ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
https://m.media-amazon.com/images/M/MV5BMWZlYmI2NzYtOWQwOC00ZjNhLWJkNjAtOGI2NzA1NTk4NWRiXkEyXkFqcGdeQXVyOTQ5MjQwNDc@._V1_FMjpg_UX1000_.jpg Ur spår (2022) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Sweden ⏰ 1 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Off Track (2022) ~ IMDb rating – 6.1/10 ~ ကလေးတစ်ယောက်မိခင် လီဆာဟာ စံထားရလောက်တဲ့ မိခင်တစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ ဘဝကို ရေလိုက်ငါးလိုက်ဖြတ်သန်းနေတဲ့၊ အလုပ်မရှိအကိုင်မရှိ အချိန်ပြည့် အရက်ပဲသောက်နေတဲ့ လမ်းဆုံးလုနီးပါး အမျိုးသမီးတစ်ယောက်ပေါ့။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဒန်နီယမ်ပါ။ သူကတော့ အသက်လတ်ပိုင်းအရွယ် အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဘဝရည်မှန်းချက်ကြီးသူ… အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သူဟာ ကီလိုမီတာ ၉၀ တာအဝေးရှိတဲ့ ဗာဆာနှင်းလျှောစီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့နှင်းလျှောစီးသူ တစ်ယောက်ပါ။ ဒန်နီယမ်ဟာ ညီမဖြစ်သူ လီဆာ ဒုက္ခရောက်တိုင်းလည်း ကူညီရသူပါ။ တစ်နေ့တော့ အိမ်ပေါ်ကို ၃ လလောက်‌ ခေါ်တင်ထားရမယ့်အခြေအနေထိ ရောက်လာပါတယ်။ ဒီလိုနဲ့ ဒန်နီယမ်ဟာ မှိုင်တွေနေတဲ့ သူ့ညီမကို စိတ်ပြေလက်ပျောက် နှင်းလျှောစီးခေါ်သွားခဲ့ပါတယ်။ အစကတော့ လီဆာဟာ ဒီအားကစားကို တစ်စက်လေးမှ စိတ်မဝင်စားခဲ့ပါဘူး။ သို့ပေမယ့် သမီးဖြစ်သူ အယ်ဗီရာက ဒါကို သဘောကျမှန်း သိလိုက်ရတဲ့အခါမှာ သားသမီးရဲ့ အသိအမှတ်ပြုမှုကို ရချင်နေတဲ့ မိခင်တစ်ယောက်တဲ့ စိတ်ဓာတ်တို့ ဟုန်ကြွလာပြီး လီဆာဟာ ဗာဆာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်… အချိန် ၃ လပဲလိုတော့တဲ့ ဒီပြိုင်ပွဲအတွက် အစ်ကိုဖြစ်သူရဲ့ အကူအညီကို ရယူရင်း လီဆာတစ်ယောက် သူ့ရဲ့ ပန်းတိုင်ကို ရောက်နိုင်ပါ့မလား… ဆက်သာကြည့်လိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAct Molemy,JoJoVaနဲ့Thet Hnin Hsuတို့မှ ပြန်ဆို ရေးသားထားပါတယ်)

https://goldchannel.net/wp-content/uploads/2022/12/v9BqJthCpaSwFhngvDDbs2nOACD-197x300.jpg Executioner’s Strange Talk ⭐IMDB: ⁉️ 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 ⁉️️ ⏰ 1 နာရီ 20 မိနစ် 14 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Executioner’s Strange Talk (2022)ဇာတ်လမ်း အကျဉ်းလေးကတော့ Xie Qi ဆိုသူက အကျဉ်းသား အမျိုးသမီး တစ်ဦးကို မွန်းတည့် ၃နာရီတွင် သတ်ဖြတ်လိုက်ရာမှ….လက်စားချေရန် ပြန်လာမည့် အမျိုးသမီး သရဲတစ္ဆေတစ်ဦး နဲ့ ဘယ်လိုရင်ဆိုင်ရမလဲ…မြို့သူမြို့သားများကလဲ မကောင်းမှုဖြစ်ရပ်များဖြစ်လာသည့်အတွက် အလွန်အမင်းစိတ်ဆိုးကြပြီး Xie Qi ကိုအပြစ်တင်ကြရာမှ… သရဲမိစ္ဆာများနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ဆက်လက်ပြီး ခံစားပေးပါဦးTranslated & Encoded by AMO

