SAYA: The English Learning App
الذهاب إلى القناة على Telegram
7 746
المشتركون
لا توجد بيانات24 ساعات
-117 أيام
-1730 أيام
أرشيف المشاركات
တစ်ယောက်ယောက်ကို စိတ်ဝင်စားကြောင်းပြဖို့အတွက် Pick up Lines များ။
ကိုယ်က တစ်ယောက်ယောက်ကို စိတ်ဝင်စားနေပြီဆိုရင် ဘယ်က ဘယ်လို စကားစ ရမှန်း မသိတဲ့သူတွေအတွက် ဒီနေ့ မှာတော့ Flirty words လေးတွေကို ပြောပြပေးမယ်နော်။ Pick-up Lines တွေလို့လည်း ခေါ်ပါတယ်။
YOU ARE TURNING ME INTO AN INSOMNIAC!
မင်းငါ့ကို အိပ်မပျော်တဲ့သူတစ်ယောက် ဖြစ်အောင်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ မင်းအကြောင်းစဉ်းစားရင်းနဲ့ အိပ်မရဘူးဆိုတဲ့ သဘောပါပဲ။ Insomniac - အိပ်မပျော်တဲ့ရောဂါရှိနေသူကို ဆိုလိုပါတယ်။
Beautiful and witty, you’re the total package!
Total Package ဆိုတဲ့ အသုံးလေးကတော့ မင်းက လှလည်းလှတယ် Funny လည်း ဖြစ်တယ် Talented ဖြစ်တယ် Personality အရမ်းကောင်းတာကို ဆိုလိုပါတယ်။ witty ဆိုတာကတော့ ဟာသဉာဏ်ရွှင်တာကို ပြောတာပဲ ဖြစ်ပါတယ်။
s
တကယ်လို့ မင်းသာ Vegetable တစ်ခုဖြစ်မယ်ဆိုရင် cute-cumber ဖြစ်လိမ့်မယ်ဆိုတာကတော့ cucumber သခွါးသီးကို ဆိုလိုပြီး cute ကို ပြောင်းသုံးထားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ also ရယ် too ရယ် as well ရယ်မှာ တစ်ခုနဲ့တစ်ခု ဘာတွေ ကွာခြားသွားလည်းဆိုတာကို ရှင်းပြပေးသွားပါမယ်။
သုံးခုလုံးမှာ မတူတဲ့တစ်ချက်ကတော့ sentence တစ်ခုမှာ ထားတဲ့နေရာလေးတွေပဲ ဖြစ်ပါတယ်။
too နဲ့ as well ကတော့ sentence ရဲ့ နောက်ဆုံးမှာပဲ သုံးပြီး also ကတော့ verb ဒါမှမဟုတ် adjective မတိုင်ခင် သုံးပါတယ်။
ဥပမာလေးတွေ ကြည့်ရအောင်
She bought the necklace. She bought the bracelet. စာကြောင်းနှစ်ခုမှာဆိုရင်
also နဲ့ဆိုရင်တော့
She bought the necklace. She also bought the bracelet.
too ကိုတော့ ဒီလိုသုံးပါတယ်။
She bought the necklace. She bought the bracelet, too.
as well ကတော့
She bought the necklace. She bought the bracelet as well.
သွားဆေးခန်းတွေမှာ အသုံးပြုလို့ရတဲ့ Vocabulary လေးတွေကို ပြောပြပေးသွားမယ်နော်။
dentist ကတော့ သွားဆရာဝန်ပါ။
filling - သွားပေါက်ဖာတာကို ပြောတာပါ။
cavities - သွားခေါင်းပေါက်များ
dental floss - သွားကြားထိုးတဲ့ ကြိုးကို ဆိုလိုပါတယ်။
toothache ကတော့ သွားကိုက်တာကို ဆိုလိုပါတယ်။
bib ကတော့ သွားရည်ခံတဲ့ဟာကို ပြောတာပါ။
Normal Vs Advanced အင်္ဂလိပ်စာ ဝေါဟာရများ။
1. Lucky Vs Jammy
(ကံကောင်းသော။)
Normal - You are so lucky.
Advanced - You are so jammy.
2. Get Married Vs Tie a knot
(လက်ထပ်သည်။)
Normal - I'm going to get married tomorrow.
Advanced - I'm going to tie a knot tomorrow.
3. Text me Vs Hit me up
(စာပို့သည်။)
Normal - Text me when you get free.
Advanced - Hit me up when you get free.
4. Wasting time Vs Faffing around
(အချိန်ဖြုန်းသည်။)
Normal - Stop wasting time.
