ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

AlpHa's Sharing ( FMMC )

AlpHa's Sharing ( FMMC )

الذهاب إلى القناة على Telegram

We Win or We Learn

إظهار المزيد
681
المشتركون
لا توجد بيانات24 ساعات
+367 أيام
+3630 أيام
أرشيف المشاركات
BTC က 81 K ကို ၂ ခါနင်းပြီးသွားပြီ။ အဝယ်သမားတွေက ထိန်းထားတုန်းပဲ။ တတိယအချက်နင်းလို့မှ ဖောက်မဆင်းနိုင်ပဲ ပြန်ကန်တက်ရင် 81 K က
BTC က 81 K ကို ၂ ခါနင်းပြီးသွားပြီ။ အဝယ်သမားတွေက ထိန်းထားတုန်းပဲ။ တတိယအချက်နင်းလို့မှ ဖောက်မဆင်းနိုင်ပဲ ပြန်ကန်တက်ရင် 81 K က support အဖြစ်အလုပ်လုပ်မယ့်ပုံ ရှိတယ်။ ခုထိတော့ ကိုယ့် Trading Edge ကို မမြင်ရသေးဘူး။ So... Waiting ပေါ့ 🫠

Bitcoin ရဲ့ 80K က ထိန်းထားနိုင်တုန်းပဲ ...
Bitcoin ရဲ့ 80K က ထိန်းထားနိုင်တုန်းပဲ ...

'နောက်ဒါမျိုး ထပ်မလုပ်တော့ဘူး'လို့ ဆုံးဖြတ်ပြီးမှ ထပ်လုပ်မိနေလား။ ဒါဆိုရင် Trading က ပြဿနာမဟုတ်တော့ဘူး။ 🌲'မင်းက ပြဿနာ'ဖြစ်သွားပြီ။🌲

