ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
War Dogs (2016)
⭐IMDB: 7.1/10 (230 k Votes)
🎬 #Comedy #Crime #Drama #Biography #War
🗓️ 2016 🎞️ Movie 📺 720p
🌎 #UnitedStates #Romania #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။
War Dogs …မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ဇာတ်လမ်းကြောရိုးကတော့ မိုင်ယာမီမှာ သမရိုးကျ အနှပ်သည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်လေးတစ်ယောက်ဟာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိပြီး အန္တရာယ်များတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို ခြေချမိရာကနေပြီး သူမမျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိသွားတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်အားလုံးကလည်း လူငယ်တွေပေမယ့် အရမ်းပီပြင်ပြီး ဆုံးခန်းတိုင်အောင် စွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။
ဂျိုးနာ့ဟီလ်ဒီကားမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဟာသကား Hangover ထဲက မင်းသားချော ဘရက်ဒလေကူးပါးလည်း ပါဝင်ထားတယ်။ ဒါပေမဲ့ အဓိက သရုပ်ဆောင်ကတော့ ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်ပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဆိုတာ တခြားသူ မဟုတ်ပါဘူး။ မင်းသားချော ချန်နင်တက်တွန်နဲ့ တွဲပြီး စုံထောက်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဟာ ဟာသသရုပ်ဆောင်ဆိုပေမယ့် ထူးချွန်တဲ့ သရုပ်ဆောင်ပါ။ ၂၀၁၃ခုနှစ်က The Wolf of Wall Street ကားနဲ့ အကောင်းဆုံးဇာတ်ပို့ မင်းသား အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ဖော်ဘီမဂ္ဂဇင်းကြီးက ဖော်ပြခဲ့တဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲ မှာ အဆင့် ၂၈ချိတ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
လီယိုနာဒိုဆီက အကြံရခဲ့ခြင်းဂျိုးနာ့နဲ့လီယိုနာဒိုတို့ဟာ The Wolf of Wall Street မှာ အတူတွဲပြီး သရုပ်ဆောင်ဖူးခဲ့ကြတယ်။ အဲဒီတုန်းက လီယိုက ဂျိုးနာ့ကို သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အကြံပေးခဲ့ဖူးတယ်။ ကိုယ်သရုပ်ဆောင်မယ့်ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဇာတ်ကောင်အလိုက် အပြင်မှာ တူတဲ့ ဇာတ်ကောင်စရိုက်လူတွေကို ရှာပြီး လေ့လာပါ။ ဒါမှမဟုတ် အပြင်လောကမှာ လူတွေနဲ့ တွေ့ပါ။ အကဲခတ်ပါ။ လိုတာကို ယူပါ။ မလိုတာကို ထားခဲ့ပါဆိုပြီး သင်ပေးခဲ့ဖူးတယ်။ ကိုယ့်ဟာကိုယ် တည်းဖြတ်ပြီး သင်ယူပါလို့ ညွှန်ကြားပေးခဲ့ဖူးကြောင်း ဂျိုးနာ့က ပြောကြားခဲ့တယ်။
မိုင်လ်စ်တယ်လာဒီမင်းသားဟာလည်း ခေတဲ့သူ မဟုတ်ပါဘူး။ ဝင်ငွေအရရော ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး အနုပညာအရလည်း အောင်မြင်ခဲ့တဲ့ Whiplash ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လူငယ်မင်းသားတစ်လက် ဖြစ်ပါတယ်။ Whiplash ကားဟာ (၈၇)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကယ်ဒမီဆု ငါးဆု ဆွတ်ခူးရရှိခဲ့တဲ့ကားဖြစ်ပါတယ်။တယ်လာရဲ့ အနုပညာဟာ အသက်ငယ်သလောက် ပြောင်မြောက် လှသလို သူ့ရဲ့ဘဝဟာလည်း ထူးခြားလှပါတယ်။ ၂၀၀၇ခုနှစ်မှာ သေလုမျှောပါး ကားအက်စီးဒန့်စ်ဖြစ်ခဲ့ပြီး မျက်နှာနဲ့လည်ပင်းမှာ သေရာပါ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အနုပညာကို သူ့မျက်နှာနဲ့လည်ပင်းက အမာရွတ်တွေဟာ အဟန့်အတားမဖြစ်စေခဲ့ပါဘူး။
(အညွှန်းကို themyanmarreview.com မှကူးယူဖော်ပြပါသည်။)
ဒီဇာတ်ကားဟာ IMDb (7.2/10) နဲ့ Rotten Tomatoes (60%) ရရှိထားပါတယ်။ကြည့်ရှုအားပေးပါဦး။
(CM Team မှ Tartee Poe မှတင်ဆက်လိုက်တာပါ။)
Virgin Story (2022)
⭐IMDB: 3.8/10 (1 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 18 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Virgin Story 2022
နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။
” စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ ” ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။
ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ အေးဆေးခံစားလိုက်ပါဦးဗျာ။
Virgin Story (2022)
⭐IMDB: 3.8/10 (1 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p

The Hillsdale Adoption Scam (2023)
⭐IMDB: 5.3/10 (108 Votes)
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size…(1.4 GB)/(600MB )/(400 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….02:01:00Genre…Drama,thrillerSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by SP
Storm City (2023)
⭐⁉️
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 29 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကမ္ဘာကြီးဟာသစ်တောတွေပြုန်းပြီး အပူချိန်မြင့်တက်လာပြီးဝင်ရိုးစွန်းကရေခဲတွေအရည်ပျော်လာတာနဲ့အမျှ ရာသီဥတုကလဲကြမ်းတမ်းလာပြီး မုန်တိုင်းတွေမကြာခဏဖြစ်လာပါတယ်။
အရာရာကိုထိန်းချုပ်ချင်တဲ့လူသားတွေဟာ နည်းပညာတွေတိုးတက်လာနဲ့အမျှသဘာဝတရားကြီးကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။သုတေသနဌာနတစ်ခုဟာ ရာသီဥတုကိုထိန်းချုပ်ဖို့ ပရိုဂရမ်ရေးဆွဲထားပြီးမှန်းဆထားတာထက် နှစ်နှစ်ကြိုစောပြီးဖြစ်လာတဲ့မုန်တိုင်းကြီးကိုထိန်းချုပ်ပြီးမြို့ကြီးကိုထိန်းချုပ်ကြိုးကိုင်ဖို့ကြိုးစားလာပါတယ်
အဲဒီအချိန်မှာ ခေါင်းမာတဲ့အဖေကြီးတစ်ယောက်၊ သုတေသနဌာနကသားဖြစ်သူနဲ့အဖေကိုဆန့်ကျင်နေတဲ့သမီးဖြစ်သူတို့ (၃)ယောက်သားတစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားတဲ့ကပ်ဘေးအန္တရာယ်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Suga: Road to D-Day (2023)
⭐IMDB: 8.5/10 (119 Votes)
🎬 #Biography #Documentary #Music
🗓️ 2023 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 21 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
SUGA : Road To D-Day (2023)
BTS အဖွဲ့ဝင် SUGA ရဲ့ Documentary Film ဖြစ်တဲ့ SUGA Road To D-Day ထွက်ရှိလို့ လာပါပြီ။
Music Genius လို့ ခေါ်ဝေါ်ခံရတဲ့လူပီပီ SUGA ရဲ့ “D-DAY” အယ်လ်ဘမ်ဖန်တီးမှု ခရီးစဉ်က သူများနဲ့မတူဘဲ ကွဲပြားလို့နေပြန်ပါတယ်။BTS SUGA အနေနဲ့ မဟုတ်ဘဲ “AGUST D” လို့ ခေါ်တဲ့ အမည်ခွဲအောက်ကဂီတလမ်းကြောင်းပေါ်မှာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ SUGA ရဲ့ အခြားတစ်ဖက်ခြမ်းကို တွေ့ရမှာပါပဲ။
ဂီတပေါ်ထားတဲ့ သူ့အမြင်၊ စိတ်ထားနဲ့ ဒိခရီးစဉ်တစ်လျှောက် ရုန်းကန်မှုတွေကို ရှုစားရပါဦးမယ်။
“D-DAY” ဖန်တီးမှုခရီးစဉ်တစ်လျှောက်မှာ နယ်ပယ်အစုံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံရင်းစကားလက်ဆုံဖလှယ်မှုတွေလည်း ပါဝင်တာမို့ အတွေးပွားစရာ တစ်ခုမကတဲ့ အတွေးတွေ ရရှိနိုင်မှာလည်း အသေအချာပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်။
Nobody's Fool (1994)
⭐IMDB: 7.3/10 (22 k Votes)
🎬 #Comedy #Drama
🗓️ 1994 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 52 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ်ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။
Nobody's Fool (1994)
⭐IMDB: 7.3/10 (22 k Votes)
🎬 #Comedy #Drama
🗓️ 1994 🎞️ Movie 📺 1080p

A Lifeguard's Obsession (2023)
⭐IMDB: 4.3/10 (101 Votes)
🎬 #Thriller #TVMovie
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Lifeguard’s Obsession (2023)
အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။
မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။
မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင်အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။
ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့….
ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ်ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
Miracle in Cell No. 7 (2022)
⭐IMDB: 7.8/10 (575 Votes)
🎬 #Comedy #Drama #Family
🗓️ 2022 🎞️ Movie 📺 720p
🌎 #Indonesia
⏰ 2 နာရီ 25 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Miracle in Cell No.7 (2022)
Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။
အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီးMaya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေမုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲတန်းရောက်ကာ သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။
ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင်ထောင်သားတွေရဲ့ဒိုဒို့အပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။
မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။
ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။

The Wandering Moon (2022)
⭐IMDB: 7.0/10 (523 Votes)
🎬 #Drama #Mystery
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Japan
⏰ 2 နာရီ 32 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wandering Moon ( 2022 )
ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေသဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါသူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။
ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။
Organic Mama Hybrid Alludu (2023)
⭐IMDB: 8.1/10 (1 k Votes)
🎬 #Action #Bollywood #Family #Comedy #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 23 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Organic Mama Hybrid Alludu(2023)
IMDb-8.1/10
တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့တေလဂူး အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအညွှန်း
ဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီးပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီးကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်
မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေးသူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလားဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး

Chi Chi Em Em 2 (2023)
⭐IMDB: 5.6/10 (69 Votes)
🎬 #Adult #Comedy #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Vietnam
⏰ 1 နာရီ 55 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+) Sister Sister 2 (2023)
ဒီတစ်ခါမှာတော့ ဗီယက်နမ်ဇာတ် လူကြီးကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဘာထရာ ဆိုတာ သူ့နယ်သူပယ်မှာတော့ အလှဆုံးဆိုတဲ့ဂုဏ်ပုဒ်ရထားတဲ့ မိန်းမလှလေးတစ်ဦးပါ။ဘာထရာ ဆိုတာကို မသိတဲ့သူမရှိလောက်အောင် လှလည်းလှ နာမည်လည်းကြီးသူပါ။ပုရိသယောက်ျားသားတွေကလည်း သူမှသူ ဖြစ်နေအောင်ကို ကျက်သရေရှိတဲ့အမျိုးသမီးပေါ့။
တစ်ဖက်မှာတော့ နှီ ဆိုတဲ့ကောင်မလေးဟာ ဘဝမပြည့်စုံမှုကြောင့် ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့သူပါ။အဆင်မပြေတာတွေ အံတုရင်း ချမ်းသာချင်နေတဲ့သူပေါ့။ဒီလိုနဲ့ တစ်နေ့ကျ ဘာထရာနဲ့ဆုံရင်း သူလည်း ဘာထရာ့လိုဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ဘာထရာ့အနားကို နည်းအမျိုးမျိုးနဲ့ချဉ်းကပ်ရင်းနှီ့ဘဝ တဖြည်းဖြည်းပြောင်းလဲသွားတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ဘဝနှစ်မျိုးကြားက ကွာခြားချက်တွေကိုလည်း မြင်ကြရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့10×02ပဲ ဖြစ်ပါတယ်။
A Stitch in Time (2022)
