တာတေ မဖဲဝါ စာအုပ်များ
الذهاب إلى القناة على Telegram
ဖတ်ချင်တဲ့ မဖဲဝါ စာအုပ်များကို ပြောပြလို့ရပါတယ် တတ်နိုင်သမျှ ရှာပြီးတင်ပေးပါ့မယ် တခြားသရဲ စာအုပ်တွေ လည်း တင်ပေးမှာပါ #တာတေ #မဖဲဝါ #ညမဖတ်ရ #crd
إظهار المزيد3 790
المشتركون
+3024 ساعات
+2017 أيام
+1 07530 أيام
أرشيف المشاركات
အဲဒီညလည်း တစ်ညလုံး မအိပ်ကြရ
ပါဘူးဗျာ။လေပြင်းတွေတိုက်၊အိမ်ခေါင်
ပေါ်ကို ခဲတွေကျ၊ ခွေးတွေက ကြောက်
လန့်ပြီး နွားတွေက တဖူးဖူး နှာမှုတ်၊ လူ
တွေလည်း နေစရာမရှိအောင် ကြောက်
ကုန်ကြပြီပေါ့ဗျာ။တိုက်လိုက်တဲ့လေတွေ
ဆိုတာ မနက်မိုးလင်းကာနီးမှ ငြိမ်သွား
တာဗျ
ကျုပ်စိတ်ထင်တော့ တစ်နာရီမိုင်ခြောက်
ဆယ်နှုန်းလောက် ရှိမယ်ထင်တယ်။
ဒီပုံစံအတိုင်း
နောက်သုံးလေးရက်လောက်
ဆက်ဖြစ်နေရင်တော့ ကျုပ်တို့ရွာကလူ
တွေ တခြားကို ပြောင်းပြေးကြမလား
တောင် မသိဘူးဗျ။
ကိုရွှေဝါးတို့ ညီအစ်ကိုနဲ့ ကျုပ် မနက်
အစောကြီး ရွာကထွက်လာခဲ့တယ်။
ရွာပြင်ရောက်တာနဲ့ ကိုရွှေဝါးကလက်
ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့ ကျောက်မျက်
လုံးလေးကို ကျုပ်လက်ထဲထည့်လိုက်
တယ်။သူတို့ရောက်ခဲ့တဲ့ ကျောက်မျက်
လုံးဂူ ဆိုတာကို သူတို့က သိမှာပေါ့
ဗျာ။ ရှေ့ဆုံးက ကိုရွှေဝါး၊ ကျုပ်က
အလယ်က၊ နောက်ဆုံးမှာက ဆိတ်
တစ်ကောင် ကြိုးနဲ့ဆွဲပြီး လိုက်လာ
တာက ကိုငွေဝါးဗျ။
ဒီလူနှစ်ယောက်လည်း မိဘမှာ လက်
ငုတ်လက်ရင်းလေး ရှိပေမယ့် ယာလုပ်
တာက နည်းနည်း၊ တောထဲဝင်ပြီး ဘိ
ထောင်တာက များများဖြစ်နေတာဗျ။
ဘိထောင်တယ်ဆိုတာက တောထဲ
မှာ သားကောင်ကို ထောင်ချောက်
ထောင်ပြီး ဖမ်းတာကို ပြောတာဗျ။
ကျုပ်ကတော့ ညကတည်းက မဖဲဝါကို
အကြောင်းပြုထားပြီးသားဗျ။ဒီနေ့ကျုပ်
မျက်လုံးဂူကို သွားမယ့်အကြောင်းပေါ့
ဗျာ။ ကျုပ်တို့သုံးယောက် ရိုးမပေါ်ကို
တက်လာပြီး နှစ်နာရီလောက်ကြာတော့
တောင်ကမ်းပါးကိုပတ်ပြီး လျှောက်ရတဲ့
လူလျှောက်လမ်းလေးကို တွေ့တယ်ဗျ။
“ဒီလမ်းပဲ တာတေ၊ ဒီလမ်းအတိုင်းသွား
ရင် အဲဒီဂူပေါက်ကို တွေ့လိမ့်မယ်။
မင်းပဲ သွားထားလိုက်တော့ကွာ၊ငါတို့မလိုက်
ဝံ့တော့ဘူး”
ကိုရွှေဝါးက ပြောတာဗျ။
“ဟာ၊ ဘယ်ဖြစ်မှာတုံးဗျ၊ ခင်ဗျားတို့
ယူခဲ့တဲ့ နေရာကို ကျုပ်မှ မသိတာ။
ပြီးတော့ ကျုပ်က သွားထားပါပြီတဲ့၊
ခင်ဗျားတို့ ညီအစ်ကို ဒီနေရာမှာ
နေခဲ့ရဲလား”
ကျုပ်မေးလိုက်တော့မှ ညီအစ်ကိုနှစ်
ယောက် တစ်ယောက်မျက်နှာ တစ်
ယောက်ကြည့်ပြီး…
“ဟာ၊ အဲဒီလိုလည်း မနေရဲဘူးကွ၊
ဟာ မထူးပါဘူးကွာ၊ မင်းနဲ့ပဲ လိုက်
ခဲ့ပါမယ်”
“ကဲ ဒါဆိုရင် ကိုရွှေဝါး ရှေ့က သွား
ပေတော့”
လူသွားလမ်းကလေးက တော်တော်ရှည်
တာဗျ။တော်တော်လေး သွားမိတော့မှ
ကျောက်ဂူကို တွေ့ရတာဗျို့။ဂူက အဝ
ကလည်း ကျယ်တယ်၊ အထဲမှာလည်း
တော်တော်ကျယ်သားဗျ။
ကျုပ်တို့ ဂူထဲကို ဝင်လာတယ်။
“ဟိုမှာ တာတေ၊ အဲဒီကျောက်တုံးကြီး
မှာ ဒီကျောက်မျက်လုံးကို တွေ့တာ”
ဂူထဲမှာက အလင်းရောင်ဖျော့ဖျော့လေး
လင်းနေတယ်။ကျောက်တုံးကြီးက လူ
ကြီးတစ်ယောက် ထိုင်နေသလိုလိုပဲဗျ။
ဒါပေမဲ့ ပီပီပြင်ပြင်တော့ မရှိလှဘူး။
လူခေါင်းလို့ ထင်ရတဲ့နေရာမှာ တွင်း
ကလေး ဖြစ်နေတာဗျ။မဖဲဝါ ပြောသ
လိုဆိုရင် ဒီကျောက်တုံးကြီးက ဘီလူး
ကြီး ကျောက်ဖြစ်သွားတဲ့ ကျောက်တုံး
ကြီးပဲဗျ။ ဒီတွင်းကလေးက ကိုရွှေဝါး
ဓါးနဲ့ ကော်ထုတ်ခဲ့တဲ့ ကျောက်မျက်
လုံးအရာကလေးပဲ။
ဒါဆိုရင် ဒီနေရာဟာ ဘီလူးကြီးရဲ့နဖူး
နေရာပဲ ဖြစ်မယ်။ဘာဖြစ်လို့တုံးဆိုတော့
မဖဲဝါ ပြောတာက အဲဒီဘီလူးကြီးက နဖူး
မှာ မျက်လုံးတစ်လုံးပဲ ပါတာဆိုပဲဗျ။ကျုပ်
က လက်ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့ ကျောက်
မျက်လုံးကလေးကို ထုတ်ယူပြီး ကျောက်
တုံးကြီးပေါ်ကို တွယ်တက်ခဲ့တယ်။
နည်းနည်းလောက် တက်လိုက်တော့
တွင်းနေရာလေးကို လမ်းလှမ်းလို့ မှီ
သွားပြီဗျ။ ကျောက်မျက်လုံးကို တွင်း
ကလေးထဲ သေသေချာချာ ပြန်ထည့်
လိုက်တယ်။ အံဝင်ခွင်ကျကို ဝင်သွား
တာဗျ။ ကျုပ် သေသေချာချာ ကြည့်
လိုက်တော့ ဟာ မျက်တောင်ခတ်နေ
တယ်ဗျို့။ကျုပ်လည်း ကျောက်တုံးကြီး
ပေါ်က မြန်မြန်ပြန်ဆင်းလာတယ်။
ဘာက ဘယ်လိုခတ်နေတာလဲတော့
မသိဘူးဗျ။ကျောက်မျက်လုံးလေးက
မျက်တောင်ခတ်နေတာတော့ အမှန်ပဲ
ဗျို့။ မဖဲဝါ ပြောသလိုဆိုရင် ကျုပ်တို့
ရွာကို လာပြီးခြောက်လှန့်နေတဲ့ တာ
ပနလို့ခေါ်တဲ့ ဘီလူးက ဒီကျောက်မျက်
လုံးကိုလူတွေလက်ထဲ မရောက်အောင်
စောင့်နေရတဲ့ ဘီလူးဗျ။
မဖဲဝါက နတ်မင်းကြီးတွေကို လျှောက်
လိုက်လို့ တာပနကို တစ်နေရာရာလွှတ်
လိုက်တာ ဖြစ်မယ်ဗျ။ အချိန်တော့ သိပ်
ကြာလို့ မဖြစ်ဘူး။ မတော်လို့ တာပန
ပြန်ရောက်လာရင် ကျုပ်တို့ ဒီနေရာမှာ
တင် ကိစ္စပြတ်သွားမှာဗျို့။
ကိုငွေဝါးလက်ထဲက ဆိတ်ကိုယူပြီး
တိုင်လို ဖြစ်နေတဲ့ ကျောက်ပန်းဆွဲကြီး
တစ်ခုမှာ ကြိုးချည်ထားလိုက်တယ်။ပြီး
တာနဲ့ ကျုပ်တို့သုံးယောက် သုတ်ခြေတင်
တော့တာဗျို့။ကျုပ်တို့ကျောက်မျက်လုံးဂူ
နဲ့ တော်တော်လေး ဝေးလာတဲ့အချိန်မှာ…
“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”
ဟာ တောကြီးတစ်တောလုံး လေပြင်း
တိုက်တော့တာပဲဗျို့
“ဟား ဟား ဟား ဟား ဟီး ဟီး ဟီး”
ကျောက်မျက်လုံးဂူဘက်က ထွက်လာ
တဲ့ ရယ်သံကြီးဗျို့။ ကျောက်မျက်လုံး
စောင့်တဲ့ ဘီလူးတာပန ပြန်ရောက်
လာပြီ ထင်တယ်ဗျ။
“ဟား ဟား ဟား ဟား ၊ ပဲ ဟဲ ဟဲ”
ဟာ ဆိတ်အော်သံပါ ကြားရတယ်ဗျို့၊
ကျုပ်တို့ထားခဲ့တဲ့ ဆိတ်ကလေးကို
ဘီလူး စားနေပြီ ထင်တယ်ဗျို့။
ဘီလူးရယ်တဲ့ အသံကြီး ကြားရလေ
ကျုပ်တို့သုံးယောက်လည်း ခြေလှမ်း
တွေ ပိုသွက်လာလေပဲဗျို့။ နေမွန်း
တည့်တာနဲ့ ကျုပ်တို့ ရွာပြန်ရောက်
ကြတယ်။ကျုပ်တို့ အိမ်တန်းမပြန်ဘဲ
သူကြီးအိမ်ကို သွားပြီး အကျိုးအ
ကြောင်း ပြောပြရသေးတာပေါ့ဗျာ။
“အေး ဆိုင်တယ်ဟေ့၊ သိပ်ဆိုင်တယ်
ကွ၊ အဲဒီကျောက်မျက်လုံးကိုစောင့်တဲ့
ဘီလူး လိုက်လာပြီး ရွာထဲမှာ သောင်း
ကျန်းနေတာကွ သိသလား၊ မင်းအစ်
ကို ရွှေဝါးက ဒီကျောက်မျက်လုံးကို
ဘယ်သူ့ဆီမှာ ရောင်းမှာတုံး”
“ဒါတော့ ကျုပ်မသိဘူး သူကြီး၊ရန်ကုန်
က ကျုပ်တို့ဦးလေးကကျောက်မျက်လုံး
ယူပြီးလိုက်ခဲ့၊ သူရောင်းပေးမယ်ဆိုလို့
လိုက်သွားတာဗျ။ ဒါပေမဲ့ သူတို့တွေ
စမ်းကြည့်ဦးမှာပါ၊ တကယ်စွမ်းမှ
ရောင်းလို့ရမှာပါဗျာ”
“ဒါဆိုရင် ရွှေဝါးက ဘယ်တုန်းက
ရန်ကုန်ကို သွားတာတုံး”
” ဒီမနက်ပဲသွားတာ သူကြီး၊ ဒါပေမဲ့
ရန်ကုန်ကို ချက်ချင်းသွားမှာ မဟုတ်
သေးဘူး၊ မြို့မှာ တစ်ရက် နှစ်ရက်
နေဦးမှာ”
“ဒါဆိုရင် မနက်ဖြန် မနက်စောစော
ထပြီး မင်းကိုယ်တိုင် ရွှေဝါးကို မြို့မှာ
လိုက်ခေါ်ပေတော့၊ အဲဒီကျောက်မျက်
လုံးမပါဘဲ မင်းတို့နှစ်ယောက်ထနောင်း
ကုန်းကို ပြန်မလာခဲ့နဲ့။ အဲဒါ မပါဘဲ
ပြန်လာရင်တော့ ဒီတစ်ရွာလုံးကလူတွေ
မင်းတို့နှစ်ယောက်ကို ဝိုင်းပြီးသတ်ကြ
လိမ့်မယ်၊ ဒီညလည်း ရွာထဲမှာ ဘာဖြစ်
ဦးမယ် မသိဘူး”
“ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး၊ ကျုပ်မနက်
စောစောထပြီး မြို့ကို လိုက်သွားမယ်။
ပြီးရင် ကျုပ်အစ်ကို ရွှေဝါးကိုခေါ်ပြီး
ချက်ချင်းပြန်ခဲ့ပါ့မယ်”
ညသန်းခေါင်ကျော်တော့ ကင်းစောင့်
တဲ့လူတွေရော၊ ရွာသားတွေရော တစ်
ယောက်မျက်နှာ တစ်ယောက် ကြည့်
ကြတော့တာပေါ့ဗျာ၊ မျက်နှာတွေဆို
တာလည်းဆီးရွက်လောက်ကိုရှိတော့
တာဗျ။ မျက်နှာငယ်လေးတွေနဲ့ဗျို့။
“ဒုန်း၊ ဒေါင်း၊ ဒေါင်း၊ ဒေါင်း၊ ဒုန်း”
ဟာ ရွာထဲက အိမ်ခေါင်မိုးတွေပေါ်ကို
ခဲလုံးတွေ ကျနေတာဗျို့။ အိုး ကောင်း
ကင်ကနေပြီး ခဲလုံးမိုးတွေ ရွာနေသ
လား မှတ်ရတယ်ဗျာ။
“ခဲတွေ ကျလာပြီဟေ့၊သတိထားကြဟ”
ဆန်းတော့ ဆန်းသားဗျ။ ခဲလုံးတွေက
အိမ်ခေါင်မိုးတွေပေါ်ကိုပဲ ကျတာဗျ။
ရွာလမ်းမပေါ်ကိုတော့ ခဲတစ်လုံးမှ
မကျဘူးဗျ။ တစ်ရွာလုံးလည်း တဒုန်း
ဒုန်း တဒုန်းဒုန်းနဲ့ ဗြောင်းဆန်နေတော့
တာပေါ့ဗျာ။ ကျုပ်ကို မဖဲဝါပြောလိုက်
တဲ့ အကြောင်းကိုသာ ဒီရွာသားတွေ
ကို ပြောပြလိုက်ရရင်တော့ ကိုရွှေဝါး
တို့ ကိုငွေဝါးတို့အိမ်ကို ဝိုင်းပြီးများ
ဖျက်ပစ်ကြမလားတောင် မသိဘူးဗျ။
ကျုပ်လည်း ဘယ်ပြောလို့ဖြစ်မှာတုံး။
သူကြီးတစ်ယောက်ကိုပဲ ပြောပြရတာ။
တစ်ညလုံး တဒုန်းဒုန်းကျနေတဲ့ ခဲတွေ
မနက်သုံးနာရီလောက်မှ ရပ်သွားတာ
ဗျို့။ အိပ်ရေးတွေပျက်ပြီး ယာထဲလည်း
မဆင်းနိုင်ကြဘူးဗျ။
မနက်မိုးလင်းကာနီးမှ အိပ်ကြရတာ
မို့လား။ ကျုပ်တို့လည်း ဒီအတိုင်းပါပဲ
ဗျာ။ တော်သေးတယ်လို့ပဲ ပြောရ
တော့မှာပဲဗျာ။
ညနေလောက်ရောက်
တော့ ကိုငွေဝါး လိုက်ခေါ်တဲ့ သူ့အစ်
ကို ကိုရွှေဝါး ပြန်ရောက်လာတယ်။
ကျုပ်ကို သူကြီးက ခေါ်ခိုင်းလို့ ကျုပ်
လိုက်သွားတယ်။ သူကြီးက ကနုတ်
ပန်းတွေဖော်ထားတဲ့ ကုလားထိုင်
ကြီးမှာ ခန့်ခန့်ကြီးထိုင်ပြီး ကိုရွှေ
ဝါးတို့ ကိုငွေဝါးတို့ ညီအစ်ကိုက
သူကြီးရှေ့မှာ ယို့ယို့လေးတွေ
ထိုင်နေကြတာဗျို့။
သူကြီးက ကျုပ်ကို လက်ကိုင်ပုဝါနဲ့
ထုပ်ထားတဲ့ အထုပ်ကလေးတစ်ထုပ်
ပေးတယ်ဗျ။ ကျုပ်ကလည်း ရိုရိုသေ
သေ လှမ်းယူပြီး ဖြည်ကြည့်လိုက်
တော့ အံ့သြစရာပါပဲ။
လူ့မျက်လုံးအရွယ်လောက်ရှိတဲ့ ကျောက်
မျက်လုံးလေးဗျ။ တကယ်မျက်လုံးအတိုင်း
ပါပဲဗျာ။မျက်လုံးအဖြူသားနဲ့ အလယ်မျက်
လုံးအနက်နဲ့ အထဲမှာလည်း သူငယ်အိမ်နဲ့
ဗျ။ ကျုပ် သူငယ်အိမ်ထဲကို သေသေချာ
ချာ ကြည့်လိုက်တော့ အောင်မယ်လေး
အထဲမှာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေ
တဲ့ ဘီလူးဗျ။ လက်ထဲမှာလည်း တင်း
ပုတ်ကို ပခုံးပေါ်မှာထမ်းထားတယ်။
ကျောက်ဖြစ်သွားတဲ့ ဘီလူးရဲ့ဝိညာဉ်
က ဒီထဲမှာ ကိန်းနေတာကိုး။ဒါကြောင့်
ဒီကျောက်မျက်လုံးက မျက်တောင်ခတ်
တာကိုး။
“ကိုရွှေဝါး၊ ဒီမျက်လုံးကို ခင်ဗျားတို့
တွေ့တုန်းက မျက်တောင်ခတ်တယ်ဆို”
“အေး ဟုတ်တယ် တာတေ၊ မင်းကို
ဘယ်သူပြောတာတုံး”
“ကျုပ်ကို မဖဲဝါ ပြောတာဗျ”
ကျုပ်က မဖဲဝါ ပြောတာတွေကို သူတို့
ညီအစ်ကိုကိုပြောပြလိုက်တယ်။ဒီတော့
မှ ညီအစ်ကိုနှစ်ယောက်စလုံး လန့်သွား
ကြရောဗျို့။သူကြီးကလည်း သူတို့ညီ
အစ်ကိုကို လှမ်းကျိန်းတော့တာပေါ့ဗျာ။
“သူကြီးရယ်၊ ကျုပ်တို့ ဒါတွေ ဘာမှ
မသိလို့ ယူခဲ့မိတာပါဗျာ။ထူးဆန်းနေ
