ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Lost Horizon (1937) ⭐TMDB: 70% User Score 🎬 #Adventure #Drama #Fantasy #Mystery #Romance 🗓 1937 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က...

Jatt & Juliet 3 (2024) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jatt & Juliet 3 2024 ချစ်ရတဲ့မမ IMDb -5.8/10 Blu rayရဲ့ ပထမဆုံး ပန်ချာပီရုပ်ရှင်ဖြစ်လာသလိုအအောင်မြင်ဆုံးပန်ချာပီRom-comတစ်ကားဖြစ်တဲ့Jatt & Juliet 3 ထပ်မံထွက်ရှိလာပါပြီ။ဒီတစ်ခါမှာတော့ ရှေ့နှစ်ကားလို ကနေဒါမဖူးစာပဲယူကေမှာ မစ်ရှင်လုပ်မယ့် မမနဲ့မောင်စုံတွဲကိုမြင်ရမှာပါ။ ကိုယ့်ထက်ရာထူးကြီးတဲ့ စီနီယာမမကိုမှ အပိုင်ကြံချင်တဲ့ကောင်ဇိုးလေးအရာရှိလက်သစ်လေးနဲ့ ကိုယ့်ကိုနာခံတဲ့အငယ်လေးကိုမှလိုချင်တဲ့ စီနီယာအရာရှိချုပ်မမသူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရေလာမြောင်းပေးလုပ်ရင်းပင်လယ်ကြီးဖြစ်လာချိန်မှာမှ ယူကေမှာ မစ်ရှင်လုပ်ရဖို့ အကြောင်းဖန်လာချိန်မှာတော့အလွဲလေးများနဲ့ မောင်နဲ့မမတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြပါဦးခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

Parshawan - Punjabi Movie (2024) ⭐IMDB: 6.8/10 (9 Votes) 🎬 #Bollywood #Mystery #Drama #Crime 🗓 2024 🎞 tv movie 🌎 #India ⏰ 1 နာရီ 26 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Parshawan2024 (ညီအစ်ကို ချစ်သံယောဇဉ်) ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီးအရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက်စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်းမရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီးအစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက်အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာမရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူကမီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ …….ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား ……ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား …..ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V~ Alex ဖြစ်ပါတယ်)
...

