ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Pornstar 2 (2021) ⭐IMDB: 5.7/10 (314 Votes) 🎬 #Adult #Comedy 🗓 2021 🎞 movie 🌎 #Philippines ⏰ 1 နာရီ 36 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pornstar 2 (2021) သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်တယ် ဒုတိယပိုင်းပါ။ ပထမပိုင်းကိုတော့ဒီလင့်ကနေကြည့်နိုင်ပါတယ်။ ဆရာမကြီးလေးယောက် ပထမအစီအစဉ်က မအောင်မြင်တော့ အသစ်လေးတွေကို ပွဲထုတ်လာပါတယ်။ မင်းသမီးလက်သစ်လေးယောက်ကို သင်တန်းပေးကြမှာပါ။ ငမ်းစရာအရေအတွက်များလာတာပေါ့။ လာလာချင်းမှာတင် မျက်လုံးပြူးစရာတွေနဲ့ စကြိုမယ့် ဇာတ်ကားလေးပါ။ ပထမကားမှာတော့ ဇာတ်ကားရိုက်တဲ့အဆင့်ထိမရောက်လိုက်ပေမဲ့ ဒီကားမှာတော့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်လိုက်ပါတယ်။ သူတို့ရဲ့ ဖိလစ်ပိုင်အောလောကကို ပြန်အသက်သွင်းမယ့် ဒုတိယ စစ်ဆင်ရေးက အောင်မြင်မလားဆိုတာကို ကြည့်ရင်း အဖြေရှာလိုက်ကြရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို6 9မှ ပြန်ဆို ရေးသားထားပါတယ်)...

Danur 3: Sunyaruri (2019) ⭐IMDB: 5.1/10 (315 Votes) 🎬 #Horror 🗓 2019 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Danur 3 [2019] ( 5.1/10 IMDb) သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး…သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်….ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်…အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ…ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့…ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်…ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး…မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး…ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် မွေးနေ့ပွဲကျင်းပရင်းကသရဲလေးတွေ တောင်းဆိုတဲ့အရာကို အပြင်လူရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုပ်ပေးခဲ့ပါဘူး…အဲ့ဒါကပဲ သရဲမကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတော့တယ်….သရဲမက ဒီမတ်စ်ကို အနာတရဖြစ်အောင် လုပ်ခဲ့ပေမယ့် ရီဆာကတော့ သရဲလေးတွေ လက်ချက်လို့ တထစ်ချယုံကြည်ပြီး သူတို့တွေကို မုန်းတီးနေခဲ့ပါတော့တယ်…ဒီလိုနဲ့ပဲ ချစ်သူနဲ့ သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ရီဆာ၊သရဲမရဲ့ လှည့်စားမှုနဲ့ တတိယမျက်လုံးကို ပိတ်လိုက်မိတဲ့ ရီဆာ…တတိယမျက်လုံး မရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ပရိတ်သက်ကြီးတို့ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါတော့နော်...

Falling for You (2022) ⭐IMDB: 6.2/10 (21 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ လူတွေဆီကို ပျော်စရာ၊ရယ်စရာတွေယူဆောင်ပေးတဲ့ လူပြက်တစ်ယောက်ရဲ့ နောက်ကွယ်မှာရင်ဆိုင်ရတဲ့ဘဝအခက်အခဲတွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အတော်ရှားတဲ့ Coulrophobia လို့ခေါ်တဲ့ လူပြက်တွေကိုအလွန်အမင်းကြောက်တတ်တဲ့ရောဂါကိုလဲ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိုရမှာပါ။ ဒီဇာတ်ကားမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တဲ့ ဇာတ်ဝင်ခန်းများနဲ့ စကားလုံးများပါဝင်ပါတယ်။ လူပြက်လောကမှာ အကျော်အမော်တစ်ယောက်ဖြစ်ဖို့အရေး အပတ်တကုတ်ကြိုးစားနေရင်း အချစ်ဦးကထားသွားတာခံခဲ့ရတဲ့ အော်စကာတစ်ယောက် သူ့ရဲ့အိပ်မက်တွေကိုတကယ်ပဲအကောင်အထည်ဖော်နိုင်မှာလား။ ဟေဇယ်ကတော့ အိမ်ကနေပဲအလုပ်လုပ်တဲ့ အိမ်တွင်းပုန်းမလေးပါ။ လူပြက်တွေကိုကြောက်တတ်တဲ့စိတ်ဝေဒနာကြောင့် ဆရာဝန်ပါပြနေရတဲ့ဟေဇယ်တစ်ယောက် သူ့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ပါ့မလား။ ဟာသတွေ၊ပျော်စရာတွေကို ဘဝလို့ခံယူထားသူ အော်စကာနဲ့ ဟာသဉာဏ်မရှိသူ ခပ်အေးအေး ဟေဇယ်တို့နှစ်ဦး တိုက်ဆိုင်မှုတစ်ခုကြောင့်တွေ့ဖို့အကြောင်းဖန်လာတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမှာလဲ။ အော်စကာကရော သူ့ရဲ့ဘဝအမှန်ကိုဘယ်လောက်ထိဖုံးကွယ်ထားနိုင်မှာလဲ။ Budget အများကြီးမသုံးထားပေမယ့် ဟာသ၊ ဒရာမာနဲ့ အချစ် စတဲ့ရသတွေကို တစ်လှည့်စီခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...