တော့ ကျုပ်တို့လည်း စိတ်ဝင်စားပြီး
ယူခဲ့ကြတာပါ။ နောက်မှ ရန်ကုန်က
ကျုပ်ဦးလေးက ဒီလိုပစ္စည်းဆန်းဆို
ရင် ယူလာပြီး ပြကြည့်ပေါ့။ ကြိုက်
တဲ့လူတွေ့ရင် ဈေးကောင်းရတတ်
တယ်ဆိုလို့ ကျုပ်လည်း သွားပြ
ကြည့်မလို့ပါဗျာ။ ရွာထဲမှာ ဖြစ်နေ
တဲ့ကိစ္စတွေဟာ ဒီပစ္စည်းကြောင့်
ဖြစ်တာမှန်း ကျုပ် လုံးဝမတွေးမိ
ဘူးဗျာ။ အခုလည်း ဒီကျောက်
မျက်လုံးကို သူကြီးဆီမှာ အပ်ပါ
တယ်။သူကြီး ကြိုက်သလိုသာ
စီစဉ်ပါဗျာ”
ကိုရွှေဝါး ပြောတာကို ကြားတော့
သူကြီးက မျက်နှာကွက်ကနဲ ပျက်
သွားတယ်ဗျို့။
“ဟဲ့ကောင် ရွှေဝါး၊ ဘယ့်နှယ် ငါက
စီစဉ်ရမှာတုံး၊မင်းတို့ညီအစ်ကိုယူလာ
တာ။ မင်းတို့ ပြန်ပို့မှ ဖြစ်မှာပေါ့ကွ၊
မနက်ဖြန် ဆိတ်တစ်ကောင်ဝယ်ပြီး
ကျောက်မျက်လုံးဂူကို ပြန်သွားပြီး
ကျောက်မျက်လုံးကို ပြန်ပို့လိုက်၊
တာတေ လိုက်လုပ်ပေးလိမ့်မယ်”
“ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး”
နတ်ဝင်သည်တို့ရဲ့ ပညာနဲ့သူ့လိပ်ပြာ
ကို သူသိပ်နေမှာပေါ့ဗျာ။ဆံပင်က
တော့ဖြည်ချထားတာဗျ။ ဟာ လာ
ပြီဗျို့။ မဖဲဝါ လာပြီ။ ဂူတွေအပေါ်
ကနေရိပ်ကနဲ ရိပ်ကနဲ ရွေ့လာတာ
ဗျ။ဟော ဒေါ်ထွန်းဆီကို ဖြူဖြူအ
ရိပ်ကြီး ပြေးကပ်လိုက်ပြီဗျို့။
“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”
ဟော ဒေါ်ထွန်း လက်ကြီးတွေ ကွေး
ကောက်ပြီး ထလာပြီဗျို့။ဟာ ဂူကြီး
ပေါ်ကို ဒေါ်ထွန်း လွှားကနဲ ခုန်တက်
သွားပြီဗျ။ဟော ထမင်းပွဲကို ငုံ့ကြည့်
ပြီး ရယ်နေတယ်ဗျ။
“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”
ဒူးကြီးတစ်ဖက်ထောင်၊ တစ်ဖက်လှဲပြီး
စားပြီဗျို့။ကြက်သားတုံးအကြီးကြီးတွေ
ကို အားရပါးရ စားပြီဗျ။ထမင်းတွေလည်း
စားတယ်။ စားရင်းနဲ့ ဆံပင်ဖားလျားကြီး
ကြားက မျက်လုံးပြူးပြူးနဲ့ ကျုပ်ကိုလှမ်း
ကြည့်တယ်။
“ဒီလိုပါ မဖဲဝါ၊ ကျုပ်တို့ရွာမှာ ပုဏ္ဏက
တိုက်သလိုဖြစ်ပြီး မီးတွေ ထထတောက်
နေတယ်ဗျ။ ဟိုညကတော့ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတယ်။အဲ
ဒါ ဘာဖြစ်တာတုံးဆိုတာ သိချင်လို့ပါ
မဖဲဝါ။ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆို
တာလဲ ပြောပါဗျာ”
“တာတေ၊နင်တို့ရွာတောင်ပိုင်းက
တောထဲဝင်ဝင်ပြီး ဘိထောင်တဲ့
ကောင် နှစ်ကောင်”
“သြော်၊ ကိုရွှေဝါးနဲ့ ကိုငွေဝါးတို့ကို
ပြောတာထင်တယ်”
“အေး ဟုတ်တယ်၊ ဒီကောင်နှစ်ကောင်
တောထဲကို ဘိထောင်သွားရင်း ကျောက်
မျက်လုံးဂူကိုရောက်သွားတယ်။အဲဒီဂူထဲ
မှာ ဘီလူးကနေ ကျောက်ဖြစ်သွားတဲ့
ကျောက်တုံးကြီးတစ်တုံး ရှိတယ်။ အဲဒီ
ကျောက်တုံးမှာ ကျောက်ဖြစ်သွားတဲ့
ဘီလူးမျက်လုံးကြီးကို မြင်နေရတယ်။
ဒီဘီလူးက ကျောက်မဖြစ်ခင်ကတည်း
က နဖူးမှာ မျက်လုံးတစ်လုံးပဲ ရှိတာ။
ထူးဆန်းတာက အဲဒီကျောက်မျက်လုံး
ကြီးက မျက်တောင်ခတ်တယ်။အဲဒါကို
သွားတွေ့တဲ့ ရွှေဝါးနဲ့ ငွေဝါးကကျောက်
မျက်လုံးကြီး ရအောင်ထုတ်ယူလာတယ်။
အခု နင်တို့ရွာမှာ လာပြီးသောင်းကျန်း
နေတဲ့အကောင်က အဲဒီကျောက်မျက်
လုံးကို စောင့်ရတဲ့ ‘တာပန’လို့ခေါ်တဲ့
ဘီလူး။
ရွှေဝါးတို့ ငွေဝါးတို့ ကျောက်မျက်လုံးထုတ်
ယူတဲ့အချိန်မှာ ဒီဘီလူးကနတ်မင်းကြီးတွေ
ခိုင်းထားတာရှိလို့ တစ်နေရာကိုသွားနေရ
တယ်။အဲဒီမျက်လုံးက ကျောက်ဖြစ်နေတဲ့
ဘီလူး မျက်လုံးအစစ် တာတေ၊ အင်မတန်
အစွမ်းထက်တယ်။လူတွေလက်ထဲမှာ ဒါ
ကို ထားမှာမဟုတ်ဘူး။ ရွေးစေ့လောက်
ကလေးပဲ ဖဲ့ယူပြီး ဆောင်ထားရင်တောင်
တုတ်၊ ဓါး၊ လှံ၊ သေနတ်၊ မီးပေါက် ဘယ်
လိုလက်နက်မျိုးမဆို ပီးတယ်။
မီးမလောင်ဘူး၊ ရေမှာ မမြုပ်ဘူး။ဒါကို
‘တာပန’ဘီလူးက ရအောင်ပြန်ယူလိမ့်
မယ်။ဒီတာဝန်က သူ့ကို နတ်မင်းကြီး
တွေ ပေးထားတဲ့ တာဝန်ပဲ တာတေ၊
သူ ဒီကျောက်မျက်လုံးကို မရ,ရအောင်
ပြန်ယူမှာပဲ”
“ဒါဆို ဘယ်လိုလုပ်ရမတုံးဗျ”
“ဟဲ့ အဲဒီမျက်လုံးကို ကျောက်မျက်လုံး
ဂူမှာ ပြန်ထားလိုက်ပေါ့”
“ဟာ ဒါကို သွားထားတုန်း’တာပန’ဘီလူး
က သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မတုံးဗျ”
” နင်တို့ သွားမပို့ခင် ငါ့ကို အကြောင်း
ပြုလိုက်။ နတ်မင်းကြီးတွေကို ငါလျှောက်
ပြီး ‘တာပန’ဘီလူးကို ဖယ်ခိုင်းထားမယ်၊
နင်လည်း ‘တာပန’စားဖို့ ဆိတ်အရှင်တစ်
ကောင်ကို ကြိုးချည်ပြီး ထားခဲ့ရမယ်”
ဟာ မဖဲဝါ ကြွသွားပြီဗျို့။ဒေါ်ထွန်း
လက်ကြီးအပေါ် မြှောက်ပြီး ဂူပေါ်မှာ
ခွေကနဲ လဲကျသွားတယ်။ ကျုပ်က
ဒေါ်ထွန်းကို သစ်စုန်းဆေးတော် ခပ်
ထားတဲ့ရေနဲ့ တောက်ပေးလိုက်တယ်။
ဒေါ်ထွန်း သတိပြန်ရတော့ ကျုပ်တို့
ရွာထဲကို ပြန်ဝင်ခဲ့ကြတယ်။
ဒေါ်ထွန်းကို အရီးလုံးတင်အိမ် ပြန်ပို့ပြီး ကျုပ်တို့
သူကြီးအိမ်ကို လာခဲ့ကြတယ်။သူကြီး
ကို အဖြစ်အပျက်တွေအားလုံးပြောပြ
လိုက်တော့ သူကြီးက ဆယ်အိမ်ခေါင်း
ကိုဆယ်ကို ချက်ချင်းလွှတ်ပြီး ကိုရွှေ
ဝါးနဲ့ ကိုငွေဝါးတို့ ညီအစ်ကိုကို ခေါ်
ခိုင်းလိုက်တယ်။ခဏနေတော့ ကို
ရွှေဝါး ပါလာတယ်။
“ဟေ့ကောင် ငွေဝါး၊ မင်းအစ်ကို
ရွှေဝါးက ဘာလို့ လိုက်မလာတာတုံး၊
ငါ့ကို ပမာမခန့် လုပ်တာလားဟေ့”
သူကြီးဆိုတာလည်း အကြောင်းကြုံ
လာရင် နည်းနည်းတော့ အာဏာပြ
ပေးရတယ်ဗျ။ဒီလိုမှ မလုပ်ရင်လည်း
လူတွေက မခန့်ကြဘူးဗျ။
“ဟာ မဟုတ်ရပါဘူး သူကြီးရယ်၊
သူကြီးကို ပမာမခန့်လုပ်တာ မဟုတ်
ပါဘူးဗျာ၊ ကျုပ်အစ်ကို ရွှေဝါးက ရန်
ကုန်ကို သွားနေလို့ပါဗျာ”
“ဘာကွ၊ ရွှေဝါးက ရန်ကုန်သွားတယ်
ဟုတ်လား၊ ဘာသွားလုပ်တာတုံး၊ ဘိ
ထောင်လို့ရတဲ့ အသားတွေ ရန်ကုန်
တက်ရောင်းတာလား”
သူကြီးက ငေါ့တော့တော့ မေးတာဗျ။
“ဟာ မဟုတ်ပါဘူး သူကြီးရဲ့၊ ကျောက်
သွားရောင်းတာပါ”
“ဟေ၊ ကျောက်ဟုတ်လား၊ ဘာကျောက်
တုံး၊ ပတ္တမြားလား”
သူကြီးက တမင်မေးနေတာဗျ။ကျုပ်ပြော
ပြထားလို့ အားလုံးသိနေပြီးသားဗျ။
“ဟာ ပတ္တမြား မဟုတ်ပါဘူးဗျ ရိုးရိုး
ကျောက်ပါ"
“သြော် မျက်လုံးပုံလေးလားကွ၊ ငွေဝါးရ”
“ဟာ ဟုတ်တယ်၊ ဟုတ်တယ် သူကြီး
နို့ နေပါဦးဗျ၊ သူကြီးက ဒီကျောက်က
လေးအကြောင်းကို ဘယ်လိုသိနေတာ
တုံး”
“ဟေ့ကောင် ငွေဝါး၊ ငါ သူကြီးကွ၊
ဒီရွာမှာ အပ်ကျတာကအစ ငါသိ
တယ် သိလား”
“သြော်…ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး”
“မင်းအစ်ကို ရွှေဝါး အဲဒီကျောက်မျက်
လုံးလေးကို ရန်ကုန်သွားရောင်းတယ်
ဆိုတာ တကယ်လား”
“ဟုတ်ပါတယ် သူကြီး၊ ကျုပ်တကယ်
ပြောတာပါ”
“အေး၊ ငါပြောမယ် ငွေဝါး၊ မင်းတို့ညီ
အစ်ကို ဂူကြီးတစ်ခုက ကျောက်မျက်
လုံးလေးကို ယူလာလို့ ဒီရွာတစ်ရွာလုံး
ဗြောင်းဆန်နေတာရော သိသလားကွ”
“ဗျာ၊ အဲ အဲဒါ ကျောက်မျက်လုံးနဲ့
ဆိုင်လို့လားဗျ သူကြီးရ”
တောင်ပိုင်းပြီးတော့ အလယ်ပိုင်း၊ အ
လယ်ပိုင်းပြီးတော့ အရှေ့ပိုင်း၊အနောက်
ပိုင်း၊ မြောက်ပိုင်း အို…တစ်ညလုံး ပတ်
လောင်နေတော့တာဗျာ။ကျုပ်တို့မပြောနဲ့၊
ဒီအဖြစ်မျိုးကို ကျုပ်တို့ရွာက အသက်
အကြီးဆုံး ကိုးဆယ့်ခြောက်နှစ်ရှိနေတဲ့
ဘိုးဒွေးလှတို့ အဘိုးကြီးတောင် ဒါမျိုး
တစ်ခါမှ ကြားလည်း မကြားဖူး၊ ကြုံ
လည်း မကြုံဖူးဘူးလို့ ပြောတာဗျ။
မြေပြောင်ပြောင်မှာ ဝုန်းကနဲ ထ
တောက်တဲ့မီးက မနက်လေးနာရီ
လောက်ရောက်တော့မှ ငြိမ်သွား
တာဗျို့။ဒါပေမဲ့ ကျုပ်တို့ရွာသားတွေ
ကတော့ ရေပုံးတွေကိုယ်စီ မိုးစင်စင်
လင်းတဲ့အထိ ခိုက်ခိုက်တုန်ပြီး ကင်း
စောင့်နေကြရတော့တာပေါ့ဗျာ။
ကျုပ်လည်း မိုးလင်းတော့မှ အိမ်ပြန်
ရောက်ခဲ့တော့တာ။အဘနဲ့အမေလည်း
တစ်ညလုံး မအိပ်ကြပါဘူးဗျာ။တစ်ရွာ
လုံး ဒီလောက် ဆူပွက်နေမှတော့ ဘယ်
သူက အိပ်ပျော်မှာတုံးဗျာ။ပြီး ဖြစ်တဲ့
ကိစ္စက မီးရေးလေဗျာ၊ တစ်ရွာလုံး
ပြာဖြစ်သွားနိုင်တဲ့ ကိစ္စဗျ။
ကျုပ်လည်း တစ်ညလုံး ပြေးလွှားထား
ရတော့ အိပ်ရာထဲ ဝင်လိုက်တာနဲ့ အိပ်
ပျော်သွားလိုက်တာ အမေ လာနှိုးမှကို
နိုးတော့တာဗျို့။
“ဟဲ့ တာတေ၊ ထတက်ပြီး ထမင်းလေး
ဘာလေး စားဦးလေ”
“ဟင် ဘယ်အချိန်ရှိပြီလဲ အမေ”
“ညနေ သုံးနာရီတောင် ထိုးပြီဟဲ့”
” ဗျာ၊ ဒီလောက်တောင် ရှိပြီလား”
ကျုပ် အိပ်ရာက ကပျာကယာထပြီး
ထမင်းခပ်သုတ်သုတ် စားလိုက်တယ်။
အချိန်တောင် နည်းနေပြီဗျ။ ခဏနေ
တော့ ကျောက်ခဲနဲ့ သံမဏိရောက်လာ
တယ်။ကျုပ်က သံမဏိကို ကြက်ဝယ်
ခိုင်းတယ်။ကျောက်ခဲကိုမီးလောင်ကုန်း
က နတ်ဝင်သည် ဒေါ်ထွန်းကိုခေါ်ခိုင်း
တယ်။တကယ်တော့ ဒေါ်ထွန်းက
ငွေတွင်းကုန်းကဗျ။
သူ့သားအိမ်ထောင်ကျပြီးမီးလောင်
ကုန်းကိုပြောင်းနေတော့သူပါမီးလောင်
ကုန်းကို လိုက်လာတာ။ကျုပ်တို့အတွက်
ကတော့ ပိုနီးသွားတာပေါ့ဗျာ။
“ကိုကြီးတာတေ၊ ဒေါ်ထွန်းအတွက်တော့
မပူနဲ့ဗျ၊ ဒေါ်ထွန်း ကျုပ်တို့ရွာကို ရောက်
နေတယ်။ညကတည်းက သူရှိတယ်။ကျုပ်
တို့ဖြစ်တာတွေကို ဒေါ်ထွန်း အားလုံးသိ
တယ်။ခုလည်း ဒေါ်ထွန်းက ကျုပ်ကို…
'ဒီညတော့ တာတေ တစ်ခုခုလုပ်
လိမ့်မယ်ထင်တယ်တဲ့၊ ကိစ္စရှိရင်
ငါ့လာပြော၊ ကြားလား ကျောက်ခဲ။
ငါ နင့်အရီးလေး လုံးကြည်တို့အိမ်
မှာရှိတယ်’လို့ ပြောလိုက်တယ်ဗျ။
အဲဒါလည်း ပြောရင်း ကိုကြီးတာ
တေ တစ်ခုခုလုပ်ရင် ကူပြီးလုပ်
ပေးရအောင် လာတာဗျ”
“သြော်…အေး၊ ဒါဆိုရင် မင်းပါ
သံမဏိနဲ့ လိုက်သွားကွာ၊ ပြီးရင်
ငှက်ပျောဖက်ပါ ခုတ်ခဲ့”
“ဟုတ်ကဲ့ ဟုတ်ကဲ”
ဒီကိစ္စတွေကိုဒီကောင်နှစ်ကောင်လုပ်
နေကျပဲဗျာ။ အားလုံးကို သိနေပါပြီ။
ကျုပ်က ဝိုင်းထဲမှာ မီးမွှေးပြီး ထမင်း
အိုးတည်ထားလိုက်တယ်။ပြီးတော့
ငရုတ်သီးထောင်းထားတယ်။ကျောက်
ခဲတို့နှစ်ယောက် ကြက်ဝယ်ပြီး ပြန်
လာတော့ ကျုပ်ထမင်းအိုးက ဆူ
တောင်နေပြီ။ ဟင်းအိုးကျက်တော့
ညနေ ခြောက်နာရီလောက် ရှိပြီ။
ဆောင်းတွင်းဆိုတော့ မှောင်တာ
စောတာပေါ့ဗျာ။
ကျောက်ခဲနဲ့ သံမဏိကိုပါ အမေက
အိမ်မှာ ထမင်းကျွေးတယ်။ကျုပ်အိပ်
နေကတည်းက အမေက ကြက်သား
တစ်အိုး ချက်ထားတာဗျ။အိမ်မှာဟင်း
ရှိတော့ ကျောက်ခဲတို့ကိုပါ ထမင်း
ကျွေးတာပေါ့ဗျာ။ ကျောက်ခဲနဲ့သံ
မဏိကလည်း ကျုပ်တို့အိမ်မှာ စား
နေကျပါ။
ညရှစ်နာရီဆိုတာ ကျုပ်
တို့ရွာဓလေ့တော့ မိုးတော်တော်
ချုပ်နေပြီဗျ။
ဒေါ်ထွန်းကို ခေါ်ပြီး ကျုပ်ရယ်၊ကျောက်
ခဲရယ်၊ သံမဏိရယ်၊ ထနောင်းကုန်းသ
င်္ချိုင်းကို လာခဲ့တယ်။ ကျောင်းအစ်မကြီး
ရဲ့အုတ်ဂူကြီးပေါ်မှာ ငှက်ပျောဖက်ခင်း
ပြီး ကျောက်ခဲထမ်းလာတဲ့ ထမင်းတောင်း
ထဲက ထမင်းတွေ ဟင်းတွေကို သေ
