ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 493 مشتركاً، محتلاً المرتبة 16 017 في فئة الأخبار والوسائط والمرتبة 10 067 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 493 مشتركاً.

بحسب آخر البيانات بتاريخ 24 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -248، وفي آخر 24 ساعة بمقدار 1، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.08‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.11‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 260 مشاهدة. وخلال اليوم الأول يجمع عادةً 639 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 25 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 493
المشتركون
+124 ساعات
-547 أيام
-24830 أيام
أرشيف المشاركات
ကသာဒေသအား အလုံးစုံထိန်းချုပ် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့်
+5
ကသာဒေသအား အလုံးစုံထိန်းချုပ် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပညာရေးဒီဂရီကောလိပ်ဝန်းကျင်နေရာများအား လုံခြုံရေးအဖွဲ့များမှ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၉၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွားထွက်ပြေးသွားခဲ့၊ ဖြစ်စဉ်အတွင်း မိမိဘက်မှ စစ်သည် ၁ ဦး နိုင်ငံတော်အတွက်အသက်စွန့်ခဲ့ပြီးအကြမ်းဖက် သောင်းကျန်းသူများထံမှ အောက်ပါ အလောင်း/ လက်နက်များနှင့် ရန်သူအ‌ခြေပြုစိုးမိုး‌နေရာများအားသိမ်းဆည်းရရှိခဲ့ပါသည်- (၁) အကြမ်းဖက် အလောင်း ၄ လောင်း။ (၂) လက်နက်မျိုးစုံ ၃ လက် - အမ်အေ(၁) သေနတ် ၁ လက်။ - အမ်(၂၂) သေနတ် ၁ လက်။ - အမ်အေ(၄)သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်သူ့နောက်သို့ ထပ်ကြပ်လိုက်ရှာဖွေချေမှုန်းလျက်ရှိကြောင်း သိရှိရပါသည်။ တိုက်ပွဲသတင်းစုံ NOM

အမေရိကန်နိုင်ငံ မိုင်ယာမီ (Miami) မှာ ပြုလုပ်တဲ့ ဆော်ဒီရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတစ်ခုမှာ အမေရိကန်သမ္မတထရမ့် (Trump) က 'ဆော်ဒီအိမ်ရှေ့မင်းသား' လို့ ခေါ်ကြတဲ့ မိုဟာမက် ဘင် ဆလ်မန် (Mohammed bin Salman) ကို အရှက်ခွဲပြောဆိုလိုက်ပါတယ်။ "သူ ကျွန်တော့်ကို kiss my ass လုပ်ရမယ် (ကျွန်တော့်ကို အောက်ကျို့ခံပြီး ဖားရမယ်၊ မျက်နှာချိုသွေးရမယ်လို့ ဆိုလိုတာပါ) လို့ သူကိုယ်တိုင်လည်း တစ်ခါမှ မထင်ထားခဲ့ဘူး။ တကယ်ကို မယုံကြည်ခဲ့တာ... အခုတော့ သူ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံရတော့မယ်... သူ ကျွန်တော့်အပေါ် ယဉ်ကျေးပျူငှာတာ ပိုကောင်းလိမ့်မယ်။ သူ အဲဒီလို လုပ်ကိုလုပ်ရမှာပဲ..." NOM

အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မည် အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတ
အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မည် အီရန်တက္ကသိုလ်များအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းတစ်လွှားရှိ အမေရိကန်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ယခုအခါ တိုက်ခိုက်မည့်ပစ်မှတ်များ ဖြစ်လာကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သတိပေးလိုက်သည်။ နောက်ဆုံးအချိန်သတ်မှတ်ချက် - တီဟီရန်စံတော်ချိန် တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ။ ကာတာနိုင်ငံ ကာနက်ဂီ မယ်လွန် တက္ကသိုလ် (Carnegie Mellon University) • ဂျော့ဂျ်တောင်း တက္ကသိုလ် (Georgetown University) • တက်ကဆက် အေအန်အမ် တက္ကသိုလ် (Texas A&M University) • နော့ဝက်စ်တန်း တက္ကသိုလ် (Northwestern University) • ဝေးလ် ကော်နဲလ် ဆေးတက္ကသိုလ် (Weill Cornell Medicine) အာရပ်စော်ဘွားများပြည်ထောင်စု အန်ဝိုင်ယူ အဘူဒါဘီ (NYU Abu Dhabi) • ဒူဘိုင်း အမေရိကန် တက္ကသိုလ် (American University in Dubai) • ရှာဂျာ အမေရိကန် တက္ကသိုလ် (American University of Sharjah) လက်ဘနွန်နိုင်ငံ ဘေရွတ် အမေရိကန် တက္ကသိုလ် (American University of Beirut) • လက်ဘနွန် အမေရိကန် တက္ကသိုလ် (Lebanese American University) အီရတ်နိုင်ငံ အီရတ် အမေရိကန် တက္ကသိုလ် — ဘဂ္ဂဒက် (American University of Iraq — Baghdad) • အီရတ် အမေရိကန် တက္ကသိုလ် — ဆူလေမာနီယာ (American University of Iraq — Sulaimani) • ကာဒစ်စတန် အမေရိကန် တက္ကသိုလ် — ဒူးဟော့ခ် (American University of Kurdistan — Duhok) ကူဝိတ်နိုင်ငံ ကူဝိတ် အမေရိကန် တက္ကသိုလ် (American University of Kuwait) ဂျော်ဒန်နိုင်ငံ မာဒါဘာ အမေရိကန် တက္ကသိုလ် (American University of Madaba) NOM

ယူအေအီးနိုင်ငံသားများအိုမန်သို့ထွက်ပြေး NOM အီရန်ကယူအေအီးနိုင်ငံရှိအမေရိကန်အကျိုးစီးပွါးများကိုပြင်းထန်စွာတိုက်ခိုက်နေသဖြင့်ယူအေအီးနိုင်ငံသားများအိုမန်သို့ထွက် ပြေးစစ်ရှောင်နေရာယူအေအီး-အိုမန်နယ်စပ်တွင်စစ်ရှောင်ကါးတန်းကြီးဖြင့်လမ်းပိတ်ဆို့လျက်ရှိသည်။

ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး တောင်းဆို အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင် ဂါဗီယာ (Itamar Ben Gvir) က ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရာ (ဂျိုလာနီ) ကို လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုလိုက်သည်။ "ဆီးရီးယားသမ္မတသစ်ဟာ အသတ်ခံရမယ်... ဆီးရီးယားသစ်နဲ့ ဖြစ်လာမယ့် တိုက်ပွဲဟာ အစ္စရေးတွေအတွက် ကံကြမ္မာအဆုံးအဖြတ် တိုက်ပွဲတစ်ခုဖြစ်ပြီး အဲဒီအချိန်က ရောက်လာတော့မှာပါ" ဟု ၎င်းက ဆိုသည်။ NOM

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက် မတ် ၂၉၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပ
ပြည်ကြီးတံခွန်မြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက် မတ် ၂၉၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က    မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ဒေသခံပြည်သူများအား (ဃ) ရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။ NOM

