ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Flight Risk (2025) ⭐IMDB: 5.5/10 (8 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Flight Risk (2025) IMDb Rating (5.5) မင်းသားကြီး မာ့ခ်ဝါးဘက်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်လာပါပြီ။ လူနည်းနည်းနဲ့ အသက်လုရတဲ့အမျိုးအစားမို့ သည်းထိပ်ရင်ဖိုကြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။ ဒါရိုက်တာက မဲလ်ဂစ်ဆင် ပါ။ မင်းသမီးကတော့ The Gentlemen ရုပ်ရှင်ထဲက Michelle Dockery မို့အလန်းပါပဲ။ Spider-Man 3 ထဲမှာ Venom လုပ်ခဲ့တဲ့ Topher Grace လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *********** ယူအက်စ်မာရှယ် ရဲအရာရှိ မဒိုလင်ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးမိုရက်တီ ရဲ့ စာရင်းကိုင် ဝင်စတန် ကို အလက်စကာပြည်နယ်ထဲကလူမရှိတဲ့နေရာတစ်ခုမှာ ပုန်းနေတာကို အမိဖမ်းနိုင်လိုက်ပါတယ်။ သူ့ကို သက်သေထွက်ဆိုခိုင်းနိုင်ရင် မိုရက်တီကိုလည်း ထောင်ထဲတစ်သက်လုံးထည့်နိုင်ပြီမို့ သူ့ကို လေယာဉ်တစ်စီးငှားပြီး သယ်လို့ဖို့ကြိုးစားပါတော့တယ်။ လမ်းခရီးမှာ စာရင်းကိုင် သက်သေခံကို လေယာဉ်ပေါ်က အသက်ရှင်လျင် မဆင်းနိုင်ဖို့ မျိုးစုံတားဖို့ ကြိုးစားမဲ့အထဲကမှ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်ရမလဲ တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)...
Vampire Hunter D (1985) ⭐TMDB: 66% User Score 🎬 #Action #Animation #Fantasy #Horror #SciFi 🗓 1985 🎞 movie 🌎 #Japan ⏰ 1 နာရီ 22 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 80’s ကာလ Retro Anime ကောင်းတွေ တစ်ဖန်ပြန်လည် ခံစားချင်သူတွေအတွက် ၁၉၈၅ တုန်းက ထွက်ရှိခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် Hunter D ဆိုတဲ့ဘဲကြီးအကြောင်း တင်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့ ဒီကားထွက်ရှိခဲ့ပြီး ဒုတိယကားကို ၂၀၀၀ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Doris ဆိုတဲ့ အပျိုချောလေးကို တော်ဝင်မြို့စားမင်း သွေးစုပ်ဖုတ်ကောင်ကြီးက ကိုက်ရာပေးလိုက်ပြီး တစ်နေ့မှာ သူ့ ဇနီးမယားလုပ်ဖို့အတွက် ကြံစည်နေတဲ့အချိန် Doris မှာလည်း ကြံရာမရ ဖြစ်ပြီးတော့ မုဆိုး Hunter တွေကို လိုက်ရှာရမှာ D ဆိုတဲ့ ထူးခြားဆန်းကြယ် Vampire Hunter ကြီးကို အကူအညီတောင်းလိုက်ပြီး မောင်ဖြစ်သူရော အပါအဝင် ၃ ယောက်သား ဒီ သွေးစုပ်ဖုတ်ကောင်ကြီးရန်ကနေ ဘယ်လိုကျော်လွှားကြမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။...