သေချာချာ ပြင်လိုက်တယ်။ကြက်သား
ဟင်းရဲ့မဆလာနံ့က သင်္ချိုင်းကုန်းတစ်
ခုလုံးကို မွှေးသွားတာဗျ။
“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း
ရောက်ရာအရပ်၊ စားပွဲသောက်ပွဲပေး
ပြီး ပင့်ဖိတ်ပါတယ်၊ မြန်မကြာ လှမ်း
ကာ ကြွာခဲ့ပါ သင်္ချိုင်းရှင်မ မဖဲဝါဗျာ။
ကြွပါ၊ ကြွပါ၊ ကြွပါ”
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟာ ဒီတစ်ခါ တော်တော်မြန်တာပဲဗျ။
ကျုပ်ပင့်လို့ စကားဆုံးတာနဲ့ မဖဲဝါရဲ့
ခွေးကြီးအူသံကို ကြားရတော့တာပဲဗျ။
ဒေါ်ထွန်းကတော့ ထုံးစံအတိုင်းပေါ့ဗျာ။
ကျောင်းအစ်မကြီးရဲ့ဂူရှေ့က မြက်ခင်း
ပေါ်မှာ ကြုံ့ကြုံ့လေးထိုင်ပြီး မဖဲဝါအ
လာကို အဆင်သင့်စောင့်နေတယ်။
“ဘယ်မှာတုံးဟ၊ မီးလောင်တာ
ဘယ်သူ့ဝိုင်းတုံး”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
တစ်ရွာလုံးကို ညံနေတော့တာပေါ့ဗျာ။
ကျုပ်တို့အညာသားတွေ အကြောက်ဆုံး
က မီးပဲလေဗျာ။ မိန်းမသံတွေရော က
လေးငိုသံတွေရော ကျွတ်ကျွတ်ကိုညံ
နေတော့တာပေါ့ဗျာ။
“နှံပြည်စုတ်တို့ ဝိုင်းမှာတဲ့ဟေ့”
နှံပြည်စုတ်ဆိုတဲ့ကောင်က ကျုပ်ထက်
ငါးနှစ်လောက်ငယ်တယ်။အကောင်သေး
သေးလေးဗျ။ ထွားလည်းမလာဘူး။ ဒါ
ကြောင့် ဒီကောင့်ကို တစ်ရွာလုံးက နှံ
ပြည်စုတ်ပဲ ခေါ်ကြတာ။ ဟုတ်တယ်
ဗျို့။ ကျုပ်တောင်ပိုင်း ရောက်တော့
နှံပြည်စုတ်တို့ဝိုင်းထဲမှာမီးတွေတောက်
နေတာဗျို့။
ဟာ…အဆန်းပါလားဗျ
မီးက မြေကြီးမှာ လောင်နေတာဗျ။
နည်းတဲ့မီးတောက်ကြီး မဟုတ်ဘူး။
လူတစ်ရပ်ကျော်ကျော်လောက်ကို
တက်နေတာ။အဝိုင်းကတော့ဆယ်
ပေပတ်လည်လောက်ရှိမယ်။မြေကြီး
ပေါ်မှာ လောင်နေတာဗျ။အဆောက်
အဦးတွေကို လောင်တာမဟုတ်ဘူး။
“ဗွမ်း၊ ဗွမ်း၊ ဗွမ်း၊ ဗွမ်း”
ဟာ…ရေပုံးတွေနဲ့ ဝိုင်းပက်ကြတာ၊
မီးက နည်းနည်းမှကို တုန့်မသွားဘူးဗျ။
“ဟ…ဒါ ဘာမီးတုံးကွ၊ရေနဲ့လောင်းတာ
လည်း မငြိမ်းပါလား၊ပြီးတော့ မီးလောင်
စရာ ဘာရှိလို့တုံး။မြေအပြောင်မှာ ဒီအ
တိုင်းကြီးကို ထတောက်ပါရောလား”
ကျုပ်လည်း ကြောင်ပြီး ကြည့်နေမိတာ
ပေါ့ဗျာ။ ကျုပ်လည်း ရွာထဲကလူတွေ
ပြောသလိုပဲ အံ့သြနေတာဗျ။ဟာ…
ကျုပ် တွေးမိပြီဗျို့။ဒါ ရိုးရိုးမီး မဟုတ်
ဘူး။ပုဏ္ဏကမီးဗျ။ အလိုလိုထတောက်
တာ။ ကျုပ်လည်ပင်းမှာ အိတ်နဲ့အမြဲ
ဆွဲထားတဲ့ သစ်စုန်းဆေးတော်ကို က
ပျာကယာ ထုတ်ယူပြီး ကျုပ်ဆွဲလာ
တဲ့ ရေပုံးထဲမှာ လက်သည်းနဲ့ နည်း
နည်း ခြစ်ထည့်လိုက်တယ်။ပြီးတော့
ရေတွေကို လက်နဲ့ မွှေလိုက်တယ်။
“ဖယ်ကြ၊ ဖယ်ကြ၊ ကျုပ် ပက်မယ်”
“ဟာ တာတေပါလား၊ လုပ်စမ်းပါဦး
ကွ တာတေရ၊ ဒါ ဘာဖြစ်တာတုံးဟ”
ကျုပ်ရှေ့က လူတွေက ဘေးကိုဖယ်
ပေးကြတယ်။ကျုပ်က ရေပုံးကြီးဆွဲ
ပြီး မီးတောက်ကြီးထဲကို လှမ်းပက်
လိုက်တယ်။ ဟော ငြိမ်းသွားပြီဗျို့။
ကျုပ် ဘာမှမပြောတော့ဘဲ ကျုပ်
ဆရာတော်ကျောင်းကို တန်းပြေးရ
တော့တာပေါ့ဗျာ။
ဆရာတော့်ဆီရောက်တော့ အကျိုး
အကြောင်းကိုခပ်သုတ်သုတ်လျှောက်
ပြီး သစ်စုန်းတောင်ဝှေးကို တောင်း
လိုက်တယ်
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟာ မြောက်ပိုင်းက ခေါက်ပြန်ပြီဗျို့။
လူတွေ မြောက်ပိုင်းကို စွတ်ပြေးကြ
ပြန်ပြီဗျို့။
“မြောက်ပိုင်းက တင်ဝင်းတို့ဝိုင်းထဲ
မှာ လောင်ပြန်ပြီဟေ့”
ကျုပ်လည်း ရှေ့ကပြေးတဲ့လူတွေကို
အမီလိုက်ပြေးရတော့တာပေါ့ဗျာ။
“လေးလေးချက်ကြီး နေဦး၊ ကျုပ်
ဆေးမွှေပေးမယ်၊ရေပုံးပေး၊ရေပုံးပေး”
ကျုပ်က လေးလေးချက်ကြီးရဲ့ရေပုံး
ထဲကို ဆရာတော်ရဲ့သစ်စုန်းတောင်
ဝှေးနဲ့ မွှေပေးလိုက်တယ်။
“ရပြီ၊ လေးလေး၊ ရပြီ။ အဲဒီရေနဲ့
သွားပက်တော့”
တင်ဝင်းတို့ဝိုင်းမှာလည်း နှံပြည်စုတ်
တို့ဝိုင်းလိုပဲ မြေပြောင်ကနေ မီးတွေ
ထတောက်တာဗျ။
“ဟေ့ ဖယ်ကြစမ်း၊ ဖယ်ကြစမ်း၊
မင်းတို့ရေနဲ့ပက်လို့မရဘူးကွ၊
ဒါတာတေ ဆေးမွှေထားတဲ့ရေ၊
ဖယ်၊ ဖယ်၊ ငါပက်မယ်”
“ဗွမ်း”
လေးလေးချက်ကြီးက သူ့ရေပုံးကိုလွှဲပြီး
အားနဲ့ပက်ချလိုက်တာ မီးတောက်ကြီး
ငြိမ်းသွားပြီဗျို့။
“တာတေ ဒါ ဘယ်လိုဖြစ်တာတုံးကွ”
ကျုပ်ကို ဝိုင်းမေးကြရောဗျို့။အားလုံး
လည်း လန့်နေကြပြီဗျ။ကျုပ်ပြောပါ
ကော။ကျုပ်တို့အညာသားတွေ အ
ကြောက်ဆုံးက မီးပဲဗျ။
“ကျုပ်ထင်တာတော့ ဒါ ပုဏ္ဏကမီးလို့
ထင်တယ်ဗျ”
“ဟေ၊ ပုဏ္ဏမီးက ဘယ်လိုဖြစ်ပြီး တို့
ရွာကို ရောက်လာတာတုံး တာတေရဲ့”
“အကြောင်းရှိမယ် ဘထွေးရဲ့၊ခုတော့
ကျုပ်လည်း မသိသေးဘူး၊ကဲ ဘထွေး
တို့ လာကြ၊ ရေတွေကို ကျုပ် ဒီဆေးနဲ့
မွှေပေးထားမယ်”
ကျုပ်က ရေပုံးတွေထဲကို ဆရာတော်ရဲ့
ဆေးတောင်ဝှေးနဲ့ မွှေပေးလိုက်တယ်။
ကျုပ်ရေပုံးတွေမွှေလို့ပြီးရုံပဲရှိသေးတယ်။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
“ဟာ ခေါက်ပြန်ပြီဟေ့၊ ဒါ အနောက်
ပိုင်းကကွ၊ လာဟေ့ ပြေးကြစို့ ”
ကျုပ်တို့ရွာသားတွေလည်း ရေပုံးတွေ
ကိုယ်စီဆွဲပြီး ရွာနောက်ပိုင်းကို ပြေး
ကြပြန်ရောဗျို့။ကျုပ်လည်းပြေးရတာ
ပေါ့ဗျာ။
“ဘယ်မျာတုံး၊ ဘယ်မှာလောင်တာ
တုံးဟေ့”
“ဘိုးတင်မောင်တို့ဝိုင်းဟေ့၊
ဘိုးတင်မောင်တို့ဝိုင်းဟ”
ဟုတ်ပါ့ဗျာ၊ ကျုပ်ရောက်တော့ တစ်
ယောက်က ကျုပ်ဆေးမွှေပေးထားတဲ့
ရေနဲ့ ပက်လိုက်တာ မီးတောက်ကြီး
ငြိမ်းသွားရောဗျ။
“တော်ပါသေးရဲ့ကွာ၊ တာတေ ကယ်
ပေလို့၊ မဟုတ်ရင် တစ်ရွာလုံး ပြုတ်
လောက်တယ်”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
“ဟာ ရွာရှေ့ပိုင်းက ခေါက်ပြန်ပြီဟေ့”
ဒီတစ်ခါတော့ ကျုပ်ရှေ့ဆုံးက ရောက်
သွားတာဗျို့။အရီးမယ်လုံးတို့ဝိုင်းမှာထ
တောက်တာဗျ။ကျုပ်နောက်က ရေပုံး
ကြီးတွေနဲ့ ပြေးဝင်လာတဲ့လူတွေရဲ့ရေ
ပုံးတွေကို ကျုပ်က ဆရာတော့် ဆေး
တောင်ဝှေးနဲ့ လိုက်မွှေပေးလိုက်ရတာ
ပေါ့ဗျာ။
“ဗွမ်း၊ ဗွမ်း၊ ဗွမ်း”
“ဝုန်း"
ငြိမ်းသွားပြီဗျို့။မီးတောက်ကြီး
ဝုန်းကနဲမြည်ပြီး ငြိမ်းသွားပြီ။
“တာတေရေ၊ ငါတို့တစ်ရွာလုံး ဒီည
အိပ်ရမှာ မဟုတ်တော့ဘူး ထင်တယ်ဟေ့
“ဟုတ်တယ် ကိုကြီးဖိုးထောင်ရေ၊ ချမ်းရ
တဲ့ကြားထဲမှာ လူတွေလည်း ရေအရွှဲသား
နဲ့ ခိုက်ခိုက်တုန်နေကြပြီဗျ”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ေ ဒါင်၊ ဒေါင်”
“ဟာ တောင်ပိုင်းက ခေါက်ပြန်ပြီဟေ့
ပြေးကြ၊ ပြေးကြဟ၊ဘယ်သူ့ဝိုင်းတုံးဟ”
“ပထမတော့ မမြင်ရဘူးဗျ၊ ခွေးတွေ
အီတဲ့အသံတွေ၊ နွားတွေ နှာမှုတ်တဲ့
အသံတွေပဲ ကြားရတာ၊နောက်တော့
အိမ်ခေါင်မိုးတွေပေါ်မှာ ပြေးတော့
တာဗျ။ ကျုပ်လည်း အသံကြားတဲ့
နောက်ကို ပြေးလိုက်ပြီးကြည့်တာ
ကိုကြီးတာတေရ”
“ဟေ ဟုတ်လားကွ၊ ဘာမြင်ရတုံး
ကြည်ထွေးရ”
“ပထမတော့ မမြင်ရဘူးဗျ၊ အသံ
ကြီးက ဘိုးညီမောင်တို့ ခေါင်မိုးပေါ်
ကို ရောက်သွားတော့မှ မြင်ရတာဗျို့”
“ဟာ ဘာကိုမြင်တုံး”
“လူပုံစံပဲဗျာ၊ အဝတ်အစားတော့ မပါ
ဘူး၊ တစ်ကိုယ်လုံးမှာ အမွေးမည်းမည်း
ကြီးတွေ အုပ်နေတယ်”
“အရွယ်က လူအရွယ်ပဲလား”
“မကဘူးဗျ၊ လူထက် နှစ်ဆလောက်
ကြီးလိမ့်မယ်၊ ကျုပ်လည်း အိမ်ခေါင်မိုးတွေပေါ်မှာ ပြေးနေတဲ့ မည်းမည်းအကောင်ကြီးလည်းတွေ့ရော ကင်းတဲကို ပြန်ပြေးပြီး ကင်းတဲမှာ ကျန်
ခဲ့တဲ့ ဂျပုနဲ့ အောင်မြကို သံချောင်း
ခေါက်ခိုင်းလိုက်တာဗျ။နောက်တော့ဒီအကောင်ကြီးက အိမ်ခေါင်မိုးပေါ်မှာမပြေးဘဲ လမ်းတွေပေါ် လျှောက်ပြေးရောဗျို့”
“မင်းတို့ မြင်ရလားကွ”
“ရိပ်ကနဲ ရိပ်ကနဲပဲ မြင်ရတာဗျ
ကျုပ်တို့ကင်းတဲက ဂျပုတို့ အောင်
မြတို့လည်း မြင်လိုက်ကြတယ်။ဒီ
မှာတင် ကျုပ်တို့လည်း သံချောင်း
ကို ခပ်စိပ်စိပ် ခေါက်ရတော့တာ
ပေါ့ဗျာ။ အိမ်တွေက လူတွေ တုတ်
ဆွဲ၊ ဓါးဆွဲနဲ့ ဓါတ်မီးတွေ တဝင်းဝင်း
ထိုးပြီး ထွက်လာတော့မှ အဲဒီမည်း
မည်းကြီးပျောက်သွားတာဗျ”
“နို့ နေပါဦးကွ၊ ကြည်ထွေးရ၊
ငါ ကြက်သံတွေလည်း ကြား
လိုက်ပါတယ်၊ဘာဖြစ်တာတုံး”
“အဲဒါ တောင်ပိုင်းက ကိုအောင်သစ်
တို့ဝိုင်းထဲက အိပ်တန်းတက်နေတဲ့
ကြက်သုံးကောင်ကို ဝင်ပြီးဆွဲသွား
တာတဲ့ဗျ"
“ဟေ သုံးကောင်လုံး ဆွဲသွားတာလား
ကွ ကြည်ထွေးရ”
“ဟုတ်ပါ့ဗျာ၊ သုံးကောင်လုံးကို ဆွဲ
သွားရုံတင် မဟုတ်ဘူးဗျို့ လမ်း
လျှောက်စားသွားပုံရတယ်ဗျ လမ်း
ပေါ်မှာ ကြက်မွေးတွေ သွေးစက်
တွေကျကျန်ခဲ့တာကိုကြီးတာတေ”
ကျုပ်တို့ရွာထဲက လူတွေတော့ ဓါတ်မီး
တဝင်းဝင်းနဲ့ ရွာထဲပတ်နေကြရောဗျို့။
ကျုပ်လည်း ကြည်ထွေးပြောတာ ပြည့်
စုံနေပြီဆိုတာ ဆက်ပြီးမသွားတော့ဘဲ
အိမ်ပဲ ပြန်လာခဲ့ရောဗျ။
“ဟဲ့ တာတေ၊ ဘာတွေဖြစ်တာတဲ့တုံး”
အမေနဲ့ အဘက ငုတ်တုတ်ကလေး
တွေထိုင်ပြီး ကျုပ်ကို စောင့်နေကြ
တာဗျ။ အမေ လိပ်ထားတဲ့ ပြောင်းဖူး
ဖက်ဆေးလိပ်ကြီးတွေတစ်ယောက်
တစ်လိပ် ဖွာလို့ပေါ့ဗျာ။
“ကြည်ထွေးတို့ ရွာတောင်ပိုင်းကင်းက
စပြီးခေါက်တာ အမေရ၊ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတာဆိုပဲ”
“ဟေ၊ ဘာကောင်က ပြေးတာတုံး”
” ဘာကောင်မှန်းတော့ မသိဘူးတဲ့
အမေရ၊ ကြည်ထွေးပြောတာတော့
လူ့ရဲ့နှစ်ဆလောက် ရှိတယ်ပြော
တာပဲ၊ လူပုံစံပဲတဲ့။တစ်ကိုယ်လုံး
အမွေးမည်းကြီးတွေ အုပ်နေတာ
ဆိုပဲဗျ။ပထမတော့ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတာ
တဲ့ဗ်”
“ဟေ၊ နေပါဦး လူလေးရဲ့၊ အိမ်တွေ
က တစ်လုံးနဲ့တစ်လုံး ကပ်နေတာမှ
မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ခေါင်း
မိုးတွေပေါ် ပြေးတုံး”
“ခုန်ကူးတာရှိမှာပေါ့ အဘရ၊ လူမှ
မဟုတ်တာ၊ နာနာဘာဝပဲဟာ”
“အေး၊ အေး၊ ဒါလည်း ဟုတ်သားပဲ”
အဘက ပြောပြီးတော့ ပြောင်းဖူးဖက်
ဆေးလိပ်ကြီးကို မီးတရဲရဲနဲ့ ဖွာနေပြန်
ရောဗျ။
“နောက်တော့ ရွာလမ်းတွေမှာပြေးရင်း
နဲ့ ကိုအောင်သစ်တို့အိမ်က ကြက်သုံး
ကောင် ဝင်ဆွဲသွားဆိုပဲ”
“ဟေ ကြက်သုံးကောင်တောင်
ဆွဲသွားတာလား”
အမေက အံ့သြပြီး ဝင်ပြောတယ်ဗျ။
အဘကတော့ ခေါင်းတညိတ်ညိတ်နဲ့
လုပ်နေတယ်။ ကျုပ်တို့သားအဖတွေ
ပြန်အိပ်တော့ပဲ မနက်သုံးနာရီ ထိုးနေ
ပြီဗျ။ နောက်နေ့ရောက်တော့ တစ်
ရွာလုံး ဒီအကြောင်းပဲ ပြောနေတော့
တာပေါ့ဗျာ။ ဟိုဝိုင်းထဲ စုစု စုစု၊ ဒီဝိုင်း
ထဲ စုစု စုစုနဲ့ ညကအကြောင်းပဲ
ပြောနေကြတာဗျ။
သူကြီး ဦးဘိုးထင်ရဲ့ အမိန့်နဲ့ ဆယ်အိမ်
ခေါင်းတွေက ရွာထဲမှာ ကင်းပြန်တွဲကြ
တယ်ဗျ။ ကင်းကို နှစ်မျိုးချတာဗျ။လှည့်
ကင်းနဲ့ ထိုင်ကင်းပေါ့ဗျာ။ ရွာလမ်းတိုင်း
