ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
First Time Female Director (2023) ⭐IMDB: 4.3/10 (335 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Time Female Director (2023) Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက်၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက်သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်ကသရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီးနေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို လက်ခံလိုက်ပါတယ်။အဲ့မှာ စတာပါပဲ သရုပ်ဆောင်တွေက ဒါရိုက်တာကို ခွေးအချောင်းချောင်းပြီး ဒုက္ခပေးတော့တာပါပဲ။ဆမ် တစ်ယောက်ဒီလို သရုပ်ဆောင်တွေကြား ဘယ်လိုရှင်သန်ရပ်တည်ပြီးပြဇာတ်ကိုပြီးအောင်ရိုက်မလဲဆိုတာ တလွဲဟာသတွေနဲ့ ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Infernal Affairs II (2003) ⭐TMDB: 73% User Score 🎬 #Action #Crime #Drama #Thriller 🗓 2003 🎞 movie 🌎 #HongKong ⏰ 1 နာရီ 59 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။တရုတ်မှာဆိုရင်တော့ “The Unceasing Path” လို့ လူသိများပြီး76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း… အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာအရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်…. အရာရှိချန် ဘာတွေဆက်လုပ်မလဲ…ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ…။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့
...

The Last Ship (2014-2018) ⭐IMDB: 7.4/10 (64 k Votes) 🎬 #Action #Adventure #Drama #SciFi #Fantasy #Thriller #War 🗓 2014-2018 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Ship (2014 – 2023)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ……၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်……ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး……ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်……သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ…..အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ……ကုထုံးကို ထွင်နိုင်မှာလား…..ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...

Infernal Affairs III (2003) ⭐TMDB: 69% User Score 🎬 #Action #Crime #Drama 🗓 2003 🎞 movie 🌎 #HongKong #China #Taiwan ⏰ 1 နာရီ 58 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။တရုတ်မှာဆိုရင်တော့ “The Unceasing Path” လို့ လူသိများပြီး76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း… အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာအရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်…. အရာရှိချန် ဘာတွေဆက်လုပ်မလဲ…ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ…။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့
...

One Ordinary Day (2021) ⭐TMDB: 81% User Score 🎬 #Crime #Drama #Mystery 🗓 2021 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 19 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Ordinary Day(2021)One Ordinary Day (2021) ဇာတ်လမ်းတွဲအညွှန်း***********************************************  အပိုင်းသစ် – ၈ (ဇာတ်သိမ်းပိုင်း) ဂင်ဆူဟွန်းက ဒီကားထဲမှာသာမန်ကျောင်းသားလေး အနေနဲ့ သရုပ်ဆောင်ထားတာပေ့ါနော် သူ့ရဲ့တစ်ညတာအမှားကြောင့် လူသတ်မှုနဲ့ အစွပ်စွဲခံလိုက်ရတယ် သူ့အမှုကို ဘယ်သူမှလည်း လက်မခံတော့ သူ့ဘဝက ဟိုးအောက်ကို ထိုးကျသွားတယ်ပေါ့ ချားဆောင်းဝမ်ကတော့ ဥပဒေစာမေးပွဲကို မနဲအောင်အောင် လုပ်ထားရတဲ့ တတိယအဆင့်ရှေ့နေ အဖြစ် သရုပ်ဆောင်ထားပြီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာမရှိတဲ့ ရှေ့နေက ဂင်ဆူဟွန်းကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ ၂၀၀၈-၂၀၀၉ မှာ ပြသခဲ့တဲ့ BBC ရုပ်သံရဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ “Criminal Justice” ကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တဲ့အပြင် အဓိက ဇာတ်ဆောင်ကလည်း ပျိုမေတို့အကြိုက် နာမည်ကျော် ဂင်ဆူဟွန်း ဆိုတော့ အမြန်ဆုံးသာ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါတယ်နော် အပိုင်း ၈ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်
...