The Ardennes (2015) ⭐IMDB: 6.7/10 (6 k Votes) 🎬 #Crime #Drama #Thriller 🗓 2015 🎞 movie 🌎 #Belgium #Netherlands ⏰ 1 နာရီ 33 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Ardennes (2015) ********************** Rotten Tomatoes (58%), IMDb (6.7) ဒီတစ်ခါတော့ ဒတ်ချ် စကားပြော ရုပ်ရှင်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို ပတ်ဝန်းကျင်မှာ ထောင်ထွက်လူဆိုးတွေကို မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလူတွေဟာ ဆိုးလို ထောင်ကျတာလား ထောင်ကျလို လူဆိုးဖြစ်လာတာလားဆိုတာကို စဥ်းစားဖူးကြလား။ ဒီဇာတ်ကားလေးမှာ အဲဒီအဖြေ တစ်ပိုင်းတစ်စကို ပြောပြထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နီရယ် ကန်နီ့ ရည်းစား ဆယ်ဗီရယ် ကန်နီ့အကို ဒေ့ရယ်က သူများအိမ်သွားဖောက်တာ အဖောက်မတော်ဖြစ်ပြီး ကန်နီက ထောင် ခုနှစ်နှစ်ကျပါလေရော.. ထောင်ကထွက်လာတဲ့ နောက်ပိုင်း ကန်နီက အရင်တုန်းကလို ဟုတ်သေးရဲ့လား။ သူ့ညီကို လမ်းကြောင်းမှန်ကို ပြန်ရောက်အောင် ကြိုးစားတဲ့ ဒေ့ရဲ့ အားထုတ်မှု အထမြောက်ပါ့မလား။ ဆယ်ဗီရဲ့ လျိုဝှက်ချက်ကရော ဘာပါလဲ.. သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းဟာ ဘယ်ဂျီယံနိုင်ငံရဲ့ Magritte Award for Best Flemish Film ဆုကိုလည်း ရရှိထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lazum David ပဲဖြစ်ပါတယ်...
The Gorge (2025) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Action #Adventure #Horror #Romance #SciFi #Thriller #ScienceFiction 🗓 2025 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gorge (2025) TMDb Rating (7.5) / Rotten Tomatoes (61%) မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။ ဇာတ်လမ်းအကျဉ်း လီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။ တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။ တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။ အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)...
The King of Fighters (2009) ⭐TMDB: 48% User Score 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2009 🎞 movie 🌎 #Canada #Germany #Japan #Taiwan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဗီဒီယို ဂိမ်းကြိုက်တဲ့ သူတွေနဲ့ ရင်းနှီးမယ့် King of Fighter ဆိုတဲ့ ဂိမ်းကို နမူနာယူပြီး ရိုက်ထားတာပါ ဇာတ်လမ်းကတော့ နည်းပညာတွေမြင့် လျှို့ဝှက်တိုက်ခိုက်ရေး ပြိုင်ပွဲဖြစ်တဲ့ KOF နဲ့ တည်ထားပါတယ် ဒီဂိမ်းဟာ VR လိုမျိုး ပြိုင်ပွဲဝင်တွေက Avatar တွေကို ထိန်းပြီးတော့ ပြိုင်ကြရတာဖြစ်ပါတယ် Rugal Bernstein ဆိုတဲ့သူက ပြိုင်ပွဲဝင်တွေရဲ့ တကယ့် ခန္ဓာကိုယ်တွေကို ဒီဂိမ်းထဲကို ခေါ်လာဖို့ နည်းပညာကို ရှာတွေ့သွားတဲ့ အခါ ဒီဂိမ်းကို ဆော့နေကျသူတွေရော သိုင်းပညာနဲ့ ပတ်သက်တဲ့ အဆက်အနွယ်ရှိတဲ့သူတွေကို ဂိမ်းထဲကို ခေါ်လာပြီးတော့ အသက်ရှင်ရဖို့ အတွက် ယှဥ်ပြိုင်တိုက်ခိုက်စေတာတွေ ဖြစ်လာပါတယ် ဒီလိုနဲ့ ဒီလိုမျိုး အခေါ်ခံလာရတဲ့ သူတွေက အသက်ရှင်ဖို့ အတွက် တိုက်ခိုက်ယှဥ်ပြိုင်ရပါတော့တယ် ဘယ်သူတွေက အသက်ဆက်ပြီး ရှင်သွားရမှာလဲ တကယ့်ကမ္ဘာကို ပြန်ပြီးတော့ သွားနိုင်ကြမှာလား Rugal Bernstein က ရော ဘာအတွက်နဲ့ ဒီလိုတွေ လုပ်ခဲ့တာလဲဆိုတာကို ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်...
