HELLO YDB
الذهاب إلى القناة على Telegram
3 567
المشتركون
+124 ساعات
-67 أيام
-1630 أيام
أرشيف المشاركات
3 567
ဒီတစ်ခါ Mobile မှာ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ Studio Ghibli ရဲ့ Art Style လေးနဲ့ မြင်တွေ့ရမယ့် ဂိမ်းလေးဖြစ်ပြီး Puzzle Adventure ကိုမှ အေးအေးဆေးဆေးလေး ကစားရမှာမလို့ အရမ်းသဘောကျကြမှာပါ။ စိတ်မကောင်းစရာက PC မှာ Co-op Multiplayer ဂိမ်းတစ်ခုဆိုပေမယ့် Mobile Version မှာတော့ single player အနေနဲ့ပဲ ကစားလို့ရမှာပါ။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/06/lost-twin-2.html?m=1
3 567
အမှန်ဆို ဒီဂိမ်းက တော်တော်ကို creepy ဖြစ်ရမယ့် ဂိမ်းတစ်ခုဆိုပေမယ့် အရွယ်ရောက်လာလို့လားမသိဘူး ကြောက်စရာဆိုတာထက် ပိုပြီးတော့ Adventure ဆန်ဆန်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်မျိုးကို ဒီဂိမ်းကစားတဲ့အခါမှာ ခံစားရစေတယ်။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/06/choo-choo-charles.html?m=1
3 567
+3
ဒီရက်ပိုင်း Cozy ဂိမ်းတွေထဲမှာ တော်တော်လေး Surprise ဖြစ်မိတဲ့ ဂိမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူတိုင်း မသိသူမရှိတဲ့ Barbie Universe ရဲ့ Open World မြင်းဂိမ်းလေးတစ်ခုပါ။ တကယ်ကို Graphic, Sound Effect တွေကအစ အရင်ဂိမ်းတွေနဲ့ ဘာဆိုဘာမှ မတူအောင်ကို ရှယ်ဖန်တီးထားတာမလို့ Barbie ဂိမ်းတောင် ဟုတ်ရဲ့လားဆိုပြီး သံသရဝင်သွားပါလိမ့်မယ်
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/06/barbie-horse-ride-rescue.html?m=1
3 567
+1
လက်တလော ရေပန်းစားနေတဲ့ကြားထဲမှာ တကယ် Underrated ဖြစ်တာကတော့ Telltale ရဲ့ ဂိမ်းတွေပါပဲ။ Sequel 2 ကော Remastered ကော ဆိုတော့ တကယ်ကို ရှယ်ပဲ။
3 567
Stellar Blade မဟုတ်တော့ဘူး Stellar Fist ဖြစ်သွားပြီ။ Combat ကတော့ တော်တော် Satisfying ဖြစ်စရာပဲ။
3 567
အခုတလော ကိုယ်ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိတယ်။ တခြားတော့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ပြန်ခံစားမိနေတာ ၊ ပြောရရင် ကိုယ့်စိတ်နဲ့ကိုယ် မေးခွန်းပြန်ထုတ်နေရတာမျိုးပေါ့။