Advanced - Stop faffing around.
ဟင်းသီးဟင်းရွက်တွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်ဝေါ်ကြမလဲ။
Basil - ပင်စိမ်း
Parsley - နံနံပင်
Lettuce - ဆလတ်ရွက်
Sweet Potato - ကန်စွန်းဥ
Bitter Gourd - ကြက်ဟင်းခါးသီး
Asparagus - ကညွတ်
Marrow - ကျောက်ဖရုံသီး
Taro - ပိန်းဥ
Eggplant - ခရမ်းသီး
Chayote - ဂေါ်ရခါးသီး
Bean Sprout - ပဲပင်ပေါက်
Drumstick - ဒန့်ဒလွန်သီး
ဒီနေ့မှာ Email writing အတွက် Tips လေးတွေပြောပြပေးသွားပါမယ်။
- Meaningful subject line
ကိုယ့် Email ရဲ့Key point ကို Subject မှာသေချာလေးထည့်ပေးပါ။
- Make it easy and clear to read
ကိုယ်ရေးတဲ့ Email ကို တစ်ဖက်လူ ဖတ်နိုင်ဖို့အတွက် အရိုးရှင်းဆုံးနဲ့ နားလည်အောင်လုပ်ပါ။
- Label attachment
Attachment file တွေကို ဒီတိုင်းမပို့ပဲ ဘာ File ပို့လိုက်လဲဆိုတာ သိအောင် သေချာလေး Mention ပေးပါ။
- Respond Promptly
အတတ်နိုင်ဆုံး အမြန်ဆုံး Email ကို Reply ပြန်တာက သင့်ကို Impression ကောင်းစေပါတယ်။
မြန်မာပြက္ခဒိန်မှာရှိတဲ့ နေ့ထူးနေ့မြတ်တွေကို အင်္ဂလိပ်လို ဘယ်လို ခေါ်ဝေါ်ကြမလဲ။
1. အာဇာနည်နေ့- Martyr's Day
2. အမျိုးသားနေ့ - National day
3. ကဆုန်လပြည့်နေ့- Vesak day
4. ပြည်ထောင်စုနေ့- Union day
5. လကွယ်နေ့- New moon day
6. တောင်သူလယ်သမားနေ့- Peasants' day
7. လဆန်းနေ့- Waxing of the moon
8. လဆုတ်နေ့- Warning of the moon
9. အလုပ်သမားနေ့ - Labour day
ဒီနေ့ စားတာနဲ့ပတ်သက်ပြီး သိသင့်တဲ့ စာကားလုံးအချို့ကိုမျှဝေပေးသွားပါမယ်။
Swallow (မျိုချသည်။)
Chew (ဝါးသည်။)
Munch (အသံထွက်အောင်ဝါးသည်။)
Chomp (ဒါလည်း အသံထွက်အောင်ဝါးသည်လို့ အဓိပ္ပာယ်ရပါတယ်။)
Champ (တဂျွတ်ဂျွတ်ဝါးသည်။)
Sip (တစ်ငုံလို့ အဓိပ္ပာယ် ရပါတယ်။)
ဒါကတော့ Drink တွေမှာသုံးပြီး Take a sip or have a sip လို့သုံးပါတယ်။
အသီးနှင့်ပတ်သက်သော ဝေါဟာရများကို လေ့လာကြမယ်။
Djenkol bean - တညင်းသီး
Bell pepper - ငရုတ်ပွသီး
Hog Plum - ဂွေးသီး
Beta nut - ကွမ်းသီး
Pomegranate - သလဲသီး
Chestnut - သစ်ချသီး
Eugenia Fruit - သပြေသီး
Custard Apple - ဩဇာသီး
Pomelo - ကျွဲကောသီး
ဒီနေ့မှာတော့ Interview ဖြေမဲ့သူတွေအတွက် မေးခွန်းလေးတွေနဲ့ Dos and Don'ts လေးတွေ Share ပေးမယ်နော်။
Tell me about yourself!
ဒီမေးခွန်းလေး ဖြေတဲ့အခါမှာ အလုပ်နဲ့ပတ်သက်တာ၊ Education အကြာင်းတွေပြောပေးပါ။ မောင်နှမ ဘယ်နှစ်ယောက်တို့ဘာတို့ပြောခြင်း ရှောင်ပါ။
What do you think this position is?