The Street Fighter (1974) ⭐TMDB: 70% User Score 🎬 #Action #Crime #Thriller 🗓 1974 🎞 movie 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဂျပန်ရိုးရာကရာတေးကစားနည်းနဲ့ တရုတ်သိုင်းတို့ကိုပြန့်ပွါးအောင် ကြိုးစားခဲ့တဲ့လူရဲ့ သားဖြစ်သူ Takuma Surigi ကိုအဓိကတည်ပြီးရိုက်ကူးထားပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့တတိယမြောက်အကြီးဆုံးရေနံကုမ္ပဏီရဲ့ ဥက္ကဌကြီးသေဆုံးတာကြောင့် ပိုင်ဆိုင်မှုတွေကိုအရယူလိုတဲ့လူတွေလည်းအမြောက်အမြားပါ။ ဥက္ကဌကြီးရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ Sarai Hammett ဆီကပိုင်ဆိုင်မှုတွေကိုရယူဖို့အားလုံးကလုပ်နေချိန်မှာ Surigi အနေနဲ့ Sarai ကိုသူ့ရဲ့ပြည့်ဝလှတဲ့ကရာတေးစွမ်းရည်တွေနဲ့ဘယ်လိုကာကွယ်ပေးပေးသွားမလဲဆိုတာမြင်တွေ့ရမှာပါ။ IMDB မှာလည်း Rating 6.9ထိ ရရှိထားတာမလို့ ဟောင်းပေမယ့်ကောင်းနေဆဲကားလေးတစ်ကားဖြစ်မှာပါ။...
La Dolce Villa (2025) ⭐IMDB: 6.2/10 (626 Votes) 🎬 #Comedy #Romance 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 La Dolce Villa (2025) “အချစ်ဂေဟာ” ပေါ့ပေါ့ပါးပါးရယ်မောရင်း အချိုလေးတွေမှ စားချင်တဲ့ ပရိသတ်ကြီးအတွက်ချစ်စရာကောင်းတဲ့ အမေရိကန် Rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ အီတလီက ချစ်စရာမြိုလေးတစ်မြိုကို အခြေခံရိုက်ကူးထားတာမိုအမြင်ဆန်းဆန်းလေးနဲ့ တစ်မျိုးကြည့်လို ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အဲရစ်ဟာ တစ်နေ့တော့ အီတလီကမြိုလေးတစ်မြိုကို ခရီးထွက်ရဖို ဖြစ်လာပါတယ်။ သွားသာသွားရပေမဲ့ အီတလီသွားတိုင်း ပြဿနာတစ်ခုခုတက်တတ်တာဟာ အဲရစ်ရဲ့ အီတလီကျိန်စာတစ်ခုလို ဖြစ်နေပါပြီ။ ဒီတစ်ခါမှာတော့ အဲရစ်ရဲ့တစ်ဦးတည်းသော မိတဆိုးသမီးလေးက အီတလီကမြိုငယ်လေးတစ်မြိုမှာ တစ်ယူရိုတန်ဗီလာတစ်လုံး၀ယ်မယ်ဆိုတဲ့သတင်းကြောင့် သမီးဖြစ်သူကို တားဆီးဖို ဒီခရီးကို မဖြစ်မနေထွက်လာခဲ့ရတာပါ။ ဒီလိုနဲ့ အီတလီနဲ့အကျိုးပေးမကောင်းခဲ့တဲ့ အဲရစ်တစ်ယောက် သူ့ရဲ့အီတလီခရီးစဉ်မှာသမီးဖြစ်သူနဲ့တင်မက သူ့အတွက် အရွယ်လွန်အချစ်နဲ့ပါ ဆုံဆည်းမိတဲ့အခါမှာတော့… အဲရစ်ရဲ့အီတလီကျိန်စာက အဆုံးသတ်သွားမလားဆိုတာ ကြည်နူးပျော်ရွှင်စရာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM team ပါ။)...
暴走财神6 (2025) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့နတ်မင်းတွေအကြောင်းရိုက်ကူးထားတဲ့ ဟာသကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် လူတွေရဲ့သဘောသဘာဝအရချမ်းသာကြွယ်ဝချင်ကြတာကြောင့် စည်းစိမ်ဥစ္စာနတ်မင်းဆီမှာ ဆုတောင်းကြတာပေါ့အဲ့တော့ သူတို့နတ်မင်း ဌာနက အရမ်းကို အလုပ်ရှုပ်တာပေါ့ အဲ့လိုနဲ့ တစ်နေ့မှာ နတ်မင်းတွေရဲ့ ခေါင်းဆောင်ဖြစ်သူကကံကောင်းခြင်းနတ်မင်းငါးပါးရဲ့ဌာနကနေ လူလျှော့ရမယ်ဆိုပြီး အထက်အမိန့်ကျလာတာပေါ့နော်အဲ့တော့ ဘယ်ဌာနကို လျှော့ရမလဲဆိုတာ ခေါင်းစားစရာတစ်ခုဖြစ်လာရောအားလုံးကလည်း စည်းစိမ်ဥစ္စာနတ်မင်းရဲ့ ဌာနက လူများတာကြောင့်သူ့ဌာနကလျှော့ဖို့ ထောက်ခံကြရော အဲ့အချိန်မှာ စည်းစိမ်နတ်မင်းကသူ့ဆီက လူမလျှော့ဖို့အရေး ကောင်းကင်ဘုံကနေ ပျောက်ဆုံးသွားတဲ့အံ့ဖွယ်ကျောက်ကို တစ်လအတွင်း ပြန်ရှာပေးမယ်ဆိုပြီးကတိတစ်ခုပြုလုပ်လိုက်ပါတယ် အဲ့တော့ သူ့လူတွေကို သဲလွန်စအတိုင်း လိုက်ရှာခိုင်းတဲ့ အချိန်မှာတော့အံ့ဖွယ်ကျောက်ရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်မယ့် ကြေးပြားမှန်ချပ်ကလူ့ပြည်က ပဲပေါက်စီဆိုင်ပိုင်ရှင် ဝမ်ရှောင်ဟွားဆီမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့...
