မြန်မာ့သမိုင်းနှင့် သုတစုံ
အတိတ်ကို အတိတ်မှာထား ကောင်းတာကိုယူပြီး လက်ရှိအချိန်ကနေစလို့ အကောင်းဆုံး အဖြူစင်ဆုံး ဖြစ်အောင် ဖြတ်သန်းကြပါစို့ အဆိပ်အတောက်ကို အဆိပ်အတောက်မှန်း သိအောင်တော့ ပြောပြနေမိမှာပဲ။ အမုန်းစကားလို့ labels တပ်ပြီး အဓမ္မ ဖုံးကွယ်တာ ဖေ့ဘုတ်မှာပဲ ရမယ်။
إظهار المزيد973
المشتركون
+424 ساعات
+197 أيام
+6430 أيام
- المشتركون
- التغطية البريدية
- ER - نسبة المشاركة
جاري تحميل البيانات...
معدل نمو المشترك
جاري تحميل البيانات...
"အများချမ်းသာဖို့
ဆောင်ရွက်တာဟာ
ကြီးမားတဲ့ကုသိုလ်ပါ"
ဘုရားတည်ကျောင်းဆောက်မှ
ကုသိုလ်ရတာမဟုတ်ပါဘူး။
စိတ်နေစိတ်ထားကောင်းမွန်စွာ
အများချမ်းသာဖို့ ဆောင်ရွက်တာတွေ
မှန်သမျှဟာ ကုသိုလ်တွေချ ည်းပါပဲ။
အများချမ်းသာအောင်
ဆောင်ရွက်တဲ့ ကုသိုလ်ဟာ
အင်မတန်ကြီးမားတဲ့
ကုသိုလ်လို့ခေါ်ပါတယ်။
အားလုံးစဉ်းစားကြည့်ပေါ့...
မာဃလုလင်တို့ အမှုးပြု တဲ့
လူငယ်လူရွယ်တွေဟာ
လူမှုအကျိုးပြုလုပ်ငန်းတွေကို
လုပ်ကြတယ်။
လူတကာနှစ်သက်တဲ့
ကြည့်ပျော်ရှုဖွယ်ဖြစ်အောင်
ပန်းဥယျာဉ်တွေ တည်ဆောက်ကြတယ်၊
လမ်းတွေခင်းကြတယ်၊ ပြု ပြင်ပေးကြတယ်၊
အများစိတ်ချမ်းသာအောင်
ရေတွင်းရေကန်တွေ
တူးကြတယ် ။
ဒီ လူမှုအကျိုးပြု
ကုသိုလ်ကောင်းမှုတွေကြောင့်
နတ်ပြည်ရောက်ကြရတယ်။
ဒီ ကုသိုလ်ကောင်းမှုဟာ
ကြီးမားတဲ့ကုသိုလ်
ကောင်းမှုတွေပဲ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
စေတနာသဒ္ဓါတရား မှန်ကန်ဖို့ လိုတယ်..
သဒ္ဓါဆိုတာကို ပညာနဲ့မထိန်းရင် လမ်းကြောင်း မဖြောင့်နိုင်ဘူး´ တဲ့။ ဒီဘုရားကတော့ လာဘ်ကောင်းလို့ ကိုးကွယ်လိုက်ရဦးမယ်ဆိုတာမျိုးတွေရှိတယ်နော်၊ ဒါဖြင့် လာဘ်မကောင်းဘူးဆိုရင် ဒီဘုရား အိမ်ပေါ်ထားမှာ မဟုတ်ဘူး၊ ဟုတ်ကဲ့လား။ အေး လာဘ်မရတော့ဘူးဆိုရင် ဘုရားကိုးကွယ်ကြတော့မှာ မဟုတ်တော့ဘူး။ အဲဒီလို
ကိုးကွယ်တာဟာ လာဘ´ဆိုတဲ့ လာဘ်လာဘကို ရည်စူးပြီးတော့
ကိုးကွယ်တာ ဖြစ်နေတယ်။သေချာ စဉ်းစားကြည့်နော်။
လောကမှာလူတွေ ဘုရားကိုးကွယ်နေကြတာ တကယ့်ကို
အနှစ်သာရ သဒ္ဓါနဲ့ ပညာနဲ့ ယှဉ်ပြီးတော့ ကိုးကွယ်တာလား။
တစ်ခုခု စီိးပွားတိုးတက်ချင်လို့လား။ အလုပ်အကိုင်လေး
အဆင်ပြေစေချင်လို့လား ဆိုတာကို စဉ်းစားကြည့်။
အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့၊ စီးပွားတက်ချင်လို့၊
နှစ်လုံးတို့၊ ဘာတို့ညာတို့ပေါ့လေ၊ အဲဒါမျိုးတွေအတွက်
ကိုးကွယ်နေသေးတယ်ဆိုရင် ဒါအဝေစ္စပ္ပသာဒေန´ဆိုတဲ့ အသိဉာဏ် သက်ဝင်၍ နှစ်နှစ်ကာကာ ယုံကြည်ခြင်း မျိုးမဟုတ်ဘူးနော်။
ဒါကြောင့်မို့လို့ အခုဆိုရင် ဘုရားတောင်မှပဲ နာမည်ကောင်း
ျကာင်းလေးတွေပေးပြီး ကိုးကွယ်ကြတာ။ အမျက်တော်ပြေတို့
အလိုတော်ပြည့်တို့ လာဘမုနိတို့´၊ ဟုတ်ကဲ့လား။
အေး...အဲလိုမဟုတ်ရင် ဘုရားကိုးကွယ်မယ်တောင်မထင်ဘူး။
မြတ်စွာဘုရားဆိုတာနော်... အကုန်လုံး ဘုရားတိုင်း
ဘုရားတိုင်းဟာ အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တာချည်းပဲ မဟုတ်လား။ ဘုရားတိုင်း ဘုရားတိုင်းဟာ
ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတာချည်းပဲ။ ပုံတော်ကနေ ဂုဏ်တော်ကို