Infernal Affairs (2002) ⭐TMDB: 78% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2002 🎞 movie 🌎 #HongKong ⏰ 1 နာရီ 41 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။တရုတ်မှာဆိုရင်တော့ “The Unceasing Path” လို့ လူသိများပြီး76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း… အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာအရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်…. အရာရှိချန် ဘာတွေဆက်လုပ်မလဲ…ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ…။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့
...

Nandhi Varman (2023) ⭐IMDB: 8.8/10 (165 Votes) 🎬 #Bollywood #Thriller #Mystery #Action 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nandhi Varman 2024 (ကျိန်စာသင့်ရွာ)===================== IMDb 9/10ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ Supernatural mystery thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့တမီလ်စကားပြော ဇာတ်ကားကောင်းတစ်ကားတင်ဆင်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေ တူးဖော်သုတေသနလုပ်တာက စလို့သမိုင်းကြောင်းကို အရင်ထည့်ပြောချင်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က ပါလာဗာမင်းဆက်ခေတ်မှာ ဟာနုမန်သာပူရမ်ဆိုတဲ့နေရာတစ်နေရာရှိခဲ့တယ်ပစ္စည်းဥစ္စာပေါကြွယ်ဝဆုံးနေရာဖြစ်လို့ ဓားပြတွေမျက်စိကျခဲ့ကြတဲ့နေရာတစ်ခုပေါ့ ဒီလိုပေါကြွယ်ဝမှုတွေကဟာနုမန်သီရှာဝါရာရ်ဘုရားကျောင်းကြောင့်လို ပါလာဗီဘုရင်ကယုံကြည်သက်ဝင်ထားပါတယ် တခြားနေရာတွေမှာ လုယက်မှုတွေအများကြီးရှိခဲ့ပေမဲ့ အဲဒီနေရာကိုတော့ ဘယ်သူမှမလုရဲကြဘူးတဲ့လေ အကြောင်းရင်းကတော့ပါလာဗာဘုရင်ကြောင့်ပါ ဒီဘုရင်ရဲ့ထင်ရှားမှုကိုပြောရရင်တော့ သူ့ဓားပေါ့ မမြင်ရတဲ့ဓားသွားတစ်လက်က ရန်သူ့သွေးနဲ့ထိရင်တော့အလင်းနီတန်းပေါ်လာပြီး ပုံရိပ်ထင်လာတဲ့ဒီဓားကြောင့်ရယ် စစ်ဗျူဟာကောင်းလွန်းတဲ့ ပါလာဗီမင်းကြောင့် တော်ရုံဓားပြတွေလက်ရှောင်ကြတဲ့ဒီနေရာကို မျက်စိကျမိသွားတာက အရက်စက်ဆုံးနဲ အကြမ်းကြုတ်ဆုံးလို့နာမည်ကြီးတဲ့ အာလာရီအဖွဲ့က ဂိုရာပါပဲသူတို့၂ယောက်ရဲ့ ဇာတ်လမ်းကိုတော့ ဒီကားထဲမှာပဲ စိတ်ဝင်စားစရာတွေနဲ့ဆက်ကြည့်ရှုလိုက်ကြပါ ခုခေတ်ကိုပြန်ဆက်ရရင်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ရေမြုပ်ပြီး အမြှုပ်ခံလိုက်ရတဲ့ဒီဘုရားကျောင်းကိုပြန်တူးဖော်ဖို့ပါဒီဘုရားကျောင်းရှိတဲ့ရွာကို သုတေသနအတွက်တူးဖော်မယ်လို့ သတင်းပို့ပြီးပြီးချင်းမှာပဲ ရွာကအိမ်မီးလောင်တာတွေလူသေတာတွေ ထဖြစ်ပါတော့တယ် ဒီရွာက တကယ်ပဲကျိန်စာသင့်နေမလား သုတေသနအတွင်းဘာတွေများကြုံတွေလာရမလဲဆိုတာကိုတော့။။။။ ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး Yunni ~ V ~ ToMo ~ Zwe ~ KKKZ တို့က ဘာသာပြန်ဆိုပေးထားပါတယ်
...