Guiding Emily (2023) ⭐IMDB: 7.8/10 (485 Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...

Carjacked (2011) ⭐IMDB: 5.0/10 (4 k Votes) 🎬 #Crime #Thriller #Action #TVMovie 🗓 2011 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Carjacked (2011)============ ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ်ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လိုထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။ လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေးချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သားလေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့တယ်။ ရွိုင် ကလော်ရိန်းကို‌ခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါလော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ်‌မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...

Gadar: Ek Prem Katha (2001) ⭐TMDB: 68.0% User Score 🎬 #Action #Bollywood #Drama #Romance 🗓 2001 🎞 movie 🌎 #India ⏰ 3 နာရီ 02 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gadar: Ek Prem Katha (2001) IMDb-7.3/10 ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါ ဇာတ်လမ်းအညွှန်း 1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ်ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေအဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ် ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာအဆိုရူးလေးတာရာနဲ့ ဆာကီနာ‌တို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ… ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ် (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Talk to the Dead (2013) ⭐IMDB: 4.8/10 (160 Votes) 🎬 #Horror #Drama 🗓 2013 🎞 movie 🌎 #Japan #HongKong ⏰ 1 နာရီ 25 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။...

Wee Dragons (2018) ⭐IMDB: 3.1/10 (43 Votes) 🎬 #Animation #Fantasy 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wee Dragons (2018)================ နဂါးတိုင်းပြည်က မင်းသမီးခိုင်က တိုင်းပြည်မှာမနေဘဲ စွန့်စားခန်းထွက်ချင်တာပါတဲ့။ တစ်ဦးတည်းသောသမီးကို သည်းသည်းလှုပ်ချစ်တဲ့ ဘုရင်ကြီးကတော့ သူ့သမီးလေး တစ်ခုခုဖြစ်မှာ စိုးရိမ်နေပါတယ်။ တစ်နေ့တော့ ဘလစ်စတာဆိုတဲ့ နဂါးတစ်ကောင်က မန္တန်မှုတ်ပြီး စွမ်းအားကြီးနဂါးကို ပြုစားလိုက်ပါတယ်။ ဒီအကြောင်းကို ဘုရင်ကြီးဆီ သတင်းပို့လာတဲ့သူရှိပေမဲ့ ဘလစ်စတာ့ကို အထင်သေးတဲ့ ဘုရင်ကြီးက မဖြစ်နိုင်ဘူးဆိုပြီး လျှော့တွက်တာပေါ့။ ဒါပေမဲ့ ဘုရင်ကြီး အဖမ်းခံလိုက်ရတဲ့အခါ စွန့်စားရတာကြိုက်တဲ့ မင်းသမီးခိုင်တစ်ယောက် အခက်အခဲကြားကနေသူ့အဖေကို ဘယ်လိုကယ်မလဲ။ ဘယ်သူတွေက ကူညီပေးမလဲ။သူ့ဆန္ဒတွေရော ပြည့်လာပါ့မလား။ ကလေးကာတွန်းကားလေးကိုရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Tiger Running (2023) ⭐TMDB: 30.0% User Score 🎬 #Action #Comedy 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 46 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiger Running (2023) ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော် ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာတစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ် အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကိုကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါ ဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ် Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။...

