ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 484 مشتركاً، محتلاً المرتبة 15 956 في فئة الأخبار والوسائط والمرتبة 10 069 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 484 مشتركاً.

بحسب آخر البيانات بتاريخ 26 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -236، وفي آخر 24 ساعة بمقدار 1، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.67‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.62‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 208 مشاهدة. وخلال اليوم الأول يجمع عادةً 702 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 27 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 484
المشتركون
+124 ساعات
-317 أيام
-23630 أيام
أرشيف المشاركات
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး ဒဏ်ရာရ NOM
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး ဒဏ်ရာရ NOM

မိန့်ခွန်းစာမှာ မပါတဲ့ ရင်ထဲက ခံစားချက်တွေကို ဖွင့်ချသွားတဲ့ ဗိုလ်ချူပ်မှူးကြီး 🫡🫡🫡

အကြမ်းဖက်အဖွဲ့များ​၏ ရက်စက်မှုကြောင့် သံဃာတော်နှင့် ပြည်သူများထိခိုက်ဒဏ်ရာရ NOM
အကြမ်းဖက်အဖွဲ့များ​၏ ရက်စက်မှုကြောင့် သံဃာတော်နှင့် ပြည်သူများထိခိုက်ဒဏ်ရာရ NOM

ဘုရင်ကြီး ထရမ့်နှင့် ၎င်း​၏စစ်ဝန်ကြီး ပိ(ထ်) ဟက်ဂ်ဆက်(သ်) တို့က အီရန်နိုင်ငံစစ်ရှုံးနေပြီဖြစ်ကြောင်း၊ မကြာမီလက်နက်ချတော့မည်ဖြစ်ကြောင်း ပြောကြားနေသော်လည်း ပြင်သစ်နှင့် အီတလီနိုင်ငံတို့သည် ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။ NOM