Charisma (1999) ⭐TMDB: 66% User Score 🎬 #Drama #Mystery #Thriller 🗓 1999 🎞 movie 🌎 #Japan ⏰ 1 နာရီ 43 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Charisma (1999) ~ IMDb – 6.8/10, Rotten Tomatoes – 76% ~ ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။နှစ်မျိုးစလုံးကို ကယ်မှာလား။နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။ အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ဂျပန် Psychological Horror လောကကို အပြောင်းအလဲတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ Cure ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပေါ့။ ခိရိုရှိကူရိုဆာဝါဟာ ခိုဂျိနဲ့တွဲရိုက်တဲ့ သူ့မာစတာပိစ်ရုပ်ရှင်ဖြစ်တဲ့ Cure နဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာ Perfect Days နဲ့ခုနောက်ပိုင်း ဒီကလူတွေတော်တော်သိလာတဲ့ ခိုဂျိနဲ့ပဲ Charisma နဲ့ Pulse ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားကလည်း Cure လိုပဲ ဂျပန်ဟော်ရာရုပ်ရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ဟော်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံးထွက်တဲ့ Chime မှာ ဘာမှမပါဘဲကို ရိုက်ပြနိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ဒီအစောပိုင်းကားတွေမှာ ဘယ်လိုလက်စွမ်းပြထားမလဲ ကြည့်ကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဂျပန်ဟော်ရာနဲ့ပတ်သက်ရင် Kiyoshi Kurosawa ကတော့ ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Mad Movie (2015) ⭐IMDB: 4.9/10 (11 Votes) 🎬 #Adult #Drama #Thriller #Action #Horror 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 16 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Mad Movie (2015) *********************** မင်းသမီး အာယာခါမှာ မင်ဂျွန်းဆိုတဲ့ ကိုရီးယားနိုင်ငံကချစ်သူ​ကောင်​လေးရှိပြီး မကြာခင် လက်ထပ်ကြ​တော့မှာပါ ..အာယာခါဟာ မင်ဂျွန်းတို့ မိသားစုကို တွေ့ဖို့အတွက် သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ဆာအိုရီနဲ့အတူ တောင်ကိုရီးယားကို လာခဲ့ပါတယ်။တစ်​နေ့မှာ ဆာအိုရီ၊ အာယာခါနဲ့ မင်ဂျွန်းတို့ ​လျှောက်လည်ကြရင်း ..ရုတ်တရက် မင်ဂျွန်းက ​ပျောက်သွားခဲ့ပါတယ် ..အာယာခါတို့ ၂​ယောက် မင်ဂျွန်းကို လိုက်ရှာရင်း ​..ယုံဂျွန်းနဲ့ ဒုံဟျွန်းဆိုတဲ့ သရဲရုပ်ရှင်ရိုက်ကူး​ရေးလုပ်​နေတဲ့သူ ၂​ယောက်နဲ့​ တွေ့သွားပါ​တော့တယ်ယုံဂျွန်းတို့ ၂ ​ယောက်က ဆာအိုရီနဲ့ အာယာခါကို ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းကာ ..အပန်းဖြေကစားကွင်းအောက်ထပ်က ပိတ်ထားတဲ့ အ​ဆောက်အဦတစ်ခုဆီ ​ခေါ်သွားခဲ့ပါတယ် ..အဲဒီအ​ဆောက်အဦထဲမှာ သူတို့ ၄ယောက် ဘာဆက်ဖြစ်ကြမလဲ ..မင်ဂျွန်းက​ရော ဘယ်ကို​​​ရောက်သွားလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Tales from the Hood 3 (2020) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Crime #Drama #Fantasy #Horror #Mystery #Thriller 🗓 2020 🎞 video movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tales from the Hood က ၃ကားထွက်ရှိထားတာပါ ၁၉၉၅ မှာတစ်ကား ၂၀၁၈မှာ တစ်ကားနဲ့ ၂၀၂၀မှာ တစ်ကားဖြစ်ပါတယ်…..ကျန်၂ကားလုံးကိုလည်း တင်ဆက်ပေးထားပြီးဖြစ်ပါတယ်…… ကဲ ဒီကားလေးထဲမှာရော ဘယ်လိုကြောက်စရာပုံပြင်တွေပြောပြမလဲ ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေကို လှည့်ထားမလဲဆိုတာ စိတ်ဝင်တစားနဲ့ ရင်သပ်ရှုမောဖွယ်စောင့်ကြည့်ရမှာပါပဲ
...

Our School's E.T. (2008) ⭐TMDB: 65% User Score 🎬 #Comedy #Drama #School #Sport 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Our School’s E.T. (2008)************************ပရိတ်သတ်ကြီးတို့ကို အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့Drama ဟာသနဲ့ အားကစားအကြောင်းလေးတွေရောပြီး ပါဝင်တဲ့Our School’s E.T. ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် .. အဓိကသရုပ်ဆောင်အနေနဲ့ charisma ပြည့်ဝတဲ့ မင်းသားကြီး Kim Soo Ro နဲ့အတူပရိသတ်တို့အသည်းစွဲ မင်းသမီးလေး ဘုံဘုံ (Park Bo Young),နှုတ်ခမ်းနီမလေးတွေအကြိုက် မင်းသား Lee Min Ho,မင်းသား Baek Sung Hyun, မင်းသမီး Moon Chae Won နဲ့မင်းသား Kim Gi Bang တို့လို့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်းကတော့********************ချွန်းဆောင်းဂွန်း (Kim Soo Ro) ဟာ ဂန်းနမ်မှာရှိတဲ့အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေအပေါ် ချစ်ခင်တဲ့အပြင် မဟုတ်တာတွေလုပ်ရင်လည်း ဆုံးမလေ့ရှိသူပါ။ တစ်ရက်မှာတော့ ချွန်းဆောင်းဂွန်း အလုပ်လုပ်နေတဲ့ကျောင်းဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့်အားကစားဆရာအရေအတွက်ကို လျှော့ချပြီး အင်္ဂလိပ်စာဆရာအရေအတွက်ကို တိုးမြှင့်လာတဲ့အခါမှာတော့ချွန်းဆောင်းဂွန်းတစ်ယောက် အလုပ်ထွက်ရဖို့ဖြစ်လာပါတော့တယ်။ သို့သော်လည်း ဒီကျောင်းကထွက် ဒီကျောင်းကို ချစ်မြတ်နိုးတဲ့ ချွန်းဆောင်းဂွန်းတစ်ယောက်ဟာအလုပ် မထွက်ရဖို့အရေး .. သူ မကျွမ်းကျင်တဲ့ အင်္ဂလိပ်စာဘာသာရပ် သင်ကြားရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ….. သူ့တပည့်တွေကို လမ်းမှားမရောက်အောင် ဘယ်လို ထိန်းကျောင်းပေးသွားမလဲ….. ဆရာနဲ့ တပည့်တွေကြားက သံယောဇဉ်ကြီးမားပုံကို ရသစုံလင်စွာ ထည့်သွင်းရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာမို့လို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. အညွှန်းကို Theint မှ ရေးသားပေးထားပါတယ်။
...