Marco (2024) ⭐IMDB: 7.4/10 (16 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marco (2024)“မာကို” ဘတ်ဂျက် ကုဋေ ၃၀ နဲ့ရိုက်ပြီး ရုံတင်ငွေ ၁၁၅ ကုဋေ ရထားတဲ့မလေယာလမ် အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် မျက်မမြင် ဗစ်တာဆိုတဲ့လူဟာ ခွေးတစ်ကောင်လိုအနံ့ခံတော်ပြီး အထိအတွေ့အာရုံလည်း ကောင်းလှသူပါ အဲဒီအာရုံကြောင့်ပဲ တစ်ညမှာ သူနဲ့ သူ့ငယ်ချင်းဝါဆင်တို့လမ်းလျှောက်လာတုန်း ဝါဆင်အသတ်ခံလိုက်ရတဲ့အခါလူသတ်သမားကို မှတ်ထားနိုင်ခဲ့တယ် ဒါကို လူဆိုးတွေသိသွားတဲ့အခါမှာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့ ဗစ်တာအတွက်သူ့အစ်ကို ဂိုဏ်းခေါင်းဆောင်ဂျော့နဲ့ မာကိုတို့ကဘယ်လိုလက်စားပြန်ချေသွားမှာလဲ ဆိုတာကတော့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Kidnapped (2010) ⭐IMDB: 6.4/10 (9 k Votes) 🎬 #Action #Horror #Thriller 🗓 2010 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 21 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kidnapped (2010) ********************** IMDb….6.4 ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့ အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။ IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Austin ပဲဖြစ်ပါတယ်...
Andrei Rublev (1966) ⭐TMDB: 80% User Score 🎬 #Biography #Drama #History 🗓 1966 🎞 movie 🌎 #SovietUnion ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Bloodsport (1988) ⭐TMDB: 70% User Score 🎬 #Action #Biography #Drama #Sport #Thriller 🗓 1988 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Van Damme ဟာဆိုရင် ကျွန်တော့်တို့ ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကြီးလို့ ပြောရင် မှားမယ်မထင်ပါဘူး သူ့ရဲ့ကားတွေ တော်တော်များများက အောင်မြင်တဲ့ကားကောင်းတွေချည်းပါပဲ ဒီထဲကမှ ၁၉၈၈ လောက်ကရိုက်ထားတဲ့ ဒီကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားထွက်တဲ့အချိန် ကျွန်တော် မမွေးသေးပါဘူး ဒီလောက်ကြာပြီဖြစ်တဲ့ကားဖြစ်တာတောင် ဘယ်အချိန်ပြန်ကြည့်ကြည့် ကောင်းနေဆဲပါပဲ ရုပ်ရှင်ဆိုတာ ဒါမျိုးကိုခေါ်တာပါ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် Van Damme က ဒီဇာတ်လမ်းမှာ တပ်ပြေးတစ်ယောက်ပါ ငယ်ငယ်တည်းကသူ့ကို အဖေအရင်းတစ်ယောက်လို ကိုယ်ခံပညာတွေသင်ပေးခဲ့တဲ့ သူ့ဆရာ ရှီဒိုးရှီ ကို ဂုဏ်ယူစေချင်တဲ့အတွက်ကြောင့် ဟောင်ကောင်မှာ ကျင်းပမယ့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ကူမစ်တီ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် တပ်ပြေးတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့မလွယ်ကူလှပါဘူး