L.I.F.E. (2024) ⭐IMDB: 4.4/10 (23 Votes) 🎬 #Mystery #Drama 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 48 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။ အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Kumiko, The Treasure Hunter (2014) ⭐IMDB: 6.6/10 (12 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.6/10Director – David Zellner ဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ အထီးကျန်သော ကောင်မလေးဇာတ်ရုပ်ကို ပီပြင်စွာပဲ‌ပုံဖော်ထားပါတယ်။
...

The Woods Are Real (2024) ⭐IMDB: 2.5/10 (337 Votes) 🎬 #Fantasy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိုဘာနဲ့ ကွင်စီတို့ စုံတွဲဟာ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာကြတဲ့ သူတွေဖြစ်ကြပြီး သူတို့အမွေဆက်ခံရမဲ့ စီးပွားရေးလုပ်ငန်းကလည်း အသင့်ရှိနေပြီးသားပါ၊ ကလေးယူဖို့ ကြိုးစားနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာကြတာဆိုပေမဲ့ ပိုက်ဆံကို အလကားဖြုန်းနေကြတဲ့လူမျိုးတွေမဟုတ်ပဲ ၊ ဖောင်ဒေးရှင်းတွေ ပရဟိပွဲတွေနဲ့ အလှူအတန်းအမြဲလုပ်နေဖို့ပဲ စိတ်အားထက်သန်ကြသူတွေပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ကေလဘ်က တောတွင်းကအိမ်လေးကို ဝတ်ပြုခရီးသွားတယ်ဆိုပြီး ပြောလာတာကြောင့် သူတို့ရဲ့ ညစ်ညမ်းနေတဲ့နှလုံးသားတွေကို ပြောင်းလဲဖို့ တောတွင်းအိမ်လေးကိုသွားနေကြရင် သူတို့ဘဝကိုပြောင်းလဲစေမဲ့ ဖြစ်ရပ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Athomugam (2024) ⭐IMDB: 9.5/10 (50 Votes) 🎬 #Bollywood #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ)IMDb 9.7/10 ‘ တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ‘ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက်မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်းအလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရော ဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိန်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီးမိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ်
...

Om Bheem Bush (2024) ⭐IMDB: 6.0/10 (328 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Om Bheem Bush (2024)”မစူးစမ်းသင့်တဲ့အကြောင်းအရာ”============================================= တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကိုစီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင်ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။ သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာနတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီးရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Vourdalak (2023) ⭐IMDB: 5.8/10 (216 Votes) 🎬 #Drama #Fantasy #Horror 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 31 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တာ့ခ်သူပုန်တွေကြီးစိုးတဲ့ကာလမှာ ပြင်သစ်ဘုရင်ရဲ့ သံတမန်တစ်ယောက် ထူးဆန်းတဲ့တောထဲမှာ ဓားပြတိုက်ခံရပါတော့တယ်။ သူ့ရဲ့အစောင့်တွေရော သူ့ရဲ့မြင်းပါ ပါသွားတဲ့အတွက် အီအာဖီမှူးမတ်လေးကတော့ အကူအညီတောင်းဖို့ပဲရှိပါတော့တယ်။ ဒါပေမဲ့ သူစတွေ့ခဲ့တဲ့သူကတော့ သူ့ကိုမကူညီပေးဘဲ ဂိုချာဆိုတဲ့သူက သူ့ကိုကူညီနိုင်တယ်ဆိုပြီး