ရောက်ဖို့ လိုအပ်တယ်။ အနှစ်သာရကို သိပြီးတော့ မြတ်စွာဘုရားရဲ့ အာရုံ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ထဲမှာ စိတ်ကလေးကိုနှစ်ပြီး
ဘုရားကို အသိဉာဏ်ရှိရှိ ကိုးကွယ်ဖို့ပဲ လိုအပ်ပါတယ်။
ခုခေတ်က ပြောရမယ်ဆိုရင်အများကြီးပဲ၊ ဘုန်းကြီးတို့ စစ်ကိုင်းမှာလည်း ရှိတယ်။ ဘုရားတစ်ဆူက မဟိယင်္ဂဏ´ ဆိုတဲ့ ဘုရား၊ မူရင်းက မဟိယင်္ဂဏ´။ ကာလရွေ့လျောတဲ့အခါ မရှိခဏ´ ဖြစ်သွားတယ်။ ဘုန်းကြီးတို့က သမိုင်ကြောင်းကို ပြောပြပြီးတော့ မဟိယင်္ဂဏ´
လုပ်ပါ၊ မရှိခဏ´ တော့ မလုပ်ပါနဲ့လို့ဆိုတော့ ဒီဘုရားကို
ကိုးကွယ်မယ်ဆိုရင် မရှိရင် ခဏပဲ´ပေါ့၊ ရှိရမယ် ထာဝရဆိုပြီးတော့ အဲဒီနာမည်လေးကို မဖျောက်နိုင်ဘူး၊ လူတွေက ဘုရားကိုတောင်မှ အဲဒီလို အတွေးမျိုးဆိုရင်တော့ `အဝေစ္စပသာဒ´မဖြစ်တာ
သေချာတယ်။ ဂုဏ်တော်တွေရဲ့ အနှစ်သာရတွေကို အသိဉာဏ်နဲ့
သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်တာတွေအများကြီးရှိတယ်နော်
“ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါတုန်းက ရာဇဂြိုဟ်ပြည်မှာ ဈေးသည်မကြီး (၄)ယောက်ရှိသတဲ့၊ အဲဒီဈေးသည်မကြီး(၄)ဦးက အရောင်းအဝယ်လုပ်ပြီး ရသမျှတွေ အကုန်စုထားတယ်၊ မလှူရက် မတန်းရက် ခြိုးခြံချွေတာပြီးတော့ ပစ္စည်းဥစ္စာတွေ စုလိုက်တာ အများကြီး စုမိလာပါတယ်၊ အဲဒီ ဈေးသည် အမျိုးသမီးကြီး(၄)ယောက်ဟာ ကံကုန်လို့သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ တွယ်တာတဲ့စိတ်နဲ့ သေသွားကြတယ်” အဲဒီလိုသေဆုံးသွားပြီး ပြိတ္တာမကြီးတွေဖြစ်သွားကြတယ်၊ သူတို့ရဲ့ ရှာဖွေသွားတဲ့ပစ္စည်းတွေကို ဘယ်သူတွေက သုံးနေကြသလဲဆိုတော့ နောက်အမွေခံတဲ့သူတွေက သုံးကြတယ်။
ပြိတ္တာဘုံကနေ လှမ်းကြည့်လိုက်တဲ့အခါမှာ စိတ်ဆင်းရဲစရာ ထပ်ပြီးကြုံရပြန်တယ်၊ အေး တို့တတွေကတော့ မစားရက်မသောက်ရက်နဲ့ ခြိုးခြံပြီး စုထားခဲ့ကြတယ်၊ အဲဒီပစ္စည်းတွေကို သူတို့ကတော့ သုံးစွဲနေကြပြီ” ဆိုပြီး ဆင်းရဲဒုက္ခရောက်နေကြတယ်၊ ငိုကြွေးတယ်လို့ ပေတဝတ္ထုမှာပါတယ်၊ တကယ့် အဖြစ်အပျက်ပါနော်။
အေး ဒါကြောင့်မို့ မြတ်စွာဘုရားက သတိပေးတာ။ “ဟနန္တိ ဘောဂါ ဒမ္မေဓံ- စည်းစိမ်ဥစ္စာပစ္စည်းဆိုတာ အသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေကို ဖျက်ဆီးတတ်ကြတယ်၊ နော စ ပါရဂဝေသိနော- ဒါပေမယ့် ပစ္စည်းကိုအသုံးပြုပြီး နိဗ္ဗာန်ချမ်းသာကိုရှာတတ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ကြဘူး” တဲ့။
ပစ္စည်းဥစ္စာက လူတိုင်းကို ဖျက်ဆီးနိုင်သလား ဆိုတော့ ဒုမ္မေဓံ၊ စဉ်းစားညဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကို ဖျက်ဆီးတာဖြစ်တယ်၊ စဉ်းစားညဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ပါဘူးတဲ့။ အသိညဏ်ရှိတဲ့ပုဂ္ဂိုလ်တွေက “အေး တို့တတွေရှာလာတဲ့ ပစ္စည်းဥစ္စာတွေကို သာသနာတော်ကြီးမှာလှူမယ်” လို့ ရွေးချယ်ပြီးလှူဒါန်းကြတယ်၊ လှူပြီးတော့လည်း နိဗ္ဗာန်ကို ဆုတောင်းကြတယ်၊ ဟောဒါဟာပစ္စည်းဥစ္စာက ရလာတဲ့ အကျိုးအမြတ်ဖြစ်တယ်၊ စဉ်းစားညဏ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းဥစ္စာက ဒုက္ခမပေးဘူး၊ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ကုသိုလ်ရကြတယ်၊ တိုပစ္စည်းဥစ္စာတွေဟာ ဒုမ္မေဓ လို့ခေါ်တဲ့ စဉ်းစားညဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ဆင်းရဲဒုက္ခ ရောက်စေပါတယ်။