River of Desire (2022) ⭐IMDB: 6.7/10 (208 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Brazil ⏰ 1 နာရီ 48 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 River of Desire (2023) IMDb  Rating (6.7) ဒီရုပ်ရှင်ကတော့ ဘရာဇီးဒါရိုက်တာ ဆာဂျီအို မာချာဒို ပုံဖော်ရိုက်ကူးထားတဲ့  ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာကြား အားပြိုင်တဲ့အကြောင်း ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းထဲမှာ အမေဇုံမြစ်ကမ်းနဘေးပေါ်က မြို့ငယ်လေးတစ်ခုမှာ အေးချမ်းစွာနေထိုင်နေကြတဲ့ ညီအစ်ကိုသုံးယောက်ရှိတယ်… သူတို့အထဲက အစ်ကိုအလတ်က မိန်းမယူလိုက်တဲ့အချိန်မှာ သူတို့ ညီအစ်ကိုတွေရဲ့အကြားက ဟန်ချက်ညီမှုကို စတင် လှုပ်ခါစေပြီး နောက်ဆုံးကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ဇာတ်သိမ်းသွားရတဲ့ အကြောင်းအရာလေးပါ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာ နေထိုင်ကြတဲ့ လူသားတွေ… သူတို့ဘဝတွေကို ရှင်သန်ဖို့ ရုန်းကန်ကြရင်း အမှောင်အခြမ်းက အတွင်းစိတ်သဏ္ဍာန်တွေ ထွက်ပေါ်လာတဲ့အခါ… ညီအစ်ကိုဆိုတဲ့ သံယောဇဉ်နဲ့ မိမိရဲ့စိတ်ဆန္ဒလိုချင်တပ်မက်မှုတွေ ထိပ်တိုက်တွေ့ကြတဲ့အခါ… နောက်ဆုံး သူတို့ညီအစ်ကိုတွေနဲ့ မိန်းမလှလေးအကြား ဘယ်လိုတွေ ဇာတ်သိမ်းမယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်နော်
...

Deception of the Novelist (2019) ⭐IMDB: 5.8/10 (270 Votes) 🎬 #Comedy #Crime #Mystery #Thriller 🗓 2019 🎞 movie 🌎 #HongKong ⏰ 1 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပြီးmystery ဆန်ဆန်ကားလေးတစ်ကားပါဇာတ်လမ်းအကျဉ်းလေးကတော့Mr.Xu က နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ်ချစ်တတ်လွန်းသူအဖြစ် မိန်းကလေးတွေ အများစု သဘောကျသောစာရေးဆရာပါ kikiကတော့ အရမ်းသဝန်တိုတတ်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီးတော်တော် အပျင်းကြီးတဲ့မိန်းမတစ်ယောက်ပါ သူတို့နှစ်ယောက်မှာ မင်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် Mr.Xu က kiki အပေါ် စိတ်ကုန်နေပြီးသာယာမှုကိုခုံမင်သော ယောကျာ်းတစ်ယောက်ပါ တစ်နေ့တော့ Mr.Xu တို့အပေါ်ထပ်ကို ဂျပန်နဲ့ဟောင်ကောင်စပ် ခပ်မိုက်မိုက်အမျိုးသမီးတစ်ဦးအိမ်လာငှါးသောအခါ ဘာတွေ ဆက်ဖြစ်ကြမလဲ Mr.Xuကဂျပန်မလေးနဲ့ ဖောက်ပြန်မလား လင်မယားချင်း ပြန်အဆင်ပြေသွားမလားဆိုတာဇာက်ကားလေးကို ကြည့်ကြည့်လိုက်ပါတော့ 18+အခန်းတစ်ချို့ပါဝင်သောကြောင့် မိသားစု ကြည့်ရှုဖို့မသင့်တော်ကြောင်း သတိပေးလိုက်ပါရစေနော်
...

