cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Western News

Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

إظهار المزيد
مشاركات الإعلانات
33 809
المشتركون
+2924 ساعات
+2927 أيام
+1 69530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

👍 16 5
■ ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ Western News| ဇွန် ၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီဖက်မှ ၆ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း ယင်းအထဲမှ ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားခဲ့သော်လည်း နာခံခြင်းမရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဆိုသည်။ အဆိုပါ စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် ပူးပေါင်း ရန် K.N.U - ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားကြောင်း သိရသည်။ Western News-WN
إظهار الكل...
👍 11🔥 2
Photo unavailableShow in Telegram
👍 22🖕 6 1
■ စစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး Western News| ဇွန် ၂၂ ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ စစ်ကောင်စီတပ်က အကြောင့်မဲ့ ဖမ်းဆီးခြင်းခံရသည့် စစ်တွေမြို့အတွင်း အရပ်သားများ အများအပြားမှာ မိသားစုဝင်များနှင့် အဆက်သွယ်မရ၍ မိသားစုဝင်များမှာ စိုးရိမ်မှုများ ရှိနေကြသည်။ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က စစ်ကားအစီး ၁၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများကို စစ်တွေအကျဉ်းထောင် အပြင် ကိုဗစ်ကာလအတွင်းက ကိုဗစ်လူနာများကိုထားသည့် အဆောက်အအုံများတွင် စစ်တပ်လုံခြုံရေး အများအပြားဖြင့် ထိန်းသိမ်းထားကြောင်း Western News က စုံစမ်း သိရှိရသည်။ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက "ကျနော့်ကို ဖမ်းကတည်းက မျက်လုံးကို အဝတ်နဲ့ စည်းထားတော့ ဘာမှ မြင်ရဘူး။ ကားပေါ်တင် ကတည်းက ခြေထောက်နဲ့ ကန်တာတွေ၊ ခေါင်းကို စစ်ဖိနပ်နဲ့ တက်နင်းထားလို့ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာနေတယ်။ အခန်းတစ်ခုကို ရောက်သွားတော့ မျက်နှာစည်းထားကိုဖြုတ်လိုက်တယ်။ ကျနော်နဲ့အတူ ကြိုးနဲ့ ချည်ထားတဲ့ သူတစ်ယောက်ကို ခြေထောက်ကန်လိုက်လို့ သူ့လက်ကျိုးသွားတယ်။ ပြီးတော့ ပါးကို ဖိနပ်ချွတ်ပြီးကေ ရိုက်ထားတာ တစ်ခုလုံးဖူးရောင်နေတယ်"ဟုပြောသည်။ စစ်ကောင်စီက ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း မျက်နှာကို အဝတ်နှင့် စည်းထားပြီး ကားဖြင့် ခေါ်ထုတ်သွားကြောင်း ယင်းနောက်တွင် အသိတစ်ယောက် လာခေါ်ခိုင်းကြောင်းနှင့် ယင်းအသိမှ ပိုက်ဆံ ၇ သိန်းပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းမှ ဆက်လက်ပြောသည်။ ဖမ်းဆီးသည့် နေ့တွင် အမျိုးသားများကို စစ်ကားပေါ် တက်လာသည့်အချိန်မှစ၍ ခြေထောက်နှင့် မျက်နှာကို ကန်ကျောက်ခြင်း၊ ပါးကို ဖိနပ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်း ခံခဲ့ရကြောင်း ပြန်လွတ်မြောက်လာသူ တစ်ဦးက Western News ကိုပြောသည်။ "ကျနော့်ဘယ်ကို ရောက်သွားလဲဆိုတာ ကျနော်လည်းမသိဘူး။ ကားပေါ်မှာ ကတည်းက ရိုက်နှက်တာ အခန်းထဲကို ရောက်သွားတဲ့အထိပါပဲ။ ဘယ်လိုမှ မခံစားနိုင်လို့ တစ်ခါတည်း သတ်လိုက်ပါလို့ ပြောလိုက်တယ်။ အေး မင်းတို့ရခိုင်တွေ အားလုံးသတ်မယ်။ တစ်ယောက်မှ မချန်ထားဘူး။ အကုန်လုံးကို သတ်ပစ်မယ်. စောင့်ကြည့်နေ"ဟု ပြောကြောင်း ပြန်လည် ပြောသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်ကို ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီတပ်က လူ ၂၀၀ ကျော်ကို ဖမ်းဆီးခံထားခြင်းဖြစ်ပြီး ယင်းအထဲမှ တစ်ချို့မှာ ငွေကြေး ၅သိန်းကနေ ၁၀ သိန်းအထိ ပေးရပြီး လွတ်လာသူများ ရှိကြောင်း လွတ်လာသူများက ပြောသည်။ ဖမ်းဆီးမှုများထဲတွင် ဆယ်ဂဏန်းမှ ရာဂဏန်းအထိအစုလိုက် ဖမ်းဆီးခံရမှုများရှိပြီး ထိုအထဲတွင် ဗျိုင်းဖြူကျေးရွာမှ ရွာလုံးကျွတ်နီးပါး ဖမ်းဆီးခံရမှုနှင့် မင်းဂံအကွက် (၉)၊ (၈)၊ (၁၀) တို့မှဖမ်းဆီးခံမှုမှာ လူရာဂဏန်းခန့် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများဖြစ်သည်။ ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း အတိကျမသိရကြောင်း သားဖြစ်သူ ဖမ်းဆီးခံ ရသည့် မင်းဂံရပ်ကွက်က မိခင်ဖြစ်သူ တစ်ဦးက ပြောသည်။ "ကျမမှာ သား ၁ ယောက်ပါသွားတာ။ ခုထိ မလွတ်လာသေးပါဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိဘူး။ ထိန်းသိမ်းခံထားရတဲ့အချိန်မှာ ပြင်းပြင်းထန်ထန်နှိပ်စက် ခံရတယ်လို့ ပြောတယ်။ အသက်မှ ရှင်လျက်ရှိကော ရှိဦးမလား။ ဒီစိတ်နဲ့ပဲ တစ်ရက်မှ စိတ်လက်ချမ်းသာတယ်လို့ မရှိသေးပါဘူး" ဟုပြောသည်။ ယင်းအပြင် အမျိုးသားဖြစ်သူဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးကမူ စစ်တွေ အကျဉ်းထောင်ထဲရှိ ဗျိုင်းဖြူကျေးရွာသားအချို့ကို ဇွန် ၂၅ ရက်နေ့တွင် ရုံးထုတ်မည်ဟုသိထားကြောင်း ပြောသည်။ "ထောင်ချုပ်မှာရှိတဲ့ တစ်ချို့ကို ၂၅ ရက်နေ့ ရုံးထုတ်မယ်လို့သိထားရတယ်။ တွေ့ခွင့်လည်းမရသေးပါဘူး။ ကျန်းမာရေးအခြေနေတွေလည်းမသိရဘူး။ ထောင်ကနေ ဆေးရုံတွေကို လူနာတွေလည်းအမြဲရောက်နေတော့ ကျမယောက်ကျားများနှိပ်စက်ခံနေရပြီလားဆိုပြီးလဲစိုးရိမ်နေရတာလည်းအမြဲပါပဲ" ဟုပြောသည်။ Western News-WN ပုံစာ - စစ်တွေမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်လည်နေသူကို တွေ့ရစဉ်။
إظهار الكل...
😢 35👍 23🤬 10😡 4🖕 3🤣 1😨 1
👍 21😁 3
■ မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆို Western News| ဇွန် ၂၂ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားသူကို ထိုင်းအာဏာပိုင်ဆီ အမြန်ဆုံး ပြန်လွှဲပေးရန် အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသော Sisters 2 Sisters အဖွဲ့က တောင်းဆိုလိုက်သည်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က စင်ကာပူမှာနေထိုင်သူ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ သူ့၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာ ရှိရာ မဲဆောက်မြို့ကို အလည်ရောက်လာချိန်မှာ ၎င်း၏ ခင်ပွန်းက ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကြောင့် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း မဲဆောက်ဆေးရုံကြီး၏ သေမှုမှတ်တမ်းအရ သိရသည်ဟု Sisters 2 Sisters ထုတ်ပြန်ချက်မှာ ရေးသားထားသည်။ ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာကို မြန်မာဘက်ခြမ်းက ကော်သူးလေနယ်မြေမှာရှိသည့် Lion Ballalion တော်လှန်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသည်ဟု Sisters 2 Sisters အဖွဲ့က သိရှိထားပြီး ၎င်းပြစ်မှုကျူးလွန်ထားကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။ ယင်းကြောင့် အမှုကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကျူးလွန်သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း အဆိုပါ အမှုကို ထုတ်ဖော်ပြောဆိုခဲ့သူ Sisters 2 Sisters အဖွဲ့က မထိပ်ထားက ပြောဆိုသည်။ "ထိုင်းမှာဖြစ်တဲ့ အမှု ဖြစ်တဲ့အတွက် ထိုင်းတရားစီရေးနဲ့ပဲ သွားရမယ်၊ တရားခံက ထိုင်းမှာ ပန်းရောင်ကဒ်ထုတ်ထားတယ်။ ထိုင်းရဲ့ အလုပ်သမားဖြစ်တာပေါ့နော်၊ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေအတိုင်း သွားဖို့၊ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် အစ်မတို့ တောင်းဆိုနေတာ ဖြစ်တယ်ပေါ့နော် " ဟုဆိုသည်။ ကျူးလွန်သူဟု စွပ်စွဲခံထားရသော မထက်ထက်ဇော်၏ ခင်ပွန်းဖြစ်သူ ဝဠာသည် တော်လှန်ရေးမှာ ပါဝင်နေသူဖြစ်ပြီး တော်လှန်ရေးအစုအဖွဲ့များနှင့် ဆက်စပ်နေသူဖြစ်ကာ အမှုဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းအာဏာပိုင်များကမူ မှတ်တမ်းမှတ်ရာများ ရယူထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိ အချိန် ၂ လကျော်ကြာသည့် အထိ သေဆုံးခဲ့ရသော မထက်ထက်ဇော်၏ ရုပ်အလောင်းသည် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးသလို ၎င်းကို သင်္ဂြိုဟ်ရန် မိသားစုဝင်များ၏ ခွင့်ပြုချက် (သို့) ကျူးလွန်သူ ပြောဆိုနေကြသော ၎င်း၏ ခင်ပွန်းဖြစ်သူကို ပေါ်လာမှသာ လုပ်ဆောင်ရမည်ဟုဆိုသည်။ အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းသည် မဲဆောက်ဆေးရုံကြီးတွင် ရှိနေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အချက်အလက်အရ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Cammando စစ်ကြောင်းက "လတ်တလော အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်မှာ တရားခံဖြစ်သူကို ကျနော်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေထံ အပ်နှံနိုင်ရန် ကြိုးစားဆောင်ရွက်နေတယ် "ဟုပြောဆိုထားသည်။ နစ်နာသူ အမျိုးသမီး ရုပ်အလောင်းမြေမကျခြင်းအတွက် Lion Battalion စစ်ကြောင်းက များစွာ စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှုအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု Lion Battalion Cammando စစ်ကြောင်းက Sisters 2 Sisters ဆီကို ပြန်လည်အကြောင်းကြားထားကြောင်း သိရသည်။ Western News-WN တနင်္သာရီတိုင်းမ်သည် Western News ၏ မဟာမိတ် ဖြစ်သည်။
إظهار الكل...
👍 21
Photo unavailableShow in Telegram
👍 37🤮 8🥱 5🖕 3 1
■ လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ သံတွဲမြို့နှင့် ငပလီ ကို AA က ဝိုင်းရံ ပိတ်ဆို့ထား Western News|ဇွန် ၂၂ စစ်ရေးအရ အရှုံးများနှင့် ရင်ဆိုင်နေရသည့်သံတွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် တပ်အင်အားများ ထပ်ဖြည့်နေကြောင်း စစ်ရေးလေ့လာသူများနှင့် တပ်တွင်းသတင်းရင်းမြစ်များက Western News ကိုပြောသည်။ လက်ရှိတွင် သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီက တပ်ရင်းများမှလည်း ခံစစ်ဖြင့် တိုက်ခိုက်နေသည်။ စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သလို အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။ "ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က ပါတယ်။ လေကြောင်းက လာတာတွေ၊ ပြီးတော့ ရေကြောင်း သင်္ဘောနဲ့ လာချပေးတာတွေရှိနေတယ်။ သူတို့က ၅၅ တပ်ရင်းမှာ ဆင်းတာတွေရှိတယ်။ ဂွ င/သိုင်းချောင်းဖက်က လာတာတွေရှိတယ်။ ကုန်းလမ်းကတော့ လာလို့ မရဘူး။ အဲ့ဒီလမ်းတွေကို AA က ပိတ်ဆို့ထားတာရှိတယ်" ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်က လက်နက်အင်အား တပ်အင်အားများကို ငပလီ ခလရ (၅၅) တပ်ရင်းနှင့် ငပလီ လေဆိပ်အနားက ခမရ (၅၆၆) တပ်ရင်းတို့ကို ဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ (၅၆၆) တပ်ရင်းကို ခံစစ်အနေဖြင့် ပြင်ဆင်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတပ်အင်းအားကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ စတင်၍ ဖြည့်တင်းလာခြင်းဖြစ်ပြီး ယခု ရက်ပိုင်းများမှာ တဖြည်းဖြည်း အင်းအား ပိုပြီး ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ယခု ရက်ပိုင်းများမှ နှစ်ဖက်တိုက်ပွဲများ ပိုမို့ ပြင်းထန်လာနိုင်ကြောင်း သိရသည်။ " သုံးရက်လောက် ရှိပြီ။ လေကြောင်းကမလာတာ။ အကြောင်းတစ်ခုခုရှိနေလိမ့်မယ်။ AA ဖက်က လေဆိပ်နားမှာ တိုက်ပွဲ ဖော်နေတယ်။ အဲ့ဒါကြောင်းများလား အရင်ကလို လေယာဉ်မဆင်းတော့ဘူး။ အဲ့ဒီလေဆိပ် ဝန်းကနေ လက်နက်ကြီးနဲ့ တစ်လျှောက် ပစ်နေတယ် "ဟုပြောသည်။ ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ Western News-WN ပုံစာ-ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စစ်ကောင်စီနေဗီတစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)
إظهار الكل...
👍 53🤮 6 2🥴 2🖕 1
Photo unavailableShow in Telegram
👍 72🤬 16🤣 4👏 2 1
■ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် (စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ) Western News| ဇွန် ၂၁ ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက " ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ " ဟု ပြောသည်။ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။ ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။ Western News-WN
إظهار الكل...
👍 71🤬 11🫡 5🤣 4 3😢 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.