🍀ပညာများများ သင်။ ဒါပေမယ့် များများ မသုံးနဲ့။🍀 A Trader's Diary- #015 Market Analysis လုပ်ရင်းနဲ့ ဝယ်ရမလို၊ ရောင်းရမလိုဖြစ်နေလား။ တစ်ဖက်က ဝယ်သင့်တယ်လို့ပြပြီး တစ်ဖက်က ရောင်းသင့်တယ်လို့ပြနေလား။ ပညာများသွားရင် ဖြစ်လာတတ်တဲ့ တွေဝေမှုတွေပဲ။ Trading မှာ ပညာများလာလေ၊ တွေဝေလာလေပဲ။ 'Data ပိုစုံတယ်၊ Information ပိုရတယ်'လို့ အပေါ်ယံမြင်စရာရှိပေမယ့် Trading က Data ပိုစုံလေ၊ ပိုက်ဆံရလေ မဟုတ်ဘူး။ Information ပိုရလေ၊ ပိုက်ဆံရလေ မဟုတ်ဘူး။ ပုံစံခွက်ငြိမ်လေ ပိုက်ဆံရလေပဲ။ တကယ်ဆို အများကြီးသိနေစရာတောင် မလိုဘူး။ သိသင့်သိထိုက်တာလောက်ကို သိရင်ရပြီ။ ကျွန်တော် Objective ရော Subjective ရော Trade ဖူးပေမယ့် အားကုန်သက်သာပြီး ပိုက်ဆံရတာက Objective ပဲ။ ဒါကြောင့် နောက်ပိုင်းမှာ Objective Trading ဖက်ကိုပဲ ဇောက်ချသွားတော့တယ်။ အသစ်ထပ်မသင်ဘူးလားဆိုတော့ သင်ပါတယ်။ ဒါပေမယ့် မြင်သမျှသင်တာမျိုးတော့ မဟုတ်ဘူး။ ဈေးကွက်ရဲ့သဘာဝကို မလွန်ဆန်တဲ့စဉ်းစားပုံတွေ၊ Fundamental Analysis လုပ်ပုံတွေ၊ ကမ္ဘာ့စီးပွားရေးရဲ့ချိတ်ဆက်လည်ပတ်ပုံတွေ၊ အနာဂါတ်က ဘယ်ကိုဦးတည်နေသလဲ ဆိုတာတွေ လက်လှမ်းမှီသလောက်ပေါ့။ ဒါပေမယ့် ကိုယ့်မူရင်း Objective ပုံစံခွက်ကို ထိခိုက်စေတာတွေ မပါဘူး။ ဒါကလည်း ကျွန်တော်စိတ်က ဘာကို လက်ခံမယ်၊ ဘာကို လက်မခံဘူးဆိုတာကို Filter ခံထားမိလို့လည်း ဖြစ်မှာပေါ့။ မြင်သမျှတွေ့သမျှကို လက်ခံသင်ယူရင်း ပိုတိုးတက်မလာပဲ ပိုစိတ်ရှုပ်ထွေး၊ ပိုဆုတ်ယုတ်လာပြီဆိုရင် ကိုယ်လက်ခံသင်ယူနေတဲ့အရာတွေကို ပြန်ဆန်းစစ်ဖို့ လိုနေပြီ။ ကိုယ့်စိတ်ကို 'ဘာကိုတော့ လက်ခံမယ်၊ ဘာကိုတော့ လက်မခံဘူး'ဆိုတဲ့ Filter ခံထားဖို့ လိုပြီ။ သင်ယူတဲ့နေရာမှာလည်း 'ကိုယ်ဘယ်သူ့ဆီက သင်ယူမှာလဲ'ဆိုတာကို ကြည့်ဖို့လိုပြီ။ သင်တန်းတက်တာတစ်ခုတည်းကို ပြောတာမဟုတ်ဘူးနော်။ Knowledge Sharing တွေကနေ သင်ယူတာလည်း အတူတူပဲ။ အခြေခံအချက်က Sharing လုပ်သူရဲ့ Mindset ကို ကြည့်ဖို့လိုတယ်။ သူ့ရဲ့ Risk အပေါ်ထားတဲ့ ခံယူချက်၊ သူ့ရဲ့ Emotion (နိုင်တဲ့အခါနဲ့ ရှုံးတဲ့အခါမှာ တုန့်ပြန်ပုံ)၊ သူ့ရဲ့ ဈေးကွက်ကို အဓိပ္ပါယ်ဖွင့်ဆိုချက် (ဈေးကွက်ကို လက်ခံသူလား၊ ဈေးကွက်ကို ထိန်းချုပ်ဖို့ကြိုးစားသူလား)၊ သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံ (ဘယ်လိုရှုံးဖူးလဲ၊ အရှုံးအပေါ် ဘယ်လိုခံယူချက်ရှိလဲ)။ မထော်မနန်းတွေ ပြောဆိုလုပ်ကိုင်သူဆီက သင်ရင် ကိုယ်လည်း မထော်မနန်း Trader ပဲ ဖြစ်လာမှာပဲ။ အချို့ Trader တွေ တော်တယ်။ Level လည်း မြင့်တယ်။ သူတို့ Sharing တွေက သူတို့ Level နဲ့ ပုံမှန်ပဲ။ အဲလိုမျိုးကျ ပညာယူတဲ့သူက ဗဟုသုတအနေနဲ့ ယူသင့်တယ်။ ဒါပေမယ့် အပ်ကျမတ်ကျတော့ လိုက်မသုံးသင့်ဘူး။ Cross Signal တွေရပြီး ဇဝေဇဝါ Analysis တွေ ဖြစ်နေတတ်တယ်။ Analysis အလုပ်လွန်ပြီး Execute ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်တတ်တယ်။ Sharing လုပ်တဲ့သူကတော့ ဘယ်ဟာကို ဘယ်အတိုင်းအတာအထိယူမယ်ဆိုတဲ့ ကိုယ်ပိုင် Filter ရှိထားတာဆိုတော့ အေးဆေးပဲ။ Filter မရှိ၊ Filter မသိပဲ အကုန်လက်ခံယူသူသာ ပညာများပြီး တွေဝေတုံ့ဆိုင်းလာတတ်တယ်။ ကျွန်တော်က ပညာများများသင်ခဲ့တယ်။ ပြီးတော့ ကိုယ်နဲ့ကိုက်တဲ့ပညာရွေးယူပြီး ကျန်တာကို ပစ်ထားလိုက်တယ်။ Trading မှာ ပြီးပြည့်စုံတဲ့ Analysis ဖြစ်ဖို့မလိုဘူး။ တစ်ကွက်ထဲကို All in လုပ်မှာမှ မဟုတ်တာ။ ဒီပုံစံတစ်မျိုးတည်းနဲ့ အကြိမ်ကြိမ် Execute လုပ်ပြီး လချုပ်ရင် အမြတ်ရဖို့ပဲ ကျွန်တော့်အတွက် အရေးကြီးတယ်။ ကျွန်တော်သာ Beginner Trader ဆိုရင် အချိန်ကုန်ခံ၊ ပညာစုံသင်ပြီး တွေဝေနေမယ့်အစား ထိရောက်တဲ့ပညာနည်းနည်းပဲသင်ပြီး ရဲရဲတင်းတင်း Execute လုပ်နိုင်အောင်၊ လုပ်ရဲအောင် ကြိုးစားမှာပဲ။ အဲဒီအတွက်ပဲ သင်ယူမှာပဲ။ များများသိပြီး တွေဝေတဲ့လူထက် လုံလောက်တဲ့အသိနည်းနည်းနဲ့ ရဲရဲတင်းတင်းလုပ်ရဲသူက ရှေ့ရောက်မှာပဲ။ မိတ်ဆွေတို့ရော ... Beginner Trader ဘဝတုန်းက ကိုယ့်ကိုယ်ကိုသာ ပြန်အကြံပေးလို့ရရင် ခုချိန်ဘာလုပ်ခိုင်းမှာလဲ။ Comment မှာ မျှဝေပြောပြပေးသွားပါဦး။ We win or we learn AlpHa (FMMC)

