တောများအတွင်း၌ ယူကရိန်းဘန်ကာများ၊ ယူကရိန်းစစ်သားများခိုလှုံရာနေရာများနှင့် လက်နက်ကြီး (သို့) လက်နက်ငယ်များပစ်ခတ်ရာနေရာများကို ရုရှားအမှတ် (၁) အစောင့်တင့်ကားတပ်မတော်၏ လေကြောင်းကင်းထောက်အဖွဲ့များကတွေ့ရှိခဲ့ပြီးနောက် FPV ဒရုန်းများနှင့် အကြီးစားမောင်းသူမဲ့ဒရုန်းများဖြင့် Drop Bomb ဗုံးများပစ်ချတိုက်ခိုက်နေသည့် ဗီဒီယို NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆

ဇန်နဝါရီလ၂၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်တော်လှန်ရေးအစောင့်တပ်သည်ကီလို၉၀မှကီလို၁၀၀၀အထိပစ်ခတ်နိုင်သောသင်္ဘောဖျက်ဒုံးကျည
+3
ဇန်နဝါရီလ၂၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်တော်လှန်ရေးအစောင့်တပ်သည်ကီလို၉၀မှကီလို၁၀၀၀အထိပစ်ခတ်နိုင်သောသင်္ဘောဖျက်ဒုံးကျည်များကိုကမ်းရိုးတန်းတစ်​လျောက်နေရာချထားလိုက်သည်။(ဓါတ်ပုံ) ၂။မက္ကဆီကိုသည်ကျူးဘားသို့လောင်စာဆီတင်ပို့မှုရပ်ဆိုင်းလိုက်သည်။(ဓါတ်ပုံ) ၃။ယူကရိန်းနိုင်ငံအိုဒက်ဆာမြို့တွင်ယူကရိန်းစစ်တပ်ကိုပြန်လည်တိုက်ခိုက်မည့်မြေအောက်တပ်ဖွဲ့ကိုဖွဲ့စည်းလိုက်သည်။(ဗီဒီယို) ၄။ ဒေသတွင်းတင်းမာနေမှုများကြောင့်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည်ဗြိတိသျှလူမျိုးများအီရတ်နိုင်ငံဘဂ္ဂဒက်သို့ခရီးမသွားရန်အီရန်နှင့်ထိစပ်နေသောကူဝိတ်နှင့်ဆော်ဒီနယ်စပ် ၅ကီလိုမီတာအတွင်းမသွားရန်သတိပေးချက်ထုတ်ပြန်လိုက်သည်။ ၅။နေတိုးအတွင်းရေးမှူးချုပ်ရူတီဖရပ်တီကဥရောပနိုင်ငံများသည်အမေရိကန်မပါပဲဥရောပကိုမကာကွယ်နိုင်ကြောင်းပြောလိုက်သည်။(ဗီဒီယို)

စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားက
+2
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

သတင်းမှား NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆
+1
သတင်းမှား NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လုပ်ငန်းစီမံကိန်းများအတွက် ဘဏ္ဍာငွေများကို စနစ်တကျ လျာထားတွက်ချက်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေအလွင့်မရှိအောင် သုံးစွဲကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို ပြည်သူလူထုနှင့်ပူးပေါင်း၍ တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာ တားဆီးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။ “နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုအရေးပါလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နိုင်ငံ၏အခြေခံအချက်အလက်များအပေါ်မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအဖြေရှာဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားထားပြီးဖြစ်၍ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါးကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံဖြစ်သည့် နေကြာကိုလည်း ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စားရေးကို အထောက်အကူပြုစေသည့် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငါး၊ ဝက်နှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကို ရရှိနိုင်မည်ဖြစ်ကြောင်း။ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ အခြေခံပညာအလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအအဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမကက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ၌ အတန်းတင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်သည့်အတွက် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းအားပေးဆောင်ရွက်ပေးကြစေလိုကြောင်း။ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အခြေခံပညာရေးဥပဒေနှင့် အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာရေးများမှ သင်ရိုးညွှန်းတမ်းများသည် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးစသည့် ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာကဲ့သို့သော သင်ကြားသင်ယူမှု ဘာသာစကားများကို မဖြစ်မနေ သင်ကြားပေးမှသာ အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေး နိုင်ရန် အထောက်အကူပြုရမည်ဖြစ်ကြောင်း။ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူရေးနှင့်ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဆိုပါ သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”ကို လမ်းညွှန်မှာကြားခဲ့သဖြင့် လိုက်နာအကောင်အထည်ဖော်ကြရန်လိုအပ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကျင်းပ နေပြည်တော် ဇန်နဝါရီ ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများအလျောက် စည်းကမ်းရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက်ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း။ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ်ပေါက်လာစေရေးတို့အတွက် အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့အခြေစိုက်သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာရှင်းလင်းပွဲများကျင်းပ၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်ဖော်ထုတ်၍ ထိရောက်သည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထားဝယ်မြို့နယ်၊ သစ်ခက်ချောင်းကျေးရွာတောင်ဘက် ၁ မိုင်ခန့် အကွာရှိ တောအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်နေသည့်လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၌ ထားဝယ်မြို့နယ်၊ သစ်ခက်ချောင်းကျေးရွာနေ မောင်မိုးဝသုန် (၁၇) နှစ်သည် သစ်ခက်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့် အကွာရှိ တောအတွင်းဝါးခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂ ဦး မြန်မာ - ထိ
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂ ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ
+9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၈၅)၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၉) နှင့် တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာနေ ဦးအောင်နိုင်ထွန်း (၄၅) နှစ်သည် ၎င်းခေတ္တပြောင်းရွှေ့နေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ ကြည်ကုန်းကျေးရွာမှ တံငါမြောက်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

ဇန်နဝါရီ ၂၇၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆေ
+1
ဇန်နဝါရီ ၂၇၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေပြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးလိုက်သည်။ NOM