cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Myanma Today (မြန်မာ့တူ​ဒေး)

နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ

إظهار المزيد
مشاركات الإعلانات
3 101
المشتركون
+124 ساعات
+17 أيام
+330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from Ko Thet
ရေဖြူတိုက်ပွဲသတင်း ယနေ့ (2-7-2024) မနက်ပိုင်းတွင် ရေဖြူမြို့နယ်၊ လဲရှောင်ရွာ-ဧကနိရွာသွား ကားလမ်းပေါ်တွင် မောင်းနှင်လာသော အကြမ်းဖက် (D.N.L PDF) အဖွဲ့၏ 4*wheel ကားအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကားအား ထိမှန်ပြီး ရပ်တန့်သွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ - (၁) အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၄ လောင်း (၂) M-16 သေနတ် ၃ လက် (၃) ကျည်အိမ် ၄ ခု (၄) ကျည် ၁၆၅ တောင့် (၅) D.N.L ယူနီဖောင်း ၄ စုံ၊ ဦးထုပ် ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - အကြမ်းဖက်သမားတွေအတွက် ပြေးစရာ မြေမရှိစေရ။ KT
إظهار الكل...
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအား နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအား နှစ်လမ်းမောင်းအဖြစ် ဇူလိုင် ၂ ရက်ကပြန်လည်သတ်မှတ်လိုက်ကြောင်း သိရသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ "ဒီနေ့မနက်ကစပြီး ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းကို နှစ်လမ်းမောင်းအဖြစ် ပြန်လုပ်လိုက်ပါပြီ။တစ်လမ်းမောင်းပြောင်းထားတာ ကြာပြီ။လူသိပ်မသိသေးတော့ ဒီနေ့တော့ ကားအသွားအလာ ချောင်သေးတယ်"ဟု ရန်ကုန်မြို့တွင်း အငှားယာဥ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။ တစ်နှစ်ကျော်ခန့်အကြာတွင် နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ "တစ်နှစ်ကျော်အကြာမှာ နှစ်လမ်းမောင်းပြန်ဖြစ်သွားတာပါ။ဒီနေ့မနက်မှာ နှစ်လမ်းမောင်းပြန်ဖြစ်သွားတာပါ"ဟု ကျွန်းတောလမ်းနေထိုင်သူတစ်ဦးက ပြောကြားသည်။ ■ဓာတ်ပုံ - Felix Audio ၂၀၂၄ ဇူလိုင် ၂ Credit Eleven Media Group
إظهار الكل...
Photo unavailableShow in Telegram
❝PDF တွေက ဓမ္မဒူတဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ပစ်လို့ စာသင်သား ကိုရင်တစ်ပါးပျံလွန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ❞ NUG ရဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာမှာရှိတဲ့ ဓမ္မဒူတဘုန်းကြီးကျောင်းကို လက်လုပ် စိန်ပြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် စာသင်သား ကိုရင်တစ်ပါးပျံလွန်တော်မူပြီး ဝေယျာဝစ္စလုပ်ကိုင်သူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပျံလွန်တော်မူသွားတဲ့ စာသင်သားကိုရင်က ရှင်သုစိတ္တ(ခ)ရဲဝင်းမောင် (၁၀)နှစ် (၃)ဝါဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အဲဒီဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လာရောက်လုပ်ကိုင်ပေးနေတဲ့ ဒေါ်သီတာချို (၄၉) နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် PDF လက်ချက်နဲ့ သံဃာ ၉၅ ပါး၊ သီလရှင်တစ်ပါးပျံလွန်တော်မူထားသလို သံဃာ ၂၇ ပါးနဲ့ သီလရှင်တစ်ပါး ဒဏ်ရာရရှိထားပြီး သံဃာတော် ၄၂ ပါးမှာလည်း ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ၂၀၂၄ ဇူလိုင် ၂ Credit Myanmar Hard Talk
إظهار الكل...
