😒🔥ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန်ပါတီဝင်တစ်ဦးဖြစ်သူ ကင်တပ်ကီပြည်နယ် လွှတ်တော်အမတ် သောမတ်စ် မက်ဆီ (Thomas Massie) နဲ့ သူ့ရဲ့ ဇနီးကို ထရုဆိုရှယ်မီဒီယာအကောင့်ကနေ အခုလိုရေးသားတိုက်ခိုက်ခဲ့ပါတယ်။
"လူအများက ပြောနေကြတာကတော့ သောမတ်စ် မက်ဆီဟာ လစ်ဘရယ်တစ်ယောက် ဖြစ်သွားပြီတဲ့။ သူ့ရဲ့ ဇနီးသစ် (သူတို့ရဲ့ အိမ်ထောင်ရေး သာယာပါစေ) ဟာ လက်ဝဲစွန်းရောက် တက်ကြွလှုပ်ရှားသူတစ်ယောက်လို့ ဆိုကြပါတယ်။ ဒီလက်ထပ်ပွဲက အရမ်းမြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့တာဆိုတော့ သူ ဘာထဲကို ရောက်သွားမှန်းတောင် သူကိုယ်တိုင် သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူဟာ လုံးဝကို ဆိုးဝါးပြီး အားကိုးလို့မရတဲ့ "ရီပတ်ဘလစ်ကန်" တစ်ယောက် ဖြစ်နေပါပြီ — RINO (အမည်ခံ ရီပတ်ဘလစ်ကန်) တစ်ယောက်၊ ဒါမှမဟုတ် အဲဒါထက်တောင် ပိုဆိုးနိုင်ပါတယ်!
လယ်သမားတစ်ဦးလည်းဖြစ်၊ စစ်ပွဲသူရဲကောင်းတစ်ဦးလည်းဖြစ်တဲ့ အက်ဒ် ဂါလိန်း (Ed Gallein) ဟာ မက်ဆီကို ယှဉ်ပြိုင်ဖို့ အရွေးချယ်ခံနေပါတယ်။ သူဟာ အရည်အချင်းမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်အတွက် သူ့ထက်သာတဲ့ ကိုယ်စားလှယ်လောင်း မရှိနိုင်ပါဘူး။ သောမတ်စ် မက်ဆီဟာ အမေရိကန်သမ္မတနဲ့ ရီပတ်ဘလစ်ကန်ပါတီအပေါ် လုံးဝသစ္စာမရှိဘူးဆိုတာကို သူ သိသွားတဲ့အတွက်ကြောင့် အခုလို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ မက်ဆီဟာ ကျွန်တော်တို့ဘက်ကနေ ဘယ်တော့မှ မဲမပေးဘဲ ဒီမိုကရက်တွေဘက်ကနေ အမြဲရပ်တည်နေသူပါ။
သောမတ်စ် မက်ဆီဟာ လုံးဝကို ပျက်စီးယိုယွင်းနေသူတစ်ယောက် ဖြစ်ပါတယ်။ သူ အကြီးအကျယ် ရှုံးနိမ့်သွားဖို့ ကျွန်တော်တို့ သေချာပေါက် လုပ်ဆောင်ရပါမယ်!" - လို့ရေးသားခဲ့ပါတယ်။
⚠️အောက်ကအချက်အလက်တွေကတော့ စာဖတ်ပရိသတ်အတွက် NOM အက်ဒမင်များက ထပ်မံရှာဖွေဘာသာပြန်ပေးထားတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က သောမတ်စ် မက်ဆီနဲ့ သူ့ရဲ့ ဇနီးကို ဝေဖန်တိုက်ခိုက်နေတဲ့ အကြောင်းရင်းများ-
သစ္စာရှိမှုနှင့် ပါတီတွင်း သဘောထားကွဲလွဲမှု
ထရမ့်က မက်ဆီကို
"အမည်ခံ ရီပတ်ဘလစ်ကန်" (RINO) လို့ ခေါ်ဆိုပြီး တိုက်ခိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ မက်ဆီဟာ ထရမ့်ရဲ့ အစီအစဉ်တော်တော်များများကို ကန့်ကွက်နေလို့ ဖြစ်ပါတယ်။