သဒ္ဓါတရားရှိလာပြီဆိုရင်တော့ လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ စိတ်ဝင်စားလာကြတယ်၊ အေး ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ဥစ္စာဟာ စိန်ကောင်း ကျောက်ကောင်းထပ် တန်ဖိုးရှိတယ်၊ စိန်ကောင်း ကျောက်ကောင်းဟာ ဒီတင်ဘဝဘဲသုံးစွဲလို့ရတယ်၊ နောင်ဘဝထိအောင် ထို စိန်ကောင်း ကျောက်ကောင်းရဲ့အကျိုးကျေးဇူးကို ခံစားရမှာမဟုတ်ဘူး၊ သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာကတော့ ဒီဘဝတွင်မဟုတ်ဘူး၊ ဘဝအဆက်ဆက်ထိအောင် လိုက်ပြီးတော့ ချမ်းသာသုခကိုရစေတာပါ၊ ဒါကြောင့်မို့လို့ သဒ္ဓါဆိုတဲ့ပစ္စည်းဥစ္စာမျိုးကို မိမိတို့ရဲ့သန္တာန်မှာရအောင် ရှာဖွေကြရမယ်လို့ မြတ်စွာဘုရားက ဟောကြားတာ။
ကဲ- တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့၊ တို့ဒီကနေ့ရှာရမယ့် မြတ်သောဥစ္စာဆိုတာဟာ သဒ္ဓါလို့ဒီလိုမှတ်လိုက်ပါ၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်တာ၊ ကုသိုလ်ကောင်းမှုတွေကို စိတ်ဝင်စားလာတာကိုခေါ်တယ်၊ စိတ်ဝင်စားလာပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကိုလုပ်ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
မစ္ဆရိယ ဆိုတာ ကိုယ်ရ,ထားတဲ့ အခွင့်အရေးကို သူများကို မရစေချင်တာ။
ကိုယ်အောင်မြင်ကြီးပွားသလို သူများကို
မကြီးပွား စေချင်တာ၊
ဒါမျိုးကို မစ္ဆရိယ လို့ခေါ်တယ်။
ဥပမာ- လူ တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို
ချီးမွမ်းတဲ့အခါမှာ အမှန်ကို အမှန်အတိုင်း
မချီးမွမ်းချင်ဘူး၊ထိန်ချန်ထားချင်တယ်။
ဒါလည်း မစ္ဆရိယ ပဲ။
မစ္ဆရိယ (၅)မျိုးရှိတယ်။
အာဝါသမစ္ဆရိယ- အဆောက် အအုံ၊ နေရာထိုင်ခင်းနှင့်ပတ်သက်ပြီးဝန်တိုတာ။
ကုလမစ္ဆရိယ- အပေါင်းအသင်းနှင့်ပတ်သက်ပြီး ဝန်တိုတာ။
လာဘမစ္ဆရိယ- ကိုယ်ရတဲ့လာဘ်လာဘနှင့် ပတ်သက်ပြီးဝန်တိုတာ။
ဝဏ္ဏမစ္ဆရိယ- ဂုဏ်ကျေးဇူးတို့၊ ချီးမွမ်းခံရတဲ့ စကားတို့နှင့်ပတ်သက်ပြီး ဝန်တို တာ။
ဓမ္မမစ္ဆရိယ- တရားဓမ္မနှင့် ပတ်သက်ပြီး ဝန်တိုတာ။
ထို ဝန်တိုမှု မစ္ဆရိယတရား (၅)မျိုးရှိတယ်။
အဲဒီအထဲက ဓမ္မမစ္ဆရိယ ဟာ အဆိုးဆုံးပဲတဲ့။
ကိုယ်သိတဲ့ တရားဓမ္မနှင့်ပတ်သက်လို့ ဝန်တိုပြီး သူများကိုမပြောဘူး၊
ကိုယ်သိတဲ့တရား သူများသိသွားရင်
ကိုယ်နဲ့တန်းတူဖြစ်သွားမှာဆိုပြီး ဝန်တိုတာ။
ကြံကြံဖန်ဖန် ဝန်တိုတာနော်။
အဲဒါမျိုးကို ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။
အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေ ချင်တာ မစ္ဆရိယပဲ။
အဲဒီ မစ္ဆရိယ တရားဟာ ဘာနဲ့ယှဉ်တွဲ လာလဲဆိုတော့ ဒေါသနှင့် ယှဉ်တွဲလာတာ။
လောဘ နှင့်မတွဲဘူး။
နှမြောတယ်ဆိုလို့ လောဘနှင့်တွဲတယ်လို့ ထင်ကြတယ်။
မဟုတ် ဘူး၊မစ္ဆရိယ က ဒေါသနှင့်တွဲတာ။
မစ္ဆရိယ ရဲ့သဘောတရားကို စဉ်းစားကြည့်။
အားလုံး တွေ့ဖူးကြပါလိမ့်မယ်။
ကြောင်ကလေးတွေ၊ခွေးကလေးတွေမှာ ထင်ရှားတယ်။