👍 4
Photo unavailableShow in Telegram
၂၀၂၄ တွင် အရှေ့တောင်အာရှမှာ စင်ကာပူဟာ ပျမ်းမျှ IQ အမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တွင်ပြုလုပ်ခဲ့သော ယခုလေ့လာမှုသည် ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁.၇ သန်းနီးပါး ကို အခြေခံထားသည်။ စင်ကာပူသည် IQ 106.18 ဖြင့် ကမ္ဘာပေါ်တွင် အဆင့် ၅ ရှိပြီး အရှေတောင်အာရှတွင့် အဆင့် ၁ ဖြစ်ပါသည်။ အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ပျမ်းမျှ IQ အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ပါဝင်သူ 154,070 မှ 92.64 ရှိသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင့် ၅ ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာ ၆၁ ုဖစ်သည်။ International IQ Test အရ၊ 2024 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့အထိ နိုင်ငံအလိုက် ပျမ်းမျှ IQ ရမှတ်များကို ပုံတွင်ဖော်ပြထားပါသည်။ ၂၀၂၄ ဇူလိုင် ၂ Reference International IQ Registry
إظهار الكل...
5
Repost from Ko Thet
Photo unavailableShow in Telegram
ဇွန်လ တတိယပတ် ၂၁-၆-၂၀၂၄ ရက်မှ ၃၀-၆-၂၀၂၄ ထိ ========================== ၁၀ရက်တာ ကာလအတွင်း တပ်မတော်နှင့် PDFနှင့် အခြားလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲများတွင် တပ်မတော်မှ အကျိုးအမြတ်ရရှိမှု။ - ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သည့် သံတွဲ၊ မောင်တော၊ မတူပီ၊ ကျောက်မဲ၊ နောင်ချို တိုက်ပွဲကြီးများတွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ Drone Team အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ အတုံးအရုံး ကျဆုံးမှု များပြားသော်လည်း ၎င်းတို့မှ အလောင်းကောက်အဖွဲ့များဖြင့် ပြန်လည်သယ်ဆောင်သွားခြင်း၊ မိမိတပ်များမှ မြေပြင်တွင် နယ်မြေရှင်းလင်းမှု အပြည့်အဝ မလုပ်နိုင်ခြင်းကြောင့် ရန်သူ့အလောင်းလက်နက်ရရှိမှု အထောက်အထား ဓာတ်ပုံများ မရရှိခဲ့သဖြင့် ထည့်သွင်း ဖော်ပြထားခြင်းမရှိပါ။ - အလောင်း၊ လက်နက် ဓာတ်ပုံမှတ်တမ်းများ ရရှိသည့် အရေအတွက်ကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ပုံများကြည့်ရှုလိုပါက အောက်က ချန်နယ်မှာ သွားကြည့်လို့ရပါတယ်။ (၁) https://t.me/combatnews7723/4123 - (၂) https://t.me/combatnews7723/4133 - (၃) https://t.me/combatnews7723/4143 - (၄) https://t.me/combatnews7723/4153 - (၅) https://t.me/combatnews7723/4163
إظهار الكل...
👍 7
Repost from Ko Thet
Photo unavailableShow in Telegram
ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ်၊ ရေကျော်ရွာရှိ ဓမ္မဒူတဘုန်းတော်ကြီးကျောင်းအား အကြမ်းဖက် PDF များက လက်လုပ်စိန်ပြောင်းနဲ့ပစ်ခတ်လို့ ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး ဝေယျာဝစ္စလာရောက် လုပ်ကိုင်ပေးသူ အမျိုးသမီးကြီး ၁ ဦး ဒဏ်ရာရ။ - ယနေ့ချိန်အထိ အကြမ်းဖက် PDF များကြောင့် သံဃာတော် ၉၆ ပါး၊ သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၂၇ ပါး၊ သီလရှင် ၁ ပါး ဒဏ်ရာရရှိကာ သံဃာတော် ၄၂ ပါးမှာ PDF များ၏ ဖမ်းဆီးခြင်းခံရပြီး ပျောက်ဆုံးလျက်ရှိပါသည်။ KT
إظهار الكل...
👍 5😢 3🤬 1
ကျွန်တော်တို့ တပ်မတော်သား🥰🥰🥰🥰လုံခြုံရေးတာဝန်တွေ ထမ်းဆောင်နေတဲ့ကြားကပဲ လိုအပ်လာတဲ့ အချိန်မှာ လိုအပ်တဲ့နေရာမှာ ပြည်သူတွေကို ကူညီပေးရတာပါပဲ🥰🥰🥰🥰 ၂၀၂၄ ဇူလိုင် ၂ Credit Ko Thet
إظهار الكل...