ကိုယ်လျှောက်တဲ့ Position အကြောင်းကို Google မှာ ရှာကြည့်ပြီး သေချာပြန်ပြောနိုင်ပါစေ။
Be passionate and calm
ကိုယ်စိတ်အားထက်သန်နေတယ် ဆိုတာကို Interview တဲ့သူ သိအောင်ပြောပြဖို့လိုပါတယ်။
ဒါကတော့ အခုမှ အလုပ်အစလုပ်တဲ့သူတွေအတွက်ပါ။ Experience ရှိတဲ့သူကတော့ Calm and confident ရှိနေဖို့လိုပါတယ်။
ဟင်းခတ်အမွှေးအကြိုင်နှင့် သက်ဆိုင်သော ဝေါဟာရများ။
1. Black pepper - ငရုတ်ကောင်း
2. Turmeric - နနွင်း (ဆနွင်းမှုန့်)
3. Cumin - ဇီရာ
4. Ground Chilli - ငရုတ်သီး အကြမ်းဖက်မှုန့်
5. Masala - မဆလာ
6. Coriander - နံနံပင်
7. Cinnamon - သစ်ကြပိုးခေါက်
8. Paprika - ငရုတ်သီး အရောင်တင်မှုန့်
9. Thyme - စမုန်ဖြူ
ဒီနေ့ ဘာသာပြန်မနေဘဲ English လိုဘယ်လိုတွေးရမလဲဆိုတဲ့ tips လေးတွေမျှဝေပေးသွားပါမယ်
- ကိုယ်ရဲ့တစ်နေ့တာလုပ်ငန်းစဥ်တွေကို English လိုလုပ်ကြည့်ပါ။
ဥပမာ- phone တွေ laptop တွေမှာ English လိုသုံးတာမျိုးတွေ၊ သူငယ်ချငိးနဲ့ English လို text message ပို့တာမျိုးတွေဖြစ်ပါတယ်။
- သင့်ရဲ့အကြောင်း၊ ဒါမှမဟုတ် plan တွေကို English လိုမျိုးလုပ်ကြည့်ပါ။
ဥပမာ- တစ်နေ့တာ diary ရေးတာ၊ future plan တွေဆွဲတာတွေကို English လိုစမ်းလုပ်ကြည့်တာမျိုးဖြစ်ပါတယ်။
- ဘာပဲဖြစ်ဖြစ် google မှာရှာပါ။
Google မှာရှာခြင်းက တခြား relate ဖြစ်တာတွေပါတွေ့တဲ့အပြင် English လိုဖတ်ရတာကြောင့် ဖြစ်ပါတယ်။
See နဲ့ Meet ရဲ့ မတူညီတဲ့ ကွာခြားချက်တွေကို လေ့လာကြည့်ရအောင်။
(MEET)
"the first time you see someone or when you are seeing them because you have plans or an appointment"
တစ်ယောက်ယောက်ကို ပထမဆုံးတွေ့ဖူးတဲ့အခါမျိုး၊ အစီအစဉ်ရှိပြီး တွေ့တာမျိုးဆိုရင်တော့ Meet ကို အသုံးပြုပါတယ်။
For Examples..
* I met John about ten years ago
* I am going to meet my sister’s new boyfriend tomorrow night.
* David met his wife at a party.
(SEE)
"used for spending time with someone when it is not the first time"
ပထမဆုံးတွေ့တာမျိုး မဟုတ်တဲ့အခါမှာ See ကို အသုံးပြုပါတယ်။
For Examples..
* The last time I saw John was last December.
* Jenny is coming back to NYC from Spain. I can’t wait to see her.
* It’s nice to see you again!
ဒီနေ့ကတော့ Verb နဲ့ Adverb ကိုပြောပြပေးသွားပါမယ်။
မြန်မာလိုဆို ကြိယာနဲ့ ကြိယာဝိသေသန ပါ။
For example: I eat quickly
ဒီမှာဆို eat က verb ဖြစ်ပြီး quickly ကတော့ eat ဆိုတဲ့ verb ကို အထူးပြုပေးနေတဲ့ adverb ပါ။
Adverb တွေမှာတော့ အများက ly နဲ့ဆုံးရင် adverb ဆိုပြီးမှတ်ထားတာကနေ adverb မှန်းမသိပဲသုံးနေတာလေးတွေကိုပါပြောပြပေးမယ်နော်။
Enough, Very, Only, Any, Instantly, Often, Anyhow, Much တို့ပဲ ဖြစ်ပါတယ်။
Normal Vs Advanced အင်္ဂလိပ်စာ အသုံးအနှုန်းများ။
နင်ဘာလို့ ဒေါသထွက်နေရတာလဲ။
Normal English - Why are you so angry
Advanced English - Why are you so pissed off
အပြင်မှာ အရမ်းအေးနေတယ်။
Normal English - It's very cold outside
Advanced English - It's freezing outside
ငါ နင့်ကို အရမ်းသဘောကျတယ်။
Normal English - I like you a lot
Advanced English - I'm so into you
နင်တော်တော် ကံကောင်းတာပဲ။
Normal English - You are so lucky
Advanced English - You are so jammy
ဒီနေ့ တွေ့ကြရအောင်။
Normal English - Let's meet today
Advanced English - Let's catch up today
လျှို့ဝှက်ထားပါ။
Normal English - Keep it a secret
Advanced English - Keep it under wraps
"zip your mouth/ lip"
"Keep your mouth shut and don’t say anything"
ဘာစကားမှမပြောပဲနဲ့ ပါးစပ်ပိတ်ထားဆိုပြီး ပြောတာကို ဆိုလိုပါတယ်။
For Examples..