https://image.tmdb.org/t/p/original/z6Ay2MUXLo3vLhp1KB0aY6hix8A.jpg Bosch & Rockit (2022) ⭐IMDB: 6.1/10 (277 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Australia ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Bosch & Rockit (2022)ဘော့ချီဆိုတာ မူးယစ်ဆေးရောင်း လူလိမ်လုပ် မကောင်းတာမှန်သမျှလုပ်တဲ့အပြင် သူငယ်ချင်း ရဲအရာရှိကာဗာနဲ့ မကောင်းမှုမှန်သမျှ အမျိုးမျိုးလုပ်နေတဲ့သူပေါ့…သူ့မှာ ရော့ကစ်ဆိုတဲ့ လှိုင်းစီးရတာ အရမ်းကြိုက်တဲ့ သားတစ်ယောက်လဲ ရှိပါတယ်..တစ်နေ့တော့ တောမီးကြောင့် ဘော့ချီရဲ့ ဆေးစိုက်ခင်းကို ရဲတွေတွေ့သွားပြီး ဖမ်းခံရဖို့ဖြစ်လာလို့ ထွက်ပြေးကြတဲ့အခါ …ရော့ကစ်ကိုလဲ သူ့အမေဆီပြန်ပို့ဖို့ဖြစ်လာတဲ့အခါ..ဘော့ချီရော ဘယ်လိုဖြစ်သွားမလဲ ရော့ကစ်တယောက်ရော အမေနဲ့အဆင်ပြေမလား သူတို့သားအဖနှစ်ယောက်ရဲ့ဇာတ်လမ်း ဘယ်လိုဆုံးသွားမလဲဆိုတာတော့ GC ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။Translated and Reviewed by DoHsuHsuEncoded by Hubin

https://image.tmdb.org/t/p/original/7GdI2d330vgaNHdqOv3gbsK562E.jpg Young Adult Matters (2021) ⭐IMDB: 5.8/10 (354 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 South Korea ⏰ 2 နာရီ 08 မိနစ် 09 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Young Adult Matters (2020)ဒီကားထဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်တဲ့သူကတော့Squid Game နဲ့နာမည်တော်တော်ကြီးသွားတဲ့ Lee Yoo Mi ပါဒီကားမှာပဲ သူမဟာ ဆုသုံးဆုတောင်ထပ်ရသွားပါသေးတယ်ကိုရီးယားက လက်ရှိလူငယ်တွေရင်ဆိုင်နေရတာကိုလက်တွေ့ကျကျအတွင်းကျကျနဲ့ အသေးစိတ်ရိုက်ပြထားတဲ့အတွက်တော်တော်လေးချီးကျုးခံခဲ့ရပြီးလူငယ်တွေရင်ထဲထိခဲ့တဲ့ကားတစ်ကားလို့ပြောရမှာပါ အသေးစိတ်အတွင်းကျကျဆိုသလိုပဲအဆဲအဆို အဖေါ်အချွတ်တွေအများအပြားပါတာမို့လို့လဲဝေဖန်ခံခဲ့ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ဆဲဂျင်းဆိုတဲ့ကလေးမလေးဟာကျောင်းကဆရာနဲ့ကိုယ်ဝန်ရပြီးတော့လူကြီးတွေက ကိုယ့်နာမည်မထိခိုက်ပြီးရောဆိုပြီး စာချုပ်တစ်စောင်နဲ့ပထုတ်တာခံလိုက်ရပြီးအိမ်ကထွက်ပြေးရင်း ကိုယ်ဝန်ဖျက်ချဖို့ပိုက်ဆံလိုက်ရှာရာက ဂျုယောင်းနဲ့တွေ့ပြီးမဟုတ်တာရောဟုတ်တာရောလုပ်မိပါတော့တယ် မဟုတ်တာဆိုတဲ့အမျိုးကတစ်ခုပဲလုပ်ပေမယ့်နောက်ဆက်တွဲက အတွဲလိုက်ပါလာတာမျိုးဆိုတော့ကိုယ်ဝန်ဖျက်ချဖို့လုပ်ရာက ပိုဆိုးတာတွေပါလုပ်မိပါလေရောသူ့ရဲ့ဆိုးဝါးတဲ့ဘဝကြီးကနေ လွတ်မြောက်နိုင်မလားဆိုတာဒေါင်းပြီးတော့ကြည့်လိုက်ပါဦးနော်R Rated ပေးထားတာမို့ အဆဲအဆို အရိုက်အနှက် အဖေါ်အချွတ်တွေနဲ့ကြမ်းတမ်းတဲ့ရိုက်ချက်တွေပါတယ်ဆိုတာကိုတော့ ကြိုသတိပေးထားပါရစေTranslated and Reviewed by ThinzarEncoded by Siran

