ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 394 مشتركاً، محتلاً المرتبة 15 937 في فئة الأخبار والوسائط والمرتبة 10 119 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 394 مشتركاً.

بحسب آخر البيانات بتاريخ 10 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -199، وفي آخر 24 ساعة بمقدار -8، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 8.26‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.89‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 024 مشاهدة. وخلال اليوم الأول يجمع عادةً 731 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 11 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 394
المشتركون
-824 ساعات
-577 أيام
-19930 أيام
أرشيف المشاركات
Repost from NOM
၁၉၇၃ နောက်ပိုင်း ဂျပန်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေးတွေ ဖြစ်လာခဲ့ပြီးနောက် တရုတ်ဟာ ဂျပန်ကို ချစ်ကြည်ရေးအဖြစ် လက်ဆောင်ပေးထားတဲ့ ပန
၁၉၇၃ နောက်ပိုင်း ဂျပန်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေးတွေ ဖြစ်လာခဲ့ပြီးနောက် တရုတ်ဟာ ဂျပန်ကို ချစ်ကြည်ရေးအဖြစ် လက်ဆောင်ပေးထားတဲ့ ပန်ဒါဝက်ဝံအားလုံးကို ပြန်သိမ်းတော့မှာဖြစ်ကြောင်း Kyodo News က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဝက်ဝံတွေဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး တရုတ်ဘက်က ဒီလိုမျိုး လုပ်ဆောင်တာဟာ နှစ်နိုင်ငံကြား ဆိုးရွားပြင်းထန်တဲ့ နိုင်ငံရေးပဋိပက္ခတခုဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ဂျပန်မှာ ပန်ဒါဝက်ဝံတွေကို ဇန်နဝါရီလကုန်အထိသာ ကြည့်ရှုနိုင်တော့မှာဖြစ်ပြီး အချိန်သိပ်မကျန်တော့လို့ လက်မှတ်တွေကို အလျင်စလိုရောင်းချနေတယ်လို့လည်း သိရပါတယ်။ NOM

အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာနေ ပင်လုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ထွေးသည် နေအိမ်၌ရှိနေစဉ် ၎င်း၏လက်ကိုင်ဖုန်းသို့ KIO လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အရာရှိအဆင့်ရှိ ဇော်မိုင်ဆိုသူမှ ဖုန်းအမှတ် 09-678735668 ဖြင့် ခေါ်ဆို၍ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံဖွင့်လှစ်ထားခြင်းအား မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် KIO လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဇော်မိုင်အား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မိုးညှင်းမြို့မရဲစခန်း(ပ)၁၇၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရွှေကူမြို့နယ်၊ ရွှေဂဲကုန်း ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်း(ရေလဲ)မှ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းအေး (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦး (စိစစ်ဆဲ) ရောက်ရှိ လာပြီး ၎င်းအားရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် အဆိုပါ PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရွှေကူမြို့မရဲစခန်း(ပ)၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံ ကြံခင်းဈေးထောင့်၌ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြဝတီမြို့မရဲစခန်း(ပ)၂၈၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် လှီးဖြဲဖျက်ဆီးခဲ့သဖြင့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၉၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး တွန်းလှဲဖျက်ဆီးခဲ့သဖြင့် အမျိုးသားနှစ်ဦး (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၉၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာဖမ်းဆီးအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးချို အသုံးပြုသည့် Facebook အကောင့်သို့ အခြားအကောင့်များဖြင့် Voice Call ခေါ်၍ “ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပါက သတ်ပစ်မည်”ဟု ခြိမ်းခြောက်ခြင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဦးအေးချို အသုံးပြုသည့် Facebook အကောင့်သို့ “ကောင်းကင်ပြာ” Facebook အကောင့်မှ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ ဖုန်းအမှတ် 09-782682157 ဖြင့် ဦးအေးချိုအား ဆက်သွယ်ကာ 09-255597009 Mg Kyaw Thet KBZ Pay သို့ ငွေကျပ် ၅ သိန်းလွှဲပေးရန်နှင့် ၎င်းငွေအား မပေးပါက ဦးအေးချိုအား မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန် လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားလွှင့်တင်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဦးအေးချို ထံသို့ ဖုန်းအမှတ် 09-978742827 ဖြင့်ထပ်မံဆက်သွယ်လာပြီး ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် “ကောင်းကင်ပြာ” Facebook အကောင့်၊ ဖုန်းအမှတ် 09-782682157၊ 09-255597009 Mg Kyaw Thet KBZ Pay အကောင့်နှင့် ဖုန်းအမှတ် 09-978742827 ပိုင်ရှင်(စိစစ်ဆဲ)တို့အား ဒီဇင်ဘာလ ၉ ရက်နေ့တွင် တာမွေမြို့မရဲစခန်း (ပ)၃၇၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ၎င်းတို့အခေါ် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)မှ  အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ကိုင်ဆောင်ကာ ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)မှ တာဝန်ရှိသူများအား ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း (ပ)၂၅၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ တုံးပုံကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း(တုံးပုံ)မှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်ဇင်မြင့် (၃၇)နှစ်သည် တုံးပုံကျေးရွာနှင့် နုတ်ချိုကျေးရွာကြားရှိ ယာခင်းတဲ၌ရှိနစဉ် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းနှင့်အတူ အခြေခံပညာမူလတန်းကျောင်း (တုံးပုံ)မှ ဆရာ/ဆရာမများအားလုံး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရွှေကူမြို့မရဲစခန်း(ပ)၁၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) ရပ်ကွက်၊ လွယ်မွေလမ်းနှင့် မီးစက်လမ်းထောင့်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသူ(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း (ပ)၂၀၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ညင်ပင်ကျေးရွာနှင့် လှေတုံးကျေးရွာများသို့ PDF အကြမ်းဖက်သမား ၅၀ ဦးခန့်ရောက်လာပြီး အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၆၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ညင်ပင်ကျေးရွာနှင့် လှေတုံးကျေးရွာများသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ PDF အကြမ်းဖက်သမား ၅၀ ဦးခန့်ရောက်လာပြီး ညောင်ညင်ပင်ကျေးရွာနေ ဦးသက်လွင် (၃၃) နှစ်နှင့် လှေတုံးကျေးရွာနေ ဦးခင်ဇော်ဝင်း (၅၁) နှစ်တို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

(၁၉)သင်းကို တပ်ပေါင်းစုအနေနဲ့ ဘာလို့ ဖွဲ့တာလဲ မေးရင် ထိုင်ခုံ နေရာ ရချင်လွန်းလို့ဆိုတဲ့ အဖြေပဲ ရှိတယ်။ သေးသေးလေးတွေ အစုအဖွဲ့ကနေ အင်အားစု တစ်ခု အဖြစ် အမည်ပြောင်းတယ်ဆိုပေမယ့် အင်အားအရ သိပ်ကြီးမားနေတာလည်း မဟုတ်။ ဒေသန္တရ အခြေပြု လက်နက်ကိုင် အစုအဖွဲ့တွေ အနေနဲ့ အစိုးရကို အတိုက်အခံလုပ်နေတဲ့ NUG အင်အားစု လက်အောက်ခံ MoD ကလည်း မဟုတ်ပြန်။ သဘောက ငါတို့က NUG က မဟုတ်။ စစ်အာဏာရှင်ကို တိုက်ထုတ်နေခြင်းသာ ဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲအလွန်ကာလ ပေါ်ထွက်လာတဲ့ အစိုးရနဲ့ ဈေးစကားပြောဖို့ ကြိုခင်း ထားတဲ့ အကွက်လို့ပဲ ကိုယ်တော့ ယူဆရတယ်။ အခွန်ဆပ်ကြေးကောက်၊ မုဒိန်းကျင့်၊ လူထုက လည်း လက်မခံလို့ ဆန္ဒတွေ ပေါ်တင်ထွက်ပြလာချိန်မျိုးမှာ.....ပြည်သူထောက်ခံမှုအားကြီးတဲ့ Local PDF ဆိုတာ မြန်မာပြည်မှာ တကယ်ရှိလို့လား။ လက်နက်ကိုင်ထားလို့သာ နီးရာ ဓား ကြောက်ရတဲ့ အဆင့်ပဲ မဟုတ်လား။ သေချာတာကတော့ ABSDF လိုမျိုး Peace Process အတွက် ခွေးတိုးပေါက်က ဝင်လာဖို့ ကြံနေတဲ့ လုပ်ဆောက်ချက်လို့ပဲ သုံးသပ်ရမှာပဲ။ သဘာရှိပါတယ်ဆိုတဲ့ KNU တောင် ခြေတလှမ်းကျွံတာနဲ့ အကြမ်းဖက် ဖြစ်နေသလို ငြိမ်းချမ်းရေး အကြောင်း ပြောတဲ့ နေရာမှာလည်း လက်နက်စွန့်ပြီး စာပွဲပေါ် တက်လာပါလို့ ပူပူနွေးနွေး ကမ်းလှမ်းထားတဲ့ ၅၁ နှစ်ပြည့် ရခိုင်ပြည်နယ်ပို့ သဝဏ်လွှာကိုကြည့်ရင် ....တပ်က ပြင်ထားတဲ့ အခင်းအကျင်းက ၂၀၀၈ ခြေဥ အခင်းအကျင်းအတိုင်းပဲ ရှိနေတာ တွေ့ရလိမ့်မယ်။ ပထမ ရည်မှန်းချက် ကျော်လွန်ပြီးမြောက်ချိန် .....တပ်မတော်ကို ဘီလူးဆိုင်း တီးပြီး မထွက်လာပါစေနဲ့လို့ပဲ ဆုတောင်းထားကြပေါ့။ (နရီမိုး)