ကြောင်ကလေးတွေ သူတို့ပါးစပ်ထဲမှာ ကြွက် ကလေးတစ်ကောင်ရလာလို့ရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့် မယ်။
ဘာအတွက် မာန်ဖီတာတုန်းဆိုရင် သူရ,ထားတဲ့အစာကို လာပြီးမထိနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲ။
ဘေးကအကောင်တွေကို ရန်လုပ် တယ်။
တိရစ္ဆာန်ရုံရောက်ဖူးလို့ ကျားတွေ၊ခြင်္သေ့တွေ အစာ ကျွေးတဲ့အချိန်ကို တွေ့ဖူးကြပါလိမ့်မယ်။
အစာရေစာ ဝဝ လင်လင်ကြီး သူတို့စားကြရတာမဟုတ်ဘူး။
ညနေအစာကျွေးတဲ့ အချိန်သွားကြည့်။
အစာကျွေးမယ့်သူ လာခါနီးဆိုရင် ကျားတွေ၊ ခြင်္သေ့တွေဟာ ယောက်ယက်ခတ်နေတာ။
အေး၊ အစာကျွေးတဲ့ သူက အသားတစ်ပေါင် လောက် အထဲကို ပစ်ထည့်လိုက်တာနဲ့
တစ်ပြိုင်နက် ကျားတွေ၊ခြင်္သေ့တွေ ဘာလုပ်တုန်းဆို အဲဒီ အသားကိုကိုက်ပြီးတော့ ရန်လိုက်လုပ်နေတာပဲ။
မာန်ဖီပြီးတော့ နေတယ်။
ဒါ ဘာတုန်းဆိုရင် မစ္ဆရိယ သဘောဖြစ်တယ်။
သူရ,ထားတဲ့အစာကို သိမ်းပိုက်ထားပြီးရင် အဲဒီအစာကို မထိနဲ့လို့ပြောတာ။
ဒေါသနဲ့မာန်ဖီတာ။
မစ္ဆရိယ ဖြစ်လာရင် ဒေါသဖြစ်လာတာပဲ။
စမ်းကြည့်ပေါ့၊
ခွေးကလေးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် ကစားနေတဲ့ကြားထဲမှာ အမဲသားတုံး တစ်တုံးသာ ပစ်ချကြည့်လိုက်၊ ကိုက်မှာသေချာတယ်နော်။
အစာ အတွက် ရတဲ့အကောင်ကလည်း လာမထိနဲ့၊ ဟိုဘက်က အကောင်ကလည်းလုမယ်။
အဲဒီတော့ မစ္ဆရိယ သဘောတရားက ကိုယ်ရ,ထားတဲ့ အခွင့်အရေးတစ်ခုကို သူများနဲ့ ရှယ်ယာမလုပ်နိုင်ဘူး။
အဲဒီ မစ္ဆရိယ တရားသည်
လူ့ society အသင်းအဖွဲ့ တစ်ခုမှာ
အန္တရာယ်ပြုပြီး စည်းလုံးရေးကို ပျက်ပြားစေတဲ့တရား ဖြစ်သော ကြောင့်
အဲဒီ မစ္ဆရိယတရားကို ဖယ်ရှားရမယ်တဲ့။
အဲဒီ မစ္ဆရိယ တရား ဖယ်ရှားနိုင်လို့ရှိရင်
ဘာတရား ထွန်းကားတုန်းဆိုတော့ စာဂ-စွန့်ကြဲမှု၊ စွန့်လွှတ်မှုတဲ့။
ကိုယ် ရလာတဲ့ အခွင့်အရေးတစ်ခုကို
အားလုံးနဲ့ ရှယ်ယာလုပ်ပြီးတော့
မျှမျှတတ လူ့လောကမှာ အသုံးပြု
တတ်တယ်။
“စာဂ” သည် မွန်မြတ်တဲ့တရားတစ်ခု။
ဒါ့ကြောင့်မို့လို့ တာဝတိံသာနတ်တွေက မစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေးကို
ဖယ်ရှားပစ်နိုင်ပြီး
မစ္ဆရိယ ကင်းတဲ့ပုဂ္ဂိုလ်ဆိုရင်
သူတော်ကောင်းလို့ သတ်မှတ်ကြတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ရက်လည်ဆွမ်းသွတ်၌ပရိတ်ရွတ်သင့်/မသင့်
————————————————————-
လူတစ်ယောက်ကွယ်လွန်လို့ရက်လည်တရားနာတဲ့အခါ
"တရားဟော ပုဂ္ဂိုလ်ကအမျှမဝေမီ ပရိတ်ရွတ်ခဲ့လျှင်""
ကွယ်လွန်သူ ပြိတ္တာဟာ ပရိတ်သံကြောင့်
ထွက်ပြေးသွားရလို့အမျှဝေတဲ့အခါ
သာဓုခေါ်ခွင့်မရဘူးဆိုတာ ဟုတ်ပါသလား ဘုရား ?
🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"ဖြေ ။ သည်အမေးအတွင်းမှာ ဗုဒ္ဓဘာသာဝင်တိုင်း
သိထိုက်တဲ့အချက်ကလေးပါနေတယ်
သတိပြုမိရဲ ့လားကွယ့် "
"'ဗုဒ္ဓဘာသာဝင်များ သိထိုက်တဲ့ အချက်ဆိုတာ
တခြားမဟုတ်ဘူး။
ရက်လည် တရား နာတဲ့ အချက်ပဲကွယ့်
ဗုဒ္ဓဘာသာဝင်တွေဟာ
လူသေလို့(၇)ရက်လည်လျှင်
ဆွမ်းကျွေး တရား နာတတ်ကြတယ်
သည် အလေ့အထက အန္တရဘဝ အယူရှိကြတဲ့
ပုဂ္ဂိုလ်များထံက လာတဲ့ အလေ့အထဖြစ်တယ်
အန္တရဘဝ အယူရှိကြတဲ့ ပုဂ္ဂိုလ်များက
စုတိနှင့် ပဋိသန္ဓေအကြားမှာ
ဘဝတစ်မျိုး ရှိသေးတယ်လို့ ယူဆကြတယ် ။