The Russian Bride (2018) ⭐IMDB: 5.2/10 (4 k Votes) 🎬 #Horror #Thriller 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Russian Bride (2019)=================== ဆေးသမားရဲ့ မိန်းမဖြစ်ရတာ ဘယ်လောက်သနားဖို့ကောင်းမလဲ။ ဆေးသမားရဲ့ဆိုးမွေတွေကိုပဲ ထပ်တလဲလဲခံစားရတဲ့ သနားစရာ ရုရှားအမျိုးသမီးတစ်ဦး။တကယ်တော့ သားသမီးဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။ သားသမီးကိုဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်က ဘယ်လိုခံစားနေရမလဲ။ ငွေပုံပေါ်မှာထိုင်ပြီး မပျော်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ ငွေမရှိတဲ့ မျက်နှာမွဲဘဝမှာ ဒုက္ခရောက်ရလေသူ အမျိုးသမီးတစ်ဦး။ ရုရှားမတစ်ယောက် အမေရိကန်ကို လက်ထပ်ဗီဇာနဲ့ ရောက်လာတယ်။ သူနဲ့လက်ထပ်မယ့်သူက သူဌေးကြီး။ သူတို့က အွန်လိုင်းက ဖူးစာရှာရေးဝက်ဆိုက်ကနေတွေ့ကြတာ။ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ပါတယ်။ အမျိုးသားမှာ သားလေးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ဖူးစာက မရိုးရှင်းလှဘူးပေါ့လေ။ အမျိုးသမီးကငွေရှိတဲ့သူနဲ့လက်ထပ်ပြီး ဘဝထွက်ပေါက်ရှာသူဖြစ်သလို အမျိုးသားကလည်းအကြံအစည်နဲ့ လက်ထပ်ခဲ့သူပါ။ Horror ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း သတို့သမီးက အဲဒီအိမ်ကြီးထဲမှာ အသက်ရှင်ရေးအတွက် ရုန်းကန်ရဖို့ဖြစ်လာတယ်။ အနီးဆုံးအိမ်နီးချင်းက မိုင် ၂၀ အကွာမှာတဲ့။ သမီးတစ်ဖက်နဲ့ ရုရှားဂျက်မ ကြမ်းပြမယ့်ဇာတ်ကားပေါ့လေ။ သရဲလိုလိုမိစ္ဆာလိုလိုတွေလည်း ပါရဲ့ဗျာ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာမလို့ ကြည့်လိုက်ကြပါစို့ရဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...

Danur 2: Maddah (2018) ⭐IMDB: 5.2/10 (591 Votes) 🎬 #Horror 🗓 2018 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Danur 2 (2018) သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကိုရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ‌ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်‌ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီးဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲအိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။...

Danur (2017) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Horror #Mystery #Thriller 🗓 2017 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 15 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Danur (2017) ဒီတစ်ခေါက်ကိုတော့ ”Danur : I can See Ghosts ”ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါတစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ်အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူးRisa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ်Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲသူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။...

Joint Security Area (2000) ⭐TMDB: 79.0% User Score 🎬 #Action #Drama #Thriller #War 🗓 2000 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 48 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joint Security Area (2000) (အညွှန်း)========================= မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင်တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်းမြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးနှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလိုဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီးဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီးအမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ ..အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလားဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