https://m.media-amazon.com/images/M/MV5BMDMyNTRlZTQtODQ4Mi00NzdiLWFmOTAtN2Y5MjRjZjUwYTNmXkEyXkFqcGdeQXVyNTE4NDk0NQ@@._V1_FMjpg_UX1000_.jpg Game Changer (2021) ⭐IMDB: 4.3/10 (125 Votes) 🎬 #Comedy #Crime #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Thailand ⏰ 1 နာရီ 41 မိနစ် 56 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Game Changer (2021)IMdb မှာ rating 4.3 ရထားတဲ့ Thai ( Comedy, Crime ) ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်မြို့ပြတစ်ခုရဲ့ နာမည်ကြီး မာဖီးယားဂိုဏ်းအဖွဲ့ရဲ့ သူဌေး ဆုံးသွားရာမှ အစပြုထားတဲ့ဇာတ်ကားလေးဖြစ်ပြီး….သူဌေးရဲ့လက်ထောက်လေးယောက်မှ သူဌေးသေဆုံးမှုအား တခြားအဖွဲ့များ မသိစေရန် ဖုံးကွယ်ခဲ့ရာ….လေးယောက်သားရှေ့ဆက်လျှောက်ရမဲ့ ခရီးမှာ ဘယ်လို ဂိမ်း ကစားပွဲတွေနဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီး သူဌေးရဲ့နောက်ဆုံး ဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးမလဲဆိုတာ…..Translated & Encoded by AMO

https://channelmyanmar.org/wp-content/uploads/2022/12/R3x5of.jpg [+18]My Girlfriend is 20 Years Old (2019) ⭐IMDB: ⁉️ 🎬 #Adult #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 ⁉️ ⏰ 1 နာရီ 00 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************************** အသက်အရွယ်ကွာခြားပြီး ငယ်ရွယ်လွန်းတဲ့ကောင်မလေးကို ချစ်သူတော်ထားရတဲ့ ချာချင်ဝူးဆိုသော လူလတ်ပိုင်းအရွယ် တစ်ယောက်ရှိတယ်… ၂ယောက်ဘဝတစ်ခုကိုဖြတ်သန်းဖို့အတွက် မရင့်ကျက်မှုတွေက ဆူးညှောင့်ခလုတ်တွေလိုဖြစ်နေတယ်.. ဒီအခြေအနေကိုကျော်လွှားဖို့ ချစ်သူ (၂)  ဦး ကြိုးစားအားထုတ်ပါတော့တယ်.. မင်းသမီးအချောလေးတွေပါတဲ့အပြင် ခပ်ကြမ်းကြမ်းအချစ်ခန်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…

