ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 460 مشتركاً، محتلاً المرتبة 15 930 في فئة الأخبار والوسائط والمرتبة 10 092 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 460 مشتركاً.

بحسب آخر البيانات بتاريخ 03 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -217، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.15‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.81‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 891 مشاهدة. وخلال اليوم الأول يجمع عادةً 848 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 04 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 460
المشتركون
-924 ساعات
-317 أيام
-21730 أيام
أرشيف المشاركات
Repost from NOM
ပြင်သစ်နိုင်ငံမှာ လူမှုမီဒီယာပလက်ဖောင်းအားလုံးအတွက် မျက်နှာ Scan ဖတ်တာ ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ အသက်အရွယ်အတည်ပြုတာမျိုး လုပ်ဆောင်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သမ္မတ မာခရွန်က အတည်ပြုခဲ့တာဖြစ်ပြီး “ဒါက ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ ကျနော်တို့ လုပ်ခဲ့သလိုမျိုးပါပဲ” လို့ ပြောဆိုခဲ့ကာ “လူတိုင်းကို စစ်ဆေးသွားမှာဖြစ်တယ်” လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

Repost from NOM.World News
ပြင်သစ်နိုင်ငံမှာ လူမှုမီဒီယာပလက်ဖောင်းအားလုံးအတွက် မျက်နှာ Scan ဖတ်တာ ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ အသက်အရွယ်အတည်ပြုတာမျိုး လုပ်ဆောင်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သမ္မတ မာခရွန်က အတည်ပြုခဲ့တာဖြစ်ပြီး “ဒါက ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ ကျနော်တို့ လုပ်ခဲ့သလိုမျိုးပါပဲ” လို့ ပြောဆိုခဲ့ကာ “လူတိုင်းကို စစ်ဆေးသွားမှာဖြစ်တယ်” လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

ယာယီသမ္မတဒလတံတားဖွင့်လှစ်ပေး NOM၊ဖေဖော်ဝါရီ၆၊၂၀၂၆ ယနေ့ ​မြန်မာ-ကိုးရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

▪️မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်။
▪️မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်။

ရန်ကုန်တက္ကသိုလ်၊ အထူးဘွဲ့နှင်းသဘင်ညစာစားပွဲကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး
+8
ရန်ကုန်တက္ကသိုလ်၊ အထူးဘွဲ့နှင်းသဘင်ညစာစားပွဲကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ News Of Myanmar NOM

🇮🇷🇺🇸🇴🇲အိုမန်နိုင်ငံရှိ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် နီးစပ်သည့် အီရန်သတင်းမြစ်တစ်ခုက ပြောကြားရာတွင် လက်ရှိအခြေအနေမှာ 'သံသယဖြစ်ဖွယ်' ရှိနေကြောင်းသိရသည်။ အီရန်ဘက်က အမေရိကန်အပေါ် အလွန်အမင်း မယုံကြည်သလို အမေရိကန်ဘက်က အမှန်တကယ် သဘောတူညီမှုရယူလိုခြင်း ရှိ၊ မရှိ ဆိုသည်ကိုလည်း အီရန်တို့က အသေအချာ မသိရသေးပေ။ News Of Myanmar NOM

စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ လျှပ
စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှု ဆိုင်ရာ အချက်အလက်များကိုလည်းကောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဓာတ်အားပို့လွှတ်မှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်မှုကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးအတွက် သီးခြားဓာတ်အားလိုင်းဖြင့် ၂၄ နာရီပေးရန် သဘောတူညီထားသော စက်မှု/ စီးပွားရေးလုပ်ငန်းများသို့ LNG To Power မှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြည့်ဆည်းပေးခဲ့သဖြင့် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေး နှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ပြီး ယခုလဖေဖော်ဝါရီ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထား အသစ်ဖြင့် စတင်ကောက်ခံမည်ဖြစ်သောကြောင့် ဇန်နဝါရီလကုန်အထိ သုံးစွဲခဲ့သော ဓာတ်အားခယူနစ်များကိုဌာနနှင့် မီးသုံးစွဲသူနှစ်ဦးတို့ကဖတ်၍ မှတ်တမ်းတင်ပြီး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာတွင်လည်း ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဓာတ်အားခပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများသည် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုက ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့်လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဓာတ်အားခကောက်ခံ ရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အိမ်သုံးမီတာများ၊ ပါဝါမီတာများနှင့် စီတီမီတာများကို စစ်ဆေးဆောင်ရွက်ရာတွင်လည်း ဌာန၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသောဌာန ဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိ
+2
ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲမည် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် လည်းကောင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားသဖြင့် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထား များကို အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။ အထက်ပါနေ့ရက်များအလိုက် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန် ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အထက်တန်းလက်မှတ်ကို ၃ ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက် ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်ကြောင်း၊ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System - ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံး ဘူတာများအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၃ ရက် ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။ မြန်မာ့မီးရထား News Of Myanmar NOM