Sing Sing (2023) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sing Sing (2023) IMDb Rating (8.2) / Rotten Tomatoes (98%) ဒီရုပ်ရှင်က နယူးယောက်မြို့မှာရှိတဲ့ Sing Sing Correctional Facility မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‘ဒီဗိုင်းဂျီ’က သူ မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ထောင်ဒဏ်ကျခံရင်း ပြစ်မှုကင်းရှင်းကြောင်းသက်သေပြဖို့ ကြိုးစားနေစဉ်မှာပဲ Rehabilitation through the Arts (RTA) ဆိုတဲ့ အစီအစဉ်ကနေတဆင့် တခြားအကျဉ်းသားတွေကို ကူညီပေးနိုင်အောင် ကြိုးစားတတ်သူပါ။ ဒီဗိုင်းဂျီက အာတီအေအစီအစဉ်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ပြဇာတ်ရေးနိုင်ကာ ပြဇာတ်မှာလည်း ကောင်းကောင်းကြီးကို ပါဝင်သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ တစ်နေ့တော့ သူတို့ရဲ့ ပြဇာတ်အသစ်အတွက် လူသစ်ခေါ်ဖို့ အင်တာဗျူးရင်း ‘ဒီဗိုင်းအိုင်း’ဆိုတဲ့ လူမိုက်တစ်ယောက်က သူတို့အဖွဲ့ထဲကို ရောက်လာပါတော့တယ်။ ရှိတ်စပီးယားပြဇာတ်တွေ ကနေကျ အဖွဲ့ကို ဒီဗိုင်းအိုင်းက စရောက်ကတည်းက ဟာသဇာတ်ကဖို့အတွက် ပြောရင်းနဲ့ ဒီဗိုင်းဂျီနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ပါတော့တယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒီဗိုင်းဂျီနေရာမှာတော့ မင်းသား Colman Domingo က သရုပ်ဆောင်ထားပြီး ဒီဗိုင်းအိုင်းအပါအဝင် ဇာတ်ကောင်တော်တော်များများက အဲ့ဒီအကျဉ်းထောင်မှာ အကျဉ်းကျဖူးတဲ့သူတွေကပဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထောင်တွင်းဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့အတူ အနုပညာက အကျဉ်းသားတွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ ဘယ်လိုအရေးပါသလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)
...

Triad 3 (2024) ⭐TMDB: 40% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင်ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာအကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာအားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက်နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။အားချွမ်ကတော့ အာဏာကိုမက်မောပြီးပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ်ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကိုခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်ကအရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီကချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေမူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။ အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီးပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူးဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။ သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင်သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိအစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီးတဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးကဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကိုအပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကိုဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေးအားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးကသွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။ အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ်ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကိုအလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကိုဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကိုရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကိုမြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်
...

Blink Twice (2024) ⭐IMDB: 6.7/10 (26 k Votes) 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်း အဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီး မထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ….. ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီး ကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။ သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာ ပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။ တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက် တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက် ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာက ပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော် ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်း ပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့ သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ခံစားရင်း ဖရီးကုန်းဆင်းပါတော့တယ်။ ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီး မကြာဘူး၊ ဖရီဒါနဲ့ ကောင်မလေးတွေခမျာ ထူးဆန်းတာတွေ စတင်တွေ့ကြုံလာရပါတော့တယ်။ ကဲ ရေးတာများသွားပြီ၊ ဒီလောက်ဆို စိတ်ဝင်စားဖို့ကောင်းနေပြီ၊ ဘာကြောင့်ဖြစ်မလဲ၊ သူတို့ လွတ်မြောက်ပါ့မလားဆိုတာ ဆက်ကြည့်လိုက်ကြပါတော့ဗျာ။
...