ဘာကြောင့်ဆို သူ့ကို ပင်ရင်းတပ်ဆီပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားတာကြောင့် ဟောင်ကောင်ရဲတွေနဲ့ သူ့အထက်အရာရှိရဲနှစ်ယောက်က တစ်မြို့လုံးကို လိုက်လံရှာဖွေနေတာပါ ဒီထဲမှာတော့ တော်တော်များများ ဘရုစလီကား Enter the dragon မှာ လူသိများပြီး ကျွဲကြီး လို့ခေါ်ကြတဲ့ Bolo Yeung ကိုရက်စက်ပြီး ကူမစ်တီပွဲမှာ ၃နှစ်ဆက်တိုက် ချန်ပီယံဆွဲထားတဲ့ ချောင်လီ အဖြစ်မြင်တွေ့ရမှာဦးမှာပါ ဒီဇာတ်ကားထဲမှာပြောသွားတဲ့ Very good… but brick not hit back ဆိုတဲ့ စကားကလည်း လူအများကြားတော်တော်ခေတ်ထသွားပါသေးတယ် ကဲ အများကြီးဆက်မညွှန်းနေတော့ပါဘူး ဘယ်လိုကောင်းလဲသိချင်ရင်တော့ ဇာတ်လမ်းထဲမှာဆက်ကြည့်လိုက်ပါတော့…။ ( အညွှန်းရေးသားထားသူကတော့...
All Hail (2022) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Argentina #Mexico #UnitedKingdom ⏰ 1 နာရီ 58 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လိုက်မမီနိုင်အောင် တိုးတက်ပြောင်းလဲနေတဲ့၂၁ ရာစုမှာ လူငယ်လူရွယ်လေးတွေတောင် ဒုန်းစိုင်းခုတ်မောင်းကာ အပြေးလိုက်နေရချိန် အာဂျင်တီးနားနိုင်ငံ ဘွယ်နိုစိုင်းရက်စ်မြိုက မိုးလေ၀သ သတင်းတင်ဆက်သူကြီး မီဂဲလ် ဖလောရက်စ်ဟာ ကိုယ်တိုင်မိုးလေး၀သခန့်မှန်းပြီး ကိုယ်တိုင်တတင်ဆက်လာကာ အနှစ်၂၀ တိုင်အောင် အမှားမရှိဘဲ အမှားကင်းသူအဖြစ် ဂုဏ်သတင်ကျော်ဇောလှတယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကြောင့် သူ့ရဲ့မိုးလေ၀သတင်းကို လူငယ်တွေပါ စိတ်၀င်စားလာအောင် ပေါ်ပင်တွေလုပ်ပြီး အင်စတာဂရမ်မော်ဒယ်တွေကိုပါ ထည့်သာ သူမပျော်ရွှင်နိုင်တော့။ ဖလောရက်စ်ဟာ အတိတ်က သူမတားဆီးနိုင်ခဲ့တာတွေကို နောင်တရကာ မိုးလေ၀သအကြောင်းကို နှိက်နှိက်ချွတ်ချွတ်ကိုယ်တိုင်လေ့လာရာကနေ စွဲလမ်းလာခဲ့ပြီး စွဲလမ်းမှုကြောင့် အောင်မြင်ကျော်ကြားလာခဲ့တယ်။ ထိုအောင်မြင်ကျော်ကြားမှုကြောင့်ပဲ သမီးကိုပါ ဂရုမစိုက်နိုင် ဖြစ်ခဲ့ရတယ်။ သူနှစ်ရှည်လပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ career တစ်ခုလုံးဟာ ခန့်မှန်းချက်မှားပြီး မိုးသီးမုန်တိုင်းတိုက်ခဲ့ခြင်းကြောင့် အဆုံးသတ်ဖိုဖြစ်လာခဲ့တယ်။ အနှစ် ၂၀ လုံးမှန်နေခဲ့ပေမဲ့ တစ်ခါလေးမှားတဲ့အခါမှာတော့ လူတွေရဲ့ သရုပ်မှန်ပေါ်လာတော့တယ်။ ဘ၀မှာအခက်ခဲနဲ့ကြုံတွေ့မှ မိတ်ဆွေစိတ် မိတ်ဆွေတုကို ခွဲသိရပြီး ကိုယ်တိုင်မေ့ေလျာ့နေခဲ့တဲ့ အရေးပါတဲ့အရာတွေကိုပါ သိလာပြီး တန်ဖိုးထားဖိုဖြစ်လာတတ်တာကြောင့် ဖလောရက်စ်တစ်ယောက် အခက်ခဲတွေကို ဘယ်လိုရင်ဆိုင်ပြီး ရှေ့ဆက်ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလိုကောင်း ရိုက်ကူးတဲ့ စပိန်ကားကောင်းလေးတစ်ကားပါ။...
