cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

သရဲကားများကြည့်ကြမယ်(KM ENTERTAINMENT CHANNEL)

Horror

إظهار المزيد
مشاركات الإعلانات
10 473
المشتركون
-524 ساعات
-217 أيام
-6730 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

𝗧𝗮𝗿𝗼𝘁 (𝟮𝟬𝟮𝟰) #Horror IMDb - 4.9/10 နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။ သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်.... ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။
إظهار الكل...
Dead Bride (2022)MM SUB Insidious လို ထိတ်လန့်စရာ သရဲကားတွေကို နှစ်ခြိုက်ရင် ဒီကားက သင့်အတွက်ပါပဲ။အဓိက ဇာတ်ကောင်ကတော့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူ့အဖေဖြစ်သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတာကြောင့် သူတို့မိသားစု ငယ်ငယ်က နေခဲ့တဲ့အိမ်ကြီးကို ခင်ပွန်းဖြစ်သူရယ် သားငယ်လေးရယ်နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ငယ်စဉ်တည်းက အိပ်မက်ဆိုးတွေ မက်တတ်တဲ့ အယ်လီဆန်တစ်ယောက် အဲဒီအိမ်ကြီးကို ပြန်ရောက်ပြီးကာမှ အခြေအနေပိုဆိုးလာပါတယ်။ ခင်ပွန်းဖြစ်သူကိုပြောပြပေမယ့်အလုပ်မအားတာကြောင့် သူ့ကို ဆေးသောက်ဖို့သာ မှာပြီး ခပ်ပေါ့ပေါ့ပဲနေပါတယ်။ တစ်ညမှာ သူ့အဖေရဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို တွေ့သွားရာကနေ သူတို့မိသားစုရဲ့ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းက ပေါ်လာတဲ့အခါ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)#crd
إظهار الكل...
Silence of the Prey 2024 2024 ထွက် Horror ကားအသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လိုက်မင်းသမီးလေးကလည်း ကလေးအမေနေရာက သရုပ်ဆောင်ရပေမဲ့ တကယ်အကြည်ဓာတ်လေးမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ နီနာဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဘယ်လာရုစ်ကနေ အမေရိကားဘက်ကိုထွက်ပြေးလာတဲ့ တရားမဝင်ပြောင်းရွှေ့ဒုက္ခသည်တစ်ယောက်ဖြစ်ပါတယ်။ အမေရိကားအရောက်မှာတော့ ပရဟိတအဖွဲ့အစည်းတစ်ခုအကူအညီနဲ့ နယူးပလိုင်းမောက်ဆိုတဲ့ဒေသတစ်ခုမှာ အိမ်အကူလုပ်ငန်းကို လက်ခံခဲ့ပါတယ်။ အဲဒီမှာအလုပ်လုပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါ ရှေ့နေနဲ့ချိတ်ဆက်ပြီး ဗီဇာကိစ္စလည်းဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆွယ်တရားကောင်းမှုကြောင့် နီနာနဲ့သမီးလေးဘယ်လာဟာ လူသာရဲ့အိမ်ကိုအိမ်အကူအနေနဲ့ ရောက်သွားပါတော့တယ်။ ထူးခြားချက်တစ်ခုက အရင်ကလည်း တရားမဝင်အလုပ်သမားအတော်များများကို လူသာ့ဆီ‌ပို့ပေးရနေကျဆိုတာကို နီနာ့အနေနဲ့ ကြိုတင်သိရှိခဲ့ပေမဲ့ ဘာကိုမှသံသယမဝင်ခဲ့ပါဘူး။ ဒီလိုနဲ့အလုပ်လုပ်ရင်း ဘာမှထူးခြားမှုမရှိခဲ့ပေမဲ့ တစ်ရက်မှာတော့အန်ဒရူးလို့ခေါ်တဲ့လူတစ်ယောက် သူတို့အိမ်ကိုရောက်ရှိလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေ စတင်ကြုံတွေ့လာရပါတော့တယ်။ ဒေသစိမ်းတစ်ခုကိုရောက်ရှိသွားတဲ့ နီနာရဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ Credit
إظهار الكل...
1:23:29
Video unavailableShow in Telegram
إظهار الكل...
[CM]Dead.Bride.2022.1080p.WEB-DL.AC3.5.1CH.mp41108.95 MB
1:32:55
Video unavailableShow in Telegram
إظهار الكل...
Tarot (2024).mp4587.33 MB
Photo unavailableShow in Telegram
Dead Bride (2022)
إظهار الكل...
1:27:37
Video unavailableShow in Telegram
No One Gets Out Alive ================== ဒီ Horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါဘဲ။သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်။ အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကိုရောက်လာခဲ့ပြီး မိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်။အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်‌ဟောင်းတစ်လုံးပေမယ့် တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ‌ရွေးချယ်စရာမရှိလှပေ။ အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို၊ တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့။ နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့..... https://t.me/addlist/e7b9CcGbfJs3Mjg1
إظهار الكل...
No.One.Gets.Out.Alive.2021.mp4876.64 MB
👍 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.