🗣 "ကျွန်တော် ကောင်းကင်ဘုံကို ရောက်သင့်ပါတယ်လို့ ထရမ့်ပြော" ဝါရှင်တန်ဒီစီမှာ ဒီနေ့ကျင်းပတဲ့ အမျိုးသားဝတ်ပြုဆုတောင်းပွဲ (National Prayer Breakfast) အတောအတွင်း ဒေါ်နယ်ထရမ့်က ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမှာ သူက ပြီးခဲ့တဲ့လတွေတုန်းက (အထူးသဖြင့် ၂၀၂၅ အောက် တိုဘာလမှာ) သူ့ကိုယ်သူ "ကောင်းကင်ဘုံကို ရောက်ချင်မှရောက်မယ်" လို့ အရွှန်းဖောက်ခဲ့တာဟာ "နောက်ပြောင်ကျီစယ်ခဲ့တာ သက်သက်ပါ" လို့ ဆိုပါတယ်။ 👼 ဒီနေ့မှာတော့ သူက အဲဒီသဘောထားကို ပြန်ပြင်လိုက်ပြီး သူဟာ ကောင်းကင်ဘုံကို တက်လှမ်းဖို့ အရည်အချင်းပြည့်မီကြောင်း အခုလို အာမခံပြောကြားခဲ့ပါတယ် - "ကျွန်တော် တကယ်ပဲ (ကောင်းကင်ဘုံကို) ရောက်သင့်တယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ကျွန် တော်ဟာ အပြစ်ကင်းစင်တဲ့ ကိုယ် စားလှယ်လောင်း တစ်ယောက် တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန် တော်ဟာ အပြစ်ကင်းစင်တဲ့ လူသားတွေအတွက်တော့ ကောင်းမှုကိစ္စတွေကို အများကြီး လုပ်ဆောင် ပေးခဲ့တာလေ။" News Of Myanmar NOM

+3
ဖေဖော်ဝါရီလ၆ရက်နိုင်ငံတကါသတင်းတိုများ NOM ၁။တရုတ်သည်စတားဝါးရုပ်ရှင်မှအာကာသယာဉ်ပုံစံအာကာသတိုက်ခိုက်ရေးယာဉ်ကိုမီဒီယာများတွင်ပြသလိုက်သည်။အဆိုပါယာဉ်သည်၂၄၂မီတာရှည်ပြီး၆၈၄မီတာကျယ်ကါတန်ချိန်တစ်သိန်းနှစ်သောင်းရှိသည်။အဆိုပါယာဉ်မှမောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်၈၈စီးသယ်ဆောင်ကါရန်သူကိုတိုက်ခိုက်နိုင်ပြီးလာမည့်နှစ်၃၀အတွင်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။(ဗီဒီယို) ၂။မက္ကဆီကိုနိုင်ငံတာကီလာမြို့တော်ဝန်ကိုရာဇဝတ်ဂိုဏ်းများနှင့်ဆက်နွယ်မှုဖြင့်ဖမ်းဆီးလိုက်သည်။(ဗီဒီယို) ၃။အီရန်တော်လှန်ရေးအစောင့်တပ်၏ရေတပ်သည်အီရန်မှလောင်စာဆီများကိုမှောင်ခိုသယ်ထုတ်သည့်သင်္ဘောနှစ်စီးကိုဖမ်းဆီးလိုက်သည်။(ဗီဒီယို) ၄။ထိုင်ဝမ်အစိုးရ၏ကာကွယ်ရေးအတွက်၃၉.၆ဘီလီယံသုံးစွဲမည့်အစီအစဉ်မှာအတိုက်အခံတို့၏ပိတ်ဆို့မှုခံနေရသည်။အတိုက်အခံတို့ကထိုငွေ၏၃၀%ဖြစ်သော၁၂.၆ဘီလီယံသာသုံးစွဲရန်သာလိုလားနေသည်။ ၅။အမေရိကန်သမ္မတထရမ့်သည်ဆူဒန်ပြည်တွင်းစစ်ရပ်စဲရေးအတွက်ငြိမ်းချမ်းရေးအစီအစဉ်ကိုကြေညာလိုက်သည်။(ဓာတ်ပုံ)

