မှတ်စု
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام မှတ်စု
تُعد قناة မှတ်စု (@kolay0002) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 10 280 مشتركاً، محتلاً المرتبة 24 258 في فئة أفلام والمرتبة 11 092 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 280 مشتركاً.
بحسب آخر البيانات بتاريخ 30 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -304، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.02%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 0.82% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 516 مشاهدة. وخلال اليوم الأول يجمع عادةً 84 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 01 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.
10 280
المشتركون
-624 ساعات
-717 أيام
-30430 أيام
أرشيف المشاركات
10 280
မိုက်ကယ်ဂျက်ဆင်ရဲ့အမှတ်အသားအဖြစ်လက်ခံခဲ့ကြတဲ့ လပေါ်လမ်းလျှောက်အက အဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှု
။
Https://www.youtube.com/ကိုလေး@0008
.
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
10 280
Ayothi (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)
အယုဒ္ဓယ
...
ဇာတ်ကားနာမည်လေးကိုကြည့်ပြီး
ကျွန်တော်တို့ရဲ့ အရှေးဖက်ကတိုင်းပြည်ကို
အခြေတည်ရိုက်ကူးထားတာလို့ ထင်မှတ်ထားရင်တော့ မှားသွားပါလိမ့်မယ်
အိန္ဒိယနိုင်ငံအတွင်းကဘဲ ဟိန္ဒူဘာသာဝင်တို့အထွဋ်အမြတ်ထားရာ
မဟာဗြဟ္မာကြီး တဖန်ပြန်ဝင်စားတဲ့ ရာမမင်းသားရဲ့
ကျောင်းတော်တည်ရှိရာမြို့
ဗြဟ္မဏဘာသာဝင်တိုင်း အဲ့ဒီကိုသွားရောက်လို့
ဝတ်ပြုရင်း ဆုတောင်းရင်း ဘဝဆန္ဒတွေကို ပြဒါန်းလိုကြတယ်
တိုင်တည်လိုကြတယ်
မြို့ကြီးကမိသားတစုဟာလည်း
ဂါဝရပြုဖို့ဘုရားဖူးဖို့လာရာက ကြုံတွေရတဲ့ပြဿနာကိုအခြေတည်လို့
ဒီဇာတ်လမ်းလေးကို ဖန်တီးထားပါတယ်
ဒေါသကြီးလွန်းတဲ့ဖခင်ကြောင့်
လမ်းခရီးမှာဘဲ ကားတိမ်းမှောက်လို့
ဝိဉာဏ်မဲ့နေတဲ့ မိခင်တယောက်ရဲ့ခန္ဓာ
ဘာသာစကားမတူ သူစိမ်းတွေရဲ့အရပ်မှာ
သောကပရိဒေဝမီးရင်ဝယ်ပိုက်လို့
ဒုက္ခဝဲဂယက်ထဲ တဝဲလည်လည်ဖြစ်နေတဲ့ မိသားတစု
ဇာတိရပ်မြေဆီပြန်ဖို့ ကျနစွာသင်္ဂြိုဟ်နိုင်ဖို့
ရုန်းရင်းကန်ရင်း ရင်ဆိုင်ရတဲ့ပြဿနာတွေ
ဘာသာစကားမတူ
ကိုးကွယ်ယုံကြည်ရာလည်းမတူ
အသိအကျွမ်းလည်းမဟုတ်ပေမယ့်
လူသားတယောက်ရဲ့ ပကတိစာနာနားလည်းကိုယ်ချင်းစာစိတ်နဲ့
အားသွန်ခွန်ဆိုက်ကူညီကြတဲ့ သူစိမ်းတွေ...