photo content

ရွှေနဲ့ရေနံက Crypto နဲ့ ဆင်တယ်။ ရက်နည်းနည်းပိုကြာပေမယ့် သွားပုံလာပုံဆင်တယ်။ Stock ကျတော့ မတူတော့ဘူး။ Trade တစ်ခုကို ပျမ်းမျှ
ရွှေနဲ့ရေနံက Crypto နဲ့ ဆင်တယ်။ ရက်နည်းနည်းပိုကြာပေမယ့် သွားပုံလာပုံဆင်တယ်။ Stock ကျတော့ မတူတော့ဘူး။ Trade တစ်ခုကို ပျမ်းမျှ ရက် ၂၀ လောက်ကြာတယ်။ ပြီးတော့ Stock သမားတွေရဲ့စဉ်းစားပုံက Crypto သမား၊ ရွှေသမားနဲ့ မတူဘူး။ Crypto၊ ရွှေက ရည်ရွယ်ချက်တစ်ခုရှိရင် အဲဒီနေရာကို တတ်နိုင်သမျှ ရောက်အောင်သွားတယ်။ Stock ကျတော့ တစ်နေရာရာကိုသွားနေရင်းနဲ့ စိတ်ပြောင်းပြီး နောက်တစ်မျိုးဖြစ်သွားချင်ဖြစ်သွားတာ။ စိတ်က Bias တစ်ခုခုရှိနေတာမျိုးမဟုတ်ပဲ ပြောင်းလွယ်ပြင်လွယ်ရှိတယ်လို့ ခံစားရတယ်။ သူတို့အများစုက Capital Gain ထက် Dividends ကို ပိုစဉ်းစားကြတာကြောင့် ဈေးအတက်အကျအပေါ်မှာ အခြား Assets တွေလောက် စွဲမြဲတုန့်ပြန်ကြတာမျိုး မရှိကြတာဖြစ်မယ်။ ခုထိလေ့လာတွေရှိသလောက်ကို ပြောတာပေါ့နော်။ နောက်ထပ် Test Trade ၂ ခု၊ ၃ ခုလောက် ထပ်စမ်းကြည့်ရဦးမယ်။ အဲဒါပြီးရင်တော့ အတည်ပြုပြီ။

မိတ်ဆွေတို့ရော ဘယ် Timeframe မှာ Trade ကြလဲ။ မိတ်ဆွေတို့ Trade တဲ့ Timeframe ရဲ့ ပန်းပွင့်ရာသီက ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမှာ 'စ'တတ်ပါသလဲ။ သင်ယူလေ့လာလို့ရအောင် Comment မှာ မျှဝေပြောပြပေးသွားပါဦး။ We win or we learn AlpHa (FMMC)