ယီမင်နိုင်ငံသားတစ်ဦးက ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖုန်းဆက်ပြီး "စစ်ပွဲသတင်း ဘာကြားလဲ" လို့ မေးလိုက်ပါတယ်။ တစ်ဖက်က တာဝန်ရှိသူက "ဘာသတင်းမှမရှိပါဘူး။ အခြေအနေအားလုံး အေးဆေးပါပဲ" လို့ ပြန်ဖြေပါတယ်။ အဲဒီအခါ ယီမင်နိုင်ငံသားက "မင်းတို့အတွက် သတင်းကောင်းရှိတယ်။ ယီမင်က စစ်ပွဲထဲကို စတင်ဝင်ရောက်လာပြီ" လို့ ပြောလိုက်ပါတယ်။ တာဝန်ရှိသူက "ခင်ဗျား ဘယ်ကနေ ဖုန်းဆက်နေတာလဲ" လို့ ပြန်မေးတဲ့အခါမှာတော့— သူက "ယီမင်ကနေ ဆက်နေတာ။ တို့ဆီကနေ ဒုံးကျည်တစ်စင်း မင်းတို့ဆီ လာလိမ့်မယ်။ အီရန်ကနေလည်း တစ်စင်းလာမယ်။ မင်းတို့ဆီမှာ အချက်ပေးဥသြ (Alarm) တစ်ခုပဲ ရှိတာဆိုတော့ အခု နောက်ထပ်တစ်ခု ထပ်ဝယ်ထားလိုက်တော့။ အဲဒါမှ နှစ်ခုဖြစ်သွားမှာ" လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ NOM

အီရန်ဒုံးပျည်ထိမှန်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ်ပျက်စီး ဆော်ဒီအာရေဗ
+2
အီရန်ဒုံးပျည်ထိမှန်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ်ပျက်စီး ဆော်ဒီအာရေဗျနိုင်ငံ၊ Prince Sultan လေတပ်စခန်းက ဓာတ်ပုံမှတ်တမ်းတွေအရ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ E-3 Ox ကြိုတင်သတိပေးလေယာဉ် ပျက်စီးသွားတာကို တွေ့ရပါတယ်။ ဒီလေယာဉ်ဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဒီလိုလေယာဉ်မျိုး ၁၆ စင်းပဲ ရှိတာပါ။ လေယာဉ်အမြီးပိုင်းက နံပါတ်ဟာ 81-0005 နဲ့ ကိုက်ညီနေပြီး ဒါဟာ ပြီးခဲ့တဲ့ အပတ်တွေကမှ အဲဒီစခန်းကို ရောက်ရှိလာတဲ့ E-3 လေယာဉ် ဖြစ်ပါတယ်။ အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အနည်းဆုံး E-3 လေယာဉ် ၁ စင်း ဒါမှမဟုတ် ၂ စင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီလေယာဉ်ဟာ ရေဒါစနစ်တွေအတွက် အလွန်အရေးပါတဲ့ လေယာဉ်ဖြစ်လို့ အခုလို ပျက်စီးသွားတာဟာ အမေရိကန်လေတပ်အတွက် အရှုံးကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ NOM

ဆော်ဒီ (Petroline) ပိုက်လိုင်းတွေကတစ်ဆင့် ပင်လယ်နီထဲကို အိုပက် (OPEC) ရဲ့ ရေနံတွေ ဆက်လက်စီးဆင်းနေပါတယ်။ ရေနံဈေးနှုန်းကို တစ်စ
+2
ဆော်ဒီ (Petroline) ပိုက်လိုင်းတွေကတစ်ဆင့် ပင်လယ်နီထဲကို အိုပက် (OPEC) ရဲ့ ရေနံတွေ ဆက်လက်စီးဆင်းနေပါတယ်။ ရေနံဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင်မှာ တည်ငြိမ်နေစေဖို့အတွက် တစ်နေ့ကို ရေနံစည်ပေါင်း ၆ သန်းထက်မနည်း ပို့လွှတ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ မနေ့ကအစောပိုင်းမှာ ယီမင်နိုင်ငံက အန်ဆာအလ္လာဟ် (AnsarAllah) (ဝါ) ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ပွဲထဲကို ပါဝင်လာတာနဲ့အမျှ ပိုက်လိုင်းရဲ့ ဘယ်နေရာကိုမဆို ဒရုန်းနဲ့တစ်ချက်လောက် တိုက်ခိုက်လိုက်ရုံနဲ့တင် ရေနံဈေးဟာ တစ်ညတွင်းချင်း တစ်စည်ကို ဒေါ်လာ ၂၀၀ အထိ ထိုးတက်သွားနိုင်ပါတယ်။ ဆော်ဒီအာရေဗျဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေပေမယ့် ဒီစစ်ပွဲထဲကို တရားဝင်မပါဝင်ချင်ဘူးဆိုတာ ရှင်းနေပါတယ်။ အိမ်ရှေ့မင်းသား MBS ရဲ့ ရာထူးဟာလည်း အခုအချိန်မှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ NOM