https://m.media-amazon.com/images/M/MV5BNmQxZDNjYjUtZGU5MC00ZTI0LWIyMTAtMmJjODJiNjQzODkzXkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg Dear Nathan: Thank You Salma (2022) ⭐IMDB: 7.2/10 (147 Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 53 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear Nathan Thank You Salma (2022)IMDb 7.2နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် ”ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲ ဒီအချိန်ကြီးသွားတာကိုး’ စသဖြင့် ‘လဲ’ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာကထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ် တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီးပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကိုဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်

https://m.media-amazon.com/images/M/MV5BNTFiNWZiMWYtMWI3MS00NTUzLWFjZjQtOWU1ODQ2YzVkMjZhXkEyXkFqcGdeQXVyMjkwOTAyMDU@._V1_FMjpg_UX1000_.jpg Echo 3 (2022- ) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Action #Drama #Thriller 🗓️ 2022- 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 47 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Echo 3 (2022)Echo 3 (2022)Apple Tv+ ကနေ အသစ်ထပ်မံထွက်ရှိလာတဲ့ Thriller ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တစ်ပတ်ကို တစ်ပိုင်း ထွက်ရှိသွားမှာဖြစ်တဲ့ Series တစ်ခုပါ။ အပိုင်း ၁၀ ပိုင်း ရှိမှာဖြစ်မှာသလို အပတ်စဉ်တင်ဆက်ပေးသွားမှာပါ။ Apple Tv+ က ဖြစ်တာမို့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာသလို ဘတ်ဂျက်လည်း ထိုက်သင့်သလောက် အသုံးပြုထားတာမို့ အထူးပြုလုပ်ချက်တွေ၊ ဆက်တင်တွေဟာ ကြည့်လို့ကောင်းပါတယ်။ အမ်ဘာဟာ စွဲလန်းစိတ်ကို သုတေသနပြုလုပ်နေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ အမ်ဘာ့မှာ အဲလက်စ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်။ အဲလက်စ်ဟာဆိုရင် အမေရိကန်စစ်တပ်က စစ်သားဖြစ်ပြီးတော့ အမ်ဘာ့ရဲ့ ယောကျ်ားဖြစ်သူ ပရင့် ဟာလည်း အဲလက်စ်နဲ့ တပ်ဖွဲ့အတူတူမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ။ အမ်ဘာဟာ သူ့ရဲ့ သုတေသနအတွက် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နယ်စပ်ကို ခရီးထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေခံ ပျောက်ကြားတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အမ်ဘာဟာ ကျောင်းစရိတ်ရအောင်လို့ စီအိုင်အေအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။ အဲမှာ ခင်ပွန်းဖြစ်သူ ပရင့်နဲ့ အစ်ကိုဖြစ်သူ အဲလက်စ်တို့ဟာ အမ်ဘာကို ကိုယ်တိုင်လိုက်ကယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။လျှို့ဝှက်စစ်ပွဲနောက်ခံပြု စစ်ဆင်ရေးကို ရိုက်ကူးထားတဲ့ အက်ရှင် ဇာတ်လမ်းတွဲဖြစ်တာမို့ စစ်ကားကြိုက်သူတွေ အက်ရှင် ကြိုက်သူတွေ အချိန်ပေးကြည့်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre….. Drama, Action & Adevneture