⭐IMDB: 6.7/10 (164 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #Australia
⏰ 1 နာရီ 38 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Stitch in Time (2022)
~ IMDb rating – 6.8/10 ~
ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ ကြည့်ရင်းနဲ့ ရင်ထဲကိုနွေးထွေးလာစေမယ့် 2022 တုန်းကထွက်ရှိထားတဲ့ ဒရာမာအမျိုးအစား A Stitch In Time ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ငယ်ငယ်တည်းက ခင်ပွန်းသည်အဆိုရှင်ကို ကူညီဖို့ မိမိဝါသနာအလုပ်ဖြစ်တဲ့ အပ်ချုပ်တာကိုစွန့်ပစ်ခဲ့တဲ့ လီပါတစ်ယောက် ခင်ပွန်းသည်ရဲ့ အိပ်မက်ဖြစ်တဲ့ အခွေထုတ်ဖို့ကို ဝင်ကူဖို့ကြိုးစားရင်း တရုတ်ဒီဇိုင်နာ ဟန်းနစ်ချ်နဲ့ ပြန်တွေ့ပြီး သူ့ရဲ့အိပ်မက်တွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါ ခင်ပွန်းသည်ရဲ့ ကန့်ကွက်မှုတွေ၊ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို အံတုရင်း ကြိုးစားရုန်းကန်ရတဲ့အကြောင်းပါ။ ဇာတ်လမ်းက ရိုးစင်းပေမဲ့ ကြည့်ရင်းနဲ့ တဖြည်းဖြည်း ရင်ထဲအကြည်ဓါတ်လေးရော အနွေးဓါတ်လေးပါ ခံစားရမယ့်ကားလေးမို့ ဇာတ်လမ်းဇာတ်အိမ် အေးအေးငြိမ့်ငြိမ့်လေး ကြိုက်သူတွေ ကြည့်သင့်တဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Talbis Iblis (2022)
⭐IMDB: 6.1/10 (73 Votes)
🎬 #Horror #Mystery #Thriller
🗓️ 2022 🎞️ movie 📺 1080p
🌎 #Malaysia
⏰ 1 နာရီ 38 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Devil’s Deception / Talbis Iblis (2022)
မလေးဘာသာစကားလို “မကောင်းဆိုးဝါးရဲ့မက်လုံး” လို့ အဓိပ္ပာယ်ရတဲ့ Talbis Iblis ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။
၁၉၉၀ ခုနှစ်တုန်းက ဂျူနဲဒါးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရက်သားမကျခင် ကလေးရလာပေမဲ့ လှေကားပေါ်က တွန်းချခံခဲ့တာကြောင့် ကလေးပျက်ကျသွားခဲ့ပါတယ်။အဲဒီအချိန်ကစပြီး သူဟာ သားရူးရူးပြီး အလ္လာဟ်ရှင်မြတ်ဟောကြားထားတာတွေနဲ့ ဆန့်ကျင်တဲ့ အပေးအယူကို ပြုခဲ့ပါတော့တယ်။
၂၀၂၂ ယခုခေတ်မှာတော့ ဟာဂျာဆိုတဲ့ကောင်မလေးကလည်း အိမ်ထောင်မကျခင် ကလေးရသွားလို့ ကလေးအဖေဖြစ်သူ အာရှက်ဒ်နဲ့ အမြန်လက်ထပ်လိုက်ရသူပါ။သူတို့လင်မယားနှစ်ယောက် ကိုယ်လေးလက်ဝန်ကြီးနဲ့ အဘူမီရာတောင်ကုန်းက ဂျူနဲဒါး (သူတို့အခေါ် အမေဂျူ) တို့အိမ်ကို ရောက်လာခဲ့ပါတော့တယ်။လာခဲ့တဲ့အကြောင်းကလည်း ကလေးမွေးဖို့မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချဖို့အတွက်ပါ။
ဒီလိုနဲ့ ကိုယ်လေးလက်ဝန်နဲ့ ဟာဂျာတစ်ယောက် သူ့ကိုဂရုမစိုက်ပေးတဲ့ လင်ယောက်ျားရဲ့အထားခဲ့ခံရပြီး အမေဂျူနဲ့ရှိနေရတဲ့အချိန်မှာအရင်က အတိတ်ဆိုးတွေက အိပ်မက်တွေအနေနဲ့ ပိုပိုရောက်လာတဲ့အခါ…တစ်ဖက်မှာလည်း အမေဂျူက ဟာဂျာ့ကလေးကို မရအရယူဖို့ စိုင်းပြင်းနေတဲ့အခါ…
ဟာဂျာတစ်ယောက် လူတွေပျောက်တယ်လို့ နာမည်ကြီးတဲ့ အဘူမီရာတောင်ကုန်းမှာ ဘာတွေရင်ဆိုင်ရမလဲ?အတိတ်ဆိုးကို ကျော်ဖြတ်နိုင်ပါ့မလား?မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ခဲ့တဲ့ အမေဂျူရော သူလိုချင်တာ ရနိုင်ပါ့မလား?
IMDb 6/10 ရထားတဲ့ Horror ဇာတ်လမ်းမှာ ကြည့်ရှုပေးကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
The Devil’s Deception (2022)
⭐⁉️
🎬 #Horror #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Malaysia
⏰ 1 နာရီ 36 မိနစ် 42 စက္ကန့်

The Cases of Mystery Lane (2023)
⭐IMDB: 6.2/10 (426 Votes)
🎬 #Comedy #Drama #Mystery #Romance #TVMovie #Crime #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ –
Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။
Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့…
မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော…
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။