ဂိုချာဆီသွားဖို့ လမ်းညွှန်ရင်း သူနားမလည်နိုင်တဲ့ စကားတချို့ ထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အတွေးစစ်ခင်းရင်းနဲ့ပဲ ဒီအာဖီတစ်ယောက် ဂိုချာအိမ်ကိုရောက်သွားပါတော့တယ်။ သူဂိုချာအိမ်ကိုရောက်သွားချိန်မှာတော့ ဂိုချာရဲ့သားသမီးတွေနဲ့တွေ့ချိန်မှာ သူ့ကို ဂိုချာနဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့ ဂိုချာကတော့ အဲဒီနယ်တစ်ဝိုက်မှာ ထကြွနေတဲ့ သူပုန်ခေါင်းဆောင်ကို နှိမ်နင်းဖို့ ထွက်သွားခဲ့ပြီး ၆ ရက်ပြည့်လို့ သူပြန်မလာရင် သူဟာကျိန်စာသင့်ဗိုဒါလက်ဖြစ်သွားပြီမလို့ သူဘာပြောပြော တံခါးဖွင့်မပေးဖို့ စာထဲမှာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုချာရဲ့သားအကြီးဆုံးကတော့ စာထဲမှာပါတာကိုနားမထောင်ဘဲနဲ့ ‌၆ ရက်ပြည့်တဲ့မနက် ၆ နာရီမှာ တောစပ်မှာလဲကျနေတဲ့သူ့အဖေကို မရမက ခေါ်လာခဲ့တဲ့အခါ… ဒီဗိုဒါလက်ဆိုတာ ဘာများဖြစ်မလဲ။ အစ်ကိုကြီးဖြစ်သူက ခေါင်းမာပြီး အဖေအမှတ်နဲ့ခေါ်လာတဲ့သူကရော ဒီမိသားစုကို ဘယ်လိုဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး
...

Man of Steel (2013) ⭐TMDB: 66% User Score 🎬 #Action #Adventure #DCEU #Fantasy #SciFi #ScienceFiction 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 24 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/dceu/ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013)– Batman vs Superman: Dawn of Justice (2016)– Suicide Squad (2016)– Wonder Woman (2017)– Justice League (2017) (Theatrical Cut)– Aquaman (2018)– Shazam! (2019)– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)– Wonder Woman 1984 (2020)– Zack Snyder’s Justice League (2021)– The Suicide Squad (2021)– Black Adam (2022)– Shazam!: Fury of the Gods (2023)– The Flash (2023)– Blue Beetle (2023)– Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Man of Steel (2013) IMDb Rating (7.1) / Rotten Tomatoes (56%) Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်…Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇာတ်လမ်းပါပဲဒါပေမယ့် ထူးခြားနေပါတယ်…. Spoiler Alert…. Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ်ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်….အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူးလူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ…ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာSuper Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်ကSuper Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်…ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်းလမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်…လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတော့တယ်အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ….ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့
...

Jean de Florette (1986) ⭐TMDB: 77% User Score 🎬 #Comedy #Drama 🗓 1986 🎞 movie 🌎 #France ⏰ 2 နာရီ 1 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8.1 အထိ ရထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ ပြင်သစ် ဟာသ ဇာတ်လမ်းဟောင်းလေး တစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Ugolin ဟာ စစ်ပွဲပြီးချိန် မွေးရပ်မြေ ကျေးလက်တောင်ပေါ်ဒေသကို ပြန်လာပြီး ဦးလေးဖြစ်သူ လူပျိုကြီး César ဆီကို ရောက်လာပါတယ် ဦးလေးဖြစ်သူက သူ့တူ Ugolin ဇော်မွှားပန်းတွေ စိုက်ချင်တဲ့အတွက် အိမ်နီးချင်းရဲ့ လယ်မြေကို ဝယ်ပေးဖို့ ဈေးညှိပေမယ့်တစ်ဖက်က လက်မခံရာ အချင်းများကြပြီး အိမ်နီးချင်းအဘိုးကြီး မတော်တဆ လျှောသွားပါတော့တယ် ဒီလိုနဲ့ အမွေအဖြစ် လယ်နဲ့အိမ်ကို အဘိုးကြီးရဲ့ ညီမဖြစ်သူက ရသွားပြီး ဖြစ်ချင်တော့ ညီမဖြစ်သူကပါ ဆုံးသွားလို့ ကျောကုန်းဘုကြီးနဲ့ မြို့က သားဖြစ်သူ အကောက်ခွန်အရာရှိ Jean Cadoret က ရသွားပြီး နယ်ကိုပြန်လာပါတော့တယ် Jean က ရည်မှန်းချက်ကြီးပြီး မြို့နေဘဝကနေ ကျေးလက်မှာ စိုက်ပျိုးမွေးမြူရေးကို အကြီးစားပြောင်းလုပ်ချင်သူပါ ဒါပေမယ့် မြေကို လိုချင်တဲ့ Ugolin ကတော့ Jean ကို မောင်းထုတ်ဖို့အတွက် ဦးလေးဖြစ်သူနဲ့ ပေါင်းကြံပါတော့တယ် ဇာတ်လမ်းအသေးစိတ် ပြောပြနေရင် ပေါ့သွားမှာစိုးလို့ သူတို့ တူအရီးနှစ်ယောက် ဘယ်လိုတွေ ကြံစည်ကြလဲဆိုတာကို ပရိသတ်ကြီးပဲ အားပေးလိုက်ပါဦး
...

Gaami (2024) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Adventure #Bollywood #Drama #Thriller #ScienceFiction #Fantasy #Mystery #SciFi 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gaami 2024 လမ်းပျောက်ကြယ် IMDb -7.0/10 Indian movieတွေက emotionတွေ dramaတွေပဲများနေလို့ ခပ်ဆန်းဆန်းလေးtryကြည့်ချင်သူတွေအတွက်adventure ~ mystery တေလဂူကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လိုက်က သဲလွန်စတစ်ခုပြီးတစ်ခုရှာရင်းနဲ့ plotကိုတစ်စစဖော်ထုတ်တဲ့ quest adventure ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်မူဗီလေးမလို့ ပိတ်ရက်နဲ့ကြုံတုန်း ရှုစားလိုက်ပါဦးစို့။ ဇာတ်လမ်းအစမှာတော့ အရှင်သျှီဝကို ကိုးကွယ်တဲ့သူတွေရဲ့ကျောင်းမှာ တစ်ကျောင်းလုံးအပယ်ခံဖြစ်နေရှာတဲ့ရှန်ကာ၊ ဒီကျောင်းမှာ ဘာပြဿနာပဲဖြစ်လာလာကျောင်းကိုအုပ်ချုပ်တဲ့သူကစလို့ အောက်ခြေသိမ်းအထိ ရှန်ကာကိုပဲ လက်ညှိုးထိုးကြပါတယ်။ အကြောင်းကတော့ ရှန်ကာကလူတွေနဲ့ထိတွေ့ရင်ဓာတ်လိုက်သလိုခံစားရတဲ့ ထူးခြားတဲ့ရောဂါတစ်ခု ခံစားနေရပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကတော့ ဒါကို အရှင်သျှီဝရဲ့ကျိန်စာ၊ ရှန်ကာက ဂြိုဟ်ဆိုးလို့ သတ်မှတ်ကြလို့ပါပဲ။ ဒီကျောင်းက ထွက်သွားဖို့ဆိုပြန်တော့လည်း ရှန်ကာက အတိတ်မေ့နေတာဖြစ်ပြီး သူသိတဲ့တစ်ခုတည်းသောအရာကသူ့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်က မဟာဂုရုကြီး ‌ကေဒါဘာဘာက သူ့ကိုဒီကျောင်းမှာ လာထားသွားတယ်ဆိုတာပါပဲ။ဒီလိုနဲ့ ဂုရုကြီးကေဒါဘာဘာနောက်ဆုံးရှိတဲ့ကျောင်းကိုထွက်လာ‌ခဲ့ရင်းနဲ့ ဂုရုကြီးရဲ့တပည့်နဲ့ဆုံပြီး ဂုရုကြီးမှာခဲ့တဲ့မီးလင်းတဲ့အနုမြူမှိုဆိုတာကိုရှာဖို့ ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း စစ်တပ်ရဲ့လျှို့ဝှက်နေရာတစ်နေရာမှာ လူတွေကိုဖမ်းဆီးပြီးတော့ ဓာတ်နဲ့တို့ပြီးစမ်းသပ်မှုတွေလုပ်နေပေမဲ့ လိုချင်တဲ့ရလဒ်အထိ မရောက်နိုင်တဲ့လူတစ်စုကရှိနေပြန်ပါတယ်။ ရှန်ကာဓာတ်လိုက်သလိုခံစားနေရတာကရော ဓာတ်တို့စမ်းသပ်မှုတွေလုပ်နေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်နေရာနဲ့ဘာတွေပတ်သက်နေမလဲ။ မှတ်ဉာဏ်ပျောက်နေတဲ့ရှန်ကာကရော သူ့ဘဝရဲ့ဖြစ်တည်မှုကို ရှာတွေ့သွားနိုင်မလား ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V တို့ပဲဖြစ်ပါတယ်။)
...