👍 9
Photo unavailableShow in Telegram
"အစ်ကိုရေ နွယ်ရုံစခန်းကတော့ မကျဘူး။ဒီကောင်တွေ မကပ်နိုင်ဘူး။ကျွန်တော်တို့ တစ်ညလုံး တိုက်ပွဲဖြစ်နေတာ။ ကျွန်တော်တို့လိုအပ်နေတာ ရိက္ခာနဲ့ ခဲယမ်းပါ။ ကျွန်တော်တို့ အခုလည်း တိုက်ပွဲဖြစ်နေတယ်။ဒီကောင်တွေ စခန်းအနီးကနေ ပစ်နေတာ။ကျွန်တော်တို့ ဆက်ချနေတယ်။ဒီတိုက်ပွဲ ကျွန်တော်တို့ မရှုံးဘူး။ ကျွန်တော်တို့ ရဲ့ လက်ရုံးရည် ၊နှလုံးရည်ကို ပြသနေတဲ့ ပွဲဗျ။ လိုအပ်တာ ရောက်အောင်သာ ပို့ပေး။" လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး နဲ့ ဆက်သွယ်မှု ၂၀၂၄ ဇူလိုင် ၂ Credit #PeopleMedia
إظهار الكل...
👍 12 3
04:24
Video unavailableShow in Telegram
စိတ်ဓာတ် Very Good 👍👍Credit
إظهار الكل...
4.24 MB
👍 10
Photo unavailableShow in Telegram
အဖြူ/အမည်းကွဲပြားတဲ့နေ့ 🔶လူတွေ လူတွေ PDF နဲ့ နာမည်မျိုးစုံတပ်သူပုန်တွေကိုအားပေးအားမြှောက်ပြုခဲ့ကြတာဟိုလူ့ဆန့်ကျဉ္ ဒီလူ့ရှင်းပစ် ဟိုမြို့သိမ်း ဒီမြို့သိမ်းနဲ့ တကယ်လည်း ကိုယ့်မြို့ကိုယ့်ရွာ ပျက်စီးဖို့လည်းဖြစ်လာရော ဘယ်ဘက်ကိုပြေးကြလည်း ကရင်က KNU ဘက်မပြေးဘူး ကယားက KNDF မပြေးဘူး ရခိုင်က AA ဘက်မပြေးဘူး တတ်နိုင်တဲ့သူအများစုက သူတို့ မုန်းပါတယ်ဆိုတဲ့ နစက အာဏာသက်ရောက်တဲ့ မြို့နေရာတွေကိုပြေးတာ တစ်နည်းအားဖြင့်တော့ PDF နဲ့ သူပုန်တွေမရှိတဲ့ နေရာတွေပေါ့ အမှန်ဆိုရင်တော့ သူတို့ထောက်ခံအားပေးတဲ့အဲဒီဘက်ကိုပဲပြေးပြီး အတူပူးပေါင်းသင့်တာပေါ့။ စုပေါင်းတော်လှန်ရင် ပိုအလုပ်ဖြစ်လာမှာ လေ။ ဒါပေမယ့် အဲဒီလို​ြဖစ်မလာခဲ့ရဘူး။ 🔶ဘာကြောင့်လည်း တွေးကြည့်ရင် ရှင်းနေပါတယ် အဲဒီကောင်တွေမရှိတဲ့နေရာက အေးချမ်းတည်ငြိမ်လို့ပါပဲ။ 🔶ခင်ဗျားတို့ပြောလိုက်ရင် စစ်တပ်ကို ခင်ဗျားတို့လောက်မုန်းတာ ဘယ်သူမှမရှိ ခင်ဗျားတို့အတွင်းစိတ်ထဲမှာရော အဲဒီလိုတကယ်ဖြစ်နေတာလား သေသေချာချာတော့ စဉ္းစားသင့်တယ် 🔶ပြောသာပြောရပါတယ် ပြေးခွင့်ရရင်တော်သေးတာပေါ့ မိုးကုတ်မြို့က ပြည်သူတွေကတော့ မြို့ထဲက အထွက်မခံလို့ မြို့ထဲပိတ်မိနေကြပြီ ဘယ်သူကပေးမထွက်တာလည်းဆိုတာကတော့..... ရွှေတိုက်စိုး ၂-၇-၂၀၂၄
إظهار الكل...
👏 7👍 4
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.