မနေ့က ကူဝိတ်နိုင်ငံတကာလေဆိပ်ဧရိယာကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ရေဒါစနစ် အပြင်းအထန် ပျက်စီးသွားပါတယ်။ NOM

တဲလ်အဗစ်မြို့တွင် စစ်ဆန့်ကျင်ရေး စုဝေးပွဲတစ်ခုကို အစ္စရေးရဲတပ်ဖွဲ့က လူစုခွဲ NOM အီရန်နိုင်ငံ အပေါ်အစ္စရေး၏ စစ်ဆင်ရေးကို ကန့်ကွက်ရန် လူရာပေါင်းများစွာ သည် အစ္စရေးနိုင်ငံတဲလ်အဗစ်မြို့တွင်စုဝေးခဲ့ကြသည်။ ပါဝင်သူများက အစိုးရ ၏နှစ်နှစ်ကျော်ကြာ ဆင်နွှဲနေသော စစ်ပွဲများကို ငြီးငွေ့နေပြီဟု ပြောကြားခဲ့သည်။

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်းတိုင်ကြားနိုင် မတ် ၂၈၊ ၂၀၂၆ ပြည်သူများစက်သုံးဆီဝ
စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်းတိုင်ကြားနိုင် မတ် ၂၈၊ ၂၀၂၆ ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအား အလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကိုဖွင့်လှစ်ထားရှိကာ နေ့စဉ်နံနက် (၆)နာရီမှ ည(၁၀) နာရီ အထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉ ၄၄၀၄၃၃၃၂၄ နှင့် ၀၉ ၈၉၉၁၂၉၂၉၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံး၊ ပေပါများဖြင့် တရားမဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်း အမှတ်များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများ၊ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉ ၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။ အချက်အလက်ပြည့်စုံစွာ တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာအရေးယူ ဆောင်ရွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပုလိပ်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိပြီး အဆိုပါအရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင်(၃၀)ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ NOM

ထရမ့်၏ခြိမ်းခြောက်မှုက်ုအီရန်ကဂရုမစိုက်ကြောင်းရိုက်ကူးထားသည့်ကါတွန်းကါး

တူရကီအမျိုးသားထောက်လှမ်းျရးအကြီးအကဲကစစ်ပွဲစတင်သူကိုဘယ်တော့မှမမေ့ဟုပြော NOM တူရကီအမျိုးသားထောက်လှမ်းရေးအဖွဲ့အကြီးအကဲအီဗရာဟင်ကါလင်ကအီရန်အနေဖြင့်အိမ်နီးချင်းနိုင်ငံများကိုတိုက်ခိုက်နေခြင်းအပေါ်လက်ခံနိူင်စရာမရှိကြောင်း၊ထို့ထက်ပိုပြီးစစ်ပွဲစတင်ရန်လုပ်ဆောင်ခဲ့သူကိုလည်းဘယ်တော့မှမေ့မည်မဟုတ်ကြောင်း၊မိမိတို့နိုင်ငံသည်စစ်ပွဲစတင်သည့်လက်သည်ကိုဖိအားပေးပြီးအီရန်စစ်မှတဆင့်ကမ္ဘာ့အကျပ်အတည်းဖြစ်စေမည့်ဒေသဆိုင်ရာစစ်ပွံကြီးမဖြစ်ရန်တားဆီးရမည်ဟုပြောကြားလိုက်သည်။သူ့ပြောကြားချက်တွင်နိုင်ငံအမည်မတပ်သော်လည်းအီရန်စစ်ကိုအစ္စရေးကစတင်ခဲ့ကြောင်းသွယ်ဝိုက်ပြောသွားသည်။