Different Strokes (2023) ⭐IMDB: 6.4/10 (36 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 51 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လီဒီယာ၊ ဒွန်နီ၊ အွန်ရင်ယယ်နဲ့ မနီလာဆိုတဲ့ သူငယ်ချင်းမိန်းကလေး ၄ ယောက်ဟာဆိုရင် ခုချိန်မှာ လက်တွဲဖော်ကိုယ်စီနဲ့ပါ… သူတို့ထဲမှာ လီဒီယာကတော့ ယောကျ်ားဖြစ်သူရဲ့အချစ်အရမ်းခံရပြီး အလိုလိုက်ခံရတဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် ကံအကောင်းဆုံးလို့ ကျန်တဲ့သူငယ်ချင်းတွေက သတ်မှတ်ထားကြပါတယ်… ဒါပေမယ့်လည်း ဒါတွေက အပေါ်ယံသာဖြစ်ပြီးတော့ ကလေးမမွေးနိုင်တာကြောင့် ယောက္ခမဖြစ်သူနဲ့ ယောင်းမရဲ့နှိပ်စက်မှု၊ မုန်းတီးမှုတွေခံနေရတာကိုတော့ ဘယ်သူမှမမြင်နိုင်ဘဲဖြစ်နေပါတယ်… ဒွန်နီကတော့ ငယ်စဉ်က အရမ်းထူးချွန်ပြီး အလားအလာကောင်းတွေ အများကြီးရှိခဲ့တဲ့လူတစ်ယောက်ပေါ့… ဒါပေမယ့်လည်း အိုလားရယ်မီဆိုတဲ့သူနဲ့ စောစီးစွာတွေ့ခဲ့ပြီးတော့ နှစ်ဦးသဘောတူညီချက်နဲ့ အပြင်မှာအလုပ်လုပ်ပိုက်ဆံရှာတာကို အိုလားရယ်မီကလုပ်ပြီး ဒွန်နီကတော့ အပြင်အလုပ်မလုပ်ဘဲ အိမ်ကိစ္စနဲ့ သူတို့မွေးထားကြတဲ့ ကလေးနှစ်ယောက်ကိစ္စတွေကို တာဝန်ယူထားခဲ့ပါတယ်… ကံမကောင်းချင်တော့ ခင်ပွန်းဖြစ်သူက အရင်အလုပ်ဟောင်းကနေ ပြုတ်သွားခဲ့ပြီး လက်ရှိအလုပ်အသစ်ရဲ့ဖိစီးမှုတွေနဲ့ ဒွန်နီ့ကို အလကားနေ၊ အလကားထိုင်စားတတ်တဲ့သူလို့မြင်လာကာ နှစ်ယောက်ကြားပြဿနာလေးတွေရှိလို့လာပါတယ်… အွန်ရင်ယယ်ကတော့ အလုပ်ကိစ္စတွေနဲ့ပဲ လုံးပန်းနေပြီး အိမ်ထောင်ရေးသုခရရှိဖို့တာဝန်ကို မဖြည့်ဆည်းပေးနိုင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကြောင့် စိတ်ဒုက္ခရောက်နေရတဲ့သူတစ်ယောက်ပေါ့… မနီလာကတော့ ကလေးမီးဖွားပြီးကတည်းက ဝိတ်အတက်လွန်ပြီး ပြန်မကျဖြစ်နေတော့တာကြောင့် ခင်ပွန်းဖြစ်သူရဲ့အရေးလုပ်ခြင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်… သူတစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ပြီး ကျန်းမာရေးမကောင်းတဲ့သားလေးကို ပြုစုစောင့်ရှောက်နေရပေမယ့် သူလိုချင်တာဆိုလို့ ခင်ပွန်းဖြစ်သူရဲ့ချစ်ခင်ဂရုစိုက်ကြင်နာမှုလေးတွေပါပဲ… ဒါပေမယ့် ခင်ပွန်းဖြစ်သူကတော့ မနီလာ့ကိုရှိတယ်လို့တောင်မထင်တော့ဘဲ သားဖြစ်သူကိုလည်း ဂရုမစိုက်ဘဲ အပြင်မှာပဲမိန်းမတွေပတ်ရှုပ်သာယာလို့နေပါတယ်… ဒီတော့ ဒီသူငယ်ချင်းလေးယောက် သူတို့ရဲ့မသာယာတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးဘဝတွေကို ဘယ်လိုဆက်ရင်ဆိုင်သွားမလဲ… ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “Different Strokes” ဆိုတဲ့ကားလေးကို ဆက်ကြည့် အဖြေရှာလိုက်ကြပါဦး
...

Broken Trail: The Making of a Legendary Western (2006) ⭐TMDB: 74% User Score 🎬 #Action #Adventure #Drama #Documentary #Western 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 3 နာရီ 4 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန် ကောင်းဘွိုင်ကားတွေကို သဘောကျတဲ့လူတွေအဖို့ ဒီကားလေးကလည်း အဆင်ပြေစေမှာသေချာပါတယ်။ ဒီဟာကတော့ တစ်ပိုင်းကို ၁ နာရီခွဲစာလောက်ရှိပြီး ၂ ပိုင်းပါဝင်တဲ့ မီနီစီးရီး ဒါမှမဟုတ်လည်း ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့လေ။ အဓိကဇာတ်ဆောင်အနေနဲ့ Spiderman ထဲက သဲလူသားဗီလိန်လုပ်တဲ့ မင်းသားကြီး Thomas Haden Church ရယ် နာမည်ကြီးကားတော်တော်များများမှာ ပါလေ့ရှိတဲ့ မင်းသားကြီး Robert Duvall တို့ပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ Rubert Duvall ကြီး ဒီကားထဲ သရုပ်ဆောင်ပြသွားတာ တကယ်မိုက်လွန်းပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၉၈ အမေရိကန် ကောင်းဘွိုင်ခေတ်ကို ဇာတ်တည်ထားပြီး ဦးလေးဖြစ်သူ ကောင်းဘွိုင်ဟောင်းကြီး ပရန်တစ်စ်ရစ်တာဆိုတဲ့ ဘဲကြီးက သူ့ရဲ့တူဖြစ်သူ တွန်ဟတ်ခ်ကို လာရှာပြီး သူ့တူရဲ့အမေ သူ့အစ်မရဲ့ သေတမ်းစာအရ မြင်းတွေအုပ်လိုက်ကြီး ဝယ်ပြီး မိုင်တစ်ထောင်ကျော်တဲ့ခရီးကို ပြန်မောင်းနှင်သွားကြဖို့ လာခေါ်တာပါ။ ဒီလိုနဲ့ လမ်းမှာသွားနေတုန်း တယောသမားဖြစ်တဲ့ ဂစ်ပင်ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်ကနေ အမေရိကန်ကို ပြည်တန်ဆာအဖြစ် အရောင်းခံလိုက်ရတဲ့ တရုတ်မလေး ၅ ယောက်ကို လမ်းကြုံကယ်တင်မိရာကနေ ဒီအားနည်းတဲ့ တရုတ်မလေး ၅ ယောက်နဲ့ ကောင်းဘွိုင် ၃ ယောက်သား မိုင်တစ်ထောင်ခရီးကြမ်းကြီးကို စွန့်စွန့်စားစား ဘယ်လိုခေါ်ပြီး ခရီးဆုံးကို