🍀ဘယ်အချိန်ပန်းပွင့်မလဲနဲ့ ပွင့်ချိန်ဘယ်လောက်ကြာမလဲဆိုတာကို သိသူသာ ဒီလောကမှာ အောင်နိုင်ကြတယ်။🍀 A Trader's Diary- #014 ပိုက်ဆံရှာနိုင်တဲ့ Trader တွေက အချိန်တိုင်း Trade နေသူတွေ မဟုတ်ဘူး။ Position တစ်ခုခုရှိမနေရင် နေမထိထိုင်မသာ ဖြစ်နေသူတွေ မဟုတ်ဘူး။ ဒီနေ့ ဘာ Trade ရင်ကောင်းမလဲဆိုပြီး လိုက်ရှာနေသူတွေ မဟုတ်ဘူး။ Scalper, Day Trader, Swing Trader, Position Trader တွေမှာ တကယ်ပိုက်ဆံရှာနိုင်တဲ့ Trader က အချိန်ပြည့် Trade ဖို့ကြိုးစားနေသူတွေ မဟုတ်ဘူး။ သူတို့က ဘယ်အချိန်ဆိုရင် ဈေးကွက်က ရွေ့တော့မယ်ဆိုတာကို သိတယ်။ ဘယ်အချိန်ဆိုရင် ဈေးကွက်က နှေးသွား၊ ရပ်သွားတော့မယ်ဆိုတာကို သိတယ်။ ဒါတွေကိုသိတာက Indicator တွေကြောင့်၊ ဆဌမအာရုံကြောင့် မဟုတ်ပဲ အတွေ့အကြုံကြောင့်။ အချို့စာတွေထဲမှာ ပြောကြတယ်မလား။ Trading က 90% Waiting ၊ 10% Trading ဆိုပြီး။ ရာခိုင်နှုန်းအတိအကျတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အချိန်အတော်များများကတော့ စောင့်နေရတာပဲ။ တစ်ခါတစ်လေဆို ကျွန်တော့်မိတ်ဆွေတွေက ကျွန်တော့်ကို "ဘာဝင်ထားလဲ"မေးတယ်။ "ဈေးကွက်က ဘာဖြစ်ချင်မှန်းမသိလို့ ဘာမှဝင်မထားဘူး"လို့ ပြန်ဖြေဖြစ်တယ်။ ဈေးကွက်က ဘာဖြစ်ချင်မှန်းမသိတဲ့အချိန်က ကျွန်တော့်အတွက်တော့ Waiting ဆိုတဲ့ Signal ပဲ။ မကြာခင် Trading လာတော့မှာ။ စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ။ Trading အချိန်မှာ Trade မှ ပိုက်ဆံရတာ။ Waiting အချိန်မှာ Trade ရင် ပိုက်ဆံမရမယ့်အပြင် ရှိတာပါကုန်တယ်။ ဟိုးအရင်ကဆို Trading Market မှာရတဲ့ပိုက်ဆံမှန်သမျှဟာ Waiting Market မှာ ပြန်ကုန်သွားတာပဲ။ ဒါတွေကို နားလည်လာတော့ Waiting လုပ်ရတာ ကျွန်တော့်အတွက် မခက်ခဲတော့ဘူး။ 'ဒီအချိန်ဝင်လုပ်ရင် ပိုက်ဆံကုန်လိမ့်မယ်၊ ပိုက်ဆံရမယ့်အချိန်လာတော့မယ်၊ ခဏစောင့်'ဆိုတဲ့ သတင်းစကားကို ဈေးကွက်ကနေ ကျွန်တော်လက်ခံရရှိတယ်။ နောက်တစ်ခုရှိသေးတယ်။ အရင်ကဆို Risk Management ဆိုပြီး တစ်ကြိမ် Trade ရင် Trade ဘယ်နှစ်ခုပဲ ဝင်ရမယ်ဆိုတာကို အတင်းကန့်သတ်ထားတာ။ Opportunity မြင်လည်း မယူဘူး၊ မဝင်ဘူး။ ခုကျတော့ Timing ဆိုတာကို နားလည်လာတယ်။ ပန်းပွင့်ရာသီပေါ့။ ဈေးကွက်အင်နဲ့အားနဲ့ရွေ့ချိန်ကို ပန်းပွင့်ရာသီလို့ သတ်မှတ်တာပေါ့။ ပန်းကလည်း အချိန်တိုင်းမပွင့်ဘူး။ သူ့ရာသီကုန်ရင် ပန်းမပွင့်တော့ဘူး။ Timeframe သာကွာရင်ကွာမယ်၊ Timeframe တိုင်းမှာ ပန်းပွင့်ရာသီရှိတယ်။ Scalper တောင်အချိန်တိုင်း မ Trade ဘူး။ ဘယ် Section နဲ့ ဘယ် Section ထပ်ချိန်မှ Volume အားကောင်းတယ်၊ ဘာညာဆိုတဲ့ ကိုယ်ပိုင်သတ်မှတ်ချက်တွေ ရှိသေးတယ်။ အဲဒါ Scalping ရဲ့ ပန့်ပွင့်ရာသီပေါ့။ ကျန်တဲ့ Timeframe တွေလည်း အတူတူပဲ။ Support Breakout မှ၊ Resistance Breakout မှ Pattern Breakout မှ ဆိုတာတွေက သူ့ Timeframe ရဲ့ ပန်းပွင့်ရာသီပေါ့။ အဲလိုပန်းပွင့်ချိန်မှာ ဝင်ဝုန်းမှ ပိုက်ဆံရတာ။ ပန်းပွင့်ချိန်မရောက်သေးရင် အေးဆေးစောင့်တယ်။ ပန်းပွင့်ချိန်ရောက်ရင် ဝင်ဝုန်းတယ်။ တစ်ခါ Trade ရင် Position ဘယ်နှစ်ခုပဲ ဝင်မယ်ဆိုတဲ့ ကန့်သတ်ချက်မထားဘူး။ Opportunity ပေးသလောက်ဝင်တယ်။ ဒါပေမယ့် ကိုယ့်စွမ်းဆောင်ရည်ကို သိ‌ဖို့တော့လိုတယ်။ ကျွန်တော်ဆို Position 5 ခုထိလောက်ပဲ နိုင်တယ်။ အဲထက်များသွားရင် Trade Management လုပ်ရတာ နဲနဲအာရုံနောက်လာရော။ ဒါကြောင့်မို့ Opportunity အများကြီးရရင်တောင် အကြိုက်ဆုံးတွေကိုပဲ ရွေးယူတယ်။ အလှဆုံးပန်းကို ခူးတာပေါ့ 😄။ နောက်တစ်ခုက ဈေးကွက်က ကိုယ့်ကိုဆန့်ကျင်လို့ ဆုံးရှုံးရရင်တောင် နောက်တစ်ကြိမ်ထပ် Trade ဖို့တော့ ပိုက်ဆံကျန်နေရမယ်။ All in တော့ လုပ်လို့ မရဘူး။ Market ရဲ့ Nature ဖြစ်တဲ့ 'Anything can happen' ကိုလည်း လက်လွှတ်လိုက်လို့ မရဘူး။ သင်ခန်းစာထပ်ပေးခံနေရဦးမယ်။ Maximum Drawdown % ကိုလည်း သတ်မှတ်ထားရတာပေါ့။ ဈေးကွက်ရဲ့ပန်းပွင့်ရာသီကို နားလည်တယ်ဆိုရင် Trader အချို့မှာ တွေ့ရတတ်တဲ့ ဘယ်အချိန်ကာလအတွင်း ပိုက်ဆံပမာဏဘယ်လောက်ရအောင် Trade မယ်ဆိုတာမျိုး မသတ်မှတ်သင့်ဘူး။ ငွေရဖို့ပဲအာရုံပြုတဲ့အခါ ပန်းမပွင့်ချိန်မှာပါ စွတ်ခူးဖို့ကြံသလိုဖြစ်ပြီး ငွေဆုံးရှုံးတတ်တယ်။ ငွေရပြီး ပျော်လို့ Sharing လုပ်ကြတဲ့သူတွေကလည်း ပန်းပွင့်ချိန်နဲ့တိုးလို့ ပိုက်ဆံရတာ။ အဲဒီ Timing ကို နားမလည်ပဲ အချိန်နဲ့ ပိုက်ဆံကို ချည်လိုက်တဲ့အခါ Trader က ရာသီအကူးအပြောင်းနဲ့ ပန်းပွင့်ချိန်ကို နားမလည်တော့ဘူး။ အဲဒီနားမလည်ခြင်းကပဲ Trader တွေကို ပိုက်ဆံတွေ တနင့်တခဲရလာလိုက်၊ ပြန်ကုန်သွားလိုက် ဖြစ်စေတာပဲ။ ငှက်ပျောတုံးစီးတဲ့ ဘုန်းကြီးလိုပေါ့။ ငှက်ပျောတုံးက ဘုန်းကြီးပေါ် ရောက်လိုက်၊ ဘုန်းကြီးက ငှက်ပျောတုံးပေါ် ရောက်လိုက်ပေါ့။ (ဥပမာပေးတာ ကန်တော့ပါ ဘုရား 🙏😁) အဲဒီ ပန်းပွင့်ရာသီကို နားလည်ဖို့ကလည်း ဈေးကွက်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိရုံနဲ့ မရဘူး။ We win or we learn ဆိုတဲ့ စိတ်ဓါတ်နဲ့ ဈေးကွက်ကို အကဲဖြတ်လေ့လာနေတတ်သူလည်း ဖြစ်ဖို့လိုတယ်။