https://m.media-amazon.com/images/M/MV5BN2YxNDk4ZTgtY2Y1MC00OWQ5LTkxMjgtNzg2NGYwMDA2MjU2XkEyXkFqcGdeQXVyMTEyMjM2NDc2._V1_FMjpg_UX1000_.jpg Wayne (2019-2019) ⭐IMDB: 8.4/10 (16 k Votes) 🎬 #Action #Comedy 🗓️ 2019-2019 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 35 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wayne (2019) CompleteWayne 2019IMDb – 84 % , RT Rating 100% Now we’re talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ အဖေရဲ့ကားအလန်းစားလေးပြန်ယူလာဖို့ ဖလော်ရီထိ ဒယ်လိုင်လာလေးနဲ့အတူ ခရီးနှင်လာပါတော့တယ်။ သူတို့၂ယောက်ကို ဖလော်ရီဒါထိ လမ်းခရီးအဝေးကြီးကို ၂ယောက်သားဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ဝိန်းတစ်ယောက် ဘယ်လိုတွေကြမ်းမလဲ ဆိုတာ အားပါးတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Comedy Action ဖြစ်လို့ ဟာသလေးတွေနှောပြီး actionလေးတွေ dramaလေးတွေ romanticဆန်ကြတာလေးတွေကိုကြည့်ရမှာဖြစ်ပါတယ်။ Actionတွေကလည်း တော်တော်ကြီးကိုကြမ်းပြီး Comedyက cringe မဖြစ်ပဲ သူ့ဟာနဲ့သူကိုရယ်နေရပါတယ်။ ရည်းစားရှိတဲ့လူတွေကတော့ ရည်းစားလက်ကလေးကိုင်ရင်း ကြည့်ပြီး ရည်းစားမရှိတဲ့လူတွေကတော့ ဖက်ခေါင်းအုံးလေးဖက်ပြီးကြည့်ကြပေါ့လေ ။ ဇာတ်လမ်းဇာတ်ရှိန်ကလည်း ကောင်းပြီး မပျင်းရတဲ့ series လေးမို့ ကြည့်ရှု့ဖို့တိုက်တွန်းပါတယ် ။အညွှန်းနဲ့ဘာသာပြန် – Minn Khant Kyi WinFile Size – 500MB / 250MBQuality –1080p WEB DL  / 720p Duration – 35minsTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , Action & Adventure , Comedy

https://m.media-amazon.com/images/M/MV5BOWU2MWVhYjQtNjBiMy00ZTEwLWE5NDctZTZiNjEwZTc3YWZhXkEyXkFqcGdeQXVyODIwMDI1NjM@._V1_FMjpg_UX1000_.jpg 24 (2016) ⭐IMDB: 7.9/10 (23 k Votes) 🎬 #Action #Bollywood #Comedy #Drama 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 India ⏰ 2 နာရီ 44 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 24 (2016)Action, Comedy, DramaIMDb 7.9/10 (23K) အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာသုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကဲ အခု ဇာတ်လမ်းကိုသွားမယ်။ စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကိုခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။ အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။ စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။ အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာစည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ရောက်လာခဲ့ပါပြီ။ ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကိုမျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ညွှန်းဆိုပေးလိုက်ပါတယ်နော်။

https://m.media-amazon.com/images/M/MV5BOWU2MWVhYjQtNjBiMy00ZTEwLWE5NDctZTZiNjEwZTc3YWZhXkEyXkFqcGdeQXVyODIwMDI1NjM@._V1_FMjpg_UX1000_.jpg 24 (2016) ⭐IMDB: 7.9/10 (23 k Votes) 🎬 #Action #Bollywood #Comedy #Drama 🗓️ 2016 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 44 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 24 (2016)Action, Comedy, DramaIMDb 7.9/10 (23K) အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာသုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကဲ အခု ဇာတ်လမ်းကိုသွားမယ်။ စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကိုခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။ အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။ စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။ အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာစည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ရောက်လာခဲ့ပါပြီ။ ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကိုမျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ညွှန်းဆိုပေးလိုက်ပါတယ်နော်။

https://image.tmdb.org/t/p/original/kvBssfP0aqEAwdlpruZQ8Uz0Amr.jpg Eagle Wings (2021) ⭐IMDB: 5.7/10 (353 Votes) 🎬 #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Nigeria ⏰ 2 နာရီ 01 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ဖားထားတဲ့ ရုပ်ရှင်ဆိုတော့ အဲဒီလို ငဖားရုပ်ရှင်တွေ ထုံးစံအတိုင်း အကုန်လုံးက တလွဲတွေချည်းပဲ။ သရုပ်ဆောင်တွေဆို လူသေကို ပါးရိုက်ပြီး စကားပြောခိုင်းတာမှ သူတို့ထက် အသက်ပါဦးမယ်။ Effect လား။ မျက်နှာကို အဖတ်ကြီးလာကပ်သလို ဖတ်ကနဲ ဖြစ်သွားမယ်။ Dialogue တွေဆို အင်မတိအင်မတန်ကို ဖားလို့ကောင်းတဲ့ စကားလုံးတွေကို တန်းစီပြီး ဖြတ်ညှပ်ကပ်ထားတာကလွဲရင် နေကောင်းလား စားပြီးပြီလားလောက်ကို လေးခေါက်လောက်ပြောတာတွေပဲပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ကြည့်ရမှာလဲလို့မေးရင်တော့ ဆဲလို့ကောင်းလို့ပါ။ တော်တော်လေးကို ခံစားချက်နဲ့တိုက်ဆိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်။ဒေါသထွက်နေပြီး ဘာကိုဆဲလို့ဆဲရမလဲမသိဖြစ်နေသူများအတွက် အရမ်းကြည့်သင့်တဲ့ကားပါလို့ ပြောချင်ပါတယ်။

https://m.media-amazon.com/images/M/MV5BMTQyYzM4ZTktNTExOS00ZmJkLTk3YTMtYWY3YmM2NzFmMjE5XkEyXkFqcGdeQXVyOTI2MjI5MQ@@._V1_FMjpg_UX1000_.jpg A Woman Called Sada Abe (1975) ⭐IMDB: 6.1/10 (566 Votes) 🎬 #Adult #Biography #Drama 🗓️ 1975 🎞️ Movie 📺 1080p FHD 🌎 Japan ⏰ 1 နာရီ 17 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *********************************** အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊ တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာ သူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။ တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ

https://m.media-amazon.com/images/M/MV5BZGM4Y2IwMDMtZjE0Ni00OThkLThjMzktOGRhMDUxMzdhZmE5XkEyXkFqcGdeQXVyMTUxNjEwNzg4._V1_FMjpg_UX1000_.jpg The Amazing Maurice (2022) ⭐IMDB: 6.4/10 (720 Votes) 🎬 #Adventure #Animation #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States, United Kingdom, Germany ⏰ 1 နာရီ 29 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Amazing Maurice (2022)=====================IMDb Rating – 6.4/10 ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေးတွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် ‌စကားပြောတတ်တဲ့ မော်ရိစ်ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြတယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင်ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာအအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရော‌က်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်းစိုးရိမ်ကြတယ်။ အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီး‌အနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piperပု‌လွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက်လူတွေပိုက်ဆံတွေပေးကြတယ်။ ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီးမြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက်ရှာတဲ့အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwinဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BNDJmMzc1NzItNDQzYi00Nzk3LTg2NWYtMGRkNTM4MWIyMmU5XkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg Scrooge: A Christmas Carol (2022) ⭐IMDB: 6.2/10 (5 k Votes) 🎬 #Adventure #Animation #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United Kingdom ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် “အက်ဘီနီဇာစကရုချ်”..အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့…

https://m.media-amazon.com/images/M/MV5BNDJmMzc1NzItNDQzYi00Nzk3LTg2NWYtMGRkNTM4MWIyMmU5XkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg Scrooge: A Christmas Carol (2022) ⭐IMDB: 6.2/10 (5 k Votes) 🎬 #Adventure #Animation #Comedy 🗓️ 2022 🎞️ Movie 📺 720p HD 🌎 United Kingdom ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် “အက်ဘီနီဇာစကရုချ်”..အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့…