Captain Volkonogov Escaped (2021) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Drama #Thriller 🗓 2021 🎞 movie 🌎 #Russia #France #Estonia ⏰ 2 နာရီ 6 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Captain Volkonogov Escaped (2023) IMDb – 7.3/10 နဲ့ Rotten Tomatoes – 100% အထိ ရရှိထားပြီး ဗင်းနစ်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ခုပါ။ ဆိုဗီယက်စစ်အာဏာရှင် ဂျိုးဇက် စတာလင် ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး အဓွန့်ရှည်တည်မြဲရေးအတွက် လူတွေအစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခဲ့တဲ့ The Great Terror ဆိုတဲ့ ၁၉၃၈ ခုနှစ်ဝန်းကျင်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဖီယိုဒေါရ် ဗော်လ်ကာနိုဂေါ့ဗ် ဟာ အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုသာမက ရဲဘော်တွေကြားမှာပါ စံထားလေးစားကြရတဲ့ ဆိုဗီယက်စစ်ဗိုလ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်နေ့မှာ သူ့အထက်အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာကြောင့် လက်အောက်ငယ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီး‌စစ်ဆေးခံရပါ‌တော့တယ်။ ဖီယိုဒေါရ်ကတော့ သူ့အလှည့်မရောက်ခင် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ပေမယ့် “ငရဲကျနေတဲ့သူငယ်ချင်းတစ်ယောက်” နဲ့ လမ်းမှာတွေ့ပြီး သူတို့တစ်ဖွဲ့လုံး ငရဲမှာ ညှင်းဆဲနှိပ်စက်ခံနေရကြောင်း၊ ဖီယိုဒေါရ်ဟာလည်း ‌ေ-သပြီးရင် ထာဝရငရဲခံရမှာဖြစ်ကြောင်း၊သူတို့စစ်သားဘဝက မတရားဖမ်းဆီးနှိပ်စက်သ-တ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ မိသားစုဝင်တစ်ယောက်ယောက်က ခွင့်လွှတ်ပေးမှသာလျှင် လွတ်မြောက်နိုင်မှာဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ အကျဉ်းသားတွေကိုညှင်းဆဲဖို့ လက်မရွံ့ပေမယ့် ကိုယ်တိုင်ငရဲခံရမှာကျတော့ကြောက်တဲ့ ဖီယိုဒေါရ်တစ်ယောက် ကျန်ရစ်သူမိသားစုတွေကို တစ်အိမ်တက်ဆင်း လိုက်တောင်းပန်ရပါတော့တယ်။ တောင်းပန်တဲ့ခရီးလမ်းမှာ ဖီယိုဒေါရ်တစ်ယောက် ဘယ်လိုသံဝေဂရစရာတွေ ကြုံတွေ့ရမလဲ… အပါယ်တံခါးပိတ်စေဖို့ သူလိုအပ်တဲ့ ခွင့်လွှတ်မှုမျိုးရော ရရှိသွားပါ့မလား‌…ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။
...

Jo Tera Hai Woh Mera Hai (2024) ⭐IMDB: 6.1/10 (19 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jo Tera Hai Woh Mera Hai (2024)”အိပ်မက်အိမ်”======================================= အသစ်ထွက်ရှိထားတဲ့ Slice of life အမျိုးအစားဆန်ဆန်ဟင်ဒီစကားပြော ဟာသဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ မီတက်ရှ်ဆိုတဲ့ ကောင်လေးဟာ လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ခုကစားပွဲထိုးလေးတစ်ယောက်ရှိပါတယ်။ သူဟာ စားပွဲထိုးတစ်ယောက်ပေမဲ့ ရည်မှန်းချင်ကြီး ကြီးပွားလိုစိတ်ရှိသူဖြစ်ပါတယ်။သူတို့ လက်ဖက်ရည်ဆိုင်နားမှာ ခမ်းနားတဲ့အိမ်ကြီးတစ်လုံးရှိပြီးအဲဒီအိမ်ကြီးဟာ မီတက်ရှ်ရဲ့ အိပ်မက်ထဲကအိမ်ကြီးပေါ့။နှစ်တွေကြာလာတဲ့အချိန်မှာ မီတက်ရှ်ဟာ မိသားစုနဲ့ အိမ်နဲ့ကားနဲ့ပြည့်ပြည့်စုံစုံရှိတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ပေမဲ့သူ့ရဲ့အိမ်မက်အိမ်ကြီးကိုတော့ ဝယ်နိုင်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။ ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ မီတက်ရှ်တစ်ယောက် လက်မလျှော့ဘဲအဲဒီအိမ်ကြီးကိုရပြီ နည်းမျိုးစုံသုံးပြီးကြိုးစားပုံကိုဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Vanished Murderer (2015) ⭐IMDB: 5.3/10 (353 Votes) 🎬 #Crime #Thriller #Mystery 🗓 2015 🎞 movie 🌎 #HongKong #China ⏰ 2 နာရီ 1 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chinese box officeမှာယွမ်2.6 millionရထားတဲ့ 2015ထွက်ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဒီကားထဲမှာ စုန်းတုန်းလုဆိုတဲ့ရဲအရာရှိတစ်ယောက်ဟာဖူယွမ်ဆိုတဲ့မိန်းကလေးထောင်ဖောက်ပြေးတဲ့အမှုကိုလိုက်စုံစမ်းရင်းဖူယွမ်ဆီကစာတစ်စောင်ရခဲ့ပါတယ်…ဒီလိုနဲ့ရှန်းမြို့ကိုလိုက်သွားဖို့ဖြစ်လာပါတော့တယ်… အဲ့မြို့မှာတိုက်ပေါ်ကသတ်သေမှုတွေဆက်တိုက်ဖြစ်လာပြီးကောင်းမင်ရှုံဆိုတဲ့ စီးပွားရေးသမားကိုဦးတည်လာတဲ့အခါ..ဆူပူမှုတွေ…ဆန္ဒပြမှုတွေ …ဆက်တိုက်သတ်သေမှုတွေရဲ့အဓိကကြိုးကိုင်သူကဘယ်သူဖြစ်မလဲ…ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...