အစ္စရေးသိမ်းပိုက်ထားသောအိုင်လက်မြို့ကိုအီရန်ဒုံးကျည်ထိမှန်
အစ္စရေးသိမ်းပိုက်ထားသောအိုင်လက်မြို့ကိုအီရန်ဒုံးကျည်ထိမှန်

တစ်ရက်အတွင်းအစ္စရေးတင့်ကား၂၁စီးဖျက်ဆီးခံရ NOM စစ်ဘက်စောင့်ကြည့်ရေးမဂ္ဂဇင်းကအစ္စရေးစစ်တပ်၏ပင်မတိုက်ပွဲဝင်မာကာဗာတင့်ကား၂၁စီးသည်
တစ်ရက်အတွင်းအစ္စရေးတင့်ကား၂၁စီးဖျက်ဆီးခံရ NOM စစ်ဘက်စောင့်ကြည့်ရေးမဂ္ဂဇင်းကအစ္စရေးစစ်တပ်၏ပင်မတိုက်ပွဲဝင်မာကာဗာတင့်ကား၂၁စီးသည်တစ်ရက်အတွင်းဖျက်ဆီးခံရကြောင်းဖော်ပြလိုက်သည်။တင့်ကားအများစုသည်တိုက်ပွဲတစ်ပွဲအတွင်းတင့်ကားဖျက်ပဲ့ထိန်းဒုံးများ၊ဖိုင်ဘာကြိုးတပ်ဒရုန်းများဖြင့်ဟဇ်ဘိုလာတို့ကခြုံခိုတိုက်ခဲ့ခြင်းကြောင့်ပျက်စီးဆုံးရှုံးကြောင်းဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံက အသက် ၁၆ နှစ်အောက် ကလေးငယ်များကို လူမှုကွန်ရက်စာမျက်နှာများ အသုံးပြုခွင့် ပိတ်ပင် NOM အင်ဒိုနီးရှားနိုင်ငံသည် မတ်လအတွင်း အတည်ပြုခဲ့သော အစိုးရဥပဒေတစ်ရပ်ကို ယနေ့စနေနေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ယင်းဥပဒေအရ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား YouTube, TikTok, Facebook, Instagram, X နှင့် Roblox အပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။ ဤဆောင်ရွက်ချက်သည် ညစ်ညမ်းရုပ်ပုံစာပေ၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများနှင့် စွဲလမ်းစေသည့် အကြောင်းအရာများနှင့် ထိတွေ့မှုကို ကန့်သတ်ရန် ရည်ရွယ် ကြောင်းသိရသည်။

ယူအေအီးနိုင်ငံတွင်မုန်တိုင်းကြောင့်ရေကြီးပြီးကားများရေနစ်နေ

အီရန်၏ ပဲ့ထိန်းဒုံးကျည် ၃ စင်းအနက် ၁ စင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်း၊ နီဂေ့ဗ် (Negev) ရှိ အာရှာလင် (Ashalim) ဆိုလာဖိုတိုဗော
+1
အီရန်၏ ပဲ့ထိန်းဒုံးကျည် ၃ စင်းအနက် ၁ စင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်း၊ နီဂေ့ဗ် (Negev) ရှိ အာရှာလင် (Ashalim) ဆိုလာဖိုတိုဗော်လ်တိုက် (Solar Photovoltaic) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိမှန်ခဲ့သည်။ NOM

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် ကို တပ်မတော်က ပြန်လည်ထိန်းချုပ် မတ် ၂၈၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ အကြမ်းဖက် သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ပြီးနောက် ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်းသိရသည်။ NOM