photo content

SOL ကတော့ TP ယူပြီးထွက်ပြီ။ 120 ကျော်နိုင်မှ အဝယ်ပြန်စောင့်မယ်။ ETH ကတော့ 2800 တန်းကို ကျော်နိုင်မလား စောင့်ကြည့်မယ်။
SOL ကတော့ TP ယူပြီးထွက်ပြီ။ 120 ကျော်နိုင်မှ အဝယ်ပြန်စောင့်မယ်။ ETH ကတော့ 2800 တန်းကို ကျော်နိုင်မလား စောင့်ကြည့်မယ်။

BTC က 81 K အတားအဆီးကို ဖောက်တက်နိုင်ပြီလို့ မြင်ပါတယ်။ ၁ လနီးပါး Build Up လုပ်ထားတာမို့ အမောပြေ သက်လုံရပြီး ခရီးဆက်ဖို့အားအင်
BTC က 81 K အတားအဆီးကို ဖောက်တက်နိုင်ပြီလို့ မြင်ပါတယ်။ ၁ လနီးပါး Build Up လုပ်ထားတာမို့ အမောပြေ သက်လုံရပြီး ခရီးဆက်ဖို့အားအင် လုံလောက်နေပြီလို့ မြင်ပါတယ်။ Retrace ယူလို့ ဝယ်ဖြစ်ခဲ့ရင် 92 K ကို အနီးဆုံး Target အဖြစ် ယူဆပါမယ်။

အောင်မြင်မယ့်လူက ရှုံးနေချိန်မှာ စိတ်ဓါတ်ကြံ့ခိုင်တယ်။ နိုင်နေချိန်မှာ စိတ်တည်ငြိမ်တယ်။ ကျရှုံးမယ့်လူက ရှုံးနေချိန်မှာ စိတ်ဓါတ်ပျက်ပြားတယ်။ နိုင်နေချိန်မှာ ဘဝင်လေဟပ်တယ်။ For Both Life and Trading ...

Message to Myself 🙂‍↔️
Message to Myself 🙂‍↔️

SOL ဝယ်ထားတဲ့ pro တို့.. 🍷
SOL ဝယ်ထားတဲ့ pro တို့.. 🍷

ပြိတ်သတ်ကြီး အယောက်တစ်ရာရဲ့ အဖြေ............. က 😉
ပြိတ်သတ်ကြီး အယောက်တစ်ရာရဲ့ အဖြေ............. က 😉

🫠
🫠

နောက် ၅ နာရီအတွင်းအတွင်း ပင်လယ်ပြင်တွင် မုန်တိုင်းအနည်းငယ် ထန်နိုင်ဖွယ်ရှိ။ ရွက်သိမ်းပြီး ပဲ့ကိုင်ထားကြပါရန် 😁
နောက် ၅ နာရီအတွင်းအတွင်း ပင်လယ်ပြင်တွင် မုန်တိုင်းအနည်းငယ် ထန်နိုင်ဖွယ်ရှိ။ ရွက်သိမ်းပြီး ပဲ့ကိုင်ထားကြပါရန် 😁

ဟိုလိုဖြစ်ရင် ရှောင်တယ်၊ ဒီလိုဖြစ်ရင် ရှောင်တယ်ဆိုပြီး Trade စရာမရှိ၍ လက်မှိုင်ချနေရသော မိမိ 😁😁
ဟိုလိုဖြစ်ရင် ရှောင်တယ်၊ ဒီလိုဖြစ်ရင် ရှောင်တယ်ဆိုပြီး Trade စရာမရှိ၍ လက်မှိုင်ချနေရသော မိမိ 😁😁

SOL ဘယ်သွားမလဲ 🧐
SOL ဘယ်သွားမလဲ 🧐

Winning Formula ဆိုတာ ဒိန်ခဲလိုပဲ။ လတ်ဆတ်သေးရဲ့လား၊ သိုးတော့မှာလားဆိုတာကို အမြဲအနံ့ခံကြည့်ရမယ်။ A Trader's Diary- #013 Trading Edge ရသွားပြီ၊ Winning Formula ရပြီဆိုတိုင်း ပစ်ထားလို့ မရဘူး။ ကိုယ့် Trading Edge က ဘယ်လို Market မျိုးမှာ အလုပ်ဖြစ်လဲ၊ ဘယ်လို Market မျိုးမှာဆို Win Rate အားနည်းလဲဆိုတာကို ကြည့်ဖို့လိုတယ်။  ကျွန်တော့် Trading Edge ဆိုရင် Crypto, ရွှေနဲ့ ရေနံမှာ အလုပ်လုပ်တယ်။ စတော့ဆိုရင် သိပ်အလုပ်မဖြစ်ဘူး။ နှေးတယ်၊ ကြာတယ်၊ Win Rate နည်းတယ်။ Winning Formula ဆိုတိုင်း Market တိုင်းမှာတော့ အလုပ်မလုပ်ဘူး။ သူ့အမျိုးအစား၊ သူ့စရိုက်သဘာဝနဲ့သူ အလုပ်ဖြစ်တဲ့ Market ရှိတယ်၊ အလုပ်မဖြစ်တဲ့ Market ရှိတယ်။ အဲဒါတွေကို တောက်လျှောက် အကဲဖြတ်ပြီး ပြုပြင်နေဖို့လိုတယ်။ Trading Journal ရေးထားပြီး အဲ့ Screenshot တွေကနေ ဘယ်လို Market Structure, Market အမျိုးအစားတွေမှာဆိုရင် အလုပ်ဖြစ်တယ်၊ ဘယ်လိုမှာဆိုရင် အလုပ်မဖြစ်ဘူးဆိုတာကို ၁၀ Trade ကို ၁ ခါလောက်ဖြစ်ဖြစ် ပြန်အကဲဖြတ်ကြည့်သင့်တယ်။ အလုပ်မဖြစ်တာတွေကို စစ်ထုတ်ပြီး ပယ်လိုက်ရင် Trading Frequency လည်း နည်းသွားမယ်။ Win Rate နဲ့ Profit လည်း မြင့်လာမယ်။  တစ်ခုရှိတာက အကဲဖြတ်တဲ့နေရာမှာ SL ထိတိုင်း၊ BE ထိတိုင်းမှားတယ်လို့ မယူဆသင့်ဘူး။ ပုံစံတူ Market Edge တွေကို လိုက်ကြည့်ပြီးမှ Overall မှာ အမြတ်ထွက်ရဲ့လား၊ ရှုံးလား။ ရှုံးတယ်ဆိုရင် အဲ့ Market Edge နဲ့ Trading Edge ကို ပယ်လိုက်။ နိုင်တယ်ဆိုရင်တောင် အမြတ်များလား၊ Trade ဝင်ရတဲ့အရေအတွက်နဲ့ ရတဲ့အမြတ်တန်ရဲ့လားဆိုတာကို စစ်ကြည့်သင့်တယ်။ ကျွန်တော်ကတော့ အမြတ်ရရင်တောင် အကြိမ်များများဝင်မှ နည်းနည်းမြတ်တာမျိုးဆိုရင် ပယ်လိုက်တယ်။ ကိုယ့်သုံးရတဲ့စွမ်းအင်နဲ့ ပြန်ရတဲ့ပိုက်ဆံ မတန်လို့။ ကျွန်တော်အတွက်တော့ ပိုက်ဆံရတိုင်း ယူသင့်တာ မဟုတ်ဘူး။ အဲလိုအရည်အသွေးမကောင်းတဲ့ Trade တွေအပေါ်မှာ သုံးရမယ့်စွမ်းအင်ကို အရည်အသွေးမြင့်တဲ့ Trade တွေပေါ်မှာပဲ အင်ပြည့်အားပြည့် ထုတ်သုံးလိုက်မယ်။ ပန်းပုထုသလို ပယ်ထုတ်၊ စစ်ထုတ်၊ ဖြတ်ထုတ်လိုက်မှ အကြိမ်အရေအတွက်နည်းနည်းပဲရမယ့် အရည်အသွေးမြင့် Trade တွေကို ရတာ။ အဲလို Quality Trade တွေရမှ စိတ်အေးလက်အေးနဲ့ ခေါင်းအေးအေးနဲ့ အမြတ်ရဖို့ ပိုသေချာတဲ့၊ ပိုယုံကြည်မှုရှိတဲ့ Trade တွေကို Trade နိုင်တာ။ သစ်ပင်ချည်းဖိခုတ်နေလို့ အလုပ်မတွင်ဘူး။ အေးဆေးနားပြီး ပုဆိန်သွေးတာက သစ်ပင်များများပိုရတယ်၊ ပိုခရီးရောက်တယ်။ ကိုယ့် Trading Journal ကို ပြန်အကဲဖြတ်ပြီး အလုပ်မဖြစ်တာတွေကို ဖယ်ထုတ်လိုက်တာက ကျွန်တော့်အတွက်တော့ ခဏနားပြီး ပုဆိန်သွေးခြင်းပါပဲ။ ကျွန်တော့် Trading Journal မှာဆိုရင် ဒီအချက်တွေပါတယ်။ ဥပမာ ပြထားတာပေါ့နော်။ 🌲No. 1 (ဥပမာ- XAU)  🌲Result- TP လား၊ SL လား (+3X လား၊ -1X လား) 🌲Entry Date- ဥပမာ- 1.9.2026 (8:30 AM) Tuesday  🌲Exit Date- ဥပမာ- 8.9.2026 (20:30 PM) Tuesday 🌲Duration- ဥပမာ- (7 Days 12 hrs/ 180 hrs) 🌲Entry Reason- ဘာကြောင့် Entry ဝင်တာလဲ HTF- M1, D1 မှာ ဘာတွေတွေ့ခဲ့လဲဆိုတဲ့ Analysis  LTF- H1 မှာ ဘာတွေတွေ့ခဲ့လဲဆိုတဲ့ Analysis  🌲2nd Entry Reason- Trade က မထွက်သေးပဲ Trailing Stop ရွှေ့ပြီး Entry ထပ်ဝင်ဖြစ်ခဲ့ရင် ဘာကြောင့်ဝင်တာလဲ (တကယ်တော့ ဘယ်လိုဖြစ်ရင်ထပ်ဝင်မယ်ဆိုတာက Trading System မှာကြိုတင်ဆွဲပြီးသား) 🌲3rd Entry Reason- တတိယအကြိမ် Entry ထပ်ဝင်ဖြစ်ခဲ့ရင် ဘာကြောင့်ဝင်တာလဲလို့ ရေးတာ 🌲Exit Reason; SL ထိသွားလား၊ TP ကို Manual ပိတ်တယ်ဆိုရင် ဘာလို့ပိတ်တာလဲ (ဘာဖြစ်ရင် ပိတ်ပြီး TP ယူမယ်ဆိုတာကိုလည်း Trading System မှာကြိုတင်ဆွဲပြီးသား) 🌲Lessons: ဒါကတော့ Test Trade တွေ၊ ဒါမှမဟုတ် ကိုယ်ဇဝေဇဝါဖြစ်နေတုန်း ဝင်ခဲ့တဲ့ Trade တွေအတွက် ( Market အမျိုးအစားသစ်၊ ဒါမှမဟုတ် Market Edge အသစ်ရဲ့ ဈေးကွက်တုန့်ပြန်ပုံကို သိချင်တဲ့အခါမှာ စမ်းသပ်ဖို့ဝင်တဲ့ Test Trade တွေအတွက်)။ သင်ခန်းစာအသစ်ရရင် Trading System ကို Upgrade ထပ်လုပ်တယ်။        Trade ➡️ Evaluate ➡️ Upgrade 🔄  အဲလိုပုံစံနဲ့ သွားတယ်။ Trading Journal မှာ ကိုယ် Analysis လုပ်ခဲ့တဲ့ Timeframe အစုံရဲ့ Screenshot တွေကိုတော့ တွဲတင်ထားရတာပေါ့နော်။ ပုံမပါပဲ စာချည်းပဲဆိုရင် ဘယ်မြင်ယောင်လို့ လွယ်ပါ့မလဲ။ မိတ်ဆွေတို့ရဲ့ Trading Journal မှာရော ကျွန်တော့် Trading Journal မှာမပါတဲ့ ဘယ်လိုအချက်တွေကို ထည့်မှတ်ထားပါသလဲ။ Upgrade ထပ်လုပ်လို့ရအောင် comment မှာ မျှဝေပြောပြပေးသွားပါဦး။          We win or we learn           AlpHa (FMMC)