Pechi (2024) ⭐IMDB: 7.8/10 (1 k Votes) 🎬 #Bollywood #Fantasy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pechi (2024)“တောကြီးမျက်မည်း” IMDb 8.4 အသစ်ထွက်ရှိထားတဲ့ တမီးလ် သဘာဝလွန် horror ရုပ်ရှင်​လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအစမှာ စုံတွဲနှစ်ဦးက တောထဲကိုခရီးထွက်လာတာနဲ့ စတင်ထားပါတယ်အုံ့မှိုင်းမှိုင်းရှိတဲ့ တောထဲမှာ ခေတ္တစခန်းချဖို့ယောကျ်ားလုပ်သူက ထင်းသွားရှာပါတယ် အဲဒီမှာပဲ ထူးထူးဆန်းဆန်း ခက်ရင်းခွတစ်ချောင်းကိုတွေ့ပြီးသစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်တဲ့တစ်ခါမှာထူးဆန်းစွာနဲ့ စုန်းအရုပ်တစ်ရုပ်ထွက်လာပါတယ် ကြောက်အားလန့်အားလှမ်းအော်ပေမယ့် အသံထွက်လို့မရတော့ဘဲနှစ်ယောက်လုံး နိဂုံးချုပ်သွားတဲ့ နောက်မှာ တစ်ခါထပ်ပြီး … လူငယ်တစ်စုက သစ်တောစောင့် မာရီကို ဂိုက်ငှားကာ အဲဒီတောထဲကိုသွားကြတဲ့အခါ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေ ကြုံရဦးမှာလဲသစ်တောထဲမှာ ဘယ်လိုစွမ်းအားတွေ ရှိနေမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ KKKZ ~ Alex တို့ပဲ ဖြစ်ပါတယ်
...

Emergency (2022) ⭐IMDB: 6.2/10 (10 k Votes) 🎬 #Comedy #Drama #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emergencyအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ဟာ သူတို့တက္ကသိုလ်မှာ တစ်ညတည်းနဲ့ ပါတီ ၇ခုကိုဆက်တိုက်သွားနိုင်တဲ့လူမည်းအမျိုးသားဖြစ်နိုင်ဖို့ ကြံစည်နေပါတယ်။ သူတို့အပြီကဲမယ့်ညမှာပဲ သူတို့အိမ်ထဲမှာ ကောင်မလေးတစ်ယောက် အရက်မူးပြီး သတိလစ်နေတာတွေ့လိုက်ပါတယ်။ သူတို့ဟာ လူမည်းဖြစ်နေလို့ရဲတွေအထင်လွဲမှာကြောက်ပြီး 911 ကိုဖုန်းမဆက်ရဲကြပါဘူး။ဒီလိုနဲ့ကောင်မလေးကို ကားနဲ့ဆေးရုံပို့ဖို့ဆုံးဖြတ်လိုက်ရာကနေ ရိုးရှင်းရမယ့်ကိစ္စက မထင်မှတ်ဘဲရယ်စရာတလွဲတွေဖြစ်လာပါတော့တယ်။RJ Cyler,Donald Elise Watkins, Sabrina Carpenter တို့ပါ၀င်ထားပါတယ်။ ရယ်စရာလည်းကောင်းသလို America ရဲ့ racism,gun violence တွေကိုလည်း လူမည်းတွေဘက်ကနေမြင်နိုင်အောင်ပြသထားပါတယ်။
...