မှာ လှည့်ကင်းတွေ ချထားတာဗျ။ထိုင်
ကင်းမှာ နှစ်ယောက်ပဲ ထားတော့တာ။
လှည့်ကင်းနှစ်ယောက်မှာ တစ်ယောက်
က ဓါတ်မီးနဲ့ လက်နက်တစ်ခုကိုင်ပေါ့
ဗျာ။နောက်တစ်ယောက်က သံချောင်း
ခေါက်ဖို့ ကိုင်ရတာဗျ။
ညရှစ်နာရီကျော်ကတည်းက စအေး
တာဗျို့။ညမိုးချုပ်စ အအေးထက် တစ်
စလောက် ပိုတက်လာတာဗျ။ဝိုင်းထဲမှာ
လည်း ယောက်ျားတွေစုပြီး မီးလှုံပြီး
အကြမ်းသောက်ကြ၊ လက်ဖက်စား
ကြနဲ့ မအိပ်ကြဘူးဗျ။အားလုံးအသင့်
ပြင်ထားကြတာ။
ကျုပ်နဲ့အဘနဲ့လည်း မအိပ်ကြဘူးဗျ။
ဘာများဖြစ်လာဦးမလဲဆိုပြီး စောင့်နေ
ကြတာ။ အမေကတော့ ဇက်နည်းနည်း
ထိုးလို့ ဆိုပြီး အိပ်ရာထဲ ဝင်လှဲနေပြီဗျ။
ကျုပ်တို့သားအဖလည်း စောင်ကြီးတွေ
ခြုံပြီး ထိုင်နေကြရတာ။အကြမ်းပူပူလေး
သောက်လိုက်။ ကျုပ်က နဂါးဆေးပေါ့
လိပ်ကလေးဖွာ၊အဘက ပြောင်းဖူးဖက်
ဆေးလိပ်ကြီးဖွာလို့ဗျာ။
သန်းခေါင်တော့
ရောက်ပြီဗျ။ ခုထိတော့ ငြိမ်နေတုန်းပဲ။
ရွာထဲက လူတွေလည်း မအ်ပ်ဘဲစောင့်
နေကြတာဗျို့။ဟိုဝိုင်း ဒီဝိုင်းက စကား
သံတွေ ခပ်သဲ့သဲ့ ကြားနေရတုန်းဗျ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟာ ခေါက်ပြီဗျို့၊ သံချောင်းခေါက်ပြီ။
တောင်ပိုင်းက စတာပဲဗျ။
“မီးဟေ့၊ မီး၊ မီး ရေပုံးနဲ့ ရေခပ်ခဲ့ကြဟေ့”
“ဟာ မီးဆိုပါလား တာတေ၊ ပြေးစမ်း၊
ပြေးစမ်း၊ မြန်မြန်”
ကျုပ်လည်း ရေပုံးနဲ့ ရေခပ်ပြီး တောင်
ပိုင်းကို စွတ်ပြေးရတော့တာပေါ့ဗျာ။
ကျုပ်လိုပဲဗျ။ ဝိုင်းတိုင်းကလူတွေ ရေ
ပုံးတွေနဲ့ ပြေးထွက်လာကြတာပေါ့ဗျာ။
နတ်တော်လလေဗျာ။အေးချက်က လွန်ရော။စောင်ခြုံလို့လည်း မနွေး။ကွေးလို့လည်း မလုံ။အိပ်လို့လည်း မပျော်။
နောက်ညတွေဆိုရင်တော့ မီးလှုံရတော့မယ်ထင်တယ်။
ကျုပ်တောင် အိပ်မပျော်မှတော့ အဘတို့ အမေတို့ဆိုရင် ပိုဆိုး
တာပေါ့ဗျာ။
“အုန်း၊ အုန်း၊ အုန်း၊ ဝုန်း”
ဘာသံတွေတုံး။အချိန်က သန်းခေါင်
ကျော်ဗျ။ သွပ်မိုးပေါ်ကို တစ်ခုခုကျတဲ့အသံဗျ။
“ဟဲ့ တာတေ၊ နင် နိုးနေလား”
အမေက ကျုပ်ကို လှမ်းမေးတယ်။ကျုပ်ကလည်း ဘာသံလဲလို့ နားစွင့်
နေရာကနေအမေ့ကိုဖြေလိုက်ရတယ်။
“နိုးတာ မဟုတ်ဘူး အမေရ
အိပ်လို့မရတာ၊ အေးချက်ဗျာ”
“ဟဲ့ တာတေ၊ နင့်ကို အေးတာပြော
မလို့ မဟုတ်ဘူး၊ ‘အုန်း အုန်း’နဲ့ဘာသံကြားတုံး ကြားလား”
“ကျုပ်ကြားတယ် အမေ အဲဒါပဲ
နားစွင့်နေတာ။ ဘာသံတုံးတော့
မသိဘူးဗျ။သွပ်မိုးသံလို့ ထင်တာပဲ”
“အိမ်ခေါင်းပေါ်ကို အုန်းသီးကြွေတာထင်တယ်”
အမေက သူထင်တာ ပြောတာဗျို့
“အခုကြားတာ တောင်ပိုင်းကမို့လား။
တောင်ပိုင်းက အောင်ဆင့်တို့ဝိုင်းက
အုန်းပင်ကြီးတွေ သီးလို့ရှိမှာ၊ အဲဒါ
ခေါင်မိုးပေါ်ကို ကြွေတာ ဖြစ်မယ်”
အမေပြောသလို မဟုတ်ဘူးဗျ။ကျုပ် သေသေချာချာ ကြားလိုက်
တာပဲ။ အုန်းသီးကြွေရင် အုန်းဆိုတဲ့အသံက တစ်ချက်ပဲ မြည်မှာပေါ့ဗျ။အခုဟာက ‘အုန်း၊ အုန်း၊ အုန်း၊ ဝုန်း’ဆိုပြီး မြည်တာ။
“အုန်း၊ အုန်း၊ အုန်း၊ အုန်း၊ အုန်း”
ဟာ မြည်ပြန်ပြီဗျို့။ဒါ အိမ်ခေါင်မိုး
တွေပေါ်မှာ လူတစ်ယောက် လျှောက်ပြေးတဲ့အသံဗျ။
“ဟော ဟော ကြားလား တာတေ၊
ဒါ အုန်းသီးကြွေတာ မဟုတ်ဘူး၊
ခေါင်မိုးတွေပေါ် လျှောက်ပြေးနေ
တာဟဲ့၊ ကြောင်တွေ ပြေးတာ
ထင်ပါရဲ့”
“အင်း…ဟုတ်မယ် အမေ၊ ဒါပေမဲ့
ကြောင်ဆိုရင်လည်း အကောင်ကြီးကြီးဖြစ်မယ်ဗျ”
“ဟဲ့ …တာတေရဲ့၊ အောင်ဖေတို့အိမ်က
ကြောင်ကြီးတွေများ ခွေးလောက်ရှိတာ၊
အားလုံး သင်းထားတာ၊ ပြီးတော့ ကွမ်း
သီးနဲ့ ထန်းလျက်ကလေးရောထောင်း၊
အလုံးကလေးတွေလုံးပြီး ပါးစပ်ထဲ
ထည့်ကျွေးပေးတာ သံကျတယ်ဆို
လားပဲ နည်းတဲ့အကောင်ကြီးတွေမဟုတ္ဘူးဟဲ့”
အမေပြောတာလည်း ဟုတ်သားဗျ။
ကိုအောင်ဖေတို့အိမ်က ကြောင်ကြီး
တွေက တော်တော်ကိုကြီးတာ။
ကြောင်သင်းကြီးတွေလေဗျာ။ကျုပ်
တော့ငရဲကြောက်လို့ ကျုပ်တို့ကြောင်
ကို မသင်းဝံ့ပါဘူးဗျာ။
“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”
” ဟဲ့ ဟဲ့ တာတေ၊ ဒါ ကြောင်မဟုတ်
လောက်ဘူး၊ ကြောင်ထက် အပုံကြီးကြီးတယ်”
“ဟဲ့ ငွေစိန်၊ ကြောင်မဟုတ်ရင် ဆင်
တွေ ဘာတွေလားမှ မသိတာ”
“တော်စမ်း ကိုဉာဏ်၊ပေါက်ကရပြော
ဖို့ပဲ သိတယ်၊ ရှင် မကြားဘူးလား အသံတွေ”
“ကြားပါတယ် ငွေစိန်ရဲ့၊ ငါလည်း
နားထောင်နေတာပါဟဲ့ ”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော ရွာထဲက ကင်းတွေ သံချောင်း
ခေါက်ပြီဗျို့။သံချောင်းကို တစ်ချက်ချင်း
မှန်မှန်ခေါက်တာဗျ။ဒါက ရွာကို သတိ
ပေးတာ။နိုးနိုးကြားကြား နေကြဖို့၊သတိ
နဲ့နေဖို့ပေါ့ဗျာ။ယောက်ျားမှန်သမျှ တစ်
အိမ်တစ်ယောက် ထွက်ဆိုရင် သံချောင်း
ကို အတွဲလိုက် ခေါက်တာဗျ။ခုဟာက
သတိပေးရုံ ပေးတာပါ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟာ ကျုပ်တို့ဝိုင်းရှေ့လမ်းက ဖြတ်ပြေး
သွားတဲ့ အသံဗျ။
“ဒေါင်ဒေါင်၊ဒေါင်ဒေါင်၊ဒေါင်ဒေါင်၊
ဒေါင်ဒေါင်”
ဟော ကင်းကလည်း သံချောင်းကို
အတွဲလိုက်ခေါက်ပြီဗျို့။
“ဘိုးဉာဏ်၊ ဘိုးဉာဏ်”
“အေး၊ နိုးတယ်ဟေ့၊ စံမောင်ရေ
နိုးတယ်၊ နိုးတယ်”
” အရီးငွေစိန်၊ အရီးငွေစိန်”
“ဟေ၊ နိုးတယ်ဟေ့၊ လုံးတင်ရေ၊
အရီးတို့ နိုးတယ်”
တောင်ဘက် မြောက်ဘက်က ဝိုင်းတွေ
က အဘနဲ့အမေကို လှမ်းနှိုးတာဗျို့။တစ်
ယောက်နဲ့တစ်ယောက် အသံပေးကြတာ
ပေါ့ဗျာ။
“ဖူး၊ ဖူး၊ ဖူး၊ ဖူး၊ ဖူး”
ဟာ ကျုပ်တို့နွားကြီးတွေ နှာမှုတ်ကြပြီ
ဗျို့။မှုတ်လိုက်တာမှ တဖူးဖူးကို ဖြစ်နေ
တာဗျ။
“အီ၊ အီ၊ အီ၊ အီ၊ အီ”
ဟာ တောင်ဘက်ဝိုင်းက ခွေးနှစ်
ကောင်ကြောက်ပြီးအော်နေတဲ့အသံဗျို့။တကယ်ကို အံ့သြစရာပါဗျာ။
ရွာထဲကိုနာနာဘာဝတို့ မကောင်းဆိုးဝါးတို့ ဝင်ပြီဆိုရင် လူထက်ပိုပြီးကြောက်တာက ခွေးတွေပဲဗျ။
ဒီကောင်တွေ ကြောက်တာမှ ပုန်းစရာ
မရှိအောင်ကိုကြောက်တာဗျို့။ အခုလည်း ခွေးတွေ တအီအီနဲ့ ဟိုတိုး
ဒီတိုးလုပ်နေကြပြီဗျ။
“အင်း၊ နွားတွေ၊ ခွေးတွေ ဒီလောက်
လန့်နေရင်တော့ သိပ်မကောင်းဘူး
ကိုဉာဏ်ရေ၊ ရွာထဲကို မကောင်းဆိုး
ဝါး ဝင်ပြီး ထင်တယ်”
“ဂီး၊ ဂီး၊ ဂီး၊ ကွတ်၊ ကွတ်၊ ကတော်”
“ဟဲ့ ကြက်သံတွေလည်း ကြားနေရ
ပါလား၊ သရဲက ကြက်တွေ ဝင်ဆွဲပြီ
ထင်တယ်”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟာ သံချောင်းတွေ အဆင်မပြတ်
ခေါက်ပြီဗျို့။ဟော လူသံတွေ ကြား
တယ်။ လူတွေ ထွက်လာကြပြီထင်
တယ်ဗျ။ကျုပ်လည်း ထွက်ခဲ့တယ်။
“ကိုကြီးတာတေ”
ကျုပ် လှည့်ကြည့်လိုက်တော့ ကြည်
ထွေးဆိုတဲ့ကောင်ဗျ။ကျုပ်သူငယ်ချင်း
ကြည်အေးရဲ့ညီ။
“ဟေ…ကြည်ထွေး '
“ကျုပ် ကိုကြီးတာတေကို တွေ့လို့
လိုက်လာတာဗျ။ပြောစရာရှိလို့ ”
“အေး၊ ပြောလေ ကြည်ထွေးဘာများတုံး
“ကျုပ် ဒီည ကင်းတွဲတဲ့အထဲမှာ
ပါတယ်ဗျ”
“ဟေ ဟုတ်လား၊ မင်းက ဘယ်ကင်း
တဲမှာတုံး”
“တောင်ပိုင်းက လမ်းဆုံကင်းတဲမှာဗျ”
“ဟာ ဒါဆိုရင် သံချောင်းစခေါက်တာ
မင်းတို့ပေါ့ ”
“ဟုတ်တယ် ကိုကြီးတာတေ၊ ကျုပ်တို့
ကင်းက စခေါက်တာ၊ကျုပ်တို့ခေါက်သံ
ကြားမှ အရှေ့ပိုင်းက ခေါက်တာ၊ပြီး
တော့မှ ကျန်တဲ့ကင်းတဲတွေက ခေါက်
ကြတာ”
“အေး၊ မင်းတို့ ဘာမြင်လိုက်လို့တုံးကွ၊
ကြည်ထွေးရ”
“ဟုတ်ကဲ့ ဘိုး ကျုပ် အဲ့ဒီ့နေ့မှာ မြွေမှော်လာတက်
ပါ့မယ်”
“ဒါက အမြဲလုပ်လို့မရဘူးကွ လဆန်းတရက်နေ့
တနင်္ဂနွေနေ့မှ လုပ်လို့ရတာ”
မြွေမှော်တက်မဲ့သူ အားလုံးငါးဆယ်ရှိတယ်ဗျ ၊ တက်
ဖူးတဲ့ လူ ထပ်မတက်ရဘူးလို့ ဘိုးစော်ကဲ က ပြောတယ်
ဆရာတော့် တိုက် ကျောင်းတိုက်ကြီးအပေါ်ထပ်မှာ
လုပ်တာဗျ ၊ ဘာတွေလိုတုံးဆိုတော့ ကျီးမနိုးထန်းရွက် လိုတယ် ။ ကျီးတွေ မနိုးခင် ထန်းပင်ပေါ် တက်ယူ
ရတာ ။ ပြီးတော့ ကိုယ်တိုင်း အပ်ချည်ကြိုး၊
ဖယောင်း။
ကျီးမနိုး ထန်းရွက်ကို သေးသေးလေးစိပ်
ပြီး ကိုယ်တိုင်း အပ်ချည်ကြိုးနဲ့ ကျစ်နေအောင်ပတ်ရတယ် ။
အဲ့ဒါကို မီးစာလုပ်ပြီး ဖယောင်းတိုင် သွန်းရတယ်။
ဖယောင်းတိုင်နဲ့ လူနဲ့ မမှားရဘူးဗျ ။ လူနဲ့
ဖယောင်းတိုင် ကွက်တိမှန်အောင် မှတ်ထားရတယ်မြွှေမှော်သွင်းတဲ့ အချိန်ကလည်း ကျီးမနိုးခင်အချိန်ဗျ
မနက် သုံးနာရီ လေးနာရီလောက်ထပြီး ပိတ်ဖြူစကအောက်မှာခင်း အပေါ်က အနီစထပ်ခင်းပြီး အဲ့ဒီ့အပေါ်မှာ ထိပ်ဖွင့်ထားတဲ့ အုန်းသီးစိမ်း တစ်လုံးအပေါ်မှာ
ကိုယ့်ကိုယ်တိုင်းအပ်ချည်နဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းရတယ် ။ ကျုပ်တို့တွေက မနေ့ကတည်းက
မန္တာန်တပုဒ်သင်ပြီး အလွတ်ကျက်ထားရတယ်
အဲ့ဒီ့မန္တာန်ရွတ်ပြီး ဖယောင်းတိုင်ကထွက်လာတဲ့
မှိုင်းကို ပါးစပ်နဲ့ စုပ်ယူပြီးမြိုချ ရတယ်။ ဂါထာရွတ်လိုက် ဖယောင်းတိုင်မှိုင်းကို စုပ်ယူပြီး မြိုချလိုက်နဲ့ မနား
တမ်းလုပ်ရတာဗျ ။
တဖြေးဖြေးနဲ့ ဖယောင်းတိုင်က
တိုတိုလာတာပေါ့ဗျာ ။ ဖယောင်းတိုင် သုံးပုံတစ်ပုံ
လောက် ကျန်တဲ့အချိန် ကျုပ်နားထဲမှာ မြွေတွန်သံ
တွေ ကြားရတယ်ဗျ
” ရွှီ ရွှီ ရွှီ”
ဆိုတဲ့ အသံတွေကြားရတယ် ၊ ဖယောင်းတိုင် ကုန်
သွားတော့ အုန်းသီးပေါ်မှာ တင်နေတဲ့ မှိုင်းစတွေ
ဖယောင်းတွေကို ခွဈပျွီး အုန်းရည်ထဲကိုထည့်
အုန်းရည်ကို ကုန်အောင်သောက်ရတယ်
သြော် ကြုပျပွောဖျို့မေ့နလေို့ဗြို့
အုန်းသီးက ရှပ်ပန်းထည်အနီစပေါ်မှာ ဒီအတိုင်းတင်
ထားတာ မဟုတ်ဘူးဗျ ။
ငှက်ပျောသီးနှစ်ဖီးနဲ့ပွဲပြင်
ထားရတာ
မြွေမှော်တက်တာ အားလုံးပြီးသွားတော့ ဘိုးစော်ကဲ
က ကျုပ်တို့ကို တယောက်ချင်း ခေါ်မေးတယ်
“ဘာကြားတုံး ဘာမြင်တုံး”
“ကျုပ်တော့ မြွေတွန်သံတွေ ကြားရတယ် ဘျိုးရဲ့”
ကျုပ်ပြောတာကို ဘိုးစော်ကဲက ခေါင်းညိတ်ပြီး
ပြန်ပြောတယ်
“ဒါဆိုရင်တာတေ မြွေမှော်အောင်သွားပြီ”
ကျုပ်လည်း ဝမ်းသာသွားတာပေါ့ဗျာ
“မင်းတို့ကို မြွေကမကိုက်ဘူး ရှောင်သွားလိမ့်မယ်
တကယ်လို့ တကျနငျးမိလို့ ကိုက်ရင်တောင် မင်းတို့
မသေတော့ဘူး ၊ အေး ဒါပေမဲ့ အရိုးထိသွားရင်တော့
အန္တရယ်ရှိတယ် ”
ကျုပ်တို့အားလုံး ဘိုးစော်ကဲ ပြောတာကိုနားထောင်
နေကြတာပေါ့ဗျာ
“မြွေကိုက်ခံရသူတွေ့ရင် လက်နဲ့သပ်ချပါ ။ စောစော
က မင်းတို့ရွတ်တဲ့ မန္တန်ကိုပဲ ရွတ်ပြီးသပ်ချပါ ။
အဆိပ်ကျပါလိမ့်မယ် တစ်ခုတော့ မင်းတို့ဆင်ခြင်ပါ
မြွေသား လုံးဝမစားပါနဲ့ ။ မြွေမသတ်ပါနဲ့ ။
စနေနေ့တိုင်း ငါးပါးသီလ လူံအောင်ထိန်းပြီး သတ်
သတ်လွတ်စားပါ ။ ခန္ဓသုတ်ကို ရွတ်ပါ ။ဒါဆိုရင်
တော့ မင်းတို့တက်ထားတဲ့ မြွေမှော်က အစွမ်းပိုထက်
လိမ့်မယ် ”
မြွေမှော်တက်ပြီးနောက် ထူးခြားတာ တစ်ခုရှိတယ်ဗျ
မြွေတွေ ဘာတွေ သိပ်ပြီးမတွေ့တော့ဘူး
မြွေသတ်တာတို့ မြွေသားစားတာတို့တော့ ကျုပ်တသက်လုံး ရှောင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ
ဘိုးစော်ကဲကတော့ တောင်သူလုပ်ရင်း မြွေကိုက်ခံ
ရတဲ့ သူတွေကို အသက်ကယ်တုန်းပဲဗျ ။ ကျုပ်ကလည်း ဘိုးစော်ကဲ ခိုင်းသမျှ အကုန်လုပ်ပေးနေတုန်းပဲပေါ့ဗျာ
ရွာသားနှစ်ယောက်က ကိုပေါက်စီကို တွဲပြီး
လမ်းလျှောက်ပေးတယ် ။ ဆရာတော်က ရွာသား
တစ်ယောက်ခေါ်ပြီး ငှက်ပျောဖက်ထဲကို ကျလာတဲ့
အဆိပ်ကို သေသေချာချာ ထုပ်ပြီး မြေကျင်းနက်နက်
ူတူးပြီး မြှုပ်ခိုင်း လိုက်တယ် ၊ ကိုပေါက်စီထည့်လာတဲ့
ခေါင်း ကို ဖျက်ပြီး ကျောင်းဝင်းထောင့်မှာမီးရှို့လိုက်
တယ် ။ ခဏနေတော့ကိုပေါက်စီနဲ့ သူ့အမေ ဒေါ်စီ
တို့က ဘိုးစော်ကဲကို ကန်တော့ကြတယ် ။
ဘုန်းကြီး
ဦးတိက္ခကိုလည်း ကန်တော့တယ် ၊ ပြီးတော့မှ
သေရွာပြန် ကိုပေါက်စီကို ရွာထဲ ပြန်ခေါ်သွားကြတယ်
ဗျ ၊ ညနေစောင့်တော့ ကျုပ်နဲ့ ဘိုးစော်ကဲလည်း
ထနောင်းကုန်းကိုပြန်ကြတယ်
နောက်တစ်ခါကြုံတာက ဘန့်ဘွေးကုန်းမှာဗျ ။
ယာထဲဆင်းရင်း ပိုးထိတာဗျ ၊ မနက်စောစော
ယာထဲပေါင်းနှုတ်ဖို့အသွား ပိုးနှံချုံကြီးနားကနေ
ကိုက်လိုက်တာဗျ ၊ ဘိုးစော်ကဲကို အပြေးအလွှား
လာပင့်ကြတယ် ။ ကျုပ်လည်းလိုက်သွားတာပေါ့ဗျာ
ပိုးထိတာက ဗိုက်ပူတင်မောင်လို့ခေါ်တဲ့
လေးလေးတင်မောင်ဗျ ၊ လူက ခပ်ဝဝ ။
ဗိုက်ကလည်း ခပ်ရွှဲရွှဲ ကျုပ်ရောက်တော့ အိမ်ရှေ့ခန်း
မှာ ဆန့်ဆန့်ကြီးဗျ ။ သတိလည်းမရှိတော့ဘူး ၊
တစ်ကိုယ်လုံး ပြာနှမ်းနေပြီ ။ ဘိုးစော်ကဲက
မန္တန်ရွတ်ပြီး လက်ကိုင်ပုဝါနဲ့ ရိုက်ပြီးအဆိပ်ချတယ်
အဆိပ်က လုံးဝမကျဘူးဗျ ၊ ဘိုးစော်ကဲက ဝိုင်းကြည့်
နေတဲ့လူတွေ လိုက်မလာနဲ့လို့ပြောပြီး
” တာတေ မင်း ဘိုးနဲ့လိုက်ခဲ့ ”
လို့ ကျုပ်ကိုခေါ်လို့ ကျုပ်လိုက်သွားတယ် ။ ဘိုးစော်ကဲ
က အိမ်ခေါင်းရင်းထောင့်သွားပြီး မန္တန်ရွတ်တယ်
ခဏကြာတော့ ဘိုးစော်ကဲရဲ့ အရှေ့တလံအကွာက
မြေကြီးပေါ်မှာ တွင်းပေါက်ကလေးတခုဖြစ်သွားတယ်
ကျုပ်လည်း အံ့သြပြီးကြည့်နေတာဗျ ၊
ဟာ မြွေလေးဗျို့ မြွေလေး အဖြူလေးဗျာ ဖွေးဆွတ်နေတာပဲ ၊ အရှည်က လူကြီးတစ်ထွာလောက်ရှိမယ်
ကိုးလက်မ ဆယ်မလောက်ပေါ့ဗျာ ၊ တွင်းလေးထဲက
ထွက်လာပြီး ခွေနေတယ် ၊ အဲ့ဒီ့မြွေဖြူလေးထွက်
လာတော့ ဘိုးစော်ကဲက မန္တန်ရွတ်တာရပ်လိုက်တယ်
ပြီးတော့ မြွေဖြူလေးကိုစိုက်ကြည့်ပြီး ကျုပ်ကို
လှည့်ပြောတယ်
“တာတေ ဟိုနားက ဝါးစိမ်းကိုင်းလေး သွားယူစမ်း”
ကျုပ်က ခပ်လှမ်းလှမ်းက ဝါးစိမ်းကိုင်းလေးကို
ပြေးကောက်ပြီး ဘိုးစော်ကဲကို ပေးလိုက်တယ်
ဘိုးစော်ကဲက ကျုပ်ကိုပြောတယ်
“တာတေ ဒီမှာကြည့် ”
ပြောပြောဆိုဆိုနဲ့ ဝါးစိမ်းကိုင်းလေးရဲ့ထိပ်ဖျားကို
မြွေဖြူလေးရှေ့နားတိုးပေးတယ် ၊ မြွေဖြူလေးက
လှစ်ကနဲ ရွေ့သွားပြီး ဝါးစိမ်းကိုင်းရဲ့ ထိပ်ဖျားကို
ပေါက်ချလိုက်တယ်
ဟာ ဝါးစိမ်းကိုင်းလေး တစ်ချောင်း လုံးချက်ချင်း
ခြောက်သွားတယ်၊ မီးကျွမ်းသလိုကိုဖြစ်သွားတာဗျ
“မြင်လားတာတေ အဆိပ်ဘလောက်ပြင်းလဲဆိုတာ”
“ဟုတ်ကဲ့ဘိုး”
“ဒါ နဂါးကွ ရိုးရိုးမြွေမဟုတ်ဘူး ၊ ကဲ မြွေတို့ရဲ့ဘုရင်
နဂါးလေးဗျာ ဒီရွာသားတစ်ယောက်ကို မြွေတစ်ကောင်က ကိုက်သွားလို့ဗျာ ကျုပ်အဆိပ်ချတာဘယ်လိုမှ
မရပါဘူးဗျာ ၊ နဂါးလေးရဲ့ အမိန့်နဲ့ကိုက်သွားတဲ့မြွေကို လွှတ်ပြီး အဆိပ်တွေပြန်စုပ်ခိုင်းပေးပါဗျာ ၊ကျုပ် မောင်စော်ကဲက မေတ္တာရပ်ခံပါတယ်
အမြန်ဆုံး ကယ်တင်ပေးပါ နဂါးလေးဗျား ”
ဘိုးစော်ကဲက လူတစ်ယောက်ကို ပြောနေသလိုကို
ပြောနေတာဗျ ၊ မြွေဖြူလေးက သူထွက်လာတဲ့
တွင်းပေါက်လေးထဲကို ပြန်ဝင်သွားတယ်ဗျ
“ကဲ လာတာတေရေ ”
လို့ပြောပြီး အိမ်ပေါ်ကို ပြန်တက်သွားလိုက်တယ်
ပြီးတော့ ငှက်ပျောရွက်မြွေစွယ်အရာအောက်က
ခံထားလိုက်ပြီး လူတွေကို ခပ်ဝေးဝေးမှာနေခိုင်း
လိုက်တယ် ၊အိမ်ဝင်ပေါက်မှာလည်း လူတစ်ယောက်
မှ မနေဖို့ ပြောတယ်
ဘယ်သူမှ ဘာမှ ဝင်မလုပ်ဖို့ကို ဘိုးစော်ကဲက သေချာ
မှာတယ်
ပြီးတော့ မန္တန်ကို ရွတ်ရောဗျ ၊ သိပ်မကြာပါဘူးဗျ
လှေကားကနေ တရွေ့ရွေ့နဲ့တက်လာတာ ၊နည်းတဲ့
မြွေပွေးကြီးမှ မဟုတ်တာဗျာ ။ လူတွေဆိုတာ လန့်ပြီး
နောက်ကိုဆုတ်သွားကြတယ် ။
ဘိုးစော်ကဲ က
မန္တန်ကိုပဲအဆက်မပြတ်ရွတ်နေတယ် ။ မြွေပွေးကြီး
က အိမ်အပေါ်ဆင့်ကို တက်လာပြီး ဆန့်ဆန့်ကြီး
လဲနေတဲ့ ကိုတင်ဝင်းရဲ့ ခြေထောက်က မြွေစွယ်ရာ
နစ်ခုပေါ်ကို ပါးစပ်နဲ့တေ့ပြီး အဆိပ်တွေ စုပ်ယူလိုက်
တယ် ။
ခဏနေတော့ မည်းမည်းအရည်တွေ
အစွယ်ရာနှစ်ခုကနေ ထှကျကလြာရောဗြို့
မြွေပွေးကြီးက အဆိပ်တွေကို သေသေချာချာကြည့်
ြီ့ူပီးတော့မှ တွန့်လိမ် တွန့်လိမ်နဲ့အိမ်ပေါ်က ပြန်ဆင်း
သွားတယ် ။ ဒီတော့မှ ဘန့်ဘွေးကုန်းသားတွေလည်း
အသက်ရှုနိုင်တော့တာဗျို့ ၊ ဘိုးစော်ကဲ က
တစ်ကိုယ်လုံးပြန့်နေတဲ့ အဆိပ်တွေကို သူ့လက်ကိုင်
ပုဝါနဲ့ ရိုက်ချတယ် ၊ ပါးစပ်ကလည်း မန္တန်တွေ
မပြတ်ရွတ်တာဗျ ၊
ဒီတော့မှ ဗိုက်ပူ ကိုတင်ဝင်းရဲ့ မဲပြာပြာအသားရောင်
ကြီးပျောက်သွားပြီး သွေးရောင်ပြန်လွှမ်းလာတာဗျို့
ခဏနေတော့ ကိုတင်ဝင်းသတိပြန်ရလာပြီး
ထထိုင်တယ် ၊ရေတောင်းပြီး အငမ်းမရသောက်တယ်
အခြေအနေ အားလုံးကောင်းသွားပြီဆိုတော့မှ ဘိုးစော်ကဲ ထနောင်းကုန်းကို ပြန်တယ် ၊ ကျုပ်လည်းဘိုးစော်ကဲ နဲ့ ရွာကို ပြန်လိုက်လာတယ် ။ ဘိုးစော်ကဲ ရဲ့ ဆေးလွယ်အိတ်ကို ကျုပ်က စလွယ်သိုင်းလို့ပေါ့ဗျာ
“တာတေ အခုလာမဲ့ နတ်တော်လဆန်းတရက်ဟာ
တနင်္ဂနွေ ကျတယ် အဲ့ဒီ့နေ့မှာ မြွေမှော်တက်လို့
ရတယ် ။ ပုဗ္ဗာရုံဆရာတော်နဲ့ ငါနဲ့ တိုငျပငျပျွီး
ဆရာတော်ကျောင်းမှာမြွေမှော်တက်ပေးမယ် ။
မင်းပါဝင်တက်ထားကွ ၊ မြွေမှော်တက်ထားရင်
တော်ရုံတန်ရုံ မြွေကိုက်လို့မသေဘူး ၊ အရိုးထိသွား
ရင်တော့ သေနိုင်တယ်၊ အရိုးမထိရင်တော့ မသေ
ဘူးကြ ”
ကျုပ်တို့က အသုဘ ချတဲ့သူတွေအရှေ့မှာ
ပိတ်ရအ်လိုက်ကြတယ်။
” ကိုရင်တို့ ဘာလုပ်တာတုံး
ဟာ တာတေ ပါလား”
“တာတေ ဘာဖြစ်လို့တုံး”
“ဟေ့ကောင်တွေ သူများယာထဲမှာမရပ်ရဘူးကွ
အသုဘကို လှုပ်ထား လှုပ်ထား ငြိမ်မနေနဲ့ ”
ကျုပ်ကအကျိုးအကြောင်း မြန်မြန်ရှင်းပြရတာပေါ့ဗျာ
” ဒီလိုဗျ ကျုပ်နဲ့ဘိုးစော်ကဲက ဆရာတော်ကိုဖူးဖို့
ဘုန်းကြီးကျောင်းထဲမှာရောက်နေတာ ၊
အခုဘိုးစော်ကဲ က ပြောလို့လာပြောတာပါ ၊ ပိုးထိတဲ့
လူ မသေသေးဘူးတဲ့ "
” ဟာ ဟုတ်လား ”
” အဲ့ဒါ ခုချက်ချင်း ကျောင်းထဲကိုယူခဲ့ဖို့ ဆရာတော်
အမိန့်ရှိလိုက်လို့လာပြောတာပါ ”
” ဟေ့ ဘိုးစော်ကဲ ရောက်နေတယ်တဲ့ကွ ”
“ပေါက်စီ မသေသေးဘူး ဟုတ်လား ”
“ဟုတ် လို့လားကွာ ”
” သေနေပါပြီကွာ ”
အသုဘချတဲ့သူတွေက တယောက်တပေါက်ဝိုင်း
ပြောကြတာပေါ့ဗျာ
” ဟေ့ကောင်တွေ စကားမရှည်နဲ့ ၊ ဆရာတော်
အမိန့်အတိုင်း လုပ်ကြ ကဲ လာ ကျောင်းထဲဝင်မယ်”
ဆပ်သမြှောင်ရွာခေါင်း ကိုဘခွေးက ပြောလိုက်မှ..
ကျုပ်နဲ့ကိုရင်သုံးပါးက ရှေ့က ဝင်တယ် ။ ခေါင်းထမ်း
လာတဲ့ လူတွေ ကျုပ်တို့နောက်က လိုက်ဝင်တယ်
ကျောင်းဝင်းထဲရောက်တော့ ပိုးထိတဲ့လူရဲ့ အလောင်း
ကို မပြီး ကျောင်းပေါ်တင်ခိုင်းတယ် ။
လူတွေက ဝိုင်းကြည့်နေကြတာပေါ့ဗျာ ။
“ကဲ အားလုံး ထိုင်ကြ ထိုင်ကြ ”
လို့ ဘုန်းကြီး ဦးတိက္ခပြောလိုက်တော့မှ ထိုင်ချလိုက်
ကြတာဗျို့ ။ ဘိုးစော်ကဲ က တစ်ကိုယ်လုံးပြာနှမ်းနေ
တဲ့ အလောင်းကို သေသေချာချာကြည်ပြီး သူလွယ်လာတဲ့ လွယ်အိတ်ထဲက အင်းလက်ကိုင်ပုဝါကြီး
တစ်ထည်ကို ထုတ်ယူလိုက်တယ်ဗျ ။
ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက
အပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်ပျောရွက်
တစ်ရွက်ခင်းခိုင်းလိုက်တယ် ။
ပြီးတာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေကို ရွတ်တော့တာ
ဗျ ။ မန္တန်ရွတ်ရင်းနဲ့ လက်မှာကိုင်ထားတဲ့ အင်းလက်
ကိုင်ပုဝါကို ဝှေ့နေတယ်ဗျ ၊
ခဏနေတော့ ကိုပေါက်စီရဲ့အလောင်းကြီးကို
ခေါင်းကစပြီး လက်ကိုင်ပုဝါနဲ့ရိုက်ချရောဗျ ။
“ဖတ် ”
“ဖတ် ”
“ဖတ်”
အလောင်းကိုရိုက်ချနေတဲ့ လက်ကိုင်ပုဝါက ထွက်တဲ့
အသံ ရယ် ဘိုးစော်ကဲရဲ့ မန္တန်အသံပဲ ကြားနေရတယ်ဗျ
ဘုန်းကြီး ဦးတိက္ခရော ကိုရင်တွေရော ရွာထဲက
အသုဘပို့ ပြန်လာတဲ့သူတွေရော ငြိမ်ပြီးကြည့်နေကြ
တာဗျို့။ အပ်ပြုတ်ကျရင်တောင်အသံကြားလောက်
တယ် ။
ဟော ခေါင်းကတဆင့် မျက်နှာကိုရိုက်ချနေပြီဗျို့ ။
ဟာ မျက်နှာက ပြာနှမ်းနေတဲ့အရောင်လျော့သွားပြီး
သွေးရောင်ပြန်သမ်းလာပြီဗျ ၊
ကြည့်နေတဲ့သူတွေ တယောက် တယောက်လက်တို့
ပြီးပြကြတယ်ဗျ ။ ဘိုးစော်ကဲ ကတော့ မန္တန်ရွတ်လိုက်
လက်ကိုင်ပုဝါနဲ့ရိုက်ချလိုက် လုပ်နေတာပေါ့ဗျာ ။
ကိုပေါက်စီရဲ့အလောင်းက ရင်ဘတ်ပေါ်မှာလက်နှစ်ဖက် ယှက်တင်ထားတယ်ဗျ ။ တဖြည်းဖြည်းနဲ့
ဘိုးစော်ကဲ အဆိပ်ချတာ ဒူးခေါင်းကိုရောက်လာပြီဗျို့
အလောင်းရဲ့အပေါ်ပိုင်းက ပြာနှမ်းနှမ်းကြီးလည်း
ပျောက်သွားပြီဗျ ၊
ဘိုးစော်ကဲ ရဲ့ မန္တန်ရွတ်သံက ပိုပြီးကျယ်လာတယ်ဗျ
ရိုက်နေတဲ့လက်ကိုင်ပုဝါက ဒူးဆစ်အောက်ကိုရောက်
လာပြီ ၊ ဟာ အဆိပ်တွေ အဆိပ်တွေ ထွက်ကျလာပြီ
ဗျို့ ၊ မြွေစွယ်အရာလေးကနေပြီး မည်းမည်းအရေတွေ
စီးကျလာပြီဗျို့။ အောက်ကခင်းထားတဲ့ငှက်ပျောရွက်
ထဲ ကျတာပေါ့ဗျာ
“ဟာ အဆိပ်တွေဟေ့ ”
လို့ဝိုင်းကြည့်နေတဲ့လူတွေက တိုးတိုး တိုးတိုးနဲ့
ပြောကြတယ်ဗျ ၊
ဘိုးစော်ကဲ ကတော့ မန္တန်တွေရွတ်ရင်း လက်ကိုင်ပုဝါ
နဲ့ ရိုက်ရင်းပဲဗျ ၊
နောက်ဆုံးအဆိပ်တွေကုန်သွားတော့ အလောင်းတခု
လုံး သွေးရောင်ပြန်လွှမ်းလာရောဗျ
ဘိုးစော်ကဲ က အလောင်းရဲ့ ခေါင်းရင်းနားမှာ လာရပ်
ပြီး မန္တန်ရွတ်တယ် ၊ အလောင်းက
စောစောကလောက် တောင့်တောင့်ကြီးမဟုတ်တော့
ဘူးဗျ ၊
” ဟော လှုပ်လာပြီ လှုပ်လာပြီ ”
ကြည့်နေတဲ့ မိန်းမတစ်ယောက်က ပြောလိုက်တာဗျို့
ဟုတ်တယ်ဗျ ။ ကိုပေါက်စီရဲ့လက်ကလေးတွေ
လှုပ်လာပြီ ။ ဟော အသက်ရှုပြန်ပြီဗျို့။ ရင်ဘတ်က
နှမ့်လိုက် မြင့်လိုက်ဖြစ်ရောဗျ ၊ ခဏနေတော့ဘိုးစော်ကဲ က ကိုပေါက်စီရဲ့ မျက်နှာကိုကြည့်ပြီး …
” မောင်ပေါက်စီ မောင်ပေါက်စီ ..