ဇာတ်ရဲ့အဆုံးမှာ သမီးဖြစ်သူရဲ့ ခွန်းတုံ့ပြန်မှုကနေ
ကိုယ့်ရဲ့အတ္တလွှမ်းလို့သူကန်းသဖွယ်
အားကိုးပါတယ်ဆိုသူကိုမှ နင်းချမိသလို
ခွန်းတုံ့မပြန်ရဲသူကိုမှ အနိုင်ကျင့်သလို
အာဏာရှင်ဆန်ဆန် ဉာဏ်အလင်းမဲ့မဲ့ မစာနာနိုင်ခဲ့တာတွေ
မိုက်လို့ကန်း ကန်းလို့မိုက်ခဲ့တာတွေကို သတိမူလို့ ပြန်မြင်ယောင်လို့
မာနကိုခဝါချ အမှားထောက်လို့ အမှန်ဆောက်ဖို့
နောင်တတွေတပွေ့တပိုက်နဲ့ ဖခင်ကြီးရဲ့
သူ့ရဲ့အတ္တမာနကို အနိုင်ရသွားမှုတွေနဲ့တူ
အချုပ်အနေနဲ့ လူသားတယောက်ကို
လူသားတယောက်အဖြစ်မြင်ဖို့ လေးစားဖို့
ဒီဇာတ်လမ်းလေးက ရည်ရွယ်ပါတယ်လို့ ဆိုပါရစေတော့
အဓိကမင်းသမီးအဖြစ်
"ပရီသီ အာစီရာနိမ်" (Preethi Asrani) က အပိုအလိုမရှိ
သရုပ်ဆောင်ရင်း
"အာ မန်သီရာ မူသီ" (R. Manthira Moorthy)က ရိုက်ကူးထားတာပါ
.
ဇာတ်ကားကြည့်ရန်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
ကိုလေး ☆ အင်းတဲ
10 280
Ayothi (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)
အယုဒ္ဓယ
...
ဇာတ်ကားနာမည်လေးကိုကြည့်ပြီး
ကျွန်တော်တို့ရဲ့ အရှေးဖက်ကတိုင်းပြည်ကို
အခြေတည်ရိုက်ကူးထားတာလို့ ထင်မှတ်ထားရင်တော့ မှားသွားပါလိမ့်မယ်
အိန္ဒိယနိုင်ငံအတွင်းကဘဲ ဟိန္ဒူဘာသာဝင်တို့အထွဋ်အမြတ်ထားရာ
မဟာဗြဟ္မာကြီး တဖန်ပြန်ဝင်စားတဲ့ ရာမမင်းသားရဲ့
ကျောင်းတော်တည်ရှိရာမြို့
ဗြဟ္မဏဘာသာဝင်တိုင်း အဲ့ဒီကိုသွားရောက်လို့
ဝတ်ပြုရင်း ဆုတောင်းရင်း ဘဝဆန္ဒတွေကို ပြဒါန်းလိုကြတယ်
တိုင်တည်လိုကြတယ်
မြို့ကြီးကမိသားတစုဟာလည်း
ဂါဝရပြုဖို့ဘုရားဖူးဖို့လာရာက ကြုံတွေရတဲ့ပြဿနာကိုအခြေတည်လို့
ဒီဇာတ်လမ်းလေးကို ဖန်တီးထားပါတယ်
ဒေါသကြီးလွန်းတဲ့ဖခင်ကြောင့်
လမ်းခရီးမှာဘဲ ကားတိမ်းမှောက်လို့
ဝိဉာဏ်မဲ့နေတဲ့ မိခင်တယောက်ရဲ့ခန္ဓာ
ဘာသာစကားမတူ သူစိမ်းတွေရဲ့အရပ်မှာ
သောကပရိဒေဝမီးရင်ဝယ်ပိုက်လို့
ဒုက္ခဝဲဂယက်ထဲ တဝဲလည်လည်ဖြစ်နေတဲ့ မိသားတစု
ဇာတိရပ်မြေဆီပြန်ဖို့ ကျနစွာသင်္ဂြိုဟ်နိုင်ဖို့
ရုန်းရင်းကန်ရင်း ရင်ဆိုင်ရတဲ့ပြဿနာတွေ
ဘာသာစကားမတူ
ကိုးကွယ်ယုံကြည်ရာလည်းမတူ
အသိအကျွမ်းလည်းမဟုတ်ပေမယ့်
လူသားတယောက်ရဲ့ ပကတိစာနာနားလည်းကိုယ်ချင်းစာစိတ်နဲ့
အားသွန်ခွန်ဆိုက်ကူညီကြတဲ့ သူစိမ်းတွေ...