Repost from U Khin Yi
တရုတ်ကွန်မြူနစ်ပါတီ (CCP) မှပေးပို့တဲ့ရွေးကောက်ပွဲအောင်မြင်မှုဂုဏ်ပြုသဝဏ်လွှာအားလက်ခံရရှိပါတယ်။ တရုတ်နှစ်ကူးယဉ်ကျေးမှုဖျော်ဖြေပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။ #UKhinYi #StrongerMyanmar #myanmarfyp #USDP

🇮🇷❗️ အီရန်-အမေရိကန် ဆွေးနွေးပွဲမစတင်မီ အီရန်က နောက်ဆုံးပေါ် ခိုရမ်ရှာ-၄ (Khorramshahr-4) ပဲ့ထိန်းဒုံးကျည်များကို စစ်ဆင်ရေးတ
🇮🇷❗️ အီရန်-အမေရိကန် ဆွေးနွေးပွဲမစတင်မီ အီရန်က နောက်ဆုံးပေါ် ခိုရမ်ရှာ-၄ (Khorramshahr-4) ပဲ့ထိန်းဒုံးကျည်များကို စစ်ဆင်ရေးတာဝန်များတွင် စတင်အသုံးပြုရန် ဖြန့်ကြက်ထား အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် အီရန်-အမေရိကန် ဆွေးနွေးပွဲမစတင်မီ ၎င်းတို့၏ နောက်ဆုံးပေါ် တာဝေးပစ် ခိုရမ်ရှာ-၄ (Khorramshahr-4) ပဲ့ထိန်းဒုံးကျည်များကို စစ်ဆင်ရေးတာဝန်များတွင် စတင်အသုံးပြုရန် ဖြန့်ကြက်ထားကြောင်းသိရသည်။ အဆိုပါ ခိုရမ်ရှာ-၄ ပဲ့ထိန်းဒုံးကျည်များသည် ကီလိုမီတာ ၂,၀၀၀ (မိုင်ပေါင်း ၁,၂၀၀) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ကီလိုဂရမ် ၁,၅၀၀ (ပေါင် ၃,၃၀၀) အလေးချိန် ရှိသော ပေါက်ကွဲစေတတ်သည့် ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် နေ NOM ဖေဖော်ဝါရီ ၆၊ ၂၀၂၆ မကွေးတိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် နေ NOM ဖေဖော်ဝါရီ ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက် နံနက်အချိန် မှစ၍ ပွင့်ဖြူမြို့နယ်၊ ကျောင်းကြီးကုန်းကျေးရွာ​၏ အနောက်ခြမ်းကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး နံနက်နှင့်ညအချိန်များ၌ လက်နက်ကြီးသံများလည်း ကြားနေရဆဲဖြစ်ကြောင်းသိရသည်။ ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲများ ငြိမ် သက်နေသည်မှာ တစ်လခန့်ရှိပြီဖြစ် သော်လည်း PDF အကြမ်းဖက်သမားများသည် ရာအိမ်မှူးအချို့နှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်းများနှင့် သတ်ဖြတ်​ခြင်းများပြုလုပ်နေသေးကြောင်းသိရသည်။ ပွင့်ဖြူမြို့နယ်၊ ကျောင်းကြီးကုန်းကျေးရွာ​၏ အနောက်ဘက်ခြမ်းဒေသသည် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ စိုးမိုးထားရာ ဒေသဖြစ်ပြီး တပ်မတော်စစ်ကြောင်းများ၏ နယ်မြေရှင်းလင်းမှုများကြောင့် PDF အကြမ်းဖက်အဖွဲ့များယခင် စိုးမိုးရာကျေးရွာများမှ PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သူများသည် PDF အကြမ်းဖက်အဖွဲ့များ အထိုင်စခန်းတည်ရှိရာ စေတုတ္တရာမြို့နယ်၊ မုန်ညှင်းကျေးရွာသို့ ထွက်ပြေးပြောင်းရွှေ့နေကြောင်းသိရသည်။ News Of Myanmar NOM

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည် News Of Myanmar NOM
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည် News Of Myanmar NOM