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာရှိ အကြမ်းဖက် PDF စခန်းများကို တပ်မတော်က သိမ်းပိုက်ရှင်းလင်း။
+9
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာရှိ အကြမ်းဖက် PDF စခန်းများကို တပ်မတော်က သိမ်းပိုက်ရှင်းလင်း။

ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် နေပြည်တော်၊ ဒီဇင်ဘာ ၁၆
ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် နေပြည်တော်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင် NOM၊ဒီဇင်ဘာ၁၆၊၂၀၂၅ ရန်ကုန်တိုင်း‌ေဒသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန
ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင် NOM၊ဒီဇင်ဘာ၁၆၊၂၀၂၅ ရန်ကုန်တိုင်း‌ေဒသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါမြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ရန်ကုန်လေဆိပ်အဝင်လမ်းဖြစ်သည့် Y တံတားအနီးရှိ တိုက်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရန်ကုန်နာရေးကူညီမှုအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ယင်း နံနက် ၄း၁၃နာရီ တွင် မီးငြိမ်းသွားခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Repost from NOM
ဘရာဇီးလ်နိုင်ငံ Guaiba မှာ ရှိတဲ့ လေဘာတီရုပ်ထုကြီးဟာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ ဒီရုပ်ထုကို ၁၉၀၀ ပြည့်နှစ်လွန် အစောပိုင်းမှာ စိုက်ထူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ NOM

မတ္တရာဒေသ အကြမ်းဖက် MDY-PDF အဖွဲများ သိမ်းယူထားသော ရွှေပြည်၊ညောင်ဝန်း ၊ပွဲစားကုန်းရွာထိပ်၊ဘက်စုံ-၅ ၊နတ်ကြီးစင်၊ညောင်အုပ်၊ပင်လ
+7
မတ္တရာဒေသ အကြမ်းဖက် MDY-PDF အဖွဲများ သိမ်းယူထားသော ရွှေပြည်၊ညောင်ဝန်း ၊ပွဲစားကုန်းရွာထိပ်၊ဘက်စုံ-၅ ၊နတ်ကြီးစင်၊ညောင်အုပ်၊ပင်လယ်အင်း စသည့်နေရာများအားတပ်မတော်မှပြန်လည်ထိန်ချုပ် - တိုက်ပွဲသတင်းစုံ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲဖောက်ခွဲ၍ လက်နက်ငယ်
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကုန်းသာကျေးရွာနေ ဦးအေးကျော်စိုး (၅၃) နှစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးစန်း (၅၅) နှစ်နှင့်အတူ ကုန်းသာကျေးရွာမှ မန္တလေးမြို့သို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် ကုန်းသာကျေးရွာ၏အရှေ့တောင်ဘက် ၅ ဖာလုံခန့်အကွာ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်အရောက် PDF အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား မိုင်းဆွဲဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေါ်အေးစန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးအေးကျော်စိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ News Of Myanmar NOM