ဇာတ်ရဲ့အဆုံးမှာ သမီးဖြစ်သူရဲ့ ခွန်းတုံ့ပြန်မှုကနေ
ကိုယ့်ရဲ့အတ္တလွှမ်းလို့သူကန်းသဖွယ်
အားကိုးပါတယ်ဆိုသူကိုမှ နင်းချမိသလို
ခွန်းတုံ့မပြန်ရဲသူကိုမှ အနိုင်ကျင့်သလို
အာဏာရှင်ဆန်ဆန် ဉာဏ်အလင်းမဲ့မဲ့ မစာနာနိုင်ခဲ့တာတွေ
မိုက်လို့ကန်း ကန်းလို့မိုက်ခဲ့တာတွေကို သတိမူလို့ ပြန်မြင်ယောင်လို့
မာနကိုခဝါချ အမှားထောက်လို့ အမှန်ဆောက်ဖို့
နောင်တတွေတပွေ့တပိုက်နဲ့ ဖခင်ကြီးရဲ့
သူ့ရဲ့အတ္တမာနကို အနိုင်ရသွားမှုတွေနဲ့တူ
အချုပ်အနေနဲ့ လူသားတယောက်ကို
လူသားတယောက်အဖြစ်မြင်ဖို့ လေးစားဖို့
ဒီဇာတ်လမ်းလေးက ရည်ရွယ်ပါတယ်လို့ ဆိုပါရစေတော့
အဓိကမင်းသမီးအဖြစ်
"ပရီသီ အာစီရာနိမ်" (Preethi Asrani) က အပိုအလိုမရှိ
သရုပ်ဆောင်ရင်း
"အာ မန်သီရာ မူသီ" (R. Manthira Moorthy)က ရိုက်ကူးထားတာပါ
.
ဇာတ်ကားကြည့်ရန်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
10 280
Repost from မှတ်စု
Kine master app
.
ဆိုရင်တော့
video editing ဝါသနာပါသူတွေအတွက် စိမ်းမယ်မထင်ဘူးဗျ
Https://www.youtube.com/@ကိုလေး.0008
သူက premium features တွေကို ကျော်ခွထားပြီးသားပါ
ဝါသနာပါသူတို့အတွက်ပေါ့
.
ဒီဘားရှင်းက အရင်နဲ့တော်တော့်ကိုခြားနားသွားပြီ
။
ဗီဒီယို ပြင်ဆင်ဖန်တီးရာမှာလည်း ပိုပြီး ကောင်းလာတယ် အဆင်ပြေချောမွေ့လာတယ်
။
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
10 280
Repost from N/a
+1
Sesham Mike-il Fathima (2023)
ဘောလုံးပွဲတင်ဆက်သူလုပ်ချင်တဲ့ လေအိုး ဖာသီမာ
(ဇာတ်ကား🖊 တွေး၊ညွှန်း)
။
https://t.me/kolay0001/431
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
ကိုလေး ☆ အင်းတဲ
10 280
Repost from N/a
+1
Bumm Bumm Bole (2010) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ဖိနပ်လေးတရံ
။
Https://www.youtube.com/ကိုလေး@0008
.
အတွေးတွေနဲ့စီးမျောစေစားချင်ရင် ဒီကားကြည့်ကြဗျ
ဖိနပ်တရံရဲ့ဖြစ်ထွေ
တချို့အတွက်တော့ သာမန်ပဲပေါ့
တချို့အတွက်တော့ ဘဝတွေပါတယ်
ပျောက်သွားတဲ့ဖိနပ်လေး သူ့နှမလေးကခေါ်ပြတော့
နေပါစေတော့ သူတို့ကတို့ထက်ခက်ခဲလောက်တယ်တဲ့လေ...