လူကလေးမောင်ပေါက်စီ ”
လို့အသံကျယ်ကျယ်နဲ့ခေါ်လိုက်တယ်ဗျ ၊ ဟော ဖွင့်ပြီ
ဖွင့်ပြီ ကိုပေါက်စီ မျက်လုံးတွေဖွင့်ကြည့်ပြီ ၊ သူ့ကို
ဝိုင်းအုံနေတဲ့လူတွေကိုကြည့်တယ် ၊ ပွီးတော့
ဘိုးစော်ကဲ ကိုကြည့်တယ် ၊ ပြီးတော့ ဆရာတော်
ကို ကြည့်ပြီး လက်အုပ်ချီတယ်
” အမေ ရေသောက်ချင်တယ်”
“တိုက်လိုက် တိုက်လိုက် နည်းနည်းချင်းစတိုက်”
ဘိုးစော်ကဲက ခွင့်ပြုတော့မှ ရေတခွက်ခပ်ပြီး တိုက်
တယ် ၊ ဘိုးစော်ကဲ က ပုခုံးကမပြီး ထူပေးလိုက်တယ်
ဟော ထိုင်နိုင်ပြီဗျို့ ၊ ကိုပေါက်စီ ထိုင်နိုင်သွားပြီဗျို့
ကိုပေါက်စီက ထထိုင်တယ်
“မောင်ပေါက်စီ နေကောင်းရဲ့လားကွဲ့”
ဘိုးစော်ကဲ က မေးတာဗျ
“ဟုတ်ကဲ့ ဘိုး နေကောင်းပါတယ် ၊ ခေါင်းထဲနဲနဲ
နောက်နေတာပဲရှိတာပါ ”
” ခဏဆိုရင်ကြည်သွားမှာပါကွာ ”
လို့ ဘိုးစော်ကဲ က ပြောလိုက်ပြီး ခဏနေတော့
ဘိုးစော်ကဲ က ကျုပ်တို့ထနောင်းကုန်းသားဗျ ၊ ယာတွေပိုင်တယ် ၊ တောင်သူပဲလုပ်တာ ၊ ဒါပေမဲ့ အနီးအနား ရွာတွေအားလုံးက ဘိုးစော်ကဲကို သိကြတယ် ၊ သိရုံတင်မဟုတ်ဘူး ၊ မြွေနဲ့ပက်သက်လာရင်
ဘိုးစော်ကဲ ကို လွှတ်အားကိုးကြတာ။
ဘိုးစော်ကဲကလည်း မြွေနဲ့ ပက်သက်လို့ကတော့
ပိုင်ချက်ဗျာ ။ ပိုးထိတဲ့သူများ သူ့ဆီခေါ်သာလာခဲ့
အသက်သာ ပါခဲ့ပါစေ သေကို မသေစေရဘူးဗျ ။
ဒါ့ကြောင့်လည်း ဘိုးစော်ကဲ ကိုအားကိုးကြတာပေ့ါဗျာ
ဘိုးစော်ကဲနဲ့ ပက်သက်လို့ ကျုပ်ကိုယ်တွေ့လေးတွေ
ပြောရဦးမယ်ဗျ ။
ဘိုးစော်ကဲက ကျုပ်တို့ရွာတောင်ပိုင်းမှာ နေတာဗျ ။
ဝိုင်းကလည်းအကျယ်ကြီးဗျ ။ ဝိုင်းထဲမှာလည်း
သစ်ပင်တွေ စုံပါ့ဗျာ ။ မရမ်းပင် မာလကာပင် ဂွေးချိုပင် သရက်ပင် အစုံဗျ ။ အိမ်ကလည်း ခေါင်းနှစ်လုံးနဲ့
နှစ်ဆောင်ပြိုင်ကြီးဗျ ။ ကျွန်းအိမ်ကြီးကိုရေနံသုတ်ထားလိုက်တာ နက်မှောင်နေလို့ဗျ ၊
ဘိုးစော်ကဲက အရပ်သိပ်မရှည်ဘူးဗျ ။ ပုပြတ်ပြတ်နဲ့
အညာသားပေမဲ့ အသားကလည်းဖြူတယ်။ ဘိုးစော်ကဲ မျက်နှာမှာ အထူးခြားဆုံးက မျက်ခုံးတွေပဲဗျ ။
မျက်ခုံးတွေက နက်မှောင်ပြီး ထူထူကြီးဗျ ၊ မေ့စေ့
ဘယ်ဘက်ထောင့်မှာ မှည့်ကြီးတစ်လုံးရှိတယ်
ကျုပ်က အင်မတန် စပ်စုတဲ့ကောက်ဆိုတော့
ဘိုးစော်ကဲဆီကိုမကြာ မကြာရောက်တယ်ဗျ ။ကျုပ်
ကိုလည်း ဘိုးစော်ကဲက ခင်ပါတယ်ဗျ။ကျုပ်နဲ့တွေ့ရင်
မြွေတွေအကြောင်းမကြာမကြာပြောတယ်၊မြွေတွေရဲ့
ထူးခြားတဲ့ သဘာဝတွေ နာနာဘာဝတွေနဲ့မြွေတွေနဲ့
ဆက်သွယ်မှုတွေ အောက်လမ်းပညာမှာမြွေတွေနဲ့
ပက်သက်တဲ့အကြောင်းတွေပေါ့ဗျာ။
တစ်ရက်တော့ ဘိုးစော်ကဲကပြောတယ်
“တာတေ မနက်ဖြန် ဘိုးကို လှည်းမောင်းပြီး
ဆက်သမြှောင်ကို လိုက်ပို့ပေးမလား”
“ပို့မယ်လေ ဘိုး အခုရက်ကျုပ်အားနေတာပဲ”
လို့ ကျုပ်ကပြန်ပြောတော့ဘိုးစော်ကဲက ဝမ်းသာသွားပြီး
“အေး ဒါဆို မနက်ဖြန်စောစောလာခဲ့ကွာ ၊ ကိုဉာဏ်တို့ ငွေစိန်တို့ကိုလည်း ပြောခဲ့ဦးနော်”
“ဟုတ်ကဲ့ပါ ဘိုး အဘနဲ့အမေကို ကျုပ်ပြောခဲ့ပါ့မယ် ”
ဘိုးစော်ကဲ ရဲ့ နွားတွေကအကြီးကြီးတွေဗျ ။ ဘို့ကြီးတွေ အနောက်ကို ကောက်ထွက်နေတာ၊ အဖြူကြီးကို
အြော်ဖူလို့ ဘိုးက ခေါ်တယ်ဗျ ၊ အနီကောင်ကြီးကို
ကျောက်နီလို့ ခေါ်တယ်။ ကျုပ်က ဘိုးစော်ကဲ ကို
လှည်းပေါ်တင်ပြီး လှည်းမောင်းခဲ့တာပေါ့ဗျာ၊
ဆပ်သမြှောင်က ကျုပ်တို့ရွာ ထနောင်းကုန်းနဲ့တော့
နဲနဲလှမ်းသေးတယ်ဗျ ။ မီးလောင်ကုန်းတို့
ငွေတွင်းကုန်းတို့ ကျော်ပြီးမှ ဆပ်သမြှောင်ကိုရောက်
တာ ။ ငွေတွင်းကုန်းနဲ့ဆပ်သမြှောင်ကြားက
တော်တော်ဝေးသေးတယ် ။ထန်းတောတွေကို
တော်တော်ကျော်သွားရတယ်။
ဘိုးစော်ကဲရဲ့နွားကြီးတွေကတော်တော်လိမ္မာတယ်ဗျ
အော်ဖြူရော ကျောက်နီရော လှည်းဆွဲကောင်းတဲ့
ကောင်ကြီးတယ်ဗျ ။
ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး
ဦးတိက္ခရဲ့ သာသနာလင်္ကာံရကျောင်းကို မောင်းပေး
ရတယ်။ ဆရာတော်ကြီးဦးတိက္ခက ဘိုးစော်ကဲရဲ့
အကိုဝမ်းကွဲတော်တယ်လေဗျာ ။ဘိုးစော်ကဲက
သူ့အကို ဘုန်းကြီးကို လာဖူးတာဗျ။ လှူစရာတွေလည်း
လာလှူတာပေါ့ဗျာ။
ဘုန်းကြီး ဦးတိက္ခရဲ့ ကျောင်းကရွာအရှေ့
ပိုင်းမှာဗျ ။ ဘုန်းကြီးကျောင်းဝင်းအနောက်ဘက်မှာ
ယာခင်းတွေပဲရှိတာ
ဘိုးစော်ကဲနဲ့ ဦးတိက္ခတို့စကားပြောနေ
တုန်းကျုပ်က ကျောက်တိုင်တစ်လုံးကို မှီပြီး
နားထောင်နေရတာပေါ့ဗျာ ။
“နောင် ဝေ ဝေ ၊ နောင် ဝေ ဝေ”
ကျောင်းအနောက်ဘက် ကြေးစည်သံကြားတာဗျ
“ဟဲ့ ဒါဘာတုံး သုမန ရွာထဲမယ် ဘာဖြစ်တာတုံး”
ဘုန်းကြီး ဦးတိက္ခက ကိုရင်သုမနကို လှမ်းမေးတာဗျ
“အနောက်ပိုင်းက ဒကာမကြီးဒေါ်စီရဲ့သား
ကိုပေါက်စီ ပိုးထိပြီး ဆုံးသွားလို့တဲ့”
“ဟေ ပေါက်စီ ဟုတ်လား ၊ သောက်ကျိုး
တော့ နည်းရောကွာ ၊ ဒီခလေးက လွှတ်လိမ်မာတာ
ကွ ၊ ဖြစ်မှ ဖြစ်ရလေကွာ ၊ ဘယ်မှာပိုးထိတာတဲ့တုံး
သုမန ”
” တောတက်သွားတဲ့ ဘုရား ၊ တောထဲမှာ
ထိလာတာလို့ ပြောတယ် ”
“ဟေ တောထဲမှာသေလာတာလား ”
” မဟုတ်ဘူး ၊ အိမ်ရောက်ပြီးတော်တော်ကြာမှ
သေတာတဲ့ဘုရား ”
” ဟေ ဆရာတွေ ဘာတွေ မပင့်ကြဘူးလားကွ”
” ပင့်တယ်တဲ့ဘုရား ၊ ရွာမြောက်ပိုင်းက
ဆရာရုံး ကုတာ မရတော့တာတဲ့ ဘုရား ၊ ”
” အင်း ကိုရုံးလည်း တော်ပါတယ် ၊ အဆိပ်ပျံ့သွားလို့ရှိမှာပေါ့လေ ၊ ”
ဘုန်းကြီးနဲ့ကိုရင်သုမနတို့ ပြောဆိုနေတာကို
ဘိုးစော်ကဲ ရော ကျပ်ရော ငြိမ်ပြီးနားထောင်နေတာ
ဗျ ။
“နောင် ဝေ ဝေ”
အသုဘချလာတဲ့ ကြေးစည်သံက တဖြေးဖြေး
နီးလာပြီဗျ ။
” အရှင်ဘုရားပြောတဲ့ ပေါက်စီဆိုတာ မသေသေး
ဘူး ဘုရား ၊ အခုမြန်မြန်သွားပြီး ဒီကို ယူလာခိုင်း
လိုက်ပါ ဘုရား ၊ တပည့်တော် ကုပေးပါ့မယ်”
” ဟေ ဟုတ်လား စော်ကဲရဲ့ ၊ ဟဲ့ သုမန မြန်မြန်
လုပ်စမ်း ၊ မြန်မြန်သွားပြောလိုက် ၊ ဘုန်းကြီးက
ခုချက်ချင်း ယူခဲ့ရမယ်လို့ ပြောလိုက် ၊ ကိုရင်သာမိ
တို့ ကိုရင်ကုမာရကိုပါ ခေါ်သွား ”
” တပည့်တော်လည်း လိုက်သွားမယ် ဘုရား”
“ဟာ ကောင်းတယ် တာတေ ၊ မင်းက ပြောတတ် ဆိုတတ်တော့ အကျိုးအကြောင်းပြောပြပြီး
ဒီယူလာခိုင်းလိုက် ”
ကိုရင်သုံးပါးနဲ့ ကျုပ်နဲ့ ကျောင်းနောက်ဘက်က
ပြေးထွက်ပြီး အသုဘချတဲ့ လူတွေကို လှမ်းအော်
ကြတယ် ၊
“နေဦးဗျို့ နေဦး ခဏနေကြဦး ”
အသုဘချတဲ့သူတွေ ကျုပ်ကို လှည့်ကြည့်တယ်
သူတို့အကြည့်တွေက ကျုပ်တို့ကို နားမလည်သလို
ကြည့်ကြတယ် ၊ သေတဲ့သူရဲ့ အမေကတော့
အော်ဟစ်နေတာပေါ့ဗျာ
“သားရေ အမေ့ကိုထားခဲ့ပြီလားကွာ ”
နက်ကျော်ကြီးက ပြေးဝင်လာပြီး ကိုက်မလို
မာန်ဖီနေတော့ မအောင်ဖြူ ဒူးထောက်လျက်
ကနေ ကုန်းထတယ်ဗျ။ နက်ကျော်ကြီးက မာန်
ဖီလိုက်တယ်
ဟာ သွားပြီဗျို့၊ ရှေ့ကနေ ထွက်သွားပြီ။ နက်
ကျော်ကြီးက မာန်ဖီပြီး ခေါ်ထုတ်သွားတာဗျ။
မဖဲဝါက နောက်က လိုက်သွားတယ်။ သွားပြီ
ဗျို့။ သွားပြီ။ တစ်ခါတည်းကို ပါသွားတာပဲဗျာ။
ကိစ္စတွေပြီးတော့ တင်မြင့်ကို ကျုပ်က လိုက်ပို့
တယ်။ တင်မြင့်က သူ့စက်ဘီး ကျုပ်ကို ပေး
လိုက်တော့ ကျုပ်က စက်ဘီးနဲ့ အိမ်ပြန်ခဲ့တာ
ပေါ့ဗျာ။ အိမ်ရောက်တော့ ဘယ်သူမှ မအိပ်
သေးဘူးဗျ။ ကျုပ်ကို စောင့်နေကြတာ။
ကျုပ်က အဖြစ်အပျက်တွေကို အားလုံးပြောပြ
လိုက်တော့မှ ကောင်မလေးတွေရော၊ လေးလေး
ဘခင်ရော၊ အရီးမရီရော ဝမ်းသာသွားကြတာ
ပေါ့ဗျာ။ ဒီတော့မှ ဘိုးလူပေက သူလာတာ ကျုပ်
ကို လာခေါ်တဲ့အကြောင်း၊ ခရီးတစ်ခု ထွက်ဖို့ရှိ
တဲ့အကြောင်း ပြောတယ်။ ဒါနဲ့ ကျုပ်လည်း အ
ဘနဲ့ အမေ့ဆီကို စာတစ်စောင် ရေးပေးလိုက်
ရတယ်။
လေးလေးဘခင်ကတော့ မနက်မိုးလင်းတာနဲ့
သစ်ပင်ခုတ်တဲ့ လူတွေ ရှာပြီး သရက်ပင်ကြီး
ကို ခုတ်ပစ်လိုက်တယ်ဗျို့။ အမြစ်ပါ တူးပစ်
လိုက်တာဗျ။ ကျုပ်နဲ့ ဘိုးလူပေလည်း နောက်
တစ်နေ့မှာ ခရီးထွက်ခဲ့ကြတယ်။ ကောင်မ
လေး ငါးယောက်က ဘိုးလူပေကိုရော ကျုပ်ကိုရော ကန်တော့ကြတယ်ဗျ။
"တပည့် မအောင်ဖြူ ၊ ငါ့တပည့် မှားနေပြီ၊ ဘဝ
တွေ ခြားနေကြတာ၊ ရောနှောယှက်ယှက် နေလို့
မရဘူးလေကွယ်၊ ကိုယ့်ဘုံ ကိုယ်ဘဝမှာ ကိုယ့်
စည်းနဲ့ကိုယ် နေရမှာမို့လား။ အခုတော့ ငါ့တပည့်
အမှုတွေ လွန်ကုန်ပြီကွဲ့၊ မဖဲဝါ အမိန့်ကိုပါ မနာ
ခံဘူးဆိုပါလား"
ဘိုးလူပေက အဲဒီလို ပြောလိုက်တော့ သရဲပူးနေတဲ့
မအောင်ဖြူက ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်ပြီး
ပြောတယ်ဗျ။
"နင်မှတ်ထား ကောင်လေး၊ မအောင်ဖြူက ကိုယ့်
နေရာမှာ ကိုယ်နေတာ ၊ သင်္ချိုင်းကုန်းက ကောင်မ
ကို ကြောက်လိမ့်မယ် ထင်သလား၊ နင့်မယားကြီး
အမိန့်ကို ယူလာပြီး ငါ့လာမပြန်နဲ့၊ နင်ပါ သေသွား
မယ်၊ ဇက်လိမ်ချိုးပြီး သတ်ပစ်လိုက်မယ်"
ကျုပ်က ဘာမှမပြောဘဲ ငြိမ်နေလိုက်တယ်
"ကဲ …ဒါဆိုရင်လည်း လိုရင်းကို ပြောမယ်၊ ဒီအိမ်
ကို ဝယ်ထားတဲ့ ပိုင်ရှင်က ဒီဝိုင်းထဲမှာ နင်နေတာ
ကို မလိုလားဘူးတဲ့၊ ဒီတော့ နင် သရက်ပင်ကနေ
တခြားကို ပြောင်းပေးပါ"
"အောင်မာ ရာရာစစ၊ ဒီအိမ်က ငါ့အဖေ ဆောက်
ထားတဲ့ အိမ်ဟဲ့၊ ဒီသရက်ပင်ကလည်း ငါတို့အိမ်
ဆောက်ကတည်းက ရှိတဲ့အပင်၊ နင်တို့က ခုမှ
လည်း လာသေးတယ်၊ နဂိုပိုင်ရှင်ကိုလည်း
မောင်းထုတ်ချင်သေးတယ်၊ သတ္တိရှိရင် ငါနေတဲ့
အပင်ကို တစ်ခုခု လာလုပ်ကြည့်လေ။ နင်တို့
တစ်အိမ်လုံး အလောင်းချင်း ထပ်သွားမယ်၊
ဒါပဲဟေ့၊ သတ္တိရှိရင် စမ်းလိုက်၊ မအောင်ဖြူ
အကြောင်း သိစေရမယ်"
အသံကျယ်ကြီးနဲ့အော်ပြောရင်း သရဲမကြီး ထွက်
သွားရောဗျို့။ သတိလစ်ကျန်ခဲ့တဲ့ နတ်ဝင်သည်
ဒေါ်အုန်းကြည်ကို ဘိုးလူပေက ရေစင်လေး
တောက်ပေးလိုက်တော့ ချက်ချင်း သတိပြန်ဝင်
လာတယ်ဗျ။ လေးလေးဘခင်က ဒေါ်အုန်းကြည်
ကို ကျေးဇူးတင်ကြောင်း ပြောပြီး ငွေတွေလည်း
ပေးပါတယ်။ ဒေါ်အုန်းကြည် ပြန်သွားတော့မှ
ဘိုးလူပေက ကျုပ်ကို ပြောတယ်။
"မောင်တာတေ၊ ဘိုး သူ့ကို မောင်းထုတ်ပစ်တာ
မလုပ်ချင်ဘူးကွယ်၊ ဒီတော့ ဒီည မဖဲဝါကို သွား
ခေါ်ချေကွယ်၊ ဘိုး ခေါ်ခိုင်းတယ်လို့ ပြောပါ ။ မြို့
ထဲကို သူဝင်လို့ရအောင် မြို့တော်ရှင်၊ ရွာတော်
ရှင်တွေကို ဘိုး အကြောင်းပြုထားလိုက်ပါမယ်။