🇮🇷 🇺🇸🚨အိုမန်နိုင်ငံ၊ မတ်စကတ်မြို့တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ သောကြာနေ့၌ ကျင်းပမည့် အီရန်-အမေရိကန်ဆွေးနွေးပွဲ မစတင်မီ၌ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများကို အီရန်နိုင်ငံမှ ချက်ချင်းထွက်ခွာသွားရန် အကြံပြုတိုက်တွန်းချက်ထုတ်ပြန်ခဲ့သည်။ News Of Myanmar NOM

ရန်ပုံငွေ အကျပ်အတည်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီ ရပ်ဆိုင်းလုနီးပါးဖြစ်နေ 🚨အကြီးအကဲ ဖော်လ်ကာ တာ့ခ် (Volker Turk) က
ရန်ပုံငွေ အကျပ်အတည်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီ ရပ်ဆိုင်းလုနီးပါးဖြစ်နေ 🚨အကြီးအကဲ ဖော်လ်ကာ တာ့ခ် (Volker Turk) က ရန်ပုံငွေအကျပ်အတည်းကြောင့် ရုံးလုပ်ငန်းများမှာ 'ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေရသည့်အခြေအနေ' (Survival Mode) သို့ ရောက်ရှိနေကြောင်း သတိပေးနှိုးဆော်လိုက်သည်။ 💵ယခုနှစ် အသုံးစရိတ်များအတွက် ဒေါ်လာသန်း ၄၀၀ ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားသည်။ News Of Myanmar NOM

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်အ
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်အားပေး ဖေဖော်ဝါရီ ၅၊ ၂၀၂၆ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်အားပေးသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဖျော်ဖြေပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဖျော်ဖြေပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်း Video Clip ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် စိန်ရတုအခါသမယ ပြည့်မြောက်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ရှင်သန် ခိုင်မြဲတိုးတက်နေဆဲဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အပြန်အလှန်လေးစားမှုနှင့်နားလည်မှုကို အခြေခံ၍ ကဏ္ဍစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင်လည်း ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း။ တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် အချိန်တွင်လည်း အိမ်နီးချင်းကောင်းပီသစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကူအညီပေးအပ်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ဒေသတွင်းသာမက နိုင်ငံတကာအသိုက် အဝန်းတွင်ပါ စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း တန်ဖိုးထားပါကြောင်း၊ ၂၀၂၆ ခုနှစ်သည် တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖြစ်သည့်အတွက် စိန်ခေါ်မှုများကို ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်နိုင်မည်ဟု မှတ်သားမိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ma Jia က တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နှစ်သစ်ကူးအထိမ်းအမှတ်ဖျော်ဖြေပွဲ အခမ်းအနားကျင်းပ ခြင်းရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံပြည်သူများအတွက် ဆုမွန်ကောင်းစကားများပြောကြားသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် တရုတ်နှစ်သစ် ကူးအထိမ်းအမှတ်အဖြစ် တရုတ်ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တရုတ်နိုင်ငံ သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် အထိမ်းအမှတ်ညစာစားပွဲ သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

💰📉ဘစ်ကွိုင် (Bitcoin) ဈေးနှုန်းကျဆင်းမှုက အခြားသော ပိုင်ဆိုင်မှုတန်ဖိုးများကိုပါ ဆွဲချသွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ဖေဖော
💰📉ဘစ်ကွိုင် (Bitcoin) ဈေးနှုန်းကျဆင်းမှုက အခြားသော ပိုင်ဆိုင်မှုတန်ဖိုးများကိုပါ ဆွဲချသွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် BTC ဈေးနှုန်းသည် ဒေါ်လာ ၆၇,၀၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ပြီး ခရစ်ပတိုဈေးကွက်အတွင်း စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း အခြေအနေများမှာ ယခုထက်ပို၍ ဆိုးရွားလာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သတိပေးထားကြသည် - 🚨Michael Burry ၏ သတိပေးချက်: "Big Short" ရုပ်ရှင်ဖြင့် လူသိများသည့် နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ Michael Burry က ဘစ်ကွိုင်၏ "စိတ်ပျက်စရာကောင်းသော" ဈေးကျဆင်းမှုသည် ဘဏ္ဍာရေးဈေးကွက်တစ်ခုလုံးကိုပါ ရိုက်ခတ်စေမည့် "အပြန်အလှန် ဆက်နွှယ်နေသော ပျက်စီးမှုသံသရာ" ကို ဖြစ်ပေါ်စေနိုင်ကြောင်း ယခင်ကတည်းက သတိပေးခဲ့ဖူးသည်။ 📌ခန့်မှန်းချက်အရ: Burry ၏ အဆိုအရ ဘစ်ကွိုင်သည် ငွေကြေးတန်ဖိုးကျဆင်းမှု သို့မဟုတ် ပထဝီနိုင်ငံရေးအန္တရာယ်များအတွက် ယုံကြည်စိတ်ချရသည့် အကာအကွယ် တစ်ခု မဟုတ်ဘဲ ခန့်မှန်းတွက်ချက် ကစားသည့် သဘောသက်သက် သာ ဖြစ်နေကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ 🪙🪙ရွှေနှင့် ငွေ: မကြာသေးမီက ဈေးနှုန်းအနည်းငယ်ကျဆင်းပြီးနောက် ပြန်လည်မြင့်တက်လာသည့် ရွှေနှင့် ငွေ တို့နှင့်မတူဘဲ ထိပ်တန်းခရစ်ပတိုဖြစ်သော ဘစ်ကွိုင်မှာမူ အရေးကြီးသော အထောက်အပံ့အဆင့်အတော်များများကို ချိုးဖျက်ပြီး ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။ News Of Myanmar NOM