ဘာဖြစ်တာလဲဆိုရင် ဂိမ်းကစားတဲ့အခါ အရင်ကလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့သလို ခံစားမိနေတာပဲ။ ကိုယ်ဆော့လိုက်တဲ့ ဂိမ်းက ဂိမ်းကောင်းတစ်ခုဖြစ်နေရင်တောင်မှ Review တို့၊ ဂိမ်းအကြောင်းတို့ကို စာပြန်ရေးတဲ့အခါမှာ အရင်လို active mood မျိုး သိသိသာသာ ပျောက်ဆုံးသွားသလို ခံစားလာရတယ်။ အဆုံးမသတ်နိုင်တဲ့ ဂိမ်းတွေဆိုတာလည်း မနည်းမနောပဲ။
အကျိုးဆက်က ဘာဖြစ်လာလဲဆိုရင် ကိုယ်တောင် စိတ်မပါတော့သလို ခံစားနေရတော့ ကိုယ်ရေးတဲ့ စာလုံးတွေကလည်း အသက်မရှိတော့သလို ( ပြောရရင် စာဖတ်တဲ့သူတွေကို လိမ်ညာနေသလို ) ဖြစ်နေမှာဆိုပြီး ခဏခဏ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ကာ Unfinished အပုဒ်တွေက ပိုပိုများလာခဲ့တယ်။
ဒီဘက်ခေတ်ထဲမှာ ဘဝအတွက် ကြိုးစားရတာကော၊ ရှင်သန်ရတာကော အဘက်ဘက်ကနေ Challenge ဖြစ်လာတယ်ဆိုပေမယ့် ဖိအားတွေကို အရင်တုန်းကလို မှော်ဆန်ဆန် တန်းဖယ်ပစ်လိုက်နိုင်တဲ့ Gaming Life ကကော အခုလို အရွယ်ရောက်လာတဲ့အချိန်မှာ Challenge တစ်ခုဖြစ်နေရပြီလားဆိုတာတော့ စိုးရိမ်မိတယ်။
3 567
Kdanns games ကနေ ဖန်တီးထားတဲ့ First-person Survival Horror ဂိမ်းအသစ် Dead Be The Fallen ဟာ မနက်ဖြန် May 22 မှာ iOS နဲ့ Android platforms တွေအတွက် တရားဝင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ထူးခြားတဲ့ Art Style ပါပဲ။ ဂိမ်းတစ်ခုလုံးကို အဖြူအမည်း Monochrome ကမ္ဘာကြီးထဲမှာ ဆော့ကစားရမှာဖြစ်ပြီး သွေးအရောင်နဲ့ အရေးကြီးတဲ့ အရာတွေကိုမှ Vibrant Red အရောင်တောက်တောက်တွေနဲ့ ဖော်ပြပေးထားတဲ့အတွက် Retro Horror Vibe အပြည့်ပေးစွမ်းနိုင်မှာပါ။
Survival Horror, Dark Atmospheric Adventure နဲ့ Shotgun Action ကို အဓိကထား ဖန်တီးထားတာဖြစ်လို့ Storyline အများကြီးထက် အမိုက်စား Shotgun ကိုင်ပြီး ရင်တမမနဲ့ ပစ်ခတ်ရမယ့် Gameplay အပေါ်မှာပဲ ပိုပြီး Focus ထားထားတာကို တွေ့ရပါတယ်။
အဖြူအမည်းနဲ့ အနီရောင်ကိုပဲ ကစားထားတဲ့ Visuals တွေက အတော်လေး Unique ဖြစ်ပြီး ညဘက် နားကြပ်နဲ့ တပ်ဆော့ရင်တော့ သေချာပေါက် Thrill တစ်ခုရစေမယ့် ဂိမ်းမျိုးပဲဖြစ်ပါတယ်။
#HELLOYDB #DeadBeTheFallen #MobileGames #FPSHorror #SurvivalHorror Sources: Pocket Gamer
3 567
ကဲ ရည်းစားရှိရင်တောင် ခိုးဆော့ရမယ့် အားလုံးအကြိုက် Five Hearts Under One Roof ရဲ့ ဒုတိယမြောက် ဂိမ်းကတော့ Mobile ပေါ်ကို ရောက်ရှိလာပါပြီ။
ဆက်ဖတ်ရန်....