နိုင်ငံတော်အတွက် အမှန်တကယ်အလုပ်လုပ်မည့်သူများလိုအပ်ပြီး အခွင့်အရေးသမားနှင့် နေရာရရန်ကြိုးစားသူများ မလိုချင်ကြောင်း ယာယီသမ္မတဗ
+9
နိုင်ငံတော်အတွက် အမှန်တကယ်အလုပ်လုပ်မည့်သူများလိုအပ်ပြီး အခွင့်အရေးသမားနှင့် နေရာရရန်ကြိုးစားသူများ မလိုချင်ကြောင်း ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား မတ် ၁၃၊ ၂၀၂၆ နိုင်ငံတော်အတွက်အမှန်တကယ်  အလုပ်လုပ်မည့်သူများ လိုအပ်ပြီး အခွင့်အရေးသမားများနှင့် နေရာရရန် ကြိုးစားသူများ မလိုချင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။ မတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-1) တွင် ကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE)၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒီနေ့ဆွေးနွေးပွဲက တော်တော်ကို အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲလို့ ကျွန်တော်တို့ ပြောရလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ တကယ်အလုပ်လုပ်တဲ့လူတွေ အလုပ်လုပ်မယ့်လူတွေလိုပါတယ်။ အခွင့်အရေးသမားတွေ နေရာရဖို့ ကြိုးစားတဲ့သူတွေတော့ မလိုချင်ပါဘူး။ အနာဂတ်မှာ ဒီလို တကယ်လုပ်မယ့်သူတွေ လူငယ်တွေ ကျွန်တော်ပြီးခဲ့တဲ့ ဖိုရမ်မှာလည်းပြောပါတယ်။ လူငယ်တွေ နေရာပေးဖို့လိုတယ်။ ကျွန်တော် ဒီလိုအလေးထားစဉ်းစားပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ တိုင်းပြည်တွင် ကျော်လွှားခဲ့ရသည့် သဘာဝဘေးအန္တရာယ် သုံးခုရှိပြီး ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးစီးသေးဘဲ လာမည့်နှစ်အတွင်း အများအပြား လုပ်ဆောင်ရန် ကျန်ရှိသေးကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ဒါကြောင့် ကျွန်တော်တို့ ချွေတာရေးလမ်းကြောင်းကိုတော့ မဖြစ်မနေ လုပ်ရမှာဖြစ်တယ်။ ချွေတာဖို့လိုပါတယ်။ အစစအရာရာ ငွေကြေး အသုံးအစွဲကနေစပြီး ဘာဖြစ်ဖြစ် ခြိုးခြံချွေတာဖို့ လိုပါတယ်။ စက္ကူသုံးတာကအစ စက်သုံးဆီသုံးတာအဆုံး ချွေတာဖို့လိုတယ်။ ထို့အတူပဲ လောင်စာဆီပြဿနာ အခုအရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လောင်စာဆီပြဿနာက ကျွန်တော်တို့အတွက် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စုံ၊ မ ဆိုပြီးတော့ စပြီးလုပ်ပါတယ်။ ကျွန်တော်လည်း ဝိုင်းပြောကြတာပေါ့၊ ဒါပေမယ့် စုံ၊ မ လုပ်တဲ့ဟာ ကျွန်တော်တို့ နိုင်ငံက အခုမှ လုပ်တာ။ တရုတ်ဆိုရင် ပေကျင်းဆိုရင် ကြာပြီလုပ်နေတာ။ စင်ကာပူဆိုရင် ကြာပြီလုပ်နေတာ။ အမျိုးစုံပြင်ဆင်ပြီးတော့ လုပ်နေတာပဲ" ဟု ပြောကြားသည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ ဖြစ်နေသည့်  လောင်စာဆီပြဿနာသည် မိမိတို့အတွက် တိုက်ရိုက်သက်ရောက်မှု ရှိခြင်းကြောင့် စုံ၊ မ စနစ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းစနစ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆောင်ရွက်ပေးစေလိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ "စွမ်းအင်ဝန်ကြီးက ကျွန်တော့်လာ သတင်းပို့တယ်။ ကျွန်တော် QR Code နဲ့ လုပ်မယ်။ လုပ်ပေါ့ QR Code နဲ့။ အခုလည်း Online မှာ ဆဲနေကြတာပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့က တစ်ခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံတော်ကို အပြစ်ပြောဖို့ပဲ ကြိုးစားတယ်။ ဘာ့ကြောင့်ဆိုတာတွေ မစဉ်းစားဘူး။ ဒီလိုဖြစ်လာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကို လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူကိုလည်း  သိအောင် ဆောင်ရွက်ပေးစေလိုပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးက အကုန်လာကြတာ။ ခင်ဗျားတို့ လွှတ်တော်အစည်းအဝေးနားလို့ရှိရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေ ပြန်ရောက်တဲ့အခါကျ ခင်ဗျားတို့ လုပ်ဖို့လိုပါတယ်။ ကျွန်တော် အခုပြောတဲ့ အချက်တွေကလည်း တကယ်ကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းမှာ အခြေခံပြီး ပြောခြင်းဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မိမိတို့အနေနှင့် အသုံးများလည်း ချွေတာရန် လိုအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းကို အလေးထားစေလိုကြောင်းနှင့် တိုင်းပြည် မချမ်းသာခြင်းကြောင့် တတ်နိုင်သလောက် ခြိုးခြိုးခြံခြံနှင့် လုပ်ရန်လည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။ NOM

အီရန်နိုင်ငံ၊ တီဟီရန်မြို့က အယ်ကွဒ်နေ့ (Quds Day) လူထုချီတက်ပွဲမှာ အီရန်တရားသူကြီးချုပ် မိုဆန်နီ အီဂျေအီ (Mohseni Ejei) ရုပ်သံအင်တာဗျူး ဖြေကြားနေတဲ့ နေရာကို အမေရိကန်နဲ့ အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးသာဆိုရင် နေတန်ယာဟုကတော့ ဘန်ကာထဲရောက်ဖို့ လူအုပ်ကြီးကို တက်နင်းပြီး ပြေးလွှားနေလောက်ပြီ။ NOM