Repost from NOM
ဗြိတိန်ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် Kemi Badenoch ရဲ့ တီဗွီအင်တာဗျူးကို ပြုလုပ်နေချိန်အတွင်း အနောက်မှာ ကြွက်တကောင် ပြေးလွှားနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ လွှတ်တော်နဲ့ Badenoch ရဲ့ ရုံးခန်းတွေ တည်ရှိတဲ့ Westminster နန်းတော်ထဲမှာ ကြွက်တကောင်ရှိနေခဲ့တာက ပုံမှန်မြင်ကွင်းတခု ဖြစ်နေပြီလို့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက လှောင်ပြောင်နေကြပါတယ်။ News Of Myanmar NOM

ယခုကဲ့သို့ သိပ္ပံပွဲတော်များမှတစ်ဆင့် ကျောင်းသားလူငယ်များ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ AI နည်းပညာများ၊ နျူကလီးယား နည်းပညာများနှင့် စွန့်ဦးတီထွင်နည်းပညာများ အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင် ဗဟုသုတများ တိုးပွားလာမည်ကို ပြောကြားလိုကြောင်း။ ယခု (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်မှ ပေါ်ထွက်လာမည့် အထောက်အထားအခြေပြုသုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ဒေသအလိုက်အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ် ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။ စီးပွားရေးရှုထောင့်ဘက်မှ ကြည့်ပါကလည်း သိပ္ပံနှင့်တီထွင်ဆန်းသစ်မှုများအနေဖြင့် ကုန်ထုတ် လုပ်မှုကဏ္ဍကို အကျိုးဖြစ်ထွန်းစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် နိုင်ငံ့စီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းကို အထောက် အကူ ဖြစ်စေမည်ဖြစ်ကြောင်း။ နယ်ပယ်ကဏ္ဍအသီးသီးက ပြုလုပ်သည့် သုတေသနတွေ့ရှိချက်များသည် တိုင်းပြည်၏ စားရေ ရိက္ခာလုံခြုံမှု၊ ဆိုက်ဘာလုံခြုံမှု၊ သဘာဝဘေးတုံ့ပြန်မှု အစရှိသည့် နိုင်ငံသားများ၏ လုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း။ သုတေသနကျင့်ဝတ်များနှင့်အညီ သုတေသနပြု ဖော်ထုတ်ထားသည့် ရလဒ်များအပေါ်တွင် အခြေခံပြီး ပြုစုရေးဆွဲထားသည့် တက္ကသိုလ်ဆိုင်ရာ၊ ဌာနဆိုင်ရာမူဝါဒများသည် လိုက်နာဆောင်ရွက်ကြရမည့် သူများ၏ယုံကြည်မှုကိုရရှိစေနိုင်မည်ဖြစ်သဖြင့် စီမံအုပ်ချုပ်ရေးတွင်လည်း များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သိပ္ပံနှင့်သုတေသန တီထွင်ဆန်းသစ်မှုတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ကို ပြောကြားလိုကြောင်း။ ဉာဏပဲ့ကိုင်ရှင်များဖြစ်သည့် သုတေသီများအနေဖြင့် နိုင်ငံတကာတွင် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းကို ထင်ဟပ်အောင် စွမ်းဆောင်ကြရန်၊ မိမိတို့တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာဖြင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ကြရန်၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ် မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်လက်ဆောင်အား ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအထိမ်းအမှတ် တက္ကသိုလ်များအလိုက် ပြသထားသည့် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။