အဓိကသရုပ်ဆောင်ကတော့ ညွှန်းနေဖို့တောင်လိုမယ်မထင် 3 idiots မင်းသား အာမိန်ခန်းနဲ့တွဲရိုက်ထားတဲ့ စာမဖတ်တတ်တဲ့ သွားခေါခေါနဲ့ကောင်လေး အီလျှံပေါ့
သူ့ရဲ့နာမည်အရင်းက ဒါရှီးလ် ဆာဖာရီ
ဒါရိုက်တာကတော့ hello ဆိုတဲ့ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးလေး ကလျာဏီ ပရီယာဒါသျှန် ကိုသိတယ်ဟုတ်
ဒီကားကသူမရဲ့အဖေ ဒါရိုက်တာကြီး ပရီယာဒါသျှန်ရိုက်ကူးထားတာပါ
။
Directed by
Priyadarshan
Starring
Darsheel Safary
.
https://t.me/kolay0001/2440
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး
10 280
Repost from N/a
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ရဲ့ ငယ်ရွယ်စဉ်က ကိုမာလာအမည်နဲ့ ရေးသားခဲ့တဲ့ဆောင်းပါး
။
။
အချစ်နည်းနည်းလျှော့
။
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ
10 280
Repost from မှတ်စု
ည ၏ ကာလသား လာ ၌
...
😄😄😄😄
..
သန်းထွန်းလေး ☆ အင်းတဲရွာ
Https://youtube.com/@thantunlayinde
10 280
Repost from N/a
+2
Rangoon (2017) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ရန်ကုန်မှာပြန်ဆုံတော့
.
မြန်မာပြည်နဲ့ဆက်စပ်တဲ့ နိုင်ငံခြားဇာတ်ကားတွေရှိတတ်ပါတယ်
ဒါပေမယ့်ဇာတ်ကောင်တွေစကားပြောဆိုရာမှာ ရိုက်ကူးတဲ့နိုင်ငံရဲ့ သက်ဆိုင်ရာဘာသာစကားပဲပြောတာများတယ်ဟုတ်
ဒီကားကတော့ မြန်မာစကားပြောဇာတ်ကွက်တွေ အတော်များများပါတယ်
ပြီးတော့ ဒေးဒရဲ ကနေစလို့ မြန်မာပြည်တွင်းရိုက်ကွင်းအတော်များများအပြင် မြို့လယ်ပိုင်းဆူးလေတဝိုက်ရိုက်ကွက်တွေလည်းပါတယ်
မြန်မာပြည်သားအဖြစ်ပါဝင်ခဲ့တဲ့
။
။
။
မြန်မာ့ဟန်စစ်စစ် ခမောက်တွေ ပုဆိုးကို ကျကျနနဝတ်ဆင်ပြသထားတာတွေ သနပ်ခါးကို သေသေချာချာ လိမ်းခြယ်ထားတာတွေ ရိုးရာဝိုင်းခြင်းခတ်ကစားနည်းစုံမက်စွာကစားတာတွေကို ပြသွားတာများသိပ်လှတယ်
ဇာတ်လမ်းအစရဲ့ ပြောစကားတွေကလည်း တကယ့်အနှစ်
တက်လမ်းဆိုတဲ့အရာအတွက် နှလုံးသားနီးသူတွေနဲ့ခွဲခွာလို့ သူစိမ်းတွေအရပ်စီ မျက်နှာငယ်ငယ်နဲ့တိုးဝင်ရတာ
ကိုယ့်ဇာတိကနေ ရုတ်တရက် ပထမဆုံးခွဲခွာရခြင်းလောက် ကြေကွဲဝမ်းနည်းစရာကောင်းတာဘာရှိမလဲ
လောကမှာမွေးဖွားလာဖို့က လွယ်ပါတယ်
သေဖို့က ပိုတောင်လွယ်သေးတယ်
ရှင်သန်ဖို့ကကသာခက်တာတဲ့
။
https://t.me/kolay0001/2422
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး
10 280
Repost from N/a
+1
Anegan (2015) (ဇာတ်ကား🖊 တွေး၊ညွှန်း)
မြန်မာပြည်မှာလာရိုက်သွားတဲ့ဇာတ်ကား
။