ခု ထွက်နေတဲ့ ဒေါ်စု ကျန်းမာရေး ဘာလား၊ ညာလား ဆိုတဲ့ ပြဿနာက နိုင်ငံရေး စကားနဲ့ပြောရင် တဖက်က ခေါ်ဖဲ ပစ်လိုက်တာပါပဲ။ မြင်းကမလှုပ်၊ ခုံက လှုပ်ဆိုသလို ဒေါ်စုသာ တစ်ခုခု ဖြစ်ရင် ထောင်ချထားတဲ့ အစိုးရတာဝန်ရှိသူ တွေဘက်က ကြိုတင်ကြေညာချက်တွေ ထုတ်လာရမယ့် အခြေအနေမှာ မဆီမဆိုင် ပြည်ပမှာနေတဲ့ သားက သူ့အမေ ကျန်းမာရေး စိုးရိမ်ရပါပြီဆိုတဲ့ အကွက် ထလုပ်တာက ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်စု ပုံရိပ်ကို ချပြစေချင်လွန်းလို့ တမင် သပ်သျှို ပစ်လိုက်တဲ့ စကားတစ်ခွန်းထက် မပိုဘူး။ တကယ်တော့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်းမှာ အဓိက တာဝန်အရှိဆုံးက ဒေါ်စု အပါအဝင် NLD ပါတီက အဓိက လက်သည်တရားခံလို့ ပြောလို့ရတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းဆိုတာ NLD အစိုးရကသာ မဲ အငြင်းပွားမှုတွေကို တပ်မတော် တောင်းဆိုချက်အတိုင်း ပြန်စစ် ပေးခဲ့ရင် ဒီပြဿနာတွေ ဖြစ်လာစရာ မရှိဘူး။ တပ်ကလည်း အာဏာထိမ်းစရာ မရှိဘူး။ နောက်ဆုံး ကိုယ့်ရှူးကိုယ်ပတ်တော့မယ့် ပြဿနာဆိုတော့ ....UEC ကတဆင့် တောင်းဆိုလည်း အင်း၊အဲ မလှုပ်၊ ။ ရုပ်အပေါက်ဆုံးက တတိယအကြိမ် မဲဆန္ဒရှင် စာရင်းတောင် ထုတ်မပေးနိုင်တာက ခိုးမှုဖြစ်နေပြီဆိုတာ သေချာသွားခဲ့တာပဲ။ နောက်ဆုံး နိုဝင်ဘာ ၈ ရက်နေ့မှာပေးမယ့် မဲ စာရွက်ကို နိုဝင်ဘာ ၁ ရက်နေ့အထိ ရိုက်လို့ကောင်းနေသေးတာကလည်း ဘယ်လောက်တောင်ခိုးဖို့ ကြံရွယ်ထားလည်း မသိ။ ခိုးတာက ဘယ်လောက်များသွားလည်း ဆိုတော့ မင်းကင်းမောင်မြင့်တို့ရဲ့ အမာခံ မဲဆန္ဒနယ်ကတောင် NLD ကို ဘက်ပြောင်း ထောက်ခံပေးသွားကြတယ်ဆိုပဲ။ NLD ရဲ့ CEC အချို့နဲ့ ကျမ်းမကျိန်ရသေးတဲ့ လွှတ်တော်ကိုယ်စာလှယ်တွေပေါင်းပြီး NUG ဆိုတဲ့ အဝေးရောက်အစိုးရကိုဖွဲ့၊ PDF တွေ ဖွဲ့စည်းပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ကျင့်သုံးနေတာကို သိသိနဲ့ ဒေါ်စုအနေနဲ့ တစ်လုံး တပါဒမျှ မဟ ခဲ့တာကလည်း နွေဦးတော်လှန်ရေးကြီး နိုင်ပြီး အစိုးရပြုတ်ကျလိမ့်မယ်လို့ ထင်ခဲ့ဟန်ရှိတယ်။ အရေးအခင်း စဖြစ်တော့ ကိုဗစ်က တတိယလှိုင်း၊ ဆေးရုံတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေက ၃ ချိုး ၁ ချိုး CDM တွေ လုပ်ကြတယ်။ ဘဏ်ကိစ္စ ကောလာဟလတွေကြားမှာ ATM မှာ စုပြုံထုတ်ကြတဲ့ အနေအထား တစ်ခုကနေ ဒီကနေ့အထိ မပြိုလဲအောင် ကျားကန်‌ ပေးထားသလို ၊ လက်နက်ကိုင်သောင်းကျန်းမှုတွေကိုလည်း တက်နိုင်သမျှ အငြိမ်သက်ဆုံး ထိန်းသိမ်းပြီး ရွေးကောက်ပွဲကတဆင့် အတည်ငြိမ်ဆုံး အာဏာလွှဲဖို့ ကြိုးစားနေချိန်မှ .... ဗြမ္မာဦးခေါင်းကို ဘယ်ဖိအားကို ကြောက်ပြီး အစိုးရက ပြန်လွှတ်ပေးဖို့ ကြိုးစားနေဦးမှာလဲ။ ပြည်သူနဲ့ တပ်မတော် အဖွဲ့အစည်းကြားမှာ နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ လဲသွားသလို၊ တပ်မတော်အနေနဲ့ အဆိုးဆုံးအရာတွေ ရင်စည်းခံ ကျားကန်ပြီးမှတော့ မြန်မာ့နိုင်ငံရေးမှာ ဘယ်သောအခါမှ ပြန်ထုတ်မသုံးပါနဲ့တော့လို့ပဲ ပြောချင်တော့တာပါပဲ။ (နရီမိုး)