အဲဒီဘဝဟာ ကြည်ချင်တာကို မြင်တယ်
လိုရာကို ရောက်တယ်
စိတ်ထင်သလို ဖြစ်နိုင်တယ် ။
သို့သော်လည်း အဲသည် အန္တရ ဘဝ ဟာ
(၇)ရက်မျှသာ ကြာတယ် ။
(၇')ရက် လွန်မြောက်ခဲ့လျှင်
ကံအားလျော်စွာ လားတယ် ။
ဒါကြောင့် သေသူ အန္တရဘဝ က
ကျွတ်မည့်( ၇)မြောက် နေ ့မှာ ရှင်နေသူက ကုသိုလ်ပြုပြီး
အမျှအတမ်းဝေလို့အန္တရဘဝကပြိတ္တာဟာသာဓုခေါ်နိုင်လျှင်
ကောင်းရာသုဂတိကိုရောက်စေနိုင်တယ်လို့
ယူဆကြပြီး (၇')ရက်လည်မှာ (မတကဘတ္တ')ခေါ်တဲ့
သေသူကို ထမင်းကျွေးခြင်း
အမျှအတန်း ပေးဝေခြင်းအမှု ပြုလုပ်ကြတယ် ။
(ခုပြောခဲ့တာက အန္တရဘဝ
အယူရှိတဲ့ပုဂ္ဂိုလ်တွေရဲ ့အယူပါ)
~ဗုဒ္ဓဝါဒီမှာ တော့ အဲသည် အန္တရဘဝ ဆိုတာ မရှိဘူး
သေသည်ရဲ ့အခြားမဲ့မှာ ဘဝသစ်ဆိုတာ ဖြစ်တာပါပဲ
စာစကားနှင့်ပြောလျှင် စုတိရဲ ့မခြားမဲ့မှာ
ပဋိသန္ဓေစိတ်ဖြစ်တယ်
စုတိနှင့် ပဋိသန္ဓေအကြားမှာ အန္တရဘဝဆိုတာ မရှိပါဘူး ။
ဒါကြောင့် သေသူကို ရည်မှန်းပြီး
လှူဒါန်းခြင်း
အမျှအတန်းပေးဝေခြင်းဆိုတာ
(၇')ရက်လည်ရယ်လို သတ်မှတ်ချက်မရှိပါဘူး။
သင့်လျော်တဲ့အခါ လှူဒါန်းပြီး
အမျှအတန်းပေးဝေနိုင်တယ် ။
လှူဒါန်းပြီး အမျှအတန်းပေးဝေတဲ့အခါ အမျှအတန်းမဝေမီ
ပရိတ်တရားကို ရွတ်ခဲ့သော် ပရိတ်သံကြောင့်
သေသူပြိတ္တာထွက်ပြေးရတယ်ဆိုတာလုံးဝ မဟုတ်ပါဘူး ။
သည်စကားက ရတနသုတ်ဝတ္ထုနှင့်ရောထွေးပြီး
ပြောတဲ့စကားပဲ
ရတနသုတ်က လူတွေကို အန္တရာယ်ပြုနေတဲ့
"မိစ္ဆာကောင်တွေမို့ "
ရတနာသုံးပါးဂုဏ်ကျေးဇူးသံကြားတော့ထွက်ပြေးကြရတယ်
ယခု သေသူပြိတ္တာက အကုသိုလ်ကံကြောင့်
ပြိတ္တာဖြစ်နေသော်လည်းမိစ္ဆာဒိဋ္ဌိ မဟုတ်တဲ့အတွက်
ထွက်မပြေးရပဲကံကောင်းခဲ့လျှင်
ပိယင်္ကရမာတာ,ပုနဗ္ဗသုမာတာ
(သဂါထာသံယုတ်ပါဠိ !၂၁၁ !၂၁၂')တို့လို
အကျွတ်တရားတောင် ရနိုင်ခွင့်ရှိသေးတယ် ။
ဒါကြောင့် ရှေ့ကမထေရ်မြတ်ကြီးတွေဟာ
ပရိတ်တရား ,အသုဘတရားကို
ဦးစွာဟောပြီးမှရေစက်ချ အမျှပေးဝေခြင်း ပြုစေကြတယ်
သာမှု- နာမှု - အလှူ မှန်သမျှ
ရေစက်ချ အမျှပေးဝေးခြင်းဟာ
နောက်ဆုံးအဆင့်ဖြစ်တယ် ။
ဒါကြောင့် ပရိတ်သံကြားရတဲ့အတွက်
သေသူပြိတ္တာထွက်ပြေးရတယ်ဆိုတာ
မဟုတ်ဘူးလို့ ဖြေကြားလိုက်ပါတယ်ကွယ်"
"သာဓု~ သာဓု ~သာဓု~~'
(တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေး အဖြေများစာအုပ်
အတွဲ -၂ -မှ ကူးယူဖော်ပြပါသည်')
#ဧကရီမှကူးယူမျှဝေပါသည်
Credit
❤ 1
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား (ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)၏
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် မှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။
အဲဒါဘာဖြစ်လို့လဲဆိုတော့ လေ့လာမှုအားနည်းနဲ့ အတွက်ကြောင့်ရယ်၊ ဉာဏ်ပညာနည်းတဲ့ အတွက်ကြောင့်ရယ်ဘဲဖြစ်ပါတယ်။
အဲဒီလို အားထုတ်ရင်း ကေန ဓမ္မမိတ်ဆွေဟာ...တဖြည်းဖြည်း "စိတ်" ကိုလည်း ကြည့်တတ်လာပါတယ်။ "သတိ၊ သမာဓိ" ကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း "ချက်ချင်း" သိနေပါတော့တယ် ။တစ်ခါတလေ ဘယ်လောက်ထိ သိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် ကြိုသိနေလိုက်သလိုမျိုး သိနေပြန်ပါတော့တယ်။