Secretly Greatly (2013) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Action #Comedy #Drama #Adventure 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 14 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခုငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဉာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကိုစပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီးလျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီးအထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suicide လုပ်ခိုင်းတယ်အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီးစပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်းသူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ် ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကိုမိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့
...

Inshallah a Boy (2023) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Egypt #France #Jordan #Qatar #SaudiArabia ⏰ 1 နာရီ 53 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inshallah a Boy (2023) ~ IMDb – 7.2/10, Rotten Tomatoes – 100% ~ ဇာတ်ကားနာမည်လေးကတော့ ဘုရားပေးတဲ့သား ပါတဲ့။ အာရဗီ စကားပြောဇာတ်ကားဖြစ်ပြီး အစ္စလာမ်ဘာသာအဓိကကိုးကွယ်တဲ့ ဂျော်ဒန်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဘာဆုညာဆုတွေ အများကြီးရထားပြီး ခရမ်းချဉ်သီးပုပ်အမှတ် ၁၀၀ အပြည့်ရထားတယ်ဆိုပေမဲ့ ကြည့်လိုက်မှ ဘယ်လောက် ကောင်းတယ်ဆိုတာ အတိအကျသိသွားပါလိမ့်မယ်။ ဇာတ်ကားတစ်ကားလုံး အသက်ကိုမရှုနိုင်လောက်အောင် မွန်းကြပ်နေသလိုခံစားရအောင် လုပ်နိုင်တဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်ကားစဖွင့်ဖွင့်ချင်းမှာပဲ ပရိသတ်ကို ဘဝသမားတွေဆိုတာ ဒါမျိုးကွဆိုပြီး ဗိုက်ကို လက်သီးနဲ့ထိုးလိုက်သလို အီဆောင့်သွားအောင်လုပ်လိုက်တာမျိုးနဲ့ စပါတယ်။ နောက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ဘဝပေးတဲ့ ဒူး၊ တံတောင်၊ ဖနောင့်တွဲလုံးတွေကို အတွဲလိုက်ပြသွားပါတယ်။ တော်တော်လေးကို Heavy ဖြစ်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်လုပ်နေတဲ့ အိမ်ရှင်မတစ်ယောက် ယောက်ျားက ကောက်ခါငင်ခါ ဆုံးပါးသွားပါတယ်။ နှစ်ယောက်အလုပ်လုပ်နေတာတောင် မလောက်ငနိုင်တဲ့ အိမ်ထောင်ကို တစ်ယောက်တည်း ထောက်ပံ့နိုင်ဖို့အားမတင်းနိုင်ခင်မှာပဲ ကွယ်လွန်သူအမျိုးသားရဲ့ အကြွေးတွေကပေါ်လာပါတယ်။ ကားကို အရစ်ကျနဲ့ ဝယ်ထားပြီး လေးလစာ အကြွေးပေးဖို့ကျန်နေတာပါ။ ကွယ်လွန်သူကြီးဆီက ရစရာအမွေဆိုလို့ ကားတစ်စီး အိမ်တစ်လုံးနဲ့ ကားဖိုးငွေကျန်တဲ့ အကြွေးတွေပဲရှိပါတယ်။ အိမ်တန်ဖိုးကလည်း ပိုက်ဆံအပြည့်မသွင်းရသေးပါဘူး။ အဲဒါနဲ့တင် မပြီးသေးပါဘူး