All the Money in the World (2017) ⭐IMDB: 6.8/10 (94 k Votes) 🎬 #Crime #Drama #History #Mystery #Thriller 🗓 2017 🎞 movie 🌎 #UnitedStates #Italy #UnitedKingdom #China #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All the Money in the World (2017) ~ IMDb – 6.8/10, RT – 79%, Meta – 72% ~ Gladiator, Alien, Blade Runner နဲ့ Kingdom of Heaven စတဲ့ တကယ့်ထိတ်ထိတ်ကြဲကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့ True Story ကားကောင်းတစ်ကားပါ။ Mark Wahlberg နဲ့ Michelle Williams တို့လို သရုပ်ဆောင်ကောင်းတွေအပြင် Christopher Plummer လို ဝါရင့် သမ္ဘာရင့် ဂန္ထဝင် သရုပ်ဆောင်ကြီးတွေပါနေတာကလည်း ဒီကားကို ပိုကောင်းသွားစေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေပေါလ်ဂတ်တီ ၂ က သူ့အဖေဆီမှာ မနေဘဲ ခွဲနေတယ်။ နောက်တော့ သူတို့သားအဖပြန်ပေါင်းထုပ်ပြီး ဂျွန််ပေါလ်ဂတ်တီ ၃ ယောက် တစ်အိမ်တည်းမှာနေကြတာပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ ဂျေပေါလ်ဂတ်တီ ဒုတိယ က ဆေးစွဲ နောက်မိန်းမရသွားတော့ ပထမမိန်းမက ကွာရှင်းပါတယ်။ ဒါပေမဲ့ ရေနံသူဌေးကပ်စေးအဘိုးကြီး ပထမ ဂျေပီဂတ်တီက ချွေးမဖြစ်သူ အဘီဂေးလ် ဟားရစ်ကို ငွေတစ်ပြားမှမယူရင် ကလေးအုပ်ထိန်းခွင့်ကို အပြည့်ပေးမယ်ဆိုပြီး အပေးအယူတည့်သွားကြပါတယ်။ နောက်မှာ ဂျေပီဂတ်တီ တတိယ ပြန်ပေးဆွဲခံရတော့ သူ့အမေက ပိုက်ဆံမရှိတဲ့ နာမည်ကြီးထမင်းငတ်၊ သူ့အဘိုးကကျ ချမ်းသာသလောက် ကပ်စေးကုတ်တဲ့သူ။ အဲဒီအခြေအနေတွေကြားကနေ ဂျေပီဂတ်တီ ၃ ဘယ်လိုပြန်ရောက်လာမလဲဆိုတာကို ဖြစ်ရပ်မှန်နဲ့ ဒရာမာရောစွတ်ထားတဲ့ ဒီဇာတ်ကားမှာ ထိုင်ရာမထ ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Start Up Never Give Up (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Startup Never Give Up (2024) လွဲလွဲလေးပဲကောင်းပါတယ် ရယ်မောပြုံးပျော်ပြီး အပန်းဖြေနိုင်ဖို အင်ဒိုနီးရှားဟာသကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒွန်နီဆိုတဲ့ကောင်လေးက အလုပ်ထုတ်ခံရလိုက် ပြန်လျှောက်လိုက်နဲ့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီးသံသရာလည်နေသူတစ်ဦးပါ။ သူ့မှာရာဖီဆိုတဲ့ ကျောင်းတက်နေဆဲ ညီငယ်လေးတစ်ယောက်ရှိပါတယ်။ရာဖီကပဲ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ ကျောင်းတစ်ဖက်၊ စာတစ်ဖက် အလုပ်ရှုပ်နေရပါတယ်။ အခုလည်း သူလက်ရှိလုပ်နေတဲ့ မိတ္တူကူးတဲ့အလုပ်က အထုတ်ခံလာရပြန်ပါပြီ။မိတ္တူကူးနေရင်း စက်ပျက်သွားတော့ သူဌေးကသူ့ကိုအလုပ်ထုတ်လိုက်တာပါ။ ဒွန်နီမှာ ဒေဝီလိုခေါ်တဲ့ သူငယ်ချင်းချောချောလှလှ ကောင်မလေးတစ်ယောက်ရှိပါတယ်။သူ့ကိုမုန့်တွေလာပို၊ သူ့ညီငယ်လေးကိုထိန်းကျောင်းပေးနေသူလေးပေါ့။ သူတိုအိမ်ရဲ့အိမ်စရိတ်တွေ၊ မီတာခအကြွေးတွေပေးဖို ဒွန်နီက အလုပ်တစ်ခုလျှောက်ရပါတော့တယ်။သူ့ရဲ့လုံခြုံရေး၊ ဝိတ်တာ၊ ရုံးစာရေး၊ ဒရိုင်ဘာ အကုန်လုပ်ဖူးတဲ့အတွေ့အကြုံနဲ့ မန်နေဂျာရာထူးကိုခန့်လိမ့်မယ်ထင်ပေမဲ့ ဒီတစ်ခါလည်းလွဲသွားပြန်ပါတယ်။ ဒီလိုနဲ့ခေါင်းငိုက်စိုက်ချ ပြန်လာတုန်း သူ့ကို အနောက်ကအတင်းလိုက်အော်ခေါ်ပြီး အလုပ်တန်းခန့်ပါတော့တယ်။အကြောင်းရင်းကတော့ သူဟာသူတိုသူဌေးမိန်းမရဲ့ မောင်လေးဖြစ်နေလိုအထက်ကသူ့ကို အလုပ်ခန့်ခိုင်းခြင်းရယ်ပါ။သူကတော့ဒါကိုမသိဘဲ ပျော်ရွှင်စွာ အလုပ်ဝင်ပါတော့တယ်။ ဒွန်နီတစ်ယောက် ဒီအလုပ်မှာရော ဘယ်လောက်မြဲမလဲ၊အလွဲတွေလုပ်ပြီးပဲ ထပ်အလုပ်ထုတ်ခံရဦးမလား၊နောက်ဘာအလုပ်ထပ်ရှာရပါဦးမလဲ၊ သူ့ညီလေးနဲ့ သူတိုအိမ်စရိတ်ကိုရောသူဆက်ထောက်ပံ့နိုင်ပါ့မလား၊ ဒေဝီနဲ့သူတိုရဲ့ဆက်ဆံရေးကရောဘယ်လိုလဲဆိုတာ ရယ်မောကြည့်ရှုရင်း ဆက်လက်အဖြေရှာကြည့်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်။...
Sumala (2024) ⭐IMDB: 5.8/10 (421 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 54 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sumala (2024) IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။)...
The Dirty Dozen (1967) ⭐TMDB: 76% User Score 🎬 #Action #Adventure #War 🗓 1967 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။ စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်မလား။ စစ်ဆင်ရေးအောင်မြင်သွားခဲ့သည်ရှိသော် အကျဉ်းသားတွေကရော အပြစ်ဒဏ်လျှော့ပေါ့ပေးခံရလေမလား…..။ The Dirty Dozen ဟာ ၁၉၆၇ ခုနှစ်ထွက် ဂန္တ၀င်မြောက် စစ်ကားကြီးတစ်ကားဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဇာတ်ကားကောင်းစာရင်းထဲ၀င်နေဆဲဖြစ်တာမို အချိန်ပေးရကျိုးနပ်စေမှာပါ။...