မဖဲဝါကိုယ်တိုင် လာပြီး ခေါ်ထုတ်သွားပါလို့ ပြော
လိုက်ကွယ်"
ညဆယ်နာရီကျော်တော့ ဘိုးလူပေက အိမ်ထဲမှာ
ပင် ဘုရားစင်ရှေ့မှာ အလုပ်လုပ်တယ်။ ကျုပ်က
ကားယားတင်မြင့်ကို ခေါ်ပြီး သင်္ချိုင်းကုန်းကို
သွားခဲ့တယ်။
"သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ ရောက်ရာအရပ်ကနေ
အမြန်ကြွလှမ်းခဲ့ပါ၊ ဘိုးလူပေကိုယ်တိုင် အမိန့်ရှိ
လိုက်တာပါဗျာ"
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊
ဟော နက်ကျော်ကြီး အသံကို ကြားလိုက်ရပြီဗျို့၊
မဖဲဝါ လာနေပြီဗျ။ ဟော ဂူတွေပေါ်ကနေ ရိပ်
ကနဲ ရိပ်ကနဲ ရွေ့လာတာဗျို့။ ကျုပ် မနေ့က
ထမင်းကျွေးတဲ့ ဂူကြီးပေါ်မှာ မဖဲဝါက ရပ်နေ
တာဗျ။ ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာ
လေဗျာ။
"သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ သရက်ပင်မှာနေတဲ့
သရဲမ မအောင်ဖြူက မဖဲဝါရဲ့ အမိန့်ကိုလည်း
ဖီဆန်နေပါတယ်၊ ဘိုးလူပေ မေတ္တာရပ်ခံတာ
ကိုလည်း မနာခံပါဘူး၊ တစ်အိမ်လုံး သတ်ပစ်
မယ်လို့ပဲ ကြိမ်းမောင်းနေပါတယ်၊ ဒါကြောင့်
ဘိုးလူပေက ကျုပ်ကို လွှတ်လိုက်တာပါ၊ မ
ဖဲဝါ မြို့ထဲကို လိုက်လာပြီး ကိုယ်တိုင် ဆုံးမ
ပြီး ခေါ်ထုတ်သွားဖို့ ဘိုးလူပေက မိန့်မှာလိုက်
ပါတယ်၊ မဖဲဝါ မြို့ထဲ ဝင်နိုင်အောင် သူ အား
လုံး စီရင်ထားပြီးပါပြီဗျာ"
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ အီ အီ အီ"
ဟော သွားပြီဗျို့။ မဖဲဝါ မြို့ထဲကို ဝင်ပြီဗျာ၊ ကျုပ်
နဲ့ ကားယားတင်မြင့်က စက်ဘီးနဲ့ ခပ်သုတ်သုတ်
နင်းပြီး အိမ်ပြန်လာတယ်။
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"
ဟော ကျုပ်တို့ အိမ်ရောက်ပြီး ခဏဆို နက်ကျော်
ကြီး အူသံ လမ်းထဲ ရောက်လာပြီဗျ။ လမ်းထဲက
အုန်းအုန်းဆန်အောင် ဟောင်တဲ့ ခွေးတွေလည်း
တစ်ကောင်မှကို အသံမကြားတော့ဘူးဗျ။
ခွေးဆိုတာ အင်မတန်မှ သိတဲ့ သတ္တဝါဗျ။ နက်
ကျော်ကြီးအသံ ကြားကတည်းက အမြီးကုတ်ပြီး
ပုန်းနေကြပြီဗျာ။ ညသန်းခေါင် နီးနေပြီဗျ။
"တောက်"
သရက်ပင်ပေါ်က တောက်ခေါက်သံကြီး ကြား
လိုက်ရတယ်ဗျို့ ။ ဟော မဖဲဝါ သရက်ပင်အောက်
ရောက်လာပြီဗျို့။
"ဘုတ်"
ဟာ…အာဂမအောင်ဖြူဗျာ၊ သရက်ပင်ပေါ်ကနေ
ခုန်ချပြီးတော့ မဖဲဝါကို ရင်ဆိုင်တာဗျို့။ မဖဲဝါ အ
ရပ်ကြီးက ဆယ်ပေကျော်လောက် ရှိတာဗျ။ မ
အောင်ဖြူ အရပ်က ရှစ်ပေလောက်ပဲ ရှိတာ။
ဟာ ပြေးရိုက်ပြီဗျို့။ မဖဲဝါက ခြေထောက်ကြီးနဲ့
ဆောင့်ကန်လိုက်တာ သရဲမ မအောင်ဖြူ နောက်
ကို နှစ်ပတ် သုံးပတ် လိမ့်ထွက်သွားပြီး မြေကြီး
ပေါ်မှာ ကုန်းကုန်းကြီး လုပ်နေရောဗျို့။
"ဂါး၊ ဂါး၊ ဂါး၊ အီ၊ အီး"
နက်ကျော်ကြီးက မာန်ဖီပြီး မအောင်ဖြူကို ပြေး
ကိုက်ပြီဗျို့။ မအောင်ဖြူက ခွေးကြီးနက်ကျော်
ကို ပြေးရိုက်တယ်။ ဒါပေမဲ့ မထိဘူးဗျ။ ခြေ
ထောက်နဲ့ ပြေးကန်တယ်။
ဒါလည်း မထိဘူးဗျ။ နက်ကျော်က မအောင်ဖြူ
ကို နှစ်ချက် သုံးချက် ပြေးကိုက်ပစ်လိုက်တယ်ဗျ။
ဒီတော့မှ သရဲမကြီး နည်းနည်း ငြိမ်သွားတယ်။
ဟာ မဖဲဝါ ခုန်လိုက်ပြီဗျို့။ သူ့ရဲ့ သံလက်ဝါးကြီး
ကို ဖြန့်ပြီး သရဲမ မအောင်ဖြူရဲ့ ကျောကုန်းကို
ရိုက်ပြီဗျာ။
"ဘုန်း" "ဘုန်း" "ဘုန်း"
သုံးချက်ဆက်တိုက်ကို ရိုက်တာဗျ။ မဖဲဝါလက်
ဝါးနဲ့ သုံးချက်ဆင့်ရိုက်ရင် ဘယ်လိုနာနာဘာဝ
မှ မခံနိုင်ပါဘူးဗျာ။ သရဲမကြီး ဒူးထောက်လျက်
ကြီး ပြုတ်ကျသွားပြီဗျ။
"ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဂါး၊ ဂါး၊ ဂါး"
နောက်နေ့ မနက်မှာ ကျုပ် မြို့ထဲကို ထွက်ခဲ့
တယ်။ ဘိုးလူပေကို ရှာဖို့ပေါ့ဗျာ။
ကျုပ် ဟိုနားဒီနားတွေ လျှောက်ကြည့်တယ်၊
လက်ဖက်ရည်ဆိုင်တွေမှာ လိုက်ရှာတယ်၊
မတွေ့ဘူးဗျ။ ဒါနဲ့ ကျုပ် ဘန့်ဘွေးကုန်းကား
ဂိတ်ကို သွားစောင့်နေတယ်။
တကယ်လို့ ဘိုးလူပေ ရွာကို သွားမှာဆိုရင် ဒီ
ကားဂိတ်ကနေ ကားစီးရမှာလေဗျာ။ ကျုပ်
ကားဂိတ်မှာ ထိုင်စောင့်နေတာ နှစ်နာရီ ကျော်
ပြီဗျ။ ခုထိတော့ အရိပ်အယောင် မတွေ့ရ
သေးဘူး။
"မောင်တာတေ၊ ဟာ ၊ အခန့်သင့်လိုက်တာ လူက
လေးရာ"
"ဟာ …ဆရာကြီး၊ ကျုပ်က ဆရာကြီး လာမယ်ဆိုလို့
ဒီက လာစောင့်နေတာ"
"အံမာ၊ ကိုယ့်လူက တော်တော် ဟုတ်နေပြီပဲ၊ ကျုပ်
လာမှာကိုတောင် ကြိုသိလို့ လာစောင့်နေတယ်ဆို
တော့ "
တကယ်က ကျုပ်က တောင်ဘက်ကိုပဲ မဲကြည့်နေ
တာဗျို့။ ဘိုးလူပေက ကျုပ်ထိုင်နေတဲ့ နောက်ဘက်
က လမ်းသွယ်လေးထဲက ထွက်လာတာ။
မန္တလေးကားနဲ့ ပါလာတဲ့ပုံဗျ။ ကျုပ်က ရန်ကုန်
ကားနဲ့ ပါမယ်ထင်ပြီး တောင်ဘက်ကိုပဲ မဲကြည့်
နေတာ။ ဘိုးလူပေက ကျုပ်နောက်က ပေါ်လာ
တော့တာပေါ့ဗျာ။
"ကျုပ် သိတာ မဟုတ်ဘူး ဆရာကြီးရဲ့၊
မဖဲဝါ သိတာပါ"
"သြော် …မင်း မဖဲဝါနဲ့ တွေ့တယ်ဆိုတော့ ကိစ္စ
ရှိနေပြီ ထင်တယ်"
"ဟုတ်တယ် ဆရာကြီး၊ ကိစ္စက ရွာမှာ မဟုတ်
ဘူးဗျို့၊ ဒီမြို့မှာ"
ကျုပ်က အဲဒီလို အစပျိုးလိုက်ပြီး ဘိုးလူပေကို
လက်ဖက်ရည်ဆိုင်ထဲ ခေါ်လာခဲ့တယ်။ ဆိုင်
ထဲမှာ ထိုင်မိတော့မှ ဘိုးလူပေကို မုန့်တွေ
လက်ဖက်ရည်တွေ ကပ်ရတာပေါ့ဗျာ။
ဘိုးလူပေ လက်ဖက်ရည် သောက်တုန်းမှာ ကျုပ်
က ကလေးမလေးတွေ ဖျာလိပ်နတ် မေးရာက
စပြီး သရက်ပင်က သရဲမ မအောင်ဖြူ အကြောင်း
အထိ ပြောပြလိုက်တယ်။ မဖဲဝါရဲ့ အမိန့်ကို အာခံ
တဲ့ အပြင် သရက်ပင်ကြီးကို ယိမ်းထိုးအောင် လုပ်
ပြီး တောက်ခေါက်သံကြီးကြားတဲ့အထိပါ အားလုံး
ဆရာကြီးကို လျှောက်ထားလိုက်ရတာပေါ့ဗျာ။
ဘိုးလူပေကို မုန့်တွေ လက်ဖက်ရည်တွေ ကပ်ပြီး
တော့ ဆရာတပည့်နှစ်ယောက် လေးလေးဘခင်
အိမ်ကို လာခဲ့ကြတာပေါ့ဗျာ။
ဘန့်ဘွေးကုန်းသားတွေကတော့ ဘိုးလူပေကို
မသိတဲ့လူ တစ်ယောက်မှ မရှိဘူးဗျ။ လေးလေး
ဘခင်လည်း ဘိုးလူပေကို ရင်းရင်းနှီးနှီး သိတာ
ပေါ့ဗျာ။
"ဟာ…ဆရာကြီး ကြွလာပြီ၊ ဝမ်းသာလိုက်တာ
ဆရာကြီးရယ်၊ ကျုပ်တို့ ဆရာကြီးကို မျှော်နေ
ကြတာပါ"
လေးလေးဘခင်ရော၊ ကလေးမလေး ငါးယောက်
ရော၊ အရီးမရီရော ဘိုးလူပေကို ကန်တော့ကြ
တယ်။ ဘိုးလူပေကလည်း ဆုတွေ ဘာတွေ
ပေးတာပေါ့ဗျာ။ ဒီတုန်းမှာပဲ ဇာတ်လမ်းက
စတော့တာဗျို့။
"တောက်"
တောက်ခေါက်သံကြီးဗျာ အကျယ်ကြီးပါပဲ။
ကောင်မလေးတွေဆိုတာ ကြောက်ပြီး ရှေ့ကို
တိုးလာကြတာဗျ။
"ကဲ ငါ့မြေးများ၊ ဖျာလိပ်နတ် ပင့်ပါဦးကွဲ့။
ဘိုးကြည့်ချင်လို့ပါ"
"ဟာ …မလုပ်ပါနဲ့ ဘိုးရယ်"
ဘိုးလူပေက မြနွယ်တို့ ခင်ထားတို့ကို စတာဗျ။
"ကဲ …မောင်တာတေရေ၊ မြို့ထဲထွက်ကွယ်၊
နတ်ဝင်သည် တစ်ယောက် တွေ့အောင်ရှာပြီး
အကျိုးအကြောင်း ပြောပြပြီးတော့ ခေါ်ခဲ့ကွယ်၊
ကိုဘခင်က နတ်ဝင်သည်ကို ငွေပေးလိုက်ပါကွယ်"
"ဟုတ်ကဲ့ပါ ဘိုး၊ ကျုပ်ပေးပါ့မယ် ဘိုး"
ကျုပ်က ကားယားတင်မြင့်ဆီကို ပြေးပြီး စျေး
နားမှာနေတဲ့ ဒေါ်အုန်းကြည် ဆိုတဲ့ နတ်ဝင်
သည်ကြီးကို သွားကြသဗျ။ ဟိုရောက်တော့
နတ်ဝင်သည်ကြီးကို အဆင်သင့် တွေ့ပါတယ်။
ကားယားတင်မြင့်နဲ့က ရင်းနှီးနေကြတာဆိုတော့
ကားယားကပဲ ခေါ်ပေးတာဗျ။ ကျုပ်က ဒေါ်
အုန်းကြည်ကို ခေါ်ပြီး ပြန်လာခဲ့တယ်။
"ကဲ …တပည့်မအုန်းကြည်၊ ဆရာ့ကို တစ်ဆိတ်
ကူညီပါ၊ ငွေကြေးလည်း ပေးပါမယ်၊ သရက်ပင်
က မအောင်ဖြူဆိုတဲ့ သရဲမကို ဝင်ခိုင်းလိုက်
စမ်းကွယ်"
ဒေါ်အုန်းကြည်က အသားညိုညို၊ ထောင်ထောင်
မောင်းမောင်းကြီးဗျ။ အသက်က ငါးဆယ်လောက်
ရှိပြီ။ ဒေါ်အုန်းကြည်က ဘုရားရှိခိုးတယ်။ ပြီးတော့
ဘိုးလူပေကို ရှိခိုးတယ်။ ဆံပင်ကို ဖားလျားကြီး
ဖြန့်ချလိုက်တယ်ဗျ။ ပြီးတာနဲ့ လက်အုပ်ချီပြီး
လိပ်ပြာသိပ်နေတာပေါ့ဗျာ။ ဒီမှာတင် ဘိုးလူ
ပေက…
"ကဲ…သရက်ပင်မှာနေတဲ့ မအောင်ဖြူ၊ ငါ ဆရာ
အမိန့်ရှိတယ်။ ခုချက်ချင်း လာခဲ့ပေတော့"
ဒီနေရာမှာ ကျုပ် ခင်ဗျားကို တစ်ခု ပြောချင်သေး
တယ်။ တစ္ဆေ သရဲတွေဟာ သူတို့ရဲ့ နာမည်ကို
သိမှာ သိပ်ကြောက်တာဗျ။ အခု ဘိုးလူပေက
သူ့နာမည်ကို ခေါ်လိုက်တော့ သူ့လန့်သွားမှာ
အမှန်ပဲဗျ။
"ဟီး၊ ဟီး၊ ဟီး၊ ဟင်း၊ ဟင်း"
ဘိုးလူပေ အမိန့်ပြန်လိုက်တာနဲ့ တန်းဝင်တာ
ဗျို့။ နတ်ဝင်သည်ကြီး တဆတ်ဆတ်တုန်နေရာ
က နည်းနည်းငြိမ်တာနဲ့ ဘိုးလူပေ စမေးတာဗျို့။
"သရက်ပင်မှာနေတဲ့ မအောင်ဖြူ ဟုတ်ရဲ့လား"
"ဟုတ်တယ်၊ ဘာပြောချင်တုံး၊ ပြော၊ မဟုတ်
တာ ကြံလို့ကတော့ ငါ့အကြောင်း နင်တို့သိမယ်"
"တပည့် မအောင်ဖြူ၊ ဆရာပြောတာကို နားထောင်
ပါ မအောင်ဖြူဟာ အခုဆိုရင် အကုသိုလ်တွေ ထပ်
ပြီး လုပ်မိနေပြီမို့လား၊ လူတွေရိုက်၊ ခွေးတွေ ကြောင်
တွေတောင် မချန်ဘူး သတ်ပစ်တယ်၊ နောက်ဆုံး လူ
ပါသတ်နေပြီမို့လား"
"ချစ်လို့ သတ်တာ"
"ဘာ…ဘယ်သူ့ကို ချစ်တာတုံး"
သရဲပူးနေတဲ့ နတ်ဝင်သည်ကြီးက ကိုယ်ကို တစ်
ပတ်လှည့်ပြီး ခင်ထားကို မျက်လုံးပြူးကြီးနဲ့ ကြည့်
နေတယ်။ ပြီးတော့မှ…
"ငါနဲ့ တူလို့ ချစ်တာ ၊ သူ့ကို စော်ကားရင် ငါသတ်
မှာပဲ"
"သရက်ပင်မှာနေတဲ့ မအောင်ဖြူ၊ ခင်ဗျားကို
သင်္ချိုင်းရှင်မ မဖဲဝါက အမိန့်ရှိလိုက်တယ်၊ အ
ခုချက်ချင်း သင်္ချိုင်းထဲကို လာခဲ့ရမယ် မဖဲဝါ
အမိန့်"
လို့ ကျုပ်က အမိန့်ပေးလိုက်တယ်။
"တောက်"
ဟာ၊ သရက်ပင်ကြီးပေါ်က တောက်ခေါက်တဲ့
အသံကြီး ထွက်လာတယ်ဗျို့။ ကျုပ်ကမဖဲဝါရဲ့
ကိုယ်ပွားရုပ်ကလေးကို ကိုင်လျက်နဲ့ သရက်ပင်
ပေါ်ကို မော့ကြည့်လိုက်တယ်။ အောင်မယ်လေး
ဗျာ။ သရက်ပင်ပေါ်မှာ ထိုင်နေတဲ့ သရဲမ မအောင်
ဖြူက နည်းနည်းနောနောကြီး မဟုတ်တာဗျာ။
ကျုပ်တောင် ယောင်ပြီးတော့ နောက်ကို ခြေတစ်
လှမ်း ဆုတ်လိုက်မိတယ်ဗျ။
"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း "
သရက်ပင်ကြီး တစ်ပင်လုံးက သစ်ကိုင်းတွေ
လေမတိုက်ဘဲ 'တဝုန်းဝုန်း'ဖြစ်ကုန်တော့တာ
ဗျို့။ ဟာ …သရက်ပင်ကြီး တစ်ပင်လုံး လေမုန်
တိုင်း တိုက်သလိုကို ရမ်းခါနေတာဗျို့။
"တောက်၊ ငါ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး"
ကျုပ်နားထဲမှာ သေသေချာချာကို ကြားလိုက်
ရတာဗျို့။ အသံကြီးက ကြောက်စရာကြီးပါဗျာ။