https://helloydbgame.blogspot.com/2026/05/five-hearts-under-one-roof-2.html?m=1
3 567
အခုလေးမှ အမြစ်ဖြတ်လာတာ
ဆရာသမားက ဘယ်ကကြည့်ကြည့် မပေါ်ဘူး။ ကြည့်တဲ့အချိန် Low used ဖြစ်ပြီး အောက်ဆုံးရောက်သွားလိုက်။ မကြည့်ပဲထားလိုက်ရင် Core ( သုံးပုံ ပုံ၊ တစ်ပုံသုံးပြီး ) Heat က ဖြည်းဖြည်းချင်း တက်သွားလိုက်ဆိုတော့ တကယ်ကို လုံးဝ မသိသာဘူး။
သူက Low profile သုံးပြီး ကြိတ်နေပေမယ့် ဒီမှာတော့ Temperature Sensitive ဖြစ်ပြီး Hardware တွေပါ အကုန်လိုက်စစ်နေရတယ်။
3 567
ဆီဈေးပြဿနာက ဂိမ်းထဲမှာလဲ ကြုံရမှာမလို့ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးဆိုရင် ဒီဂိမ်းလေးကို မဆော့စေချင်ပါဘူး။ ဂိမ်းကစားတယ်ဆိုတာ တစ်နည်းအားဖြင့် တကယ့်လက်တွေ့ဘဝမှာ အလုပ်လုပ်ရတာ ပင်ပန်းလို့ ဂိမ်းထဲကိုဝင်ပြီး အနားယူကြတာပါ။ ဒါပေမယ့် ဒီ Easy Delivery Co. ကတော့ မင်မင်တို့ကို ဂိမ်းထဲမှာပါ Minimum Wage နဲ့ ခိုင်းစားမယ့် ဂိမ်းတစ်ခုဖြစ်နေပါတယ်။
𝐄𝐚𝐬𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐂𝐨. ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------
Easy Delivery Co. ဟာ PS1 ခေတ်ကလို Classic Graphic လေးတွေနဲ့ ဖန်တီးထားတဲ့ Story-rich Delivery Game လေးဖြစ်ပါတယ်။ သာမန် ပစ္စည်းပို့တဲ့ ဂိမ်းလေးလို့ ထင်ရပေမယ့်၊ တကယ့်တကယ်က နှင်းတွေဖုံးနေတဲ့ တောင်ပေါ်မြို့လေးရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မြို့ခံတွေရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေကိုပါ ဖော်ထုတ်ပေးရမယ့် ထူးထူးဆန်းဆန်းဂိမ်းလေးလို့ ပြောလို့ရပါတယ်။ ဘာလို့ဆို Developer တွေကိုယ်တိုင်ကိုယ်က ဘာလျှိုဝှက်ချက်မှ မရှိတဲ့ သာမန် Delivery ဂိမ်းလေးပါလို့ ပြောထားတာကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/easy-delivery-co.html?m=1
3 567
ဒီဂိမ်းက Mobile မှာ မြင်ရခဲတဲ့ ဇာတ်အိမ်မျိုးနဲ့ ဖန်တီးထားတာကြောင့် ပြောရရင် ဒီလို အခြေနေမျိုးထက် Zombie ကပ်ဘေးကမှ တော်ရာကြအုံးမယ်ဆိုပြီး တွေးကောင်းတွေးမိသွားနိုင်ပါတယ်။
𝐓𝐡𝐞 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 𝐑𝐞𝐬𝐮𝐫𝐠𝐞𝐧𝐜𝐞 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------------
The Division Resurgence ဆိုတာက Ubisoft ကနေ Mobile အတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ AAA Open-World TPS ဂိမ်းကြီးဖြစ်ပြီး The Division 1 & 2 ရဲ့ အနှစ်သာရတွေ အကုန်လုံးကို ယူဆောင်လာပေးတာပါ။ လူနေမှုအဖွဲ့စည်းကြီး ပြိုလဲကျသွားတဲ့အချိန်၊ အစိုးရယန္တရားကြီး ပျက်စီးသွားတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ပဋိပက္ခပြဿနာတွေကို မြင်တွေ့ရမှာဖြစ်တာကြောင့် ကစားကို ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/the-division-resurgence.html?m=1
3 567
အိပ်ရေးပျက်ခံမလား၊ Multiplier တွေ သိန်းချီတက်သွားတဲ့ အရသာကို ခံစားကြည့်မလား... ပြောရရင် ရိုးရိုးဖဲဂိမ်းမဟုတ်ပဲ ကိုယ့်ရဲ့ဦးနှောက်ကို Dopamine တွေနဲ့ ရေချိုးပေးမယ့် Balatro ဂိမ်းပဲဖြစ်ပါတယ်။
𝐁𝐚𝐥𝐚𝐭𝐫𝐨 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
--------------------
Balatro ဆိုတာ Poker ကစားနည်းကို အခြေခံထားတဲ့ Roguelike Deck-builder ဂိမ်းကြီးပါ။ P2W လည်း မပါ၊ အင်တာနက်လည်း လုံးဝမလိုတဲ့အပြင် Joker ကတ်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ဖဲချပ်တွေကို သိန်း၊ သန်း၊ ဘီလီယံချီတဲ့ အမှတ်တွေရအောင် Combo စပ်ရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Multiplier နံပါတ်ကြီးတွေ မီးပွင့်ပြီး တက်သွားတဲ့ အရသာက တကယ်ကို စွဲလမ်းစေတာကြောင့် Digital Crack လို့တောင် တင်စားခံရတဲ့ Masterpiece ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/balatro.html?m=1