⁃ All right, everyone, zip up your mouths! I don't want to hear another sound until the presentation is over.
⁃ Why don’t you just zip your lip, I am tired of being nagged all morning.
(nag - နားပူနားဆာလုပ်သည်။)
ဒီနေ့က important အပြင် သုံးလို့ရဦးမဲ့ စကားလုံးအချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
Essential
(တကယ်ကိုလိုအပ်တယ်လို့ အဓိပ္ပာယ် ရပါတယ်။)
For example.. Careful preparation for the exam is essential.
Fundamental
(အရေးကြီးဆုံးအချက်၊ အရာလို့ အဓိပ္ပာယ် ရပါတယ်။)
For example.. Reducing our pollution is fundamental to saving the planet.
Significant
(အရေးပါသော ၊ အရာရောက်သောလို့ ဆိုလိုပါတယ်။)
For example.. We made a significant rise in profits this month.
ဒါဆို ဒါလေးတွေကိုစမ်းသုံးကြည့်ကြနော်။
Run နှင့်သက်ဆိုင်သော Phrasal Verbs များ။
1. Run away
one that runs away from danger, duty, or restraint
ထွက်ပြေးသည်။
For Example - After his beating, Colin ran away and hasn't been heard of since.
2. Run across
to meet or to find unexpectedly
မမျှော်လင့်ပဲ ဆုံမိသည်။
For Example - I ran across some old friends at the party.
3. Run out
to finish, use, or sell all of something, so that there is none left
သက်တမ်းကုန်သည်။
For Example- "Do you have any milk?" "Sorry, I've run out."
4. Run after
to chase someone or something that is moving away from you
ပြေးလိုက်သည်။
For Example - Why do dogs run after cats?
Normal English Vs Advanced English
သင်ရဲ့ English skills ကို တိုးမြှင့်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ စာကြောင်းတွေကိုပဲ အမြဲမသုံးပဲနဲ့ ဒီလိုလေးတွေ သုံးကြည့်ပါနော်။
ငါ မနက်ဖြန် လာလို့ရမလား ဆိုတာကို
Can I come tomorrow? လို့သုံးမယ့်အစား Can I drop in tomorrow? လို့ သုံးလို့ရပါတယ်။
အခု စာလုပ်ဖို့အချိန် ဆိုတာကို
It's time to study အစား it's time to hit the books လို့ သုံးလို့ရပါတယ်။
ဗိုက်ဆာနေတယ်ဆိုတာကိုတော့
I'm very hungry အစား I'm starving လို့သုံးပါ။
ငါ့ကို message ပို့ပါဆိုတာကို
send me a message later အစား hit me up later လို့ သုံးကြည့်ပါ။
အလွန်ဆိုးရွားတယ်လို့ ပြောချင်တယ်ဆိုရင် "very bad" အပြင် ဘယ်စကားလုံးတွေ သုံးနိုင်မလဲ။
- Terrible
For Example - The service at that restaurant is terrible.
- Hideous
For Example - She saw a hideous face at the window and screamed.
(screamed - အော်ဟစ်ခဲ့သည်။)
- Appalling
For Example - They have been living under the most appalling conditions for two months.
(condition - အခြေအနေ။)
- Dreadful
For Example - I had a dreadful headache.
(headache - ခေါင်းကိုက်ခြင်း။)
- Grievous
For Example - He survived in spite of suffering grievous injuries.
(survived - အသက်ရှင်ကျန်ရစ်ခဲ့သည်။)
(in spite of - သော်လည်း။)