အီရန်တွင်ပါလက်စတိုင်းအရေးသွေးစည်းညီညွတ်နေ့(Al Quds Day)ကျင်းပ NOM ၁၉၇၉ခုနှစ်ကစတင်ခဲ့သောပါလက်စတိုင်းအရေးသွေးစည်းညီညွတ်ရေးနေ့လူထုဆန္ဒပြပွဲကိုအမေရိကန်နှင့်အစ္စရေးတို့ဗုံးကြဲနေသည့်ကြားမှအီရန်မြို့တော်တီဟီရန်တွင်ယနေ့ကျင်းပရာအီရန်ပြည်သူများကအမေရိကန်တွေသေပါစေ၊အစ္စရေးတွေ​ သေပါစေ၊ထရမ့်သေပါစေဟုအော်ဟစ်ခဲ့သည်။ဆန္ဒပြသည့်နေရာအနီးသို့အစ္စရေးကလေကြောင်းမှတိုက်ခိုက်ရာဆန္ဒပြသူအီရန်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ဂျပန်၏ ဒုံးကျည်တိုးချဲ့မှုသည် ဒေသတွင်းလုံခြုံရေးအန္တရာယ်များကို မြင့်တက်စေသည်ဟု မြောက်ကိုရီးယားက ပြောကြား NOM မြောက်ကိုရီးယား
ဂျပန်၏ ဒုံးကျည်တိုးချဲ့မှုသည် ဒေသတွင်းလုံခြုံရေးအန္တရာယ်များကို မြင့်တက်စေသည်ဟု မြောက်ကိုရီးယားက ပြောကြား NOM မြောက်ကိုရီးယားက ဂျပန်နိုင်ငံသည် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ခြင်းဖြင့် ဒေသတွင်းလုံခြုံရေးအန္တရာယ်များကို မြင့်တက်စေသည်ဟု စွပ်စွဲခဲ့ပြီး ဂျပန်၏ စစ်ရေးတည်ဆောက်မှုသည် အနာဂတ်တိုက်ခိုက်မှုအတွက် ပြင်ဆင်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းဌာနကဂျပန်နိုင်ငံသည် ၎င်း၏ Type 12 မြေပြင်မှ သင်္ဘောပစ်ဒုံးကျည်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းကို ကူမာမိုတိုကျွန်းတွင် စတင်ချထားပြီး အိမ်နီးချင်းနိုင်ငံများကို ပစ်လွှတ်နိုင်သည့်အကွာအဝေးအတွင်း ထားရှိရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

တံတားဖြူမှတ်တိုင်နှင့်ပင်လုံမီးပွိုင့်အကြားတွင် ဘေးတွဲဆိုင်ကယ်နှင့်ကား တိုက်မိတစ်ဦးသေဆုံး NOM၊မတ်၊၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြ
တံတားဖြူမှတ်တိုင်နှင့်ပင်လုံမီးပွိုင့်အကြားတွင် ဘေးတွဲဆိုင်ကယ်နှင့်ကား တိုက်မိတစ်ဦးသေဆုံး NOM၊မတ်၊၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၆ရပ်ကွက်၊ အမှတ်၂လမ်းမ၊ တံတားဖြူမှတ်တိုင်နှင့်ပင်လုံမီးပွိုင့်အကြားတွင် ဘေးတွဲဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးဆုံးခဲ့‌ ကြောင်းသိရသည်။ ဖြစ်စဉ်မှာမတ်လ၁၂ရက် ည ၈နာရီခွဲက ယာဉ်တိုက်မူကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသားနေရာမှာပင် သေဆုံးခဲ့၍မြို့ဦးလုလင် အသင်း က မြောက်ဥက္ကလာပဆေးရုံကြီး (မေဓာဝီ) သို့ ပို့ ဆောင် ကူညီ‌ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲ ဓါးပြတိုက်ခံရ NOM၊မတ်၁၃၊၂၀၂၆ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက် ၁၃၄နဲ့ ၁၃၅ ကြား ရန်ကုန် - မန္တလေးလမ်းမပေါ် အမှတ် ၄၂ KBZ ဘဏ်ခွဲ(စက်မှုပန်းခြံ)အားမတ် ၁၃ ရက်နေ့ ည​နေ ၃ နာရီ ၁၅ မိနစ်ကဓားပြတိုက်သွား ကြောင်းသိရသည်။ အဆိုပါဓားပြနှစ်ဦးသည်Scopyiအမဲရောင်နှင့်ဂျင်းဘောင်းဘီ အပြာရောင် အကျီးဖလံထည် ဝတ်ထားကာသေနတ်နှစ်လက်ဖြင့်ခြိမ်းခြောက်ပြီးဆာလာအိတ် နှစ် အိတ် ဖြင့် ငွေများယူဆောင်သွားကြောင်း သိရသည်။ အဆိုပါဘဏ်သည်၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ၁၂ နာရီကလည်းငွေကျပ် သိန်းတထောင့်ရှစ်ရာ နီးပါး ဓားပြတိုက်ခံရဘူး‌ကြောင်းသိရသည်။