https://m.media-amazon.com/images/M/MV5BODc2MmI5ODAtOWI0Zi00ZGY4LTgxZjgtYzY0NWVhMDVmMWY2XkEyXkFqcGdeQXVyNDY5MjMyNTg@._V1_FMjpg_UX1000_.jpg Mr. Queen (2020-2021) ⭐IMDB: 8.7/10 (6 k Votes) 🎬 #Comedy #Fantasy #Romance 🗓️ 2020-2021 🎞️ tv series 📺 720p HD 🌎 South Korea ⏰ 1 နာရီ 08 မိနစ် 25 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mr. Queen(2020)Mr. Queen(2020)ဇာတ်လမ်းတွဲအညွှန်း********************************** (1-20) အစ-ဆုံး ဇစ်ဖိုင် + Special Episode 01+02အပြင်ပန်းက နူးညံ့သိမ်မွေ့ပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုဆွန်း​​ခေတ်မင်း​ကြီး Cheoljong (Kim Jung-Hyun) ဟာ ရုပ်ပြဘုရင်လိုဖြစ်နေပေမယ့် တကယ်တမ်းကျတော့ သန်မာတဲ့ပုံစံကို ဖုံးကွယ်ထားတဲ့ လျို့ဝှက်ပေါင်းများစွာနဲ့ ဘုရင်တစ်ယောက်ဖြစ်ပါတယ်။ မင်းကြီး Cheoljong ရုပ်ပြဘုရင်သက်သက်ဖြစ်​နေရတဲ့အကြောင်းရင်းကတော့ ဘုရင်မ Sunwon (Bae Jong-Ok)ကြောင့်ဖြစ်ပါတယ်။ သူမက​နတ်ရွာစံသွားတဲ့ဘုရင် Sunho ရဲ့မိဖုရားတော်ဖြစ်ပြီး တိုင်းပြည်ရဲ့အခွင့်အာဏာတွေကိုကိုင််တွယ်ထားတဲ့သူဖြစ်ပါတယ်။တစ်ရက်မှာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့် ဒီဘက်ခေတ်သမ္မတအိမ်ပြာတော်မှာ စားဖိုမှူးလုပ်​နေတဲ့ Jang Bong-Hwan ဆိုတဲ့ကောင်လေးရဲ့ဝိညာဥ်က ဂျိုဆွန်းခေတ်မိဖုရား Kim So-Young (Shin Hye-Sun) ကိုယ်ထဲကိုရောက်သွားခဲ့ပါတယ်။ဒီတော့ယောက်ျားစိတ်ပေါက်နေတဲ့မိဖုရားနဲ့လျှို့ဝှက်ချက်များတဲ့မင်းကြီးတို့ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး ရယ်ရဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး…..ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်….Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- Drama, Comedy, Sci-Fi & Fantasy