လုပ်ဖူးတဲ့ ဓမ္မမိတ်ဆွေကတော့..အခု ဒီစာ ကို ဖတ်နေတဲ့အချိန်မှာ ဖတ်ယင်း နဲ့ ကိုယ်ဖြစ်ဖူးတာကို ပြန်စမ်းစစ်ကြည့်ပါလိမ့်မယ်။ အဲဒီအခါက်မွ ..ဟုတ်ပါလားဆိုပြီး ပီတိ ဖြစ်နေမှာ..သေခြာပါတယ်။
ဒါကို မလုပ်ဖူးတဲ့သူ ဆို ယုံနိုင်မှာ မဟုတ်ဘူး "အခြားတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ် သိမှာပဲ"လို့ မေးပါလိမ့်မယ်။
အဲဒီလို စိတ်ကလေး ဦးလှည့်တာကို သိပါတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်း မနေချင်တော့တာကိုလည်း သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီ ဆိုတာကိုလည်း သိတယ်။ အာရုံ က သိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့ သလိုလို ဖြစ်ပြီး နောက်အာရုံ တစ်ခုဖက် ကို စိတ်ဦးလှည့် လာတယ်။ တစ်ခါတလေ ဘယ်အာရုံဘက် ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေး ရိပ်မိနေတတ်ပါတယ်။ ဒါကေတာ့ တော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။
အဲဒီလို သွားတော့မယ် ဆိုတာကို သိလိုက်တာနဲ့ ပြန်ငြိမ်သွားတယ်။ တခြားအာရုံ ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်ပါတယ်။ သိလိုက်တာ နဲ့ ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ "စိတ်"က အတွေးမရှိဘူး။
ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ "သိနေတာကိုတစ်ခါပြန်ပြီး နောက်က အသိတစ်ခုက ထပ်သိ" ပြန်တယ်။ ဓမ္မမိတ်ဆွေ တို့ ဖြစ်ဖူးကြမှာပါ။ပြန်စဉ်းစားကြည့်လိုက်ပါ။
အဲဒီလို ပါဘဲ ဓမ္မမိတ်ဆွေ တို့"သိနေတာ ကို သိဖူးကြမှာပါ"...။ အဲဒီတော့ အေးချမ်းနေတယ်။ အေးချမ်းနေတာကိုသိတယ်။ မှတ်နေရင်း နဲ့ ပီတိသဘောမျိုးတွေ ဖြစ်လာတယ်။ နှစ်သက်နေတယ်။ သေဘာက် နေတယ်။ ကျေနပ်နေတယ်။
တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့ သေဘာလို့ မြင်လို့ ရှိရင် "ဓမ္မာနုပဿနာ" ဖြစ်သွားတာပဲ။ အားရကျေနပ် နှစ်သိမ့်ရွှင်လန်းမှု လို့ခေါ်တဲ့ "ပီတိသမ္ဗောဇ္စျင်" ကို ရှုမှတ်တဲ့သဘောမျိုး ဖြစ်နေတယ်။ တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာ ဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။
အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ "သဒ္ဓါတရား" တော်တော်ကောင်းတယ်။ "ဝီရိယ" တွေလည်း တော်တော် ကောင်းလာတယ်။ ဒါဟာ "သဒ္ဓါတရား၊ ဒါဟာ ဝီရိယ" လို့ကြည့်လို့ ရတယ်။ အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့ စိတ်ကလေးတွေက တစ်လုံးချင်း ပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ဝင်မလာတော့ဘူး။ အဲဒီလို အခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်လေးတခု ဖြစ်လာပြီဆိုရင် သူ့ကို အေးအေးဆေးဆေး ကြည့်လို့ရတယ်။
တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေ ဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ ဖြစ်လာတယ်။