ဘတ်ဂျက်နှင့် အသုံးစရိတ်
ထရမ့်ရဲ့ အခွန်လျှော့ပေါ့ရေးနဲ့ အစိုးရအသုံးစရိတ် ဥပဒေကြမ်းတွေကို မက်ဆီက အစိုးရကြွေးမြီတက်လာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။
နိုင်ငံခြားရေးမူဝါဒ
အီရန်နျူကလီးယားစခန်းတွေကို တိုက်ခိုက်ဖို့ ထရမ့်မှာ အခွင့်အာဏာမရှိဘူးလို့ မက်ဆီက ပြောဆိုခဲ့သလို၊ ဗင်နီဇွဲလားမှာ စစ်ရေးအရ ပါဝင်ပတ်သက်တာတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) အမှုတွဲများ
ဒါဟာ မကြာသေးမီက ဖြစ်ပွားနေတဲ့ အဓိက ပဋိပက္ခတစ်ခုပါ။ မက်ဆီဟာ ဂျက်ဖရီ အက်ပ်စတိုင်းရဲ့ လိင်ကုန်ကူးမှုဆိုင်ရာ ဖိုင်တွဲတွေကို လူသိရှင်ကြား ချပြဖို့ တောင်းဆိုနေတဲ့အထဲမှာ ထိပ်တန်းက ပါဝင် နေပါတယ်။
ထရမ့်က ဒီကိစ္စကို "ဒီမိုကရက်တွေရဲ့ လုပ်ဇာတ်" လို့ ခေါ်ဆိုပေမယ့်မက်ဆီကတော့ ဒါဟာ လုပ်ဇာတ်မဟုတ်ကြောင်းနဲ့ အချက်အလက်တွေ အကုန်ထုတ်ပြဖို့ ဖိအားပေးနေပါတယ်။
မက်ဆီရဲ့ ဇနီးကလည်း ဒီဖိုင်တွဲတွေကို ထုတ်ပြန်ဖို့ တိုက်တွန်းတဲ့အထဲမှာ ပါဝင်နေတယ်လို့ ယူဆရတဲ့အတွက် ထရမ့်က သူမကို
"လက်ဝဲစွန်းရောက် တက်ကြွလှုပ်ရှားသူ" လို့ သမုတ်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွင်း အားပေးမှု
မက်ဆီဟာ ၂၀၂၄ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးချယ်ပွဲတုန်းက ထရမ့်ကို အားမပေးဘဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး
ရွန် ဒီဆန်းတစ် (Ron DeSantis) ကို ထောက်ခံခဲ့ပါတယ်။ ဒါကို ထရမ့်က သစ္စာဖောက်မှုလို့ သတ်မှတ်ထားပါတယ်။
နိုင်ငံရေးအရ အစားထိုးလိုခြင်း
ထရမ့်ဟာ မက်ဆီကို လာမယ့် ၂၀၂၆ ရွေးကောက်ပွဲမှာ ရှုံးနိမ့်စေချင်ပါတယ်။ ဒါကြောင့် မက်ဆီရဲ့ ပြိုင်ဘက်ဖြစ်သူ
အက်ဒ် ဂါလိန်း (Ed Gallrein) ကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားပြီး မက်ဆီဟာ ပါတီအတွက် အကျိုးမရှိသူဖြစ်ကြောင်း ပုံဖော်နေတာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် မက်ဆီဟာ ထရမ့်ရဲ့ မူဝါဒတွေကို အမြဲတမ်းလိုလို ကန့်ကွက်နေတာ၊ အက်ပ်စတိုင်းအမှုတွဲတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာနဲ့ အရင်က တခြားပြိုင်ဘက်ကို အားပေးခဲ့တာတွေကြောင့် ထရမ့်က သူ့ကိုရော သူ့ဇနီးကိုပါ အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။
News Of Myanmar NOM