ဒီကားရဲ့အဓိကမင်းသား တန်နွတ်ကိုမသိကြရင်တောင်မှ မြန်မာ့သမိုင်းဝင်နေရာတွေ ကမ္ဘာ့ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် မြန်မာ့သဘာဝအလှတွေကိုကျကျနနရိုက်ပြခဲ့တာမို့ ဒီဇာတ်ကားက အဲ့သည်ခေတ်က မြန်မာပရိသတ်ကိုအတော်ဆွဲဆောင်နိုင်ခဲ့ပြီး အတော်လေးကို ပေါက်ခဲ့တယ်လို့ဆိုရမယ်
ကြည့်ကြည့်ကြဗျာ နိုင်ငံကြားရုပ်ရှင်တွေမှာတောင် တကူးတကဖော်ပြတဲ့အထိ လွှမ်းမိုးမှုကြီးတဲ့ လူထုခေါင်းဆောင်ရဲ့ဓာတ်ပုံကို မင်းသမီးရဲ့အိပ်ခန်းမှာ တွေ့ရမှာပါ
ဇာတ်လမ်းလေးက မြန်မာ့စစ်အာဏာရှင်တွေရဲ့ခေါင်းကိုင်ဖခင်ကြီး ခွေးသူတောင်းစားနေဝင်း အာဏာသိမ်းပြီး ပြည်တွင်းက အိန္ဒိယနွယ်ဖွားတွေကို နှင်ထုတ်တာကနေစတယ်
ဇာတ်ကြောလေးပြောပြရရင်
သံယောဇဥ်တွေ ငြိတွယ်ခြင်းတွေနဲ့ ချိတ်ဆက်ထားတာ သိပ်လှတယ် ပြောင်းလဲမှုတွေမှာ မမေ့နိုင်သူက ပိုခံစားရမြဲပါပဲတဲ့
။
https://t.me/kolay0001/2420
။
Directed by
K. V. Anand
Starring
Dhanush
Karthik
Amyra Dastur
။
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
ကိုလေး
10 280
Repost from N/a
+1
Thodari (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ရထားပေါ်မှာ
.
တန်နွတ်ရဲ့အကောင်းဆုံးဇာတ်ကား ငါးကားလောက်ရွေးထုတ်မယ်ဆိုရင် ဒီကားကတကားအပါအဝင်ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုကြပါလိမ့်မယ်
သူ့ကားတွေရဲ့ဟန်အတိုင်း အချစ်အလွမ်းဟာသအပြင် နိုင်ငံရေးတွေ လူသားအတ္တတွေကို သလဲသီးများလို တကန့်စီတကန့်စီ သပ်သပ်ရပ်ချပြသွားတာ အတော့်ကိုပီပြင်တယ်
ဇာတ်လမ်းက ဆယ်နာရီစာလောက် ရထားခရီးတခုအတွင်းကိုပဲရိုက်ပြထားတာ
ရထားပေါ်က စားပွဲထိုးတယောက်
တက်သစ်စမင်းသမီးရဲ့ အကူကောင်မလေးကိုချစ်မိ
အဲ အဲ့ဒီကောင်မလေးက သီချင်းဆိုဝါသနာပါသဗျ
ပါဆိုငယ်ငယ်က ဆုရဖူးတာကိုး
။
ထိုစဉ်အခိုက်မှာပဲ ရထားပေါ်မှာ ဓားပြတိုက်မှုဖြစ်တယ်
ဝန်ကြီးတယောက်လည်းပါနေပြန်တယ်
ဒီတော့ အာဏာပိုင်တွေက ပြန်ပေးဆွဲမှုလို့ယူဆတယ်
ပါကစ္စတန်နဲ့တရုတ်လက်ချက်ပါလို့ မီဒီယာကဖွတယ်
စက်ခေါင်းတွဲထဲရောက်နေတဲ့ကောင်မလေးကတော့ ပြောပါတယ် အစိုးရလူကြီးမင်းတွေ ရူးနေတာဖြစ်မယ်တဲ့
ထိုစဉ်ကတက်သစ်စမင်းသမီးလေးတဖြစ်လဲ ကီသီဆူရပ်ရှ်ကို ပရိတ်သတ်အကြား မှတ်မှတ်ထင်ထင်ရှိနေအောင် မှတ်ကျောက်တင်ပေးခဲ့တဲ့ကားမို့ ကြည့်သင့်တယ်လို့ညွှန်းပါရစေ
။
https://t.me/kolay0001/1216
။
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
ကိုလေး
10 280
Repost from N/a
Myanmar dictionary app အညွှန်း
။
https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary
။
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
ကိုလေး