The Asian Angel (2021) ⭐IMDB: 6.2/10 (49 Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Japan #SouthKorea ⏰ 2 နာရီ 9 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Asian Angel (2021) Aoki ဟာ အောင်မြင်မှုနဲ့ အလှမ်း​ေ၀းနေတဲ့ ဂျပန်နိုင်ငံသား ၀တ္ထုစာရေးဆရာတစ်ယောက်ဖြစ်ပြီးတရက်မှာတော့ သူ့အကိုဖြစ်သူရဲ့ ဆွယ်မှုကြောင့် ကိုးရီးယားကို သားဖြစ်သူနဲ့ ရောက်လာပါတယ်။ဆော ဟာလည်း အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီဥက္ကဌ ရဲ့ အနိုင်ကျင့် အမြတ်ထုတ်တာကိုခံနေရတဲ့ ကိုးရီးယားနိုင်ငံသူလေးဖြစ်ပြီး မောင်နဲ့ ညီမ အတွက် အလုပ်ကို အမြဲ ပင်ပန်းကြိုးစားနေရသူပါ။ တရက်မှာတော့ အစ်ကိုဖြစ်သူ က ပင်လယ်ကမ်းဘက် စီးပွားရေးလုပ်ဖို့အတွက် Aoki နဲ့ သူ့ကလေး လိုက်လာရင်းတဘက်မှာလည်း မိဘ သင်္ချိုင်းကန်တော့ဖို့ လာကြတဲ့ ဆော တို့ မောင်နှမတွေနဲ့ အမှတ်မထင် ကြုံလာခဲ့ပါတော့တယ်။ မတူညီတဲ့ ဘာသာစကားတွေပြောကြပေမယ့်လဲ အတိတ်ကတူညီတဲ့ အဖြစ်အပျက်တွေကြောင့်ကိုးရီးယားစကားမတတ်တဲ့ Aoki နဲ့ ဂျပန်စကားမတတ်တဲ့ ဆော တို့ ဘာဆက်ဖြစ်ကြမလဲ။ The Asian Angel (2021) ဟာ ၂ နာရီသာသာ ကြာမြင့်ပြီး drama အမျိုးအစားဖြစ်ပါတယ်။drama အခန်းတွေကြားမှာ ပြုံးရယ် မိစေမယ့် အခန်းတွေလဲ ပါတာမို့ ကြည့်ရှုကြပါဦးနော်။...

The Last Ride (2016) ⭐IMDB: 6.8/10 (129 Votes) 🎬 #Comedy 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 33 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Ride (2016) CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig’s Disease လို့ခေါ်တဲ့ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလမိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။ မင်းသားတွေကလည်း God’s Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan,Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီးBox Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ (စကားလုံးတွေ အပြုအမူတွေကြမ်းတမ်းတာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်လျော်ပါကြောင်း) အညွှန်းနဲ့ဘာသာပြန်ကတော့Mr.Kaungပဲဖြစ်ပါတယ်...

Hello Ghost (2023) ⭐IMDB: 6.5/10 (166 Votes) 🎬 #Comedy #Drama #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hello Ghos (2023) လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့်ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ…မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီးအဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲသူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။...

Tebus the Movie (2023) ⭐TMDB: 0.0% User Score 🎬 #Action #Romance 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 55 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tebus (2023) အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူ‌ဌေးသမီးတစ်ဦးပေါ့။ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။ အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာကအန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့်ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာအကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကိုစိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

Kishibe Rohan Rûvuru e iku (2023) ⭐IMDB: 6.7/10 (96 Votes) 🎬 #Adventure #Drama #Fantasy #Mystery #Action #Horror 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rohan at the Louvre (2023) ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား?Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။...

What If (2023) ⭐IMDB: 4.1/10 (109 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 52 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What If (2023) ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီးဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊အသက်မွေးဝမ်းကျောင်း၊ မနာလိုမှု‌တွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။ သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။...

Face Off 6: The Ticket of Destiny (2023) ⭐IMDB: 6.5/10 (172 Votes) 🎬 #Action #Drama 🗓 2023 🎞 movie 🌎 #Vietnam ⏰ 2 နာရီ 11 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Face off 6 : The Ticket of Destiny (2023) Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။ သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ဒီထီလက်မှတ်ကိုတော့ အဖွဲ့ထဲက ရိုးသားကြိုးစားတဲ့ လူရိုးကြီးအန်ကို သိမ်းထားခိုင်းပါတယ်။ ဖြစ်ချင်တော့ အန်တစ်ယောက် မတော်တဆမှုနဲ့ ဆုံးပါးသွားပြီး အန်သိမ်းထားတဲ့ ထီလက်မှတ်ကလည်း Jackpotဆုကြီးပေါက်သွားချိန်မှာတော့….ဖြူစင်ပါတယ် ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ဆက်ဆံရေးကြားမှာ ငွေဆိုတဲ့မုန်တိုင်းဝင်လာချိန်မှာတော့ ဘယ်လိုသရုပ်မှန်တွေပေါ်လာကြမလဲ။ပျောက်ဆုံးနေတဲ့ထီလက်မှတ်ကိုရှာရင်းနဲ့ ဘာပြဿနာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်း ပဟေဠိ အဖြေညှိလိုက်ရအောင်ပါ။...