cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

မင်းပြောတဲ့ကဗျာဆိုတာဒါလား

ငါတင်တဲ့ကဗျာကငါ့ဦးနှောက်Levelပဲ

إظهار المزيد
مشاركات الإعلانات
2 215
المشتركون
+524 ساعات
+387 أيام
+15530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
ဘ၀ဟာ ငါးတွေလိုပဲ ဘယ်မြစ်ကိုမှ အပိုင်မရသလို ဘယ်ကမ်းကိုမှလည်း စိတ်လွှတ်ကိုယ်လွှတ် ကပ်ခွင့်မရှိဘူး ရယ်စရာတွေဆိုတော့လည်း ပြုံးရ ငိုစရာတွေဆိုလည်း သိမ်းထားရ ။ -လင်းခက်
إظهار الكل...
19😢 4💔 1
လောကဓံမှာ မျက်နှာတစ်ချက်မပျက်တော့ အဖေက မာန်ပါပါနဲ့ ငါ့သားကွတဲ့။ ဟုတ်တယ် အဖေ၊ ကျွန်တော် အဖေ့လက်မှာ နာရီ‌‌ပတ်ပေးချင်သေးတယ်။ -ခန့်သွယ် -လူငယ်ဘ၀ဆိုတာ ဘာလဲ
إظهار الكل...
24🔥 2
စက္ကူပန်းတို့ဒိုင်ယာရီ တစ်ယောက် မရှိရင် တစ်ယောက် မဖြစ်တော့တဲ့နေ့တွေထဲ တစ်ယောက်ပေါ် တစ်ယောက် မေတ္တာတွေ ပိုခဲ့တယ်။ ရှေ့ဆက်လျှောက်ရမဲ့ ခရီးထဲ နှစ်ဦးနှစ်ဖက်ဟာ ဖိအားတွေ အပြည့်နဲ့ ချစ်တယ်ဆိုတာ ဘာလည်းဟင်လို့ ကျွန်မမေးတိုင်း အကိုက ပန်းတွေသာ ပေးခဲ့တယ် ။ မိန်းမသားမဆန်တဲ့ မိန်းမ တစ်ယောက်ပါ ချွဲ့နွှဲ့မူပျော့တဲ့ ပုံစံထက် မာကျောခက်ထန်တဲ့ စိတ်နဲ့သူပါ ရှင်ရယ် ဖြစ်နိုင်မယ်ဆိုရင် မဖြစ်နိုင်တာတွေကြီး ရွေးပြီး ဖြစ်ချင်တယ် ။ စစ်တွေ မဖြစ်ဖို့နဲ့ အကို့ ပုခုံးပေါ် ခေါင်းလေးမှီဖို့ အဲ့သလိုပေါ့ အဲ့သလိုပေါ့ အကိုရယ်။ ခေတ်အဆက်ဆက် နှိမ့်ချခံခဲ့ရတဲ့ထဲ ကျွန်မတို့ မိန်းမသားတွေ အကျရှုံးများရတယ် လူမှု့၀န်းကျင်ကနေစလို့ ချစ်မေတ္တာတွေထိ ။ တိမ်တွေကို ငေးတဲ့အခါ လက်ဖ၀ါးညိုလေးကို ဖမ်းဆုပ်ခွင့်ရှိမလား ဒါမှမဟုတ်လည်း ကျွန်မရဲ့ တေးဆိုငှက်လေးအဖြစ် အချိန်တိုင်း အတူရှိပေးနိုင်မလား ။ ရူးတယ်ဆိုပေမဲ့ ကျွန်မရူးတာဟာ အတ္တကင်းစင်ပါတယ်အကို အခုဆို စစ်ရောစိတ်ပါ အထိအခိုက်တွေများလာပြီ တစ်ယောက်တည်း လျှောက်ရမဲ့ လမ်းတွေမှာ အနွေးဓာတ်တစ်ချို့ ခပ်မျှင်းမျှင်းမျှ လိုအပ်နေပြီ။ တစ်ခုခုဆို ဒေါသကို ရှေ့တန်းတင်နေတုန်းလား တစ်ခုခုဆို စီးကရက်တွေကြီး ထိုင်သောက်နေတုန်းလား တစ်ခုခုဆို တစ်ခုခုဆို ငိုယိုပြီး ၀မ်းနည်းနေအုံးမှာပဲလား ။ အကိုသိလား အကိုပြောဖူးတဲ့ ကလေးမလေးက  အရာရာကို လူကြီးတစ်ယောက်လို လက်ခံတတ်လာပြီ ။ အကိုပြောဖူးတဲ့ ရယ်စရာပြက်လုံးတွေ အကိုပြောဖူးတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ အကိုပြောဖူးတဲ့ အတ္တနဲ့မာနတွေ ။ ချစ်တယ် အကိုရယ် သိပ်ချစ်တယ် ကျွန်မ ကမ္ဘာမှာတော့ဖြင့် အကိုရယ် ချစ်စရာကြောင်လေးတွေရယ်နဲ့ အပူပင်ကင်းလှတယ် ဒါတွေကို ကျွန်မပြန်ပြောပြတဲ့အခါ စိတ်ကူးယဥ်ဆန်တယ်ဆိုပြီး ရယ်နေအုံးမှာလား။ မရယ်ပါနဲ့ အကိုရယ် တစ်ကယ်ချစ်ရသည်မို့ တစ်ကယ်ရူးရပါတယ် ။ ပျော်စရာပြန်တွေးပြီးမှတော့ ၀မ်းမနည်းနေချင်ဘူး ဒီဒဏ်ရာတွေဟာ နက်ရှိုင်းခဲ့ပေမဲ့ ဒီအသည်းကတော့ နုပျိုဆဲပဲ အကို ။ တစ်ဘ၀တစ်ခါ တွေ့ခွင့်ရမဲ့ ရေကြည်စက်လေးဆိုရင်တောင် ကျွန်မကောင်းကင်မှာပဲ ငွေ့ရည်ဖွဲ့လို့ တိမ်ဖြစ်ပါ ။ ရနံ့ မသင်းချင်လို့ စက္ကူပန်းဘ၀ကို ရွေးခဲ့သူပါ လာမှာဆိုလည်း စောင့်ပါ့မယ် မလာဘူးဆိုလည်း မျှော်ပါ့မယ် ။ အကို ပြောဖူးသလိုပါပဲ ကမ္ဘာဟာ ဘယ်နှစ်ပတ်လည်လည် ဆန္ဒရှိရင် ကျွန်မတို့ တိုက်မိနိုင်တယ် မဟုတ်လား ။ -နှင်းသရသွင်
إظهار الكل...
14😢 2
မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေစိတ်ကောက်သလို ဘောက်ဆပ်ဘောက်ဆပ်လေး ကြော်ပေးကွာ။ ခရုဆီလျှော့ဟေ့ ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး။ မင့် ဟင်းရည်ကလည်းကွာ ခင်ဖုန်းသက်ဝေမျက်စောင်းလို မချိုပါ့လား။ -သန်းတင့်
إظهار الكل...
30🍓 3🔥 1
ပြန်မလိုချင်တော့ဘူး ပြောပြီး ပြန်လာမလား စောင့်မျှော်နေတတ်တဲ့ မိုးတိမ်ဟာ ကိုယ်ပဲ။ -လင်းညီ
إظهار الكل...
36🔥 1
Photo unavailableShow in Telegram
မရေရာတဲ့ မနက်ဖြန်တွေကြား သေချာမဲ့ လက်တစ်စုံကို ဖမ်းဆွဲခွင့်ပြုပါ ပန်းပဲပျိုးရ ဓါးပဲထမ်းရ မင်းဖက်က လက်ပြရင် သံဿရာအဆက်ဆက် တံခါးချပ်တွေ ရိုက်ချိုးခဲ့ပါ့မယ်။ -လင်းခက်
إظهار الكل...
31🍓 2
အကို ပြောဖူးသလိုပါပဲ ကမ္ဘာဟာ ဘယ်နှစ်ပတ်လည်လည် ဆန္ဒရှိရင် ကျွန်မတို့ တိုက်မိနိုင်တယ် မဟုတ်လား -နှင်းသရသွင်
إظهار الكل...
18🍓 13😢 5❤‍🔥 1
သူကလည်း ကျွန်တော့်ကိုစိတ်မချဘူး ကျွန်တော်ကလည်း သူ့ကိုစိတ်မချဘူး လမ်းအတူတူဖြတ်ကူးရင်တောင် တစ်ယောက်ယောက် ရူးသွားနိုင်တဲ့ခေတ်လေ မီးလောင်နေတာကတော့ လမ်းမတွေအားလုံးပါဘဲ။ ကြည်ဇော်အေး
إظهار الكل...
🔥 18 4🍓 3
ဒီကမ္ဘာမှာ ပန်းတွေ မပွင့်လည်း ဘာအရေးလည်း ကိုယ့်သေနတ်ကိုယ်ကိုင် ကိုယ်ပန်းကိုပျိုးပြီး ကောက်ကောက်ကွေ့ကွေ့ မြစ်ထဲ လူငယ်ဆန်မှု့တွေ မျှောချခဲ့ရတယ်။ -လင်းခက်
إظهار الكل...
😢 14❤‍🔥 5
ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး ရခဲ့တဲ့ဒဏ်ရာ​တွေနဲ့ပဲဆိုင်တယ် ငါဟာလူလိမ် အရမ်းလွမ်းနေတာကိုဖွင့်မပြောဘူး ဘာမှမဖြစ်သလိုနေတယ် ဟာသပါပြောလိုက်သေးတယ် -လင်းမာအို
إظهار الكل...
23😢 5❤‍🔥 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.