Shrew's Nest (2014) ⭐IMDB: 6.7/10 (8 k Votes) 🎬 #Drama #Horror #Thriller 🗓 2014 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 32 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shrew’s Nest (2014) ********************** IMDb….6.7 cm ပရိသတ်ကြီးကို ၁၉၅၀ ဝန်းကျင် ခေတ် မက်ဒရစ်မြို့ကို နောက်ခံထားတဲ့ စပိန်ဘာသာစကားပြော Horror Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတွေဟာ ရှင်သန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ မတူညီတာနဲ့အမျှ စိတ်ခံစားချက် အသီးသီးဟာလည်း မတူညီကြပါဘူး။ ချစ်ခြင်းမေတ္တာဟာ လှပတယ်ဆိုပေမဲ့ အစွန်းရောက်သွားပြီးတော့ စိတ္တဇအခြေအနေအဖြစ် ကူးပြောင်းသွားတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းတဲ့ အရာတွေကို မရည်ရွယ်ဘဲ လုပ်မိလျက်သား ဖြစ်တတ်တဲ့သဘောရှိပါတယ်။ ဒီဇာတ်ကားဟာ လူတွေ ဂရုမမူမိတတ်ကြတဲ့ စိတ်ရောဂါအခြေနေ ကွဲပြားပုံတွေနဲ့ ဒါကိုလျစ်လျူရှုထားတဲ့အခါမှာ ဘယ်လိုဆိုးဝါးရဲ့အရာတွေ ဖြစ်နိုင်သလဲဆိုတာကိုဇောင်းပေး ရိုက်ကူးထားတာပါ။ တင်ဆက်ပုံကောင်းမွန်ပြီး ပါဝင်သရုပ်ဆောင်သူတွေ သရုပ်ဆောင် ကောင်းကြသလို ရုပ်ရှင်ပွဲတော်တွေမှာ ဆန်ကာတင်ချိတ်ရုံတင်မက ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါ ဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ကြည့်ရှုနေရင်းနဲ့ ကိုယ်တိုင် လိုက်ပါစီးမျောရင်း မွန်းကြပ်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ မွန်ဆေးဆိုတဲ့ အမျိုးသမီးဟာ ငယ်စဉ်ကတည်းက မိခင်သေဆုံးပြီးချိန် ကျန်တဲ့ ဖခင်ဖြစ်သူက စိတ္တဇရောဂါဖြစ်ပြီး အနိုင်ကျင့်မှု ခံခဲ့ရပါတယ်။ ငယ်ရွယ်စဉ်မှာ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ သူမဟာ အိမ်အပြင်မထွက်ရဲတဲ့ agoraphobia ရောဂါကိုပါ ခံစားခဲ့ရပါတယ်။ သူမအတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ဟာ သူမရဲ့ ညီမလေးပါ။ ဒီညီမလေးကိုလည်း မွန်ဆေးဟာ ငယ်စဉ်ကတည်းက ထိန်းချုပ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ဒီလိုနဲ့ နေထိုင်လာရင်း တစ်နေ့မှာ အပေါ်ထပ် တိုက်ခန်းမှာ နေထိုင်တဲ့ ကာလို့စ်ဆိူတဲ့ အမျိုးသားတစ်ယောက် လှေကားမှာ ချော်လဲပြီးတော့ သူမတို့ တိုက်ခန်းကို အကူအညီတောင်း ရောက်လာချိန်မှာတော့…..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aoi ပဲဖြစ်ပါတယ်...
The Forbidden Camp: Mass Possession (2024) ⭐IMDB: 6.5/10 (111 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 51 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kemah Terlarang: Kesurupan Massal aka The Forbidden Camp: Mass Possession 2024 “မသွားအပ်သော အရပ်” ဖြစ်ရပ်မှန်အခြေခံထားတဲ့ အင်ဒိုနီးရှား ဟော်ရာဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ၂၀၁၆ မှာ တောထဲ စခန်းချခရီးထွက်ကြတဲ့ ကျောင်းသားတွေအုပ်စုလိုက်မကောင်းဆိုးဝါး ဝင်ပူးခံရတဲ့အဖြစ်အပျက်ကို ပြန်လည်ပုံဖော်ထားတာလိုသိရပြီး ဇာတ်လမ်းအကျဉ်းကတော့ ရီနီဟာ အမောမခံနိုင်တဲ့ပန်းနာရောဂါသည်ဆိုပေမဲ့ သူတိုကျောင်းက ကင်းထောက်လူငယ်တွေနှစ်စဉ်သွားကြတဲ့ တောတွင်းစခန်းချခရီးကို လိုက်မယ်ပြင်ရာမှာဖြစ်ချင်တော့ နှစ်စဉ်သွားနေကျနေရာအစား တားမြစ်နယ်မြေတစ်ခုကိုမှဇွတ်သွားကြဖို ဆုံးဖြတ်လိုက်ကြတဲ့အခါ ဘယ်လိုမျိုးသွေးပျက်ခြောက်ခြားစရာ ခြောက်လှန့်မှုမျိုး ကြုံရမှာလဲဒီဟော်ရာဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်...
Main Prem Ki Diwani Hoon (2003) ⭐TMDB: 51% User Score 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 2003 🎞 movie 🌎 #India ⏰ 3 နာရီ 17 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Main Prem Ki Diwani Hoon (2003)”အချစ်ကြောင့်ရူး”======================================== လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တိုငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက်အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကိုဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။ အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖိုတိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတိုဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာမြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