အကြွေးရှင် ကွယ်လွန်သူရဲ့ အစ်ကိုအရင်းက ရှရီယာဥပဒေအရ ဇနီးဖြစ်သူက သားယောက်ျားလေးမမွေးထားရင် ကွယ်လွန်သူချန်ခဲ့တဲ့ အမွေတွေကို မောင်နှမတွေနဲ့ ကျန်ရစ်သူမိသားစု တစ်ပုံစီ အညီအမျှခွဲဝေယူရတဲ့အတွက် အမွေမှုကိုတရားရုံးတင်လိုက်ပါတယ်။ မသိတဲ့အကြွေးကထပ်တင်သွားတဲ့အပြင် အပျိုဘဝကရထားတဲ့ အမွေတွေ၊ တင်တောင်းငွေ (ဥပဒေကြောင်းအရ ဇနီးသည်က တင်တောင်းငွေကို ပိုင်ပါတယ်) တွေပါ ထည့်ပြီး ဝယ်ထားတဲ့ အိမ်၊ လစာထဲကနေ တစ်လတစ်ခါအရစ်ကျငွေသွင်းနေရတဲ့ အိမ်ကိုရောင်းပြီး ယောက်ျားရဲ့အမျိုးတွေဆီ ခွဲပေးရမယ့်အဖြစ်နဲ့ကြုံလာပါတယ်။ယောက်ျားရဲ့ အလုပ်ကိစ္စအကြောင်းကလည်း ဘာမှမသိ၊ သူ့မှာ ရစရာငွေ ဘယ်မှာရှိလဲမသိ၊ ဒီကြားထဲ ဖောက်ပြန်နေတာကိုလည်း သိလိုက်ရသေးတယ်။အကြွေးရှင် ခဲအိုက ကားရောင်းပြီး အကြွေးကိစ္စ အတင်းရှင်းဖို့လုပ်ပေမဲ့ ခင်ပွန်းသည်ရဲ့အမှတ်တရအနေနဲ့ ချန်ခဲ့တဲ့ကားလေးကို မရောင်းရက်သလို ရောင်းရရင်လည်း ယောက်ျားမောင်နှမတွေနဲ့ တစ်ပုံစီခွဲပြီးမှရမှာဆိုတော့ ပြေလည်နိုင်စရာမရှိတော့ တင်းခံနေရတာလည်း ပြဿနာတစ်ခုပါပဲ။ ကြံရမရာတဲ့အဆုံး ပြဿနာတွေ ဖြေရှင်းဖို့ အချိန်နည်းနည်းရသွားအောင် လမ်းဘေးမရောက်အောင် ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်လိုက်တာပါပဲ။ လင်ကလည်းသေ၊ အကြွေးကလည်းပူ၊ အလုပ်ကလည်းအဆင်မပြေ၊ ကိုယ်ပိုင်တာကိုတောင် ခွဲပေးနေရမယ့် အဖြစ်မျိုးကို ကြုံနေရလို့ ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခရောက်တဲ့ အကြောင်းပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Saala (2024) ⭐IMDB: 9.5/10 (1 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saala (2024) “ဆာလာ” တမီလ်နာဒူပြည်နယ်မှာ အရက်ကိုတားမြစ်ထားပေမဲ့၁၉၇၁စီးပွားရေးပျက်ကပ်ကြောင့်အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ ၁၉၈၃ခုနစ်မှာ အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး အစိုးရကနေ လူတစ်ဦးချင်းစီအတွက်အရက်ဆိုင်လိုင်စင်တွေကို လေလံတင်ရောင်းချပေးခဲ့တယ်။နိုင်ငံရေးသမားတွေနဲ့ ဩဇာညောင်းတဲ့လူတွေက လေလံတွေကို လက်ဝါးကြီးအုပ်ပြီးအရက်ဆိုင်တွေကို ထိန်းချုပ်ထားခဲ့ကြတယ်။ ပါဗသီဘားဆိုတဲ့ အရက်ဆိုင်ကိုတော့ ဂူနာတစ်ယောက်တည်းကပဲ ခုနစ်နှစ်တိုင်အောင်လေလံအောင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဒါကိုမနာလိုတဲ့ သန်ဂါဒူရိုင်တို့ တူကြီးနှစ်ယောက်ကပါဗသီဘားကို သူတို့အပိုင်ဖြစ်ဖို့ကြိုးစားကြပါတယ်။ ဒီမှာပဲ ရန်ပွဲတွေဖြစ်ကြတဲ့အချိန် ဂူနာ့အသက်ကို မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်တဲ့ ဆာလာကဝင်ကယ်ရာကစ ဆာလာ့ကို ဂူနာက ညီငယ်သဖွယ် ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်။ဒီကနေစလိုက်တဲ့ရန်ငြိုးက ဆာလာအရွယ်ရောက်လာချိန်ထိ တမြေ့မြေ့တောက်လောင်လာခဲ့ချိန်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...