https://image.tmdb.org/t/p/original/gz1JOeHEPYfMQDbJdEDfUCAylVX.jpg Lover of the Last Empress (1995) ⭐IMDB: 5.6/10 (308 Votes) 🎬 #Adult #Drama #History 🗓️ 1995 🎞️ Movie 📺 1080p FHD 🌎 Hong Kong ⏰ 1 နာရီ 35 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lover of the Last Empress (1994) Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ဖလင်ပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု Lover of the Last Empress ကားကလည်း Category III films အမျိုးအစားထဲပါပြီး မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်တဲ့ အခန်းတွေလည်း မနည်းပါဝင်ပါတယ်။ သူရိုက်ဖူးသမျှကားတွေထဲ အကြမ်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။ မင်းသားတွေကတော့ ဘစ်တိုနီလို့သိကြတဲ့ တိုနီလျောင်ခဖိုင်နဲ့ ဂျက်ကီချမ်းရဲ့ Shanghai Noon ထဲပါဖူးတဲ့ Rongguang Yu တို့တွေပါ။ CateIII ကားပေမဲ့ အဘက်ဘက်က တော်တော်လေး လန်ထွက်နေသလို Chingmy Yau ရဲ့ ကိုယ်ကာယအလှတွေကိုလည်း တဝကြီးရှုစားရမယ့် ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ နာမည်ကြီးမင်းသမီးဖြစ်ပြီး ဘာလို့ ဒီလိုရိုက်လဲတော့ မမေးကြပါနဲ့။ ဂျက်ကီချမ်းတောင် CateIII ကားတွေ ရိုက်တဲ့ဘဝကနေ ဒီအထိတက်လာခဲ့တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNmI0ZGE2YzgtODQ4Zi00ZjBhLTgxYmMtNWYzMzE5MWNhMWRhXkEyXkFqcGdeQXVyMTA0MjU0Ng@@._V1_FMjpg_UX1000_.jpg Dragonflies (2022) ⭐IMDB: 5.4/10 (93 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Spain ⏰ 1 နာရီ 43 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Libélulas (2022)============ ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလိုဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကိုပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကိုကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ်အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီးကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်းရပါတယ်။ တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ်ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦးမလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Laiဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/ga8R3OiOMMgSvZ4cOj8x7prUNYZ.jpg Roald Dahl's Matilda the Musical (2022) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Comedy #Drama #Family 🗓️ 2022 🎞️ movie 📺 1080p FHD 🌎 United Kingdom ⏰ 32 မိနစ် 40 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Ronald Dahl’s Matilda the Musical (2022)ဒီကားလေးကတော့ Netflix ကထွက်လာတဲ့ Musical ကားလေးတစ်ကားပါပြီးတော့ ဇာတ်ဆောင်ကကလေးမလေးမို့လို့ကလေးလေးတွေကြည့်ရရင်ပျော်သွားမှာပါMusical ကားဆိုတဲ့အတိုင်းပဲ သီချင်းတွေ ၁၄ပုဒ်လောက်တောင်ပါတာမို့လို့ပျော်ပျော်ကြီးကိုနားထောင်ရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ကလေးမလိုချင်ပဲရလာတဲ့ ဝမ်းဝုဒ်လင်မယားဟာ သူတို့သမီးလေးကို သမီးလို့ကိုမသတ်မှတ်ထားပါဘူး.ကလေးမလေးဟာ အရမ်းဉာဏ်ကောင်းပြီးထက်မြက်ပေမယ့်လို့အိမ်မှာတော့ အနှိမ်ခံလေးပေါ့ကလေးမလေးဟာ စာဖတ်ရတာကိုပျော်ပြီးသူ့ဘာသာဇာတ်လမ်းတွေလည်းဖန်တီးတတ်တယ် သူစာအုပ်သွားသွားဌားဖတ်တဲ့စာကြည့်တိုက်ကအဒေါ်ကြီးဆိုရင်သူ့ပရိတ်သတ်တောင်ဖြစ်နေပြီပေါ့ဒီလိုနဲ့သူဟာကျောင်းတက်ရဖို့ဖြစ်လာတာပေါ့အိမ်မှာအနှိမ်ခံရတဲ့ကောင်မလေးဟာကျောင်းတက်ရင်ရော အနှိမ်ခံရဦးမလားဉာဏ်ကောင်းတဲ့သူမကရော ဘယ်လိုတွေတွန်းလှန်မလဲအနိုင်ကျင့်ပဲခံရမလား ပြန်ပဲအနိုင်ကျင့်လွှတ်မလား ဆိုတာစိတ်ဝင်တစားနဲ့ ကလေးလေးတွေသရုပ်ဆောင်ထားတာဖြစ်လို့ချစ်စရာကောင်းစွာနဲ့ကြည့်နိုင်မှာပါလွယ်ကူရိုးရှင်းတဲ့ဗြိတိသျှလေယူလေသိမ်း အင်္ဂလိပ်စကားပြောတွေကြောင့်ရုပ်ရှင်ကြည့်ရင်းစာသင်ပေးချင်တဲ့ ဖေဖေမေမေတို့အတွက်လည်းအဆင်ပြေတဲ့ကားလေးတစ်ကားဖြစ်မှာပါပြောနေတာကြာပါတယ် ဒေါင်းသာကြည့်လိုက်ကြပါတော့နော်Translate နဲ့ Review ကို ThinZar မှရေးပေးထားပါတယ်Encoded by Siran