တကယ် မလုပ်ကြသေးလို့ တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ လို့ ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟော တတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ် ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက် ဖြစ်တယ်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာ ဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်ပြစ်ရပါမယ်။ "ဒီကရုဏာစိတ်ကို ကြာကြာလက်မခံမထားသင့်ပါဘူး"
ဘာလို့လည်းဆိုတော့ဒီအချိန်ဟာ ဝိပဿနာဉာဏ်ကို အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာမြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင် ကြည့်နိုင်ရင် သိပ်ရှင်းပါတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်ဖို့လည်းကောင်းပါတယ်။
အဲဒီအခါမှာဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်း သဘောပေါက်မှာပါ။ အဲဒီအခါက်မွ အဘိဓမ္မာဟာ တကယ်ဟုတ်လို့ ဟောထားတာပဲ ဆိုတာ ယုံကြည်သွားပါလိမ့်မယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေ တို့အနေနဲ့စာဖတ်တာတို့၊တရားနားတာတို့မကြာမကြာပြုလုပ်သင့်ပါတယ်။
အားထုတ်ရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါ။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ္လို့ "ပဿဒ္ဓိ" ဖြစ်တဲ့ အချိန်မှာ ကိုယ်အပူချိန် ကျသွားတယ် ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ရတယ်။ အဲဒီ အေးနေတာလေးကို
ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ္တစ္ခု ဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ရတယ်။ "ဓမ္မာနုပဿနာ" ဖြစ်ပြန်တယ်။ ကိုယ်ရောစိတ်ပါ အေးချမ်းလို့သွားတတာကို ခေါ်တဲ့ "ပဿဒ္ဓိသမ္ဗောဇ္စျင်" ကို ပွားများပြီးသားဖြစ်နေပါတယ်။
တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ အဲဒီလိုပဲ စိတ္က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။
သာမန် "သတိ၊ သမာဓိ"နည်းတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရွုမှတ်ဖို့ ကြိုးစားရင်း သိသလိုလို ဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတတ်တယ်၊ ထားတဲ့အာရုံမှာမနေဘူး။ အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုက်ပြီးတော့ စိတ်ကရှင်းသွားရင် "သတိ၊ သမာဓိ"ကလည်း ကောင်းနေတဲ့ အတွက်ကြောင့် စိတ်ထဲ အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက် ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည် မေနဘူး။ "ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး"။ကြားလိုက်ပြီးတော့ ဘာသံမှန်း မသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။
အေတြးတစ္ခု ပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလို ဖြစ်သွားတာ နဲ့ ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာ နဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို "ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်"ထိ မရောက်တော့ဘူး။ တစ်ခုခု ဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။ အဲဒီလို "သတိ သမာဓိ" ကောင်းနေရင် စိတ်က တခြားအာရုံတွေကိုပြောင်းဖို မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်က ဒီအတိုင်း လွှတ်ထားလို့ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့...