အခြေအနေမဟန်မှန်း ကျုပ်သိတယ်ဗျ။
ဒါနဲ့ ကျုပ်လည်း အိမ်ပေါ်ကို ပြန်တက်လာခဲ့
တယ်။ သရက်ပင်ကြီးကတော့ တော်တော်ကြာ
အောင်ကို တဝုန်းဝုန်း လှုပ်နေသေးတာဗျ။ တော်
သေးတာပေါ့ဗျာ။ ဘေးအိမ်ကလူတွေ မနိုးကြလို့။
မနက်ကျတော့ လေးလေးဘခင်က ကျုပ်ကို
မေးတယ်။
"ညက ဘာတွေထူးတုံး တာတေ"
ကျုပ်ကလည်း ကားယားတင်မြင့်နဲ့ သွားတဲ့ကိစ္စ
က စပြီး မဖဲဝါ ပြောတာတွေကို အားလုံးေ့ပြာပြ
လိုက်တယ်။ ဒီတစ်ခါတော့ ကလေးမလေးတွေ
ပါ ကျုပ်ပြောတာကို ထိုင်ပြီး နားထောင်ကြတယ်။
သူတို့လည်း အဖြစ်မှန်ကို သိသွားတော့ တော်
တော်ကို ကြောက်သွားကြတာဗျ။
"သမီးတို့က တယ်ဆော့ကြတာကိုး၊ ဘာလို့ ဖျာ
လိပ်နတ်ကို ပင့်ရတာတုံး၊ အခုတော့ ဖျာလိပ်နတ်
နဲ့ သရဲမနဲ့က နာမည်ချင်းတူနေတော့ သရဲမက
ဝင်ဝင်ပူးနေတော့တာပေါ့။ တာတေ၊ ဒီသရဲမကို
ရအောင် နှင်ပေးပါကွာ၊ နှင်လို့ မရရင်တော့ လေး
လေး ဒီအိမ်ကို ပြန်ရောင်းတော့မယ်ကွ"
"နေပါဦး လေးလေးရယ်၊ ကျုပ်ဆရာကြီး ဘိုးလူ
ပေ မနက်ဖြန်ဆိုရင် ကြွတော့မှာပါ"
"ဟေ …ဟုတ်လား၊ မင်းဆီကို ဘိုးလူပေဆီက စာရောက်လို့လား"
"စာရောက်တာ မဟုတ်ဘူး လေးလေးရဲ့၊ ညက
မဖဲဝါ ပြောလိုက်တာ"
"ဟေ …မဖဲဝါက တော်တော်ကို အစွမ်းရှိပါပဲလား"
"လေလောဆယ်တော့ ကျုပ် မဖဲဝါနဲ့ နှင်ကြည့်
တာ။ သရဲမ မအောင်ဖြူက နည်းနည်းမှ ဂရုမစိုက်
ဘူးဗျ။ ညကဆိုရင် သရက်ပင်ကြီး လဲကျတော့
မတတ်ကို ဝုန်းဆန်သွားတာဗျ၊ တော်တော်ကို
ဒေါသဖြစ်သွားတာ"
ကျုပ်က ကောင်မလေးငါးယောက်ကိုရော အရီး
မရီကိုရော သစ်စုန်းဆေးတော်နဲ့ တခြားဆေးဝါး
တွေ ရေမှာထည့်ပြီး တိုက်ထားလိုက်တယ်။ လေး
လေးဘခင်ကိုလည်း တစ်ခွက်တိုက်တယ်။
ကျုပ်ကတော့ အရေးကြီးတဲ့ ဆေးတွေ အင်းတွေ
ကို လည်ပင်းမှာ ကတ္တီပါ အိတ်ကလေးထဲ ထည့်
ပြီး ဆွဲထားလိုက်တယ်။
ကျုပ်တို့လူတွေကို အကာအကွယ်လုပ်မထားလို့
မဖြစ်ဘူးဗျ။ သရဲမ မအောင်ဖြူက ဒီလောက် ကြမ်း
တမ်းတဲ့ နာနာဘာဝကြီးက ဒီကလေးမလေးတွေ
အပေါ်မှာ တော်တော်ခင်မင်နေတာလေဗျာ။
"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ကျွိ ၊ ကျွိ၊ ကျွိ"
ဟော ပြောရင်းဆိုရင်းနဲ့ သရက်ပင်က သရက်
ကိုင်းတွေ တဝုန်းဝုန်း လှုပ်ခါနေပြီဗျို့။
"ဟာ …တာတေ၊ ဒါ ဘာဖြစ်တာတုံး"
လေးလေးဘခင်က ကျုပ်ကို မေးတာဗျ။
"အဲဒါ သရဲမကြီး မအောင်ဖြူလေဗျာ၊ ညက
မဖဲဝါ အမိန့်ကို ပြန်လိုက်တာ စိတ်တွေဆိုးပြီး
သရက်ပင်ကြီး လဲကျတော့မတက်ကို လုပ်
တာ လေးလေးရေ၊ အခုဟာက တော်သေး
တယ်"
"ဟာ၊ ဟုတ်လား၊ ကိုကြီးတာတေ၊ ကျုပ်တို့ဖြင့်
ကြောက်လိုက်တာတော်၊ ဒီကိစ္စကို ဘယ်လိုလုပ်
မလဲ၊ ကိုကြီးတာတေ၊ ကိုကြီး မနိုင်ဘူးလား"
"ဟဲ့ မြနွယ်၊ ကိုကြီး တာတေက ဆရာ မဟုတ်ဘူး
လေ၊ ဆရာတွေနဲ့ လျှောက်လိုက်ဖူးတာပဲရှိတာ၊ ဒါ
ပေမဲ့ ကျုပ်ညီမတွေ ဘာမှမပူနဲ့၊ မနက်ဖြန်ဆိုရင်
ကျုပ်ဆရာကြီး ဘိုးလူပေ ဒီမြို့ကို ရောက်လာ
လိမ့်မယ်၊ ကိုကြီးတာတေ ဘိုးလူပေကို ပင့်ပေး
မယ်"
"လုပ်ပါ ကိုကြီးတာတေရယ်၊ ကျုပ်တို့ ကြာရင်
သေလိမ့်မယ်တော့်"
"ဟဲ့ နင်တို့ ကစားတုန်းကတော့ အတူတူကစား
နေကြ ပြီးတော့ အခုမှ ကြောက်နေကြသလား"
"ဟာ ကိုကြီးတာတေကလည်း ကျုပ်တို့က ဖျာ
လိပ်နတ် မအောင်ဖြူလို့ ထင်ပြီး မေးမြန်းနေကြ
တာတော့်၊ သရဲမကြီးမှန်းသာ သိရင် ကျုပ်တို့
ဘယ်ခေါ်ပါ့မတုံးတော်"
"တောက်"
"ဟော …တောက်ခေါက်သံကြီးကွ တာတေရ"
လေးလေးဘခင်ပါ ကြောက်နေတဲ့ပုံပဲဗျ။
"ဟုတ်တယ် လေးလေး၊ ညကလည်း တောက်
တွေ ခေါက်၊ သရက်ပင်ကြီးကို လေမုန်တိုင်း
တိုက်သလို ယိမ်းခါအောင် လုပ်တာဗျ။ မ
ကြောက်ပါနဲ့ဗျာ၊ လေးလေးတို့ကို ဘာမှ မလုပ်
နိုင်ပါဘူး"
"မဖဲဝါ အမိန့်ကိုတောင် အာခံဝံ့တယ်ဆိုတော့
သူလည်း ပေါ့သေးသေးတော့ မဟုတ်ဘူးထင်
တယ် တာတေရဲ့"
"ဟုတ်တယ် လေးလေး၊ တခြားနာနာဘာဝတွေ
က မဖဲဝါ အမိန့်ကို ကြားရင် ငြိမ်သွားကြတာ၊ ဒီ
သရဲမ မအောင်ဖြူကတော့ နည်းနည်းမှ မနာခံ
ဘဲ ဝုန်းဒိုင်းကြဲနေတော့တာပဲဗျ"
"မင်း ဆရာကြီး ဘိုးလူပေကတော့ ကျိန်းသေ
လာမှာပါနော် တာတေ"
" ဟာ လေးလေးကလည်း မဖဲဝါပြောရင် ဘယ်
တော့မှ မလွဲပါဘူးဗျ"
ညရောက်တော့ ကောင်မလေးတွေရော၊ လေး
လေးဘခင်ရော၊ ကျုပ်ရော ဘယ်သူမှ မအိပ်
ရဲကြဘူးဗျ။ ဘာဖြစ်လို့တုံးဆိုတော့ ဝိုင်းဝက
သရက်ပင်ကြီးက လေပြင်းတိုက်သလို ယိမ်းခါ
ပြီး သရဲမကြီးကလည်း 'တောက်'တွေ ခဏ ခဏ
ခေါက်နေတာဗျ။ ဒီတော့လည်း ဘယ်သူမှ မအိပ်
ရဲကြတော့ဘူးပေါ့ဗျာ။
ကျုပ်က မဖဲဝါကို ပင့်တာဗျ။ ကားယားတင့်မြင့်
က ကျုပ်လုပ်နေတာတွေကို တအံ့တသြနဲ့ ကြည့်
နေတာဗျ။ ဒီကောင်ကြီးက ကျုပ်ကို ခင်လွန်းလို့
သာ လိုက်လာခဲ့တာဗျ။ လွှတ်ကြောက်တဲ့ ကောင်
ကြီးဗျ။ ကျုပ်လုပ်ကိုင်နေတာတွေကို မျက်လုံး
အပြူးသားနဲ့ ကြည့်နေတာဗျို့။ ပေါ်ပေါ်တင်တင်
လည်း မကြည့်ရဲဘူးဗျ။ ဂူကြီးတစ်လုံးကို ကွယ်ပြီး
ချောင်းကြည့်နေတာဗျို့။
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"
ဟော လာပြီဗျို့၊ မဖဲဝါရဲ့ ခွေးကြီး နက်ကျော်ရဲ့
အသံဗျ။ ဟာ လာပြီဗျို့။ လာပြီ။ မဖဲဝါက ဂူတွေ
ပေါ်က ရိပ်ကနဲ ရိပ်ကနဲ ရွေ့လာတာဗျ။
ကျုပ်မီးထွန်းထားတဲ့ ဂူဆီကို တန်းလာတာဗျ။
ကျုပ်က မျက်ကွင်းဆေးကို မျက်လုံးလည်းကွင်း
နားလည်း လိမ်းထားတယ်ဗျ။ မျက်လုံးကိုကွင်း
တဲ့ အချိန်မှာ ဒိဗ္ဗစကုဂါထာ ရွတ်ရတယ်။ နားကို
လိမ်းတဲ့အချိန်မှာ ဒိဗ္ဗသောတဂါထာကို ရွတ်ရ
တယ်လေဗျာ။ မဖဲဝါက သူ့ရဲ့နဂိုပုံစံအတိုင်းပဲ
ရောက်လာတာဗျို့။
အရပ်ကြီးက ဆယ်ပေကျော်ကျော်လောက်မြင့်
တယ်။ မျက်လုံး နှစ်လုံးက နီရဲပြီး ပြူးထွက်နေ
တာဗျ။ ဆံပင်က ဖားလျားကြီး ချထားတာ။ အ
င်္ကျီက အနက်၊ ထဘီက အနက်ပေါ်မှာ အချိတ်
တွန့်တွေ ပါတယ်။ ဒူးကြီးတစ်ဖက် ထောင်ထိုင်
ပြီး ကျုပ်ကျွေးထားတဲ့ အမဲသားဟင်းနဲ့ ထမင်း
ကို စားတော့တာဗျို့။
စားရင်းနဲ့ ဂူဘေးမှာ ထိုင်နေတဲ့ နက်ကျော်ကြီး
ဆီကိုလည်း အမဲသားတုံးတွေ ပစ်ချပြီး ကျွေး
သေးတယ်ဗျာ။ တော်တော်လေး စားပြီးတော့
ကျုပ်ကို မော့ကြည့်တယ်။ ကျုပ်ကလည်း ပြော
ဖို့ အဆင်သင့် စောင့်နေတာလေဗျာ
"ဒီလိုပါ မဖဲဝါ၊ မြို့ရဲ့မြောက်ပိုင်းနေတဲ့ ဘန့်ဘွေး
ကုန်းက လေးလေးဘခင်ရဲ့ သမီးလေးတွေ ဖျာ
လိပ်နတ် မအောင်ဖြူကို ပင့်ပြီး ဖျာလိပ်နတ် မေး
ကြတယ် မဖဲဝါ။ အဲဒါ ဖျာလိပ်ကြီး တဆတ်ဆတ်
တုန်ပြီး တကယ်ဝင်တာဗျ။ ပြီးတော့ ဖျာလိပ်ကြီး
က တစ်ဆစ်ချိုးပြီးရိုက်တာ မဖဲဝါ။ ပြီးတော့ အဲဒီ
ကလေးမလေးကို လူပျိုလှည့်တဲ့ ကောင်လေးတွေ
ကို ကျောကုန်းမှာလက်ဝါးရာကြီးထင်အောင် ရိုက်
တယ်ဗျ။ နောက်ဆုံး ရိုက်ရုံတင် မဟုတ်ဘဲ လည်
ပင်းကို လိမ်ချိုးပြီး သတ်ပစ်တယ်ဗျ။ အဲဒါ"
" တာတေ၊ အဲဒါ မအောင်ဖြူတော့ ဟုတ်တယ်၊
ဖျာလိပ်နတ် မဟုတ်ဘူး၊ သရက်ပင်မှာနေတဲ့ သရဲ
မ မအောင်ဖြူဟဲ့၊ ကောင်မလေးတွေက မအောင်
ဖြူ ကြွပါလို့ ပင့်တော့ သရဲမ မအောင်ဖြူက အိမ်
ထဲဝင်လို့ ရသွားတော့တာပေါ့၊ ဒီမှာတင် သူက ဖျာ
လိပ်ကို ဝင်ပူးပြီး ကလေးတွေနဲ့ ဆော့နေတာ၊ အဲ
ဒီထဲက ကလေးမတစ်ယောက်ကို သူပိုချစ်တယ်"
"ဟုတ်ပါတယ် မဖဲဝါ၊ ဟုတ်ပါတယ်"
"အေး၊ အဲဒါ ဘာဖြစ်လို့ဆိုတော့ သရဲမ မအောင်
ဖြူ လူ့ဘဝတုန်းက ရုပ်က အဲဒီကလေးမလေးနဲ့
ရုပ်ချင်း ချွတ်စွပ်တူတယ် တာတေ၊ လူတူမရှားလေ၊
အဲဒါကြောင့် အဲဒီကလေးမလေးကို သူ တန်းတန်း
စွဲခင်နေတာ။ သရဲမ မအောင်ဖြူက တခြားက လာ
တာ မဟုတ်ဘူးဟဲ့၊
အဲဒီအိမ် ပထမဆုံးပိုင်ရှင်ရဲ့သမီးပဲ၊ ဒီအိမ်က ပိုင်
ရှင် သုံးယောက် ပြောင်းသွားပြီ၊ အဲဒီအိမ်ကို ပထ
မဆုံး ဆောက်ခဲ့တဲ့ အိမ်ရှင်ရဲ့သမီး မအောင်ဖြူဆို
တာ ရည်းစားအတွက် အဆိပ်သောက် သေခဲ့တာ၊
ယောက်ျားတွေကို သိပ်မုန်းတဲ့ ကောင်မဟဲ့ တာတေ
ရဲ့၊ ဒါကြောင့် ဟိုကောင်မလေးကို ထိကပါး ရိကပါး
လုပ်တဲ့ကောင်တွေကို ရိုက်ရုံတင် မဟုတ်ဘူး၊ သတ်
ပစ်လိုက်တာ"
"ဟာ …မဖဲဝါရယ်။ သူ့ကို နှင်ထုတ်လို့ရပါ့မလားဗျာ"
"အိမ်ရှင်က မလိုလာဘူးဆိုရင် နှင်ထုတ်လို့ရတယ်၊
သူက လူလည်း သတ်လိုက်တော့ ပိုပြီးနှင်ခွင့်ရှိ
တာပေါ့၊ ဒါပေမဲ့ ဒေါသစိတ်တွေ၊ မကျေနပ်တဲ့စိတ်
တွေနဲ့ သေပြီး သရဲဖြစ်လာတော့ တော်တော်ကို
ရိုင်းစိုင်းကြမ်းတမ်းတာ၊ လွယ်လွယ်နဲ့တော့ နှင်
လို့ ရမှာ မဟုတ်ဘူး တာတေ၊ နင် ငါရဲ့ ကိုယ်ပွား
ရုပ်ကို ပြပြီး ငါ အမိန့်နဲ့ နှင်ကြည့်ပေါ့၊ ဒီသင်္ချိုင်း
ကို လာရမယ်လို့ ငါ့အမိန့် ပြန်ကြည့်လိုက်၊ နင့်
ဆရာကြီးကို လုပ်ခိုင်းပေတော့"
"ကျုပ် ဆရာကြီးတွေလည်း ဘယ်ရောက်နေမှန်း
မသိဘူး မဖဲဝါရဲ့"
"တာတေ နင့်ဆရာကြီး နင့်ဆီ လာနေပြီ၊ နောက်
နှစ်ရက်ဆိုရင် ရောက်မယ်"
"ဟင်၊ ဘယ်သူတုံး မဖဲဝါ"
"ဘိုးလူပေလေ"
ဟာ…ကျုပ်ဖြင့် ဝမ်းသာလုံးကို ဆို့သွားတာပဲဗျာ။
ဘိုးလူပေ လာလို့ကတော့ ဒီကိစ္စ ပြီးပြီပေါ့ဗျာ။ မ
ဖဲဝါက စားသောက်ပြီးတော့ ပြန်ထွက်သွားတယ်ဗျ။
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"
နက်ကျော်ကြီးရဲ့ အူသံက တဖြည်းဖြည်း ဝေးသွား
ပြီဗျို့။ ကားယားတင်မြင့်နဲ့ ကျုပ်လည်း စက်ဘီးလေး
နဲ့ အိမ်ပြန်ခဲ့ကြတယ်
"တာတေ၊ မင်း မဖဲဝါကို မြင်ရလားကွ"
"ငါမြင်ရတယ် ကားယားရဲ့"
"ဟေ …ဟုတ်လား၊ ငါ့တော့ မမြင်ရပါလား"
"ငါက ဆရာကြီးတွေ ပေးထားတဲ့ မျက်ကွင်းဆေး
ရှိတယ်ကွ။ အဲဒါ ကွင်းထားတာ"
"သြော် …မင်းက ဒါကြောင့် မြင်ရတာလား"
"အေး ဟုတ်တယ် ကားယား"
"မဖဲဝါက ဘယ်လိုပုံလဲကွ"
ကျုပ်က မဖဲဝါရဲ့ ပုံသဏ္ဌာန်ကို ပြောပြလိုက်တယ်။
ကျုပ်ပြောတာကို ကြားတော့ ကားယားတင်မြင့်
တော်တော်ကို ကြောက်သွားတာဗျ။ ကျုပ်ကို အိမ်
ပြန်ပို့ပြီး ကားယားတင်မြင့် ပြန်သွားတယ်။
ညသန်းခေါင်ချိန်ရောက်တော့ တစ်အိမ်သားလုံး
အိပ်ပျော်နေတဲ့ အချိန်မှာ မဖဲဝါရဲ့ ကိုယ်ပွားရုပ်
ကလေး ယူပြီး ဝိုင်းထဲကို ကျုပ် ဆင်းလာတယ်။
ကျုပ်က ကိုယ်အကြံနဲ့ကိုယ်ဆိုတော့ မျက်ကွင်း
ဆေးတွေ မဖျက်သေးဘူးဗျ။ မဖဲဝါကို ကျုပ်ကိုယ်
တိုင်တည်လိုက်တော့ ကိုယ်ပွားရုပ်ကလေး လှုပ်
လာတယ်ဗျ
