cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

သတင်းတမာန် 🇲🇲

ပြည်သူ့အတွက် သတင်းအမှန် သတင်းတမာန်

إظهار المزيد
مشاركات الإعلانات
25 781
المشتركون
-324 ساعات
-697 أيام
-21030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
🙏 6 1
ပဲခူးဆရာတော်ဖြစ်စဥ်နှင့် ပက်သက်၍ သီတဂူဆရာတော် ကြီး မိန့်ကြားချက် သီတဂူဆရာတော်ကြီးက- "ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေ တယ်။နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများ ကြီးရှိတယ်။အဲ့ဒါကြောင့် တိုင်းသူ ပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့အစဉ်အမြဲတည်တံ့မှု Union Unitedဆိုတဲ့ ညီညွတ်မှုကို လည်း အားပေးတဲ့အနေနဲ့.... ၁။ သည်းခံတော်မူကြပါဘုရား။ ၂ ခွင့်လွှတ်တော်မူကြပါ။ ၃ မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့မရတော့တဲ့ ဒီအမှားကို တစုံတယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေ ဟာ အားပေးမိရာမရောက်အောင် ထပ်ပြီးတော့မမှားမိအောင်သည်း ခံခြင်း၊ခွင့်လွှတ်ခြင်း၊မေ့ပျောက်ခြင်း ဖြင့်ထိန်းသိမ်း စောင့်ရှောက်တော်မူ ကြပါဘုရား"လို့ မိန့်ကြားသွားတာ ဖြစ်ပါတယ်။ #Crd
إظهار الكل...
🙏 60👍 7😱 1
Photo unavailableShow in Telegram
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား နေပြည်တော်၊ ဇွန် ၂၂ စက်မှုဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်လွင်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
إظهار الكل...
👍 34😱 4
Photo unavailableShow in Telegram
🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐 သံဃာတော် အရှင်သူမြတ်များအား ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ လျှောက်ထားတင်ပြချက် ဒီဖြစ်စဉ်တစ်ခုကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာ ပျက်စီးကြောင်း ချိန်ကိုက် လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ် တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ (၁၄၀)ပါး၊ သီလရှင် (၂)ပါး ပျံလွန်တော်မူခဲ့ရပြီး (၉၆)ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမျှ မပြောဘဲ ရေငုံနှုတ်ပိတ် နေနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။ သံဃာတော် အရှင်မြတ်များ ဘုရား - ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပည့်တော်တို့လည်း ပဋိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော် အရှင်သူမြတ်တစ်ပါး ဆုံးရှုံးခဲ့ရလို့ များစွာ ဝမ်းနည်းကြေကွဲရပါတယ် ဘုရား။ အဆင့်မြင့် အရာရှိများ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး၊ အဖြစ်မှန်ဖော်ထုတ်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ် ဘုရား။ စုံစမ်းဖော်ထုတ် တွေ့ရှိချက်များအရ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်။ ဆရာ၊ ဒကာ လက်တွဲညီ သာသနာ့အကျိုး ဆက်လက်ဆောင်ရွက်ပါမည် ဘုရား။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါ ဘုရား။ 🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐
إظهار الكل...
👍 54 7
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ ⭐️⭐️⭐️ မန်းလေးတပ်နယ်ပသစ သင်တန်းသားများအားညပိုင်းတွင် စစ်ကားဗွီဒီယိုပြသပေးမှု (ကွမ်လုံ ရက် ၄၀) 🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥
إظهار الكل...
IMG_1511.MP43.70 MB
IMG_1508.MP42.26 MB
👍 39 3
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ မန်းလေးတပ်နယ် ပြည်သူ့စစ်သင်တန်းသားများသည် ညပိုင်းတွင် ခိုင်မာသောစိတ်ဓတ် တက်ကြွသောခွန်အားတို့ဖြင့် အောင်ပွဲခံ၍ (ကွမ်လုံ ရက် ၄၀) စစ်ကားကို ကြည့်ရှူ့ ခံစားသက်ဝင်နေမှူ့ မြင်ကွင်း အဆုံ 🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥🖥
إظهار الكل...
Photo unavailableShow in Telegram
🙏 62 2
📣📣📣📣📣📣📣📣📣📣📣📣▶️▶️▶️▶️▶️▶️▶️▶️▶️▶️▶️▶️ 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ မန္တလေးတိုင်းဒေသကြီး၊ မြိုသာမြိုနှင့်ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တိုစီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်း တိုတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တစ်ခုပျံ့နှံလျက်ရှိတာကို တွေ့ရှိရပါတယ်။ ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ် လျက်ရှိသည်ကို တွေ့ရှိရတဲ့အတွက် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ✅✅✅✅✅✅✅✅ ✅✅✅✅✅✅✅✅ 👍👍👍👍👍👍👍👍
إظهار الكل...
👍 50😱 3 2
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး ========== ပဲခူး ဇွန် ၂၁      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
إظهار الكل...
👍 34 2
PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ဇွန်လ ၂၀ ရက် ညနေ ၇ နာရီခန့်က မုံရွာမြို့ မြဝတီရပ်ကွက်တွင် နေထိုင်သော အကြမ်းဖက် PDF ထူးနိုင်ဝင်း(ခ)ထူးလေး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း ပြည်သူများ၏ သတင်းပေးမှုကြောင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ၎င်း၏မိခင် အမာစီနှင့်အတူ - ပစ္စတိုသေနတ် ၁ လက် - ကျည်အိမ် ၁ ခု - ပွိုင့် ၃၈ ကျည် ၅၀ တောင့် - ညကြည့်စနိုက်ပါမှန်ပြောင်း ၁ ခု - ကျည်ကာအင်္ကျီ ၁ ထည် - ကျည်ကာဦးထုပ် ၁ လုံး - မိုးကာတဲ ၁ လုံး - ပုခက် ၁ စုံ - ကျောပိုးအိတ် ၂ လုံး - ပြောက်ကျားအင်္ကျီ ၁ ထည် - ပြောက်ကျားဦးထုပ် ၁ လုံး - 205 ကွန်မန်ဒိုအင်္ကျီ ၁ ထည် - လက်အိတ် ၁ စုံ - D တံဆိပ်ပါလက်ပတ်နီ ၁ ခု တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
إظهار الكل...
👍 48👏 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.