"တရားက သူ့ဟာသူ အားထုတ်နေတာပါလား" လို့ တွေးမိတယ်။
ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့ သိလာတယ်။
ပြင်ပ ကာမဂုဏ်အာရုံ တွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက် သိနေတဲ့ အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။
သိနေတဲ့ စိတ်လေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့ စိတ်လေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။ ငြိမ်သက်နေတာ သက်သက် ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သေဘာ မှာလည်း အနိစ္စသဘော ပါတယ်။
သိတာကလည်း တစ်ချက်ချင်း၊တစ်ချက်ချင်း သိတယ် ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။ "သတိ၊ သမာဓိ" သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာ ဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက် ကြည့်တတ်ရင် အလွန်သိမ်မွေ့တဲ့ စိတ်တွေ ဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။
တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမွ မပေါ်လာတော့ဘူးလို့ ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ "အာကိဉ္စညာယတန" ဆိုတဲ့ "အရူပစျာန်"နဲ့ အတော်လေး သွားတူနေတယ်။ တစ်ခါတလေ သိနေတာလေးက "သိမ်မွေ့လွန်း"လို့ "သိသလိုလို မသိသလိုလို" တောင် ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်ပြီဆိုရင် အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မသိလို့ရှိရင် ဘာမှ ရူစရာ မရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတတ်တယ်။ ဒီအချက် က သိပ်အရေးကြီးပါတယ်။
တစ်ခါတလေ အဲဒါကိုပဲ "တရားထူး"လို့ ထင်တတ်တယ်။
ဘာမှမရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမွ မသိသလို ဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလား ဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။
*လောကုတ္တရာစိတ် က သိတာကို ပြန်သိလို့မရတော့ပါဘူး*
ဒီလိုအားထုတ်မှူ အဆင်ပြေလာတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့အားထုတ်မှုကို ရပ်တန့်မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့
အရေးကြီးပါတယ်။
တချို့ဓမ္မမိတ်ဆွေတွေဟာ သူတို့အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ် ဆိုရင် အများကြီး တိုးတက် သွားနိုင်ပါတယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်လာမှာပါ
ဓမ္မမိတ်ဆွေတို့အနေနဲ့မိမိရှုမှတ်နေတဲ့ ကမ္မဌာန်းတရား ကို သံသယ မဖြစ်ဘဲ.. သတိ ကို လက်မလွှတ်ပဲ၊ ဉာဏ်အားစိုက်ပြီး ကျင့်ကြံအားထုတ်ရင်ဖြင့် မြင့်သည်ထက် မြင့်တဲ့ဘက်ကို ဦးတည်ပြီး နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရိယာသူတော်ကောင်းတွေဖြစ်ပြီး "အရဟတ္တမဂ်" ရဖို့အသေခြာဆုံးဖြစ်သွားမှာပါ.. လို့တင်ပြရင်း ဓမ္မဒါန ပြုလိုက်ပါသည်။
Originally Donated by (ခန္ဓာ-၅ပါးတစ်ဦး )
اختر خطة مختلفة
تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.