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်း (၆၆) နှစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်မှကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ထွက်ခွာလာစဉ် ရွာလယ်လမ်းဆုံအရောက် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား၁၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး ထပ်မံစစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့  စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံသံရုံးမှ Third Secretary Mr. Erdemchukhal Tuvshintugs နှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆီးရီးယားလီယွန်နိုင်ငံ၊ ကင်မရွန်းနိုင်ငံ၊ မော်ရိုဂိုနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီဂျစ်နိုင်ငံ သံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ထို့အတူ မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်အတွင်းသို့ တရားမဝင် လမ်းကြောင်း များမှတစ်ဆင့် ဝင်ရောက်နေကြသည့် အိန္ဒိယနိုင်ငံသား လေး ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃၁ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား သုံး ဦးနှင့် ယူဂန်ဒါနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၁ ဦးကိုယနေ့တွင် ထပ်မံစစ်ဆေးခဲ့ပြီး  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၆၆၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့ အနက်မှ ၁၁၇၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+5

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးနိုင် (၅၇) နှစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ၎င်း၏ဇနီးဖြစ်သူဒေါ်အေးသန်း (၅၅) နှစ်၊ သားဖြစ်သူ ကိုချစ်စနိုး (၂၅) နှစ်တို့နှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က စက်လှေတစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့သုံးဦးအားနေအိမ်မှ ကျေးရွာဆိပ်ကမ်းသို့ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာဆိပ်ကမ်းအရောက် ကိုချစ်စနိုးအား ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဦးမိုးနိုင်နှင့်ဒေါ်အေးသန်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပျောက်သွားသည့် နွားကိုလိုက်လံရှာဖွေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ
ပျောက်သွားသည့် နွားကိုလိုက်လံရှာဖွေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၌ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးနိုင်ဇော်ထက် (၃၀) နှစ်နှင့် ဦးကျော် (၆၅) နှစ်တို့သည် ပျောက်သွားသည့်နွားအား လိုက်လံရှာဖွေရန် ထွက်ခွာလာစဉ်ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောလမ်းအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးကျော်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ်းရည်ပြသ

နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ နေပြည်တော် ဒီဇင်ဘာ ၁၅ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ  ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ယင်းနေ့မှ စတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သော်လည်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အင်ဂျင်နီယာ များ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာ ရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မ ဓာတ်အားခွဲရုံရှိ ပျက်စီး သွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီး နေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တစ်မြို့နယ်လုံးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

photo content
+2