အရောက်လှမ်းကြမလဲဆိုတာ ဝေဝေဆာဆာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကောင်းဘွိုင်ကားဆိုတော့ မြင်းတွေ ရှုခင်းလှလှတွေ အင်ဒီယန်းလူမျိုးတွေ သေနတ်ကိုင်လူရမ်းကားတွေ စသဖြင့် ပေါင်းစုံပါဝင်ပြီး Rating ကလည်း 7.7 ရရှိထားတာမို့ မကောင်းမှာတော့ မပူစေရပါဘူးလို့ နိဂုံးချုပ်ရင်း ပြောလိုက်ပါရစေဗျာ။
...

Girls on Film (2023) ⭐IMDB: 5.5/10 (723 Votes) 🎬 #Drama #Romance #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sexy Model, Miss Bikini မင်းသမီးချော Dare Taylor နဲ့ Willow Grey တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၁၈ ယောက်စုကြည့်ရမယ့် Drama/Romance/Thriller ဇာတ်ကားလေးပါ ဇာတ်အိမ်လေးကတော့ သူနာပြုကျောင်းတက်ဖို့အတွက် Online ပေါ်ကနေ Live လွှင့်ပြီး sexy pose တွေနဲ့ ပိုက်ဆံရှာနေတဲ့ ဂျန်နာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ…… ဖခင်ဖြစ်သူရဲ့ ဂရုစိုက်မှုကိုမရဘဲ ငွေကိုရေလိုသုံးပြီး ပျက်ဆီးနေတဲ့ ဘလိတ်ခ် ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံမိရာကနေ……. ၁၈ ယောက်စုကြည့်ရမယ့်အခန်းတွေအများကြီးနဲ့မို့ ကြိုပြီးသတိပေးထားပါရစေ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Sentinel (2024) ⭐IMDB: 2.7/10 (199 Votes) 🎬 #SciFi #ScienceFiction #Action 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းထဲမှာတော့ အနာဂတ်မှာ ဂြိုလ်သားတွေက ကမ္ဘာမြေကိုကျူးကျော်သိမ်းယူခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်သူတွေ တိုက်ပွဲကျသွားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက လကမ္ဘာဆီကိုထွက်ပြေးရင်း ပုန်းကွယ်နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတော့ လပေါ်မှာရှိတဲ့လူသားတွေက တိုက်ခိုက်ရေးဟီးရိုးသုံးဦးကိုရွေးချယ်ပြီး ကမ္ဘာမြေဆီကိုပြန်စေလွှတ်ခဲ့တယ်။ အဲဒီ ဟီးရိုး၃ဦးရဲ့မစ်ရှင်ကတော့ အချိန်ခရီးသွားပြီး ဂြိုလ်သားတွေကိုနှိမ်နင်းပြီးနောက် ကမ္ဘာမြေကိုပြန်လည်သိမ်းယူဖို့ပါပဲ။ လူသားတွေ ကမ္ဘာမြေပေါ်မှာ နဂိုအတိုင်းပြန်နေခွင့်ရနိုင်မလားနဲ့ မစ်ရှင်ကရော အစီအစဥ်အတိုင်းဖြစ်လာမလားဆိုတာကိုတော့
...