အစ္စရေးနိုင်ငံတွင် ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထား အစ္စရေးနိုင်ငံ၊ ဘတ်ရမ်း Bat Yam မြို့ရှိ
+1
အစ္စရေးနိုင်ငံတွင် ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထား အစ္စရေးနိုင်ငံ၊ ဘတ်ရမ်း Bat Yam မြို့ရှိ အများပြည်သူသုံး ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင်ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထားကြောင်း အာဏာပိုင်များက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ သတိပေးအချက်ပေးသံများ မြည်လာသည့်အချိန်တိုင်း အဆိုပါ ဗုံးခိုကျင်းတံခါးမှာ ထပ်ခါတလဲလဲ ပိတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် နိုင်ငံခြားသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ NOM

နိုင်ငံပေါင်းချုပ်အသင်းကြီးထက်သိက္ခာပိုမဲ့တဲ့ကုလသမဂ္ဂ NOM ဒုတိယကမ္ဘာစစ်မစတင်မီနာဇီဂျာမနီသည်နိုင်ငံပေါင်းချုပ်အသင်းကြီးကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်မထင်ပဲတစ်နိုင်ငံပြီးတစ်နိုင်ငံကျူးကျော်သိမ်းပိုက်ရာမှဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးခဲ့သည်။နိုင်ငံပေါင်းချုပ်အသင်းကြီးသည်နာဇီဂျာမနီသောင်းကျန်းသမျှကိုမတားဆီးနိုင်ပဲငုတ်တုတ်ထိုင်ကြည့်ခဲ့ရသည်။ ယခုလည်းအမေရိကန်သည်သူနှင့်မည်သို့မှလည်းမပတ်သက်၊သူ့နိုင်ငံကိုလည်းခြိမ်းခြောက်နိုင်စွမ်းမရှိသောအချုပ်အချာအာဏာပိုင်အီရန်ကိုဆွေးနွေးပွဲကျင်းပနေစဉ်အလစ်ချောင်းပြီးစတင်တိုက်ခိုက်ခဲ့သည်။နာဇီဂျာမနီထက်ဆိုးသည်မှာအမေရိကန်နှင့်အစ္စရေးသည်စစ်ရေးပစ်မှတ်မဟုတ် သောစာသင်ကျောင်းများ၊ကျန်းမာရေးအဆောက်အဦများ၊လူနေရပ်ကွက်များ၊စွမ်းအင်အခြေခံအဆောက်အအုံများကိုပါရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းဖြစ်သည်။ထိုသို့တိုက်ခိုက်လာသည့်အတွက်အီရန်ကလည်းသူ့နိုင်ငံပတ်လည်အရှေ့အလယ်ပိုင်းနိုင်ငံများရှိအမေရိကန်စစ်စခန်းများကိုလက်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။ကုလသမဂ္ဂကချမှတ်ထားသောနိုင်ငံတကာဥပဒေများကိုချိုးဖောက်ပြီးအမေရိကန်ကအီရန်ကိုတိုက်ခိုက်စဉ်ကအ အကြီးများသဖွယ်ပါးစပ်ပိတ်နေသောကုလသမဂ္ဂလုံခြုံရေးကောင်စီသည်အီရန်ကအရှေ့အလယ်ပိုင်းရှိအမေရိကန်စစ်စခန်းများကိုတိုက်သည့်အချိန်ရောက်မှအီရန်ကိုပြစ်တင်ရှုံ့ချကြောင်းကြေညာလိုက်ခြင်းဖြင့်ကုလသမဂ္ဂ၏မျက်နှာကြီးရာဟင်းဖတ်ပါဘက်လိုက်သည့်အမူအကျင့်က်ုတကမ္ဘာလုံးကသိရှိသွားပြီဖြစ်သလိုကုလသမဂ္ဂသည်ကမ္ဘာ့အ ရေးအရာများတွင်အာဏာမရှိပဲအင်အားကြီးနိုင်ငံတို့အလိုကျကြေညာပေးနေသောဂုဏိသိက္ခာမဲ့သည်အဖွဲ့အစည်းဟုကမ္ဘာကသတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်သည်။

ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသောလက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့ မတ် ၁၃၊ ၂၀၂၆
ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသောလက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့ မတ် ၁၃၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၃၀၀)ဆံ့ ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ပြတ်တောက်ထိခိုက်သွားသည့် ဝဲလက်မကို ‌ယာဘက်ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အဖွဲ့မှ ကျွမ်းကျင်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကံကြီးရွာမှ ဦးသန့်ဇင်ဦး အသက် (၃၃)နှစ်သည် ရိတ်ခြွေစက်ပြင်နေစဉ် မူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်မိသဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် မြန်အောင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွှဲပြောင်းခဲ့ကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့သည်။ ထိုနောက် ပြတ်တောက်ထိခိုက်သွားသော ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အစားထိုး ရွေ့ပြောင်းခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သည့်အဖွဲ့က မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ ခွဲစိတ်ကုသပြီး (၈)ရက်မြောက်နေ့ မတ် ၁၂ ရက်မှာပင် အစားထိုးလက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေမှာရှိကြောင်း သိရသည်။ ပြတ်တောက်သွားသည့်လက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသမှုကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ NOM

ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်ကို ဘောလုံးကစားခွင့် ခြောက်လနှင့် ငွေဒဏ်ကျပ်သိန်း ၃၀ ချမှတ် NOM၊မတ်၁၃၊၂၀၂၆ ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် သန်လျင်မြို့ရှိ သီဟဒီပကွင်း၌ မတ် ၁၀ ရက်ကကျင်းပခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ပွဲစဥ်တွင်ပွဲ ကြည့်စင်ပေါ်ရှိ ပရိသတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိ လက်ရောက်ထိပါးခဲ့သည့်အတွက်ဘောလုံးကစားခွင့် ခြောက်လနှင့် ငွေဒဏ်ကျပ်သိန်း ၃၀ ချမှတ် လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကိုကျော်လွန်၍ ပြုမူလုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေး မူပြဌာန်းချက်များအရ အရေး ယူခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလားတူ အဆိုပါ ပွဲစဉ်ကိုကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်၊ပြိုင်ပွဲကြီးကြပ်နှင့်ဒိုင်ကြီးကြပ်တို့ကိုလည်းအနီးကပ်ဆုံး ပြိုင်ပွဲ သုံးပွဲကို တာဝန်ချထားခြင်းမပြုရန် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို BWM အကြမ်းဖက် အဖွဲ့က ၁၀၇ မမ ရှော့တိုက် ဒုံး ၁၈ လုံးဖြင့် ပစ
တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို BWM အကြမ်းဖက် အဖွဲ့က ၁၀၇ မမ ရှော့တိုက် ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုကာ ဝါဒဖြန့်ချိလျက်ရှိ မတ် ၁၃၊ ၂၀၂၆ NOM

+2
အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသ၊ အာဘေးလ်ပြည်နယ်ရှိ ဘာဇာနီမိသားစု ပိုင်ဆိုင်သည့် လာနက်ဇ် Lanaaz ရေနံကုမ္ပဏီတွင် မီးလောင်မှုဖြစ်ပွားပြီး မီးခိုးလုံးများ အလိပ်လိုက် တက်နေသည်ကို တွေ့ရသည်။ အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လိုအပ်သော လောင်စာဆီ တစ်စိတ်တစ်ပိုင်းကို အဆိုပါ ရေနံချက်စက်ရုံမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ NOM

ဂျပန်ဝန်ကြီးချုပ် တာကာအိချိ က ဟော်မုဇ် ရေလက်ကြားရှိ မိုင်းများအား ဖယ်ရှားရှင်းလင်းရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်မည်
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ က ဟော်မုဇ် ရေလက်ကြားရှိ မိုင်းများအား ဖယ်ရှားရှင်းလင်းရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ NOM

Photohub အပလီကေးရှင်းသည်လိမ်ညာရန်၊မိမိကိုယ် ရေးအချက်အလက်များကိုခိုးယူရန်၊ခြိမ်းခြောက်ငွေညှစ်ရန်ပြုလုပ်ထားသဖြင့် photohub link
Photohub အပလီကေးရှင်းသည်လိမ်ညာရန်၊မိမိကိုယ် ရေးအချက်အလက်များကိုခိုးယူရန်၊ခြိမ်းခြောက်ငွေညှစ်ရန်ပြုလုပ်ထားသဖြင့် photohub link ကိုလုံဇးဝမနှိပ်ရန်သက်ဆိုင်ရာမှသတိပေးထားသည်။

+3
အစ္စရေးနိုင်ငံ၊ ဇာဇီယာမြို့သို့ နောက်ထပ် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့သည်။ အစ္စရေးသတင်းဌာနများ၏ အဆိုအရ အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူဦးရေမှာ ၆၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။ NOM

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၉၄၆ ဦးရှိ NOM
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၉၄၆ ဦးရှိ NOM